← Chapters

တောင်တွေမှာ ကျားတွေ ပုန်းအောင်းနေမလား…

Vol. 147 Ch. 2036

တောင်တွေမှာ ကျားတွေ ပုန်းအောင်းနေမလား…

Vol. 147 Ch. 2036

ရှုလီကော၏ ခန္ဓာကိုယ်သည် ဝမ်လင်းကို မင်သက်ကြောင်ရီစွာ ကြည့်ကာ တုန်ယင်နေ၏။ သူ့စိတ်ထဲရှိ ပေါ်လာသောအရာများက သူ့ကို မျက်ရည်ကျလာစေသည်။

သူ ဝမ်လင်းကို မှတ်မိ၏။ ဝမ်လင်းက သူ့ကို မကောင်းဆိုးဝါးအဖြစ် သန့်စင်ခဲ့တာကိုလည်း ပြန်မှတ်မိ၏။

သူသည် ဝမ်လင်းနောက်သို့ နှစ်ပေါင်းထောင်ချီ လိုက်လံခဲ့သည်ကို မှတ်မိ၏။ သူသည် အရာအားလုံးကို ပြန်မှတ်မိ၏။ သူ့သခင်ဖြစ်သူ၊ သူ မိစ္ဆာကောင်ဟု ခေါ်ဝေါ်ခဲ့သော ဝမ်လင်းထံမှ စကားများကိုပါ မှတ်မိလာ၏။

သူက လှိုဏ်ဂူလောကကနေ ထွက်ခွာလာပြီးနောက် အပြည့်အဝ ပြန်နိုးထလာခဲ့ပြီကို မှတ်မိလိုက်ပေပြီ။

“သ…သခင်…”  ရှုလီကော၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ၏မျက်လုံးမှာ ပြူးကျယ်နေသည်။ သူသည် ခြေလှမ်းအနည်းငယ် အမြန်လှမ်းကာ အရူးကို ကျော်၍ ဝမ်လင်းထံ လျှောက်လာ၏။ သူက ဘေးရှိ သူ့ကို နှုတ်ဆက်ရန် ဟန်ပြင်နေသော လျှိုကျင်းပြောင်ကိုလည်း တွန်းထုတ်လိုက်သည်။

မင်သက်နေပသော လျှိုကျင်းပြောင်ကို ဘေးသို့ တွန်းဖယ်ပြီးနောက် ရှုလီကောသည် လျှိုကျင်းပြောင် ရပ်နေသော နေရာတွင် ရပ်၏။ သူ့မျက်နှာထက်ရှိ တုန်လှုပ်မှုကလည်း သူ့ အလေ့အထ ဖြစ်သော ဖားယားမှုသို့ ပြောင်းသွားလေသည်။

“သခင်…ဒီကောင်လေးရှုက နောက်ဆုံးတော့ သခင့်ကို ပြန်ဆုံရပြီ။ ဒီနှစ်တွေမှာ ကောင်လေးရှုက သခင့်အကြောင်း ညတိုင်း အိပ်မက်မက်နေခဲ့တာပါ။ သခင်နဲ့ ထပ်ပြီး ပြန်တွေ့ရမှာကို မစောင့်နိုင် ဖြစ်ခဲ့ရပါတယ်…”

“သခင်… ဒီကောင်လေးရှုရဲ့ သင့်အပေါ် သစ္စာရှိမှုဟာ အချိန်ကာလကြောင့် ပြောင်းလဲသွားလိမ့်မှာ မဟုတ်ဘူး။ မတူညီတဲ့ဘဝကြောင့်လည်း အကျွန်ဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ သခင်ဟာ ဒီဘဝမှာလည်း အကျွန့်ရဲ့ သခင်ပဲ။ နောက်ဘဝလည်း ထို့အတူပဲ။ နောက်နောင် ဘဝတွေမှာလည်း အကျွန့်ရဲ့ သခင်ပါပဲ…”

