တိမ်များစုဝေးခြင်း
Vol. 9 Ch. 116
ဝမ်ဟောင်၏မျက်နှာအမှုအယာက ဆိုးဝါးစွာနက်မှောင်လာသည်။ မူလချီတွေက သူ့အနီးနားမှာ လေပြင်းမုန်တိုင်း တိုက်ခတ်နေသကဲ့သို့ ကြမ်းတမ်းစွာလည်ပတ်လျက်ရှိသည်။
သူ့ခန္ဓာကိုယ်မှတစ်ခုပြီးတစ်ခုထွက်ပေါ်လာသော ချီလှိုင်းများကြောင့် ခန်းမဆောင်မှာ ပြင်းထန်စွာတုန်ခါလျက်ရှိသည်။
သို့သော်လည်းပဲ သူ့၏ထွင်းဖောက်မတတ် စူးရဲလှတဲ့အကြည့်တွေနှင့် မူလချီတွေက ခရမ်းရောင်ဝတ်စုံနှင့်မိန်းမပျိုလေးကို မည်သည့်သက်ရောက်မှု မှဖြစ်စေပုံမရပေ။သူမရဲ့လက်တစ်ဖက်ကစစ်တုရင် ခုံပေါ်ရှိ ကျောက်တုံးလေးပေါ်သို့ စိတ်ပျက်စွာ ဖိချလိုက်သောအခါ ပြာမှုန်လေးတွေအဖြစ်လေထဲကို လွင့်ပျံ့သွားတော့သည်။
ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးက စိတ်မပါစွာပဲ “ဝူဟောင် နင်ဒီလူကို လျစ်လျူရူမနေဖို့ကို အကြံအဉာဏ်ပေးချင်တယ်။”
“မမေ့လိုက်နဲ့ သူကငါတို့နှစ်ယောက် ရရှိထားတဲ့ကောင်းချီးရဲ့ မှုလအရင်း အမြစ်ပဲ ယုံမှားဖွယ်မရှိစွာပဲ ငါတို့နှစ်ယောက်ရဲ့ပင်ကိုစွမ်းရည်တွေက သူနဲ့သက်ဆိုင်နေတယ်။” “နင်လဲနောက်ဆုံးမှာ ရရှိထားတဲ့ကောင်းချီးတွေကို ပြန်လည်ယူဆောင်ခြင်း မခံချင်ဖူးမလား။”
ဝူဟောင်ရဲ့မျက်လုံးထဲမှာ မီးလျှံတွေတောက်လောင်လာပြီး “မင်းက ဒီမသန်မစွမ်းဖြစ်နေတဲ့ နဂါး အကြောင်းကို စကားထဲထည့်ပြောနေတာလား။ သူမှာ့ ဒီကိစ္စကို လုပ်ဆောင်ဖို့ အရည်အချင်း ရှိတယ်လို့ မင်းကတကယ် ယုံကြည်နေတာလား။” “ဒါ့ပြင်မင်းကို ငါတစ်ကြိမ်မက ပြောခဲ့ဘူးပြီးပြီ။ သူ့ရဲ့ကောင်းချီးပေးခံရမှုကို ငါတို့ခိုးယူခဲ့တယ်လို့ ယုံကြည်နေတာတွေ ရပ်တန့်လိုက်တော့။ ငါတို့က ငါတို့ပိုင်ဆိုင်တဲ့အရာကို ပြန်ယူရုံပဲ။”
“သူကသာ သူခိုးတစ်ယောက်လို့ ပြောချင်တာလား”
“ကောင်းကင်ဘုံက မှားယွင်းစွာဖန်ဆင်းလိုက်တဲ့ သူခိုးတစ်ယောက်ပဲ”
ဝူယို လို့ခေါ်တဲ့ခရမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုလေးက သူ့ဆီကိုတစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်...“နင်ပြောတဲ့ မသန်မစွမ်းဖြစ်နေတဲ့နဂါးက လွန်ခဲ့တဲ့တစ်လက ချီဘုရင်ကို ချေမှုန်းခဲ့ပြီး နင်တိတ်တဆိတ်ထောက်ပံ့ထားတဲ့ မူလစဦးအဆင့်ခြောက်ဦးလဲ နောက်ဆုံးမှာ ရှုံးနိုမ့်ခဲ့ရတယ်။” “ထို့အပြင် အဲ့မသန်မစွမ်းဖြစ်နေတဲ့နဂါးကပဲ မူလစဦးအဆင့် ဝမ်ကောင်းရှန်ကို စစ်မြေပြင်မှာ တစ်ယောက်ချင်းတိုက်ခိုက်သတ်ဖြတ်ခဲ့တယ်။ ”
