← Chapters

ရင်းနှီးသောအငွေ့အသက်များ

Vol. 108 Ch. 1499

ရင်းနှီးသောအငွေ့အသက်များ

Vol. 108 Ch. 1499

မန်ဟို၏အသံသည် ထူးခြားသောစွမ်းအားကို သယ်ဆောင်လျက် အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွား၏။

၎င်းက မန်ဟို၏အမှတ်တရများ၊ မန်ဟို၏တမ်းတမှုမှ လာသော စွမ်းအားဖြစ်သည်။ စွမ်းအားသည် အလင်းတန်းနှင့်အတူ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။

“ကြေးမုံ... ငါ့ဆီ ပြန်လာလော့....”

“ကြက်တူရွေး ... ငါ့ဆီ ပြန်လာလော့....”

“သခင်ငါး .... ငါ့ဆီ ပြန်လာလော့...”

မှန်ကွဲစရှစ်ခုမှ ဖြစ်ပေါ်လာသောအလင်းတန်း လူသူကင်းမဲ့သည့်မြေထုမှ တဟုန်ထိုး ထိုးတက်သွားစဉ် အာကာပြင်ကျယ်စကြဝဠာသည် တုန်ခါလာပြီး ကြယ်တာရာကောင်းကင်မှာလည်း လှုပ်ခတ်လာ၏။

ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များလည်း တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်တူသည်။ သူတို့၏အမူအရာများ ရိပ်ခနဲ ဖြစ်သွားကြပြီး အလင်းတန်းဘက်သို့ လှမ်းကြည့်လိုက်ကြတော့သည်။

မန်ဟို ကျန်ကြေးမုံများကို ရှာတွေ့ခဲ့သည့် နေရာများတွင် သူနှင့်တစ်ပွဲတစ်လမ်း နွှဲခဲ့သော အစွမ်းထက်ပညာရှင်များသည် မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားလျက် အဝေးသို့ လှမ်းကြည့်လိုက်ကြ၏။

ပုတ်သင်ဘုရင်။ ရက်စက်ကြမ်းကြုတ်သော ခေါင်းကြီး။ ရေခဲတောင်ဘီလူးနှင့် မီးငှက်။ သူတို့အားလုံး တစ်ချိန်တုန်းက သူတို့အပိုင် ဖြစ်ခဲ့သည့် အဖိုးထိုက်ရတနာများ၏ အငွေ့အသက်များကို အာရုံရလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လှုပ်လှုပ်ရှားရှားဖြစ်သွားသော တခြားဖြစ်တည်မှုများလည်း အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်း၌ ရှိသေးသည်။

အလင်းတန်းမှ လှိုင်းဂယက်များက အာကာပြင်ကျယ်စကြဝဠာတစ်လျှောက် ဖြာထွက်သွားသည်။ တစ်ချိန်တည်းမှာပင် စိတ်ဆန္ဒတစ်ခု နိုးထလာဟန်တူပြီး ဗလုံးထွေးထွေးအသံတစ်သံဖြင့် စကားပြောလိုက်၏။

“အဲဒီမန္တန်ဝင်္ကပါကို ဖျက်စီး။ သူ့ကို တားလိုက်...” အသံက မသဲကွဲသော်လည်း မရေမတွက်နိုင်သော ဖြစ်တည်မှုများ ကြားလိုက်ကြရ၍ စိတ်နှလုံးလှုပ်ခတ်သွားကြသည်။ ရုတ်တရက် စိတ်စွမ်းအားတစ်ရပ်က သူတို့၏ခန္ဓာကိုယ်များကို ထိန်းချုပ်လိုက်လေပြီ။ ချက်ချင်းပင် သူတို့သည် မန်ဟိုရှိရာဘက်သို့ အမြန်ဆုံး ပျံသန်းသွားကြ၏။

စူးစူးဝါးဝါးအော်သံများ ကြားရနိုင်သည့် မြူထုတစ်ခုရှိသည်။ ၎င်းအတွင်း၌ လျှို့ဝှက်ဆန်းကြယ်တစ္ဆေများကို မြင်ရနိုင်၏။ ထို့နောက် အဆိုပါတစ္ဆေတို့က သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်လျက် ကြယ်တာရာကောင်းကင်သို့ ထွက်လာကြတော့သည်။

