← Chapters

သခင်ငါး နောက်တစ်ကောင်

Vol. 52 Ch. 730

သခင်ငါး နောက်တစ်ကောင်

Vol. 52 Ch. 730

ပလ္လင်၏အပြင်တွင် လုပိုင်က ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်သည်။ တတိယအထပ်ရှိ မန်ဟို့ကို မြင်လိုက်ပြီး အဖြူရောင်ကြီးကြပ်ရေးမှူး၏ စကားများကို ကြားလိုက်သဖြင့် သူ၏မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွား၏။ သူကား ရုတ်တရက် တိတ်ဆိတ်သွားလေသည်။

“သူက ...  သူ့ကိုယ်သူ အောင်အောင်မြင်မြင် အနိုင်ယူနိုင်တယ်တဲ့လား”  လုပိုင်က ခေါင်းကို ဖြေးညင်းစွာ ပြန်ငုံ့ရင်း တွေးလိုက်သည်။ တခဏကြာသော် သူသည် ခေါင်း‌ပြန်မော့လာပြီး မျက်လုံးများ၌ ပြင်းပြသော ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နှက်နေတော့၏။

“ငါ ကြယ်သခင်လေးဆိုတဲ့ ရာထူးကို ဂရုမစိုက်သလို မြောက်ပိုင်းသဲကန္တာရမှာ ငါ့ရဲ့ဘွဲ့ဂုဏ်ထူးတွေကိုလည်း ဂရုမစိုက်ဘူး။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပြန်ဝင်စားတာဆိုတဲ့ ကောလဟလတွေကိုလည်း ငါ ဂရုမစိုက်ဘူး။ ငါ ဂရုစိုက်တာ တစ်ခုပဲရှိတယ်... ငါ လုပိုင် ... ငါ့အဆင့်မှာ အစွမ်းထက်ဆုံး ဖြစ်စေရမယ်

“ငါ့တာအိုအရ ငါ အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်ကိုဖြစ်လာစေရမယ်။ ငါ့နှလုံးသားဟာ ခိုင်မာနေရမယ်

“မန်ဟိုတောင် လုပ်နိုင်ရင် ... ငါလည်း လုပ်နိုင်ရမယ်” ထိုသို့ပြောရင်း လုပိုင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ မယိုင်လဲသော ခိုင်မာပြတ်သားမှုတို့ မျက်လုံးများတွင် တောက်နေလျက် သူက ဖြေး‌ဖြေးချင်း ထရပ်ပြီး ပလ္လင်၏ ပထမအထပ်သို့ ပြန်လျှောက်သွားသည်။

“ဒီတစ်ခေါက်တော့ တတိယအထပ်ကို ငါ သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မယ်”

မန်ဟိုသည် လုပိုင် ညွှန်းဆိုလိုက်သော တတိယအထပ်တွင် ရပ်နေ၏။ သူက ချက်ချင်း ဆက်မသွားပေ။ ထိုအစား မျက်လုံးများ ပိတ်၍ တရိပ်ရိပ် လှုပ်ရှားနေသော ကျင့်ကြံခြင်းအခြေခံနှင့် သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့်(၃)ကို ခံစားနေသည်။ ယခု သူသည် စိတ်ဝိညာဉ်အကြောအလွှာတွင် ဖြစ်၍ ကျင့်ကြံခြင်းအခြေခံများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကာ မယုံကြည်နိုင်ဖွယ်စွမ်းအားကြီး အသွင်ပြောင်းနိုင်လေပြီ။

“သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၄) ကို ရောက်ရင် တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့် ကျင့်ကြံသူတွေကို ငါ တစ်ယောက်တည်းနဲ့ ထိန်းနိုင်မယ်လို့ သွေးမိစ္ဆာဂိုဏ်းချုပ် ပြောတာ အံ့ဩစရာမရှိဘူးပဲ

“သွေးမိစ္ဆာမဟာမှော်သိုင်းက မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းတယ်။ အထူးသဖြင့် အဖွဲ့တွေနဲ့ တိုက်ခိုက်ရတဲ့အခါ။ ရန်သူများများ ပိတ်မိလေလေ... ငါ အစွမ်းပိုထက်လာလေလေပဲ

