← Chapters

ကောင်းကင်ဘုံအင်ပါယာက နှင်းအပ်သော ရတနာ

Vol. 147 Ch. 2028

ကောင်းကင်ဘုံအင်ပါယာက နှင်းအပ်သော ရတနာ

Vol. 147 Ch. 2028

အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအို၏မျက်လုံးထဲတွင် အထိတ်တလန့်တို့ ပြည့်နှက်သွားသည်။ သူက လူတိုင်းရှေ့မှာပင် နောက်သို့ ခြေလှမ်းအတော်အတန် ဆုတ်မိသွား၏။ သူသည် ထိုသို့ အရှက်ရမှုကြောင့် ဒေါသထွက်လာခဲ့ပြီး ဝမ်လင်းအနေဖြင့် သည်နေရာတွင်လည်း မတိုက်ခိုက်ဝံ့လောက်ဟု ကောက်ချက်ချမိ၏။ ထို့ကြောင့် ခြေသုံးလှမ်းဆုတ်ရပြီးနောက် သူက ရပ်တန့်ကာ ဝမ်လင်းထံ လက်ညှိုးထိုးပြီး လှမ်းအော်ဟောက်လိုက်သည်။

“မင်း…”

ထိုအစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအို စတင် ပြောဆိုသည့်အချိန်လေးမှာပင် ဝမ်လင်းက သူ့ရှေ့သို့ ရောက်လာ၏။ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ အဘိုးအို၏ ဝတ်ရုံစကို ဆုပ်ကိုင်၍ သူ့ကို ဘေးတစ်ဖက်သို့ ပစ်လွှတ်လိုက်၏။ ထိုအဘိုးအိုသည် အော်မြည်လိုက်ရပေသည်။ သူက ပေသောင်းချီအကွာထိ ပျံသန်းလွင့်ထွက်သွားရသည်။

“ဝမ်လင်းက ကောင်းကင်ဘုံအင်ပါယာကို နှုတ်ဆက်ပါတယ်…”  ဝမ်လင်းသည် ကောင်းကင်ဘုံတာအိုဘုံကျောင်းရှေ့တွင် လက်နှစ်ဖက်ဆုပ်၏။ သည်နေရာမှာ အင်ပါယာနန်းတော်ဖြစ်ကာ တဖက်လူမှာလည်း ကောင်းကင်ဘုံအင်ပါယာ ဖြစ်ချေသည် မဟုတ်လား။ ထို့ကြောင့် ဝမ်လင်းအဖို့ လေးစားမှု ပြသရန် လိုအပ်နေသေးသည်သာ။

ကျင့်ကြံသူထောင်သောင်းချီ၏ အကြည့်က ဝမ်လင်းထံသို့သာ အာရုံစိုက် ကျရောက်နေ၏။ သည်နေရာတွင် တပ်သားတစ်သိန်းလည်း ရှိသေး၏။ သူတို့က ငြိမ်သက်စွာ စဉ်းစားကာ ဝမ်လင်းကို အေးစက်စက် စိုက်ကြည့်နေသည်။

ဘုရင်လေးပါး၌ လီအိမ်တော်မှလွဲ၍ တခြားမိသားစုသုံးစုကတော့ ဝမ်လင်းကို မတူကွဲပြားစွာ ကြည့်နေကြ၏။ အထူးသဖြင့် ထိုမိသားစုသုံးစု၏ ဘိုးဘေးသုံးယောက်သည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်၊ အကူအညီမဲ့ဟန် အကြည့်တို့ဖြင့် လှမ်းကြည့်နေ၏။

ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဆုပ်ပြီးသည့်နောက် ပတ်ဝန်းကျင်တခုလုံး ငြိမ်သက် တိတ်ဆိတ်သွားသည်။ အချိန်အတန်ကြာပြီးနောက် တည်ငြိမ်သောအသံတစ်သံသည် ကောင်းကင်ဘုံတာအိုကျောင်းတော်ထဲမှ ထွက်ပေါ်လာသည်။

