← Chapters

ရဲဝင့်သော မန်ဟို

Vol. 49 Ch. 678

ရဲဝင့်သော မန်ဟို

Vol. 49 Ch. 678

စိတ်ဝိညာဉ်ခွဲထွက်ခြင်းရတနာများသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတိုင်း၌ ရှိသော ပစ္စည်းများ ဖြစ်၏။ ၎င်းတို့သည် စိတ်ဝိညာဉ်ခွဲထွက်သော အခိုက်အတန့်အစစ်တွင် သန့်စင်ခြင်းခံရပြီး လူတစ်ယောက်ချင်းစီ၏ ဉာဏ်အလင်းအပေါ် မူတည်၍ အတုမရှိသော အရာဝတ္ထုတစ်ခုမှ ဖန်ဆင်းခံရခြင်း ဖြစ်လေသည်။

မန်ဟိုကမူ မှေးမှိန်ပျောက်ကွယ်လာနေသော ငါးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းကို သူ၏တာအိုနှင့် လိုက်လျောညီထွေဖြစ်သည့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရတနာအဖြစ် အသုံးပြုရန် ရွေးချယ်လိုက်သည်။

ဝိညာဉ်မရှိဝောာ့သော ရှင်သန်ခြင်းနှင်းပန်းမှာ မရုန်းကန်နိုင်ပေ။ သူ ၎င်းကို ဆွဲယူလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် သူ၏လက်ဖဝါးအထဲ ဝင်ရောက်ကာ ပန်းပွင့်သဏ္ဌာန်အမှတ်အသား ဖြစ်လာသည်။

သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ထရပ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာတော့ အရောင်အဝါတို့ ‌တောက်ပလင်းလက်လျက်ရှိ၏။ ဤသည်မှာ မန်ဟိုတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သော မီဝာာသုံးထောင်အကျယ် ဧရိယာတစ်ခုဖြင့် အစစ်အမှန် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံ ဖြစ်လေသည်။

မှန်၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများအားလုံး၌ ဧရိယာကိုယ်စီ ရှိကြလေသည်။

မန်ဟိုမှာ ပို၍ကျစ်လစ်လာပြီး မဟာတာအိုကြောင့် သူ၏အပြင်အားကိုယ်သည် သန်မာပြီး အရပ်ထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအပြင်အားကိုယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ ၎င်းအတွက် အဆင့်ထပ်တက်ရန်ကား မဖြစ်နိုင်တော့။ အဆင့်တက်ခဲ့လျှင်တော့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအပြင်အားကိုယ်မဟုတ်ဘဲ တာအိုရှာဖွေခြင်းအဆင့် ဖြစ်ပေမည်။

သူ၏ကျင့်ကြံခြင်းအခြေခံသည် တဟုန်ထိုး မြင့်တက်သွားလေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်မှာသာ ချုပ်ချယ်ကန့်သတ်ထားရင်း ကျင့်ကြံအားထုတ်ခဲ့သော နှစ်အကုန်လုံးသည် စွမ်းအားများအား တစ်နေ့ထက် တစ်နေ့ စု‌ဆောင်းလာခဲ့ရင်း ယခုတွင် အပြည့်အဝ ထုတ်ဖော်လိုက်လေပြီ။

တခဏအတွင်းနှင့် သူကား ဒုတိယခွဲထွက်ခြင်းကျင့်ကြံခြင်းအခြေခံစွမ်းအား ပေးစွမ်းနိုင်သော ပထမခွဲထွက်ခြင်း၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။ ယခု သူ့တွင် ကင်းမဲ့နေသည်ကား ဒုတိယခွဲထွက်ခြင်းနယ်မြေတစ်ခုသာ ဖြစ်ဝောာ့၏။

