← Chapters

အပိုင်း(၃၇၁)

Vol. 25 Ch. 371

အပိုင်း(၃၇၁)

Vol. 25 Ch. 371

“ထာဝရ လွတ်လပ်ခြင်းလား”

ရှစ်ဖုန့်၏စကားတို့အား ကြားပြီးသည့်နောက်တွင်

ဇီယာသည်လည်း  တမ်းတမျှော်လင့်သော မျက်နှာထားကို ပြသလာသည်။ ထာဝရလွတ်လပ်ခြင်း။ ယင်းကသူအမြဲလိုချင်နေခဲ့သော

အရာမဟုတ်ပါလော။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိလာပြီး  သူမ၏တာဝန်အားသဘော

ပေါက်လာကတည်းက  သူမအနေဖြင့်သူမပတ်ဝန်း

ကျင်တွင်ရှိနေသောကလေးများအား အမြဲာအားကျခဲ့ရသည်။သူမ၌

ဤတာဝန်များရှိမနေခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်း။

“အမြဲတမ်းငါ့ကိုငါ ဘာလို့ရွေးချယ်ခံရတဲ့သူဖြစ်လာ

ရလဲဆိုတာကိုသိချင်နေခဲ့တာ”

ထို့နောက်ဇီယာက သူမ၏ခေါင်းလေးအား ပြင်းပြင်းထန်ထန်ခါယမ်းလိုက်သည်။

“မဟုတ်ဖူး အကိုရှစ်ဖုန့်..ဒီလိုမလုပ်ဖို့ညီမ

အကို့ကိုတောင်းပန်ပါတယ်.. မြွေလူသားမျိုးနွယ်စုတစ်ခုလုံးရဲ့  မျှော်လင့်ချက်ကို  ညီမကိုယ်တိုင်မဖျက်ဆီးပစ်ချင်ဘူး..ကျိလီ မြွေနတ်ဘုရားက ကမ္ဘာကြီးကိုပြန်လာပြီးတော့ ရှေးယခင်အချိန်က  ညီမတို့မျိုးနွယ်စုရဲ့ ဂုဏ်ကျတ်သရေကိုပြန်လည်

ရရှိအောင်ဦးဆောင်လိမ့်မယ်…

ဒီမျှော်လင့်ချက်က  ညီမတို့နဲ့ရှိနေခဲ့တာ နှစ်ထောင်ပေါင်းများစွာကြာနေခဲ့ပြီ… ညီမရဲ့လွတ်လပ်မှုတစ်ခုအတွက်နဲ့ ညီမတို့မျိုးနွယ်စုရဲ့  မျှော်လင့်ချက်ကို ညီမကိုယ်တိုင်မဖျက်ဆီးပစ်ချင်ဘူး..

အကယ်၍ အဲ့လိုသာလုပ်လိုက်ရင် ညီမကျန်တဲ့ဘဝသက်တမ်းတလျှောက်လုံး   အပြစ်ရှိသလိုခံစားရလိမ့်မယ်”

“ကောင်းပြီ”

ဇီယာ၏ရွေးချယ်မှုအားကြား

လိုက်ရပြီးနောက်  ရှစ်ဖုန့် တိတ်တဆိတ်ခေါင်းညိမ့်လိုက်သည်။

သို့သော်  ဤကဲ့သို့ဖြစ်နေခဲ့လျှင်တောင် အကယ်၍ သူ့အနေဖြင့် ဤခရမ်းရောင်မြွေကိုယ်ပွားအား မဖျက်ဆီးခဲ့လျှင်တောင် သူ့အနေဖြင့် ဇီယာအပေါ် ချိန်းခြောက်မှုအား  ဖယ်ရှားပစ်ရန်အတွက် နည်းလမ်းတစ်ခုကို စဉ်းစားနေဆဲဖြစ်သည်။

“ဒါကိုငါမဖျက်ဆီးနိုင်ဘူးဆိုမှတော့  ခရမ်းရောင်မြွေကို ဆီးလ်ခတ်ပြီး  အရင်အတိုင်းဆက်ပြီးအိပ်

အောင်လုပ်ရလိမ့်မယ်”