“ချင်းလော်ဂိုဏ်း ....” မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ကြောက်စရာကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေလေသည်။ သူ၏ ချင်းလော်ဂိုဏ်းအပေါ် မုန်းတီးမှုမှာ အူအသည်းကလီစာ၊ ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်နေခဲ့ပြီဖြစ်သည်။ ချင်းလော်ဂိုဏ်းကြောင့်သာ မဟုတ်လျှင် ရှုချင် ဘဝပြန်ဝင်စားသံသရာထဲ ဝင်ရောက်ရမည်မဟုတ်သလို၊ သည်ဘဝမှာတင် အင်မော်တယ်အဆင့်တက်လှမ်းခွင့် ရနိုင်သည်။

သို့သော် ယခုတော့ သူတို့နှစ်ယောက်အတွက် နှစ်တစ်ရာသာ အချိန်ရပြီး ထိုနှစ်တစ်ရာကုန်လျှင် ဤဘဝကား ပျက်စီးရပေတော့မည်။ အဆိုပါရန်ကြွေးမျိုးမှာ ... ဘယ်သောအခါမှ ညှိနှိုင်း၍မရနိုင်ပေ။

မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ရှေ့တစ်လှမ်းလှမ်းလိုက်ရာ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသောအခါ လေးထပ်မြောက်၊ ငါးထပ်မြောက်တို့ကို ‌ဖြတ်ကျော်၍ .. နဝမအထပ်သို့ တန်းရောက်သွားလေပြီ။

နဝမအထပ်သည် အထပ်အားလုံးအနက် အသေးငယ်ဆုံးဖြစ်၏။

ဤသည်မှာ ပလ္လင်၏ထိပ်‌ဆုံး ၊

ဒုတိယအဆင့်၏ နောက်ဆုံးအတားအဆီးပင်။

ဤအထပ်ကို ဖြတ်ကျော်ပြီးလျှင် မန်ဟိုအနေဖြင့် ယခုကမ္ဘာမှ ထွက်သွားနိုင်သလို တတိယအဆင့်သို့ ဝင်ရောက်နိုင်သည်။

ဝုန်း

သူ နဝမအထပ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်၏အမြင့်ဆုံးနေရာသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူ၏ပတ်ပတ်လည်တွင် မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လျက်ရပြီး မီးတောက်များ၏အလွန်တွင်တော့ ပိတ်ပိန်း‌မှောင်မည်းနေမှုမှတစ်ပါး အခြားမရှိပေ။

နဝမအထပ်သို့ သူ ခြေ‌ချလိုက်သော အခိုက်အတန့်တွင် နားကွဲလုမတတ် စူးနေသော ရယ်သံကြီးတစ်သံ ကြားလိုက်ရ၏။

ရယ်သံမှာ ဘဲထီးတစ်ကောင် အော်လိုက်သည့်အလားဖြစ်ပြီး ပြောပြမတတ်နိုင်သော မောက်မာထောင်လွှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

“အိုးဟိုး သခင်ငါးအရှေ့ လာရပ်တဲ့သူမရှိတာ နှစ်တွေ ဘယ်လောက်ကြာပြီတုန်း။ ခွေးမ ။ လာ လာ ။ မင်းကိုယ်‌ပေါ်မှာ အမွှေးဘယ်လောက်ရှိလဲ သခင်ငါး ကြည့်ရအောင်”

မန်ဟိုမှာ အသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် စောစောက သူ့ရင်ထဲ၌ တည်ရှိခဲ့သော မြင့်မြတ်တည်ကြည်မှုခံစားချက်အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။ သူသည် ကိုးထပ်၏ အလယ်တည့်တည့်တွင် ပေါ်လာသော အရာကြီးကို မျက်လုံးကြီးပြူးကြည့်ရင်း မယုံနိုင်ဖြစ်နေ၏။ ထိုအရာကြီးကား ....