ိ

ဉာဏ်အလင်းရပြီး ဒုတိယခွဲထွက်ခြင်းအား လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် မန်ဟိုသည် ..... စိတ်ဝိညာဉ်ခွဲထွက်ခြင်း၏ အထွတ်အထိပ်သို့ ချက်ချင်း ရောက်သွားလိမ့်မည်ဟု ယုံကြည်ချက်ရှိလေသည်။

သူ၏သက်တမ်းသည်လည်း အားကောင်းသော အသက်စွမ်းအားများကြောင့် မြင့်တက်လာသည်။ သူ၏ဆံပင်မှာ နက်မှောင်သွားပြီး သူ၏ကိုယ်လုံးကိုယ်ပေါက်ကား ပြိုင်ဘက်ကင်းချေသည်။ သူသည် ယခင်ထက် နုပျိုငယ်ရွယ်သွားပုံရသော်လည်း သူ၏အသွင်အပြင်မှာ သိသိသာသာ မြင်ရနိုင်သော ရှေးဆန်မှုကိုလည်း ထုတ်လွှတ်နေ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အာဂပြောင်းလဲခြင်းမျိုးကြုံတွေ့ပြီး လုံးလုံးလျားလျား အသစ်ပြန်လည်မွေးဖွားလာခဲ့လေပြီ။

နဂါးငွေ့တန်းပင်လယ်အထဲ တစ်နေရာတွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် အဝေးကို ငေးကြည့်ရင်း အသက်ပြင်းပြင်းရှူနေရ၏။ သူ၏မျက်လုံးများမှာ ထူးဆန်းသောအလင်းရောင်နှင့် လေးနက်သော လေးစားမှုတို့ဖြင့် တောက်ပနေလေသည်။

"အဲ့ဒီလို ပင်ကိုယ်စွမ်းရည်နဲ့ ကံကြမ္မာကောင်းမျိုးကို ပိုင်ဆိုင်ထားတော့လည်း ပြီးပြည့်စုံတဲ့ တာအိုအခြေ ပိုင်ဆိုင်ထားတာ အံ့ဩစရာမရှိပါဘူး။ ငါ့အပိုင်။ သေချာပေါက် ငါ့အပိုင်ပဲ" ထိုအခိုက်အတန့်တွင် သူကား ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာပင် ပတ်လမ်း (၃) ၏ မှောင်မိုက်နေသော အနက်ပိုင်းထဲတွင် အရုဏ်ဦးအင်မော်တယ်၏မျက်လုံးများ ပိတ်နေလေသည်။ ၎င်းတို့ ပြန်ပွင့်လာသောအခါ အဆုံးမဲ့သော အေးစိမ့်မှုအား အတွင်း၌ မြင်ရနိုင်လေသည်။

အရှေ့ဘက်နယ်မြေ၏ မဟာတန်မျှော်စင်တွင် ဇနီးမောင်နှံနှစ်ဦး ရပ်နေသည်။ အမျိုးသမီး၏မျက်ဝန်းအိမ်များမှ ဝမ်းသာကြည်နူးမှုမျက်ရည်များ စီးကျလာသည်။

"စိတ်ဝိညာဉ်မခွဲထွက်ဘဲ နှစ်တစ်ထောင်ထက် ပိုမနေနိုင် တဲ့။ ကျွန်မသားက နှစ်နှစ်ရာတည်း ကျင့်ကြံအားထုတ်ပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သွားပြီ။ သူက မဟာတာအိုတစ်ပါး ကျရောက်လာအောင်တောင် လှုံ့ဆော်နိုင်ခဲ့တယ်" သူမက ယောက်ျားဖြစ်သူကို လှည့်ကြည့်သည်။ "ရှင်တို့မျိုးနွယ်စုက ဘယ်သူများ ဒီလိုပင်ကိုယ်စွမ်းရည်မျိုးကို ယှဉ်နိုင်လဲ ဟမ်"

