← Chapters

ကြီးစိုးခြယ်လှယ်ခြင်း

Vol. 51 Ch. 716

ကြီးစိုးခြယ်လှယ်ခြင်း

Vol. 51 Ch. 716

“ထွက်သွားချင်တယ်ပေါ့” မန်ဟိုက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် မေးသည်။ သူ၏အကြည့် ချင်းလော်ဂိုဏ်းသားများအပေါ် ကျရောက်သွားစဉ် ထိုသတ်ဖြတ်လိုစိတ်မှာ ဖိနှိပ်၍မရတော့သလို၊ ဖိနှိပ်လိုစိတ်လည်း မရှိပေ။

သူ ပေါက်ကွဲပစ်ချင်သည်။ သူ  .... သတ်ပစ်ချင်သည်။

အခြားသူများဆိုလျှင် ထွက်သွားနိုင်သော်လည်း ချင်းလော်ဂိုဏ်းများအနေဖြင့် သူတို့ကို မမြင်ရလျှင် ကိစ္စမရှိ။ သို့သော် ယခု မြင်လိုက်ရပြီဖြစ်ရာ ... သူတို့ သေကို သေရပေမည်။

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် မန်ဟိုသည် အံ့ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာ၏။ သူက တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဆီ ပြေးဝင်သွားရာ ထိုလူမှာ ချက်ချင်း မျက်နှာပျက်သွားတော့သည်။ မှန်ပါသည် ၊ သူသည် အချိန်အတော်ကြာကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၍ ချက်ချင်း နောက်ဆုတ်လိုက်လေသည်။

“မန်ဟို မင်း ငါတို့ ‌တာအိုရေကန်ကို ယူလိုက်။ ငါတို့ ဒီနေရာက ထွက်သွားပေးမယ်”

“မရဘူး” မန်ဟို၏ သွေးအေးသော အဖြေဖြစ်သည်။ သူက အလွန်လျင်မြန်စွာဖြင့် ခေါင်းဆောင်ကြီး၏အရှေ့တည့်တည့်တွင် ပေါ်လာလေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ထစ်ချုန်းသံအကျယ်ကြီး မြည်ဟည်းသွားသဖြင့် ပတ်ဝန်းကျင်ရှိလူတိုင်းမှာ ရင်တဒိန်းဒိန်းလျက် လှမ်းကြည့်လိုက်ကြသည်။

အထူးသဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများမှာ မျက်လုံးများ တောက်ပသွားကြသည်။ သူတို့သည် နဂါးနှင့်ကျား၏တိုက်ပွဲလို ပြင်းထန်ရက်စက်သော တိုက်ပွဲ ဖြစ်ပွားတော့မည်ဟု ထင်လိုက်လေသည်။ သို့သော် ထိုအတွေး သူတို့၏ခေါင်းထဲ ပေါ်လာသည့်အခိုက်အတန့်မှာပင် ....

မန်ဟိုက လက်မြှောက်၍ ‌ချင်းလော်ဂိုဏ်း တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဆီသို့ ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်သည်။ ချက်ချင်းပင် ဧရာမသွေးရောင်ဝဲကြီးက ထိုလူ၏ပတ်ပတ်လည်တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ကို အညှာအတာမရှိ ဖြစ်ညစ်ပစ်လိုက်သော သွေးရောင်လက်ကြီးတစ်ဖက် မှော်ဆန်ဆန် ပေါ်လာသည်။

ဝုန်းးးးးးးးးးးးး

“မဖြစ်ဘူး” ချင်းလော်ဂိုဏ်းခေါင်းဆောင်ကြီးက စူးစူးဝါးဝါး အော်လိုက်သည်။ သူသည် လွတ်မြောက်အောင် အစွမ်းကုန်ကြိုးစားသော်လည်း မလွတ်နိုင်ဖြစ်နေ၏။ သူ၏ချီသွေးတို့အား မန်ဟိုက စုပ်ယူနေသဖြင့် သူ၏အပြင်အားကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာတော့သည်။

ထိုမြင်ကွင်းက စောင့်ကြည့်နေသူများကို ပင့်သက်ရှိုက်မိသွားစေသည်။ တအံ့တဩအော်သံများအား အဘက်ဘက်မှ ကြားလိုက်ရသည်။

“သွေးမိစ္ဆာမဟာမှော်သိုင်း”

“အဲဒါ သွေးမိစ္ဆာဂိုဏ်းရဲ့ အစစ်အမှန်မှော်သိုင်း သွေးမိစ္ဆာမဟာမှော်သိုင်းပဲ”

