← Chapters

စမ်းသပ်မှု

Vol. 51 Ch. 705

စမ်းသပ်မှု

Vol. 51 Ch. 705

ကောင်းကင်ကြီးသည် ကြည်လဲ့နေပြီး ကျင့်ကြံသူများမှာ သွေးမိစ္ဆာဂိုဏ်းတွင် ဟိုဟိုသည်သည် ပျားပန်းခတ်လှုပ်ရှားနေကြလေသည်။ ဂိုဏ်းတစ်ဂိုဏ်း၏ အငွေ့အသက်တော့ အမှန်တကယ် ရှိပါသော်လည်း အတော်များများမှာ သူသေကိုယ်သေ တိုက်ခိုက်နေကြ၏။ တစ်ဦးချင်းတိုက်ပွဲများ၏ အသံဗလံများကား ဆူညံနေပြီး သွေးရောင်အလင်းမှာလည်း ထိန်ထိန်လင်းလျက် တောက်ပနေတော့သည်။

တောင်ပိုင်းဒေသရှိ တခြားဂိုဏ်းများမှ ဂိုဏ်းသားများသာ ဤနေရာသို့ လာလျှင် မနေတတ် မထိုင်တတ် ဖြစ်ရပေလိမ့်မည်။ သို့သော် မန်ဟို့အတွက်တော့ မှီခိုရာဂိုဏ်းမှာတုန်းကအတိုင်းဖြစ်ရာ မထူးဆန်းပေ။

သူသည် အခြားသူတကာကို လျစ်လျူရှုရင်း ဂိုဏ်း၏ ချောင်ကျသော ထောင့်တွင်သာ ထိုင်နေ၏။ ဘယ်သူမှလည်း သူ့ကို အဖက်လုပ်ပြီး လာရှာမနေပေ။ သူတို့ကား သူ၏တည်ရှိမှုကို သတိပင်မထားမိသည့်အလားပင်။ မန်ဟိုသည် အတွေ့အကြုံများအရ တစ်ချက်ကလေး ကြည့်လိုက်ရုံနှင့် သူတို့မျက်နှာများအပေါ်ရှိ အေးစက်စက်အမူအရာများနှင့် သူတို့မျက်လုံးများထဲရှိ အထင်သေးရွံရှာမှုများ၏ နောက်ကွယ်ရှိ ခံစားချက်များကို ထိုးဖောက်မြင်နိုင်၏။

“အဆင်ပြေပါတယ်” သူက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် တွေးလိုက်သည်။ သူသည် ဆူပူမှုများကို နှစ်ခြိုက်တတ်သော လူစားမျိုးမဟုတ်ပေ။ တောင်ထိပ်များကိုလည်း ဂရုမစိုက်သလို၊ အရင်းအမြစ်များအား လုယက်ဖို့လည်း စိတ်မဝင်စားပေ။ သူအနေဖြင့် အေးအေးချမ်းချမ်း ကျင့်ကြံရဖို့ တစ်ယောက်တည်း အပယ်ခံရထားသည်ကိုပင် ဝမ်းသာသေးလေသည်။

နေ့လည်တွင် မန်ဟိုက ထရပ်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ရှိ သစ်ပင်တချို့ကို လှဲ၍ သစ်လုံးအိမ်တစ်အိမ် ဆောက်လေသည်။ အခြင်းအရာကို လူအများ သတိပြုမိသွားပြီး အကုန်လုံး အံ့ဩကုန်ကြ၏။ အထူးသဖြင့် သူ့ကို သူများတကာထက် ပို၍ရန်လိုကြသူများပင်။

“သူ တကယ်ကြီး သစ်လုံးအိမ် ဆောက်နေတာလား”

“ကြည့်ရတာ ကျင့်ကြံခြင်းအပေါ်ပဲ စိတ်နှစ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ။ ဒါပေမဲ့ အဲဒါနဲ့ပဲ ဂိုဏ်းအရေးကိစ္စတွေမှာ ဝင်မပါဘဲ အေးအေးဆေးဆေး နေနိုင်မယ်ထင်နေတာလား”