အမျိုးသားသည် အကြာကြီး တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်၏။ "ကိုယ်က ပင်ကိုယ်စွမ်းရည် ညံ့ဖျင်းမှာ စိုးရိမ်တာမဟုတ်ပါဘူး။ အရမ်းဆိုးရွားနေရင်တောင်မှ သူက ကိုယ်တို့ရဲ့ သားဖြစ်နေသေးတယ်လေ။ အင်မော်တယ်အဆင့်တက်လှမ်းခြင်းက အဲ့ဒီလောက် ခက်ခဲလို့လား။ ကိုယ် စိုးရိမ်တာက ... သူရဲ့ပင်ကိုယ်စွမ်းရည်က ထက်သန်လွန်းနေမှာကိုပဲ။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ လျှောက်ရလွယ်ကူတဲ့ လမ်းမှ မဟုတ်ဝာာ။ အဲဒီလမ်းပေါ်မှာ လူဘယ်နှယောက် သေဆုံးခဲ့ရပြီးပြီလဲ။ လူဘယ်နှယောက် သုတ်သင်ခံရပြီးပြီလဲ။ လူဘယ်နှယောက် ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရပြီးပြီလဲ...."

အမျိုးသမီးမှာ သိမ့်ခနဲ တုန်သွားပြီး ဘာမှမပြောပေ။

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းပြစ်ဒဏ်နဲ့လည်း သူ ရင်ဆိုင်ရဦးမယ်" အမျိုးသားက တိုးညှင်းပျော့ပျောင်းစွာ ဆက်ပြောလိုက်သည်။

အမျိုးသမီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူမက ရှေ့တစ်လှမ်းတက်လိုက်သည်။ အမျိုးသားက သူမလက်ကို ဆွဲထား၏။

"‌ဒါက သူ့ရဲ့ တကယ့်ပြစ်ဒဏ်။ ပြီးတော့ ကံ ကံရဲ့အကျိုးရှိသေးတယ်။ မင်း သူ့ကို ကူညီလိုက်ရင် ကံကြွေးကို ပိုလို့ပဲ ကြီးထွားစေလိမ့်မယ်။ ရိတ်သိမ်းချိန်ကျရင် .... ပေးဆပ်ရမှာကလည်း ပိုပြီးကြီးမားလိမ့်မယ်

"ကျင့်ကြံအားထုတ်ရာမှာ အရင်ဆုံး ဖျက်စီးမဖြိုချပစ်ဘဲ တည်ဆောက်လို့မရဘူး။ သူသာ ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့ရင် အင်မော်တယ်အဆင့် တက်လှမ်းတဲ့နေ့ရောက်တဲ့အခါ ကိုယ် သူ့ကို အရှေ့အောင်ပွဲဂြိုဟ်ဆီ ခေါ်သွားပေးမယ်" အမျိုးသားသည် သံမဏိကိုပင် ဖြတ်တောက်ပစ်နိုင်သော ခိုင်မာပြတ်သားမှုဖြင့် စကားပြောလိုက်သည်။ သို့သော် အမျိုးသမီးမမြင်ရသည်မှာ သူ့လက်ထဲတွင် ဆေးလုံးတစ်လုံးအား ဝှက်ထားသည်ကိုပင်။

၎င်းသည် အဖိုးထိုက်ရတနာတစ်ပါးဟုပင် သတ်မှတ်နိုင်‌သော အတိုင်းအတာအထိ တောင်ကောင်းကင်ဂြိုဟ်တွင် မြင်ရခဲသည့် ဆေးလုံးအမျိုးအစားဖြစ်၏။

"ဟိုအာ" အမျိုးသားက တွေးသည်။ "သား မအောင်မြင်ရင် ဘဝပြန်ဝင်စားခြင်းသံသရာစက်ဝန်းမှာ အဖေ သားကို လာရှာမယ်။ သား သေသွားရင်တောင်မှ ဒီဆေးလုံးက သားကို အသက်ပြန်သွင်းပေးနိုင်တယ်... ဒါပေမဲ့ ငါ့သား ..... မင်းဘာသာမင်း ပြစ်ဒဏ်ကို ကျော်လွှားနိုင်ပါစေလို့ အဖေ ဆုတောင်းပါတယ်"

