အပိုင်း (၃၅၁) – တူအဖြစ်ပဲပြောင်းနိုင်တာလား
Vol. 004 Ch. 351
“ကျွန်တော် လုပ်တာမဟုတ်ဘူး” ရှီမာယူယူသည် လက်နှစ်ဖက်ဖြန့်ကာ ပခုံးတွန့်လိုက်သည်။
သူမသည် အစောပိုင်းကပင် မိုရှား၏ လှောင်ရယ်ခြင်းကို ခံခဲ့ရသည်။ လင်းလုံကြောင့် သာမဟုတ်လျှင် သူမသည် မြေကြီးရှေ့တွင် မှင်တက်မိနေဦးမှာပင်။
“မင်းမဟုတ်ဘူးလား” ဂေါင်မျိုးနွယ်သည် လှည့်ပတ်ကြည့်ရာ သူမ တစ်ယောက်တည်းသာ ရှိနေသည် ကို တွေ့လိုက်ရသည်။
“ဟဲ ဟဲ အဲဒါ ကျွန်မပါ” လင်းလုံသည တစ်နေရာမှ ထွက်လာကာ သူမ ခေါင်းပေါ်တွင် သက်တောင့် သက်သာ လှဲလိုက်သည်။ သူမသည် တစ်ဖွဲ့လုံးအား အားရပါးရပြုံးပြလိုက်သည်။
“သူမက…” ဂေါင်မျိုးနွယ်ဝင်များသည် သူမ၏ အသေးငယ်သော ပုံအား ကြည့်ကာ သူမသည် လူသား မဟုတ်သည်ကို သိလိုက်ရသည်။
သို့သော် ထိုကဲ့သို့ ကိစ္စမျိုးကို လုပ်နိုင်သောသူသည် သာမာန်လူမဟုတ်ပေ။
ရှီမာယူယူသည် လက်ကိုဆန့်ပြီး လင်းလုံကို ချကာ ပြောလိုက်သည် “သူမလား၊ သူမက ဝိညာဉ်လက်နက် ပါ၊ သူမကို မတော်တဆရလာတာ ဒါပေမဲ့ သူမက တူအဖြစ်ပဲပြောင်းနိုင်တာ”
သူမ ပြောလိုက်သည်နှင့် လင်းလုံသည် တူအသွင်ပြောင်းလိုက်သည်။
“တူ တူလား” ဂေါင်မိသားစုဝင်များသည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူမသည် ဝိညာဉ်ရှိသော ဝိညာဉ်လက်နက်ဖြစ်ပါက အဆင့်လည်း မြင့်ရမည် မဟုတ်ဘူး။ ဒါပေမဲ့ သူမက တူအဖြစ်ပဲ အသုံးပြုလို့ရတာလား။
ဒါက ပုလဲကို အသုံးမဝင်သလို လုပ်ပစ်နေသလိုပဲ။
သူတို့သည် တူအားမြင်သောအခါ ဝေကျိရွှီနှင့် တခြားသူများ ရယ်မောကြသည်။ သူတို့ သူမအား ပထမ ဆုံး မြင်ဖူးချိန်တွင် လင်းလုံသည် တူမဟုတ်ပေ။
သို့သော် ရှီမာယူယူ သူတို့အား ကယ်စဉ်က ဒယ်ပြားအသွင်ပြောင်းခဲ့သည့် အချိန်ကို တွေးမိလျှင် သူတို့ သည် ရယ်ချင်စိတ်ကို မြိုသိပ်ထားရသည်။
ထို့နောက်တွင် ဒယ်ပြားသည် အားပြင်းသော ရိုက်ချက်ရှိသည်ကို သူတို့ သိခဲ့ရသည်။
ဂေါင်မျိုးနွယ်ဝင်များသည် ရှီမာယူယူ လင်းလုံအကြောင်းကို ပြောပြရန် အစီအစဉ်မရှိသည်ကို သိသည် နှင့် ထပ်မမေးတော့ပေ။
“ဖက်တီး ဒါက လင်းလုံထုလိုက်တာ၊ ငါ မင်းအတွက် ယူပေးတာပဲရှိတာ” ရှီမာယူယူ ပြောလိုက်သည်။
“မင်း အဲလောက်တောင် ယူလိုက်တာလား” ဖက်တီးကျူသည် ရှီမာယူယူအား မျက်လုံးပြူးဖြင့် ကြည့်ကာ ချိုင့်အား ညွှန်ပြကာ ပြောလိုက်သည် “မင်း အဲချိုင့်တစ်ခုလုံးကို ယူလိုက်တော့ မဟုတ်ပါဘူးနော်”