ယီးကျန့်ဂိုဏ်းမှ ဆရာကျန့်က မလေးနက်စဖူး လေးနက်နေသည့် အမူအရာအဖြင့် ဖြစ်ပျက်နေသောအရာကို ကြည့်နေသည်။ သူ၏မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပနေပြီး သူ၏အသက်ရှူသံများမှာ မြန်ဆန်နေလေသည်။

လီမျိုးနွယ်စုခေါင်းဆောင်ကြီးဆယ့်ကိုး၏ မျက်ဆံများ ကျုံ့သွားပြီး ရင်ဒိန်းခနဲ ခုန်သွားလေသည်။

စုန့်မျိုးနွယ်စုတွင် သာမန်အဘိုးကြီးဖြစ်ဟန်တူသော ကျင့်ကြံသူတစ်ယောက်ရှိသည်။ သူက ရုတ်တရက် ‌ခေါင်းမော့လိုက်ပြီး မျက်လုံးများ ထူးဆန်းစွာ တောက်ပသွား၏။

ဇီယွင်ဂိုဏ်းတွင် ဆရာကြီးနွမ်းလျတာအို၏မျက်နှာမှာ ထူးဆန်းသောအမူအရာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။ သူက မန်ဟို့ကို ကြည့်ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ ကြာလိုက်သော်လည်း တကယ်တမ်း အသက်ရှိုက်စာ အနည်းငယ်လေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ချင်းလော်ဂိုဏ်းခေါင်းဆောင်ကြီး၏ စိတ်မချမ်းမြေ့ဖွယ်အော်သံများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။

သို့သော် သူသည် စိတ်ဓာတ်ပြတ်သားသော လူဖြစ်၏။ သူ၏ခန္ဓာကိုယ် လျင်မြန်စွာ ခြောက်ကပ်လာနေသည်ကို မြင်ပြီး မလွတ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။ စိတ်ဓာတ်ပြတ်သားရမည့် အချိန်ရောက်သောအခါ သူသည် အံတင်းတင်းကြိတ်၍ ခန္ဓာဖောက်ခွဲရန် ရွေးချယ်လိုက်၏။

သူ၏အပြင်အားကိုယ်က ပေါက်ကွဲသွားသဖြင့် ချီသွေးစွမ်းအားကို ဖြာထွက်သွားစေသည်။ မန်ဟို၏ သွေးမိစ္ဆာမဟာမှော်သိုင်းမှာ တုန်ရီသွား၏။ တစ်ချိန်တည်းမှာပင် ချင်းလော်ဂိုဏ်းခေါင်းဆောင်ကြီး၏ အနုသုခုမနတ်ခန္ဓာက သွေးဝဲကြီးအတွင်းမှ အမြန်ဆုံးထွက်လာသည်။

“ခွေးမသားမန်ဟို” အနုသုခုမနတ်ခန္ဓာက ဆဲဆိုလိုက်သည်။ “အခွင့်အရေးရှိတုန်း အပျက်မ ရှုချင်ကို ပိုနှိပ်စက်ခဲ့သင့်တာ” သူသည် ယခုလေးတင် ပေါ်လာခဲ့သော အကွဲကြောင်းဆီသို့ သွားနေပြီး အထဲဝင်တော့မည့်အချိန် ....

မန်ဟိုကား အဘိုးကြီး၏စကားလုံးများကို ကြားလိုက်ရသောအခါ မိုးမီးလောင်သွားတော့သည်။ သူက ညာလက်ကို မြှောက်၍ သူ့အရှေ့သို့ တွန်းထုတ်လိုက်သည်။

ပုလဲဖြူပုလဲနက်နှင့် နဝမတောင်သည် လေလယ်တွင် ပေါ်လာ၏။ ၎င်းတို့သည် မန်ဟို၏လက်ကြီးများအလား ထွက်ပြေးနေသော အနုသုခုမနတ်ခန္ဓာကို ရိုက်ချလိုက်၏။

ဒုန်းးးးးးးးးး

ငလျင်လှုပ်ပြီး လေများတုန်ခါသွားသည်။ နဝမတောင် ကျရောက်သွားသည်နှင့် မချိတင်ကဲ အော်သံနက်ကြီးက ပျံ့လွင့်လာ၏။ တောင်ပျောက်ကွယ်သွားသောအခါ ချင်းလော်ဂိုဏ်း ခေါင်းဆောင်ကြီး၏ အနုသုခုမနတ်ခန္ဓာမှာ တစစီ ဖြစ်နေတော့သည်။ သူကား လုံးဝ သေဆုံးသွားခဲ့ပြီဖြစ်၏။