သံမဏိသွေးတောင်ပေါ်တွင် သက်လတ်ပိုင်းအရွယ် ချန်းရီသည် ဖြစ်ပျက်နေသောအရာကို တွေ့ပြီး မျက်မှောင်ကြုတ်သွား၏။

ဤအခိုက်တွင် မန်ဟိုက မျက်လုံးဖွင့်၍ သူ၏ သစ်လုံးအိမ်ထဲမှ လှမ်းကြည့်လိုက်သည်။ အတော်လေး ပိန်လှီနေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် တရွေ့ရွေ့ လျှောက်လာရင်း ချဉ်းကပ်လာ၏။ သူ၏ခန္ဓာကိုယ်မှာ အချိန်၏ရှေးကျမှုကို ထုတ်လွှတ်နေပြီး သူ့မှာ အင်မတန် ပိန်လှလေသည်။ သူ့နှင့်ပတ်သက်၍ ရက်စက်သောအငွေ့အသက် ရှိခဲ့သော်လည်း လောလောဆယ်တွင် ရှုပ်ထွေးနေသောခံစားချက်များဖြင့် အစားထိုးခံထားရပုံပေါ်သည်။

အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံ၏ လှိုင်းဂယက်များ သူ့ထံမှ ဖြာထွက်နေပြီး မန်ဟိုမှာ သူ့ကို မြင်လိုက်သောအခါ အတိတ်ကို လွမ်းဆွတ်သွားမှုနှင့်အတူ ခံစားချက်အမျိုးမျိုး ရင်ဝယ် ပြည့်နှက်သွား၏။

သူ တဖြေးဖြေး လျှောက်လာနေစဉ် သူ၏ရောက်ရှိလာမှုက ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများကို အံ့ဩတုန်လှုပ်သွားစေသည်။

“အဲဒါ အစ်ကိုကြီးဝမ်ယိုချိုင်မလား”

“အစ်ကိုကြီးဝမ်က ဒီကို ဘာလာလုပ်ဝာာလဲ”

“နေဦး။ သူ့အမူအရာကို ကြည့်။ ထူးဆန်းတာတစ်ခုခု ဖြစ်နေပြီ။

လူအများ စောင့်ကြည့်နေစဉ် ဝမ်ယိုချိုင်သည် မန်ဟို့ဆီ လျှောက်လာပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သိသာစွာပင် သူကား အတိတ်တုန်းကအချိန်များကို ပြန်ပြောင်း တွေးတောနေမိလေသည်။

သူက ဘာမပြောသလို၊ မန်ဟိုလည်း ဘာမှမပြောပေ။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တာ့ချင်းတောင်ကို လွမ်းဆွတ်နေကြဟန်တူသည်။

တာ့ချင်းတောင်သည် သူတို့နှစ်ယောက်လုံး ကျင့်ကြံခြင်းလမ်းအပေါ်တွင် စတင်ခြေချခဲ့သော နေရာဖြစ်ပြီး .... မန်ဟိုနှင့် ရှုချင် ဆုံတွေ့ခဲ့သော နေရာဆိုလျှင်လည်း မမှားပေ။

အတော်လေးကြာသော် ဝမ်ယိုချိုင်သည် ရင်ထဲမှ နာကျင်မှုကို ချုပ်တည်းလိုက်သည့်အလား အံတင်းတင်းကြိတ်လိုက်၏။

“အရက်သောက်လား” သူက မေးသည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ပြီး အရက်တစ်အိုးအား မန်ဟို့ဆီ ပစ်ပေးလိုက်၏။

မန်ဟိုက ဖမ်းယူပြီး ကြာရှည်စွာ မော့သောက်လိုက်သည်။ အရက်သည် သူ၏လည်ချောင်းတစ်လျှောက် ပူဆင်းသွား၏။ ခံစားချက်မှာ သူ၏အူအသည်းများကို ဓားတစ်လက်ဖြင့် ထိုးမွှေနေသကဲ့သို့ ဖြစ်သည်။

