အပိုင်း (၃၄၈) – အဲတုံးတဲ့လူက သရဲပဲ
Vol. 004 Ch. 348
ဝိညာဉ်သားရဲများသည် လူသားအနံ့ရသောအခါ တည်ဆောက်မှုဆီသို့ ချက်ချင်း ရောက်လာကြသည်။ သို့သော် တားဆီးထားသဖြင့် သူတို့သည် ကာကွယ်ရေးတည်ဆောက်မှုအား မနားတမ်း တိုက်ခိုက်တော့သည်။
“မမကြီး ဒါ ခံနိုင်ပါ့မလား”
“ဟုတ်တယ် သူက ငယ်သေးတာကို ဖြတ်လမ်းတည်ဆောက်မှုကို လုပ်နိုင်ပါ့မလား”
ဖြတ်လမ်းတည်ဆောက်မှုသခင်ဖြစ်ရန် လိုအပ်ချက်များမှာ မြင့်ကြသည်။ နေရာတစ်ခုလုံးကို ထိန်းချုပ် နိုင်ရမည်။ တည်ဆောက်မှု သခင်အများစုပင် ဖြတ်လမ်းတည်ဆောက်မှုကို မလုပ်နိုင်ကြပေ။
“သူ့ကို ယုံရုံအပြင် ဘာမှမတတ်နိုင်ဘူးလေ” ဂေါင်ဖေးဖေး ပြောလိုက်သည်။
သူမ ဘာသာ ဖောက်ထွက်ရသည်မှာ ပြဿနာမဟုတ်ပေ။ သို့သော် သူမ မျိုးနွယ်တစ်ခုလုံးကို ခေါ် ထုတ်ရန်အတွက်တော့ မလွယ်ကူပေ။
“ဘုန်း”
အံ့ဖွယ်သားရဲများသည် ကာကွယ်ရေးတည်ဆောက်မှုကို မနားတမ်း တိုက်ခိုက်လေသည်။ ပတ်ပတ်လည် တွင်လည်း ဝိညာဉ်သားရဲများ အပြည့်ပင်။
ကာကွယ်ရေးတည်ဆောက်မှု ပြိုလဲမလိုဖြစ်သည်မှာ အကြိမ်အနည်းငယ်ဖြစ်ပွားခဲ့သည်။ ဂေါင်မျိုးနွယ် ဝင်များသည် ရူးသွပ်နေသော ဝိညာဉ်သားရဲများကို မြင်သောအခါ ကြောက်လွန်းသဖြင့် ရင်များ တုန်နေလေသည်။
သို့သော် သူတို့သည် ရှီမာယူယူအား ကြည့်လိုက်ရာ သူသည် ဖြတ်လမ်းတည်ဆောက်မှုကို စိတ်ပေါ့ပါး စွာနှင့် ပူပင်မှုမရှိစွာ ဆောက်နေသည်ကို မြင်လိုက်သည်။
“ဒီမှာ အံ့ဖွယ်သားရဲတွေ ဒီလောက်များမှန်းသိရင် အစကတည်းက ရှီမာမျိုးနွယ်ရဲ့ ကာကွယ်ရေး တည်ဆောက်မှုကြီးကို လုပ်ခဲ့ပါတယ်၊ ဒါဆိုရင် ဖြတ်လမ်းတည်ဆောက်မှု လုပ်စရာတောင် မလိုတော့ဘူး” ရှီမာယူယူသည် လုပ်နေရင်းနှင့် ပြောလေသည်။
“ယူယူ ဒါ ကြာကြာ တောင့်မခံနိုင်တော့ဘူးထင်တယ်” ဝေကျိရွှီ ပြောလိုက်သည်။
ရှီမာယူယူသည် နောက်ဆုံးတည်ဆောက်မှု ကျောက်တုံးအား နေရာတွင်ထားကာ ပြောလိုက်သည် “အားလုံး လာခဲ့ကြတော့”
အားလုံးသည် သူမဘေးတွင်ရပ်လိုက်သည်နှင့် သူမသည် တည်ဆောက်မှုအား လျင်မြန်စွာ အသက် သွင်းလိုက်သည်။ အကြောင်းမှာ သူမသည် တည်ဆောက်မှုမှာ ယိမ်းယိုင်နေသည်ကို မြင်လိုက်ရသောကြောင့် ပင်။
ဖြတ်လမ်းတည်ဆောက်မှု အလင်းထွက်လာသည်နှင့် ကာကွယ်ရေးတည်ဆောက်မှုသည် ပြိုကွဲ သွားလေသည်။
အံ့ဖွယ်သားရဲများ ဝင်လာကြသည်။ သို့သော် သူတို့သည် သူတို့ရှေ့တွင် ပျောက်ကွယ်သွားသော လူ များကို ဟိန်းဟောက်နိုင်ရုံသာ တတ်နိုင်တော့သည်။
