← Chapters

နတ်ဆိုးဆန်မှုကို ဖျက်စီးပြီး တာအိုကို ရှာဖွေလေ

Vol. 51 Ch. 708

နတ်ဆိုးဆန်မှုကို ဖျက်စီးပြီး တာအိုကို ရှာဖွေလေ

Vol. 51 Ch. 708

အမှောင်နတ်ဘုံခေါင်းဆောင်ကြီးနှင့် မိစ္ဆာမီးခေါင်းဆောင်ကြီးတို့၏အမြင်တွင် မန်ဟိုအနေဖြင့် ဘယ်နည်းနှင့်မျှ သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံးနှင့် ရန်သူလုပ်ချင်မည်ဟု မဟုတ်ပေ။ စမ်းသပ်မှုအ‌တွက် တန်ကြေးအား ပေးဆပ်ထားရပြီဖြစ်သည့်အတွက် ဂုဏ်သိက္ခာထိန်းဖို့ ပြောရမည်သာ ဖြစ်ပေသည်။

ထို့ကြောင့် သူတို့သည် မန်ဟို့အား မည်သို့ရင်ဆိုင်မလဲ ဆိုသည်နှင့်ပတ်သက်ပြီး နောက်မှ စိတ်ပူရန် ဆုံးဖြတ်လိုက်၏။ သူတို့ယူဆထားသည်မှာ သွေးမိစ္ဆာဂိုဏ်းချုပ် ပေါ်လာလိမ့်မည်။ ထို့နောက် ပြဿနာများကို ဖြေရှင်းပေးလိမ့်မည်။

ပဉ္စမတောင်ထိပ်၊ သရဲတောင်ဝှေးတောင်အပေါ်တွင် လှပသော မိန်းကလေးသည် လက်ဖြင့် ရင်ဘတ်ကလေးကို ဖိထားရ၏။ ဤအထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမကို လေးလေးနက်နက် အထင်ကြီးမိစေခဲ့လေပြီ။ ခါးကုန်းအဘိုးကြီးမှာမူ အသက်ပြင်းပြင်းတစ်ချက် ရှူ၍ ချောင်းဟန့်ပြီးနောက် အေးတိအေးစက် ပြောလိုက်သည်။ “သွေးမိစ္ဆာဂိုဏ်းချုပ် အခု ပေါ်လာပြီး ဒီကိစ္စ အဆုံးသတ်သွားလိမ့်မယ်။ အာ ဒီသွေးမင်းသားကတော့ ... ငယ်လွန်းတယ်။ စိတ်ဆတ်လွန်းတယ်။ ငါက အကြာမှအကြာကြီး ရှင်သန်နေထိုင်ခဲ့ဖူးပြီးတော့ ....

သို့သော် သူ့စကားပင် မဆုံးသေး ....

မန်ဟိုက ခြေထောက်အောက်ရှိ ရုပ်ပျက်ဆင်းပျက်နေသော အလောင်းများကို အဖက်မလုပ်ဘဲ ဒုတိယတောင်ထိပ်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများရှိ အကြင်နာမဲ့ရက်စက်မှုမှာ ပို၍ပင် အားကောင်းလာလေသည်။

“မင်းတို့ကို အခုချက်ချင်း လျော်ကြေး ပြန်ပေးရင်ရော ဘယ်လိုလဲ” သူက ထိုသို့ပြောရင်း ဒုတိယတောင်ထိပ်သို့ စတင်ရွေ့လျားလာသဖြင့် စောင့်ကြည့်သူများမှာ မယုံနိုင်ဖြစ်ကုန်ကြသည်။

သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံး သုဿန်သင်္ချိုင်းပမာ တိခနဲ ငြိမ်သက်တိတ်ဆိတ်သွားတော့၏။

ဒုတိယတောင်ထိပ်အပေါ်တွင်တော့ အမှောင်နတ်ဘုံခေါင်းဆောင်ကြီးမှာ မျက်စိမျက်နှာပျက်နေလေပြီ။