ဧရာမကြက်တူရွေးကြီးတစ်ကောင်ပင်။

ကြက်တူရွေးမှာ အဆုံးထိ ထောင်နေသော အမွှေးရောင်စုံများ ဖုံးနေသည်။ ၎င်းသည် တစ်လောကလုံးတွင် ၎င်းသည်သာ အရေးပါအရာရောက်သည့်အလား မာန်တက်နေဟန်ရှိ၏။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအားလှိုင်းများ ဖြာထွက်လာသည်။

“မင်း....” မန်ဟိုက အသက်ရှူသံများ မြန်လာရင်း တွေးလိုက်သည်။ ဤကြက်တူရွေးမှာ မန်ဟို ဒုက္ခရောက်‌လျှင် လစ်ပြေးသွားတတ်သည့် သောက်ကျိုးမပေးသော ငှက်နှင့် တစ်ထေရာတည်းပင်။

“ဘာ ‘မင်း’ လဲ ဟမ် ခွေးမ။ သခင်ငါးလို စောက်ချောကြီးကို မ‌မြင်ဖူးဘူးလား” ကြက်တူရွေးသည် ပျံထွက်လာစဉ် မန်ဟို ၎င်းကို ကြည့်နေသောပုံစံအား အင်မတန် ဘဝင်မကျဖြစ်နေယောင်ရှိ၏။ ၎င်း၏ မျက်လုံးများက စူးရှနေပြီး ၎င်းအသံမှာလည်း စူး၍နေသည်။

ကြက်‌တူရွေးက စကား‌ပြောလိုက်သည့်အချိန်မှာပင် လျင်မြန်သော အမြန်နှုန်းဖြင့်  တဟုန်ထိုး ပြေးဝင်လာလေပြီ။ မန်ဟိုမှာ ၎င်းကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရပြီး မတုံ့ပြန်နိုင်ခင် သူ့မှာ နောက်သို့လွင့်ထွက်သွားတော့၏။ ကြက်တူရွေးက လေလယ်တွင် ပြန်ပေါ်လာပြီးနောက် ဂီးခနဲ အော်ကာ တိုက်ခိုက်လိုက်ပြန်သည်။

မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ကြက်တူရွေးက အလွန်မြန်လွန်း၍ သူ့မှာ ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ မည်သို့ဆိုစေ ဤကြက်‌တူရွေးက သူ မှတ်မိသော သောက်ကျိုးမပေးသည့်ငှက်နှင့် တစ်ပုံစံတည်းတော့ မတူကြောင်း သူ ဆုံးဖြတ်နိုင်၏။

မည်သည့်အရာက ကွဲပြားသလဲဆိုရာတွင်တော့ သူ မပြောနိုင်။ ခံစားရနေသည်သာ ဖြစ်သည်။

ကြက်တူရွေးက မရပ်မနား တိုက်ခိုက်နေသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့သည်။ သို့သော် ၎င်းအနေဖြင့် မန်ဟို့ကို အချိန်တိုအတွင်း အနိုင်ယူနိုင်မည့်ပုံမရပေ။ မန်ဟိုက တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်နေသည်။ ကြက်တူရွေးတိုက်ခိုက်လိုက်တိုင်း သူ့မှာ တောင်ကြီးတစ်လုံး သူ့အပေါ် ပိကျလာသလို ခံစားနေရ၏။

သူသည် သွေးမိစ္ဆာမဟာမှော်သိုင်းကို အသုံးပြုရန် ကြိုးစားပါသော်လည်း ကြက်တူရွေးမှာ မြန်လွန်း၍ ဖမ်းချုပ်မရ ဖြစ်နေသည်။ ၎င်းအား ၎င်းလမ်းရှိ မည်သည့်အရာကိုမဆို ဖောက်ထွက်ချိုးဖျက်ပစ်နိုင်စေသော စွမ်းအားတစ်ရပ်ရပ်က ဝန်းရံထားပုံပင်။

“ဒီသောက်ကျိုးမပေးတဲ့ ငှက်အစုတ်အပြတ်ကတော့ ။ ဘာလို့ ဒီလောက်အစွမ်းထက်နေတာတုန်း” မန်ဟို မျက်မှောင်ကြုတ်သွားသည်။ တစ်ချိန်တည်းမှာပင် ကြက်တူရွေးသည် လေအလယ်တွင် ဖျတ်ခနဲ ပေါ်လာ၏။

၎င်းက မန်ဟိုကို လေးလေးနက်နက် ကြည့်ကာ ပြောသည်။ “ငါ မင်းကို စမုံတုံးပစ်မယ် ခွေးမ။ စမုံတုံးမယ် ကြားလား။ မင်းကိုယ်က ဘာလို့ ဒီလောက်မာရတာလဲ။ ‌ထားပါလေ မာလေ ကောင်းလေပေါ့။ စမုံတုံးပစ်မယ်။ မင်းကို ဖောက်ခနဲ စမုံတုံးပစ်မှာ ...” ၎င်းက စူးခနဲ အော်၍ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် မန်ဟို့ကို ပတ်ပျံပြီး ၎င်း၏မျက်လုံးက မန်ဟို့တင်ပါးအပေါ် ကျရောက်လာလေသည်....