ရှစ်ဖုန့်ကငုံ့ကြည့်လိုက်ပြီး တိုးဖျော့စွာတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်မကြာခင်  သူ၏လက်များဖြင််ဆီးလ်များကို ပုံဖော်လိုက်သည်။ သို့သော် ဤအချိန်တွင် မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။ ရုတ်တရက် အလွန်ကြီးမားသော  ရွှေရောင်အလင်းတန်းကြီးက  အမှောင်ထုအတွင်းရှိကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။၎င်းက သိပ်သည်းသော အဖြူရောင်မီးတောက်တို့လောင်ကျွမ်း

နေသည့် ခရမ်းရောင်မြွေအားလွှမ်းခြုံသွားသည်။

နောက်ဆက်တွဲအနေဖြင့် မျက်စိတစ်မှိိတ်အတွင်း ဧရာမခရမ်းရောင်မြွေကြီးနှင့် ရွှေရောင်အလင်းတန်းတို့က

ရုတ်ခြည်းဆိုသလို အတူတကွပျောက်ကွယ်သွားသည်။

“အား..ဘာတွေဖြစ်နေတာလဲ”

ရွှေရောင်အလင်းတန်းအား

မြင်တွေ့လိုက်ရသောအခါတွင် ဇီယာက အလန့်တကြားဖြင့်အော်ပြောလိုက်သည်။

“ခရမ်းရောင်မြွေခန္ဓာက ပျောက်ကွယ်သွားတယ်”

သူမအနေဖြင့် သူမ၏ဝိညာဉ်အတွင်းခရမ်း

ရောင်မြွေခန္ဓာပျောက်ကွယ်သွားမှုအား ရှင်းလင်းစွာအာရုံခံနိုင်သည်ဖြစ်သည်။

“ဒီအလင်းတန်းရဲ့စွမ်းအားက”

ရုတ်တရက်  ရွှေရောင်အလင်းတန်းက ယခင်ကထက်ပိုမို၍ ကြီးမားလာခဲ့သည်။ သို့သော် ဤရွှေရောင်အလင်းတန်း၏ စွမ်းအားက  အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံ

မှလာခြင်းဖြစ်သည်ကို  ရှစ်ဖုန့်သိသည်ဖြစ်သည်။

“အဲ့တာများဖြစ်နိုင်မလား”

ရှစ်ဖုန့်တစ်စုံတစ်ခုအားခပ်ရေး

ရေးခန့်မှန်းမိလိုက်သည်။

“အကိုရှစ်ဖုန့် ဘာတွေဖြစ်နေတာလဲ”

ဇီယာကသူမ၏ခေါင်းလေးကိုလှည့်၍ ရှစ်ဖုန့်အားမေးလိုက်သည်။

သူမအနေဖြင့်ရှစ်ဖုန့်အား

အပြစ်မတင်သော်လည်း  သူမ၏မျက်နှာမှတစ်ဆင့်

အပြစ်ရှိစိတ်နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တို့အား   ရှစ်ဖုန့်မြင်တွေ့ရနိုင်သည်ဖြစ်သည်။

“မင်းမျိုးနွယ်စုရဲ့ ကိုယ်ပွားက   သေချာပေါက်အန္တရာယ်မရှိပါဘူး…

မင်းစိတ်ကိုမင်းထိန်းထား…ငါအရင်ဆုံးငါ့ကိုယ်ဆီကိုပြန်လိုက်မယ်…နောက်မှာ

မင်းကိုယ်ဆီကို မင်းပြန်ဖို့အတွက်ငါလမ်းညွှန်ပေးမယ်…

စိတ်မပူပါနဲ့ ဒီကိုယ်ပွားက မဖျက်ဆီးခံရသေးပါဘူး”

ရှစ်ဖုန့်က ဇီယာအားနှစ်သိမ့်လိုက်သည်။ ထို့နောက်သူ၏ ဝိညာဉ်က၎င်း၏မျက်လုံးများအား  ပိတ်လိုက်ပြီး သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုအားပုံဖော်လိုက်ကာ အော်ပြောလိုက်သည်။

“ပြန်ခြင်း”

ဇီယာ၏ဝိညာဉ်အသိနေရာလွတ်ထဲတွင်  သူ၏ပုံရိပ်က ဖြည်းဖြည်းချင်း

မြူခိုးများကဲ့သို့ မှိန်ဖျော့လွင့်ပျယ်လာပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်ကသူ၏  မျက်လုံးတို့အားထပ်မံ၍ဖွင့်လိုက်သောအခါတွင် သူ၏ ဝိညာဉ်မှာ ယဇ်ပူဇော်ခန်း