“သောက်ရူး” သူက တွေးလိုက်သည်။ “ဒီခွေးမသားကတော့ သောက်ရူးပဲ”

သူ့မှာ မျက်စိမျက်နှာပျက်လျက် နောက်ဆုတ်လိုက်သည်။ “ငါ ... ငါက ဒီတိုင်း အဖြစ်ပြောလိုက်တာကို “ သူက တွေးသည်။ “ဒီကောင်က တကယ်ပဲ ... သေစမ်း”

စတုတ္ထတောင်ထိပ်အပေါ်ရှိ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးမှာလည်း လန့်ဖျပ်နေကြလေပြီ။ သူတို့က အံတင်းတင်းကြိတ်ရင်း ဒုတိယတောင်ထိပ်သို့ တစ်ပြိုင်တည်း ပျံသွားလိုက်ကြ၏။

မန်ဟိုက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားလေရာ သူ့အတွက် အနားရောက်သွားဖို့ တခဏသာ ကြာလိုက်သည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး ပုလဲဖြူပုလဲနက်ကား နဝမတောင်ကို လှည့်ပတ်လျက် ပေါ်လာတော့သည်။ ၎င်းတို့ ဒုတိယတောင်ထိပ်အပေါ်တွင် ရစ်ဝဲနေကြစဉ် ကောင်းကင်ကြီးသည် တဂျိန်းဂျိန်း လှုပ်ခါလာပြီး မြေကြီးမှာ တဝုန်းဝုန်း တုန်ယင်လာသည်။

သွေးမိစ္ဆာဂိုဏ်းသားများမှာ အဆုံးအစွန်အထိ ရင်သပ်ရှုမောနေကြလေပြီ။ သူတို့သည် ပြိုင်ဘက်ကင်းလောက်အောင် ဩဇာကြီးမားသော သွေးမင်းသားကို မော့ကြည့်ရင်း ပင့်သက်ရှိုက်မိလိုက်ကြ၏။

“ငါ့ကို ချေမှုန်းဖို့ ဒီနေရာကို လာစရာမလိုပါဘူး။ ငါ ကိုယ်တိုင် တက်လာပြီး မင်းတို့အကုန်လုံးကို ချေမှုန်းပစ်မယ်”

“မင်းတို့ကို အခု လျော်ကြေး ပြန်ပေးရင် ဘယ်လိုလဲ”

“အဲ့ဒါ သွေးမင်းသား ပြောသွားတာတွေကွ။ အဆုံးစွန်အထိ စိုးမိုးချက်ပဲ။ သူက သေချာပေါက် ငါတို့သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားပဲဟေ့”

ဂိုဏ်းထဲရှိ တခြားခေါင်းဆောင်ကြီးများ၏ သွေးဆက်တပည့်ဂိုဏ်းသားအားလုံးမှာ သူတို့၏သွေးမင်းသားသည် လုံးလုံးလျားလျား ကြီးစိုးခြယ်လှယ်နေကြောင်း သဘောပေါက်လိုက်သဖြင့် အသက်ပင် မရှူနိုင်ကြတော့ပေ။ မန်ဟို့ကို ကြည့်နေကြစဉ် သူတို့၏မျက်လုံးများသည် အရူးအမူး လေးစားမှုတို့ဖြင့် ပြည့်နှက်နေလေ၏။

ယခုလို သွေးမင်းသားမျိုးကို ရရှိထားခြင်းက အတိုင်းထက်အလွန် ရှိန်စရာကောင်းပေသည်။

ဆန့်ကျင်ဘက်တွင် ဒုတိယတောင်၏ ‌အမှောင်နတ်ဘုံခေါင်းဆောင်ကြီးနှင့်အတူ သူ၏တပည့်ခုနစ်ဦးမှာ မျက်နှာဖြူဆုပ်ဖြူလျော်နှင့် တုန်ရီနေကြလေသည်။ ယခင်က သူတို့သည် မန်ဟို့ကို လှောင်ပြောင်ခဲ့ကြပြီး သူ၏အတွေ့အကြုံနုနယ်မှုအပေါ် အထင်သေးခဲ့ကြသည်။ ယခုတော့ သူတို့မှာ  အသိစိတ် ဝင်သွားပြီဖြစ်၍ သူ့ကို တအံ့တဩ ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။

