← Chapters

သွေးမိစ္ဆာမဟာမှော်သိုင်း

Vol. 51 Ch. 709

သွေးမိစ္ဆာမဟာမှော်သိုင်း

Vol. 51 Ch. 709

ဧရာမသမင်ကြီး ပြိုကွဲပျက်စီးသွားပြီး မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးမှာ အရုပ်ကြိုးပြတ် လွင့်ထွက်သွားကြလေပြီ။ အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၏ အနုသုခုမနတ်ခန္ဓာမှာ ကတုန်ကယင်ဖြင့် တတ်နိုင်သမျှ မြန်မြန်ပြေးဖို့ ကြိုးစားလိုက်သည်။ သူ့မှာ လောလောဆယ်တွင် စောစောက ပြောခဲ့မိသော စကားများအတွက် နောင်တအကြီးအကျယ်ရနေလေပြီ။

သူကား သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးအပေါ်လည်း အသည်းထဲအူထဲမှ မုန်းတီးသွား၏။ အထူးသဖြင့် အသက်ထွက်သွားပြီးဖြစ်သော ချန်းရီ။ သူတို့ကြောင့်သာမဟုတ်လျှက် သူနှင့် အခြားသူများ ယခုလို ဒုက္ခ‌ရောက်မည်မဟုတ်ပေ။

“သေစမ်း ဒီလိုအဆုံးသတ်မယ်ဆိုတာ ကြိုသိရင် အဲ့ဒီ‌သောက်ရူးကို ဘယ်တော့မှ ရန်စမိမှာ မဟုတ်ဘူး”

“ဘာလို့ ဂိုဏ်းချုပ်က ပေါ်မလာသေးတာလဲ။ မန်ဟိုက တကယ်ကြီး ငါတို့အကုန်လုံးကို သတ်တော့မှာလို့တော့ မပြောနဲ့နော်”

သူတို့ ခွေးပြေးဝက်ပြေး ပြေးနေကြစဉ် မန်ဟို၏‌မျက်လုံးများက သွေးအေးခက်ထန်သွားသည်။ သူသည် ကျင့်ကြံခြင်းလေးယောက်အား ခေါင်းနပန်းကြီးသွားစေသော အမြန်နှုန်းဖြင့် ရှေ့တက်လာလေပြီ။ သူက အနားရောက်သွားသည့်အခါ သွေးမိစ္ဆာမဟာ‌မှော်သိုင်းကို ထုတ်လွှတ်လိုက်၏။

မှော်သိုင်း နိုးကြားလာသည်နှင့်တစ်ပြိုက်နက် သွေးချီသည် မန်ဟို့ကို ဝန်းရံရစ်သိုင်းသွားပြီး သူ၏ညာလက်မှာ သွေးဖြင့် ပြုလုပ်ထားသည့်အလား နီစွေးသွားလေသည်။

“သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ ပထမအလွှာ”

“ချီသွေးအလွှာ”

မန်ဟိုက မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးနှင့် အမှောင်နတ်ဘုံခေါင်းဆောင်ကြီး၏ အနုသုခုမနတ်ခန္ဓာဆီသို့ လက်ကို ဆန့်တန်းလိုက်သည်။ သူနှင့် သူတို့အကြား၌ မီတာဒါဇင်အနည်းငယ် ခြားနေသော်လည်း သူ လက်ကို ဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ခန္ဓာကိုယ်များမှာ ဧရာမသွေးဝဲကြီးတစ်ဝဲ၏ ဝန်းရံခြင်းခံလိုက်လေပြီ။

တုန်လှုပ်ချောက်ချားဖွယ် ဝဲကြီးသည် တဝေါဝေါ မြည်လာပြီး အဝေးမှကြည့်လျှင် ဝဲအစား ဧရာမလက်ကြီးတစ်ဖက်နှင့် တူလေသည်။

ကျင့်ကြံသူလေးဦးမှာ ယခု‌တွင် လက်ဝါးကြီး၏အလယ်၌ ချောင်ပိတ်မိသွားကြပြီး ထွက်မရတော့ပေ။