ဖြစ်စဉ်တစ်ခုလုံးမှာ အသက်ဆယ်ရှိုက်သာ ကြာလိုက်၏။ မန်ဟိုအတွက် တတိယခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူကို သတ်ရခြင်းမှာ လက်လေးလှန်လိုက်ရသည့်အတိုင်းသာ။ မြင်ကွင်းက ကြည့်‌ရှုနေသူအားလုံးကို သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားစေ၏။

သွေးမိစ္ဆာဂိုဏ်းသားအားလုံးမှာ အတော်လေး စိတ်လှုပ်ရှားသွားကြပြီး မန်ဟိုကို အရူးအမူးလေးစားခြင်းတို့ဖြင့် ကြည့်လိုက်ကြသည်။

“နောက်ဆုတ်ကြ” ဆရာကျန့်က ပြောသည်။ သူ၏စကားလုံးများသည် ယီးကျန့်ဂိုဏ်းသားများ၏ရင်ထဲတွင် ပဲ့တင်ထပ်သွားပြီး သူတို့မှာ သူတို့၏တာအိုရေကန်များဆီသို့ ပြန်လိုက်ကြ၏။

ကျင်းဟန်ဂိုဏ်းလည်း တုံဆိုင်းခြင်းမရှိ နောက်ဆုတ်သွားပြီး လီမျိုးနွယ်စုလည်း ထိုနည်းတူပင်။ အကုန်လုံးသည် မန်ဟိုကို သတိရှိရှိကြည့်ရင်း တာအိုရေကန်အသီးသီးသို့ ပြန်သွားကြ၏။

“ချင်းလော်ဂိုဏ်းကျင့်ကြံသူတွေကို တစ်ယောက်မှ အရှင်မထားနဲ့” မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ ချက်ချင်းပင် ကျန်ရှိသော သွေးမိစ္ဆာဂိုဏ်းသားများသည် တာအိုရေကန်အနားရှိ ချင်းလော်ဂိုဏ်းသားများဆီသို့ ပျံသန်းသွားကြ၏။

ဤသည်မှာ မန်ဟို အကြောင်းမဲ့သက်သက် သတ်ခြင်းမဟုတ်ပေ။ ဤချင်းလော်ဂိုဏ်သားများမှာ ရှုချင်ကို အရည်ဖျော်ပစ်သော မန္တန်ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်မဟုတ်ပါလော။ သနားစဖွယ် အော်ဟစ်သံများကား အသက်ဆယ်ရှိုက်ကြာသည်အထိ လေတွင် ပြည့်နှက်သွားသည်။ လူတိုင်းမှာ ဖြစ်ပျက်နေသောအရာကို မြင်တွေ့နေရသော်လည်း ဘယ်သူမှ ဝင်မစွက်ဖက်ရဲကြပေ။

မီတာ (၃၀၀၀) တာအိုရေကန်များ၏ ပတ်ဝန်းကျင်တွင် မီတာ (၃၀၀) တာအိုရေကန်များစွာလည်းရှိသည်။ မန်ဟိုက ချက်ချင်း ၎င်းတို့အနက်မှ တစ်ကန်‌ဆီသို့ ပျံသန်းသွားပြီး လက်ကို ဝှေ့ယမ်းကာ သွေးရောင်အလံတစ်လံအား ကန်ဘေးရှိ မြေကြီးထဲသို့ စိုက်ချလိုက်သည်။

“ဒီကန်က ငါ့အပိုင်” သူက ကြေညာလိုက်သည်။

သွေးရောင်အလံသည် သွေးမိစ္ဆာဂိုဏ်း၏ အောင်လံဖြစ်ပြီး ၎င်း၏မျက်နှာပြင်အပေါ်တွင် ‘မန်ဟို 孟 ‘ ဆိုသော စာလုံးအား ရေးထိုးထားလေသည်။ ဤသည်မှာ မန်ဟို၏ သွေးမင်းသားအောင်လံဖြစ်ပြီး မနှစ်က သွေးမိစ္ဆာဂိုဏ်းသားများကိုယ်တိုင် အထူးပြုလုပ်ပေးထားခြင်းဖြစ်၏။

ဤသို့အောင်လံမျိုးသည် သူ၏ သွေးမင်းသားအနေဖြင့် လုပ်ပိုင်ခွင့်အာဏာအမှတ်သညာ ဖြစ်လေသည်။