“သခင်…သင် ငါ့ကို မစွန့်ပစ်ရဘူး။ သင့် နောက်ကို လိုက်ခွင့်ပြုရမယ်။ သခင့်အတွက် မီးပင်လယ်ဖြတ်ဖြတ်၊ ဓားတောင်ကိုပဲ ကျော်ရကျော်ရ ငါ၊ ရှုလီကောဟာ ဘယ်တော့မှ မျက်မှောင်ကြုံ့မိမှာ မဟုတ်ဘူး…”

“သခင်…သင်နဲ့ငါ ပြန်ဆုံရတာ နောက်ကျပေမယ့် ငါဟာ သခင့်နောက်ကို အရှည်ကြာဆုံး လိုက်ခဲ့တဲ့သူပဲ။ တချို့သူတွေက ကံကောင်းလို့ သခင်နဲ့ စောစောစီးစီး ပြန်တွေ့ရတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ငါ့ရဲ့ သစ္စာရှိမှုကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ သခင်…နောက်ဆုံးတော့ ငါ သင့်ကို ပြန်တွေ့ရပြီ…”

ရှုလီကောသည် ထိုသို့ ပြောနေရင်း စိတ်လှုပ်တရှားဟန် ပြုမူကာ မျက်ရည်စများကိုပင် အတင်းညှစ်ထုတ်သည်ကို ဘေးတဖက်မှ လျှိုကျင်းပြောင်သည် မင်သက်စွာ ကြည့်နေမိလေသည်။

ထိုသို့ ပျော်မြူးကာ စိတ်လှုပ်တရှား အော်ပြောနေရင်းမှာပင် ရှုလီကောသည် လျှိုကျင်းပြောင်ကို ရက်စက်သောအကြည့်ဖြင့် စိုက်ကြည့်ဖို့ မမေ့ပေ။ သူက လျှိုကျင်းပြောင်ကို သူသည်သာ သူတို့၏သခင်လက်အောက်တွင် နံပါတ်တစ်အစေခံ ဖြစ်သည်ဟု ပြောနေသည့်နှယ်။

“ဟားဟား…ဘယ်သူကမှ ဒီမိစ္ဆာအကြောင်းကို ငါ့ ထက်ပိုမသိနိုင်ဘူး။ မင်းရဲ့ဘိုးဘိုးရှုက ဒီမိစ္ဆာကောင် နောက်ကို လိုက်ခဲ့တဲ့အချိန်တုန်းက မင်းဆိုတဲ့ ကောင်လေးလျှိုကျင်းပြောင်ဟာ တနေရာရာမှာ လူတွေကို လှည့်ဖြားနေတုန်းပဲ ရှိအုံးမယ်။ မင်းက ငါ့ရှိကနေ သခင့်ရဲ့ သဘောကျမှုကို လုယူချင်တာလား။ လဲသေလိုက်။ ဒီလျှိုကျင်းပြောင်မှာ သူက ငါ့ကို ဖိနှိပ်နိုင်တဲ့ဆိုတဲ့ အတွေး ရှိကို ရှိနေလိမ့်မယ်…”

“ဟက်… သူ့ရဲ့ဘိုးဘိုးရှုကို လာရှုပ်လို့ မရဘူးဆိုတာကို ငါ သူ့ကို ပညာပြပေးဖို့ လိုပြီ…”

ရှုလီကောက စိုက်ကြည့်ခြင်းကို ခံရသည့်အခါ လျှိုကျင်းပြောင်သည် စိတ်နှလုံး တုန်ယင်မိသွား၏။ ရှုလီကောသည် သူ့အပေါ်၌ အရိပ်ကြီးတစ်ခု ချန်ထားခဲ့သူ မဟုတ်လား။ သူသည် တုံ့ဆိုင်းဆိုင်း ဖြစ်ကာ စကားဆိုရန် ဟန်ပြင်လိုက်စဉ် သူ့ဘေးမှ အော်သံတစ်သံ ထွက်ပေါ်လာ၏။

