အပိုင်း (၃၄၉) – သေစမ်း အတင်းနမ်းပြန်ပြီ
Vol. 004 Ch. 349
မိုရှားသည် ရှီမာယူယူ အားရပါးရ ပျော်ရွှင်စွာ ပြုံးနေသည်ကို မြင်သော်လည်း သူမ လျင်မြန်စွာ မျက်နှာဖုံး တပ်လိုက်သည်။ ပျော်ရွှင်မှုကို သူ မခံစားရတော့ပေ။
“ဘယ်လို အကျိုးအမြတ်လိုချင်တာလဲ” သူသည် သူမအား ကြည့်လိုက်သည်။
“ဘာမဆိုအဆင်ပြေတယ်၊ ကောင်းတာလေးဆို ပိုကောင်းတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဆင့်မြင့်တဲ့ ဝိညာဉ်ကိုယ်ခံပညာကျမ်းတို့ နှစ်တစ်ထောင်မှ တစ်ခါတွေ့ရတဲ့ ရတနာမျိုးတို့ ဘာတို့ ဆို အကောင်း ဆုံးပဲ ဟေး မင်း ဘာလုပ်နေတာလဲ”
မိုရှားသည် သူမ ပြောပြီးသည်နှင့် သူမ ရှေ့ရုတ်တရက် ပေါ်လာသည်။ ထို့အပြင် သူ၏ အပေါ်ပိုင်းသည် ရုပ်လုံးပေါ်နေသည်။
သူသည် သူမ ခေါင်းအား ကိုင်ထားကာ နဖူးချင်းတိုက်ထားသည်။ သူသည် ဆွဲဆောင်မှု ရှိသော အသံ ဖြင့် ပြောလေသည် “မင်း အကျိုးအမြတ်ရချင်တာလား၊ ငါ အခုကောင်းတာလေး ပေးမယ်”
“ဒါကို ကောင်းတာလို့ ခေါ်တာလား ငါ့ကို လွှတ်” ရှီမာယူယူသည် နှစ်ခါမြောက် လှုပ်ရာ သူမသည် သူ့အား မတွန်းနိုင်သည်ကို သိလိုက်ရသည်။
“မင်းကို လွှတ်လိုက်ရင် ဘယ်လိုလုပ် ကောင်းတာပေးလို့ ရတော့မလဲ” မိုရှားသည် တင်းကြပ်စွာ ကိုင် လိုက်ရာ ရှီမာယူယူ မလှုပ်နိုင်တော့ပေ။ ထို့နောက်တွင် သူမ နှုတ်ခမ်းပေါ်သို့ သူ့နှုတ်ခမ်းများ ထိလိုက်ချိန်တွင် သူမ လုံးဝ တုန်လှုပ်သွားသည်။
ရှီမာယူယူ၏ မျက်လုံးများသည် ပြူးပြီးရင်း ပြူးကာ မယုံကြည်နိုင်ပေ။ ဒီလူက တကယ်ပဲ သူမကို နမ်း ရဲ တာလား။
သေစမ်း သူဘာလို့ အတင်း နမ်းပြန်တာလဲ။
ဝူလင်းယူ လုပ်သလိုပင် အခု သူလုပ်ပြန်သည်။
ထို့အပြင် ဒီလူနှစ်ယောက်သည် သူမအား နမ်းပြီးသည်နှင့် လျှာတစ်သပ်သပ် ဖြစ်နေသည်။ သူမအား စနောက်နေသလိုပင်။ ထိုအရာအား သူမ ဒေါသထွက်သည်။
မိုရှားသည် ရှီမာယူယူအား လွှတ်ကာ ပြောလေသည် “ဒါက နမ်းတဲ့ ခံစားချက်ကိုး”
ရှီမာယူယူသည် မိုရှားအသွင်ပြန်ပြောင်းသွားသည်ကို ကြည့်ကာ သည်းမခံနိုင်တော့ပေ။ သူပြောသည် ကို ကြားပြီးနောက်တွင် သူမ ဒေါသထွက်လေသည် “ဘာနမ်းတာကို ပြောနေတာလဲ၊ ဒါ အတင်းနမ်းတာပဲ အတင်းနမ်းတာ ငါ ပြောတာကြားရဲ့လား”