စတုတ္ထတောင်အပေါ်ရှိ ယပ်တောင်နှင့် လူငယ်မှာလည်း ထိတ်လန့်လွန်း၍ မျက်နှာတွင် သွေးမရှိတော့ပေ။ သွေးမင်းသားကား အန္တရာယ်မရှိပုံပေါ်သော်လည်း တကယ့်တကယ် ရန်အစခံရလျှင် အလွန်ကြမ်းကြောင်း .... သူ သဘောပေါက်လိုက်လေပြီ။

သူကား ဒုတိယအခွင့်အရေးမပေး။ သူ့ ခွန်အားကို ထုတ်ပြဖို့ ဆုံးဖြတ်ပြီးလျှင် အဆုံးစွန်ဆုံးအထိ ထုတ်ပြမည်ဖြစ်သည်။

မန်ဟိုက ဒုတိယတောင်ထိပ်သို့ တဟုန်ထိုး ရွေ့လျားသွားပြီး သူ ၎င်းအပေါ် ခြေချလိုက်သောအခါ တစ်တောင်လုံးသည် ရှေ့နောက် ယိမ်းထိုးလှုပ်ရမ်းသွားတော့၏။ မန်ဟိုက နောက်ဆုတ်နေသော အမှောင်နတ်ဘုံခေါင်းဆောင်ကြီးဆီသို့ လက်ကို မြှောက်၍ လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။

“မင်းက လျော်ကြေးလိုချင်တယ်ပေါ့လေ။ ဒီမှာ ငါ့ရဲ့လျော်ကြေး။ ဝမ်ယိုချိုင်အတွက် ဒုတိယတောင်ထိပ်ကို ပြန်ပေးတဲ့ ငါ့လျော်ကြေး” မန်ဟို ဒုတိယတောင်ကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်သော အကြောင်းအရင်းမှာ အမှန်တကယ်ပင် ဝမ်ယိုချိုင်ဖြစ်သည်။

မန်ဟိုသည် စောစောတုန်းက သူတို့ ဝမ်ယိုချိုင်အပေါ် ဆက်ခံခဲ့ပုံကို သတိထားမိခဲ့၍ သိပ်ဘဝင်မကျခဲ့ပေ။ သူ လက်ချောင်းကို ဆန့်ထုတ်လိုက်သည့်အခါ ကောင်းကင်ဘုံကိုပင် ထက်ပိုင်းခြမ်းပစ်နိုင်ပုံရသော လေပြင်းတစ်ချက်က ‌တိုက်ခတ်သွားသည်။ ပုလဲဖြူပုလဲနက်နှင့် နဝမတောင်သည် အမှောင်နတ်ဘုံခေါင်းဆောင်ကြီးတဖြစ်လဲ စာပေသမားဝတ်ရုံနှင့် ကောင်လေးဆီသို့ ဝါးခနဲ ပြေးဝင်သွားလေ၏။

အမှောင်နတ်ဘုံခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သွေးအလင်းရောင်သည် သူ့ထံမှ ဖြာထွက်လာပြီး ‌မန်ဟို့လက်ချောင်းထံမှ လေအဟုန်ထံသို့ ပိုင်းချလိုက်သော သွေးရောင်ဓားသွားတစ်လက်အသွင်ပြောင်းသွား၏။