လေးယောက်လုံး၏မျက်နှာများတွင် ယခင်ထက်ပင်ပို၍ ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုက ကြီးစိုးသွား၏။ ဝဲကြောင့် သူတို့ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေးများ ဆူပွက်နေသည်ကို သူတို့ အာရုံရလိုက်ကြသည်။ ထိုမျှသာမက သူတို့သည် သူတို့၏ကျင့်ကြံခြင်းအခြေခံကိုပင် မထိန်းချုပ်နိုင်တော့ပေ။ ထိန်းချုပ်ဖို့ ကြိုးစားလေလေ၊ ဆူပွက်နေခြင်းအား မဖိနှိပ်နိုင်လေလေ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ချက်ချင်းပင် သွေးမိစ္ဆာဂိုဏ်းတစ်လျှောက်လုံး မရေမတွက်နိုင်သော အော်သံများ ဆူညံသွားသည်။

“သွေးမိစ္ဆာမဟာမှော်သိုင်း”

“ဒါ သွေးမိစ္ဆာမဟာမှော်သိုင်းပဲ”

မရေမတွက်နိုင်သော ဂိုဏ်းသားများ မန်ဟို့ကို ကြည့်နေကြစဥ် သူတို့၏မျက်လုံးများ၌ လိုချင်တပ်မက်မှုတို့ ပြည့်နှက်သွားတော့သည်။

“သွေးမင်းသားပဲ .... သွေးမိစ္ဆာမဟာမှော်သိုင်းကို ကျင့်ကြံနိုင်တယ်”

“သွေးမင်းသားက တစ်ရက်တည်းနဲ့ ပထမအလွှာကို ရသွားတာ ငါ တကယ် မယုံနိုင်ဘူး”

ဂိုဏ်းသားများသည် မန်ဟိုနှင့် လေလယ်ရှိ သွေးဝဲကြီးကို မော့ကြည့်ရင်း တစ်ခါမှ မအံ့ဩစဖူး အံ့ဩနေကြတော့၏။

သွေးမိစ္ဆာ‌မဟာမှော်သိုင်းကဲ့သို့ သွေးမိစ္ဆာဂိုဏ်းသားများအကြား ဤမျှ ထိန်းမနိုင်သိမ်းမရအောင် ရူးသွပ်သွားစေမည့် မှော်သိုင်းမျိုး မရှိပေ။ သွေးမိစ္ဆာမဟာမှော်သိုင်းမှာ သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံးတွင် နံပါတ်တစ် မှော်သိုင်း မဟုတ်ပါလော။

သွေးမိစ္ဆာမဟာမှော်သိုင်းအား ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်ကြီးသုံးဦးမှာ ပြင်းပြင်းထန်ထန် တုန်ရီလာတော့သည်။ သူတို့ကျင့်ကြံခြင်းအခြေခံစွမ်းအားများက ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။ သို့သော် မည်သို့ဆိုစေ သူတို့မှာ လွတ်မြောက်အောင် မလုပ်နိုင်ကြပေ။

ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေးများ စီးထွက်နေသည်နှင့်အမျှ သူတို့၏အပြင်အားကိုယ်များမှာ ရှုံ့တွခြောက်ကပ်လာသည်။ ချီနှင့်သွေးများက ဝဲအတွင်းသို့ စုပ်ယူခံရပြီး မန်ဟိုနှင့် တစ်သားတည်း ဖြစ်သွားသည်။ မန်ဟိုသည် သူ၏အပြင်အားကိုယ်ခွန်အား တဟုန်ထိုး ထိုးတက်လာသည်ကို ခံစားလိုက်ရ၏။

ချီများက သူနှင့် ပေါင်းစည်းသွားရာ အားကြီးသော ခွန်အား၏ ခံစားချက်က သူ့စိတ်ထဲတွင် ပေါက်ဖွားလာတော့သည်။

“ဒီတော့ ဒါက သွေးမိစ္ဆာမဟာမှော်သိုင်းဆိုတာပေါ့လေ” သူက ထူးဆန်းသောအလင်းရောင်ဖြင့် မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။

မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးက ညည်းညူအော်ဟစ်လိုက်ကြသည်။

“မဖြစ်ဘူးးးးးး ငါ့ချီသွေးစွမ်းအား။ ‌သေစမ်း”