ဝူဟောင်ကအေးစက်စက် ရယ်လိုက်ပြီး“ငါရရှိထားတဲ့ သတင်းအချက် အလက်တွေအရ ဒီမသန်မစွမ်းဖြစ်နေတဲ့နဂါးက ချီစုဆောင်းမှုအဆင့်မှာပဲရှိသေးတယ်သူက ဝမ်ကောင်းရှန်ကို သတ်နိုင်ဖို့အတွက် ငွေရောင်ချပ်ဝတ်စုံကိုမှီခိုခဲ့ရတယ်။ မင်းနဲ့ငါသေချာနားလည်သင့်တာက ငါတို့ရရှိထားတဲ့ စွမ်းအားကကြီးမားလွန်းပြီး သာမန်လူတွေအနေနဲ့အလွယ်တကူ အသုံးမပြုနိုင်ဘူး။ဒါကြောင့်မလို့ မသန်မစွမ်းဖြစ်နေတဲ့ နဂါးတစ်ကောင်အနေနဲ့ ငါတို့ကို ယှဉ်နေစရာ အကြောင်းကိုမရှိဘူး” “ဘယ်သူသိနိုင်မလဲ ပြင်ပအားကိုငှားရမ်း အသုံးပြုတဲ့ တန်ပြန်အားကြောင့်လဲ သူသေသွားနိုင်တာပဲ” “ဝမ်ကောင်းရှန့် ကိုသတ်ဖြတ်နိုင်ခဲ့တာလား…” ဝူဟောင် နှုတ်ခမ်းထောင့် စွန်းကို တွန့်ကွေးရုံမျှပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ “အဲ့တိုက်ပွဲမှာပြသွားတဲ့ စွမ်းအားလောက်ကတော့ ငါ့မျက်လုံးထဲမှာကိုမရှိဖူး။”
ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးက အနည်းငယ် မျက်မှောင်ကျုံလိုက်ပြီး “ဝူဟောင် နင့်ရဲ့မာနနဲ့ စိတ်ကြီးဝင်ခြင်းတို့ကြောင့် တစ်နေ့မှာ နင်ရှုံးနိုမ့်မှုနဲ့ကြုံတွေ့ရလိမ့်မယ်။ ”
ဝူဟောင်က တည်ငြိမ်စွာပြန်ပြောခဲ့တယ် “ငါကတော့ ငါပြောတာအမှန်တွေပဲထင်တယ်။”
ခရမ်းရောင်ဝတ်စုံနှင့်မိန်းမပျိုလေးကစိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။ သူမ အမှန်တကယ်ကို ဝူဟောင်အတွက်ပူပန်မိသည်။သူ့ရဲ့သဘောထားက သူမနဲ့မတိုက်ဆိုင်သောအတွက် သည်စိတ်အနှောက်အယှက်ဖြစ်စေမယ့်စကားတွေ ကို ထပ်မပြောချင်တော့ပေ။
ထိုအရာကိုမြင်သောအခါ ဝူဟောင်က တိုးညှင်းစွာပဲ.. “စိတ်အေးအေးထားပါ ငါသာသူတော်စင် အကြွင်းအကျန်နယ်မြေက ကြီးမားတဲ့ ဆုလာဘ်ကို ရရှိပြီးလို့ရှိရင် အနာဂါတ်မှာ ကြီးမြတ်တဲ့ဇူအင်ပာယာဆိုတာ လုံးဝကို မတည်ရှိစေရဘူး။”
ဝူယို ကတော့မည့်သည့် မှတ်ချက်မှမပေးပဲ သူမရဲ့သေးငယ်တဲ့လက်လေးတွေကို ဝှေ့ယမ်းလိုက်ပြီး “နင့်ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဆောင်ခဲ့ပါ။ ငါလည်းမနက်ဖြန်ကျရင် ဒီကထွက်သွားရတော့မယ်။ငါတို့နှစ်ယောက်လုံး ဘယ်ချိန်ပြန်တွေ့နိုင်မလဲမသိဘူး။”