“အစ်မရှုနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စကို လီရှိချီပြောတယ်” ဝမ်ယိုချိုင်က အသံတိုးတိုးဖြင့် ပြောသည်။

မန်ဟိုက ခေါင်းညိတ်ပြီး နောက်တစ်ကျိုက် မော့လိုက်သည်။ ကျင့်ကြံခြင်းလောကသို့ စစချင်း ဝင်ရောက်ခဲ့စဉ်တုန်းက သူ၏မှတ်ဉာဏ်များတွင် တာ့ချင်းတောင်မှ အုပ်စုပါလေသည်။ ဝမ်ယိုချိုင်၊ ဖက်တီး နှင့် တုန်းဟူ။

မန်ဟို အပါအဝင် သူတို့လေးယောက်သားမှာ မှီခိုရာဂိုဏ်းဆီသို့ ရှုချင်၏ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် တုန်းဟူနှင့် ဝမ်ယိုချိုင်မှာ ကတောက်ကဆ ဖြစ်ခဲ့ပုံရပြီး ဝမ်ယိုချိုင် ပျောက်သွားသည်။ တုန်းဟူနှင့်ပတ်သက်၍မူ သူသည် တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့ပြီး ဖက်တီးကတော့ ... သူတို့လေးယောက်အနက် အစိုပြေဆုံး အပျော်ရွှင်ဆုံး ဖြစ်သွားခဲ့သယောင်ပင်။

ဝမ်ယိုချိုင်နှင့် မန်ဟိုသည် အတိတ်ကို ပြန်ပြောင်းတွေးတောရင်း တိတ်ဆိတ်စွာ အရက်သောက်၍ အတူတူထိုင်နေကြ၏။ မှန်သည်၊ သူတို့နှစ်ယောက်လုံး၏ အတွေးထဲတွင် တည်ရှိသောအရာတစ်ခုရှိသည်။ ယင်းကား ဝာာ့ချင်းတောင်ပင်။

“တုန်းဟူနဲ့ ထပ်တွေ့မိသေးလား” ဝမ်ယိုချိုင်က ကောက်ကာငင်ကာ မေးသည်။

“ကျိုးပြည်က ထွက်လာပြီးနောက်တော့ မတွေ့မိဘူး” မန်ဟိုက ပြန်ဖြေသည်။ သူသည် ဝမ်ယိုချိုင်ကို ကြည့်၍ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် မေးလိုက်၏။ “အဲဒီတုန်းက မင်းတို့နှစ်ယောက်...”

“သူ့ခန္ဓာကိုယ်က အားနည်းတယ်လေ၊ ဒါနဲ့ ငါလည်း သနားပြီး ညီလေးတစ်ယောက်လို ဂရုစိုက်ပေးခဲ့တာ” ဝမ်ယိုချိုင်က အေးတ်အေးစက် ပြန်ဖြေသည်။ “သူ လဲကျနေတဲ့ အချိန်မှာ ငါ ကူညီပေးတယ်။ လူတွေ သူ့ကို အနိုင်ကျင့်ရင် ငါ ဖြေရှင်းပေးတယ်။ ဒါမဲ့ အဆုံးသတ်မှာ ... ပုလဲလေးတစ်လုံးကြောင့် ငါ့ကို ချောက်ကမ်းပါးကနေ တွန်းချခဲ့တယ်တဲ့”

မန်ဟိုက ဘာမှပြန်မပြော။ သူသည် အရက်အိုးကို ကောက်ပြီး ခပ်များများ သောက်လိုက်၏။

“ချန်းရီကို သတိထား” ဝမ်ယိုချိုင်က ဆက်ပြောသည်။ “အမှန်အတိုင်းပြောရရင် သွေးမိစ္ဆာဂိုဏ်းက လူတိုင်းကို သတိထား ... ဒီမှာ သွေးသောက်ရဲဘော်ဆိုတာမျိုး မရှိဘူး။ဘယ်သူက ပိုရက်စက်သလဲဆိုတာပဲ အရေးပါတယ်” သူက သက်ပြင်းတစ်ချက် ချရင်း ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