“မင်းက ဒီအခမ်းအနားမှုးဖြစ်တဲ့ ငါ့ရဲ့ အရာရှိအမှုထမ်းကို မောင်းထုတ်လိုက်တယ်။ ဒီတော့ ဒီအခမ်းအနားကို ဘယ်လိုများ ဆက်ကျင်းပမလဲ…”

ထိုစကားသံ ပဲ့တင်ထပ်လာစဉ် ဘုံကျောင်းတံခါးက ငြိမ်သက်စွာ ပွင့်ဟလာပြီး အတွင်းရှိ အရာမှာ လှစ်ဟပေါ်လာသည်။ သည်ဘုံကျောင်းအတွင်းနက်ပိုင်း၌ အစစ်အမှန်နဂါးတစ်ကောင်နှင့်တူသော ဧရာမနဂါးပလ္လင်တစ်ခုကဲ့သို့ တောင်တလုံး ရှိနေပေသည်။ ထိုနဂါး၏ဦးခေါင်းက မော်ကြွနေကာ ၎င်း၏မျက်လုံးတို့သည် အသက်ဝင်လှပြီး ဘုံကျောင်းအပြင်ဘက်ရှိ ဝမ်လင်းကို လှမ်းကြည့်နေသည်။

ထိုနဂါးပလ္လင်ထက်၌ တော်ဝင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေ၏။ သူက သရဖူတစ်ခုကိုလည်း ဆောင်းထားသေးသည်။ သူ၏ထံမှ ဖိအားအော်ရာကို ပေးစွမ်းနေ၏။

ထိုသက်လတ်ပိုင်းလူ၏ ဘေးတွင် ဖျဉ်ကြမ်းအင်္ကျီဖြင့် လူငယ်တစ်ယောက် ရှိနေ၏။ ထိုလူငယ်မှာ ဖြူဆွတ်သော အသားအရည်နှင့် ပါးလှပ်သောမျက်လုံးတို့ကို ပိုင်ဆိုင်ထားသည်။ သူသည် လက်ထဲ၌ ခရမ်းရောင်ပုတီးစေ့နှစ်လုံးကို ကိုင်ထားကာ လှည့်ကစားနေ၏။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေကာ သူက ဝမ်လင်းထံ ညင်သာသောအကြည့်ဖြင့် လှမ်းကြည့်သည်။

သို့သော် ထိုအကြည့်က ဝမ်လင်း၏သွေးကို အေးခဲသွားစေ၏။ ယင်းအကြည့်အောက်တွင် သူသည် မိန်းမောသွားကာ ဘဝပြောင်းလဲမှုပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည့်နှယ် ခံစားမိလိုက်ရသည်။

သူ့စိတ်နှလုံးမှာ ကယောက်ကယက် ဖြစ်သွား၏။ သို့သော် သူသည် တအောင့်အကြာတွင် ပြန်ကောင်းမွန်သွားသည်။ သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားကာ ထိုလူငယ်ထံ လှမ်းကြည့်လိုက်၏။

ထိုလူငယ်၏မျက်လုံးထဲတွင်လည်း တုန်လှုပ်သွားမှု အရိပ်အမြွက် ရှိလေ၏။ ထိုလူငယ်က ပြုံး၍ ဝမ်လင်းကို ခေါင်းညိတ်ပြသည်။

“အင်ပါယာဆရာသခင် ရှန်းရွှမ်တောက်…”   ဝမ်လင်းက ထိုလူငယ်ကို တွေ့မြင်သည့်အခါ သူ့စိတ်ထဲ၌ ယင်းအမည် ပေါ်လာ၏။ သူသည် သူ့ကို လုံးဝ မတွေ့ဖူးသော်လည်း သူ့အား အကြည့်တချက်ဖြင့် ပြန်လည်မွေးဖွားခြင်းအတွင်း နစ်မြုပ်သွားအောင် ခံစားမိအောင် လုပ်နိုင်သည့်သူမှာ အင်ပါယာဆရာသခင်ဖြစ်သူသာ ရှိနိုင်ပေလိမ့်မည်။