ဝူဟောင်က သူ၏အတွင်းစိတ် နက်ရှိုင်းသောနေရာမှ ပေါ်ထွက်လာတဲ့ ချစ်မြတ်နိုးမှုတွေထင်ဟပ်နေသော မျက်လုံးဖြင့် သူမကို စိုက်ကြည့်ရင်း “ဝူယို ငါသာလျှင် စစ်မှန်တဲ့ နဂါးတစ်ကောင်ဆိုတာကို မင်းမြင်လာအောင် တစ်နေ့ငါသက်သေပြမယ်။ ဒီကမ္ဘာပေါ်မှာမင်းနဲ့ ငါသာလျှင် အလိုက်ဖက်ဆုံးပဲ။” စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့အင်္ကျီလက်မောင်းအိုးကို ခါရမ်းလိုက်ပြီး နောက်ဖက်သို့လှည့်ကာ ထွက်ခွာသွားလိုက်သည်။
ဝူယိုသည် ဝူယောင်ထွက်ခွာသွားသော ဘက် သို့တစ်ခနမျှတွေဝေစွာ ကြည့်လိုက်ပြီးနောက် သူ့မ၏ခေါင်းအားတစ်ခြားတစ်ဖက်သို့လှည့် ကာ ဝေးကွာသောနေရာတစ်ခုဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ “ဇူကလန်ရဲ့ မြင့် မြတ်သောနဂါး”
“ဒီကမ္ဘာပေါ်မှာ အားနည်းတဲ့သူတွေက အင်အားကြီးမားတဲ့လူတွေရဲ့ သားကောင် ဖြစ်လို့ နင့်ရဲ့ကောင်းချီးပေးခံရမှုကို ငါငှားယမ်း သုံးစွဲမှု အတွက် စိတ်မရှိပါနဲ့ အခုနင်ကမသန်မစွမ်းနဂါးတစ်ကောင်ဖြစ်နေပေမယ့် တစ်နေ့မှာနင်အမှန်တကယ်ကို ကောင်းကင်အမြင့်မှာတည်ရှိနေနိုင်မှာပါ။”
သူမ၏မျက်လုံးများတောက်ပလာပြီး။ဝူယို၏နှင်းဆီရောင် နှုတ်ခမ်းဖျားထက်မှာနမိတ်ပြစကားကို တိုးညင်းစွာထွက်ပေါ်လာခဲ့သည်။“ပြီးရင်တော့ …ကျွန်မ ရှင့်ကို နောက်တစ်ကြိမ် ဖျက်စီးပစ်မယ် ”
...
နောက်တစ်နေ့ကြီးမြတ်သောဝူအင်ပါယာ၏တော်ဝင်ခန်းမဆောင်ရှေ့တွင်ဝန်ကြီး၊ မှူးမတ်များနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ကြည့်ရူနေကြသည်။
အနီရောင်မူလချီစွမ်းအားများသည် ကောင်းကင်ထက်သို့ မြင့်မားလှတဲ့စင်တစ်ခုမှ မြင့်တက်လာနေသည်။ထိုမူလချီများသည်နေ၏အပူကဲ့သို့ ပူလောင်လှပြီး ပတ်ဝန်းကျင်တွင်ရှိသောလေထုကို ပင် လောင်ကျွမ်းစေကာ ဖျက်စီး ပစ်နိုင် ဟန်ပေါ်သည်။
“ကျွန်တော်မျိုးတို့ အိမ်ရှေ့စံ မင်းသားကို ဂါဝရပြုပါတယ်”
“အိမ်ရှေ့စံမင်းသား အောင်မြင်မှုနဲ့ အတူ ပြန်လာမယ် ကျွန်တော်မျိုးတို့မျှော်လင့်ပါတယ်”
စင်မြင့်အောက်ဘက်မှ များစွာသော အသံများ ထွက်ပေါ်လာခဲ့သည်။
ဝှစ်…..