လက်ချောင်းတချောင်း အရွယ်အစားထိ ကြုံ့နေသော ပင်လယ်နဂါးက လျှိုကျင်းပြောင်၏ ပုခုံးထက်တွင် လှဲလျောင်းနေစည် ရှုလီကော ဟူသော အသံကို ကြားသည့်အခါ ရုတ်တရက် မော့ကြည့်လာ၏။ ၎င်းက ရှုလီကောကို ရက်စက်လိုဟန် စိုက်ကြည့်ကာ ဟိန်းသံပေးလိုက်သည်။

၎င်း၏ဟိန်းသံက ရှုလီကောကို မင်သက်သွားစေသည်။

လျှိုကျင်းပြောင်က ဂုဏ်ယူဟန် အမူအရာ လှစ်ဟဖော်၏။ ဝမ်လင်းသည် ဒီနေရာတွင် ရှိမနေပါက သူသည် ရယ်မောမိပေလိမ့်မည်။

“ဟားဟား…ကံကောင်းစွာနဲ့ ငါ တင်ကြိုပြီး ပြင်ဆင်ထားခဲ့လိုပေါ့။ ဒီပင်လယ်နဂါး ရှိနေလို့ပေါ့။ အခု ရှုလီကော ဘယ်လိုများ မောက်မာနိုင်အုံးမလဲ ငါ မြင်ချင်မိတယ်…”

လျှိုကျင်းပြောင်က ဂုဏ်ယူမော်ကြွားဟန် အမူအရာဖြင့် သူ့ညာလက်ကို ပင်လယ်နဂါး၏ ကျောပေါ်သို့ ပုတ်လိုက်သည်။ သူက ထို့နောက် ရှုလီကောထံ ခပ်တင်းတင်းလှမ်းကြည့်သည်။

ဝမ်လင်းက သူတို့၏အကြည့်တို့ကို လစ်လျူရှုထားကာ ရှုလီကော၏ စကားတို့ကြောင့် မင်သက်နေသော အရူးထံ လှမ်းကြည့်လိုက်၏။

ထိုအခိုက်တွင် အရူးသည် ဝမ်လင်းကို ပြဿနာရှာဖို့ မေ့နေခဲ့ပြီ ဖြစ်၏။ ထိုအစား သူက ရှုလီကောကိုသာ ကြည့်နေ၏။

“အနီရောင်လေး…အနီရောင်လေး…မင်း ဘာတွေ ပြောနေတာလဲ။ အား…။ ငါက မင်း သခင် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် မင်းရဲ့သခင် ဖြစ်လာရတာလဲ…။ ငါက မင်းသခင်လား။ ဒါမှမဟုတ် သူက မင်း သခင်လား…။ မင်းရဲ့ သခင်က ဘယ်သူလဲ…”

အရူးသည် စိတ်တော်တော်ပူပန်လာကာ အရူးကို လှမ်းဆွဲ၏။

ရှုလီကောက သူနှင့်အတူ တစ်ယောက် ပါလာသည်ကို အမှတ်ရလိုက်ကာ အရူးထံ လှည့်ပြန်ကြည့်၏။ သူ့မှတ်ဉာဏ်များ ပြန်ရရှိလာပြီးနောက် အရူးအပေါ် ရှုလီကော၏အကြည့်က အရင်နှင့် ကွာခြားသွားခဲ့ပေပြီ။

“မင်းရဲ့လက်ကို လွှတ်လိုက်။ မင်း ဘိုးဘိုးရဲ့သခင်ဟာ ဒီမိစ္ဆာ…။ ဒီကောင်းမွန်ပြီး ဉာဏ်ကောင်းလှတဲ့ သခင်ပဲ…”

ထိုအခိုက်တွင် သူက ဝမ်လင်းထံ ခပ်သွက်သွက်လှမ်းကြည့်၏။ သူ့ စိတ်နှလုံး တချက် ခုန်ပေါက်သွားပေသည်။ သူသည် ဒီမိစ္ဆာကောင်(ဝါ)ဝမ်လင်းနှင့် အတူရှိခဲ့ဖူးတာ အချိန်ကာလအားဖြင့် ရှည်ကြာလှခဲ့သည် မဟုတ်လား။