“ရပ်စမ်း ၊ မန်ဟို ။ မင်း တစ်ဂိုဏ်းတည်းသားကို ပြန်သတ်ရင် နိဂုံးမလှဘဲ နေလိမ့်မယ်”

“သွေးမိစ္ဆာဂိုဏ်းချုပ် ကယ်ပါဦး”

သူတို့သည် ချီနှင့် သွေးများ ခန္ဓာကိုယ်ထဲမှ စိမ့်ဝင်နေသည်ကို မတားနိုင်သဖြင့် အားနည်းသထက် အားနည်းလာတော့၏။ အ‌နုသုခုမနတ်ခန္ဓာဘဝ ရောက်သွားခဲ့သော အမှောင်နတ်ဘုံခေါင်းဆောင်ကြီးသာလျှင် သက်ရောက်မှုမရပေ။ သို့သော်လည်း သူ့မှာ တုန်လှုပ်ချောက်ချားနေသေးလေသည်။

မြင်ကွင်းတစ်ခုလုံးမှာ စောင့်ကြည့်နေသူအားလုံးအတွင် လက်ဖျားခါရလောက်အောင် အံ့အားသင့်ဖွယ်ကောင်းပေသည်။ မန်ဟိုက လေလယ်တွင် ပျံဝဲနေရင်း ညာလက်ကို မြှောက်၍ သွေးလက်ကြီးထံသို့ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်ရာ သူ့အရှေရှိ လူသုံးယောက်ထံမှ ချီနှင့်သွေးများ ပိုမိုထွက်လာစေသည်။ ထို့နောက် ၎င်းတို့ကို စုပ်ယူလိုက်၏။

“အညံ့ခံမလား မခံဘူးလား “ သူက အေးတိအေးစက် မေးသည်။

“ဘယ်တော့မှပဲ” မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးအနက်မှ တစ်ယောက်က အော်ဟစ်လိုက်သည်။

“ငါတို့ ‌‌မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးက သွေးမိစ္ဆာဂိုဏ်းချုပ်ကို သစ္စာခံတာ။ မင်းလို ဘာမဟုတ်တဲ့ကောင်ကို ငါတို့က အညံ့ခံလိမ့်မယ်လို့ မင်း တကယ်ထင်လား” မိစ္ဆာမီးခေါင်းဆောင်ကြီးများမှာ ဒေါသတကြီး ရုန်းထွက်သော်လည်း ဝဲထဲမှ မလွတ်နိုင်ပေ။

သူတို့၏ခန္ဓာကိုယ်များမှာ သိသိသာသာ ပိန်ချုံးခြောက်ကပ်လာပြီး အရေပြားတွင် သွေးအစင်းကြောင်းများ အက်ကွဲလာသည်။ သို့ထိတိုင် သူတို့သည် မျှော်လင့်ချက်မမဲ့သေး။ သူတို့ကို မျှော်လင့်ချက်မမဲ့စေသော အရာမှာ ... သွေးမိစ္ဆာဂိုဏ်းချုပ် ပေါ်မလာသေးခြင်းဖြစ်သည်။

သွေးမိစ္ဆာဂိုဏ်းချုပ်ပေါ်မလာခြင်းက သို့လော၊ သို့လော ဖြစ်နေသော ကိစ္စတစ်ရပ်အား ဖြေရှင်းပေးလိုက်လေသည်။ မန်ဟို ပြောသွားခဲ့သော သတ်ခွင့်ရလိုင်စင်ကား အမှန်တကယ် တည်ရှိ၏။

ထို့အပြင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများ၏အသက်ပင် အကျုံးဝင်သည်။ သို့ဖြစ်ရာ သွေးမိစ္ဆာဂိုဏ်းချုပ်အတွက် ..... သွေးမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံးရှိ မည်သူမှ မန်ဟိုကို မယှဉ်နိုင်ကြောင်း သိသာပေသည်။

ထိုအကြောင်းကြောင့် အနိမ့်ဆုံးကျင့်ကြံခြင်းအခြေခံနှင့် မိစ္ဆာမီးခေါင်းဆောင်ကြီးမှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သွေးများက သူ့ထံမှ ယိုစီးကြနေပြီး သေမင်း၏နှုတ်ခမ်းဝအား သူ မြင်နေရလေပြီ။