သူ ‌အလံကို စိုက်လိုက်စဉ် သူ၏ ပဲ့တင်ထပ်လာသော အသံကြီးက ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာအမူအရာများကို ရိပ်ခနဲ ဖြစ်သွားစေသည်။ အထူးသဖြင့် ထိုကန်ဘေး၌ စောင့်ကြပ်နေသော ကျင်ကြံသူများကိုပင်။

မန်ဟိုက အနားရှိ နောက်တစ်ကန်သို့ ချဉ်းကပ်သွားပြီးနောက် ‌နောက်အလံတစ်လံအား စိုက်ထူလိုက်သည်။

“ဒီကန်က ငါ့အပိုင်

“ဒီကန်လည်း ငါ့အပိုင်

“ပြီးတော့ ဒီတစ်ကန်ရော

“ဒီကန်ရောပဲ” မန်ဟိုသည် ဟိုဟိုသည်သည် လှစ်ခနဲ သွားနေ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် မျက်စိတစ်မှိတ်အတွင်း မီတာ (၃၀၀) တာအိုရေကန်တစ်ဝက်ကျော်မှာ မန်ဟို၏သွေးမင်းသားအလံဖြင့် အမှတ်အသားပြုခံရပြီးလေပြီ။

ပတ်ဝန်းကျင်တွင် သွေးအလံများ ပြည့်သွားရန် တခဏသာ ကြာလိုက်သည်။ မန်ဟိုကား အဆုံးစွန်အထိ ကြီးစိုးခြယ်လှယ်နေသော ‌‌လှိုင်းလုံးကြီးအလားပင်။

တာအိုရေကန်များသည် မည်သူ့အပိုင်ဖြစ်စေ ၊ ထိုနေရာတွင် စောင့်ကြပ်နေသူများက ဇီယွင်ဂိုဏ်းမှ မဟုတ်သရွေ့ မန်ဟိုက သိမ်းပိုက်လိုက်မည်သာ ဖြစ်၏။

ကျန်ဂိုဏ်းသားများနှင့် မျိုးနွယ်စုများမှာ မန်ဟို၏ ချင်းလော်ဂိုဏ်းသားများအား သတ်ဖြတ်လိုက်ပုံကြောင့် ကြောက်လန့်နေကြ၍ သူ့ကို မတားရဲကြပေ။ သူ လေကိုခွင်းလျက် သွားနေစဉ် သွေးမိစ္ဆာဂိုဏ်းသားများသည်လည်း စိတ်လှုပ်ရှားလျက် သူ့ နောက်မှလိုက်ကာ တာအိုရေကန်များကို သိမ်းပိုက်နေကြ၏။

ထိုကန်များကို သိမ်းပိုက်ထားသော ကျင့်ကြံသူများမှာမူ တုံ့ဆိုင်းခြင်းမရှိ ဖယ်ပေးကြရလေသည်။

မန်ဟို တာအိုရေကန် တစ်ကန်ပြီးတစ်ကန် သိမ်းပိုက်နေဆဲခုလတ်တွင် အသေးစားပေါက်ကွဲမှုတစ်ခု ရုတ်တရက် ထဖြစ်သည်။ မန်ဟို ရောက်ရှိ‌နေသော အလယ်ပိုင်းရှိ တာအိုကန်များမှ ပစ္စည်းများများစားစား ထွက်မလာပေ။ သို့သော် သူ့အရှေ့ရှိ မီတာ (၃၀၀) တာအိုရေကန်တစ်ကန်က တစ်စုံတစ်ခုကို ပန်းထုတ်ပေးလိုက်၏။

၎င်းကား တာအိုအရိပ်မဟုတ်သလို၊ မှော်ပစ္စည်းလည်းမဟုတ် ... ခရမ်းရောင် လူပုံစံသားရဲကြီးတစ်ကောင်ပင်။ ၎င်း၏ပုံပန်းသွင်ပြင်မှာ လင်းနို့တောင်ပံတစ်စုံ၊ နဖူးမှ ထိုးထွက်နေသော ချိုတစ်ချိုနှင့် အင်မတန် ကြောက်စရာကောင်းလေသည်။ ၎င်းသည် တာအိုရေကန်မှ ထွက်လာသည်နှင့် ခရမ်းရောင်အလင်းတန်းတစ်တန်း အသွင်ပြောင်းသွား၏။

