အပိုင်း (၃၅၀) – ဖန်ကျောက်တုံး၏ အသုံးဝင်ပုံ
Vol. 004 Ch. 350
ရှီမာယူယူသည် ကွဲအက်သွားသော မြေပြင်ကိုကြည့်ကာ မသိစိတ်မှ တံတွေးမျိုချမိလိုက်သည်။
“ယူယူ ဒါဆို အဆင်ပြေလား” လင်းလုံ မေးလိုက်သည်။
ရှီမာယူယူသည် လျှောက်လာကာ မြေကြီးဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထိုမြေသည် အမှုန့် ဖြစ်သွားလေသည်။
“အခု အဆင်ပြေသွားပြီ”
သူမ ဆောင့်ကြောင့်ထိုင်ကာ လက်ဖြင့် စမ်းပြီးနောက် တချို့ကို ကောက်သိမ်းလိုက်လေသည်။
လင်းလုံသည် ဝိညာဉ်လက်နက်အဖြစ်ပြန်ပြောင်းကာ သူမ ပခုံးတွင်ထိုင်ပြီး မေးလိုက်သည် “ယူယူ အဲဒါ ကို ဘာအတွက်လိုချင်တာလဲ”
“ဒီမြေက သာမာန်ကျောက်တုံးထက် မာတယ်၊ ငါယူသွားပြီး ပြန်ရောက်ရင် ဖက်တီးသုံးလို့ရရင် ရ အောင်လို့၊ ဒီမြေကြီးက သာမာန်ထက် သာလွန်တယ်ဆိုတာ ခံစားလို့ရတယ်” ရှီမာယူယူ ပြန်ဖြေသည်။
ဘေးတွင် ကြည့်နေသော မိုရှားသည် ရှီမာယူယူ ထိုမျှလောက် ထက်မြက်မည်ဟု ထင်မထားပေ။ ထို မြေကြီးသည် နတ်ဆိုးဖန်ကျောက်တုံးကြောင့် ပြောင်းလဲသွားကာ လက်နက်ပညာရှင်များအတွက် ရှားပါးသော ပါဝင်ပစ္စည်းဖြစ်သည်။
ရှီမာယူယူသည် မြေကြီးအား သိမ်းပြီးနောက် ၁၀မီတာ အကျယ် ၂မီတာနက်သော တွင်းမှာ ပေါ်လာ သည်။ အလယ်တွင် ၅၀ စင်တီမီတာရှည်သော စိန်တုံးကဲ့သို့ အနက်ရောင်ဖန်တုံးရှိနေသည်။
“ဒါက နတ်ဆိုးဖန်ကျောက်တုံးလား ကြီးလိုက်တာ” ရှီမာယူယူသည် အညစ်အကြေးများကို ပွတ်လိုက်ရာ မူလပုံစံပေါ်လာလေသည်။
နတ်ဆိုးဖန်ကျောက်တုံးသည် ထိုမျှလောက်ကြီးလိမ့်မည်ဟု မိုရှားထင်မထားပေ။ အရင်ကဆိုလျှင် သူ မြင်ဖူးသည်မှာ လူတစ်ယောက်၏ ခေါင်းတစ်လုံးစာရှိသည်။ သို့သော် ဒီတစ်ခုမှာ ထိုအရွယ်အစားထက်ပင် နှစ်ဆ ကြီးသည်။
“မိုရှား ဒါက ဘယ်အတွက်သုံးတဲ့ ပစ္စည်းလဲ” ရှီမာယူယူ မေးလိုက်သည်။
“နတ်ဆိုးဖန်ကျောက်တုံးက တခြားသူတွေအတွက် အရမ်းအသုံးမဝင်ဘူး၊ ဒါပေမဲ့ နတ်ဆိုးလောက ကလူဆိုရင်တော့ အရမ်းအသုံးဝင်တယ် မင်းရဲ့ ရှားပါးတဲ့ ဖန်တုံးတွေထက် ပိုရှားတယ်” မိုရှား ပြောလိုက်သည်။
“ဘယ်လို ဖန်တုံးလဲ ဘယ်လိုအသုံးဝင်တာလဲ”
ထိုတိုင်းပြည်တွင် ဖန်တုံးများ ရှားပါးသည်ကို မိုရှားတွေးကာ၊ ထို့အပြင် သူသည်လည်း စိတ်ကောင်း ဝင်နေသဖြင့် ရှင်းပြလေသည် “ကမ္ဘာဦးနယ်မြေမှာဆိုရင် အဲကလူတွေရဲ့ ကျင့်ကြံတဲ့နည်းတွေက မင်းတို့နဲ့ ကွာ တယ်၊ သူတို့က ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူတာ၊ ဝိညာဉ်ချီကို စုပ်ယူတာ မဟုတ်ဘူး၊ သူတို့က ဝိညာဉ်စွမ်းအင် တွေကို ဒီလိုဖန်တုံးတွေကနေ ရတာ၊ မင်းတို့ ဝိညာဉ်ချီ စုပ်ယူတာထက် ဒါက ပိုမြန်တယ်”