ပိုင်းချလိုက်သော ဓားသွားက ဒုတိယခွဲထွက်ခြင်းအဆင့် ရောက်လုနီးနီးဖြစ်နေသော ပထမခွဲထွက်ခြင်း မဟာစက်ဝန်းအဆင့်စွမ်းအားဖြင့် ပြည့်ဝနေ‌သည်။

မန်ဟိုက နှာမှုတ်ပြီး လက်ချောင်းကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

“ရာရာစစ” မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးယောက်ထဲမှ ဒုတိယခွဲထွက်ခြင်းအဆင့်အရှိန်အဝါကို ထုတ်လွှတ်နေ‌သော အဘိုးကြီးတစ်ယောက်က ဟိန်းဟောက်လိုက်သည်။ “မန်ဟို မင်း လွန်သွားပြီ။ မင်းက ဒုတိယခွဲထွက်ခြင်းအဆင့်ရောက်နေတာနဲ့ မင်းကိုယ်မင်း ဟုတ်လှပြီထင်နေတယ်ပေါ့လေ။ မင်းဘာသာမင်း ဘယ်အဆင့်ပဲဖြစ်ဖြစ် သောက်ဂရုစိုက်စရာလားကွ”

မန်ဟိုက သူတို့ကို လှည့်ပင်မကြည့်ဘဲ အင်္ကျီလက်စကို အေးအေးဆေးဆေး ခါလိုက်သည်။

လက်ချောင်းတိုက်ကွက်သည် သွေးဓားသွားကို ဝင်တိုက်လိုက်သဖြင့် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားလေသည်။ ‌ဓားသွားသည် ချက်ချင်း တစစီ ပဲ့ကြွေကျသွားပြီး အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ သူ‌ နောက်လွင့်ထွက်သွားသည့်အချိန်မှာပင် မန်ဟို၏ဒုတိယလက်သီးချက်က သူ့ကို ဝင်တိုက်ခဲ့ပြီဖြစ်သည်။

နောက်ထပ်ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားပြီး အမှောင်နတ်ဘုံခေါင်းဆောင်ကြီးမှာ ကိုယ်တစ်ပိုင်း ပေါက်ကွဲသွားသဖြင့် သွေးပျက်မတတ် အာ‌ခေါင်ခြစ်အော်လိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် စတုတ္ထတောင်ထိပ်မှ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးလုံး ရောက်လာခဲ့လေပြီ။

“ကဲ” မန်ဟိုက တည်တည်ငြိမ်ငြိမ် ပြောသည်။ “မင်းတို့ ဒီကို‌ ရောက်လာမှတော့ မင်းတို့ကိုလည်း လျော်ကြေးနည်းနည်းပါးပါး ပေးရသေးတာပေါ့” သူသည် သူတို့ထံသို့ လှမ်းလိုက်၏။

မိစ္ဆာမီးခေါင်းတောင်ကြီးသုံးဦးမှာ လန့်သွားကြ၏။ သို့သော် သုံးယောက်အနက် အသက်အကြီးဆုံး ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးပင်လယ်တစ်စင်း ပေါ်လာသည်။

“မင်း ဘာလို့ ငါတို့ကို တိုက်ခိုက်နေသေးတာလဲ။ တခြားဂိုဏ်းက သူလျှိုများလား ဟမ်။ သွေးမိစ္ဆာဂိုဏ်းချုပ်ကို လှည့်စားထားတာများလား”

“ဒီနှစ်အတွက် ငါ့ရဲ့ သတ်ခွင့်ရလိုင်စင်အရဆိုရင် နောက်ထပ် ၇၈ ယောက် သတ်လို့ရသေးတယ်” မန်ဟိုက အေးအေးလူလူ ပြန်ဖြေသည်။

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ဘုရားတမိသွားကြသည်။ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးပင်လျှင် မျက်လုံးပြူးသွားကြ၏။ အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၏ အနုသုခုမနတ်ခန္ဓာမှာတော့ ကြောက်ဒူးတုန်သွားလေပြီ။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ မန်ဟို၏ စကားလုံးများကြောင့် အုတ်အုတ်ကျက်ကျက် ပွက်လောရိုက်ကုန်တော့၏။