မန်ဟို ၎င်းအကြည့်ကို အာရုံရလိုက်သောအခါ ခေါင်းနပန်းကြီးပြီး ထူပူသွားသည်။ သူ ပထမဆုံးတွေ့းလိုက်မိသည်မှာ ကြက်‌တူရွေး၏ ညစ်တီးညစ်ပတ်ဝါသနာကို ဖြစ်ပြီး ကြက်တူရွေး ဖင်တွေ လိုက်ဖောက်ပစ်နေသော ပုံရိပ်များ သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားတော့သည်။

ဤအတွေးများက သူ့စိတ်ကို ပရမ်းပတာ ပျာယာခတ်သွားစေသဖြင့် မန်ဟိုမှာ က္ကန္ဒြေမဆည်နိုင်အောင် တုန်ရီနေလေ၏။ သူ မည်မျှပင် ရက်စက်ကြမ်းတမ်းလာစေကာမူ ထိုပုံရိပ်များက သူ့ကို အကြောက်ကြီးကြောက်သွားစေသည်။

ပုံမှန်ဆို သူသည် တခြားသူများ၏ မချိတင်ကဲ အော်သံများကို နားထောင်ရသူ ဖြစ်၏။ သူကိုယ်‌တိုင်တော့ ဘယ်နည်းနှင့်မှ ဘယ်တော့မှ ထိုသို့မခံစားဖူးချင်ပေ။

“သေစမ်း သေစမ်း” ချွေးသီးများ မန်ဟို့နဖူးတွင် တွဲခိုလာသည်။ တတိယအထပ်မှာတုန်းကပင် သူသည် ချွေးမပြန်ခဲ့သော်လည်း ဤအခိုက်အတန့်တွင်တော့ မရှုမလှ ဖြစ်ပေတော့မည်။

ဤသည်မှာ ... ဤသည်မှာ ကျင့်ကြံသူများ မယှဉ်နိုင်သည့် စွမ်းအားကြီးပင်။

အထူးသဖြင့် အဆိုပါ သောက်ကျိုးမပေးသော ငှက်၏ ဟီးဟီးဟားဟား ရယ်သံများနှင့် ၎င်း၏ ကွေ့လာပုံက ရုတ်တရက် ဖြောင့်တန်းလာသည့်အချိန် ဖြစ်သည်။

၎င်းက အကြိမ်အနည်းငယ် ပါးစပ်ဟပြီးနောက်၌ မွှန်နေသောအရှိန်အဝါတစ်ခု ထွက်လာရာ မန်ဟို့ကို ရင်ဒိန်းခနဲ ခုန်သွားစေသည်။

မန်ဟိုမှာ တခြားရွေးချယ်စရာမရှိတော့သဖြင့် ဖြစ်ချင်ရာဖြစ် အော်လိုက်လေသည်။ “ခင်ဗျားကို ကျုပ်သိတယ်”

“ဟေ” ကြက်တူရွေးက ပါးစပ်အဟောင်းသားနှင့် တုံ့ပြန်သည်။ “အေး သခင်ငါးတော့ မင်းကို မသိဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို စမုံတုံးပစ်မှာ”

“ကျုပ်က ခင်ဗျားသခင်” မန်ဟိုက သိုလှောင်အိတ်ကို ပုတ်၍ကြေးမုံကို ထုတ်ရင်း ဆိုသည်။

“မင်း ငါ့ကို စော်ကားနေတာပဲ” ကြက်တူရွေးက ကြေးမုံကို အဖက်ပင်မလုပ်ပေ။ ၎င်းသည် မန်ဟို့ဆီ ပြေးဝင်လာသော အနက်ရောင်အလင်းတန်းတစ်တန်း ဖြစ်သွား၏။

“ဘာလုပ်ရမလဲ ၊ ငါ ဘာလုပ်မလဲ” အနက်ရောင်အလင်းတန်း သူကို အနောက်မှ ဝင်ဆောင့်ရန် ကွေ့သွားသည်ကို မြင်သော် မန်ဟိုမှာ အရေးပေါ်အခြေအနေဖြစ်သွားလေပြီ။

