← Chapters

တိုက်ပွဲ

Vol. 49 Ch. 679

တိုက်ပွဲ

Vol. 49 Ch. 679

"ဘယ်လိုလုပ်ပြီး သူက အဲ့ဒီလောက် အစွမ်းထက်ရတာလဲ

"ဆင်းသက်လာတဲ့ မဟာတာအိုက ငါနဲ့ မတူညီတဲ့ မဟာတာအိုစိတ်ဝိညာဉ်ခွဲထွက်ခြင်းဖြစ်နေလို့လား။ ဒါပေမဲ့ သူ ဒီလောက် ကြောက်စရာကောင်းရလောက်အောင်အထိ ယုတ္တိမရှိဘူး

"သူက မှော်သိုင်းတွေ၊ မှော်ပစ္စည်းတွေကိုတောင် သုံးမသွားဘူး။ အပြင်အားကိုယ်စွမ်းအားကိုပဲ သုံးသွားတာ

"သောက်ကျိုးနည်း။ သူ့ရဲ့အပြင်အားကိုယ်က ဘယ်အဆင့်တုန်းဟ။ မှော်ပစ္စည်းလည်း မတိုးသလို၊ ‌နတ်ဘုရားစွမ်းရည်တွေကိုလည်း ဖြုံတောင်မဖြုံဘူး။ အဲ့ဒါ ဘယ်လိုအပြင်အားကိုယ်အမျိုးအစားလဲ" ‌ဝေဟင်အင်မော်တယ်သူတော်စင်၏ကြောက်စိတ်တို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ကျင့်ကြံအားထုတ်နေခဲ့သော သူ၏ဘဝတစ်လျှောက်လုံးတွင် သူ့အား ဤမျှကြောက်ဒူးတုန်‌စေခဲ့ဖူးသည့် အဆင့်တူကျင့်ကြံသူတစ်ယောက်ကိုမှ မဆုံတွေ့ခဲ့ဖူးပေ။

"ခွေးမသား ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး။ ငါ့ကို ကလိမ်ကျသွားတယ်။ မန်ဟို ဒီလောက် လူမဆန်မှန်းကိုသာ ကျုပ် သိခဲ့ရင် ခင်ဗျား ဘယ်လိုပဲစည်းရုံးစည်းရုံး ကျုပ် သဘောတူခဲ့မှာ မဟုတ်ဘူး..." သူသည် နောက်မှလိုက်ဖမ်းခံရမည်ကို ကြောက်သဖြင့် အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းသွားတော့သည်။ သူက ပိုမြန်မြန်သွားနိုင်အောင် သွေးတချို့ပင် ထွေးထုတ်၍ အသက်စွမ်းအားများအား လောင်ကျွမ်းစေလိုက်လေသည်။

သို့သော် သူ မည်မျှမြန်မြန်သွားသွား၊ စစ်ရထားထက် မမြန်နိုင်ပေ။

မန်ဟိုသည် အင်မော်တယ်လမ်းညွှန်၏ချီတစ်မျှင်ဖြင့် စစ်ရထားကို လောင်စာဖြည့်ပေးရင်း စီးနင်းလာ၏။ ၎င်းသည် တဝီဝီမြည်လျက် တခဏလေးအတွင်း ဝေဟင်အင်မော်တယ်သူတော်စင်ကို မှီသွားလေပြီ။ ထို့နောက် ထိုသူ့ကို ရက်ရက်စက်စက် ဝင်တိုက်ပစ်လိုက်၏။

ဝေဟင်အင်မော်တယ်မှာ မျက်စိမျက်နှာပျက်သွားတော့သည်။ သူ့အနေဖြင့် ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ အလင်းဓားအား ကျောနောက်သို့ ဝှေ့ယမ်းရင်း ကာကွယ်ဖို့သာ အချိန်ရလိုက်လေသည်။ အလင်းဓားကား ထန်ခနဲ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားဝောာ့၏။ ဝေဟင်အင်မော်တယ်သူတော်စင်၏ခန္ဓာကိုယ်မှာလည်း တိုက်ရိုက် ပေါက်ကွဲသွားခဲ့လေပြီ။