“ဘာလို့လဲ အဲလောက်များတာ မကြိုက်ဘူးလား၊ ဒါဆိုရင် တချို့ကို လွှင့်ပစ်လိုက်မယ်” ရှီမာယူယူ ပြော လိုက်သည်။
“ဟေး ဟေး မလုပ်နဲ့ မင်း ထပ်ပေးရင်တောင် စောဒက မတက်တော့ဘူး” ဖက်တီးကျူသည် ရှီမာယူယူ အား ဖက်ရင်း အော်လေသည်။
“ဖက်တီးကျူ ဒါက မဆိုးဘူး၊ ငါတို့ နောက်ကို လက်နက်လုပ်စရာရှိရင် င့ါကို ကူပြီး လုပ်ပေးနော်” ဂေါင်လင်းသည် လျှောက်လာကာ ပြောလိုက်သည်။
“ငါ ဘယ်တော့ မင်းကို လက်နက်လုပ်ပေးဖို့ အခွင့်အရေးရမလဲ” ဖက်တီးကျူ ပြောလိုက်သည်။
“ဘာလို့မရမှာလဲ၊ မင်းတို့ နောက်ဆိုရင် အထက်ကို တက်လာမှာပဲ အဲမှာ ငါတို့်ရှိမယ်လေ၊ ငါတို့ နောက်ကို အခွင့်အရေးရှိနိုင်တာပဲလေ” ဂေါင်လင်း ပြောလိုက်သည်။
ဂေါင်ဖူ လျှောက်လာကာ ပြောလိုက်သည် “သခင်လေး ရှီမာ ဒါက… ဒီမြေကို ကျွန်မကို နည်းနည်း လောက် ပေးလို့ရမလား”
“မင်း လိုလို့လား” ရှီမာယူယူ မေးလိုက်သည်။
“အင်း” ဂေါင်ဖူ ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်မ မရောက်ခင်တုန်းက ကျွန်မကို ဝိညာဉ် လက်နက် လုပ်ပေးမယ့် လက်နက်ပညာရှင်တွေ့ထားလို့၊ သူက တကယ့်ကို မာတဲ့ ကုန်ကြမ်းပစ္စည်းယူလာပေးရင် ကျွန်မ ကို ဝိညာဉ်လက်နက်ကောင်းကောင်းလုပ် ပေးမယ်လို့ ပြောလို့”
“ကောင်းပြီ”
ရှီမာယူယူသည် သေတ္တာတစ်လုံးထုတ်ကာ မြေကြီးများ လောင်းထည့်ပြီး သူမအား ပေးလိုက်သည်။
“ကျေးဇူးပါ” ဂေါင်ဖူသည် သေတ္တာယူကာ ရှီမာယူယူအား ကျေးဇူးတင်စွာ ကြည့်လေသည်။
ရှီမာယူယူသည် သူမ ညီမအား တွေဝေခြင်းမရှိ ပေးလိုက်သည်ကို ဂေါင်ဖေးဖေး မြင်သောအခါ သူမ သဘောကျသွားသည်။
သူတို့ တိုင်းပြည်တွင် သန်မာသော လူငယ်များစွာ ရှိသည်။ သို့သော် ကိုယ်ကျင့်တရား ကောင်းသော လူငယ်များမှာ ရှားပါးသည်။
သူမသည် အားလုံးအား ကြည့်ကာ ပြောလိုက်သည် “ကျွန်မတို့ မနေ့ညက သားရဲ၂ကောင် တိုက်တဲ့ နေရာကို သွားကြည့်ကြမလို့ ရှင်တို့ရော လိုက်ချင်လား”
ရှီမာယူယူနှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်ပြီး ပြောလိုက်ကြသည် “ကျွန်တော် တို့လည်း အဲလိုလုပ်ဖို့ အစီအစဉ်ရှိတယ်၊ အဲမှာ ဘာရှိမလဲ မသိနိုင်ဘူး၊ ကျွန်တော်တို့ အားလုံး အတူ သွားပြီး ကြည့်ကြမယ်”
“ကောင်းပြီ”