“ဝေါင်း” အံ့ဖွယ်သားရဲတစ်ကောင်သည် မြန်ဆန်သည်။ သူ့ လက်သည်းနှင့် ဖြတ်လမ်းတည်ဆောက်မှု အား ဖမ်းမိကာ သူပါ ပျောက်ကွယ်သွားလေသည်။
တောင်ကြားနှင့် မနီးမဝေး နေရာတွင် သူတို့အဖွဲ့သည် ကောင်းကင်ပေါ်မှ ကျလာလေ သည်။
“ရွှမ်း”
အားလုံး တုန့်ပြန်ချိန်မရလိုက်ခင်မှာပင် သူတို့သည် ဓားဖြင့် ခန္ဓာကိုယ်အား ခုတ်လိုက်သော အသံကို ကြားလိုက်ရသည်။
အားလုံးသည် အသံလာရာကို ကြည့်လိုက်ရာ ဂေါင်ဖေးဖေးသည် အံ့ဖွယ်သားရဲ၏ ရင်လတ်တည့်တည့်သို့ ဓားဖြင့် ထိုးလိုက်သည်ကို သိလိုက်ရသည်။
သူမ ဝိညာဉ်စွမ်းအင် ဓားသည် အံ့ဖွယ်သားရဲ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းကာ နှလုံးကို ကြေမွသွားစေ သည်။
“မမ” ဂေါင်လင်း အော်လိုက်သည်။
“ငါတို့ တည်ဆောက်မှုဝင်လိုက်တာနဲ့ ဒီအံ့ဖွယ်သားရဲ ဝင်လာတာကို သိလိုက်တယ်” ဂေါင်ဖေးဖေး ရှင်း ပြသည်။
ထို့ကြောင့်ပင် သူမ ချက်ချင်းပင် လှုပ်ရှားကာ ဖြတ်လမ်းတည်ဆောက်မှု မှထွက်သည်နှင့် တိုက်ခိုက် တော့သည်။
“ငါ သိပ်မဝေးတဲ့ နေရာကိုပဲ ဖြတ်လမ်းတည်ဆောက်မှုလုပ်နိုင်ခဲ့တယ်၊ ငါတို့ တောင်ကြားနဲ့ သိပ် မဝေးသေးဘူး၊ အဲဒါကြောင့် မြန်မြန်သွားရမယ်၊ ငါတို့ကို ထပ်ရှာတွေ့ပြီး လိုက်လာရင် ထပ် ဒုက္ခဖြစ်နေမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့အဖွဲ့သည် တောင်ကြားနှင့် ဆန့်ကျင်ဘက်နေရာသို့ သွားကြလေသည်။ သူတို့သည် တစ်ညလုံး ပြေးကာ နောက်နေ့မနက် နေထွက်လာမှပင် ရပ်တန့်လိုက်ကြသည်။
“အားလုံး ဒီမှာနားကြမယ်” ရှီမာယူယူသည် အန္တရာယ် ကျော်လွှားနိုင်ပြီဟု ခံစားလိုက်ရသည်နှင့် ပြော လိုက်သည်။
“ဟူး”
“င့ါ အတွင်းပိုင်းရွှီက တစ်ညလုံး ပြေးဖို့ သုံးလိုက်တာနဲ့ ကုန်ပြီပဲ” ဖက်တီးကျူသည် ဆေးထုတ် စားရင်း ပြောလေသည်။
အားလုံးသည် ဆေးထုတ်စားကာ သူတို့ ဝိညာဉ်ချီများ ပြန်ကောင်းလာစေရန် ထိုင်လိုက်ကြသည်။ ရှီမာယူယူသည် ဘေးတွင် ထိုင်ကာ ဟိန်းသံလေးနှင့် ငှက်လေးကို ခေါ်ထုတ်ကာ မေးလိုက်သည် “မင်းတို့ နှစ်ကောင် အဆင်ပြေလား”
“ယူယူ ငါအဆင်ပြေသွားပြီ” ဟိန်းသံလေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ လှိမ့်ဝင်ကာ မြူးထူးကာ ပြော လေသည်။
“မင်း အဆင်ပြေရင် ပြီးတာပဲ” ရှီမာယူယူသည် သူ၏ ရှည်လျားသော နားရွက်များကို ပုတ်ကာ ငှက်လေး ဘက်သို့ လှည့်ပြီး မေးလေသည် “ငှက်လေး မင်းရော ဘယ်လိုနေလဲ”