“ဖန်တုံးကို စုပ်ယူတယ် ဟုတ်လား” ရှီမာယူယူသည် ဘယ်လိုမျိုးပုံစံ ဖြစ်သည်ကို ပုံဖော်မရသဖြင့် စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။
“ကမ္ဘာဦးနယ်မြေမှာဆိုရင် သာမာန်ပြည်သူတွေပဲ ရွှေနဲ့ အရောင်းအဝယ်လုပ်ကြတာ၊ ဝိညာဉ်သခင်တွေ က အရောင်းအဝယ်အတွက် ဖန်တုံးတွေကို သုံးကြတယ်၊ အဆင့်မြင့်လေ တန်ဖိုးကြီးလေပဲ၊ အရောင်းအဝ် အတွက် သုံးလို့မရတဲ့ ဖန်တုံးတွေလည်းရှိသေးတယ်၊ သန်မာအောင် ဝိညာဉ်စွမ်းအင်တွေကို သူတို့ဘာသာ စုပ် ယူကြတာပေါ့” မိုရှား ပြောလေသည် “အဲရှားပါးတဲ့ ဖန်တုံးတွေမှာ လူတွေကြောက်လောက်ရတဲ့ စွမ်းအင်တွေ ရှိတယ်၊ အဲလိုဖန်တုံးတွေရဲ့ အစိတ်အပိုင်း အသေးလေးကတောင် သာမာန် ဖန်တုံးတွေထက် အဆပေါင်း တစ် ထောင်မကကို ကောင်းတယ်”
“နတ်ဆိုးဖန်ကျောက်တုံးက တကယ့်ကို ရှားတဲ့ ဖန်တုံးပဲ၊ ဒါပေမဲ့ နတ်ဆိုးလောကက သူတွေအတွက်ပဲ အသုံးဝင်တာပေါ့” ရှီမာယူယူနားလည်သွားသည်။
“ဟုတ်တယ်” မိုရှား ခေါင်းညိတ်သည် “ငါ ငါ့ရဲ့ ရုပ်ပိုင်းခန္ဓာကိုယ်နဲ့ ပေါင်းပြီးသွားရင် နတ်ဆိုး စွမ်းအင် အများကြီးလိုလိမ့်မယ်၊ ဒီနတ်ဆိုးဖန်ကျောက်တုံးက အဲအတွက်အသုံးဝင်လိမ့်မယ်”
“အဲဒါ… မင်း ပြန်ပေါင်းလိုက်ရင် ငါ့ စီနီယာအစ်ကို ပျောက်သွားမှာလား” ရှီမာယူယူသည် စိုးရိမ်စွာ မေး လိုက်သည်။
ဝူလင်းယူသည် သူမအတွက် ထူးခြားသောသူမဟုတ်သော်လည်း သူမ၏ စီနီယာအစ်ကို ဖြစ်နေသေး သည်။ အဘိုးနတ်ဆိုးသည် သူ့အား ဂရုစိုက်သဖြင့် သူပျောက်ကွယ်သွားပါကလည်း အလွန်ဝမ်းနည်းမည် ဖြစ် သည်။
မိုရှားသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်မိသည်။ သူ့အမူအရာသည် အေးစက်သွားကာ မေးလိုက်သည် “မင်းက သူ့ကို အဲလောက်တောင် ဂရုစိုက်တာလား”
“အနည်းဆုံးတော့ သူက ငါ့ စီနီယာအစ်ကိုလေ” မိုရှား ရုတ်တရက် ဒေါသ ထွက်ရသည့် အကြောင်းအရင်းကို ရှီမာယူယူ မသိတော့ပေ။
“ဒါဆို ငါပျောက်သွားမလား ဆိုတာကိုတော့ ဂရုမစိုက်ဘူးပေါ့” မိုရှားသည် မကျေနပ်ပေ။ တစ်ဖက်မှာ သူ၏ လိပ်ပြာဖြစ်သော်လည်း သူမသည် ဝူလင်းယူကို ဂရုစိုက်ပြီး သူ့ကို ဂရုစိုက်သောကြောင့် ဝူလင်းယူအား အပြတ်ရှင်းချင်မိသည်။