သူ၏အနုသုခုမနတ်ခန္ဓာက အလွန်စိတ်မချမ်းသာဖွယ်ကောင်းသော အခြေအနေဖြင့် ပျံထွက်လာသည်။ မန်ဟိုက စစ်ရထားမှ ထွက်လာပြီး အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို အသုံးပြုရင်း လက်ကို ဝှေ့ယမ်းလိုက်၏။ ‌ဝေဟင်အင်မော်တယ်သူတော်စင် ရွေ့ပင်မရွေ့လျားနိုင်ခင် ကိုယ်ပျောက်ချီမျှင်များက သူ၏ တဆတ်ဆတ် တုန်ရီနေသော အနုသုခုမနတ်ခန္ဓာကို ထွေးယှက်ရစ်ပတ်လိုက်လေသည်။

ဝေဟင်အင်မော်တယ်သူတော်စင်၏စိတ်ထဲတွင် ကျရောက်လာတော့မည့် သေခြင်းတရားအာရုံကြီး ချက်ချင်း ပြည့်နှက်သွားတော့၏။ သူ၏မျက်လုံးများက ပြူးထွက်လာပြီး သူ့မှာ အသေအကြေ ရုန်းကန်သော်လည်း မန်ဟို လက်ဝှေ့ယမ်းလိုက်၍ သစ်သားဓားအလက်တစ်ရာ ပျံထွက်လာစဉ်တွင် ဘာမှမတတ်နိုင်တော့ပေ။ ၎င်းတို့သည် ဝေဟင်အင်မော်တယ်ကို ဝန်းရံရင်း လည်နေသော ပဒုမ္မာဓားဝင်္ကပါတစ်ခုကို ဖော်ဆောင်လိုက်ကြ၏။

ဝေဟင်အင်မော်တယ်၏ အနုသုခုမနတ်ခန္ဓာမှာ လျင်မြန်စွာ ခြောက်ကပ်လာသဖြင့် မချိတင်ကဲ အော်သံကြီးတစ်သံ ကြားလိုက်ရလေသည်။ အသက်ဆယ်ရှိုက်အတွင်း အနုသုခုမနတ်ခန္ဓာသည် သန့်စင်ခံနေရသည့်အလား ကျုံသွား၏။ ထို့နောက် ၎င်းကား အစအနပင်မကျန်တော့အောင် ‌ခြောက်ကပ်ရှုံ့တွသွားဝောာ့သည်။ သူကား ခန္ဓာရော၊ စိတ်ဝိညာဉ်ပါ သေဆုံးသွားခဲ့လေပြီ။

မန်ဟိုက ဝေဟင်အင်မော်တယ်၏ သိုလှောင်အိတ်ကို သိမ်းရန် လက်ဝှေ့ယမ်းပြီးနောက် ပဒုမ္မာဓားဝင်္ကပါကို လှမ်းကြည့်လိုက်သည်။

"ပဒုမ္မာက သန့်စင်ခြင်းပညာရပ်နဲ့လည်း တူတာပဲ...." သူက တွေးလိုက်သည်။ (တရုတ်ဘာသာစကားမှာ 'ကြာပဒုမ္မာ' နဲ့ 'သန့်စင်ခြင်း'က အသံထွက်ဆင်သလို ရှိပါတယ်)

ဤအခိုက်အတန့်တွင် အဝေးရှိ ကောင်းကင်မှ မိုးထစ်ချုန်းသံတစ်သံ ကြားလိုက်ရသည်။ လေများ တဝေါဝေါ တိုက်ခတ်လာပြီး မျက်စိတစ်မှိတ်အတွင်း နေသာနေသောနေ့ကား မှောင်မိုက်သွားလေသည်။ ပိတ်ပိတ်ပိန်းမည်းမှောင်နေသော တိမ်တိုက်များက ဧရာမမျက်နှာကြီးအလား စုဝေးရင်း ‌တဖွေးဖွေးလှုပ်နေသည်။ ၎င်းကား ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။

မျက်နှာကြီးမှာ လျှပ်စီးမိုးကြိုးများဖြင့် ဝန်းရံလျက်ရှိပြီး ခပ်အုပ်အုပ် မိုးခြိမ်းသံများက ရှေ့ပြေးရောက်ရှိလာလေသည်။ မျက်နှာကြီး၏နဖူးအပေါ်တွင် သွေးအေးသောမျက်လုံးများပိုင်ရှင် အဘိုးကြီးတစ်ယောက်ကို မြင်ရနိုင်၏။