ကြက်သွေးရောင်မြေထုတစ်ခုပေါ်မှ မီတာသုံးသောင်းအရှည် ကြက်သွေးရောင်နဂါးကြီးများ အာကာပြင်ကျယ်ထဲသို့ ပျံထွက်လာသဖြင့် ရက်ရက်စက်စက်ဟိန်းသံများ ပဲ့တင်ထပ်နေသည်။

ကြယ်တာရာကောင်းကင်အပြည့် စိုးမိုးနေသော ဖုန်မြူများအတွင်း၌ ဧရာမခေါင်းကြီးတစ်ခေါင်း လွင့်မျောနေသည်။ ၎င်းသည် လွန်ခဲ့သောခေတ်အသင်္ချေကတည်းက သေခဲ့ပြီးသားဖြစ်သော်လည်း ယခုတွင် မျက်ခွံများ ရုတ်တရက် ပွင့်လာ၏။ ခေါင်း၌ မျက်လုံးမရှိ၊ မျက်တွင်းဟောက်ပက်ဖြစ်သော်လည်း အနီရောင်တောက်နေသည်။ အချိန်အနည်းငယ်ကြာသော် မျက်တွင်းများအတွင်းမှ အနီ‌ရောင်အစက်များက အလင်းတန်းတစ်တန်းအသွင်ပြောင်းရင်း ပျံထွက်လာသည်။ ထိုအစက်တစ်စက်စီတိုင်းက နီနီရဲရဲပိုးကောင်များဖြစ်ကြ၏။

ဧရိယာတစ်ခုတွင် ဧရာမခေါင်းတလားကြီးတစ်ခု ပျံဝဲနေသည်။ အခေါင်းထဲ၌ အလောင်းတော့မရှိ၊ ပျက်စီးစုတ်ပြတ်နေ၏။ ရုတ်တရက် မျက်နှာကြီး ပေါ်လာပြီး ခေါင်းတလားအပြင်သို့ ထွက်လာသည်။

“အဲဒါ.... အာကာပြင်ကျယ်စကြဝဠာရဲ့ စိတ်ဆန္ဒပဲ...” အသံတစ်သံက ခပ်တိုးတိုး ရေရွတ်သည်။ အခေါင်းသည် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ မန်ဟို့ဆီ ဦးတည်လျက် အဝေးသို့ ရောက်နေချေပြီ။

ဖြစ်တည်မှုပေါင်းများစွာ ပေါ်လာသဖြင့် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်၌ လှိုင်းဂယက်များ ပြည့်နှက်နေသည်။ တချို့က သားရဲများ၊ တချို့က တခြားသက်ရှိအသွင်များဖြစ်သော်လည်း အားလုံးကား မန်ဟို့ဆီ ဦးတည်နေကြ၏။

လူသေကောင်လိုဝိညာဉ်များ၊ လူတစ်ပိုင်းနွားတစ်ပိုင်းများ၊ လက်တံများနှင့်သတ္တဝါများ၊ ကျောက်ဘီလူးကြီးများနှင့် ပုံမှန်လူအရွယ်အစား၏ သုံးပုံတစ်ပုံ ခန့်သာရှိသော အင်မတန်လှပသည့် သတ္တဝါများ ....

တည်ရှိသမျှ ဖြစ်တည်မှုအမျိုးအစားအားလုံးနီးပါးကို မြင်ရနိုင်သည်....

အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးကမ္ဘာလည်း တုန်လှုပ်သွားပြီး မရေမတွက်နိုင်သောကျင့်ကြံသူများက မျက်ထောင့်နီကြီးများဖြင့် အာကာပြင်ကျယ်စကြဝဠာအတွင်း ချီတက်သွားကြ၏။

ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်၏ ကြယ်တာရာကောင်းကင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါနေတော့သည်။

အာကာပြင်ကျယ်ဂြိုဟ်၏ ပထမဂိုဏ်း၌ ... ဟန်ပေ့သည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ ရုတ်တရက် သူမမျက်လုံးများ ဖွင့်လာပြီး ထူးဆန်းစွာ တောက်ပနေသည်။ သူမက ဖျတ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ကြယ်တာရာကောင်းကင်ထဲတွင် ပြန်ပေါ်လာသည်။

ထိုအရာအားလုံးအပြင် အငွေ့အသက်များကို သတိထားမိသော နောက်တစ်ခုလည်း ရှိသေးသည်။ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အစပ်နားရှိ ချောင်ကျကျနေရာတွင် ... နွမ်းခြောက်ခြောက် သစ်ပင်တစ်ပင်ကို မြင်ရလိမ့်မည်။ သစ်ပင်၏ ပင်စည်အတွင်း၌ ... ကြေးမုံ မြုပ်နေလေသည်။

ကြေးမုံသည် ရုတ်တရက် တဝီဝီ တုန်ခါလာပြီး တောက်ပသောအရောင်အဝါကို ထုတ်လွှတ်လိုက်၏။ ထို့နောက် ကြက်တူရွေးတစ်ကောင်၏ ပုံရိပ်အား မြင်လာရသည်။

ကြက်တူရွေးသည် အတိတ်ကို ပြန်တွေးနေသည့်အလား အဝေးကို ကြည့်ရင်း ဇဝေဇဝါဖြစ်နေဟန် တူ၏။ အတန်ကြာသော် ၎င်း၏မျက်ဝန်းများက ငေးကြောင်သွားလေသည်။

“တစ်ယောက်ယောက် ... ငါ့ကို ဆင့်ခေါ်နေတယ်....

“ဒီအရှိန်အဝါက သိပ်ရင်းနှီးနေပေမယ့် ဘယ်သူလဲ ငါ မမှတ်မိဘူး...

“ဒါပေမဲ့ ကြည့်စမ်း ငါ့ကို သခင်ငါးလို့ ခေါ်နေတယ်... မဆိုးဘူး ငါ သဘောကျတယ်။ ရင်းနှီးနေသလိုပဲ၊ သိပ်ရင်းနှီးနေသလိုပဲ...” အတန်ကြာသော် ကြက်တူရွေးက မှေးမှိန်ပျောက်ကွယ်သွားသည်။ ထို့နောက် ကြေးမုံသည် သစ်ပင်ထဲမှ ပျံထွက်လာပြီး ခေါ်သံရှိရာဘက်သို့ တဟုန်ထိုး ထွက်သွားသော အလင်းတန်းတစ်တန်းဖြစ်သွား၏။

ထိုစဉ် မန်ဟိုကား အာကာပြင်ကျယ်စကြဝဠာထဲရှိ မြေထုအပေါ်တွင် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သည်။ သူ၏နတ်ဘုရားအာရုံက အရပ်လေးမျက်နှာသို့ ဖြာထွက်နေရာ သူ့အား အာကာပြင်ကျယ်စကြဝဠာ မည်မျှတုန်လှုပ်နေမှန်း ခံစားလိုက်ရစေသည်။ သဲသဲကွဲကွဲမမြင်နိုင်သည့်တိုင် ကြေးမုံ၏တည်နေရာကို သူ အာရုံရလိုက်ပြီး ...လောလောဆယ် သူ့ဆီ အမြန်ဆုံးလာနေကြောင်းကိုလည်း ခံစားလိုက်ရ၏။

“လာနေပြီ။ တကယ် လာနေပြီ....” သူ့တစ်ကိုယ်လုံး တုန်ရီလာပြီး သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တဖျတ်ဖျတ် လက်လာသည်။ ကြေးမုံနှင့် ပြန်ဆုံစည်းရမည့် ဤအခွင့်အရေးကို သူ စောင့်စားနေခဲ့ရသည်မှာ နှစ်ပေါင်းရာချီ ကြာခဲ့ချေပြီ။