နဂါးငွေ့တန်းပင်လယ်တွင် မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံ တိုးတက်လာနေသဖြင့် ခေါင်းမော့ပြီး ဟိန်းဟောက်သည်။ သူ ယခု ဖမ်းဆုပ်လိုက်နိုင်သော စွမ်းအား၏အတွေ့အထိက သူ့ကို ပြင်းပြသော မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်သွားစေသည်။ နောက်ဆုံးတော့ လွတ်လပ်မှုကို ရရှိသွားခဲ့ပြီဆိုသော ခံစားချက်က သူ၏အတွေးအမြင်ကို ရုတ်တရက် မယုံနိုင်လောက်အောင် ရှင်းလင်းပြတ်သားသွားစေခဲ့လေပြီ။

သူ၏နတ်ဘုရားအာရုံက ပြန့်ကားကြီးမားလာသည်။ ယခုတွင် ၎င်းကား မီတာသုံးသိန်းအထိ ရောက်ရှိနိုင်ပြီဖြစ်သည်။ မှော်ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များက သူ၏စိတ်တွင် တရိပ်ရိပ် ဖြတ်ပြေးသွားပြီး အတော်များများအား တမုဟုတ်ချင်း ဉာဏ်အလင်းရသွား၏။

သူ လေပေါ် ပျံတက်လိုက်သည့်အချိန်မှာပင် အလင်းတန်းနှစ်တန်းကား အဝေးတွင် ပေါ်လာလေသည်။ ၎င်းတို့ သူ့ဆီ တဟုန်ထိုး လာနေကြစဉ် သတ်လတ်ပိုင်းအရွယ် ဝေဟင်အင်မော်တယ်သူတော်စင်နှင့် ပင်လယ်နတ်မင်းသူတော်စင်တို့အား မြင်လိုက်ရ၏။

သူတို့က မန်ဟို့ကို မြင်လျှင်ချင်း ဤလူမှာ သူတို့ရှာနေသောလူဖြစ်ကြောင်း သိလိုက်လေသည်။

ပထမခွဲထွက်ခြင်းအောင်မြင်ပြီးနောက် ရှင်သန်ခြင်းနှင်းပန်းသာ ဖျက်စီးခံလိုက်ရသည်သာမက မန်ဟို၏ပုံစံအစစ်အမှန်လည်း ပေါ်သွားခဲ့လေသည်။

"မန်ဟို" ‌ဝေဟင်‌အင်မော်တယ်သူတော်စင်က မိုးခြိမ်းသံကဲ့သို့ ထစ်ချုပ်သွားသောအသံကြီးနှင့် အော်လိုက်သည်။ ပင်လယ်မှာ ပေါက်ကွဲတော့မည့်အလား တဝုန်းဝုန်း ထကြွလှုပ်ရှားလာ၏။

အေးစက်သောအလင်းရောင်က မန်ဟို၏မျက်လုံးများတွင် ‌ပေါ်ပေါက်လာသည်။ မန်ဟိုလည်း ထိုလူနှစ်ယောက်ကို မြင်လိုက်လျှင်ချင်း မည်သူဖြစ်သလဲ သိလိုက်၏။