"မန်ဟို"

အသံကြီးက ‌နတ်ဘုရားတစ်ပါး၏ ခမ်းနားကြီးကျယ်သော ဟိန်းဟောက်သံကြီးအလား ကျယ်လောင်စွာ ဟိန်းထွက်သွားရင်း နဂါးငွေ့တန်းပင်လယ်ကို ချိုင့်ဝင်သွားစေသည်။ ဧရာမချိုင့်ခွက်ကြီးက တဂျုန်းဂျုန်း အော်၍ လည်နေသော ဝဲကြီးဖြစ်လာ၏။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို အေးစက်စက် ကြည့်လိုက်သည်။

"နောက်ကိုယ်ပွားတစ်ခုပဲ" သူက ပြောသည်။ သူ၏နတ်ဘုရားအာရုံမှာ ယခင်ထက်များစွာပို၍ အစွမ်းထက်နေပြီဖြစ်၍ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအကြောင်းကို များစွာလာခဲ့လေပြီ။ သူကား ယခင်တုန်းက ထိုလူ၏ ကိုယ်ပွားနှစ်ခုဖြင့်လည်း တိုက်ခိုက်ခဲ့ရဖူးသည်မဟုတ်ပါလာ။ ဤအရာမှာလည်း အမှန်တွင် ကိုယ်ပွား‌သာဖြစ်ကြောင်း သူ မည်သို့သတိမထားမိဘဲ နေလေမည်နည်း။

မန်ဟိုက ညာလက်သီးကို မြှောက်လိုက်ရာ တောင်ဝါးမြိုမန္တန် ပေါ်လာသည်။ တောင်တစ်ထောင်သည် သူ၏ပတ်ပတ်လည်တွင် ပေါ်လာပြီး တောင်တစ်သောင်းအား မြင်လာရသည့်တိုင်အောင် တဖြေးဖြေး တိုးပွားလာ၏။ တောင်များကား သေးသေးမွှားမွှားများ မဟုတ်။ ပင်လယ်ရေများ ပါရှိနေဟန်တူသည်။ ဤတောင်များက မန်ဟို့နတ်ဘုရားအာရုံရပ်ဝန်းအတွင်း၌ တည်ရှိသော ရေအောက်တောင်အကုန်လုံးကို ကိုယ်စားပြုလေသည်။

"တောင်ဝါးမြိုမန္တန်ကို အသွင်သုံးမျိုး ခွဲထားတယ်။ ဝောာင် ၊ ဝိညာဉ် နဲ့ စိတ်ဆန္ဒ

"ငါဟာ ကျင့်ကြံခြင်းအခြေခံအဆင့်တက်သွားတာနဲ့အတူ ဝိညာဉ်နဲ့ပတ်သက်ပြီး ဉာဏ်အလင်းရသွားတယ်

"ဝိညာဉ်အသွင်ကို ငါ့ရဲ့ မိစ္ဆာချုပ်နှောင်စွမ်းအားတွေနဲ့ အနည်းနဲ့အများ ထိန်းချုပ်လို့ရတယ်။ သမာဓိအပ်နှင်းခြင်းပညာရပ်နဲ့ တောင်တွေရဲ့ ဝိညာဉ်တွေကို နုတ်ပြီး ငါ့ဝောာင်တွေထဲ ထည့်ရမယ်။ အဲ့ဒါဆို တောင်ဝါးမြိုမန္တန်ရဲ့ အဆင့်(၂) အောင်မြင်ပြီ"

မန်ဟို၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပသွား၏။ သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ရင်ဆိုင်နေစဉ် သူ့အပေါ် သက်ရောက်နေသော ဖိအားကို ခံစားနေရသလို၊ တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုစိတ်လည်း ပြင်းထန်နေ၏။ သူက ညာလက်ကို မြှောက်ပြီးနောက် ၎င်းအား ပင်လယ်ထံသို့ ဖိချလိုက်လေသည်။