“ငါနဲ့ ဝေးဝေးကို ထွက်သွားစမ်း….။ မင်းရဲ့ဘိုးဘိုးရှုကို လာမရှုပ်နဲ့…”

ရှုလီကောက အရူးလက်ထဲကနေ အလွတ်ရုန်းကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူက ရင်ကော့ကာ သစ္စာရှိကြောင်း ဝမ်လင်းကို ပြသသည်။

အရူး၏မျက်နှာထက်တွင် ဝမ်းနည်းမှုတို့ ပြည့်လာ၏။သူ့မျက်လုံးက ချက်ခြင်း နီရဲလာသည်။ သူက ဝမ်လင်းကို လှမ်းအော်တော့သည်။

“မင်းပဲ။ မင်းဘဲ ငါ့ကောင်လေးပန်းပွင့်ရဲ့ အဘိုးကို ဒဏ်ရာရအောင်လုပ်ခဲ့တာ။ အခုလည်း ငါ့ရှိကနေ အနီရောင်လေးကို လုသွားပြန်ပြီ။ အား…အနီရောင်လေး…အနီရောင်လေး…”

အရူးသည် ရှေ့သို့ တရကြမ်း ပြေးလာကာ ဝမ်လင်း၏ လည်တိုင်ကို သိုင်းကာ ဖမ်းကိုင်လိုက်၏။

ဝမ်လင်းသည် သူ့ရှေ့ရှိ ဆူညံနေသော အရူးကို ကြည့်ကာ စိတ်ရှုပ်ထွေးဟန် အမူအရာဖြင့် သက်ပြင်းချလိုက်၏။

“အရူး…။ ငါ မင်းကို တွေ့ရဖို့ ရှေးဘိုးဘေးမြို့ကို လာခဲ့တာပဲ။ မင်းက ငါ့ကို မမှတ်မိမှတော့ မင်းအနေနဲ့ လှိုဏ်ဂူလောကမှာတုန်းက ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်တစ်ခုလို့ပဲ ယူဆနိုင်တယ်။ အရူး…ငါ ထွက်သွားတော့မယ်…”

ဝမ်လင်းက မျက်လုံးမှိတ်ကာ အရူးက သူ့လည်ပင်းကို သိုင်းဖတ်ထားသည်အား ခွင့်ပြုထားလိုက်၏။ တအောင့်အကြာတွင် ညင်သာသောအားတစ်ခုက အရူးကို ပေအနည်းငယ်အကွာသို့ တွန်းထုတ်သွားလေ၏။

ဝမ်လင်းက မျက်လုံးဖွင့်ကာ နောက်လှည့်၍ သည်မြို့အပြင်ဘက်ရှိ ကွင်းပြင်ထံ ဦးတည်ကာ လျှောက်လှမ်းသွားတော့သည်။

ရှုလီကောနှင့် လျှိုကျင်းပြောင်တို့က ခပ်သွက်သွက် နောက်မှ လိုက်ပါလာပြီး အရူးကို လစ်လျူရှု၍ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ကြ၏။ သို့သော် လျှိုကျင်းပြောင်၏ ဂုဏ်ဝင့်နေသောဟန်ပန်ကြောင့်  ရှုလီကောမှာ အတော်လေး ဒေါသပုန်ထနေ၏။ အကြောင်းကား လျှိုကျင်းပြောင်ရှိ ပုခုံးထက်ရှိ ပင်လယ်နဂါးကလည်း သူ့အား ရက်စက်လိုဟန်ဖြင့် စိုက်ကြည့်နေခြင်းကြောင့်ပင်။

“သေစမ်း…ဒါတော့ မလျော်ကန်ဘူး။ မင်းရဲ့ဘိုးဘိုးရှုမှာတော့ မျက်လုံးတစုံပဲ ရှိတာ။ ဒါပေမဲ့ ဒီသောက်လျှိုကျင်းပြောင်နဲ့ ရုပ်စိုးတဲ့မြွေမှာတော့ မျက်လုံးနှစ်စုံ ရှိတယ်။ ငါ…နည်းလမ်းတစ်ခု ရှာမှကို ဖြစ်မယ်။ မဟုတ်ရင်…ငါ့အဆင့်အတန်းကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး…”