“အသားဂျယ်လီသာ ရှိရင် ကောင်းမှာပဲ....” မန်ဟိုက ဝမ်းနည်းစွာ တွေးလိုက်သည်။ သို့သော် အသားဂျယ်လီကို အသက်ပြန်သွင်းနိုင်မည့်နေ့ ရောက်လာလိမ့်မည်ဟု ယုံကြည်ချက်ရှိသဖြင့် သူသည် အသက်ပြင်းပြင်းရှူလိုက်၏။

“ကြေးမုံ ဘယ်လောက်မြန်မြန် ရွေ့လျားလာလဲ ကြည့်ရင် ဒီကို ရောက်ဖို့ ခုနစ်ရက်လောက် ကြာလိမ့်မယ်” မန်ဟို၏မျက်လုံးများ လင်းလက်နေသည်။ ကြေးမုံအား ခံစားလိုက်ရသည့်အချိန်မှာပင် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်း၌ သူ့ကို ဆန့်ကျင်နေသော ကြောက်မက်ဖွယ် စိတ်ဆိုးစိတ်ညစ်တစ်ခုကိုလည်း သူ ခံစားလိုက်ရ၏။

အဆိုပါဆိုးညစ်သော စိတ်ဆန္ဒသည် အသက်ကို ထိခိုက်နိုင်ဟန်တူ၏။ စိတ်ဆိုးစိတ်ညစ် ပျံ့နှံ့နေစဉ် မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များ သူ့ဆီ လာနေကြောင်း မန်ဟို ပြောနိုင်သည်။

ထိုမျှသာမက စိတ်ဆိုးစိတ်ညစ်အပြင် သူ၏ရန်သူများကို ကောင်းချီးပေးနေသောအရာတစ်ခုလည်း ရှိသည်။ ၎င်းက သူတို့၏အမြန်နှုန်းကို နေရာရွှေ့ပြောင်းနေသည့်အလား ကြောက်ခမန်းလိလိ တိုးတက်နေစေရာ သူတို့အား ကြေးမုံထက် ပို၍လျင်မြန်စွာ ရွေ့လျားလာစေသည်။

“တော်သေးတာပေါ့ ဒီမန္တန်ဝင်္ကပါတွေ ခင်းထားတာ အလကားမဖြစ်တော့ဘူး....” မန်ဟိုသည် မန္တန်ဝင်္ကပါအကုန်လုံးခင်းကျင်းဖို့ ဆယ်နှစ်အချိန်ဖြုန်းနေခဲ့သည့်အတွင်း ကြက်တူရွေးကို ဆင့်ခေါ်လိုစိတ်တို့ ပြင်းပြနေခဲ့သော်လည်း ယခုမူ သေချာပေါက်တန်ကြောင်း သဘောပေါက်လိုက်လေပြီ။

ဤအချိန်တွင် အပေါ်ရှိ ကြယ်တာရာကောင်းကင်ထက်၌ ပထမဆုံးရန်သူမျိုးစိတ် ပေါ်လာသည်။ ပကတိမျက်စိဖြင့် မမြင်ရသော်လည်း နတ်ဘုရားအာရုံမှတစ်ဆင့် တွေ့ရှိနိုင်သည့် လျှို့ဝှက်ဆန်းကြယ်တစ္ဆေများလည်း အမြန်ဆုံး ချဉ်းကပ်လာနေကြ၏။ ၎င်းတို့သည် ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်ပြီး ပေါ်လာလျှင်ချင်း တဂျုန်းဂျုန်းမြည်သံများကို ထုတ်လွှတ်လျက် မန်ဟို့ဆီ ပြေးဝင်လာကြတော့သည်။

မန်ဟိုက ၎င်းတို့ကို သွေးအေးအေး မော့ကြည့်သည်။ မြေထုအနားပင် မကပ်နိုင်ခင် တစ္ဆေများသည် မမြင်ရသောပိုက်ကွန်တစ်ခုကို ဝင်တိုက်သွားကြ၏။ အရောင်အဝါများ လင်းလက်ပြိုးပြက်သွားပြီး တစ္ဆေများမှာ မချိတင်ကဲ အော်ဟစ်လိုက်ကြသည်။