“သတ်ခွင့်ရလိုင်စင်”

“သွေးမင်းသားမှာ ....  သတ်ခွင့်ရလိုင်စင် ရှိ‌တယ်လို့ မပြောနဲ့နော်”

“မြတ်စွာဘုရား လိုင်စင်က ဘယ်ကျင့်ကြံခြင်းအခြေခံပဲဖြစ်ဖြစ် အကျုံးဝင်တာလား”

“သူ့မှာ အာဏာအများကြီး ရှိတာပဲ။ ဂိုဏ်းသားအားလုံးရဲ့ အသက်က သူ့လက်ခုပ်ထဲက ရေလို ဖြစ်နေပြီ”

ပဉ္စမတောင်ထိပ်အပေါ်တွင် ခါးကုန်းအဘိုးကြီးသည် ကြောင်တောင်တောင်ကလေး ရပ်နေ၏။ သူ့ဘေးရှိ လှပသောမိန်းကလေးမှာ မျက်လုံးကလေးများ ဝိုင်းစက်နေပြီး ဟောဟဲလှိုက်နေတော့သည်။

“ဆရာ ၊ သတ်ခွင့်ရလိုင်စင် ဆိုဝာာကြီးက ဘာလဲဟင်”

အဘိုးကြီးက စဉ်းပင်မစဉ်းစားဘဲ အလိုလို ပြောလိုက်မိသည်။ “အဟမ်း စိတ်မပူနဲ့။ ငါက အကြာမှအကြာပြီး နေထိုင်ခဲ့ဖူးတဲ့လူ၊ ဒါက စမ်းသပ်မှုလေးတစ်ခုပဲလေ သိပ်...”

သူ့မှာ ပြောနေရင်းတန်းလန်း တပည့်မလေးမှ သူ့ကို အထူးအဆန်းသဖွယ်ကြည့်နေကြောင်း သတိထားမိလိုက်သည်။ သူက ချောင်းဟန့်လိုက်၏။

“ဆရာ အစကတည်းက ဒီအတိုင်းပြောနေခဲ့တာနော်။ ဒါမဲ့ ချန်းရီ အသတ်ခံလိုက်ရတယ်။ ဆရာ ထပ်ပြောပြန်တယ်။ ပထမတောင် ကြေမွသွားပြန်တယ်... ထပ်ပြောတယ် ဒုတိယ‌တောင်နဲ့ စတုတ္ထတောင် လှုပ်ရှားလာတယ်

“ကဲ အခုလည်း ထပ်ပြောနေပြန်ပြီ .... “ မိန်းကလေးက စကားစဖြတ်ပြီး ထပ်မပြောတော့ပေ။

သူမအသံ ရပ်သွားသည့်အခိုက်အတန့်မှာပင် မန်ဟိုက လက်ကို ဝှေ့ယမ်း၍ နဝမတောင်ကို ပေါ်လာစေပြီး မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးဆီ ပြေးဝင်သွားစေလိုက်သည်။

နဝမတောင် နိမ့်ဆင်းလာနေစဉ် မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦး၏မျက်နှာများ လေးနက်သွားကြသည်။ သူတို့သည် နတ်ဘုရားစွမ်းရည်များအား ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။ ဒုတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာမူ ‌မီးလုံးတစ်လုံး ထွေးထုတ်၍ မီးပင်လယ်တစ်စင်း ဖော်ဆောင်လိုက်သည်။ သွေးရောင်မီးညွန့်များက သူ၏ပတ်ပတ်လည်တွင် ဟုန်းဟုန်းတောက်လာရင်း ဧရာမသမင်ခေါင်းကြီးပုံသဏ္ဌာန်အဖြစ် လျင်မြန်စွာ ပြောင်းလဲလာသည်။