"သမာဓိအပ်နှင်းခြင်းပညာရပ်

"နဂါးငွေတန်းရဲ့ အသင်တောင်တန်းတို့။ မင်းတို့ဟာ နေရောင်ခြည်မရှိတဲ့ ရေအောက်ကမ္ဘာထဲမှာ နစ်‌မြုပ်နေကြရတယ်။ ဒီနေ့ ငါ ၊ မန်ဟို မင်းတို့ဝိညာဉ်တွေကို ငှားယူမယ်။ ကောင်းကင်နဲ့မြေကြီးကို ထက်ပိုင်းပိုင်းပြီး မင်းတို့အားလုံး နေရောင်ခြည်ထဲမှာ ဝောာက်ပစေရမယ်

"ထွက်လာကြလော့"

သူ၏ ခေါ်သံကို တုံ့ပြန်သည့်အနေဖြင့် ပင်လယ်များ တဖွေးဖွေး လှုပ်လာပြီး ပင်လယ်အတွင်းရှိ တောင်တစ်လုံးပြီးတစ်လုံး တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ထံမှ မမြင်ရသော အရှိန်အဝါတစ်ခုသည် ပင်လယ်ပြင်ထက်သို့ ဖြာထွက်လာ၏။

ပင်လယ်ကြီး တဝုန်းဝုန်း သောင်းကျန်းနေစဉ် တောင်ဝိညာဉ်များသည် ပေါ်လာပြီး မန်ဟို့နတ်ဘုရားစွမ်းရည်၏ ဆင့်ခေါ်ခြင်းခံထားရသော တောင်များအတွင်း ဝင်ရောက်ပေါင်းစည်းသွားကြ၏။ ‌ထောင်သောင်းချီသော တောင်များမှာ အလွန်တရာ ပြိုင်ဘက်ကင်းပြီး တစ်ကမ္ဘာလုံး တုန်လှုပ်သွားစေနိုင်သည့် မြင်ကွင်းကြီးကို ဖော်ဆောင်နေတော့သည်။

တောင်များ မန်ဟို့ကို ပတ်၍လည်နေစဉ် မန်ဟိုက လက်နှစ်ဘက်ကို ဘေးသို့ ဖြန့်ကားလိုက်သည်။ ဆံပင်များ လွင့်လူပျံဝဲနေပြီး မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပနေလျက် သူသည် ရုတ်တရက် လက်နှစ်ဖက်လုံးအား အရှေ့တွင် ဝှေ့ယမ်းလိုက်လေသည်။ ထောင်သောင်းချီသောတောင်အားလုံးသည် တဂျိန်းဂျိန်း အော်မြည်လျက် လေလယ်ရှိ ဧရာမမျက်နှာကြီးဆီသို့ ပြေးဝင်သွားကြ၏။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူ့ကို ဝန်းရံထားသော မျက်နှာကြီးသည် ရုတ်တရက် တောင်များဆီသို့ ပြေးထွက်သွားလေပြီ။ ၎င်းတို့ကား နီးကပ်သွားပြီး တစ်ခုကိုတစ်ခု ဝင်တိုက်လိုက်ရာ ပတ်လမ်း (၃) တစ်ခုလုံး ဟိန်းထွက်သွားသော ပေါက်ကွဲမှုကြီးအား ဖြစ်ပျက်သွားစေသည်။

မန်ဟိုကား တခဏလေးပင် မရပ်။ သူသည် လေပေါ် ပျံတက်ရင်း လက်ဝှေ့ယမ်းလိုက်ကာ သစ်သားအချိန်ဓားအလက်တစ်ရာအား ပဒုမ္မာဓားဝင်္ကပါအသွင်ပြောင်းသွားစေသည်။ ချက်ချင်းပင် ဝင်္ကပါက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီ ပြေးဝင်သွား၏။

တစ်ချိန်တည်းမှာပင် မန်ဟိုက လက်သီးဆုပ်ပြီး ပြန်ဖြေလိုက်သည်။ သူ ထိုသို့လုပ်တိုင်း သူ၏စွမ်းအားက နှစ်ဆဖြစ်သွား၏။ ၎င်းကား ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း မှတစ်ပါး အခြားမဟုတ်ပေ။

ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံသည် စစ်မှန်သော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တွင် ဖြစ်၍ ၎င်းအား သူ ဉာဏ်အလင်းအပြည့်အဝ ရထားလေပြီ။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ သူငယ်အိမ်များ ကျုံ့သွားသည်။ မန်ဟိုမှာ သူမှတ်မိထားသည်နှင့် မတူတော့ဘဲ အလွန့်အလွန်အစွမ်းထက်နေပြီဖြစ်ကြောင်း ဝမ်ခေါင်းဆောင်ကြီး ရှင်းရှင်းလင်းလင်း အာရုံရလိုက်သည်။

"ဒါပေမဲ့ မင်းက ... ပမွှားလေးပဲ ရှိပါသေးတယ်" သူက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြော၏။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်အလင်းအား တိမ်များပြည့်ကြပ်နေသော ကောင်းကင်တွင် ကွန့်မြူးလာစေသည်။

၎င်းသည် နေတစ်စင်းဖြစ်၏။ အနီရောင်နေတစ်စင်း။

"ဆည်းဆာနေ" သူက အေးတိအေးစက် ပြောလိုက်သည်။ နေဝန်းနီသည် ကောင်းကင်နှင့်‌မြေကြီးအပြည့် ပြန့်ကားလာကာ မန်ဟို၏သစ်သားအချိန်ဓားအလက်တစ်ရာကို အရှိန်လျော့သွားစေသည်။

" အချိန်လောင်ကျွမ်းခြင်း" မန်ဟိုက ဟိန်းဟောက်လိုက်သည်။

စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် သစ်သားအချိန်ဓားအလက်တစ်ရာနှင့် ၎င်းတို့၏ နှစ်ခြောက်ဆယ်စက်ဝန်းဆယ်ခု အချိန်စွမ်းအားသည် ချက်ချင်း လောင်ကျွမ်းသွားတော့၏။ အချိန်လောင်ကျွမ်းမှုက ၎င်းတို့၏အရှိန်ကို ကြောက်စရာကောင်းလောက်အောင် မြှင့်တင်ပေးလိုက်လေသည်။ ၎င်းတို့သည် အနီရောင်အလွှာများကို ထိုးဖောက်၍ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအနားရောက်လာကာ သူ့ကိုပတ်၍ ဖြေးညင်းစွာ လည်သွားကြသည်။

တစ်ချက်လေးသာ လည်ခြင်းဖြစ်သော်လည်း ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာအား ရိပ်ခနဲ ဖြစ်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ကိုယ်ပွားမှာ သက်တမ်းနှစ်ထောင်ပေါင်းများစွာ ဆုံးရှုံးသွားရကြောင်း သူ သတိထားမိလိုက်၏။

"မလောက်လေးစားက အချိန်ရတနာကများ၊ ပေါက်ကွဲစမ်း" သူက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး အနီရောင်အလင်းမှာ ပို၍ပင် အံ့ဖွယ်ကောင်းလာသည်။ ၎င်းသည် ယခုတွင် ပြင်းထန်သော အပူလှိုင်းများကို ဖြန့်ကျက်ပြီး သစ်သားအချိန်ဓားများအား ကြေမွသွားစေလိုက်၏။

မန်ဟိုကား ရှေ့တက်လာနေပြီဖြစ်သည်။ "ပေါက်ကွဲစမ်း"

ဝုန်းးးးးး

အချိန်ဓားအလက်တစ်ရာအနက် ခုနစ်ဆယ်က တစ်ဆက်တည်း ပေါက်ကွဲသွားသည်။ နွေဦးနှင့်ဆောင်းဦးသစ်သားဓားများ ပေါက်ကွဲသွားသောအခါ ၎င်းတို့သည် အချိန်ဝဲကြီးတစ်ခုအသွင်ပြောင်းသွားသော အချိန်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားစဉ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး မျက်နှာပျက်သွား၏။ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်စပြုလာပြီး သူနောက်ဆုတ်တော့မည့်အချိန် မန်ဟိုက လျှပ်စီးလို ရောက်လာသည်။ သူ၏ညာလက်သီးသည် ရှစ်ကြိမ်ဆက်တိုက် ဆုပ်ခဲ့ပြီးပြီဖြစ်၏။ ယခု ၎င်းက ကိုးကြိမ်မြောက် ဆုပ်ပြီးနောက် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအား ထိုးချလိုက်လေပြီ။