အနီရောင် အဆင့်လေး မူလချီများက မီးတိမ်တိုက်တစ်ခုလိုဖြစ်ပေါ်နေသည်။ စင်မြင့်ထိပ်ဖျားတွင် မီးတိမ်တိုက်တစ်ခုနှင့် လူတစ်ဦးသည် လက်နောက်ပစ်လျက် တစ်လောကလုံးအား အဖက်မတန်သည့် မျက်နှာချိုးဖြင့်ရှိနေသည်။ သူသည် သူ့ရှေ့တွင်ရှိသော နန်းတော်၏ အတွင်းပိုင်းတစ်နေရာကို စူးစိုက်ကြည့်လျက်ရှိသည်။
“ဝူယို။ ဘယ်သူက စစ်မှန်တဲ့နဂါးတစ်ကောင်လဲဆိုတာ မင်းသိလာပါလိမ့်မယ်”
သူ့အကြည့်တွေကို ရုပ်သိမ်းလိုက်ပြီးနောက် သူသည်တုံ့ဆိုင်းခြင်း လုံးဝမရှိပဲ လူအုပ်ကြီး၏ စောင့်ကြည့်မှုအောက်မှာပင် မိုးကုပ်စက်ဝိုင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
...
ဓားအင်ပါယာ။
ဓားတစ်ချောင်း ပုံသဏ္ဍာန်တောင်ထွတ်တစ်ခု၏အောက်တွင်လမ်းလျောက်နေသော သဏ္ဍာန်တစ်ခုက တောင်အတွင်းပိုင်းဆီသို့ဝင်ရောက်လာခဲ့သည်။တဖြည်းဖြည်း နီးကပ်လာပြီးနောက် ထိုသူက အပြာရောင်ဝတ်စုံ ဝတ်လူငယ်တစ်ယောက်ဆိုတာ မြင်တွေ့နိုင်သည်။ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကို အနက်ရောင်ပိတ်စတစ်ခုနှင့် ပိတ်စည်း ထားလျက်ရှိသည်။
သူ၏နောက်ကျောဖက်ဆီမှာအနက်ရောင် ထိပ်ပိုင်းကျိုးနေသောဓားတစ်ချောင်းရှိနေသည်။မှိန်ဖျော့နေပေမယ့် အံ့အား သင့်ဖွယ်ကောင်းသော ဓားချီတွေက ထိုဓားကနေထွက်ပေါ်နေသည်။သူဖြတ်သွားတဲ့နေရာတိုင်းမှာ ကျောက်တုံးများက အပိုင်းအစများအဖြစ် တိတ်ဆိတ်ပြီးနူညံ့ဟန်ရတဲ့ဓားချက်တွေ၏ ပိုင်းဖြတ်ခြင်းကိုခံလိုက်ရသည်။
သူ၏ခေါင်းကိုဖြေးညင်းစွာ မော့လိုက်ပြီး အနက်ရောင်ပိတ်စဖြင့်စည်းနှောင်ထားသော မျက်လုံးများဖြင့် အဝေးတစ်နေရာသို့ ငေးကြည့်လိုက်သည်။
“သူတော်စင်အကြွင်းအကျန်နယ်မြေ”သူ၏အက်ကွဲရှရှအသံ ပေါ်ထွက်လာခဲ့သည်။
“ငါ့ဓားကိုသွေးဖို့အတွက် စစ်မှန်တဲ့ ပြိုင်ဖက်တစ်ယောက်လိုအပ်နေပြီ” “နင်ကလန်ကနေလာတဲ့ တိုက်ပွဲဝင်စိတ်ကြွသူတစ်ဦးနဲ့ ကြီးမြတ်သော ဝူအင်ပါယာက ဝူဟောင်က ပြိုင်ဖက်ကောင်းတွေဖြစ်သင့်တယ်။ မှန်တယ်မလား။”
သူ့၏ကျောဖက်မှာရှိတဲ့ ဓားကတောက်ပစွာတုန်ရီလာခဲ့သည်။ သူတို့အားလုံးက သူတို့မျိုးဆက်မှာ အကောင်းဆုံးသော လက်ရွေးစင် ပြိုင်ဖက်တွေဖြစ်သည်။
...
သားရဲ့တစ်ထောင် အင်ပါယာ
ဝေါင်း….