ရှုလီကောသည် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

သူတို့သုံးယောက် လှမ်းလျှောက်လာစဉ် အရူးက ဂိတ်တံခါး၌ ရပ်နေပြီး အဝေးရှိ သူတို့သုံးယောက်ကို ကြည့်ကာ ခပ်တိုးတိုး အဆက်မပြတ် ရေရွတ်နေလေသည်။

“အနီရောင်လေး…အနီရောင်လေး။ မင်းက ဒီလိုမျိုး ဘာကြောင့် ထွက်သွားရတာလဲ။ သေစမ်း..မင်းက ဒီဘုရင်ရဲ့ အနီရောင်လေးကို ဘယ်လိုကြောင့်များ လုယူဝံ့ရတာလဲ။ ငါ ငါ့အစ်ကိုကြီးကို သွားတိုင်ပြောမယ်။ မဟုတ်သေးဘူး။ ငါ ငါ့ဆရာကို သွားပြောမယ်…”

“ဟက်…ဟက်…ငါ့ဆရာဟာ အလွန်ပဲအစွမ်းထက်တယ်။ သူ…သူ…”

အရူးသည် အဝေးရှိ လျှောက်လှမ်းသွားသော အဖြူရောင်ပုံရိပ်ကို ကြည့်ကာ မင်သက်မိသွားလေ၏။

“ဝမ်လင်း…ဝမ်လင်း…”  အရူး၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ၏ မှတ်ဉာဏ်ပေါ်ရှိ ချိပ်ပိတ်မှုအချို့ ပြေလျော့သွားသည့်အလား။ သူက တစ်ခုခုကို မှတ်မိအောင် ကြိုးစားနေသလိုပင်။

“လှိုဏ်ဂူလောက…ဝမ်လင်း…လေဟာနယ်…နိုးထခြင်း…”  အရူးသည် ထပ်မံ တုန်ယင်သွားကာ သူ့စိတ်ထဲ၌ ပုံရိပ်များ ပေါက်ကွဲထွက်လာသည်။

ထိုပုံရိပ်ထဲတွင် သူသည် သူ့ရှေ့ရှိ လူတစ်ယောက်ကို ကယ်တင်ခဲ့ကာ ထို့နောက်တွင် သူတို့သည် အိပ်မက်ထဲ၌ နစ်မြုပ်သွားခဲ့ကြ၏။ ထိုအိပ်မက်ထဲ၌ သူသည် သူ့လက်ပေါ်တွင် အမှတ်အသားအရိပ်အယောင်များကို ရှာဖွေနေခဲ့၏။

အရူးက သူ့လက်ကိုယ်သူ အလိုလို ပင့်မြှောက်ကာ ငုံ့ကြည့်လိုက်မိ၏။ သူက လက်ဝါးရာတစ်ခုသည် သူ့လက်ပေါ်တွင် ဖြည်းဖြည်းချင်းပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။

အရူးသည် သူကိုယ်တိုင်ပင် မသိပါဘဲ မျက်ရည်များ စီးကျလာ၏။ ထိုမျက်ရည်များက သူ့ပါးပေါ်ကနေ မြေပြင်ထက်သို့ တစက်စက် ကျဆင်းလာ၏။ သူက ခပ်ရေးရေး မှတ်မိသွားသည်။

သူ မှတ်မိသွား၏။ လှိုဏ်ဂူလောကအတွင်း၌ သူသည် အလောင်းတစ်ခုကို တွေ့ကြုံခဲ့ရတာကို မှတ်မိသွား၏။ သူက ထိုအလောင်း အသက်ပြန်ရှင်လာအောင် သူ့သွေးကို အသုံးပြုခဲ့တာအား ပြန်မှတ်မိသွားသည်။