သည်လိုနှင့် ရှီမာယူယူနှင့် တခြားသူများသည် ငှက်လေးပေါ်တက်ကာ ဂေါင်မျိုးနွယ်ဝင်များသည် သူတို့ ၏ သားရဲပျံများ စီးကြလေသည်။ သူတို့အဖွဲ့သည် မနေ့ညက တိုက်ပွဲဖြစ်သော နေရာသို့ ပျံသွားကြလေသည်။
သူတို့ ထိုနေရာသို့ မရောက်မှီတွင် အရှေ့မှ ပျံသန်းနေကြသော ဂေါင်မျိုးနွယ်ဝင်များသည် ရပ်တန့် လိုက်ကြသည်။ ရှီမာယူယူနှင့် တခြားသူများသည် ရှုပ်ထွေးသွားသော်လည်း လိုက်ဆင်းကြသည်။
“ဘာဖြစ်လို့လဲ” ဝေကျိရွှီသည် ဂေါင်ဖေးဖေးအား ကြည့်ပြီး မေးလေသည်။
“အရှေ့မှာ လူတွေများတယ်၊ ကျွန်မတို့ ဆက်ပြီးပျံသွားမယ်ဆိုရင် မလိုအပ်ပဲ ပြဿနာတွေ ဖြစ်နိုင် တယ်” ဂေါင်ဖေးဖေး ပြောလိုက်သည်။
စံတင်ဝိညာဉ်တစ်ဦးအနေနှင့် ဂေါင်ဖေးဖေး၏ သိမြင်နိုင်စွမ်းမှာ တခြားသူများထက် သန်မာသည်။ ထို့ကြောင့်ပင် အရှေ့မှ အခြေအနေကို သူမ အာရုံခံနိုင်ခြင်းဖြစ်သည်။
ရှီမာယူယူသည်လည်း ရှေ့တွင် လူများ ရှိနေသည်ကို ခံစားမိသောကြောင့် ပြောလိုက်သည် “ဒီလိုဆိုမှ တော့ လမ်းလျှောက်သွားကြတာပေါ့”
သူမ ပြောသည်မှာ ခြေထောက်ဖြင့် နှေးကွေးစွာ လမ်းလျှောက်သွားခြင်းကို ဆိုလိုသည်မဟုတ်ပဲ သားရဲများ စီးကာ ခေါ်သွားရန်ဖြစ်သည်။
အားလုံးသည် စာချုပ်သားရဲများကို ခေါ်ထုတ်လိုက်ကြသည်။
ဂေါင်မျိုးနွယ်ဝင်များတွင် အံ့ဖွယ်သားရဲများ ရှိနေသည်ကိုတော့ ပြောစရာပင်မလိုပေ။ သို့သော် ရှီမာယူယူ နှင့် တခြားသူများတွင်လည်း အံ့ဖွယ်အဆင့် သားရဲများရှိနေမည်ဟု သူတို့ထင်မထားကြပေ။
ဒါဆိုရင် အံ့ဖွယ်သားရဲတွေက ဂေါ်ဖီထုတ်လိုမျိုး ပေါလာတာလား။
“သွားရအောင်” ရှီမာယူယူသည် ရာဟွောင်အား ပုတ်လိုက်ရာ သူသည် ဦးဆောင်သွားတော့သည်။
သူတို့သည် အတော်အတန်ဝေးသော နေရာသို့ ရောက်သောအခါ ဂေါင်လင်းသည် အဝေးသို့ ကြည့်ကာ ပြောလိုက်သည် “သူတို့က ယိလင်းတိုင်းပြည်က မဟုတ်ဘူးလား၊ သူတို့က ဘာလို့ ငါတို့ တိုင်းပြည်က လူတွေလို သန်မာတယ်လို့ ခံစားမိနေရတာလဲ”
“ဟုတ်တယ် သူတို့က ငါတို့်တိုင်းပြည်က လူအများစုထက် သာလွန်နေတယ်” ဂေါင်မျိုးနွယ်မှ လူငယ် တစ်ယောက်သည် ပြောလေသည်။
“သူတို့မှာ တည်ဆောက်မှုသခင်နဲ့ လက်နက်ပညာရှင်ရှိတယ်၊ အားလုံးမှာလည်း သူတော်စင်သားရဲတွေ ကိုယ်စီနဲ့ ပြီးတော့ တချို့ဆို အဲထက်တောင် သန်မာကြတယ်၊ သူတို့မှာ အံ့ဖွယ်လက်နက်တွေတောင် ရှိတယ်၊ သူတို့အားကတော့ သူများကို ဆွဲဆောင်နိုင်တာပဲ” ဂေါင်ဖေးဖေး ပြောလိုက်သည် “ဒါပေမဲ့ ယိလင်းတိုင်းပြည်က လူတစ်ယောက်ရဲ့ အားကို ကန့်သတ်ထားတယ်၊ အံ့ဖွယ်အဆင့်ကနေ တက်နိုင်မှာမဟုတ်ဘူး၊ သူတို့ ခုနက အံ့သြသွားတာကြည့်ရတာ တကယ်ပဲ အဲနေရာကလာတာပဲ”