ဝေဟင်အင်မော်တယ်သူ‌တော်စင် ‌စကားပြောလိုက်သည့်အခိုက်အတန့်တွင် ‌ပင်လယ်နတ်မင်းသူတော်စင်၏ခန္ဓာကိုယ်ကို တလက်လက်တောက်ပနေသော အလင်းရောင်က ဖုံးလွှမ်းသွား၏။ ချက်ချင်းပင် သူ၏ကိုယ်အပေါ်တွင် သံချပ်ကာဝတ်စုံပေါ်လာပြီး သူက ရှေ့လျှောက်လာလေသည်။ သူပင်လျှင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ကတိပေးထားသော ဆုကြေးကြောင့် စိတ်မလှုပ်ရှားမိဘဲ မနေပေ။ မန်ဟို့ကို ဖမ်းနိုင်ပါက အကြီးဆုံးအကျိုးအမြတ်က သူ့ဆီ ရောက်လာလိမ့်မည်။ သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း ဧရာမခက်ရင်းခွကြီးကို ဆင့်ခေါ်လိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ပင်လယ်သည် တဝေါဝေါ သောင်းကျန်းလာပြီး ပင်လယ်ရေအမြောက်အမြားက လည်ရင်း လေပေါ်တက်လာသည်။ သူက အနားကပ်လာစဉ် ခက်ရင်းခွကြီးဖြင့် အရှေ့သို့ ညွှန်လိုက်၏။ ပင်လယ်များက ဂျိန်းခနဲ အော်မြည်ရင်း မန်ဟို့ကို လှမ်းဖမ်းလိုက်သော ဧရာမလက်ကြီးတစ်ဖက်ပုံသဏ္ဌာန် ဖြစ်သွားတော့သည်။

"သေချင်နေလား" မန်ဟိုက ပြောသည်။ သူသည် ဝေဟင်အင်မော်တယ်သူတော်စင် ပင်လယ်နတ်မင်းသူတော်စင်တို့၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး အတော်လေး မနှစ်မြို့နေခဲ့ပြီးဖြစ်သည်။ ယခုတွင် ‌ပင်လယ်နတ်မင်းသူတော်စင်က တိုက်ခိုက်နေပြီဖြစ်ရာ မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒမှာ တဟုန်းဟုန်း တောက်လောင်လာတော့သည် ။ သူက မရှောင်ဘဲ ရှေ့တစ်လှမ်းတက်လိုက်၏။

ထိုခြေလှမ်းက သူ့ကို လာနေသော ပင်လယ်ရေလက်ကြီးအား ဝင်တိုက်သွားစေသည်။ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး လက်ကြီး ပြိုကွဲသွားလေသည်။ မန်ဟိုမှာ နည်းနည်းလေးမှ မထိခိုက်လိုက်ပေ။ သူ ရေထဲမှ ထွက်လာသောအခါ ပင်လယ်နတ်မင်းသူတော်စင်၏အရှေ့တည့်တည့်သို့ ရောက်နေလေပြီ။ သူသည် ညာလက်ကို ရှေ့ထုတ်လိုက်ရာ ၎င်း‌အပေါ်တွင် တောင်ဝါးမြိုမန္တန်ပေါ်ပေါက်လာ၏။ လက်တစ်ချက်အ‌ဝှေ့က တောင်တစ်ထောင်ကို ဖြစ်ပေါ်လာ‌စေပြီး အကုန်လုံးက ပင်လယ်နတ်မင်းသူတော်စင်၏အပေါ်သို့ ကျဆင်းသွားလေသည်။

ပင်လယ်နတ်မင်းသူတော်စင်က မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ‌နောက်ဆုတ်ရင်း လက်ကို ဝှေ့ယမ်းကာ မှော်သင်္ကေတစိတ်ဝိညာဉ်တစ်သိန်းအား ပေါ်လာစေသည်။ ၎င်းတို့သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံခင်းအခြေခံစွမ်းအားများ ထုတ်လွှတ်လျက် မန်ဟို့ဆီ ပြေးဝင်လာသော သင်္ကေတသားရဲဆယ်ကောင်ဖြစ်သွား၏။

မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သော်လည်း မရှောင်။ တောင်တစ်ထောင်က အံ့ဖွယ်လှိုင်းများ ဖြန့်ကြက်လိုက်ရာ မှော်သင်္ကေတတစ်သိန်းမှ ဖြစ်ပေါ်လာသော ‌သင်္ကေတသားရဲဆယ်ကောင်အား ချက်ချင်း ပေါက်ကွဲသွားစေသည်။ ၎င်းတို့မှာ တောင်တစ်ထောင်၏ ရှေ့မှောက်တွင် ရပ်နေနိုင်ဖို့ အရည်အချင်းမရှိသည့်အလားပင်။ တောင်တစ်ထောင်က ပင်လယ်နတ်မင်းသူတော်စင်ဆီသို့ ပြေးဝင်သွားလေပြီ။

အရာအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်း၏။ ဝေဟင်အင်မော်တယ်သူတော်စင်မှာ တုံ့ပြန်ရန်ပင် အခွင့်အရေးမရလိုက်သလို၊ သေစေနိုင်သော အန္တရာယ်အာရုံက ပင်လယ်နတ်မင်းသူတော်စင်၏စိတ်အစဉ်ကို လွှမ်းမိုးသွား၏။ သူက ရုတ်တရက် မာန်သွင်းဟိန်းဟောက်လိုက်ရာ သူ၏ခက်ရင်းခွကြီးကို တဖျပ်ဖျပ် လက်လာစေသည်။ ၎င်းသည် ချက်ချင်းဆိုသလို သူ့အရှေ့၌ အနက်ရောင်ပင်လယ်ရေတံတိုင်းကြီးအသွင် ပြောင်းသွားလေသည်။

ဗွမ်း

‌နံရံကြီး ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏တောင်‌တစ်ထောင်လည်း ပျက်စီးသွား၏။ သို့သော် ပေါက်ကွဲခြင်း၏ နောက်ဆက်တွဲလှိုင်းဂယက်က ပင်လယ်နတ်မင်းသူတော်စင်၏မျက်နှာကို ဖျော့ဝောာ့သွားစေသည်။ သူ နောက်ဆုတ်သွားစဉ် မန်ဟိုက သူ့ဆီ လျှောက်လာ၏။

မန်ဟိုသည် မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တဝင်းဝင်းတောက်နေလျက် လက်ကို မြှောက်လိုက်သည်။ သူသည် မည်သည့်မှော်သိုင်းမှ၊ မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ မသုံးဘဲ တိုက်ရိုက် လက်သီးထိုးချလိုက်၏။

လက်သီးကား ပင်လယ်နတ်မင်းသူတော်စင်အပေါ် ကျရောက်လာသည့်အခါ ကောင်းကင်တစ်ပြင်လုံးကို ဖုံးလွှမ်းသွားသည့်အလား ထင်ရသည်။ ‌ကောင်းကင်ဘုံ၏ခွန်းအားကြီးကဲ့သို့ စွမ်းအားက ပင်လယ်နတ်မင်းသူတော်စင်ကို ကြောက်လန့်တုန်ရီသွားစေ၏။ သူက တလက်လက် တောက်ပနေသော အပြာရောင်ပုလဲတစ်လုံးကို ထွေးထုတ်လိုက်ရာ ၎င်းသည် မန်ဟို့ဆီ ပြေးဝင်သွား၏။ မန်ဟို့လက်သီးက ၎င်းကို ဝင်တိုက်လိုက်၍ ပုလဲမှာ မန်ဟို့လက်သီးကို လုံးလုံးလျားလျား ခုခံနိုင်စွမ်း မရှိဘဲ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားလေသည်။  မန်ဟို၏လက်သီးက ဆက်လက် ကျဆင်းလာပြီး ပင်လယ်နတ်မင်းသူတော်စင်နှင့် ထိသွားတော့၏။

ဘန်းးးးးးးးးး

အသံကြီး အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားစဉ် ပင်လယ်နတ်မင်းသူတော်စင်၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ၏သံချပ်ကာမှာလည်း တခွမ်းခွမ်း ကြေမွသွားတော့၏။ ယခုတွင် သူ့မှာ ကြောက်စိတ်တို့ မွှန်ထူနေလေပြီ။