အနက်ရောင်အလင်းတန်း နီးကပ်လာစဉ် မန်ဟိုသည် ရုတ်တရက် သောက်ကျိုးမပေးသောငှက်၏ အကြီးမားဆုံး အားနည်းချက်ကြီးကို သတိရလိုက်၏။ သူက တုံ့ဆိုင်းမနေဘဲ အော်လိုက်လေသည်။ “ခင်ဗျား အခုထက်ပိုပြီး အစွမ်းထက်ရင်တောင်မှ ဘယ်သူဂရုစိုက်လဲ။ ဒီပလ္လင်ကို အပေါက်ဖောက်ပစ်နိုင်လို့လား။ မဖောက်ပစ်နိုင်ဘူးမလား”

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင်အလင်းတန်းက တုံ့ခနဲ ရပ်သွားသည်။ ကြက်တူရွေးက ပြန်ပေါ်လာပြီး မန်ဟို့ကို စိတ်တိုနေသောပုံစံဖြင့် ကြည့်နေ၏။

“မင်း အခု ဘာပြောလိုက်တာ။ သခင်ငါး ဘာမလုပ်နိုင်ဘူးလို့ ပြောလိုက်တာ...”

မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး ရုတ်တရက် သူ၏အတွေးမှာ တည်ငြိမ်သွားတော့သည်။ သူ၏မျက်လုံးများ၌ အထင်သေးမှုတို့ ပေါ်ပေါက်လာ၏။

ထိုပုံစံက ကြက်တူရွေးကို ချက်ချင်း ဒေါပွသွားစေသည်။ ၎င်းက စူးနေအောင် အော်လိုက်သည်။ “ရာရာစစ သခင်ငါးကို အထင်သေးရတယ်လို့။ သခင်ငါးက အနှိုင်းမဲ့တန်ခိုးရှင်ကွ။ မ..မင...မင်း ....”

“ဟမ့်” မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။

“အားးးးးးးးးး” ထိုသို့ အထင်သေးခံလိုက်ရခြင်းက ကြက်တူရွေး၏ နောက်ဆုံးလက်ကျန် ဆင်ခြင်နိုင်စွမ်းတို့ကို မီးလောင်ပြာကျသွားစေသည်။

“မင်း စောင့်သာကြည့်နေ ခွေးမ” ကြက်တူရွေးက ရန်တွေ့၏။ “သခင်ငါးကို ကြည့်စမ်း၊ သခင်ငါး ဒီပလ္လင်ကို ဘယ်လောက်အပေါက်ကြီး ဖောက်ပစ်မလဲ ကြည့်စမ်း” ထိုသို့ပြောပြီး ကြက်တူရွေးသည် လေပေါ်ပျံတက်၍ ပလ္လင်ဆီသို့ ပြေးဝင်သွားတော့သည်။

အဖြူရောင်ကြီးကြပ်ရေးမှူးက ကြက်တူ‌ရွေးကို တားရန် ကပျာကယာ ပျံဆင်းလာသည်။

“အင်မော်တယ်ငါး ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး။ စိတ်အေးအေးထားပါ ... စိတ်လိုက်မာန်ပါ လုပ်စရာမလိုပါဘူး ဟုတ်ပြီလား။ ကျုပ်ပြောတာ နားထောင်ပါဦး ...”

“ဖယ်စမ်း လီးကို နားထောင်ရမှာလား” ကြက်တူရွေးက ငေါက်သည်။

“အင်မော်တယ်ငါး ကျုပ် ...” အဖြူရောင်ကြီးကြပ်ရေးမှူးမှာ ခပ်ယဲ့ယဲ့ ပြုံးပြီး ရှင်းပြမည်ပြုလိုက်စဉ် ....