မအတွင်းရှိသူ၏ ကာယခန္ဓာကိုယ်ဆီသို့ပြန်လည်၍ ရောက်ရှိနေပြီဖြစ်သည်။

သူ၏မျက်လုံးတို့အား ဖွင့်ပြီးမကြာမီတွင် ခရမ်းရောင်မြွေမြှီအားသူမ၏

ပတ်လည်တွင်ရစ်ခွေကာ ထိုင်နေသော သူ၏ရှေ့ရှိဇီယာအားတွေ့လိုက်ရသည်။ သူမ၏မျက်နှာ၌ ယခင်ကအလှအပတို့ပြန်လည်၍ ရရှိနေပြီဖြစ်ပြီး  ခရမ်းရောင်

အကြေးခွံတို့က လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“အရှင်ရှစ်ဖုန့် အဆင်ပြေပါရဲ့လား”

ရှစ်ဖုန့်သူ၏မျက်လုံးတို့အား

ဖွင့်လာသည်ကိုတွေ့ရသောအခါတွင် နတ်ဆရာမအိုကြီးက  စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။ အခြားတစ်ဖက်တွင်  ရှစ်ဖုန့်က တကယ်ကြီး မြွေလူသားနယ်မြေအား လူမဆန်စွာတစ်ခုခုပြုလုပ်လိမ့်မည်အား  သူတကယ်စိုးရိမ်နေခဲ့မိသည်။  အရူးနတ်ဆိုးရှစ်ဖုန့်တွင် သူမလုပ်ဝံ့သောအရာဟူ၍ဘာများ

ရှိပါသေးသနည်း။

အခြားတစ်ဖက်တွင် သူမအနေဖြင့် ဇီယာအားတကယ်ကြီးစိုးရိမ်နေခဲ့သည်။

ထိုထက်ပိုသည်ကား သူမက ဤကလေးကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သည်ဖြစ်သည်။

သို့သော်ဤအခိုက်အတန့်တွင် ဇီယာ၏မျက်နှာကပြန်လည်

ကောင်းမွန်လာပြီး အသက်ရှူနေသေးသည်ကို တွေ့ရသောအခါတွင် နတ်ဆရာမကြီးမှာ စိတ်သက်သာရာရစွာဖြင့်  သက်ပြင်းတစ်ချက်ချမိသည်။ ဤကလေးအဆင်ပြေလောက်

သည်ဖြစ်သည်။

ရှစ်ဖုန့်က နတ်ဆရာမကြီး၏ မေးခွန်းအားပြန်လည်၍ မဖြေခဲ့ပေ။ ထိုအစားသူကသူ၏ကိုယ်ကိုစစ်

ဆေးလိုက်သည်။

“ကောင်လေး မင်းထပ်လုပ်ပြန်ပြီ..မင်းဒါကို

ထပ်ပြီးတော့လုပ်ပြန်ပြီ…”

ဤအချိန်တွင်  ရှစ်ဖုန့်၏ကိုယ်အတွင်းမှကောင်း

ကင်မီးတောက်၏အသံထွက်ပေါ်လာသည်။

သူ၏လေသံကိုအကဲဖြတ်ရသလောက် အကယ်၍များ  ရှစ်ဖုန့်နှင့်သေသည်အထိတိုက်ခိုက်

ရမည်ကိုရွေးချယ်ရမည်ဆိုလျှင် သေချာပေါက်  ရှစ်ဖုန့်အားသေသည်အထိတိုက်

ခိုက်လိမ့်မည်ဖြစ်သည်။

ကောင်းကင်မီးတောက်၏ဒေါသတကြီးပြောဆိုသံအားကြားရပြီးနောက် သူမှန်သည့်ပုံပေါ်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က

ထပ်မံ၍ပေါ်လာခြင်းဖြစ်သည်။ထို့နောက်  သူ၏ညာလက်သန်းမှ ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုအား ရှစ်ဖုန့်ခံစားမိသည်။ရှစ်ဖုန့်က သူ၏ ဝိညာဉ်အသိအမြင်ဖြင့်၎င်းအတွင်း နစ်မြောဝင်ရောက်လိုက်ပြီး  တူးဆန်းသောနေရာလွတ်လေးတစ်ခုက သူ၏လက်သန်းပေါ်တွင် ပွင့်နေသည်ကို တွေ့လိုက်ရသည်။