ပိုက်ကွန်ကြီးကြောင့် ၎င်းတို့၏ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက်သွားသည်ကို နတ်ဘုရားအာရုံမှတစ်ဆင့် မန်ဟို မြင်လိုက်ရသည်။ သို့သော် ၎င်းတို့ပင် မပျောက်ကွယ်သေးမီ အဝေး၌ တစ္ဆေများ ထပ်ပေါ်လာသည်။

၎င်းတို့ကား အဆုံးမရှိသည့်အလား မြေထု၏ပတ်ပတ်လည်တွင် အုံလိုက်ကျင်းလိုက် ပျံဝဲနေကြသည်။ ရေကြည့်လျှင် အနည်းဆုံးတစ်သန်း ရှိလိမ့်မည်။ ထို့နောက် တစ္ဆေများ တိုက်ခိုက်ဖို့ အုပ်လိုက်ကြီးချီတက်လာသော မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းနေတော့သည်။

တအုန်းအုန်း မြည်ဟည်းပြီး မြေထုတစ်ခုလုံး လှုပ်ခတ်သွားသော်လည်း မန်ဟိုက အမူအရာမပျက် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ထိုအခါ သူ ခင်းကျင်းခဲ့သော ဒိုင်းအလွှာကိုးထပ်အနက်မှ ပထမဆုံးအလွှာသည် လင်းလက်စွာ တောက်ပလာကာ တစ္ဆေများကို စတင်ဖျက်စီး၏။

တစ္ဆေများက သေရမည်ကို လုံးဝကြောက်ဟန်မတူပေ။ ၎င်းတို့က ဒိုင်းကို ကိုယ်နှင့်ဝင်တိုက်ကာ ပျက်စီးတော့မည့်အလား တုန်ခါအက်ကွဲလာစေသည်။ မန်ဟို၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်လာပြီး သူက အေးစက်စက် နှာမှုတ်သည်။ ထို့နောက် သူ၏လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ မြေကြီးအား ရိုက်လိုက်သည်။

“ပေါက်ကွဲစမ်း”

ချက်ချင်းပင် ပထမဒိုင်းအလွှာက မျက်စိကျိန်းမတတ် တောက်ပလာပြီးနောက် အဖျက်အစီးလှိုင်းတစ်လုံးအား အရပ်လေးမျက်နှာသို့ စေလွှတ်လိုက်သည်။ လှိုင်းသည် သေမင်းလှိုင်းလုံးကြီးသဖွယ် တစ္ဆေများကို အုပ်မိုးကာ အပြတ်ရှင်းလိုက်သဖြင့် သွေးပျက်စွာအော်သံများသာ ပဲ့တင်ထပ်ကျန်ခဲ့၏။

၎င်းတို့အနက် တချို့မှာ မယုံနိုင်လောက်အောင် အင်အားကြီးမားသော်လည်း သူတို့ပင်လျှင် ဖျက်စီးမှုကို မရှောင်လွှဲနိုင်ပေ။ အားလှိုင်းပျောက်ကွယ်သွားသည့်အခါ ပါရာဂွန်အဆင့်မှအပ တစ္ဆေကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်လုံး သုတ်သင်ခံခဲ့ရလေပြီ။

ကျန်ခဲ့သောပါရာဂွန်အဆင့် တစ္ဆေခုနစ်ကောင်အနက် နှစ်ကောင်က အနှစ်သာရ ၉ ခုအဆင့် ဖြစ်ကြသည်။

၎င်းတို့မှာ ကြောင်တောင်တောင်အမူအရာများဖြင့် စုတ်ပြတ်သပ်နေသော်လည်း ဆက်လက်တိုက်ခိုက်နေကြဆဲပင်။ မန်ဟိုက နှာမှုတ်လျက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ ဒုတိယဒိုင်း၏အပြင်၌ မီးခိုးငွေ့များ လွင့်လူတက်လာစေသည်။ မီးခိုးငွေ့များသည် တစ္ဆေများကို ဆုပ်ကိုင်လိုက်သည့် လက်ကြီးတစ်ဖက်အဖြစ် လျင်မြန်စွာ ပြောင်းသွား၏။