နားကွဲမတတ်ဟိန်းသံကြီးက မြို့အတွင်းကိုပဲ့တင်ထပ်ပြီး ပျံ့နှံ့သွားသည်။ ကြီးမားလှသောနှင်းဆီရောင်သားရဲကြီးတစ်ကောင်က သူ၏ကြီးမားလှသော တောင်ပံများကို ဖြ့န်ကျက် ပြန်သန်းရင်း မြို့ဝင်ပေါက်ကို ကြည့်ရူလျက်ရှိသည်။
သားရဲကြီးရဲ့နောက်ကျောဖက် တောင်ပံ၏ထိပ်ဖျားပေါ်တွင် မိန်းမပျိုလေးတစ်ဦးကဒူးတစ်ဖက်ထောက်လျက် ထိုင်နေသည်။သူမသည် ကို့ရို့ကားယားနိုင်လှသော အပေါ်ထပ် ဝတ်ရုံကို ခြုံထားပြီး သူမ၏အစိမ်းရောင်ဆံနွယ်ရှည်ကြီးများက လေတွင်ဝဲကျနေကာ သူမ၏မျက်လုံးများမှာ အသက်ကင်းမဲ့လျက်ရှိသည်။အ ပြာရောင်ရေခဲငှက်လေးတစ်ကောင်က သူမရဲ့ပခုံးပေါ်မှာတကျီကျီအော်မြည်လျက် ခုန်ဆွဆုန်ဆွလုပ်လျက်ရှိသည်။ထိုကောင်လေးရဲ့မျက်လုံးထဲမှာ အဆုံးမဲ့တဲ့အေးခဲခြင်းတွေနဲ့ ပြည့်နှက်နေသည်။
“ဟီးဟီး... နှင်းခဲလေး၊ နောက်ဆုံးတော့ ငါတို့ အပြင်ထွက်ပြီးကစားရတော့မယ်။”
မိန်းမပျိုလေးက သူရဲ့ငှက်ငယ်လေးကို ပွတ်သပ်ပေးရင်း သူ့ရဲ့သေးသွယ်သော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုတွေထွက်ပေါ်လာသည်။
“ငါကြားခဲ့တာတော့ အကြွင်းအကျန်နယ်မြေကို သွားတဲ့ခရီးက တကယ်ကို ပျော်ဖို့ကောင်းတယ်တဲ့ ဖြုံလောက်အောင်ပါရမီရှိတဲ့လူတိုင်း အဲ့နေရာကိုသွားကြတယ်တဲ့။ ဟီးဟီး ဒီ သားရဲတစ်ထောင်အင်ပါယာမှာ ငါနဲ့တိုက်ခိုက်နိုင်တဲ့သူမရှိတော့ဖူး အင်္ကြင်းအကျန်နယ်မြေကိုလာကြမယ့်ငတိတွေက ငါ့ကို မပျင်းရိစေဖို့ပဲမျှော်လင့်ရမယ်။
”
အဝုစ့်….
မိန်းမပျိုလေးက အသံတစ်ခု ပြုလိုက်တာနှင့် သားရဲကြီးက သူ့အတောင်ပံတွေကို ဖြန့်ကျက်ရင်း အင်အားပြည့်သောအမြန်နှုန်းနှင့် လေအဟုန်ကိုစီးနှင်းရင်း ပျံသန်းလိုက်သည်။
...
ဘုန်း..