“အညံ့ခံတယ်” သူက အံတင်းတင်းကြိတ်လျက် အော်လိုက်သည်။ “အညံ့ခံတယ်။ သွေးမင်းသားကို သစ္စာခံပါ့မယ်”

ကျန်မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦးမှာ ‌ဒေါပွသွားတော့၏။

“ညီသုံး ၊ မင်း ဘာလုပ်နေတာလဲ”

“ဒီလိုအကောင်မျိုးကို ဘယ်လိုလုပ် မင်း သစ္စာခံနိုင်တာလဲ”

မန်ဟိုက သွေးအေးအေး ပြောသည်။ “တာအိုကျမ်းကျိန်”

“မင်း .... “ မိစ္ဆာမီးညီငယ်သုံးမှာ ခါးခါးသီးသီး ပြုံးပြီးနောက် ကျန်မိစ္ဆာမီးအစ်ကိုနှစ်ယောက်ကို တောင်းလျှိုးပန်လျှိုး လှမ်းကြည့်လိုက်သည်။ သူ့တွင် မန်ဟို့ကို သစ္စာခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ မန်ဟိုကြောင့် ခံစားနေရသော အကြောက်တရားက သူ့ကို ခြေဖျားလက်ဖျားတို့ပင် အေးစက်နေစေ၏။ အထူးသဖြင့် မန်ဟို သူ့အား ... အမှန်တကယ် သတ်ပစ်နိုင်ကြောင်း သဘောပေါက်၍ပင်။

သူကား သွေးမိစ္ဆာဂိုဏ်း၏ ‌စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဖြစ်နေစေကာမူ အရေးကြီးမည်မဟုတ်။

သူ့မှာ အမှန်ပင် တခြားရွေးချယ်စရာမရှိပေ။ ဂိုဏ်းကို မပုန်ကန်ရဲသည့်အပြင် သွေးမိစ္ဆာဂိုဏ်းချုပ်လည်း ကြောက်၏။ ကြောက်ရမည့်လူ နောက်တစ်ယောက် ထပ်တိုးလာပြီး အထူးသဖြင့် ထိုလူက သွေးမင်းသားလည်း ဖြစ်နေသည့်အတွက် သူ လက်ခံနိုင်သေးလေသည်။

သူသည် ကပျာကယာ တာအိုကျမ်းကျိန်လိုက်၏။ ထို့နောက် သူ့ကို ရစ်ပတ်ထားသော ‌ဆွဲအားကြီးမှာ တဖြေးဖြေး ပြေလျော့သွားတော့သည်။

ယခုတွင် စွမ်းအားကို မျှခံပေးမည့် လူတစ်ယောက် လျော့သွားရာ ကျန်မိစ္ဆာမီးခေါင်းဆောင်ကြီးနှစ်ဦးမှာ ပို၍ပင်များလာ‌သော ဖိအားကို ခံစားလိုက်ရ၏။ ချီနှင့်သွေးများကား မန်ဟို့ကိုယ်အတွင်းသို့ အပြေးအလွှား ဝင်ရောက်နေလေသည်။ တစ်ချိန်တည်းမှာပင် သူသည် ပြောမပြတတ်အောင် ထူးဆန်းသောအခြေအနေတစ်ခုသို့ ရုတ်တရက် ရောက်ရှိသွားသယောင်ပင်။

သူသည် ရုတ်တရက် တောင်ပိုင်းကောင်းကင်ဂြိုဟ်အပြင်တွင် တည်ရှိသော အကန့်အသတ်မဲ့အသိအမြင်တစ်မျိုးကို အာရုံရလိုက်၏။ ၎င်းသည် မရေမတွက်နိုင်သော နည်းလမ်းအသင်္ချေဖြင့် စကြဝဠာကြီးနှင့် မသိမသာလေး ဆက်စပ်နေသယောင်ပင်။

“အဲ့ဒါ တာအိုရှာဖွေခြင်းလား.... “ မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် တွေးလိုက်သည်။