နဂါးပလ္လင်ထက်တွင် ထိုင်နေသော ကောင်းကင်ဘုံအင်ပါယာကမူ ဝမ်လင်း အင်ပါယာစမ်းသပ်ကွင်း၌ တွေ့မြင်ခဲ့သောသူနှင့် အတူတူပင်။ သို့သော် သူ၏ ထည်ဝါမြင့်မြတ်မှုနှင့် ဖိအားကတော့ ခုခါ၌ များစွာ ပိုအားကောင်းနေသည်။

သည်လောကရှိ အရာအားလုံးက သူ၏အကြည့်အောက်တွင် ဒူးထောက်ရလေမည့်အလား။

“ထားလိုက်ပါတော့လေ…မင်းက နံပါတစ်ဩဇာအင်ပါယာ ဖြစ်မှတော့ ငါ့ရဲ့ ကျေးကျွန်က မင်းအပေါ်လည်း မလေးမစား လုပ်ခဲ့သေးတယ်။ ဒီတော့ ဒီကိစ္စကို မင်းအတွက် ခက်ခဲအောင် ငါ လုပ်မနေတော့ဘူး။ ရွှမ်တောက်…သင်ဘဲ ဒီအခမ်းအနားကို ကြီးမှူးလိုက်ပါ…”

နဂါးပလ္လင်ထက်တွင် ထိုင်နေသော ကောင်းကင်ဘုံအင်ပါယာက ထိုသို့ ပြောလာ၏။

“ကောင်းပါပြီ…” ထိုလူငယ်က အနည်းငယ် ဦးညွှတ်ကာ ဘုံကျောင်းထဲမှ လှမ်းလျှောက်လာသည်။

“အမှန်တကယ်ပဲ သူကို…”  ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။

ထိုဖျဉ်ကြမ်းဝတ်ရုံဖြင့်လူငယယ်က ဝမ်လင်းကို ဖြတ်ကျော်လျှောက်လာသည့်အခါ သူက ပြုံး၍ ဝမ်လင်းကို ခေါင်းညိတ်ပြသည်။ ထို့နော်က သူက ကွင်းပြင်အတွင်းရှိ ကျင့်ကြံသူထောင်သောင်းချီကို ကြည့်သည်။

“ငါ ဒီအခမ်းအနားကို ကြီးမှူးကျင်းပပေးမယ်။ အခု ကောင်းကင်ဘုံတာအိုကို ဖွင့်လှစ်ဖို့ သွေးစတေးမယ်…”  အင်ပါယာဆရာသခင်ရှန်းရွှမ်တောက်က သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်ကာ ထိုသို့ ဆိုလာသည်။

ထိုသို့ဖြင့် အနီရောင်အလင်းတန်းတစ်ခုသည် အကွာအဝေးတစ်ခုသို့ ပျံသန်းသွားသည်။ သည်အခိုက်တွင် မြေပြင်ထု အက်ကွဲသည့်အလား ဟိန်းအော်သံများသည် နန်းတော်၏ ထောင့်ပေါင်းကိုးဆယ့်ကိုးခုထံမှ ထွက်ပေါ်လာ၏။ ယင်းဟိန်းအော်သံများက မသေဆံးခင် အော်ဟစ်ခဲ့သော သားရဲများ၏ စူးစူးဝါးဝါးအသံများအလား။

ခဏအကြာတွင် သွေးတိုင်လုံးကိုးဆယ့်ကိုးခုက နန်းတော်ထံမှ ကောင်းကင်ထက်သို့ ထိုးတက်လာသည်။ ဝမ်လင်းသည် ယင်းသွေးတိုင်လုံးတို့၌ ကွဲပြားသော သားရဲစိတ်ဝိညာဉ်များ ပါဝင်သည်ကို ရှင်းလင်းစွာ တွေ့မြင်သည်။