“မင်း မလာခဲ့သင့်ဘူး” မန်ဟိုက သူ့ကို မော့ကြည့်ရင်း ပြောသည်။

ဝမ်ယိုချိုင်က ပြန်မဖြေ။ မန်ဟို့စကားက မှန်ကြောင်း သူ သိသည်။ သူအနေဖြင့် မလာခဲ့သင့်ပေ။ တစ်ဂိုဏ်းလုံးသည် မန်ဟို့ကို ရန်သူအဖြစ် သဘောထားကြလေရာ သူ ထွက်လာလျှင် သေချာပေါက် အခက်အခဲတချို့ ရင်ဆိုင်ရမှာ ဖြစ်၏။ သို့ထိတိုင် သူကား မည်သို့ပင်ဖြစ်စေကာမူ လာခဲ့သေးသည်။

အမှန်ပင်၊ ဝမ်ယိုချိုင် ထရပ်လိုက်သည့်အချိန်မှာပင် ချန်းရီသည် ကောက်ကျစ်စွာ ပြုံးရင်း ပထမတောင်ထိပ်တွင် ရပ်နေ၏။

“ဒီတော့ တစ်ယောက်နဲ့တစ်ယောက် သိကြတာကိုး” သူသည် အင်္ကျီလက်စကို ခါရမ်းရင်း လေပေါ် ပျံတက်လိုက်၏။ “နောက်ကလိုက်ခဲ့ကြ ဂိုဏ်းတူညီငယ်တို့” ချက်ချင်းပင် အလင်းတန်း (၁၉) တန်းသည် သံမဏိသွေးတောင်မှ ထိုးတက်လာကြပြီး တောင်ခြေသို့ နေရာရွှေ့ပြောင်းလိုက်ကြ၏။ “မင်း လှုပ်ရှားစရာ မလိုဘူး မန်ဟို” ချန်းရီက တွေးသည်။ “မင်း ဒီမှာ ထိုင်ပြီး ဘယ်သူ့ကိုမှ ရန်မစဘဲ နေလို့ရတယ်။ ဒါပေမဲ့ အခုတော့ မင်းမှာ ဘယ်လိုလက်ဖျားခါလောက်တဲ့ စွမ်းရည်တွေရှိလဲ၊ မင်းလိုကောင်စားမျိုးက ဘာကြောင့် သွေးမင်းသားဖြစ်ခွင့်ရှိတာလဲ ကြည့်ဖို့ အချိန်ကျပြီ

“မင်း ဘယ်လောက် လျှိုထားသလဲ ကြည့်ဖို့ မင်းကို အကဲစမ်းကြည့်ရမယ်။ မင်း မတိုက်ခိုက်ဘဲ နေရင်လည်း မခံရပ်နိုင်တော့အထိ ဖိအားပေးရုံပေါ့။ ငါ့မှာ မင်းနဲ့ ရင်ဆိုင်စရာ နည်းလမ်းတွေ အများကြီး ရှိတာပဲလေ။ မင်း အကြိတ်အနယ် ပြန်တိုက်ခိုက်ရင်တော့ .... အဲ့ဒါ ငါ စောင့်နေတဲ့အရာပဲ

“ကံမပြီး မင်း တစ်ယောက်ယောက်ကို သတ်မိသွားရင် ငါ့ဆရာတွေ မင်းကို ငရဲခန်းမမှာ နှိပ်စက်ပိုင်ခွင့် ရှိသွားပြီ”

ဝမ်ယိုချိုင် မန်ဟို၏ သစ်လုံးအိမ်မှ ထွက်လာသောအခါ ချန်းရီအပါအဝင် အလင်းတန်းနှစ်ဆယ်သည် ထိုနေရာသို့ ရောက်ရှိလာကြ၏။