"ကောင်းကင်ဘုံကိုးခုပျက်စီးခြင်း "

"ဆည်းဆာနေ ၊ ပြိုကျတိမ်" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ခန္ဓာကိုယ်မှ အလွန်စူးရှတောက်ပသော အနီရောင်အလင်းက တလိပ်လိပ် ရိုက်ခတ်လာသည်။

မန်ဟိုက ထိပ်တိုက်ရင်ဆိုင်ပြီး သူ၏ခန္ဓာကိုယ်မှာ မီး‌‌လောင်လာသည်။ သို့သော် သူ၏လက်သီးကား ပစ်မှတ်ကို ထိုးချလိုက်သေးလေသည်။

ဝုန်းခနဲ မြည်ဟည်းသွားပြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်လွင့်သွား၏။ မန်ဟိုက ပါးစပ်မှ သွေးများစီးကျလျက်၊ မီးလောင်နေသော ခန္ဓာကိုယ်ဖြင့် သူ့နောက်လိုက်လာနေသည်ကို မြင်သောအခါ ဒသမဝမ်ခေါင်းဆောင်ကြီး၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။

မန်ဟို၏အက်ကွဲကွဲ အသံကြီးက နောက်တစ်ဖန် ဟိန်းထွက်လာ၏။ "ပေါက်ကွဲစမ်း"

စောစောက ပေါက်ကွဲမှုမှာ သစ်သားအချိန်ဓားအလက်ခုနစ်ဆယ်၏ ပေါက်ကွဲမှုဖြစ်ခဲ့သည်။ ယခုတွင် ကျန်ရှိသော သုံးဆယ်က တစ်ပြိုင်တည်း ပေါက်ကွဲသွားလေသည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ ဆုတ်ရာလမ်းတွင် အချိန်မုန်တိုင်းတိုက်သွားရာ နောက်ဆုံးတွင် သူအား ထိခိုက်သွားစေတော့၏။

သွေးများ သူ၏ပါးစပ်မှ ထွက်သွားပြီး သူက ခေါင်းမော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ ကိုယ်ပွားသုံးခုအနက် နှစ်ခုမှာ အသတ်ခံခဲ့ရပြီးပြီဖြစ်၏။ တတိယကိုးပွားမှာ အားနည်းပြီး မည်သည့်မှော်ပစ္စည်းကိုမှ မသယ်နိုင်သလို၊ အသုံးပြုနိုင်သော နတ်ဘုရားစွမ်းရည်ကလည်း အကန့်အသတ်ရှိလေသည်။ သို့သော်  ၎င်းတွင် တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိရာ အဘယ်ကြောင့် ယခုလို  ထိခိုက်နိုင်မည်နည်း။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအတွက် အရှက်ကွဲမှုကြီးပင်။

သူက ရှူးရှူးရှားရှား ဖြစ်နေပြီးနောက် ဒေါသကို ချုပ်တည်းပြီး မန်ဟိုကို ကြည့်လိုက်သည်။ "သူ ငါ့စိတ်ကို တမင်ဆွနေတာပဲ။ ငါ့ကိုယ်အစစ်နဲ့ လာလို့မဖြစ်သေးဘူး။ အင်မော်တယ်ဓားကို သူ သုံးနိုင်သေးတာမလို့ အဲဒီအန္တရာယ်ကို ... လျှော့တွက်လို့မဖြစ်ဘူး"

သူက မန်ဟိုကို စိမ်းစိန်းဝါးဝါး ကြည့်ရင်း အော်လိုက်သည်။ "လေကို လှုံ့ဆော်၊ မိုးဆင့်ခေါ်"

နဂါးနက်များပြည့်နေသည့် အနက်ရောင်တိမ်တိုက်များက သူ့ကို ဝန်းရံသွားပြီး အသတ်အဖြတ်စိတ်ဆန္ဒများ ပါရှိနေသော မိုးစက်များ တဝေါဝေါ ရွာကျလာသည်။ မိုးစက်များက ကောင်းကင်နှင့်မြေကြီးကို ပိတ်ကွယ်ဖုံးရင်း မန်ဟို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာ၏။