သူမ ဒေါသထွက်၍ သေတော့မည်ကို မိုရှားမြင်သောအခါ ပြုံးခဲလှသော အပြုံးသည် သူ့မျက်နှာတွင် ပေါ်လာသည်။
“ဒီအကျိုးအမြတ်က မကောင်းဘူးလား” သူ မေးလိုက်သည်။
“သေလိုက်” သူမ သည် သူမနှုတ်ခမ်းအား ဖိပြီးသုတ်ကာ သူမ ကြမ်းတမ်းစွာ ဆက်ဆံခံရသဖြင့် ဒေါသ ထွက်ရသည်ကို တွေးမိကာ ပြောလိုက်သည် “မင်းတို့ နှစ်ယောက်လုံးက ချောရင်တောင် ဒီအနမ်းက အကျိုးအမြတ်ဆိုရင်တောင် ငါက မင်းကို အတင်းနမ်းတာပဲဖြစ်မယ်၊ ငါ့ကို နမ်းတာ မဖြစ်စေရဘူး”
ငှက်လေးနှင့် ဟိန်းသံလေးတို့သည် မျက်ဖြူလှန်လိုက်ကြသည်။ သူတို့သည် ဒီလူအား မသိဖို့ မျှော်လင့် နေမိပြီ။
သူမ အနမ်းခံရလို့ ဆုံးရှုံးသွားတာမဟုတ်ပဲ အတင်းနမ်းခံရလို့လား။ အဲဒါဆိုရင်… သူမက သူ့ကို အတင်း နမ်းချင်နေတာလား။
သူမပြောသည်ကို မိုရှားကြားသောအခါ သူ့အပြုံးသည် မယုံကြည်စွာ “မင်း သတိထားပါဦး”
ရှီမာယူယူသည် မပျော်ရွှင်သော်လည်း သတိကပ်လိုက်သည်။ သူမ သတိပြန်ဝင်လာသည်နှင့် သူမ မျက်နှာမှ ဒေါသမှာ ချက်ချင်း ပျောက်သွားသည်။
“ဟီးဟီး ဒီပစ္စည်းကမဆိုးဘူးပဲ” ရှီမာယူယူ၏ အမူအရာသည် လျင်မြန်စွာပင် ပြောင်းသွားသည်။ ထိုသည်မှာ ဟိန်သံလေးတို့နှစ်ကောင်ကို ပို၍ ဆွံ့အသွားစေသည်။
“ခန္ဓာကိုယ်သန့်စင်ခြင်း နည်းပညာ” နှင့် “လျှို့ဝှက်လိပ်ပြာကျမ်း” ထိုနှစ်ခုသည် ဆန့်ကျင်ဘက် ကျမ်း ဖြစ်သည်။ တစ်ခုသည် လိမ်ပြာအား သန်မာစေပြီး နောက်တစ်ခုသည် ခန္ဓာကိုယ်အား သန်မာစေသည်။
ပြီးခဲ့သည့် တစ်ခေါက်က သူ သူမအား ပေးလိုက်သည်မှာ ခန္ဓာကိုယ်သန်မာခြင်း နည်းလမ်းဖြစ်ကာ ထို ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းထဲမှ တစ်ခုပင်ဖြစ်သည်။
“မင်းအခု စ တူးလို့ရပြီလား” မိုရှားသည် စိတ်ဆင်းရဲစွာ ကြည့်သော်လည်း ဒေါသမထွက်ပေ။
ထိုပစ္စည်းများ ရရန်အတွက် ကျွမ်းကျင်သူများပင် အားစိုက်ထုတ်ရသည်။ အခုတော့ သူမသည် အလွယ် တကူပင် စာအုပ်သုံးအုပ်ရလိုက်သည်။ တခြားသူသာ ဆိုလျှင် သူ သေချာပေါက် ဒေါသထွက်မည် ဖြစ်သည်။ သို့သော် သူမ ကျေနပ်စွာ အားရပါးရပြုံးနေသည်ကို မြင်လိုက်သည်နှင့် သူ ဒေါသမထွက်မိပေ။ သူ.. ကျေနပ် သည်။
ကျေနပ်တယ် ဟုတ်လား။
သူ ကိုယ့်အတွေးကိုပင် အံ့သြသွားသည်။ သူသည် အရင်က ထိုကဲ့သို့ အဆင့်မြင့်သော ပစ္စည်းကောင်း များကိုရဖူးသည်။ သို့သော် သူမ၏ ထိုအပြုံးနှင့်ကို သူ ကျေနပ်သွားတာလား။