ရှစ်ဖုန့်၏စိတ်က ထိုနေရာလွတ်လေးအတွင်း

ဝင်ရောက်သွားသောအခါတွင် ကြမ်းကြုတ်သော ဟိန်းဟောက်သံတစ်ခုက ဤအမှောင်နေရာလွတ်အတွင်း၌ ပဲ့တင်ထွက်ပေါ်နေ၏။ ဧရာမခရမ်းရောင်မြွေတစ်ကောင်က ဤနေရာလွတ်လေးအတွင်း

ရစ်ခွေနေပြီး ၎င်း၏ ကြမ်းကြုတ်ခက်ထန်သောမျက်နှ ဟိန်းဟောက်မြည်တမ်းနေသည်။

ဤအချိန်၌ ဧရာမခရမ်းရောင်မြွေတွင်  သူနှင့်ထူးဆန်းသော ဆက်နွယ်မှုတစ်ခု မြဲမြံစွာဖြစ်ပေါ်နေသည်ကို

ရှစ်ဖုန့်ခံစားမိသည်။ ယင်းမှာ သူက ခရမ်းရောင်မြွေနှင့် သခင်နှင့်အစေခံစာချုပ်ချုပ်ဆို

လိုက်သကဲ့သို့ဖြစ်သည်။ သူကသခင်ဖြစ်ပြီးမြွေကအစေခံဖြစ်သည်။

“ဒီအရာက ဘာတွေကို လိုချင်နေတာလဲကွာ..ဘာလို့ငါ့အပေါ် အရမ်းသဘောတွေကောင်းပြနေရတာလဲ”

အခြေအနေအား ရှာဖွေတွေ့ရှိပြီးနောက်

ရှစ်ဖုန့် တီးတိုးရေရွတ်လိုက်သည်။ သူပြောသော “ဒီအရာ”  ဟူသည်ကား  အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား ရည်ညွှန်းခြင်းပင်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က သူ၏အသိအားရုတ်သိမ်းလိုက်ပြီး ဇီယာအားထပ်မံ၍ ကြည့်လိုက်သည်။ သူ၏ညာလက်အားဓား

လက်ချောင်းပုံစံလုပ်လိုက်ပြီး  ဇီယာ၏နဖူးထံသို့ထိုးလိုက်သည်။

သူအေးစက်စွာအော်ပြောလိုက်သည်။

“ပြန်လာခဲ့ ဇီယာ”

“ပြန်လာခဲ့”

ရုတ်တရက်တောက်ပသော အဖြူရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ဓားလက်ချောင်းနှင့်

ဇီယာ၏နဖူးထက်တွင်  လင်းလက်လာသည်။

ရှစ်ဖုန့်က  သူ၏ဓားလက်ချောင်းအား

ဖယ်လိုက်သောအခါတွင် တောက်ပသောအဖြူရောင်အလင်းကလည်း   ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

ဤအချိန်တွင်   ဇီယာကသူမ၏မျက်လုံးတို့အား

ဖြည်းဖြည်းချင်း  ဖွင့်လိုက်သည်။

“မင်းသမီးဇီယာ နိုးလာပြီ”

“မင်းသမီးဇီယာနိုးလာပြီဟ”

“စတုတ္ထညီမလေး”

ပတ်ဝန်းကျင်တွင်ရှိနေကြသော

မြွေလူသားများကဇီယာနိုးလာ

သည်ကိုမြင်ရသောအခါတွင် သူတို့အားလုံး ဝမ်းသာပျော်ရွှင်စွာဖြင့်ပြောလိုက်ကြသည်။ ဤဖြူစင်ပြီးကြင်နာတတ်သော ကောင်မလေးအား ဤအကြီးအကဲများက ပင်ကိုအရကို သဘောကျနှစ်သက်ကြသည်ဖြစ်သည်။

“နတ်ဆရာမ..အမကြီး..ဦးလေး ခရာဘာ …ဒေါ်ဒေါ်လီဆာ….”