“မင်းကို စိုးရိမ်ရမှာလား” ရှီမာယူယူသည် မိုရှားအားကြည့်ပြီး ပြောလေသည် “မင်းက အဲလောက် သန်မာတာ၊ မင်းကို စိုးရိမ်ပေးရဦးမှာလား၊ စီနီယာအစ်ကိုရဲ့ လိပ်ပြာက အရမ်းအားနည်းနေတာ၊ မင်းက သန် မာမှတော့ ဆုံးရှုံးရမယ့်သူက မင်း မဟုတ်တာ သေချာတယ်လေ”
“မင်းက ငါ့ကို အဲလောက်ယုံတာလား” သူမ ရှင်းပြသည်ကို နားထောင်ပြီး သူ ကျေနပ်သွားသည်။
“ဒါပေါ့” ရှီမာယူယူ မစဉ်းစားပဲ ခေါင်းညိတ်လိုက်သည်။
မိုရှား ချက်ချင်းပင် တောက်ပလာကာ ပြောလိုက်သည် “ငါတို့ ပေါင်းစပ်တာက တစ်ယောက်နဲ့ တစ်ယောက် လုတာမဟုတ်ဘူး မင်းစိတ်ချပါ”
“သြော်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
ဒီလူရဲ့ စိတ်ခံစားချက်က ဘာလို့ မိန်းကလေးတွေထက် ပိုမြန်နေတာလဲ။
“တစ်ယောက်ယောက်လာနေတယ်” မိုရှားသည် သူ၏ အမှောင်အခိုးငွေ့ကို သုံးကာ နတ်ဆိုး ဖန်ကျောက် တုံးကို ယူပြီး နတ်ဆိုးညွှတ်လက်ကောက်သို့ ပြန်သွားလေသည်။
မကြာမီတွင် လူတစ်စုသည် အဝေးမှ ပျံလာလေသည်။
“သခင်လေး ရှီမာ အဆင်ပြေရဲ့လား” ဂေါင်ဖေးဖေးသည် သားရဲပျံပေါ်တွင် ရပ်ကာ ချိုင့်ထဲတွင် ရပ်နေသော ရှီမာယူယူအား မေးလိုက်သည်။
ရှီမာယူယူ ခေါင်းမော့ကာ ကြည့်လိုက်ရာ သူမခေါင်းပေါ်တွင် အုပ်စုလိုက်ရှိနေသည်ကို သိလိုက်ရသည်။ သူမ သူတို့အား လက်ရမ်းပြကာ ပြောလိုက်သည် “အဆင်ပြေပါတယ်”
ရှီမာယူလီနှင့် တခြားသူများသည် သားရဲပျံများမှ ဆင်းကာ ချိုင့်ထဲတွင် ရပ်နေသော သူမအား ကြည့်ကာ မေးလိုက်သည် “နတ်ဆိုးဖန်ကျောက်တုံးကို ရှာတွေ့လား”
ရှီမာယူယူသည် မြေတွင်ကျန်ခဲ့သော နတ်ဆိုးဖန်ကျောက်တုံး၏ သေးငယ်သော အစိတ်အပိုင်းကို ယူပြီး ပြောလိုက်သည် “ရတယ် ဒါပဲ”
“သေးလိုက်တဲ့ ကျောက်တုံး၊ ဘာလို့ ဒီလောက် တွင်းအကြီးကြီးတူးရတာလဲ” ဖက်တီးကျူနှင့် တခြားသူ များလည်း ဆင်းလာကြသည်။ သူတို့သည် သူမ လက်ထဲမှ သေးငယ်သော အတုံးကို ကြည့်ကာ မေးလိုက်သည်။
“ငါမင်းအတွက် တူးထားတာ” ရှီမာယူယူပြောလိုက်သည်။
သူမသည် အမှုန့် မဖြစ်သေးသော မာကြောသော မြေတချို့ကို ယူကာ ပြောလိုက်သည် “ကြည့် ဒါက အသုံးဝင်တယ်”
“ကြည့်ရအောင်” ဖက်တီးကျူသည် မြေကြီးကို ယူလိုက်သည်။ သူ ကိုင်လိုက်သည့်အချိန်တွင် သာမာန် ထက် လွန်ကဲသည်ကို သိလိုက်သည် “ဒီဝိညာဉ်က အရမ်းမာတယ်၊ ကျောက်တုံးမဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ကျောက် တုံးထက်လည်း မာတယ်”