“ဟေး ဘာတွေ အတွေးလွန်နေတာလဲ” ရှီမာယူယူ သည် သူ့ရှေ့ကို လက်ဆန့်ထုတ်ကာ ရမ်းလိုက် သည်။
“ဘာလုပ်နေတာလဲ” သူသည် အတွေးများ ပြန်ရုတ်သိမ်းကာ ကျယ်လောင်စွာ ပြောလိုက်သော သူအား ကြည့်လိုက်သည်။
“မင်းရဲ့ ပစ္စည်းယူဖို့ ကူညီခိုင်းတာမလား၊ တခြားလိုတာ မရှိဘူးလားလို့ မေးနေတာ၊ ဘယ်လို တူးရမလဲ၊ ငါ မှားတူးမိမှ အပြစ်မပြောနဲ့နော်” ရှီမာယူယူ မေးလိုက်သည်။
“မင်းတူးချင်သလို တူးလို့ရတယ်၊ မင်းက နတ်ဆိုးဖန်ကျောက်တုံးကို ပျက်စီးလောက်အောင် မသန်မာ သေးဘူး” မိုရှားသည် သူမအား ကြည့်လိုက်သည်။ သူသည် လက်ရှိ သူမ၏ အရည်အချင်းကို အထင် သေးသည့်ပုံပင်။
“မင်း.. ဒီသခင်ကြီးက မသိမ်ဖျင်းဘူးနော်” ရှီမာယူယူ သည် လက်သီးဆုပ်ကာ သူ့အား မကြည့်တော့ ပေ။ သူသည် မိုရှား ကျောက်တုံးရှိသည်ဟု ပြောသော နေရာသို့လာလိုက်သည်။
ထိုနေရာတွင် အစက ကျောက်တုံးရှိသဖြင့် ထိုကျောက်တုံးအား ဖယ်လိုက်သောကြောင့် မြေအရောင် မှာ တခြားနေရာများနှင့် မတူပေ။
ရှီမာယူယူသည် တူရွင်းအား ထုတ်ကာ စတင် တူးတော့သည်။ သို့သော် မြေမှာ မာသည်ကို သိလိုက် ရသည်။ သူမ မတူးနိုင်တော့ပေ။
“ဒီမြေက နတ်ဆိုးဖန်ကျောက်တုံးကြောင့်ဖြစ်နေတာ၊ အဲဒါကြောင့် သူ့ရဲ့ ဂုဏ်သတ္တိလည်း ပြောင်းသွား တာ” မိုရှားသည် လက်တန်းပြောလေသည်။
ရှီမာယူယူသည် တိတ်တိတ်လေး အံကြိတ်ကာ တူးရွင်းပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက် သည်။
ဒီလူကတော့.. အစကတည်းက သိရဲ့သားနဲ့ သူမကို မပြောခဲ့ဘူး။ သူက သာမန် မှတ်ချက်ကိုပဲ ပြောပြီး သူမကို နောက်မှ ဒုက္ခပေးတာပေါ့။ သူ တကယ်ကို..ရက်စက်တာပဲ။
“မြန်မြန်လုပ် မဟုတ်ရင် မင်း ဒီနေ့တူးလို့ပြီးမှာမဟုတ်ဘူး” သူမ မည်မျှ ထိသွားသည်ကို သိသဖြင့် ပျော်ရွှင်စွာ ပြောလေသည်။
“ဒီသခင်ကြီးက မင်းကို ဒုက္ခမပေးပါဘူး” ရှီမာယူယူသည် ဒေါသအား မြိုသိပ်ကာ ပြောလေသည်။ ထို့နောက်တွင် သူမသည် တူရွင်းအား ဘေးထားကာ ဝိညာဉ်လုံးလုပ်ကာ မြေပြင်ကို ပစ်လိုက်သည်။
မြေကြီးသည် နည်းနည်းမှ မလှုပ်ပေ။
“ခိုင်လိုတ်တာ” မိုရှား ပြောလိုက်သည်။
တစ်စံတစ်ယာက်သည် အသက်ပြင်းပြင်းရှုကာ အံကြိတ်ထားလေသည် “ဒီသခင်ကြီးက လုပ်နိုင်တယ်”