“အညံ့ခံတယ်။ သစ္စာခံမယ်” ဒုတိယမိစ္ဆာမီးခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ သူသည် အံတင်းတင်းကြိတ်၍ တာအိုကျမ်းကျိန်လိုက်၏။ သူ၏ခန္ဓာကိုယ်မှာ ဆိုးဆိုးရွားရွား ‌ပိန်ချုံးခြောက်ကပ်နေပြီဖြစ်ပြီး စွမ်းအားမှာလည်း အလျှင်းခမ်းခြောက်ပေတော့မည်။ သူသာ ထပ်မံတောင့်ခံဖို့ ကြိုးစားလျှင် သူ၏အပြင်အားကိုယ်သည် အမှုန့်အဖြစ် စိစိညက်ညက် အခြေခံရ‌လိမ့်မည်ဖြစ်၏။

ယခု သူက ကျမ်းကျိန်လိုက်ပြီဖြစ်ရာ မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးအနက် အစွမ်းထက်ဆုံး၊ ဒုတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာ ကျန်တော့လေသည်။ သူ၏ခန္ဓာကိုယ်မှာ သွေးတို့ စိုရွှဲနေပြီး အသားများ ဟက်တက်ကွဲနေ၏။ သိသိသာသာပင် သူကား ပျက်စီးတော့ခါနီးလေပြီ။

“အညံ့ခံတယ်” သူက သက်ပြင်းအရှည်ကြီး ချရင်း ပြောလိုက်သည်။ သွေးမိစ္ဆာမဟာမှော်သိုင်းအောက်ဝယ် သူ့မှာ အညံ့ခံဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ သူလည်း မန်ဟို‌ကြောင့် ကြောက်လန့်နေလေသည်။ သူ့အနေဖြင့် ကျင့်ကြံအဆင့်နှင့် အတိုက်အခိုက်စွမ်းရည်နှစ်မျိုးလုံးတွင် မန်ဟို့အား မည်သို့မျှ မယှဉ်နိုင်ပေ။

မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦး အညံ့ခံပြီး ကျမ်းကျိန်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟို့မျက်လုံးများက ဝဲအတွင်း စုပ်ယူခြင်းခံခဲ့ရသော်လည်း အပြင်အားကိုယ်မရှိသဖြင့် ဘာမှမဖြစ်သော အမှောင်နတ်ဘုံခေါင်းဆောင်ကြီးဆီ ဖျတ်ခနဲ ရောက်လာသည်။ မန်ဟို့အကြည့် သူ့ခန္ဓာကိုယ်အပေါ် ရောက်လာသောအခါ သူက တုန်ရီသွားပြီး ကမန်းကတန်း အော်လိုက်သည်။ “ငါလည်း အညံ့ခံတယ်”

ဒုတိ‌ယတောင်နှင့် စတုတ္ထတောင်၏ ခေါင်းဆောင်များ အညံလိုက်ပြီဖြစ်၍ ပဉ္စမတောင်ပေါ်ရှိ ခါးကုန်းကုန်းအဘိုးကြီးလည်း အသံမြှင့်၍ အော်လိုက်သည်။ “ကျုပ်က ယွမ်တောက်ကျစ်။ သွေးမင်းသားကို ဂါဝရပြုပါတယ်”

သူ၏အနောက်ရှိ လှပသော မိန်းကလေးသည် မန်ဟို့ကို ချစ်ခင်လေးစားမှုတို့ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရွှန်းရွှန်းစားစား ကြည့်၏။ သူမက ချက်ချင်း ဒူးထောက်ပြီး ဂါဝရပြုလိုက်သည်။ ပဉ္စမတောင်အပေါ်ရှိ ဂိုဏ်းသားများအားလုံး ထိုနည်းတူပင်။

“ဂါဝရပြုပါတယ် သွေးမင်းသား”

လေအလယ်တွင် မိစ္ဆာမီးခေါင်းဆောင်ကြီးသုံးဦးနှင့် ‌အမှောင်နတ်ဘုံခေါင်းဆောင်ကြီးများမှာ တုံ့ဆိုင်းခြင်းမရှိ လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်ကြ၏။

“ဂါဝရပြုပါတယ် သွေးမင်းသား”