“သခင် ငါတို့ ဝိညာဉ်စေတီထဲဝင်လိုက်တာနဲ့ ပြန်ကောင်းသွားတယ်၊ အခုဆို တည်ငြိမ်နေပြီ” ငှက်လေး ပြောလိုက်သည်။
“ဒါဆိုရင် နတ်ဆိုးဖန်ကျောက်တုံး ဒီမှာ ရှိလားဆိုတာ ခံစားလို့ရလား” ရှီမာယူယူ မေးလိုက်သည်။
“မရှိဘူး” ငှက်လေးနှင့် ဟိန်းသံလေးတို့သည် နှစ်ကောင်လုံး ခေါင်းရမ်းလိုက်ကြသည်။
“မိုရှားပြောတာ မှန်တယ်၊ နေ့ဘက်ဆိုရင် လှုပ်ရှားမှုမရှိဘူးပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါဆိုရင် ငါတို့် နတ်ဆိုးဖန်ကျောက်တုံး ရှာဖို့ ပြန်သွားရမယ်”
“သခင် နတ်ဆိုးဖန်ကျောက်တုံးကို ဘာအတွက်ရှာမှာလဲ” ငှက်လေး နားမလည်ပေ။
ထိုပစ္စည်းသည် ဝိညာဉ်သားရဲများကို ဒုက္ခပေးသည်။ ဒါဆို သူတို့ဘာလို့ သွားရှာရမှာလဲ။
“အဲဒါ အသုံးဝင်တယ်လို့ မိုရှားပြောတယ်၊ သူဘာလို့ လိုချင်တာလဲတော့ ငါလည်း မသိဘူး” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် အားလုံးကို သူမအား ထိုနေရာတွင် စောင့်ရန်ပြောပြီး သူမသည် ရှာရန် တောင်ကြားသို့ ပြန် သွားလေသည်။ ထို့နောက်တွင် သူမသည် ငှက်လေးပေါ်တွင်ထိုင်ကာ တောင်ကြားသို့ ပျံသွားလေသည်။
“အဲဒါ အတောင်ပံလေးခု အဆင့်ငါး အံ့ဖွယ်ငှက်မလား”
မနေ့က ငှက်လေးသည် ရုပ်ပြောင်းထားသဖြင့် သူ၏ မူလပုံစံကို သူတို့မသိကြပေ။ အခု မြင်လိုက်ရ သောအခါ သူတို့သည် အံ့သြသွားကြသည်။
“စံတင်ဝိညာဉ်အားရှိတဲ့ အံ့ဖွယ်သားရဲတစ်ကောင်နဲ့ တည်ဆောက်မှုသခင်… ကြည့်ရတာ ယိလင်းတိုင်းပြည်က လူတွေက မဆိုးဘူးပဲ” ဂေါင်မျိုးနွယ်ဝင်များသည် တိတ်တဆိတ် ပြောမိကြသည်။
ငှက်လေးသည် မြန်သဖြင့် တစ်ညလုံးအချိန်ယူကာ ပြေးခဲ့သော ခရီးကို တစ်နာရီအတွင်း ရောက်လေ သည်။
ရှီမာယူယူသည် တောင်ကြားသို့ ပြန်ကာ ထိုကျောက်တုံးအား ရှာကာ ပြောလိုက်သည် “ငါတို့ မနေ့က တဲထိုးတော့ မျက်စိလျှမ်းသွားတာနေမှာ အဲတုန်းက ဒီမှာ တစ်ခုခုရှိလို့ ဒီမှာ ဘာမှမရှိတာပဲ ငါတို့ အဲအချက်ကို လွတ်သွားတယ်”
ညတိုင်းတွင် ဝိညာဉ်သားရဲများသည် လာရောက် သောင်းကြမ်းကြသည်။ ထို့ကြောင့် သက်ရှိ အရာများ ဘာမှမရှိပေ။
သူမ တောင်ကြားတစ်လျှောက် ကြည့်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမတွေ့ပေ။ သူမသည် လက်ကောက်ကို ခေါက်ပြီး ပြောလိုက်သည် “ငါတို့ နတ်ဆိုးဖန်ကျောက်တုံးကို မသိဘူး၊ မင်းထွက်လာပြီး ကြည့်ပေးပါလား”