“ဖယ်လို့ပြောတယ်နော် ခွေးမ။ မင်း မဖယ်ရင် မင်းကိုယ်ပါ သူနဲ့အဆူ စမုံတုံးပစ်မယ်”

အဖြူရောင်ကြီးကြပ်ရေးမှူးမှာ ပျာယာခတ်လာတော့သည်။ ဤသည်မှာ ကြက်တူရွေးတွင် ယခုလိုအားနည်းချက်ရှိကြောင်း သူ ပထမဆုံး ကြားဖူးခြင်းဖြစ်၏။ ၎င်းက မန်ဟိုကို ဒေါသတကြီး လှမ်းကြည့်ပြီး ကတ်ကတ်လန်အောင် ရန်တွေ့မည့်အချိန် မန်ဟိုက ၎င်း၏အကြည့်ကို မြင်သောအခါ မျက်လုံးကစား၍ အေးစက်စက် နှာမှုတ်လိုက်လေသည်။

“သူလည်း ခင်ဗျားပလ္လင်ကို ဖျက်စီးနိုင်တာ မယုံဘူး။ ပလ္လင်ကို ထားပါတော့။ ခင်ဗျား အဲဒီ အဖြူရောင်ကြီးကြပ်ရေးမှူးကို စမုံတုံးနိုင်တာ ကျုပ် မယုံဘူး”

“အားးးးးးးးးးးးးး မင်း မင်း ရာရာစစ ငါ့ကို ဒီလို အထင်သေးရဲတယ်ပေါ့” ကြက်တူရွေးမှာ မိုးမီးလောင်နေလေပြီ။ ၎င်းက အဖြူရောင်ကြီးကြပ်ရေးမှူကို ဆတ်ခနဲ လှည့်လိုက်ရာ ကြီးကြပ်ရေးမှူးခမျာ ချက်ချင်း တုန်ရီလာလေသည်။

ကြက်တူရွေး တိုက်ခိုက်တော့မည်ကို မြင်သောအခါ အဖြူရောင်ကြီးကြပ်ရေးမှူးက ချက်ချင်း ပြောလိုက်သည်။ “မင်း အောင်ပြီ အောင်ပြီ”

လေထုသည် ထစ်ချုန်းလာပြီး မယုံကြည်နိုင်ဖွယ်အားကြီးက ကြက်တူရွေးကို လွှမ်းခြုံသွား၏။ ကြက်တူရွေးက လွှမ်းခြုံခံနေရစဉ် ဘာမှ ပြန်မတိုက်ခိုက်သော်လည်း အဖြူရောင်ကြီးကြပ်ရေးမှူး၏ တင်ပါးကို မမှိတ်မသုန် ကြည့်နေလေသည်။

“ဒီနေရာကို ဆောက်တုန်းက သခင်ငါး ကူညီပေးခဲ့တဲ့အတွက် သခင်ငါးရဲ့ နတ်ဘုရားစိတ်ဆန္ဒကို ချန်ခဲ့တာ” ကြက်တူရွေးက ပြောသည်။ “အမှန်အတိုင်းပြောရင် ပလ္လင်ကို အပေါက်ဖောက်ဖို့က ခက်တယ်။ ဒါပေမဲ့ အခွင့်သာရလို့ကတော့ မင်းလို သားရဲလေးကို သခင်ငါး တစ်ချက်တည်းနဲ့ စမုံတုံးပစ်နိုင်တယ်”

ထို့နောက် ကြက်တူရွေးက အေးစက်စက် နှာမှုတ်ပြီး မန်ဟိုကို စိန်းစိန်းဝါးဝါး ကြည့်သည်။ ဘာမှတော့ မပြောသော်လည်း ၎င်း၏အကြည့်က ပေါ်လွင်နေလေသည်။

နေနှင့်ဦး သေနာလေး။ အခွင့်ရရင် မင်းကိုလည်း စမုံတုံးပစ်မယ်

မန်ဟိုကလည်း ကြက်တူရွေးကို စိန်းစိန်းဝါးဝါး ပြန်ကြည့်သည်။ သူလည်း ဘာမှ မပြောသော်လည်း သူ၏အကြည့်က ထိုနည်းတူစွာပင် ပေါ်လွင်နေလေသည်။

နေနှင့်ဦး သောက်ကျိုးမပေးတဲ့ငှက်။ ငါ ဒီက လွတ်လာရင် မင်းကို မိုးမြေတစ်ဆုံး ခြေရာခံပြီး ဘယ်သူက သခင်လဲ ‌ကြည့်ကြတာပေါ့

ထိုစဉ် နဂါးငွေ့တန်းပင်လယ်၊ မြောက်ပိုင်းသဲကန္တာရအနားရှိ ကမ်းခြေပေါ်တွင် ခပ်ထွားထွား၊ မျက်နှာမည်းမည်းနှင့် လူတစ်ယောက်သည် လေလယ်တွင် ရပ်နေ၏။ ကျင့်ကြံသူတစ်စုက သူ့ကို ဖော်လန်ဖားနေသော မျက်နှာထားများဖြင့် ကြည့်လျက် ခြံရံထားကြသည်။ မျက်နှာမည်းမည်းနှင့်လူမှာ သူ့ကိုယ်သူ အတော်လေး ကျေနပ်နေသယောင်ပင်။