စတုတ္ထတောင်ထိပ်၊ ဒုတိယတောင်ထိပ်၊ ပထမတောင်ထိပ်၊ ‌သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းသား နှစ်သိန်းလုံး၏အသံများကား သောင်းသောင်းသဲသဲ မြည်ဟည်းသွားလေသည်။ ဧရာမအသံလှိုင်းများက ဖြာထွက်လာရင်း အရာအားလုံးကို လှုပ်ခါရမ်းသွားစေ၏။

မန်ဟိုသည် လေလယ်တွင် ပျံဝဲနေစဉ် လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးဝဲကြီးအား ပျောက်ကွယ်သွားစေသည်။ တစ်ချိန်တည်းမှာပင် စုပ်ယူထားသော မည်သည့်ချီသွေးမဆို ‌‌လျော့ကျလာ၏။

“ငါ အလဟဿ အဖြစ်ခံလို့မဖြစ်ဘူး” သူက တွေးသည်။ “ဒီသွေးမိစ္ဆာမဟာမှော်သိုင်း ဘယ်လောက်အစွမ်းထက်လဲ ကြည့်ရမယ်” ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်ဝန်းများ၌ ပေါ်လာပြီး သူက လက်သီးဆုပ်လိုက်သည်။ ထို့နောက် စုပ်ယူထားသော ချီနှင့်သွေးစွမ်းအားအလုံးစုံကို စုစည်းပြီး ကောင်းကင်သို့ရွယ်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။

တောက်ပသောအရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားပြီး မန်ဟို့လက်သီးချက်ကြောင့် အုန်းခနဲ ထစ်ချုန်းသံကြီး ဆူညံသွား၏။ ကောင်းကင်မှာ တုန်ခါသွားပြီး လေထုကား အက်ရာများ ထလာသည်။ ဧရာမတွင်းနက်ကြီးတစ်တွင်းသည် လေလယ်တွင် ပေါ်လာပြီးနောက် အာကာသထဲ ထွက်သွားသော တွန့်လိမ် ကောက်ကွေးနေသည့် အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားလေသည်။

အဝေးမှကြည့်လျှင် အလင်းတန်းသည် ‌မိုးကောင်းကင်ကို ဖျက်စီးပစ်လိုသောဆန္ဒဖြင့် ပြိုင်ဘက်ကင်းလောက်‌အောင် ရက်စက်သည့် နဂါးနက်ကြီးတစ်‌ကောင်အလားပင်။

ကောင်းကင်ထက်ရှိ အက်ကြောင်းကြီးက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများကိုပင် ကြောက်လန့်တုန်ရီသွားစေနိုင်သော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေ၏။ ဤသည်မှာ တာအိုရှာဖွေခြင်း၏ တုန်ခါလှိုင်းများပင်။

လူတိုင်းသာမက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများပင်လျှင် အမြုတေအထိ အံ့ဩတုန်လှုပ်သွားကြရ၏။

“တိုက်ကွက်က .... တာအိုရှာဖွေခြင်းစိတ်ဆန္ဒ ပါရှိနေတယ်တဲ့လား”

“အဲဒါ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်နှင့် နှိုင်းယှဉ်လို့ရတယ်” ဤအခိုက်အတန့်တွင် လူတိုင်းသည် မန်ဟို၏အရည်အချင်းအား အခိုင်အမာ ယုံကြည်သွားပြီး ဘယ်သူမှ သူ့ကို မြူမှုန်လေးမျှပင် ‌မလေးမစား မဆက်ဆံရဲကြတော့ပေ။

သာမန်ဂိုဏ်းသားများအတွက် ‌လေးစားကြည်ညိုသောအတိုင်းအတာမှာ အရူးအမူးဖြစ်သည်အထိပင် ပြင်းထန်သွားပြီး‌ သွေးမင်းသားအား ဂါဝရပြုသံများမှာ တစ်ခဲနက်  ပဲ့တင်ထပ်လာတော့၏။

မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် ယခင်က သွေးမိစ္ဆာမဟာမှော်သိုင်းကို  အံ့ဖွယ်ကောင်းသည်ဟု မြင်ခဲ့သော်လည်း ယခုတော့ ၎င်းကား သူ စိတ်ကူးခဲ့ဖူးသည်ထက် အဆများစွာ အစွမ်းထက်ကြောင်း သိလိုက်ရလေပြီ။