သူမသည် ဝိညာဉ်ချီကို သတ္တုအရည်အချင်းပြောင်းကာ လက်နှစ်ဖက်ဖြင့် ချိပ်လုပ်လိုက်သည်။ သူမသည် ဝိညာဉ်ချီကို တူကြီးအသွင်ပြောင်းကာ ပြင်းထန်စွာ ထုချလိုက်သည်။
“ဘုန်း”
ရှီမာယူယူသည် မြေကြီးအောက်မှ လှုပ်ခတ်သွားသည်ကို ခံစားမိသော်လည်း ဘာမှ ပြောင်းလဲမှုမရှိပေ။
မိုရှားသည် မျောလာကာ လုံးဝ မပျက်ဆီးသေးသော မြေကြီးအား ကြည့်လိုက်သည်။ သူ ခေါင်းရမ်း ကာ ပြောလိုက်သည် “မင်း မသန်မာဘူးဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ဒါကို မတူးနိုင်လောက်အောင် ဖြစ်မယ်လို့ မထင်ထားဘူး”
ရှီမာယူယူ စိတ်ဓာတ်ကျသွားသည်။ ဒီမြေက ဘာလဲ ခိုင်လိုက်တာ…
မဟုတ်ရင် မြေကို မတူးနိုင်လောက်အောင် သူမ အားနည်းနေတာလား။
“အဲဒီအံ့ဖွယ် ရှေးဟောင်းပစ္စည်းကို ထုတ်ပြီးစမ်းကြည့်” မိုရှား အကြံပေးလိုက်သည်။
ရှီမာယူယူသည် လင်းလုံအား ခေါ်လိုက်ရာ သူမသည် ထွက်လာလာချင်း အော်ကာ သူမအား ဖက်လိုက် သည်။
“ယူယူ…အဲ အိုးတွေ ဒယ်ပြားတွေရပြီးကတည်းက မခေါ်တော့တာပဲ ရွှတ် ရွှတ်”
ရှီမာယူယူ မျက်နှာမည်းသွားသည်။ ဒီလူက ဘာလို့ အဲအရုပ်ကလေးတွေကို ပြောင်းဖို့ ဖိအားပေးမလဲ။
“ကောင်းပြီ နောက်တစ်ခါ ထွက်လာပြီး ကစားခိုင်းမယ်” သူမ နှစ်သိမ့်လိုက်သည်။
လင်းလုံးသည် အမြဲတမ်းသေးငယ်သော်လည်း ရိုက်ချက်ပြင်းသည်။ ဒီလိုဆိုရင် အပြင်လူက သူမကို ဘာလဲလို့ မေးရင် ဘယ်လိုဖြေရမှာလဲ။
“ယူယူ ဒီတစ်ခါ ခေါ်တာဘာလို့လဲ” လင်းလုံးသည် ရှီမာယူယူ ဆီမှ ကတိရပြီးနောက် မျက်ရည်များကို သုတ်ပစ်လေသည်။
ရှီမာယူယူသည် အလွန်မာသော မြေကြီးကို ညွှန်ပြပြီး ပြောလေသည် “ဒီမြေက ကျောက်တုံးဖြစ်နေပြီ ငါ မလုပ်နိုင်တော့ဘူး ငါ့ကို ကူပေးမလား”
“ကိစ္စမရှိဘူး” လင်းလုံသည် သူမ ရင်ဘတ်အား ပုတ်ကာ ရှီမာယူယူ၏ လက်ထဲမှ ပျံထွက်လာသည်။ သူမသည် အံ့ဖွယ်လက်နက်အသွင်ပြောင်းကာ လှည့်ပြီးရင်းလှည့်လိုက်သည်နှင့် တူဖြစ်သွားသည်။ သို့သော် ရှီမာယူယူ အခုလေးတင် ပြုလုပ်လိုက်သော ဝိညာဉ်တူနှင့် ယှဉ်လျှင် သေးငယ်သည့်ပုံပေါ်သည်။
“အာဟား”
လင်းလုံးအော်လိုက်ကာ သူမ မြေပေါ်သို့ ထုလိုက်သည်။ အသီးမရှိသော ရှီမာယူယူ နေ့တစ်ဝက် လောက် တူးရသော ရှေးဟောင်းမြေသည် ကွဲသွားတော့သည်။