ခုနစ်ကောင်အနက် သုံးကောင်လုံး ချေမှုန်းခံလိုက်ရသဖြင့် တအုန်းအုန်းမြည်သံများအား ကြားရနိုင်သည်။ ကျန်တစ္ဆေများ ထွက်ပြေးသွား၍ လက်ကြီး ၎င်းတို့အနောက် လိုက်တော့မည့်အချိန်မှာပဲ အသံဩဇာအပြည့်နှင့် ဟိန်းဟောက်သံကြီးကား အဝေးမှ ပဲ့တင်ထပ်လာတော့သည်။

အနီရောင်အလင်းတန်းတစ်တန်းသည် နေရာရွှေ့ပြောင်းနေသကဲ့သို့ အလွန်လျင်မြန်စွာ ရွေ့လျားလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ဧရာမလက်ကြီး၏အရှေ့တည့်တည့်၌ ပေါ်လာတော့သည်။ ထိုအလင်းတန်းမှာ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် စွမ်းအားတို့ကို ထုတ်ဖော်နေသော ကြက်သွေးရောင်ဧရာမနဂါးကြီးတစ်ကောင် ဖြစ်နေသည်။ နဂါးကြီးသည် လက်ကို ဝင်လိုက်သဖြင့် လက်မှာ ကွဲကြေသွား၏။ ထိုအခါ နဂါးက ရဲဆေးတင်ကာ တိုက်ခိုက်ဖို့ ပြေးဝင်လာသည်။

နဂါး ရှေ့သို့ရွေ့လျားသည့်အချိန်မှာပင် ကြက်သွေးရောင်နဂါးများစွာ အဝေး၌ ပေါ်လာသည်။ တစ်ကောင်ပြီးတစ်ကောင် မြင်ရနိုင်ပြီး သုံးကောင်က အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ဖြစ်ကြ၏။ ကျန်အကောင်များက အားနည်းသော်လည်း ကြက်သွေးရောင်နဂါးများကား အစကတည်းက အင်အားကြီးမားသောဖြစ်တည်မှုများ ဖြစ်သည့်အပြင် တစ်သန်းကျော်ရှိနေသည်။ နဂါးတို့သည် ကြယ်တာရာကောင်းကင်ကို စိုးမိုးလျက် ဒုတိယဒိုင်းအပေါ် ထိုးဆင်းလာကြ၏။

အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံလိုက်ရမှုကြောင့် မမြင်ရသောဒုတိယဒိုင်းမှာ တွန့်လိမ်သွားသဖြင့် မြေပြင်များ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ တခဏကြာသော် ဒိုင်းမှာ ပျက်စီးသွားတော့သည်။

ဖြစ်ပေါ်လာသော အပိုင်းအစများက တုန်ခါလှိုင်းတစ်လှိုင်းသဖွယ် လိမ့်ထွက်သွားသည်။ တုံ့ပြန်သည့်အနေဖြင့် အောက်ရှိမြေပြင်ထက်၌ ရပ်နေသည့် မန်ဟို၏မျက်ဝန်းများကား မီးဝင်းဝင်းတောက်လာတော့သည်။ ဤဒိုင်းများသည် ရွှေတုန်းလျှို၏အမွေအတွင်းမှ သူ ရရှိခဲ့သော အတတ်တစ်ခုမှ ဖန်ဆင်းခံထားရခြင်းဖြစ်၍ တောင်ပင်လယ်မဟာဒိုင်းကာနှင့် လွန်စွာဆင်တူပေသည်။

မန်ဟို၏လက်ရှိကျင့်ကြံအဆင့်အရ ဤဒိုင်းက တောင်ပင်လယ်လောကကို ကာကွယ်ခဲ့သည့် ဒိုင်းထက်များစွာပို၍ ခိုင်မာတောင့်တင်းလေသည်။ သို့ပင်ငြား ကြက်သွေးရောင်နဂါးများက ဒုတိယအလွှာကို ဖြိုခွဲနိုင်ခဲ့၏။

သို့သော် သူတို့ ပေးဆပ်ရသည့် တန်ဖိုးကလည်း ကြီးမားသည်။

All Chapters