“ကောင်းကင်ဘုံသားအတွက် သွေးစတေးခြင်း၊ သားရဲကိုးဆယ့်ကိုးကောင်ကို သတ်၊ ဆန်းကြယ်သိမ်မွေ့တဲ့ ကောင်းကင်ဘုံတာအိုကို ဖွင့်လှစ်ဖို့ သူတို့ရဲ့ သွေးကို အသုံးပြု…”

ဝမ်လင်းသည် ထိုအခြင်းအရာတို့ကို တည်ငြိမ်စွာ ကြည့်နေသည်။

သွေးတိုင်လုံးကိုးဆယ့်ကိုးခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ကောင်းကင်ယံကို သွေးရောင်လွှမ်းသွားစေသည်။ ထို့နောက် တံခါးတချပ် ပွင့်ဟလာ၏။ ထိုတံခါးအတွင်းပိုင်း၌ ဦးတည်သည့်နေရာမှာ ဗရမ်းဗတာ ဖြစ်လွန်းနေသည်။

ထိုသွေးတိုင်များအတွင်းရှိ သားရဲစိတ်ဝိညာဉ်များသည် တိတ်တဆိတ် ဟိန်းသံများ ပြုကာ လေဟာနယ်အတွင်း ပျောက်ကွယ်သွားသည်။ ထို့နောက် အင်ပါယာနန်းတော်တစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားလေ၏။

သည်အခိုက်တွင် နန်းတော်တစ်ခုသာ တိတ်ဆိတ်သွားသည် မဟုတ်ပေ။ ကောင်းကင်ဘုံကလန်တခုလုံးအတွင်းရှိ နေရာအနှံ့မှ ကလန်များ၏ ဘိုးဘေးအိုများအားလုံးသည်လည်း အင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်ကို စိုက်ကြည့်နေကြသည်။

အရင်က သည်လိုဂုဏ်ထူးပေးအပ်ခြင်းအခမ်းအနား၌ ဂိတ်တံခါးကိုးခုကို ဖြတ်ကျော်ခြင်း၊ တခြားသူများကို စိန်ခေါ်ခြင်းအပြင် ကောင်းကင်ဘုံတာအိုကို ဖွင့်လှစ်ခြင်းလည်း ပါဝင်ခဲ့ပေသည်။ ဤသည်မှာ သွေးစတေးခြင်းကို အသုံးပြု၍ ကောင်းကင်ဘုံဘိုးဘေး၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော ပြင်ပသားရဲများ၏ စိတ်ဝိညာဉ်များကို ဒီနေရာသို့ ဖြားယောင်းခေါ်ဆောင်ခြင်းပင်။ ထိုသွေးက နန်းတော်အနှံ့ ပြန့်ကြဲကာ စိတ်ဝိညာဉ်တစ်ခုကို ရတနာတစ်ခုအဖြစ် သန့်စင်ပြီး ဘွဲ့ထူးပေးအပ်ခြင်းခံရမည့် ဩဇာအင်ပါယာက ယင်းရတနာကို ရရှိနိုင်မည် ဖြစ်သည်။ ဝမ်လင်းက သည်အခမ်းအနား၏ အသေးစိတ်တို့ကို သိထားပြီး ဖြစ်သဖြင့် သူသည် ကောင်းကင်ထက်သို့ မော့ကြည့်နေစဉ် အံ့အားတသင့် မဖြစ်သွားခဲ့ပေ။

“ဒီဆံဖြူဩဇာအင်ပါယာက ဘယ်လိုပြင်ပသားရဲမျိုးကို ရလိမ့်မလဲကို ငါ သိချင်မိတယ်…”