"ငါ ဒီကိုယ်ပွားကို စတေးရရင်တောင်မှ သူ အင်မော်တယ်ဓားကို ထုတ်အောင် လုပ်ဖို့လိုတယ်။ အဲ့ဒါဓားသုံးပြီးရင် ငါ့ကိုယ်အစစ် လာနိုင်ပြီ"

မန်ဟိုက မီးဟုန်းဟုန်းတောက်နေသော ခန္ဓာကိုယ်ဖြင့် အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူသည် အသားများပြန်ဖြည့်ရန် အသက်စွမ်းအားကို လောင်ကျွမ်းပစ်လိုက်သဖြင့် သူ၏မျက်လုံးများတွင် ခရမ်းရောင်အလင်း တောက်ပလာလေ၏။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး အနားရောက်လာသည့်အချိန်မှာပင် မန်ဟိုက စစ်ရထားထဲသို့ ဝင်ရောက်လိုက်သည်။

ထိုအခိုက်အတန့်တွင် နဂါးနက်များက ဟိန်းဟောက်လိုက်ပြီး အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ချဉ်းကပ်လာလေပြီ။

မန်ဟိုသည် စစ်ရထားအပေါ်သို့ ဖိချလိုက်၏။ သူက သူ့ကိုယ်သူ ဆက်လက်ကုသနေဆဲရှိစဉ် အင်မော်တယ်လမ်းညွှန်၏ချီကို စစ်ရထားထဲ ပို့လွှတ်လိုက်သည်။ ထို့နောက် ထွက်ပြေးမည့်အစား စစ်ရထား၏ထုတ်နိုင်သမျှ စွမ်းအားအလုံးစုံဖြင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ပြေးဝင်သွားတော့သည်။

စစ်ရထား၏အပြင်တွင် သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်ရင်း ရုပ်လုံးပေါ်လာသည်။ ၎င်းတို့ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးထံသို့ ပြေးတက်သွားကြစဉ် ၎င်းတို့၏သံကြိုးသံများက တဂျိန်းဂျိန်း ပဲ့တင်ထပ်လျက် ရှိ၏။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ချက်ချင်း မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည် သူသည် စောစောတုန်းက စစ်ရထားအား ထူးထူးခြားခြား အာရုံမရခဲ့သဖြင့် ယခု ဖြစ်ပျက်နေသည်ကို ကြည့်ရင်း အလွန်အမင်း ထိတ်လန့်‌သွားတော့၏။ သူက ချက်ချင်း ရှောင်လိုက်သည်။

သို့သော် သူ၏အမြန်နှုန်းကား စစ်ရထားအတွက် ပြိုင်ဘက်မဟုတ်။

ဝုန်းခနဲ ၎င်းက သူ့ကို ဝင်တိုက်လိုက်သည်။ လမ်းကြောင်းရှိ မည်သည့်နဂါးနက်မဆို ပေါက်ကွဲသွားပြီး မိုးရေများ ပျက်စီးသွားသည်။ ကြီးမားသောစွမ်းအားတစ်ခုသည် ဖောင်းကြွလာရင်း ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ဝင်တိုက်လိုက်၏။ သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူသည် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို အသုံးပြုလိုက်သဖြင့် သူ၏မျက်နှာကြီးမှာ ရုပ်ပျက်ဆင်းပျက် ရှုံ့မဲ့နေတော့သည်။

သို့ထိတိုင် သူသည် မီတာသုံးရာအထိ လွင့်ထွက်သွားသေး၏။ သူရပ်လိုက်သောအခါ သွေးများက သူ၏ပါးစပ်မှ တရဟောစီးကျလာသော်လည်း သူ၏ခန္ဓာကိုယ်မှာ မပျက်စီးသွားပေ။

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းမရောက်ခင်ကတည်းက သူက ဝောာ်ရုံတော့ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ်ခွဲထွက်ပြီးနောက်ပိုင်း ဒီလောက် မြန်ပြီးကြမ်းလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး

"ငါ ဒီပြီးပြည့်စုံတဲ့ တာအိုအခြေကို ရကိုရမှဖြစ်မယ်"

***

All Chapters