သူတို့၏ ရောက်ရှိလာမှုက ပတ်ဝန်းကျင် တောထဲရှိ သွေးမိစ္ဆာဂိုဏ်းသားများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ သူတို့၏အမူအရာများမှာ တက်တက်ကြွကြွ ဖြစ်သွားကြသည်။ စိတ်ဝင်စားစရာ အဖြစ်အပျက်တစ်ခု စတင်တော့မည်ဖြစ်ကြောင်း သူတို့ သိကြလေသည်။

ထိုစဉ် ဒုတိယတောင်ထိပ်အပေါ်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏ တပည့် (၇) ဦးသည် သေသေချာချာ အာရုံစိုက်လျက် ရှိကြ၏။ သနားကြင်နာမှုမရှိသော အလင်းရောင်များက သူတို့၏မျက်လုံးများတွင် တောက်ပနေသည်။

“အခုတော့ မန်ဟို ဘယ်လောက်လျှိုထားလဲ မြင်ရတော့မယ်*

“ဒီချန်းရီက တော်တော် စိတ်ကြီးတာပဲ။ တစ်နေတောင် မကုန်သေးဘူး သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်သွားပြီတဲ့လေ”

“သူ ဒီလိုပြုမူတာလည်း အံ့ဩစရာမဟုတ်ဘူး။ ဒါက မန်ဟိုကို စမ်းသပ်ဖို့ အခွင့်ကောင်းပဲလေ။ အခြေအနေကို အကဲခတ်ရင်း သူ့အကြောင်း နည်းနည်းပါးပါး လေ့လာနိုင်တာပေါ့”

စတုတ္ထတောင်ထိပ်တွင် ပုံရိပ်သုံးခုသည် မီးတောက်များ တဟုန်ဟုန်းတောက်နေလျက် ကျင့်ကြံခြင်းဂူအပြင်မှ သွေးအေးအေး ကြည့်နေကြ၏။ စတုတ္ထတောင်ထိပ်၏ ဂိုဏ်းသားများလည်း ပြက်ရယ်ပြုနေသော မျက်နှာပေးများဖြင့် စောင့်ကြည့်နေကြလေသည်။

သူတို့ထဲက တစ်ယောက်မှာ မှော်ယပ်တောင်တစ်လက်ကို လက်တွင် ကိုင်ထားသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် အေးစက်သောအငွေ့အသက်ကို ထုတ်လွှတ်နေပြီး နှုတ်ခမ်းတစ်စုံက မထီတထီအပြုံးအသွင်ဖြင့် တွန့်ချိုးနေ၏။

“ချန်းရီက တကယ် ကြာကြာ သည်းမခံနိုင်ဘူးပဲ” သူက ပြောသည်။ “ဒါပေမဲ့ အဲ့ဒါ ကောင်းတယ်။ ဒါက စမ်းသပ်မှုလေးတစ်ခုပဲလေ။ သိပ်ဆူဆူညံညံ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ချန်းရီက တကယ့် ငကြောင်ကောင်

“တစ်ရက်ပဲရှိသေးတာကို။ ပြီးတော့ မန်ဟို့ကို ဂိုဏ်းချုပ်ကိုယ်တိုင် တိုက်ရိုက် ခန့်အပ်ထားတာ။ တစ်ယောက်ယောက် သူ့ကို တကယ် သတ်ဖို့ ကြိုးစားရင် ဂိုဏ်းချုပ် ဝင်ပါလိမ့်မှာပဲ။ အခွင့်အကောင်းတစ်ခု ဆုံးရှုံးလိုက်ရမှာ ‌ဆိုးလွန်းတယ်”

ပဉ္စမတောင်ထိပ်အပေါ်တွင် လှပသော မိန်းကလေး၏ မျက်ဝန်းလဲ့လဲ့ကလေးများသည် ဖြစ်ပျက်နေသော မြင်ကွင်းကို မမှိတ်မသုန် ကြည့်နေပြီး သူမမှာ စိတ်လှုပ်ရှားစပြုလာတော့သည်။ ခါးကုန်းကုန်းအဘိုးကြီးမှာမူ အေးအေးဆေးဆေး လှမ်းကြည့်နေ၏။

