အပိုင်း (၃၅၂) – ယွန်မိသားစုမှ ယွန်ရိ
Vol. 004 Ch. 352
ဝေကျိရွှီသည် လူများအားကြည့်ကာ ပြောလိုက်သည် “ဒီလူတွေလည်း ငါတို့လိုပဲ မနေ့ညက ပွဲကြောင့် ရောက်လာကြာတာ ထင်တယ်”
“ဒါဆို သူတို့လည်း ဘာမှန်းသိမယ် မထင်ဘူး၊ သူတို့ နှင်းဝံပုလွေ ဆွဲဖြဲခံရမှာ မကြောက်ဘူူးလား မသိ ဘူး” ဖက်တီးကျူ ပြောလိုက်သည်။
“ကြောက်စရာကောင်းတာက နှင်းဝံပုလွေတင်မဟုတ်ဘူး” ဂေါင်ဖေးဖေး ပြောလိုက်သည် “တခြား နယ်မြေ တွေကလာတဲ့ လူတွေအများကြီးပဲ… သူတို့တွေက စံတင်ဝိညာဉ်အဆင့်ရှိကြပြီး ဝိညာဉ်သားရဲ တွေလည်း ရှိတယ်၊ သာမာန် တိုက်ခိုက်မှုမျိုးတော့ မဟုတ်ဘူး”
“ဒီကို အသက် ၁၀၀အောက်လူတွေပဲ ဝင်လို့ရတာမလား၊ ပြောချင်တာက အဆင့်နိမ့်တဲ့ ဝိညာဉ်သခင် တွေပဲ ဝင်လို့ရတာလေ၊ ဘယ်လိုလုပ် အဲလောက် အသက်ငယ်ငယ်နဲ့ စံတင် ဝိညာဉ်တွေ ဖြစ်ကြတာ လဲ” ရှီမာယူလီ မေးလိုက်သည်။
ယိလင်းတိုင်းပြည်တွင် အသက် ၁၀၀တွင် စံတင်ဝိညာဉ်အဆင့် ရောက်သူသည် အံ့သြရလောက်သည်။ စံတင်ဝိညာဉ်အဆင့်မှ တက်ရမည့် အဆင့်များသည် ခက်ခဲကာ တက်ရန်လည်း နှေးကွေးသည်။ အဆင့် တစ်ဆင့် တက်ရန် ၁၀နှစ်လောက်အချိန်ယူရသည်။ အသက် ၁၀၀မပြည့်ခင် စံတင်ဝိညာဉ်အဆင့် ရောက်သူသည် အလွန် ထူးခြားသူသာဖြစ်သည်။
ဖက်တီးကျူနှင့် ကျန်သောသူများ အံ့သြနေသည်ကို ကြည့်ကာ ဂေါင်မိသားစုဝင်များသည် သူတို့သည် ယိလင်းတိုင်းပြည်မှ လာသည့်အမှန်တရားကို ယုံသွားကြလေသည်။
“ငါတို့မိသားစုမှာ အသက်၁၀၀နဲ့ စံတင်ဝိညာဉ်ဖြစ်တဲ့ ဦးကြီးရှိတယ်” ဂေါင်လင်း ပြောလေသည် “သူက အင်အားကြီးတွေရဲ့ ရွေးချယ်တာကို ခံရပြီး အထက်ရောက်သွားတာနဲ့ အဆင့်တက်သွားတယ်”
“မိုက်တယ်”
“အသက် ၁၀၀ စံတင်ဝိညာဉ်ဟုတ်လား”
“ဟုတ်တယ်.. ဒါပေမဲ့ အဲဒီကလူတွေနဲ့ ယှဉ်လိုက်တော့ အဲဒီစွမ်းရည်က အဲလောက် မဟုတ်သေး ဘူး” ဂေါင်လင်း ပြောလေသည်။ ဦးကြီးသည် အရင်က သူတို့ဆီလာရောက် လည်ပတ်ဖူးသဖြင့် ကမ္ဘာဦး နယ်မြေက အကြောင်းများကို သူတို့ သိရသည်။
ရှီမာယူယူ၏ နှုတ်ခမ်းထောင့်သည် ကွေးသွားသည်။ အသက် ၁၀၀ စံတင်ဝိညာဉ်က ဘယ်လိုလုပ် တော် တယ်လို့ ပြောလို့ရမလဲ…
“အဲဒီက အားလုံးက စံတင်ဝိညာဉ်အဖြစ် မွေးဖွားကြတာ၊ အဲလိုမဟုတ်ရင်တော့ အသုံးမကျတဲ့ သူပဲ” ဂေါင်လင်း ပြောလေသည် “အသက် ၁၅နှစ်နဲ့ အံ့ဖွယ်အဆင့်မရောက်ရင် အဲဒါ သာမာန်လူပဲ”
“၁၅နှစ်နဲ့ အံ့ဖွယ်အဆင့်”