“မင်း ခွဲနိုင်လား ကြည့်ကြည့်” ရှီမာယူယူ မေးလိုက်သည်။
“အင်း”
ဖက်တီးကျူသည် ပစ္စည်းတစ်ခုထုတ်ကာ မြေထဲသို့ ထားလိုက်သည်။ သူ အကြိမ်အနည်းငယ် ထုပြီး သော်လည်း ထိုမြေကြီးသည် လုံးဝ မပျက်စီးပေ။ သူသုံးသော ပစ္စည်းများပင် ပျက်စီးသွားသည်။
ဖက်တီးကျူသည် သူ့လက်နက်များ ပျက်စီးသွားသည်ကို လုံးဝ ဝမ်းမနည်းပေ။ ထိုအစား သူသည် မျက်လုံးများ ပြူးလာကာ စိတ်လှုပ်ရှားစွာ ပြောလေသည် “ဒါက တကယ်ကောင်းတဲ့ဟာပဲ”
ဂေါင်မိသားစုမှ မြင်သောအခါတွင်လည်း မေးလိုက်သည် “ဒီမြေက ဘာမို့လို့ အဲလောက် မာရတာလဲ”
“နတ်ဆိုးဖန်ကျောက်တုံးက မြေရဲ့ ဂုဏ်သတ္တိကို ပြောင်းသွားစေတာ” ရှီမာယူယူ ပြောလိုက်သည်။
ဖက်တီးကျူသည် အကြိမ်အနည်းငယ် ကြိုးစားကြည့်သေးသည်။ သူသည် အားအပြည့်ဖြင့် ထိပ်မှ ထုသော်လည်း ထိုမြေအား မဖြိုခွဲနိုင်ပေ။
“ယူယူ ဒါတကယ် ကောင်းတာပဲ ဒါပေမဲ့ ငါ မခွဲနိုင်ရင် အသုံးမဝင်ဘူး” သူသည် ရှီမာယူယူဘက် လှည့် ကာ ညည်းညူလိုက်သည်။
“ကျွန်မ လုပ်ကြည့်မယ်” ဂေါင်ဖေးဖေး ပြောလိုက်သည်။
ဖက်တီးကျူသည် သူမအား ပေးလိုက်ရာ သူမသည် ကျောက်တုံးပေါ်သို့ တင်လိုက်သည်။ ရှီမာယူယူ၏ သတိပေးချက်နှင့်အတူ သူမသည် အားအပြည့်သုံးလိုက်သည်။
“အုန်း”
ကျောက်တုံးသည် အမှုန်ဖြစ်သွားလေသည်။
အားလုံးသည် လျှောက်လာကာ ဖက်တီးကျူသည် အမှုန်များအလယ်တွင် ရှိနေပြီး လုံးဝ ပြောင်းလဲမှု မရှိ သောမြေကို မြင်လိုက်ရသည်။
“စံတင်ဝိညာဉ်ရဲ့ တိုက်ခိုက်မှုတောင် အကျိုးမရှိဘူး”
ထိုအချက်ကို ဂေါင်ဖေးဖေးပင် အံ့သြသွားသည်။ သူသည် မြေကို နောက်တစ်ခေါက်ယူကာ သေချာ ကြည့် မိသည် “ပုံမှန်ပစ္စည်းတွေဆို မြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက်မာတာကို မမြင်ဖူးဘူး၊ ငါ့ အားတွေ အကုန် သုံးလိုက်တာတောင်မှ လုံးဝ ခြစ်ရာမထင်ဘူး”
“ဟားဟား ရတနာပဲ” ဖက်တီးကျူသည် ဘဝင်ကျကာ ပြောလိုက်သည် “ဒါကို ဝိညာဉ်ချီထည့်ပြီး ပေါင်း လိုက်လို့ကတော့ တကယ့်ကို အားတွေ တက်သွားမှာပဲ”
“အရင်ဆုံး ဒါကို ခွဲနိုင်ဖို့ နည်းလမ်းရှာရမယ်၊ မဟုတ်ရင် သုံးလို့ရမှာ မဟုတ်ဘူး” ဝူရန်ဖေသည် ဝမ်းသာ နေသော ဖက်တီးကျူအား သတိပေးလိုက်သည်။
အာ…
“ငါလည်း အဲဒါစဉ်းစားနေတာပဲ”
ဂေါင်ဖေးဖေးသည် သူမ လက်ထဲမှ မြေကိုကြည့်ကာ ရှီမာယူယူဘက်လှည့်ပြီး မေးလိုက်သည် “သခင်လေး ရှီမာ ဒီမြေက ဒီလောက်မာတာ ဘယ်လိုများ တူးလိုက်တာလဲ”