သူသည် ဝက်ဝံမဲကြီးတစ်ကောင်ကို ပွေ့ချီထားပြီး ယစ်မူးနေသော မျက်နှာပေးဖြင့် ရံဖန်ရံခါ ငုံ့နမ်းတတ်၏။ ဝက်ဝံကြီးသည် အမွှေးများထူထဲပြီး ၎င်းလိုအကောင်မျိုးကို နဂါးငွေ့တန်းပင်လယ်၏ မည်သည့်နေရာမှ ရှာတွေ့လာခဲ့သလဲ ပြောရခက်လေသည်....

“အားဟား ဘဝဆိုတာ ဒါပဲ။ စိတ်ဆင်းရဲမနေနဲ့ သုံးလေး။ ငါတို့ပြောနေတာ သခင်တစ်ယောက်သာသာ ပါပဲကွာ။ အမြဲ အသစ်ထပ်ရှာလို့ ရနေတာပဲမဟုတ်လား ။ ကြည့် တစ်ယောက်ယောက် ကြေးမုံကို ကောက်ရပြီး သန့်စင်လိုက်ရင် ငါတို့ပြန်သွားလို့ရတာပဲလေ။ အခု ငါတို့ ဘယ်လောက် လွတ်လပ်ပြီး စိုပြေနေသလဲ ကြည့်စမ်း။ ဘဝဆိုတာ ဒီလိုမှကွ”

ရုတ်တရက် မျက်နှာမည်းမည်းနှင့်လူမှာ နှာချေပြီး တုန်တက်သွားသည်။ ထူးဆန်းသော အရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာပြီး အသံနှစ်သံကား သူ့ကိုယ်ထဲတွင် ရန်ဖြစ်လာတော့သည်။

“ဘာဖြစ်နေတာလဲ။ ဘာလဲ အဲဒါ။ သခင်သုံး အခု နှာချေလိုက်တာလား”

“သောက်ရေးမပါတာ။ ငါ သခင်ငါး နှာချေလိုက်တာ အသိသာကြီးကို”

“အဲဒါကိုတောင် ငါ့ဆီက ခိုးမလို့လား”

“တစ်ခုခုတော့ဖြစ်နေပြီ ခွေးမ။ တစ်ခုခုတော့ မူမမှန်ဘူး။ တစ်ခုခုဖြစ်တော့မလို မကောင်းတဲ့ အငွေ့အသက်တွေ ရနေတယ်”

“ဟမ်။ မန်ဟို အသက်ရှင်နေသေးတယ်လို့ မပြောနဲ့နော်။ သေပြီ။ ငါတို့တော့ သေပြီ။ ငါတော့ သေတော့မယ်။ ငါတော့ သေပြီ။ အဲဒီအချိန်တုန်းက ငါတို့ ထွက်ပြေးလာတုန်း....”

“ဘာကို ထွက်ပြေးတာလဲ။ ဗျူဟာကွ ဗျူဟာ။ ‌ဘာမှနားမလည်တဲ့ မေဘေး”

“သေစမ်း နောက်ဆုံးတစ်ခေါက် မင်းပြောတုန်းက သူ့ကို တစ်ယောက်တည်း နေတတ်အောင် လုပ်ဖို့ လိုတယ်ဆို။ အခု။ စိတ်ပြောင်းပြန်ပြီလား”

“ငါ အဲဒီလို ပြောခဲ့တာ မင်း လုံးဝ သေချာလား”

“မင်းလုပ်တာလေ။ မင်း ပြောခဲ့တာလေ။ မင်းပြော.....”

ဘာမှသည့်အရာလေးကို ငြင်းခုံနေရင်း မျက်နှာမည်းမည်းနှင့်လူက လှည့်၍ မြောက်ပိုင်းသဲကန္တာရသို့ ပျံသန်းသွားတော့သည်။

“မြောက်ပိုင်းသဲကန္တာရကို သွားရအောင်။ အဲဒီမှာဆို ဘေးကင်းလိမ့်မယ် ..... “

***

All Chapters