"ဝေဟင်အင်မော်တယ် ကူညီပါဦး"

ဝေဟင်အင်‌‌မော်တယ်သူတော်စင်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ယခုလေးတင်မှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သော မန်ဟိုက ဤမျှကြောက်စရာကောင်းလိမ့်မည်ဟူ၍ သူ ဘယ်တော့မှ မတွေးထားခဲ့ဖူးပေ။

"သေစမ်း သူ့ရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းက ကောင်းကင်နဲ့မြေကြီးမှာ ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တွေကို ဖြစ်ပွားစေခဲ့ရင်တောင်မှ ၊ မဟာတာအိုကို ဆင်းသက်လာစေခဲ့ရင်တောင်မှ ၊ သူ ဒီလောက် လူမဟုတ်သလို အစွမ်းထက်နေတာအတွက် အဖြေမရှိဘူး" ပင်လယ်နတ်မင်းသူတော်စင် သူ့ကို အကူအညီလှမ်းတောင်းသည့်အချိန်တွင် သူ့မှာ အံ့ဩမှင်သက်နေဆဲ ဖြစ်လေသည်။ သူသည် အံတင်းတင်းကြိတ်၍ ညာလက်ကို ကောင်းကင်ထံသို့ မြှောက်ရင်း ရှေ့တက်လာ၏။ ချက်ချင်းပင် အလင်းဓားတစ်လက် ပေါ်လာပြီး သူက ဖမ်းဆုပ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏အမြန်နှုန်းကား ကြောက်မခန်းလိလိ မြင့်တက်သွားဝောာ့၏။

မျက်စိတစ်မှိတ်အတွင်း သူကား မန်ဟို၏အပေါ်သို့ ရောက်သွားခဲ့လေပြီ။

"ဧရိယာ" မန်ဟိုက ဝေဟင်အင်မော်တယ်ကို လှည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် မန်ဟို၏တာအိုနှင့် စိတ်ဆန္ဒပါရှိသော ကမ္ဘာ၊ ပေသုံးထောင် ဧရိယာကြီးတစ်ခု ပေါ်‌ပေါက်လာ၏။

ဧရိယာကမ္ဘာ

ဝေဟင်အင်မော်တယ်၏အမြန်နှုန်းမှာ ရုတ်တရက် လျော့ကျသွား၏။ သူ စိတ်နှလုံးတုန်ရီသွားစဉ် မန်ဟိုက နောက်တစ်ကြိမ် လက်သီးထိုးချလိုက်သည်။

"ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း" ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း၏ ပထမလက်သီး ၊ ပထမကောင်းကင်ဘုံက ဝုန်းခနဲ ရိုက်ညောင်းသွားစေသည်။ ပင်လယ်နတ်မင်းသူတော်စင်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲတော့ခါနီးဖြစ်သွား၏။ သူ သွေးပျက်မတတ် အော်ဟစ်နေစဉ်မှာပင် မန်ဟိုက ရှေ့တက်ပြီး ဒုတိယကောင်းကင်ဘုံလက်သီးဖြင့် ထိုးချလိုက်သည်။

ထို့နောက် တတိယကောင်းကင်ဘုံနှင့် စတုတ္ထကောင်းကင်ဘုံ။ ပင်လယ်နတ်မင်းသူတော်စင်၏ခန္ဓာကိုယ်မှာ ကွဲထွက်သွားခဲ့လေပြီ။ သူ၏အနုသုခုမနတ်ခန္ဓာက ကြောက်လန့်တကြား အော်ရင်း ပျံထွက်သွားသည်။

"အမွေအနှစ်ရတနာ" သူက ဟိန်းဟောက်လိုက်ရာ အနုသုခုမနတ်ခန္ဓာအတွင်းမှ ရုပ်တုတစ်ခု ချက်ချင်း ပျံထွက်လာသည်။ ရုပ်တုသည် ပိတ်ပိတ်ပိန်း မှောင်နက်နေပြီး မျက်နှာမပါပေ။