“အတိတ်တုန်းက ဩဇာအင်ပါယာမန်တောက်အတွက် သွေးစတေးခြင်း ပြုလုပ်ပြီးတဲ့နောက် ဒါဟာ ဓားအသွင်စိတ်ဝိညာဉ်တစ်ခု ဖြစ်ခဲ့တယ်။ ကောင်းကင်ဘုံဘိုးဘေးက ဒီဓားအသွင်စိတ်ဝိညာဉ်ကို သတ်ပစ်ခဲ့ပြီး အလွန်အမင်း အစွမ်းထက်လှတဲ့ ဓားအဖြစ်‌ ပြောင်းပေးခဲ့တာပဲ…”

“ဒါဟာ ကံကောင်းမှုတစ်ခုပဲ။ ဒီဝမ်လင်းရဲ့ ကံကောင်းမှုကရော ဘယ်လိုဖြစ်မလဲ ငါ သိချင်မိတယ်…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက မော့ကြည့်နေကြကာ သူတို့၏စိတ်ထဲ၌ စတင်ထင်ကြေးပေးနေကြသည်။

ထိုအခိုက်အတန့်တွင် သွေးရောင်ကောင်းကင်၌ ခြင်္သေ့ကဲ့သို့ သားရဲတစ်ကောင်သည် နက်မှောင်သောဝဲကတော့တွင်းမှ ပျံသန်းထွက်လာ၏။ ထိုခြင်္သေ့ကဲ့သို့ သားရဲက နီရဲသော မျက်လုံး ပိုင်ဆိုင်ကာ ၎င်း၏လည်တိုင်တွင်လည်း သွေးအလိမ်းလိမ်း ရှိ၏။ ၎င်းထံမှ ဟိန်းအော်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ရွှေရောင်သွေးစက်တစ်စက် ကျဆင်းလာသည်။

၎င်းခြင်္သေ့ထွက်ပေါ်လာမှုက အောက်ဘက်ရှိ ကျင့်ကြံသူထောင်သောင်းချီကို အော်ဟစ်မိကုန်စေ၏။

“ကောင်းကင်ခြင်္သေ့သားရဲ…”

“ဒါက ကောင်းကင်ဘုံဘိုးဘေး ချိပ်ပိတ်ထားခဲ့တဲ့ ကောင်းကင်ခြင်္သေ့သားရဲပဲ…”

“ပြောကြတာကတော့ ကောင်းကင်ခြင်္သေ့ကုန်းမြေဟာ ဒီကောင်းကင်ခြင်္သေ့သားရဲအင်ပါယာကနေ ဖန်တီးခဲ့တာလို့ ဆိုတယ်။ ဒီသားရဲမှာ ရွှေရောင်အမွှေးအမျှင် မရှိထားဘူး။ ဒါ့ကြောင့် ၎င်းဟာ အင်ပါယာတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ၎င်းဟာ အရွယ်ရောက်ပြီးတဲ့ တိုက်ပွဲဝင်ခြင်္သေ့တစ်ကောင်တော့ ဖြစ်နေဆဲပဲ…”

အော်သံဟစ်သံများ ထွက်ပေါ်လာစဉ် အင်ပါယာဆရာသခင် ရှန်းရွှမ်တောက်ကမူ တည်ငြိမ်နေ၏။ သူက ကောင်းကင်ခြင်္သေ့သားရဲကို ဖြားယောင်းနိုင်လိမ့်မည်ဟု သိနှင့်ထားပြီး ဖြစ်သည့်အလား။

“ဘိုးဘေးက ချန်ထားခဲ့တဲ့ ချိပ်ပိတ်မှုဟာ အစွမ်းထက်လှတဲ့ ဒီပြင်ပဖြစ်တည်မှုတွေကို ဝင်ရောက်လာဖို့ မဖြစ်နိုင်အောင် လုပ်ထားတယ်။ ဒီခြင်္သေ့ကသာ ဒဏ်ရာ မရထားခဲ့ရင် ဒီနေရာမှာ ပေါ်လာလိမ့်မှာ မဟုတ်ဘူး။ ဒီဝမ်လင်းရဲ့ကံက ကောင်းသားပဲ…”

ကောင်းကင်ထက်မှ ကျယ်လောင်သောဟိန်းသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုဟိန်းသံက လူတစ်ယောက်၏စိတ်နှလုံးကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်၏။