၎င်းက ဟိန်းဟောက်ရင်း ကန်ကို ကာကွယ်ထားသော ဒိုင်းကို ဖျက်စီးဖို့ ပြေးဝင်လာသည်။

ချက်ချင်းပင် စိတ်လှုပ်တရှားအော်သံ ဆူညံသွားသည်။

“သားရဲ ခရမ်းရောင်သားရဲကြီး”

“အဲ့ဒါ ခရမ်းသားရဲကြီးတစ်ကောင်ပဲ။ သူ့ခန္ဓာကိုယ်က ရတနာလို တန်ဖိုးကြီးတယ်။ သူ့ဆီနေ မရေမတွက်နိုင်တဲ့ ပစ္စည်းတွေ သန့်စင်လို့ရတယ်။ အဲ့ဒီလိုခရမ်းသားရဲကြီးတွေက မျိုးသုဉ်းသလောက် ဖြစ်နေပြီ”

တချို့မှာ အံ့ဩလွန်း၍ စကားပင်မပြောနိုင်တော့ပေ။

သားရဲကြီးပေါ်လာသည့်အခိုက်အတန့်တွင် ရေကန်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများက ရှေ့တက်သွားကြ၏။ သူတို့အနားပင် မကပ်နိုင်ခင် ဘုန်းခနဲ ပေါက်ကွဲမှုကြီး ပဲ့တင်ထပ်သွားသည်။ သားရဲကြီးက ဟိန်းဟောက်လိုက်ရာ အသံလှိုင်းများက ကျင့်ကြံသူများဆီသို့ ရိုက်ခတ်လာလေသည်။

ကျင့်ကြံသူများက နောက်ဆုတ်လိုက်သော်လည်း မန်ဟိုက ရှေ့တက်သွားသည်။ သူသည် လက်ကို ရိုက်ချလိုက်ရာ ခရမ်းသားရဲကြီးဆီ ပြေးဝင်သွားသော လက်ဝါးကြီးတစ်ဖက်၏ ပုံရိပ်ကို ပေါ်လာစေ၏။

ခရမ်းသားရဲကြီးက ရန်လိုစွာ အော်ပြီး တိုက်ခိုက်တော့မည့်အချိန် လက်ဝါးကြီးက ၎င်းကို ဝင်တိုက်လိုက်လေသည်။ ၎င်း၏ခခန္ဓာကိုယ်န္ဓာကိုယ်မှာ ကျိုးကြေသွားပြီးနောက် ကန်မျက်နှာပြင်နှင့် မိတ်ဆက်ကာ အရိုးတခြားအသားတခြား ဖြစ်သွားသည်။ မန်ဟိုက ၎င်းတို့ကို ကောက်ယူလိုက်သည်။

“ဒီကန်လည်း ငါ့အပိုင်ပဲ” သူက အလံကို ပစ်စိုက်ရင်း တည်ငြိမ်စွာ ဆိုသည်။

မျက်စိတစ်မှိတ်အတွင်း မန်ဟိုသည် မီတာ (၃၀၀) တာအိုရေကန်များ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီးလေပြီ။ သူ မီတာ(၃၀၀၀) တာအိုရေကန်များဆီသို့ ပြန်လာသောအခါ လူတိုင်းမှာ ဇဝေဇဝါဖြစ်နေသောအမူအရာများဖြင့် စောင့်ကြည့်နေကြ၏။

‌မန်ဟိုသည် သွေးမိစ္ဆာဂိုဏ်းသားများနှင့်အတူ ချင်းလော်ဂိုဏ်း၏ တာအိုရေကန်ကို သိမ်းပိုက်လိုက်သည်။ ထို့‌နောက် သွေးမိစ္ဆာဂိုဏ်းသားများက ဇီယွင်ဂိုဏ်းမှ တာအိုရေကန်တစ်ကန် ပေးခဲ့သော ကိစ္စအပါအဝင် ဖြစ်ကြောင်းစုံလင် ရှင်းပြလိုက်၏။

ရှင်းပြချက်ကို နားထောင်ပြီးနောက် မန်ဟိုက ‌ဇီယွင်ဂိုဏ်းရှိရာသို့ လှမ်းကြည့်လိုက်သည်။ လူတော်တော်များများက သူ့ကို ကြည့်နေကြ၍ သူနှင့်အကြည့်ချင်း ဆုံသွားလေသည်။

မန်ဟိုသည် ချူယွီယန်နှင့် ဟန်ရွှယ့်ရှန်းကို မြင်လိုက်၏။ အန်းဇဲ့ဟိုင် ၊ လင်ဟိုက်လုံနှင့် ရီဖေးမုအပြင် အဘိုးကြီးတစ်ဦးကိုလည်း မြင်လိုက်ရသည်။