“ဒီပညာရပ်က ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်ထက် ပိုအစွမ်းထက်တယ်။ လျှို့ဝှက်ဆန်းကြယ် ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုနဲ့ အဆင့်တူတူလောက် ဖြစ်လိမ့်မယ်” မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။

“ပြီးတော့ ဒါက သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ ပထမအလွှာပဲ ရှိသေးတယ်။ အဆင့် (၃) နဲ့ (၄) အထိ ကျင့်နိုင်ရင် ‌ဒုတိယအလွှာရဲ့ မဟာစက်ဝန်းကို ရောက်ပြီး ဝဲဆယ်ခု ဆင့်ခေါ်နိုင်မယ်

“အဲဒီဝဲဆယ်ခုကနေ ဖြစ်ပေါ်လာမယ့် လက်ကြီးမှာ ကျင့်ကြံခြင်းအခြေခံတွေကို စုပ်ယူနိုင်စွမ်း ရှိတယ်

“ငါ အဆင့် (၅) နဲ့ (၆) ဖြစ်တဲ့ တတိယအလွှာ၊ သွေးဝိညာဉ်အလွှာကို ပြီးမြောက်တဲ့အခါ ကျင့်စဉ်မှာ ဖော်ပြထားတာအရဆိုရင် ကောင်းကင်ဟာ နီစွေးသွားပြီး ဝိညာဉ်တွေကို ဖယ်ရှားပစ်နိုင်တဲ့ ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းသွားလိမ့်မယ်

“အဆင့် (၆) ရောက်ရင် တာအိုခြောက်ပါးခေါင်းဆောင်ကြီးကို နှိမ်နင်းနိုင်လိမ့်မယ်လို့ သွေးမိစ္ဆာဂိုဏ်းချုပ်ပြောခဲ့တာ အံ့ဩစရာမရှိဘူး

“ဒုတိယအလွှာ စိတ်ဝိညာဉ်အကြောရဲ့ မဟာစက်ဝန်းအဆင့် အဆင့် (၄) ရောက်ရင်တော့ သေချာပေါက် တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ကို ချေမှုန်းနိုင်ပြီ

“ဒီပညာရပ်က မိစ္ဆာမှော်သိုင်းတစ်ခုကိုး” သူသည် ချင်းလော်ဂိုဏ်းရှိရာသို့ လှမ်းကြည့်ပြီး သတ်ဖြတ်လိုစိတ်များ ပိုမိုအားကောင်းလာ၏။ သူ့နှလုံးသား၏ ဟိုးအနက်ထဲတွင် အကြင်နာမဲ့ရက်စက်မှုသည် မင်းမူနေပြီး သူ၏နတ်ဆိုးစိတ်ဆန္ဒကား ပို၍ပြင်းထန်လာလေသည်။

“ငါကျင့်ကြံတဲ့ မှော်ကျင့်စဉ်တွေထဲမှာ ကောင်းကင်ဘုံကိုးဆင့်ရတနာခန္ဓာတံဆိပ်တော်က ငါ့အပြင်အားကိုယ်ကို သန်မာစေတယ်ဆိုတော့ သွေးအင်မော်တယ်နတ်ဘုရားစွမ်းရည်တွေနဲ့အတူ သွေးမိစ္ဆာမဟာမှော်သိုင်းကို ဝှက်ဖဲအဖြစ် အသုံးချနိုင်ပြီ

“ဒါ့အပြင် ပုလဲနက်ပုလဲဖြူတွေကို နဝမတောင်နဲ့ ပေါင်းစည်းပြီး ငါ့ရဲ့ ကိုယ်ပိုင်နတ်ဘုရား၏စွမ်းရည်ကို ဖော်ဆောင်ပြီးပြီ

“အခု .... ငါ လုပ်ရမှာက ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုကို ကျင့်ကြံဖိုပဲ။ ပြီးရင် ကိုယ်အစစ်ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ပြီ

“အကုန်လုံး မဟာစက်ဝန်းအဆင့် ရောက်သွားရင် ငါ တတိယခွဲထွက်ခြင်းနဲ့ပတ်သက်ပြီး သေချာပေါက် ဉာဏ်အလင်း ရှာဖွေနိုင်လိ့မ်မယ်”

***

All Chapters