၎င်းမှာ ခြင်္သေ့ဟိန်းသံတည်း။ လည်ပင်းဒဏ်ရာနှင့် ထိုခြင်္သေ့သားရဲက ရုတ်တရက် ဝဲကတော့ထဲမှ ထိုးထွက်လာ၏။ ၎င်းထံ၌ သည်နေရာနှင့် ပတ်သတ်၍ စိတ်ရှုပ်ထွေးခြင်းတို့ ရှိနေသည်။ သို့သော်လည်း ထိုစိတ်ရှုပ်ထွေးခြင်းက ချက်ခြင်း ကွယ်ပျောက်သွားကာ ထိတ်လန့်မှုက အစားထိုး ဝင်လာ၏။ ၎င်းသည် ခုခါ၌ ဝဲကတော့ကို ဖြတ်၍ ပြန်ဆုတ်ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံအင်ပါယာ၏ အေးစက်စက်အသံက ဝမ်လင်း၏ နားဘေးနားမှ ထွက်ပေါ်လာ၏။

“ကောင်းကင်ခြင်္သေ့သားရဲ…”  တချိန်တည်းမှာ ကောင်းကင်ဘုံအင်ပါယာက သူ့လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။

ထိုဝေ့ယမ်းခြင်းက ငါးရောင်စုံမီးတောက်တစ်ခုကို ပေါ်လာစေသည်။ ၎င်းထံမှ အစွမ်းထက်လှသော အပူလှိုင်းတစ်ခုကို ထုတ်လွှတ်လျက် ကောင်းကင်ခြင်္သေ့သားရဲထံ အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။

မျက်စိတမှိတ်အတွင်း ငါးရောင်စုံမီးတောက်က ငါးရောင်စုံမီးပင်လယ်အဖြစ်သို့ ပြောင်းကာ ဒဏ်ရာရထားသော ကောင်းကင်ခြင်္သေ့သားရဲ ပတ်လည်ကို ခြုံလွှမ်းသည်။ ထိတ်လန့်တကြား ဟိန်းအော်သံတစ်သံသည် ပဲ့တင်ထပ်ကာ ကောင်းကင်တခွင်တွင် ဆူပွက်နေသော ဆီအလား ပြန့်ကြဲလာသည့် သွေးများစွာသည် လိုက်ပါလာပြီးနောက် နန်းတော်ထံ ကျဆင်းလာလေ၏။

ထိုမြင်ကွင်းကို ကျင့်ကြံသူအားလုံးက တွေ့မြင်၏။ သူတို့၏စိတ်နှလုံးများသည် တုန်ယင်ကုန်သည်။ မည်သူက ဦးဆုံး စတင် ဒူးထောက်လိုက်သည် မသိရပါဘဲ သိပ်မကြာခင်တွင် ကောင်းကင်ဘုံတာအိုဘုံကျောင်း အပြင်ဘက်ရှိ ကျင့်ကြံသူအားလုံးသည် မြေပြင်ထက်သို့ ဒူးထောက်လိုက်ကြသည်။

“ကျုပ်တို့ အင်ပါယာရဲ့ မိုးထွင်းမတတ် ခွန်အား…”

“ကျုပ်တို့အင်ပါယာရဲ့ မိုးထိမတတ်ခွန်အား…”

ဒူးထောက်နေသော ကျင့်ကြံသူထောင်သောင်းချီ၏ အသံသည် မိုးကြိုးဟိန်းသံအလား သံပြိုင်ထွက်လာကာ နန်းတော်တခွင် ပဲ့တင်ထပ်သည်။ ကောင်းကင်ဘုံအင်ပါယာ၏ စွမ်းအားသည် ကောင်းကင်ဘုံကလန်ရှေ့၌ ပြသလိုက်ခြင်းတည်း။

ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည်လည်း ထိုဒဏ်ရာရထားသော ခြင်္သေ့ကို သတ်နိုင်ပေသည်။ သို့သော် ကောင်းကင်ဘုံအင်ပါယာ ပြုလုပ်သကဲ့သို့ အလွယ်တကူတော့ လုပ်နိုင်မည် မဟုတ်ပါ။ သူသည် စိတ်ဝိညာဉ်ချပ်ဝတ်ကို ငှားယမ်းကာ သူ့ကိုယ်ပွားထံမှ စွမ်းအားအချို့ကိုပင် ငှားယမ်းရနိုင်၏။

“မဟာအင်ပါယာ…”  ဝမ်လင်း၏အမူအရာက တည်ငြိမ်၏။ သူသည် သူ့အတွေးများကို တစွန်းတစမျှပင် မထုတ်ဖော်ပြပေ။

ထိုအခိုက်တွင် မီးပင်လယ်သည် လွင့်ပြယ်သွား၏။ ဆံဖြူအမျှင်တန်းတစ်ခုက ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ထိုဆံဖြူအမျှင်တန်းက အင်ပါယာဆရာသခင်၏ မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။

သူသည်သာမက နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ကောင်းကင်ဘုံအင်ပါယာသည်ပင် ရုတ်တရက် မော့ကြည့်လာ၏။ သူက ထိုဆံဖြူအမျှင်တန်း ကျဆင်းနေသည်ကို ကြည့်ကာ သူ့မျက်လုံးထဲတွင် အံ့အားသင့်ဟန် အရိပ်အမြွက် ဖြစ်ပေါ်သည်။

“ငါ့အဆုံးစွန်မီးတာအိုနဲ့တောင် မလောင်ကျွမ်းနိုင်တဲ့ ဆံဖြူအမျှင်…ဒီအရာဟာ…”

ဝမ်လင်း၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်၏။ ယင်းဆံဖြူအမျှင်က သူ့ကို ရင်းနှီးသောခံစားချက်အား ပေးနေ၏။ သို့သော် ထိုခံစားချက်က ဖြတ်ခနဲ ပေါ်လာတာသာ ဖြစ်၏။

ဝမ်လင်းက တုံ့နှေးမနေဘဲ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

ဘုံကျောင်းအတွင်းရှိ ကောင်းကင်ဘုံအင်ပါယာကလည်း သူ့လက်ကို လေဟာနယ်ထံ ပင့်မြှောက်လိုက်၏။ ငါးရောင်စုံမီးဖြင့် ပြုလုပ်ထားသော လက်ကြီးတစ်ဖက် ပေါ်လာကာ ထိုဆံဖြူအမျှင်တန်းဆီ ဆန့်တန်းလာသည်။

ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာနှင့် မယှဉ်နိုင်ပေ။ ကောင်းကင်ဘုံအင်ပါယာ၏ ငါးရောင်စုံမီးလက်ဝါးက ထိုဆံမျှင်ရှေ့တွင် ပေါ်လာကာ ၎င်းကို ဖမ်းဆုပ်သည်။

သို့သော် ထိုအခိုက်တွင် ငါးရောင်စုံလက်ဝါးက တုန်ယင်သွားကာ ၎င်းဆံမျှင်က လက်ဝါးကို ထွင်းဖောက်ပြီး ဆက်၍ ကျဆင်းလာ၏။ လူတိုင်းက ဤအဖြစ်ကို တွေ့မြင်သည်။ ဝမ်လင်းသည် ချက်ခြင်းလိုလို ၎င်းဆံမျှင်ဘေးတွင် ပေါ်လာပြီး ၎င်းအား ဖမ်းယူလိုက်၏။

“ကောင်းကင်ဘုံအင်ပါယာက ဒီရတနာကို ချီးမြှင့်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…”

ဝမ်လင်းသည် ထိုသို့ဆိုကာ တဖက်သို့ လှည့်၍ ကောင်းကင်ဘုံတာအိုဘုံကျောင်းထံ ဦးညွှတ်လိုက်သည်။

All Chapters