“ဆရာ ၊ ဒီကိစ္စ အလေးအနက်ဖြစ်လာရင် မန်ဟို တကယ် အသတ်ခံရမယ်ထင်လား” သူမမျက်ဝန်းကလေးများသည် ‌ရုတ်တရက်ဆိုသလို သနားညှာတာမှု ကင်းမဲ့သွား၏။

“လေးနက်သွားရင်တဲ့လား” အဘိုးကြီးက သူ၏အသိအမြင်အပေါ် မာန်တက်နေသော လေသံဖြင့် ပြောသည်။ “လေးနက်သွားမှာမဟုတ်ဘူး ။ ဒါက ကိစ္စသေးသေးလေးတစ်ခုပါပဲ။ အလွန်ဆုံး ခဏတဖြုတ်တော့ ဆူဆူညံညံဖြစ်မှာပေါ့။ မင်းက အချိန်တိုတိုလေးပဲ ကျင့်ကြံအားထုတ်ဖူးသေးတာလေ။ ဆရာက အကြာမှအကြာပြီး နေထိုင်ခဲ့ဖူးပြီး အများမှ အများကြီး မြင်ခဲ့ဖူးတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ မြင်ခဲ့ရတာများလို့ ဘယ်နှကြိမ်လဲ‌တောင် မမှတ်မိတော့ဘူး

“ကြည့်နေ၊ မန်ဟို သွေးမင်းသားအဖြစ် ခန့်အပ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး အငြင်းပွားတာတွေက အခုမှ အစပဲရှိသေးတာ။ ဖြေရှင်းပြီးဖို့ အချိန်တချို့တော့ ကြာဦးမှာ....”

သွေးမိစ္ဆာတောင်အပေါ်တွင် သွေးမိစ္ဆာ‌ဂိုဏ်းချုပ်သည် သွေးကန်ထဲ၌ အနားယူနေ၏။ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ဖြစ်ပျက်နေသောအရာကို လှမ်းကြည့်လေသည်။

“ဒီတော့ .... သူ ဘာလုပ်လိမ့်မှာလဲ”

လီရှိချီလည်း သေသေချာချာ စောင့်ကြည့်နေပြီး လေးနက်သောအလင်းစလေးတစ်စအား သူမမျက်ဝန်းများတွင် မြင်ရနိုင်လေသည်။

သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံးသည် မန်ဟိုရှိရာသို့ လှမ်းကြည့်နေကြ၏။ သူတို့အားလုံးက သူ မည်သို့ တုံ့ပြန်မည်လဲ သိချင်နေကြလေသည်။

မှန်ပါသည်၊ ၎င်းက စမ်းသပ်မှုလေးတစ်ခုသာ ဖြစ်၏......

မန်ဟိုသည် ‌တည်ငြိမ်‌အေးဆေးစွာဖြင့် သံမဏိသွေးတောင်မှ ချဉ်းကပ်လာနေသော အလင်းတန်းနှစ်ဆယ်တန်းကို ကြည့်နေ၏။ ရှေ့ဆုံးရှိ ချန်းရီဖြစ်စေ၊ နောက်လိုက် (၁၉) ‌ယောက်ဖြစ်စေ၊ အကုန်လုံးက‌ မန်ဟို့အတွက်တော့ အတူတူသာ။

(၁၉) ယောက်အနက် (၈) ယောက်သည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ဖြစ်ပြီး  (၁၁) ယောက်သည် အမြုတေဖြစ်တည်မှု မဟာစက်ဝန်းအဆင့် ဖြစ်ကြ၏။ ရီချန်ဇီမှာမူ အားလုံးအထဲတွင် အမြင်ဆုံးကျင့်ကြံခြင်းအခြေခံဖြစ်သည့် အနုသုခုမရုပ်ခန္ဓာ အထွတ်အထိပ်အဆင့်ကို ပိုင်ဆိုင်ထားလေသည်။