သူက ထိုအလောင်း၏ အမည်မှာ ဝမ်လင်းဟု မှတ်မိသွားလေသည်။ ပြန်ရှင်သန်လာပြီးနောက် ထိုဝမ်လင်းဆိုသူမှာ သူ့အပေါ် အတော်လေး ကောင်းမွန်ခဲ့တာကိုလည်း သူ မှတ်မိသွားပေသည်။

သူသည် အိပ်မက်တာအိုအတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုလည်း ပြန်မှတ်မိသွား၏။

သူသည် သူ နောက်ထပ် နိုးထလာသည့်အခါတွင် သူ့အစ်ကိုကြီးကို တွေ့မြင်ခဲ့တာကိုပါ မှတ်မိသွားသည်။ ထို့နောက်တွင် အရာအားလုံးက ဝေဝါးသွားခဲ့၏။ သူ၏မှတ်ဉာဏ်များမှာ ချိပ်ပိတ်ခံလိုက်သလိုပင်။ သူ့အစ်ကိုကြီးက သူ့အပေါ် မန္တာန်တစ်ခု အသုံးပြုခဲ့ပုံ ရ၏။

သူက သူ့အစ်ကိုကြီး၏မျက်လုံးထံမှ ရက်စက်လိုသော အကြည့်တစ်ခုကိုသာ ဝိုးတဝါး မှတ်မိနိုင်၏။ ထိုအကြည့်က သူ့ကို ကြောက်လန့်စေခဲ့သည်။ သူသည် ဝမ်လင်း၏ အကူအညီကို ရှာချင်ခဲ့ပေသည်။

သူ မှတ်မိသွားလေပြီ။

အရူးက တုန်ယင်စွာဖြင့် လှမ်းအော်၏။ “ဝမ်လင်း…ဝမ်လင်း…ဝမ်လင်း…ဆရာ…”

သူ၏အသံ ပဲ့တင်ထပ်သည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူ၏ ထိုစကားသံတို့က ဝမ်လင်း၏စိတ်နှလုံးကို တုန်ယင်စေကာ ဝမ်လင်းအား ရုတ်တရက် နောက်လှည့်ကြည့်စေသည်။

သူ လှည့်ကြည့်လိုက်ချိန်၌ သူ့မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုံ့သွား၏။ သူက အရူး၏နောက်တွင် ရုတ်တရက် ရွှေရောင်ဝဲကတော့တစ်ခု ပေါ်လာကာ လူတစ်ယောက် လှမ်းထွက်လာတာအား တွေ့မြင်လိုက်၏။

ထိုသူက တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သရဖူဆောင်းထားပေသည်။ သူသည် ကောင်းကင်ဘုံအင်ပါယာပင်။ သူ ပေါ်လာသည်နှင့် နူးညံ့သောအကြည့်ကို ထုတ်ဖော်၍ သူ့ညာလက်ဖြင့် အရူး၏ပုခုံးကို လှမ်းဆုပ်ကိုင်လိုက်သည်။

ထိုလက် ကျရောက်လာသည့်အခါ အရူး၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု ပြန်ပေါ်လာ၏။ သူ့လက်ပေါ်ရှိ လက်ဝါးရာမှာလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

“ဝမ်လင်း…မင်း ထွက်သွားဖို့ ရည်ရွယ်ထားမှတော့ ငါ မင်းကို လိုက်မပို့တော့ဘူး။ တောက်ဖေရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာသလို ထင်ရတယ်။ ဒါ့ကြောင့် ငါ သူ့ကို ကောင်းကင်ဘုံဘိုးဘေးရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာကို ခေါ်သွားတော့မယ်။ သူ အပြည့်အဝ ပြန်ကောင်းမွန်လာတာလည်း ဖြစ်နိုင်လောက်တယ်…”

ကောင်းကင်ဘုံအင်ပါယာက ဝမ်လင်းကို ကြည့်ကာ ပြုံး၏။ ထို့နောက် သူက အရူးနှင့်အတူ ဝဲကတော့အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