“ငါတို့တိုင်းပြည်က တခြားသူတွေ သူတို့ကို မြင်ရင် ဘယ်လောက်တောင် အံ့သြသွားကြ မလဲ” ဂေါင်ဂူ ပြုံးပြီး ပြောလိုက်သည်။
“မသေချာဘူး ငါတို့်က ဝေကျိရွှီတို့နဲ့တွေ့လို့လေ၊ အဲလူတွေကို တခြားတိုင်းပြည်ကလူတွေ တွေ့ရင် တည့်မှာမဟုတ်ဘူး” ဂေါင်ဖူ ပြောလိုက်သည်။
“ယွန်ဖန်နဲ့ သူ့လူတွေလည်း လောကသေးကို လာကြတယ်လို့ ကြားတယ် သူတို့နဲ့ တွေ့မလား ပဲ” ဂေါင်ဖူ ပြောလိုက်သည်။
ဂေါင်ဖေးဖေးသည် သက်ပြင်းချကာ “အရှေ့ကလူတွေက သူတို့ပဲ၊ ငါ အစောကတည်းက သူတို့ ရောင်ဝါ ကိုခံစားမိတယ်၊ ပြီးတော့ ကျန်းမျိုးနွယ်ဝင်တွေလည်း ရှိနေတယ်၊ လာတဲ့သူလည်း များတယ်၊ ငါတို့် မကြာခင် သူတို့နဲ့ တွေ့ရင် ပြဿနာမဖြစ်အောင် ရှောင်ရမယ်”
“ဟုတ်ကဲ့ပါ မမကြီး” လူတချို့သည် ပြန်ဖြေသည်။
“သွားရအောင် သူတို့နဲ့ ဝေးသွားပြီ” ဂေါင်ဖေးဖေးသည် သူမ၏ အံ့ဖွယ်သားရဲပေါ်တွင်ထိုင်ကာ ပြောပြီး သည်နှင့် လမ်းကြောင်းကို ဦးတည်လေသည်။
ဂေါင်မိသားစုဝင်များသည် လျင်မြန်စွာ သူမနောက်အားလိုက်ရာ ရှီမာယူယူနှင့် အဖွဲ့ကို မှီလေသည်။
သူတို့သည် တောင်ကို လျင်မြန်စွာ ဖြတ်ကျော်ကာ မနေ့ညက သားရဲ၂ကောင် တိုက်ပွဲဖြစ်ထား သော နေရာသို့ ရောက်လေသည်။
တောင်အနီးအနားတွင် ပျက်စီးထားသော သီးပင်စားပင်များ ပတ်လည်ဝိုင်းနေသည်။ ကြည့်ရုံနှင့်ပင် ရှုပ်ပွနေသည်။
“ရှုပ်ပွနေတာကြည့်ဦး မနေ့ညက တိုက်ပွဲက ပြင်းတယ်ထင်တယ်” ဖက်တီးကျူ ပြောလိုက်သည်။
“မနေ့ညက နှင်းဝံပုလွေမလား” ဝေကျိရွှီသည် တောင်ပေါ်တွင် ရှိနေသော နှင်းဝံပုလွေအသေကောင် အား ညွှန်ပြကာ ပြောလေသည်။
“ဟုတ်လောက်တယ်” ဂေါင်ဖေးဖေး ပြောလိုက်သည်။
“ဒီမှာ ဘာရတနာမှ ရှိတဲ့ပုံမပေါ်ဘူး၊ ဒီမှာဘာလို့ လူတွေများနေတာလဲ” ဂေါင်ဖေးဖေးသည် တောင်ပေါ်မှ လူများကို ကြည့်ကာ ရှုပ်ထွေးစွာ ပြောလေသည်။
အားလုံးသည်လည်း ဂေါင်ဖေးဖေးနှင့်အတူ ရှုပ်ထွေးသွားသည်။ ပြောရမည်ဆိုလျှင် ထိုကဲ့သို့ အရှုပ်အထွေးများ ဖြတ်တတ်သည်မှာ ရတနာကြောင့်ပင် ဖြစ်လေ့ရှိသည်။ သို့သော် သူတို့ထိုနေရာသို့ ရောက် ချိန်တွင် လူကြမ်းတစ်စုမှလွဲ၍ ထူးခြားမှုမတွေ့ခဲ့ပေ။