“ဝမ်ယိုချိုင်” အဆိုပါအုပ်စုထဲမှ တစ်ယောက်က ‌အော်ခေါ်လိုက်သည်။ အသံသည် နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သည့်အလား အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွား၏။

သူတို့သည် ဟန်ဆောင်ပန်ဆောင်ပင် မရှိချေ။ အသံ ဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် အသံပိုင်ရှင်က ဝမ်ယိုချိုင်ဆီသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြေးဝင်လာသော အနီရောင်အလင်းတန်းတစ်တန်း ဖြစ်သွားသည်။ သွေးရောင်မှော်ပစ္စည်းများလည်း လေကိုခွင်းလျက် တရွှီးရွှီး ပျံထွက်လာကြသည်။ ကျန်အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူသုံး‌ယောက်က မန်ဟို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာ၏။

ကျန်ရစ်ခဲ့သူများကတော့ မန်ဟို့ကို လှောင်ပြောင်သရော်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် ချန်းရီ။ သူ လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် လေလယ်တွင် ပျံဝဲနေစဉ် သူ၏မျက်လုံးများသည် အေးစက်တင်းမာနေ၏။ သူကား မန်ဟို မည်သို့ဆုံးဖြတ်မလဲ စောင့်ကြည့်နေလေသည်။ မန်ဟို မလှုပ်ရှားလျှင် ဝမ်ယိုချိုင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။ မန်ဟို လှုပ်ရှားလျှင်တော့ ... ယင်းက ချန်းရီ စောင့်နေသည့်အရာပင်။

သူသည် ထိုအခိုက်အတန့်တွင် သူ၏ဆရာများပေါ်လာပြီး မန်ဟို့ကို နှိမ်နင်းလိမ့်မည်ဟု ယုံကြည်ချက် ခိုင်မာ၏။

တဂျိန်းဂျိန်း ထစ်ချုန်းသံများက ဝမ်ယိုချိုင်၏မျက်နှာကို တင်းမာခက်ထန်သွားစေသည်။ သူသည် ရှောင်ဖို့ နေရာရွှေ့ပြောင်းရင်း တစ်ချိန်တည်းမှာပင် မန်ဟို့ကို အလောတကြီး စာပို့လိုက်၏။

“ဘာမှမလုပ်နဲ့ ။ ဒါ ချန်းရီပဲ ။ သူ့ဆရာတွေက ငရဲခန်းမကို ထိန်းချုပ်ထားတာ။ သူတို့အကွက်ထဲ ဝင်လို့မဖြစ်ဘူး။ ငါ့ကို မပူနဲ့” ဝမ်ယိုချိုင် ‌နေရာရွှေ့ပြောင်းလိုက်သည့်အချိန်မှာပင် ချန်းရီက အေးစက်စက် ရယ်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ အသေးစားအလံခုနစ်ခု ပျံထွက်သွားပြီး ချုပ်နှောင်တံဆိပ်များအဖြစ် လေလယ်တွင် ပြန့်ကားသွားကာ ဝမ်ယိုချိုင်ကို မြေကြီးအပေါ် ပြန်ဆင်းသက်လိုက်ရစေ၏။ သတ်ဖြတ်ပစ်ချင်နေသော မျက်နှာထားဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးဦး အနားကပ်လာသည့်အခါ ဝမ်ယိုချိုင်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားလေသည်။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားလေသည်။ တဘုန်းဘုန်း ပေါက်ကွဲသွားပြီး ဝမ်ယိုချိုင်၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူသည် မုဒြာလက်ကွက် ဖော်၍ နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်ဖော်ရင်း နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အော်လိုက်၏။ “အစ်ကိုကြီးချန်းရီ၊ ကျုပ်က ဒုတိယတောင်ထိပ်ရဲ့ တပည့်တစ်ဦးနော်။ ခင်ဗျား ကျုပ်ကို တကယ်ပဲ တိုက်ခိုက်ရဲသလား”