သိုင်းလေ့ကျင့်ရေးကွင်းတစ်ခုတွင် ခရမ်းရောင်မူလချီစွမ်းအား ပေါ်ထွက်လာမှုနှင့်အတူ ဒါဇင်ချီတဲ့ ပုံရိပ်တွေက ခြံဝန်းတံတိုင်းဆီ သို့ ကမောက်ကမ ပျံ့နှံ့သွားကြသည်။
“ဟဟ၊ မင်းတို့ကောင်တွေ တော်တော့်ကို အားနည်းကြတာပဲ” “အဓိပ္ပာယ်မဲ့လိုက်တာ။ အဓိပ္ပာယ်မဲ့လိုက်တာ။ သူတော်စင် အကြွင်းအကျန်နယ်မြေကို သွားဖို့ အဖေ့ကိုပြောရမယ် ဒီမှာနေနေရတာ တကယ့်ကို အဓိပ္ပာယ်မဲ့လွန်းနေပြီ။”ကမောက်ကမဖြစ်နေသော လူစုကြားမှာ ပုံရိပ်တစ်ခုက မတ်တပ်ရပ်လျက်ရှိသည်။သူရဲ့ ကြီးမားလှသော ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကြီးက သတ္ထုမျှော်စင်တစ်ခုအလားထင်မှတ်စေကာသူ့အကြည့်တွေက အဝေးတစ်နေရာကို မျှော်ကြည့်လျက်ရှိပြီး သူ့မျက်ဝန်းတွင် တိုက်ပွဲများကို ဆာလောင်တပ်မက်စိတ်က ထင်ဟပ်လျက်ရှိသည်။
သူက ရက်စက်ကြမ်းကြုတ်သော မျောက်ဝံတစ်ကောင်လိုမျိုးပဲ။သူ ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့ခြေတစ်ဖက်ကို စောင့်နင်းလိုက်ပြီး ကောင်းကင်သို့ခုန်တက်သွားသည်။ ခုနှစ်လှမ်းမျှခုန်ပြီးနောက် အားလုံး၏မြင်ကွင်းမှပျောက်ကွယ်သွားသည်။
ခြံဝန်းထဲမှာရှိနေကြတဲ့ လူတွေအားလုံး သူထွက်သွားတာကို မြင်ရပြီးနောက်ပိုင်းမှာတော့ ပျော်ရွင်စွာကြွေးကြော်သံများ ထွက်ပေါ်လာသည်။
“ဒီမကောင်းဆိုးဝါး နောက်ဆုံးတော့သွားခဲ့ပြီ…”
“သူ့ရဲ့ နိုပ်စက်မှုကို ငါတို့ထပ်ခံစားစရာမလိုတော့ဘူး။”
“ငါအနည်းငယ်စိတ်မကောင်းဖြစ်မိတယ် သူတော်စင်အကြွင်းအကျန်နယ်မြေကို သူထွက်ခွာသွားဖို့ အလွန်အမင်း စိတ်လှုပ်ရှားနေတာကို မြင်ရတော့”
“....”
...
ကန်မင်တိုက်ကြီး၏ မြောက်ပိုင်း မြင့်မြတ်သော ကျိုးချင် ကလန်။
သခင်မလေး၏ခြံဝန်းအပြင်ဖက် အစေခံမိန်းမပျိုလေးတွေက တိုးတိတ်စွာပြောဆိုနေကြသည်။
ငယ်ရွယ်နုပျိုသောမိန်းကလေးတစ်ချို့ရှိနေသည့် ခန်းဆောင်တစ်ခု၏ အပြင်ဘက်၌
အစေခံမိန်းကလေး တစ်ယောက်၏ အသံတစ်ခုထွက်ပေါ်လို့လာသည်။
“အချိန်ကြပြီ သခင်မလေး….။ ကလန်ခေါင်းဆောင်က သခင်မလေး ထွက်ခွာရတော့မယ့် အကြောင်း အသိ ပေးခိုင်းလိုက်တယ်…”
အဆောက်အဦးအတွင်းထဲ၌ နူးညံအိစက်နေသောအိပ်ယာပေါ်မှာ နှင်းပွင့်လိုဖြူစင်လွန်းပြီး စွဲမက်စရာပုံရိပ်လေးတစ်ခုက လှဲလျောင်းလို့နေသည်။ပါးလွှာသော ခြုံထည်လေးက သူမ၏ လှပလွန်းသည့်ခန္ဓာကိုယ် ကောက်ကြောင်းများကို ဖုံးကွယ်နိုင်စွမ်းမရှိပေ။