“ပိုင်ယွင်လိုင် .... “ သူသည် ဇီယွင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့တုန်းက သူနှင့်အတူ ဆေးဝါးအတတ်သင်ဖြစ်ခဲ့သော ထိုအဘိုးကြီးကို မှတ်မိလိုက်၏။

ထိုနေ့ရက်များတုန်းက ပိုင်ယွင်လိုင်သည် အရှေ့ဆေးဝါးအဖွဲ့အကြောင်း အပ်ကျသည်မှအစ အကုန်သိသော လူငယ်လေးဖြစ်ခဲ့ဖူးလေသည်။ ယခုတော့ သူကား အိုမင်းနေပြီဖြစ်၏။

မန်ဟိုက ချူယွီယန်၏အကြည့်ကို ရှောင်လိုက်သည်။ သူ၏နှလုံးသားထဲတွင် ရှုချင်တစ်ယောက်တည်းသာ ရှိလေသည်။

ချူယွီယန်မှာ သူ၏သဘောထားကို ခံစားလိုက်ရသည့်အလား သိမ့်ခနဲ တုန်ရီသွားပြီး ခေါင်းလေးငုံ့သွားတော့သည်။

မန်ဟိုက သက်ပြင်းခိုးချရင်း ဖက်တီးနှင့် ချန်ဖန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် တခဏ မျက်လုံးမှိတ်လိုက်၏။ ၎င်းတို့ ပြန်ပွင့်လာသောအခါ သူ၏သူငယ်အိမ်များသည် ရေခဲတမျှ အေးစက်နေလေပြီ။

သူက လီမျိုးနွယ်စုဆီသို့ အကြည့်ပို့ပြီးနောက် သူတို့ဆီ စလျှောက်သွားတော့သည်။ သွေးမိစ္ဆာဂိုဏ်းသားများက စိတ်လှုပ်ရှားစွာဖြင့် နောက်မှ လိုက်လာကြသည်။

လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုး၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ လီမျိုးနွယ်စု၏ ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးလေးဦးက ‌မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်တော့မည့်အလား သူနှင့်အတူ လာရပ်ကြသည်။ ကျန်လီမျိုးနွယ်များမှာတော့ မှော်ပစ္စည်းများအား ကြောက်လန့်တကြား ထုတ်လိုက်ကြ၏။

“မန်ဟို မင်း ဘာလုပ်နေတာလဲ” လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးက ဟိန်းဟောက်လိုက်သည်။

“ထွက်သွားစမ်း” မန်ဟိုက ပြန်ဖြေသည်။ ၎င်းသည် အမိန့်ပေးသံလေးတစ်သံသာ ဖြစ်သော်လည်း မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွား၏။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် လီမျိုးနွယ်ဝင်အကုန်လုံး သွေးအန်လိုက်ကြရသည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြးဆယ့်ကိုးနှင့် ကျန်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများမှာမူ မျက်နှာများ ဖျော့တော့သွားကြပြီး နှစ်ယောက်က ‌နောက်သို့ ယိမ်းယိုင်သွားကြလေ၏။

“မင်းတော့ လွန်နေပြီ” လီမျိုးနွယ်စုခေါင်းဆောင်ကြီးဆယ့်ကိုးက အော်သည်။ “တာအိုရောင်ရင်း ဆရာကျန့်နဲ့ ဟန်ယွင် ဒီကိစ္စကို လက်ပိုက်ကြည့်နေတော့မှာလား” သိသိသာသာပင် လီမျိုးနွယ်ခေါင်းဆောင်ကြီးဆယ့်ကိုးမှာ စောစောက မန်ဟို ချင်းလော်ဂိုဏ်းကို သတ်ဖြတ်ခဲ့ပုံကို ကြောက်လန့်နေလေသည်။

“ထွက်သွားစမ်း” မန်ဟိုက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ထပ်ပြောသည်။ ထပ်မံ၍၊ ၎င်းကား အမိန့်ပေးသံတစ်သံသာ ဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးအား တုန်ခါသွားစေ၏။ ခေါင်းဆောင်ကြီးဆယ့်ကိုးမှလွဲ၍ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများအားလုံး သွေးအန်လိုက်ရသည်။ သာမန်ကျင့်ကြံသူများမှာမူ မခံနိုင်သူတချို့မှာ ခန္ဓာကိုယ်များ ပေါက်ကွဲသွားကြ၏။

***

All Chapters