သမင်ခေါင်းကြီးသည် မီးတောက်အတိပြီးနေပြီး ဧရာမသမင်ချိုကြီးနှစ်ခုက ငွားငွားစ္ငင့်စွင့် ကားထွက်နေ၏။ သမင်ခေါင်းကြီးက လာနေသောနဝမတောင်ဆီသို့ ပြေးဝင်သွားသည်။ ၎င်း လေကိုခွင်း၍ ပျံသန်းသွားစဉ် ကျန်မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦးသည် နှစ်ယောက်စွမ်းအားပေါင်းစုရင်း သမင်ကိုယ်ကြီးအား ဖော်‌ဆောင်လိုက်သည်။ ၎င်းက သမင်ခေါင်းကြီးနှင့် ဆက်သွား၏ ။

အလွန်ကြီးမားသော သမင်ကြီးကား တတိယခွဲထွက်ခြင်းအဆင့်မှ ‌ဆံတစ်မျှင်သာ ဝေးကွာတော့သော ဒုတိယခွဲထွက်ခြင်းအဆင့်စွမ်းအား၏ အံ့ဖွယ်လှိုင်းများကို ထုတ်လွှတ်ရင်း ပုလဲဖြူပုလဲနက်နှင့် နဝမတောင်ဆီသို့ ကဆုန်ပေါက် ပြေးဝင်သွားလေပြီ။

မန်ဟို၏မျက်ဝန်းများက သွေးအေးလျက်သာ။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ၏ပတ်ဝန်းကျင်ရှိ လေထုတွင် အက်ရာများ ထလာကာ လေပြင်းများ ထန်လာပြီး တိမ်တိုက်များ ဆူပွက်လာ၏။ ပုလဲဖြူပုလဲနက်နှင့် နဝမတောင်သည် ဝုန်းခနဲ ရုတ်တရက် ပြန့်ကားကြီးမားလာရင်း အရွယ်အစားနှင့် ထုထည်နှစ်မျိုးလုံး နှစ်ဆတိုးသွားတော့သည်။

ကြီးမားသွားမှုက မယုံကြည်နိုင်ဖွယ် ဖိအားကြီးကို ဖြာထွက်သွားစေသည်။ သမင်ကြီးအထဲရှိ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦး၏မျက်နှာများတွင် အံ့ဩမယုံနိုင်မှုတို့ ပြည့်နှက်သွား၏။

‌ဒုန်းးးးး

နဝမတောင်က သမင်ကြီးကို ဝင်တိုက်ကာ ဧရာမပေါက်ကွဲမှုကြီးအား အရပ်လေးမျက်နှာသို့ ရိုက်ညောင်းသွားစေသည်။  သမင်ကြီးသည် အပိုင်းပိုင်းအစစ စုတ်ပြတ်သပ်သွားပြီး အထဲရှိ ခေါင်းဆောင်ကြီးသုံးဦးမှာ သွေးအန်၍ ချာလပတ် လည်ထွက်သွားတော့သည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ ကစဉ့်ကလျားဖြစ်သွားကြ၏။ သူတို့သည် မျက်လုံးများဖြူဆုပ်နေကြပြီး ရင်ထဲတွင် အံ့သြတုန်လှုပ်ခြင်းလှိုင်းတံပိုးကြီးများ ဗိန်း‌ဗောင်းမြည်နေချေပြီ။

“မဖြစ်နိုင်ဘူး”

“သူက တော်တော် အစွမ်းထက်တာပဲဟ။ ငါတို့သုံးယောက်ရဲ့ စုပေါင်းစွမ်းအားကို ဖြုံတောင်မဖြုံဘူး”

သူတို့သာ ယုံရခက်နေကြခြင်းမဟုတ်။ သွေးမိစ္ဆာဂိုဏ်းရှိ ဂိုဏ်းသားအားလုံးမှာလည်း ထိုနည်းတူပင်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံနှင့်ပတ်သက်ပြီး တစိုးတစဉ်း သိထားသော လီရှိချီပင်လျှင် အံ့အားသင့်နေ၏။