အစေခံမိန်းကလေး၏ ပြောသံကိုကြားပြီးနောက် သူမက ခြုံလွှာလေးကိုဖယ်ကာ ထလိုက်၏။ ထိုအခါ သူမ၏ ရှည်လျားသည့်ဆံပင်များက ရှေ့သို့ချကာ လုံးဝန်းလှပနေသည့်ရင်သားပေါ်မှာ ဖုံးကွယ်ထားသလို ဖြစ်နေလျက်ရှိသည်။
“ဝင်လာခဲ့လေ…” သူမက ခေါင်းလေးမော့ကာ ပြောလိုက်သည်။သူမ၏ မျက်နှာလေးမှာ ကျက်သရေ ရှိလွန်းလှ၏။ သူမ၏ မျက်နှာကလေးကို မြင်လိုက်ရလျင်ပင် လူတစ်ယောက်က အပြင်းအထန်စိတ်လှုပ်ရှားကိုပင် ခံစားရလိမ့်မည်။
အစေခံမိန်းကလေးက တံခါးကို ဂရုတစိုက်ဖွင့်ကာ အထဲဝင်လာခဲ့သည်။ သူမကိုယ်တိုင်မိန်းကလေး တစ်ယောက်ဖြစ်နေသည်တိုင် ဤစွဲဆောင်မှုပြင်းလွန်းလှသည့် အိပ်ယာပေါ်က မြင်ကွင်းကို အလိုလို ငေးမိစေသည်။မလျော်ကန်သော်လည်း အစေခံမိန်းကလေးက ထိုအနှိုင်းမဲ့ ပုံရိပ်လေးကို အလိုအလျောက်ကြည့်မိ၏။
အစေခံမိန်းကလေးက အလျင်အမြန် အဝတ်အစားတချို့ကို ထိုမိန်းမပျိုလေးအား ဆင်မြန်းပေးသည်။
အခု သူမက အမည်းရောင်ဂါဝန်ရှည်တစ်ခုကို ဝတ်ဆင်ထားပြိး ထိုအရာက သူမက ပို၍ပင် ညှို့ငင်ဖမ်းစားနိုင်မှုကို ဖြစ်စေသည်။သူ့နေရာနှင့်သူ သွယ်လျနေသော ကောက်ကြောင့်းများက လူတိုင်း၏ အကြည့်ကို စွဲဆောင်ဖို့ လုံလောက်ပေသည်။
“ကျေးဇူးပါ…ညီမငယ်ဘိုင်… အဖေကို ပြောလိုက်ပါ၊ ငါက အချိန်တန်ရင် သမက်လောင်းတစ်ယောက်ခေါ် လာခဲ့မယ်။”
အစေခံမလေးက အကူအညီမဲ့စွာ ထပ်ပြောလိုက်ပြန်သည်။
“သခင်မလေး… ကလန်ခေါင်းဆောင်က သခင်မလေးကို အကြီးကျယ်ဆုံးလက်ဆောင်ကို ရယူပေးဖို့ မှာလိုက်တယ်…”
“မိန်းကလေးတစ်ယောက်အတွက် ယောင်္ကျားကောင်းတစ်ယောက်က ဘယ်လက်ဆောင်နဲ့မှ မယှဉ်နိုင်ဘူးလေ…..”
ဤကဲ့သို့ပြောပြီး သူမက ပေါ့ပါးစွာ တစ်ခစ်ခစ် ရယ်မောနေတော့သည်။
“မဟုတ်ဘူးလား…ငါမှားနေလို့လား….”
သူမက ထပ်ပြီးတော့ သည်မိန်းကလေးကို စမနေတော့ပေ။ သူမ လက်ဝှေ့ယမ်းလိုက်သောအခါ များစွာသောလက်ဖဝါးရိပ်များက လျင်မြန်စွာ ထွက်ပေါ်လာပြီး အတန်ကြာပြီးနောက်မှာ ပြန်လည်ပျောက်ကွယ်သွား၏။
အစေခံကောင်မလေးက သူ့သခင်မလေး၏ ဤသို့သော ရွှေ့လျားမှုနည်းစနစ်ကို မချီးကျူးဘဲ မနေနိုင်ချေ။
“တော်ဝင်မိန်းမပျိုလှုပ်ရှားမှုနည်းစနစ်” သည် ဤကန်းမင် ကုန်းမြေတိုက်ကြီး၏ တူညီသောမျိုးဆက်တွင် ထိပ်ဆုံးက ရပ်တည်နိုင်၏။
အဖြူရောင်အရိုးများက တောင်ကုန်းတစ်ခုနှယ် စုပုံထားသော ချောက်ချားဖွယ်ကောင်းသည့် တောင်တစ်လုံး ရှိနေသည်။ ထိုနေရာတစ်ခုလုံးက သေခြင်းအငွေ့အသက်များပြည့်လျှံနေ၏။
“ခရက်..”