ဇီယာက မျက်လုံးတို့ဖွင့်လာခဲ့ပြီး သူမဝန်းကျင်ရှိလူများအားကြည့်ရှုလိုက်သည်။ နောက်ဆုံး၌သူမ၏ခေါင်းအား

အနည်းငယ်မော့လိုက်ပြီး  သူမ၏အကြည့်တို့အား  ငယ်ရွယ်ပြီးချောမောသော မျက်နှာနှင့်လူငယ်လေးထံသို့

ကျရောက်စေလိုက်သည်။ ညအခါသမယမို့မှောင်မိုက်နေသော်လည်း ယင်းကသူမ၏အမြင်အား သက်ရောက်စေခြင်းမရှိပေ။ သူ့အားလအနည်းငယ်ခန့်မတွေ့

ရပြီးနောက်တွင် သူ၏မျက်နှာကပိုမို၍ ချောမောလာသည်ကိုဇီယာသ

ဘောပေါက်လိုက်သည်။ ဇီယာကသူမ၏နှုတ်ခမ်းအားဖြင်း

ညှင်းစွာဖွင့်ဟ၍ ညင်သာစွာခေါ်လိုက်သည်။

“အကို ရှစ်ဖုန့်”

“မင်းအဆင်ပြေတာကောင်းလိုက်တာ ..ကလေးမလေးမင်းအဆင်

ပြေတာကောင်းလိုက်တာ”

ဇီယာအဆင်ပြေသည်ကို

တွေ့ရသောအခါတွင် နတ်ဆရာမကြီး၏ မျက်နှာထက်၌ ဝမ်းသာမှုများဖြင့်ပြည့်နှက်နေသည်။

ထို့နောက် သူမက ကျောက်စိမ်းပုလင်းတစ်ခုအား  ရှစ်ဖုန့်ထံသို့လွှဲပေးပြီးပြောလိုက်သည်။

“အရှင်ရှစ်ဖုန့် အစောပိုင်းကဇီယာရဲ့ အရှိန်အဝါက ဘိုးဘေးနယ်ပယ်အထိကိုမြင့်တက်လာခဲ့ပါတယ်..ဇီယာရဲ့လက်ကနေကျွန်မ သွေးဆယ်စက်ကို ယူထားခဲ့ပါတယ်…ဒါက အရှင့်အတွက်အသုံး

ဝင်မှုအချို့ရှိလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်”

အစောပိုင်းက ဇီယာ၏ အရှိန်အဝါက ဘိုးဘေးနယ်ပယ်အထိမြင့်လာခဲ့

သောအခါတွင် သူမ၌တစ်ခုခုဖြစ်

ပျက်မည်ကို နတ်ဆရာမအိုကြီး  တကယ်ပဲစိုးရိမ်မိခဲ့သည်။အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင် ဤလူမဆန်တတ်သောရှစ်ဖုန့်က  သူ၏ဒေါသတို့အား နတ်ဆရာမကြီးပေါ်တွင်ပေါက်ကွဲပြီး မြွေလူသားမျိုးနွယ်အားလူမ

ဆန်စွာတစ်ခုခုပြုလုပ်လိမ့်မည်ဖြစ်သည်။

ထို့နောက်  နတ်ဆရာမအိုကြီးက ရွှေအပ်ကိုအသုံးပြု၍ဇီယာ၏ ညာလက်ညှိုး အား ထိုးဖောက်ခဲ့ပြီး သွေးဆယ်စက်ကိုယူထားခဲ့သည်။

အကယ်၍တစ်ခုခုသာတ

ကယ်ဖြစ်ပွားခဲ့လျှင်  ဤသွေးစက်တို့က နတ်ဆိုး၏ဒေါသအားတည်ငြိမ်

အောင်စွမ်းဆောင်နိုင်ရန်သူမမျှော်လင့်ခဲ့သည်။

ထိုအချိန်က နတ်ဆရာမကြီးမှာ ကြီးမားသောဆုံးဖြတ်ချက်တစ်ခုအား  ပြုလုပ်ခဲ့သည်ဖြစ်သည်။အကယ်၍ ဇီယာ၌တစ်ခုခုဖြစ်ပျက်ခဲ့လျှင်  ဤအရူးနတ်ဆိုးကသွေးနှင့်

ဇီယာအတွက်သူမကိုသာသတ်ဖြတ်ပြီး  အခြားသောမြွေလူသားများ

အားလွှတ်ပေးရန် သူမမျှော်လင့်ခဲ့သည်။

ဆက်ရန်…………………

ဘာသာပြန်သူ-ARISE

All Chapters