သူမမှာ မန်ဟို ဤမျှကြောက်စရာအတိုင်းအတာအထိ အစွမ်းထက်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူမကိုယ်တိုင်မှာလည်း ချင်းလော်ဂိုဏ်းကိစ္စနှင့်ပတ်သက်ပြီး အနည်းအကျဉ်းသာ သိထားသည်မဟုတ်ပါလော။

ဘယ်သူမှ မန်ဟို့ခွန်အားအဆင့် အစစ်အမှန်ကို မသိကြပေ။ တာအိုခြောက်ပါးခေါင်းဆောင်ကြီးကြောင့်သာ မဟုတ်လျှင် ‌ချင်းလော်ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြုတ်သွားခဲ့မည်ဖြစ်သည်။

ပဉ္စမတောင်ပေါ်ရှိ ခါးကုန်းကုန်းအဘိုးကြီးမှာ ထူးထူးခြားခြား လေးနက်နေသော အရိပ်အယောင်ရှိပြီး သူ၏မျက်လုံးများမှာလည်း ထူးဆန်းစွာ တောက်ပနေသည်။

“ငါက အိုနေပြီ” သူက ရေရွတ်လိုက်သည်။ “တကယ် တကယ့်ကို အိုနေပြီ။ နောက်ဆုံးတော့ ဒဏ္ဍာရီလာ အာဂလူတစ်ယောက်နဲ့ တွေ့တာ‌တောင် သတိမထားမိဘူးတဲ့လေ .... သူက အသေအချာကို တာအိုခွဲထွက်ခြင်း အာဂလူပဲ

“တစ်ဘဝလုံး အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ရှားမှာရှားတဲ့ ကျင့်ကြံသူအမျိုးအစားတစ်မျိုး ရှိတယ်။ သူတို့က သေရင်သေ ၊ မသေရင် ကောင်းကင်ဘုံတွေကို‌တောင် တုန်လှုပ်စေနိုင်တယ်။ သူတို့ အစွမ်းရင့်သန်လာတဲ့အခါ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှာပဲ ရှိနေသေးတာတောင်မှ တာအိုရှာဖွေခြင်းအဆင့်ကို သတ်ဖြတ်နိုင်တယ်

“အဲဒီလိုလူတွေကို .... တာအိုခွဲထွက်ခြင်းလို့ခေါ်တယ်

“သူ့ရဲ့ အကြင်နာမဲ့ရက်စက်မှုက နတ်ဆိုးစိတ်ဆန္ဒတစ်ခု ဖြစ်နေခဲ့ပြီပဲ... ဒါပေမဲ့ နတ်ဆိုးဆန်မှုနဲ့ တာအိုဆိုတာ ချိတ်ဆက်နေတာ။ နှစ်မျိုးလုံးမှာ မဆုတ်နစ်တဲ့ ဇွဲဆန္ဒရှိတယ်။ နှစ်မျိုးလုံးဟာ ထိပ်ဆုံးအောင်မြင်မှုတွေပဲ

“တာအိုခွဲထွက်ခြင်းလမ်းစဉ်ဆိုတာ အင်မတန် ခက်ခဲလှတယ်။ တာအိုကို ခွဲထုတ်ဖျက်စီးပစ်ပြီး နတ်ဆိုးတစ်ကောင် ဖြစ်လာတာမျိုး

“ဟုတ်တာပေါ့ နတ်ဆိုးခွဲထွက်ခြင်းဆိုတာက ပိုလို့တောင် ခက်ခဲတဲ့ နောက်လမ်းစဉ်တစ်ခုပဲ။ နတ်ဆိုးကို ခွဲထုတ်ဖျက်စီးပြီး တာအိုကို ရယူရတာ။ ဂိုဏ်းချုပ် ၊ ဒါကြောင့် သူ့ကို သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားအဖြစ် တင်မြှောက်ခဲ့တာလား