လေနှင့်နှင်းတို့က ဆက်လက် တိုက်ခတ်ကျဆင်းလို့နေသည်။ အရာအားလုံးက ပုံရိပ်ယောင်တစ်ခုအလား။ ဝမ်လင်းသည် နေရာတွင်သာ ရပ်နေမိ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်ရွှေရောင်အလင်းတစ်ခု လှစ်ဟပေါ်လာ၏။

“ကောင်းကင်ဘုံဘိုးဘေးရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာ…။ ကောင်းကင်ဘုံအင်ပါယာရဲ့ စကားအရ ဒီနေရာဟာ နန်းတော်အောက်မှာပဲ။ သူက ငါ့ကို အဲ့နေရာကို သွားစေချင်နေတာပဲ…”

ဝမ်လင်းသည် ရှေးဘိုးဘေးမြို့ကို စိုက်ကြည့်ကာ သူ့အမူအရာက သုန်မှုန်နေ၏။

“အရူးရဲ့ အစောပိုင်းတုန်းက ခေါ်သံအရ သူ့မှတ်ဉာဏ် ပြန်ရလာတာ ထင်ရှားတယ်။ ဖြစ်နိုင်တာက ဒါတွေအားလုံးဟာ ကောင်းကင်ဘုံအင်ပါယာရဲ့ အစီအစဉ်များလား။ သူဟာ ငါ့ကို မထွက်သွားနိုင်အောင်လို့ အရူးနဲ့ သွေးဆောင်ပြီး နန်းတော်ရှိ အတင်းအကြပ် သွားရအောင် လုပ်နေတာပဲ…”

“ဦးဆုံးအနေနဲ့ ငါဟာ ဂုဏ်ထူးအခမ်းအနားကျင်းပတဲ့အချိန်တုန်းကလည်း အဲ့နန်းတော်ကို မသွားခဲ့ဘူး။ ပြီးတော့ ထောင်ချောက်လမ်းမရှည်။ ကောင်းကင်ဘုံအင်ပါယာဟာ အဲ့ထောင်ချောက်အစီအစဉ်မှာ ပါဝင်ပတ်သတ်ရမယ်။ သူဟာ ငါ့ကို ဖမ်းပြီး နန်းတော်ကို ခေါ်ဆောင်ချင်ခဲ့တာပဲ။ ဒါပေမဲ့ သူ ကျရှုံးခဲ့ပြီး ငါဟာ ကျိုးသဲနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့ရတယ်…”

“သူဟာ ကိုယ်တိုင်လည်း မလုပ်ဆောင်ချင်တဲ့ပုံပဲ။ ဒါ့ကြောင့် နန်းတော်ကို သွားရောက်ဖို့ ငါ့ကို အရူးနဲ့ ဖြားယောင်းတာပဲ…”

“ကောင်းကင်ဘုံဘိုးဘေးရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာ။ နန်းတော်…။ ကောင်းကင်ဘုံအင်ပါယာက ငါ့ကို အဲ့နေရာကို အတင်းအကြပ် သွားစေဖို့ ကြိုးပမ်းနေတာ ဘာကြောင့်များလည်း၊ အဲ့နေရာမှာ ဘယ်လိုလျှို့ဝှက်ချက်များ ရှိနေလို့လဲ…။ ငါ သွားသင့်လား၊ မသွားသင့်ဘူးလား…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူက ခေါင်းမော့လာသည်။ သူ၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နေသည်။

တခါတလေ လူတစ်ယောက်သည် အန္တရာယ်ရှိနိုင်တာကို သိနေခဲ့လျှင်ပင် ထိုလမ်းကြောင်းကို ဆက်လျှောက်ရတတ်သည် မဟုတ်လား။

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူက ညာလက်ကို ဝေ့ယမ်းကာ လျှိုကျင်းပြောင်၊ ရှုလီကောနှင့် ပင်လယ်နဂါးတို့ကို သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်၏။ နံနက်ခင်းနှင်းများသည် ကျဆင်းနေဆဲပင်။ သည်တစ်ကြိမ်၌ သူ၏ ဦးတည်ရာမှာ နန်းတော်ပင် ဖြစ်၏။

All Chapters