အစပိုင်းတွင် မိုရှား သူမအား မတုန့်ပြန်တော့ဘူးဟု ထင်ထားသော်လည်း သူမ ပြောပြီးနောက်တွင် သူသည် နတ်ဆိုးညွှတ် လက်ကောက်မှ ထွက်လာလေသည်။
“ဒီပစ္စည်းကို လိုချင်တာ သေချာလား” ရှီမာယူယူ မေးလိုက်သည်။
မိုရှားသည် မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ကာ ပြောလိုက်သည် “ဟုတ်တယ် အဲဒါ နတ်ဆိုးဖန်ကျောက်တုံးပဲ”
သူပြောပြီးနောက်တွင် တောင်ကြားအလယ်သို့ လွင့် သွားလိုက်သည်။
သူ့အား ထိုကဲ့သို့ မြင်လိုက်တိုင်း သူ့အား သရဲတစ်ကောင်လို ရှီမာယူယူ မြင်မိသည်။ သူမ ကျိန်ဆဲ မိတော့သည်။
တကယ်ပဲ ဒီလူက တစ္ဆေတစ်ကောင်ပဲ…
သို့သော် ကျိန်ဆဲခြင်းက ကျိန်ဆဲခြင်းပင်။ သူမ သူ့ကို လိုက်ခဲ့ရသည်ပင်။
လူတစ်ယောက်နှင့် သရဲတစ်ကောင်သည် တောင်ကြားအလယ်သို့လာကာ မိုရှားသည် လက်ဆန့်တန်း ကာ ပျံသန်းလေသည်။
ရှီမာယူယူသည် သူလက်တစ်ချက်ဝေ့လိုက်သည်နှင့် စွမ်းအား ပမာဏကို ခံစားမိပြီး ဆွံ့အသွားသည်။ ဒီလူက တကယ်ပဲ တော်တော်ပြန်ကောင်းလာပြီပဲ။
မိုရှား ထိုကျောက်တုံးရှေ့တွင် ရပ်တန့်သွားသည်ကို သူမ မြင်သောအခါ မေးလိုက်သည် “ဒါက နတ်ဆိုး ဖန်ကျောက်တုံးလား”
“မဟုတ်ဘူး” မိုရှား ပြောလိုက်သည်။
“ဒါဆိုရင် ဘာလို့ ဒီရှေ့မှာ ရပ်သွားတာလဲ”
“ငါခံစားကြည့်နေတာ” မိုရှား ချက်ချင်း ပြန်ဖြေသည်။
အာ…
ရှီမာယူယူသည် သူ့အား အံကြိတ်ကာ ကြည့်မိသည်။ သူမ သူ့ကို တကယ်ပဲ တစ်ချက်လောက်ထိုးချင် လိုက်တာ။
ဘာတွေ လာရှုပ်နေတာလဲ။
မိုရှားသည် ဘာမှမလုပ်သလိုပင် လှည့်ပတ်ကြည့်ကာ ကျောက်တုံးရှိသော နေရာအား ပြလိုက်သည်။
“ဒီကို တူးကြည့်” မိုရှား ပြောလိုက်သည်။
“မင်းက စွမ်းအားကြီးတယ်မလား ကိုယ့်ဘာသာကိုယ် လုပ်” ရှီမာယူယူသည် ကျောက်တုံးပေါ်တွင် ထိုင် ကာ မိုရှားအား ပြုံးပြလေသည်။ သူမသည် လက်နှစ်ဖက်ဖြင့် မေးထောက်ထားလေသည်။
“ငါ ပစ္စည်းတွေကို ရွေ့ပဲရွေ့နိုင်တယ်၊ မတူးနိုင်ဘူး” မိုရှား ပြောလိုက်သည်။
“အကျိုးအမြတ်” ရှီမာယူယူ လက်ဆန့်လိုက်သည်။
“ဘာ အကျိုးအမြတ်လဲ” မိုရှား ကြောင်သွားသည်။
“မင်း လိပ်ပြာ ဘယ်လောက် သန်မာလာလဲကြည့်လေ… မင်း ပိုသန်မာလာတယ်.. အဲဒါ ငါ့ အားထုတ် မှုကြောင့်လေ၊ မင်းက င့ါလူမို့လို့ ပြောမယ်ဆိုရင် ငါ အကျင့်မယုတ်ပါဘူး ဒါပေမဲ့ မင်းက ငါ့ကို တစ်ရက်လုံး ပစ်ထားမှာမလား၊ အဲဒါကြောင့် ငါအရှုံးမခံနိုင်ဘူး၊ ငါက မင်းကို ပစ္စည်းအကောင်းတွေ ပေးခဲ့တယ် အခု မင်း အတွက် လုပ်ပေးရဦးမယ် မင်းငါ့ကို အကျိုးရှိတာလေးတော့ပေးသင့်တယ်”