“တာအိုခွဲထွက်ခြင်းအတွက် တာအိုနှလုံးသား လိုအပ်တယ်။ နတ်ဆိုးခွဲထွက်ခြင်းအတွက် နတ်ဆိုးဆန်တဲ့စိတ်ဆန္ဒ လိုအပ်တယ်

“ငါ ရုတ်တရက်ကြီး ... သူ နတ်ဆိုးခွဲထွက်ခြင်း လုပ်ဆောင်နိုင်မယ့်နေ့ ရောက်လာမလား အရမ်းသိချင်သွားပြီ

“နတ်ဆိုးဆန်မှုကို ဖျက်စီး၊ တာအို ရှာဖွေ” အဘိုးကြီးသည် ပဉ္စမတောင်ထိပ်အပေါ်တွင် တစ်ယောက်တည်း ရေရွတ်ရေရွတ်နေရင်း မျက်လုံးများ တောက်ပလာကာ သွေးမိစ္ဆာတောင်ကို လှည့်ကြည့်လိုက်လေသည်။

သွေးမိစ္ဆာတောင်ပေါ်တွင် သွေးမိစ္ဆာဂိုဏ်းချုပ်သည် သွေးကန်ထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ သူ၏နက်နဲသိမ်မွေ့သော မျက်ဝန်းများတွင် အဆုံးမဲ့သော ရှေးကျမှုက စီးဆင်းနေသယောင်ရှိသည်။

“နတ်ဆိုးဆန်မှုကို ဖျက်စီး” သူက ရေရွတ်လိုက်သည်။ “တာအိုရှာဖွေ”

“မန်ဟို ၊ မင်း ငါ့ကို အပြစ်တင်လို့မရဘူး။ မင်းကိုယ်ထဲမှာ နတ်ဆိုးအစေ့ကို ငါ စိုက်ပျိုးခဲ့ပေမယ့် အကြောင်းရင်းက မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ လမ်းစဉ်ဟာ မမှန်ကန်လို့ပဲ.... ငါရဲ့ ကျန်ရှိသေးတဲ့ နှစ်တွေမှာ မင်း နတ်ဆိုးစိတ်ဆန္ဒကို ပုံသွင်းနိုင်အောင် ကူညီပေးပြီးတော့ ...  နတ်ဆိုးကို ဖျက်စီးနိုင်ဖို့ မင်းကို စောင့်နေပေးမယ်....

“အဲဒါက တာအိုရှာဖွေခြင်းပဲ”

“နတ်ဆိုးဆန်မှုကို ဖျက်စီး၊ တာအိုရှာ‌ဖွေ။ ပြီးရင် အင်မော်တယ်ကို ဖျက်စီး။ ဘာက အဲ့ဒီလောက် ခက်ခဲလို့လဲ။

“အချိန်ကျရင် မင်း မဟာမိစ္ဆာကံကြွေးမျိုး‌စေ့ကို စိုက်ပျိုးရလိမ့်မယ်။ စစ်မှန်တဲ့ အထွတ်အထိပ်ကို မင်းရောက်‌တဲ့နေ့ကျရင် မင်းရဲ့ မိစ္ဆာကံတရားကို မမေ့လေနဲ့

“ငါ့ကို စောင့်နေကြပါ ညီမလေး နဲ့ ငါ့မိတ်ဆွေတို့။ မကြာမီ ပြန်‌ဆုံရတော့မှာပါ ... မကြာမီမှာပဲ မင်းတို့ကို နောက်တစ်ကြိမ် အဖော်ပြုပေးနိုင်တော့မှာပါ....” သူ့ကို ဝန်းရံနေသော သေခြင်းအရှိန်အဝါမှာ အားကောင်းသထက် အားကောင်းလာတော့သည်။

***

All Chapters