“ဒုတိယတောင်ထိပ်” ချန်းရီက တဟားဟား ရယ်ကာ ပြန်မေးသည်။ သူသည် ထိုတောင်ကို လှမ်းကြည့်လိုက်၏။ မောက်မာတင်စီးသောအမူအရာကား သူ့မျက်နှာတွင် ပြည့်နှက်လျက်သာ။

ချက်ချင်းပင် ဒုတိယတောင်ထိပ်မှ အသံတစ်သံ ပဲ့တင်ထပ်လာသည်။ “ဓလေ့ထုံးတမ်းအရ ကျုပ်တို့အနေနဲ့ ငရဲခန်းမရဲ့ ကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ အစ်ကိုကြီးချန်း၊ ဝမ်ယိုချိုင် စည်းကမ်း‌ဖောက်ခဲ့ရင် ခင်ဗျား စိတ်တိုင်းကျ လုပ်နိုင်တယ်။ ဒါပေမဲ့ သူ စည်းကမ်းတစ်ခုမှ မဖောက်ခဲ့ရင်တော့ ခင်ဗျား တာဝန်ယူရမယ်”

ဝမ်ယိုချိုင်၏ မျက်နှာသည် လာနေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို ကြည့်ရင်း တင်းမာသထက် တင်းမာလာ၏။ သူက အံတင်းတင်းကြိတ်ပြီး သူ၏‌ချီနှင့်သွေးကို လှုံ့ဆော်ပေးသည့် ဂိုဏ်း၏ တားမြစ်သိုင်းတစ်ခုအား အသုံးပြုတော့မည့်အချိန် မန်ဟိုက ရုတ်တရက် ထရပ်လိုက်သည်။ သူသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ခြေတစ်လှမ်းလှမ်း၍ ဝမ်ယိုချိုင်၏ဘေးသို့ ရောက်လာပြီး ဝမ်ယိုချိုင့်ပခုံးကို ဆုပ်ကိုင်လိုက်သည်။

သူ ပေါ်လာသောအခါ အခိုက်အတန့်တွင် မျက်လုံးအားလုံးက ချက်ချင်း သူ့အပေါ် ကျရောက်လာသည်။ တောင်ငါးလုံးစလုံးမှ လူတိုင်းကား စောင့်ကြည့်နေကြလေသည်။

အထူးသဖြင့် အလွန်ပျော်ရွှင်မြူးထူးသွားသော ချန်းရီပင်။

“သွေးမင်းသား” သူက အေးစက်စက် ပြောသည်။ “ဒါ ဘာအဓိပ္ပာယ်လဲ။ မင်း တကယ်ပဲ ငရဲခန်းမရဲ့ကိစ္စကို ဝင်စွက်ဖက်တော့မလို့လား” သူက ‌အတန်ငယ် ချီတုံချတုံဖြစ်နေပုံရသော သံမဏိသွေး‌တောင် ကျင့်ကြံသူများကို ‌ဒေါသတကြီး ကြည့်လိုက်၏။ “မင်းတို့ ဘာလို့ သူ့ကို မဖမ်းသေးတာလဲ”

ကျင့်ကြံသူများက အံတင်းတင်းကြိတ်လိုက်သည်။ သူတို့သည် မန်ဟိုကို လျစ်လျူရှု၍ အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်ဖော်ရင်း ဝမ်ယိုချိုင်ဆီ ပြေးတက်သွားကြလေသည်။

ဤအခိုက်အတန့်တွင် မန်ဟို၏ ငြိမ်သက်နေ‌ခဲ့သော မျက်လုံးများ၌ ရုတ်တရက် ကျောချမ်းစရာကောင်းသော အကြင်နာမဲ့ရက်စက်မှု ပေါ်ပေါ်လာတော့သည်။

***

All Chapters