ရုတ်တရက်အသံတစ်ခု တောင်အတွင်းပိုင်းမှ ထွက်ပေါ်လာသည်။ တောင်အတွင်းပိုင်းမှ လူရိပ်တစ်ချို့တအိအိသွားနေသည်ကိုလည်း တွေ့ရ၏။ သူတို့၏ ခြေလှမ်းများက တောင့်တောင့်ကြီး ဖြစ်နေသည်။ အသားအရည်မှာလည်း ဖြူဖပ်ဖြူလျော ဖြစ်နေပြီး မျက်ကွင်းဟောက်ပက် ဖြစ်နေ၏။ အနီးကပ်ကြည့်မည်ဆိုလျင် သူတို့၏ခန္ဓာကိုယ်မှာ အသက်ဓာတ်ကင်းမဲ့နေသည်ကို တွေ့ရှိနိုင်သည်။
ထိုလူများက လူသေတွေလိုပင်။
သူတို့က ပုခုံးပေါ်မှာ ကြီးမားသည် ဝေါယဉ်ကို ထမ်း၍လျောက်နေကြသည်။
ထိုအဖြူရောင် ဝေါယဉ်က ကြောက်မက်ဖွယ်ကောင်းသည့် သွေးနီရောင်ရုပ်ပုံများ စီခြယ်ထားပြီး ထူးဆန်းသည့် သတ်ဖြတ်ခြင်းအရောင်အဝါ ကိုပေး၏။
လေအေးတစ်ချက်တိုက်ခိုက်လိုက်သဖြင့် ဝေါယဉ်၏အဖြူရောင် ခန်းဆီးစက မြင့်တက်သွားကာ ခန်းဆီးအောက်တွင် သွေးရောင်ကင်းမဲ့နေသည့် လူငယ်တစ်ယောက်၏ မျက်နှာက ပေါ်ထွက်လို့လာ၏။ သူ၏ မျက်လုံးများက မှိုင်းရိနေပြီး သေဆုံးခြင်းအရှိန်အဝါများ က သူ့ထံမှ ပျံ့လွင့်နေသည်။အကြည့်တစ်ချက်ဖြင့်ပင် တစ်စုံတစ်ယောက်ကို တုန်လှုပ်စေနိုင်၏။
တစ္ဆေအကောင် တစ်ရာက ဝေါယဉ်ကို သယ်ဆောင်နေတုန်းပင်။
အဖြူရောင်ဝေါယဉ်က အဝေးသို့ထွက်ခွာစဉ်မှာပင် ထိတ်လန့်ကြောက်မက်စရာ အေးစက်စက်အသံတစ်ခုက လှိုက်ကာလှိုက်ကာ ထွက်ပေါ်သွားသည်။
“ရာမဘုရင်ရောက်လာရင် ရှင်သန်ခြင်းတွေ ပျောက်ရှရမှာပဲ…”
ခုချိန်မှာ…
ကန်မင်ကုန်းမြေကြီး တစ်ခုလုံးက များစွာသော နာမည်ကျော် ပါရမီရှင်များက စတင်ထွက်ခွာလာကြပြီ။သူတို့၏ ဦးတည်ချက်က တူညီပေသည်။ ဤကုန်းမြေ၏အလယ်ဗဟို၌ ရှိသည့် သူတော်စင်အကြွင်းအကျန်နယ်မြေသို့ပင် ဖြစ်သည်။
ရလဒ်တစ်ခုအနေဖြင့် ကန်မင်ကုန်းမြေကြီးတစ်ခုလုံး၏ စိတ်ဝင်စားမှုများက ထိုနေရာ၌ စုပြုံနေတော့သည်။
လူတိုင်းက ပါရမီရှင်များနှင့် လူငယ်မျိုးဆက် အထက်တန်းလွှာများ၏ ဆော်ပွဲနှက်ပွဲက ဘယ်လောက်အံသြစရာ ကောင်းသည်ကို သိရှိလိုကြသည်။
သူတော်စင်အကြွင်းအကျန်နယ်မြေက ကန်မင်ကုန်းမြေတစ်ခုလုံး၏ အာရုံစိုက်ခြင်းကို ခံနေရ၏။
မုန်တိုင်းတစ်ခု စုဝေးလာပြီးဖြစ်သည့်အတွက် ပင်ကိုယ်အားဖြင့် ပုန်းနေသောနဂါးများ
က သူတို့ကိုယ်တိုင် အပြင်လောကသို့ ထွက်လာကြပြီဖြစ်သည်။