ရုပ်တုက ပေါ်လာသည်နှင့်တစ်ပြိုင်နက် တာအိုရှာဖွေခြင်းအရှိန်အဝါအား ထုတ်လွှတ်လိုက်သည်။ အဆိုပါအရှိန်အဝါက ပင်လယ်နတ်မင်းသူတော်စင်ကို ဝန်းရံလိုက်သော နံရံတစ်ခု ဖြစ်သွား၏။

"အမွေအနှစ်ရတနာလား" မန်ဟိုက ပြောသည်။ သူသည် ပဉ္စမကောင်းကင်ဘုံနှင့် ဆဋ္ဌမကောင်းကင်ဘုံဖြင့် ထိုးချလိုက်သည်။ တဖောင်းဖောင်း ပေါက်ကွဲသံများ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားပြီး ရုပ်တုမှာ တသိမ့်သိမ့် တုန်ခါသွား၏။ ထို့နောက် သတ္တမကောင်းကင်ဘုံနှင့် အဋ္ဌမကောင်းကင်ဘုံ။ ရုပ်တုမှာ တုန်ခါလာပြီး နံရံမှာလည်း လှုပ်ရမ်းလာသည်။ နံရံအတွင်းရှိ ပင်လယ်နတ်မင်းသူတော်စင်မှာတော့ ဆောက်တည်ရာ‌မဲ့နေတော့သည်။

"ကောင်းကင်ဘုံကိုးခု... ပျက်စီးခြင်း" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး ဤတစ်ကြိမ်တွင် ၎င်းကား လက်သီးမဟုတ်တော့ဘဲ အသာအယာ တွန်းလိုက်သော လက်ဝါးဖြစ်လေသည်။

ဘန်း

နံရံပြိုကျသွားပြီး ရုပ်တုမှာ လွင့်ထွက်သွားတော့သည်။ အထဲရှိ ပင်လယ်နတ်မင်းသူတော်စင်၏ အနုသုခုမနတ်ခန္ဓာမှာ နောက်ဆုံးအကြိမ် အကျယ်ကြီး အော်ဟစ်လိုက်၏။ သူကား ယခုတွင် ခန္ဓာကိုယ်ရော ၊ စိတ်ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရလေပြီ။

"ဒီကောင် ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာရတာလဲ" ‌ဝေဟင်အင်မော်တယ်သူတော်စင်က တွေးလိုက်သည်။ ပင်လယ်နတ်မင်းသူတော်စင် အသက်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် သူ့မှာ ခေါင်းနပန်းကြီးသွားပြီး အလွန်အမင်း အံ့ဩတုန်လှုပ်သွားလေသည်။ သူသည် လျှာဖျားကို ကပျာကယာ ကိုက်၍ သွေးတစ်လုပ် ထွေးထုတ်လိုက်၏။ ထို့နောက် မန်ဟို၏ ဧရိယာကမ္ဘာမှ လွတ်မြောက်ရန် သက်တမ်းကိုပင် အမှုမထားတော့ဘဲ အသက်စွမ်းအားများကို လောင်ကျွမ်းစေလိုက်လေသည်။ သူကား အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းသွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားတော့သည်။

မန်ဟိုက နောက်ပြန်လှည့်ကြည့်ပြီး မျက်လုံးများ တဖျပ်ဖျပ် လက်သွားသည်။ သူသည် လက်ကို မြှောက်၍ ပင်လယ်နတ်မင်းသူ‌တော်စင်၏ သိုလှောင်အိတ်ကို သိမ်းကာ စစ်ရထားကို ဆင့်ခေါ်လိုက်သည်။

"ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနဲ့အတူ ငါ့နောက်လိုက်လာတဲ့ ဘယ်သူမဆို တန်ရာတန်ကြေး ပေးဆပ်ရမယ်"

***

All Chapters