“အဲဒါကြောင့် အံ့ဖွယ်အဆင့်ရောက်ရောက်ချင်းကို မသွားနဲ့လို့ ပြောကြတာ၊ အဲအဆင့်လောက်နဲ့ အဲမှာ ဘောင်မဝင်ဘူးပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“သူတို့က ကျွန်မတို့ထွားကြတယ်၊ အဲတော့ ကျွန်မတို့ထက် အားပိုကောင်းတာလဲ ပုံမှန်ပါ ပဲ” ဂေါင်ဖေးဖေး ပြောလိုက်သည်။
“မမရဲ့ အရည်အချင်းက ဦးကြီးထက်သာတယ်၊ သေချာပေါက် အသက် ၁၀၀ မပြည့်ခင်ကို စံတင် ဝိညာဉ် ဖြစ်မှာပဲ” ဂေါင်ဖေ ပြုံးပြီး ပြောလိုက်သည်။
“ဖေးဖေးက အသက် ၁၀၀မပြည့်ခင် စံတင်ဝိညာဉ်ဖြစ်မှာပါ” သန်မာပြီး ပြင်းထန်သော အသံသည် ဘေးမှ လာရာ အားလုံး၏ အာရုံသည် ထိုအသံဆီသို့ ရောက်သွားကြသည်။ ရှီမာယူယူနှင့် ကျန်သောသူများ ကြည့်လိုက် ရာ အနက်ရောင် အပေါ်ဝတ်ဝတ်ထားသော အမျိုးသားတစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လာကာ သူ့နောက်တွင် နောက်ထပ် အနက်ရောင်ဝတ် အမျိုးသား တစ်ယောက်လိုက်လာသည်။ လာနေသော အမျိုးသား အားမြင်သည်နှင့် ဂေါင်ဖေးဖေး၏ အမူအရာများ ပြောင်းသွားကာ သူ့အား ကြိုဆိုခြင်း မရှိပေ။
ထိုအမျိုးသားသည် ဖြည်းဖြည်းချင်းလျှောက်လာပြီး ဂေါင်ဖေးဖေးဘေးတွင် မားမားရပ်ကာ ပြောလိုက် သည် “ဖေးဖေးက ကျွန်တော့် အမျိုးသမီးဖြစ်လာမှာဆိုတော့ သူမကို အသက်၁၀၀မရောက်ခင် စံတင်ဝိညာဉ် ဖြစ်ဖို့ ကျွန်တော် ကူညီမှာပါ” ရှီမာယူယူသည် ထိုလူပြောလိုက်သော စကားကို အလွန်သိချင်သွားသည်။
ဒီလူက ဂေါင်ဖေးဖေးရဲ့ စေ့စပ်ထားတဲ့သူလား။
သို့သော် သူမ ထိုလူအား အကဲခတ်လိုက်ရာ ထိုလူသည် ညှိနှိုင်းရခက်မည့် လူမျိုးပင်။ ဂေါင်ဖေးဖေး၏ အမူအရာအား ကြည့်ရာတွင်လည်း သူမသည် သူ့အား မနှစ်သက်သည်မှာ ထင်ရှားသည်။
သို့သော် ထိုသည်မှာ သူတို့အတွေးသက်သက်ပင်….
“ကျန်ကျန်းရှိ ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာမင်္ဂလာကတိမှ ပေးထားတာ မရှိဘူး အသုံးမကျတဲ့ ရှင့် စိတ်အတိုင်း လိုက်ပြောနေတာတွေ ရပ်လိုက်ပါ” ဂေါင်ဖေးဖေး အေးစက်စွာ ပြောလေသည်။
“ဟားဟား ဖေးဖေး ငါ့အဖေက ငါတို့ဒီကနေ ထွက်သွားတာနဲ့ ဂေါင်မိသားစုကို မင်္ဂလာကိစ္စ ပြောဖို့ လူလွှတ်လိမ့်မယ် မင်းတို့မိသားစုက ငါ့ကို ငြင်းလို့ရမယ်ထင်လား” ကျန်ကျန်းရှိသည် မာကျောစွာ ရယ်မောလေ သည်။
“ကျန်ကျန်းရှိ ရှင်တို့ လူကြီးထဲက တစ်ယောက်က ပညာရှိစံအိမ်တော်က လူကြီးဖြစ်သွားပြီဆိုတာနဲ့ ရှင် လုပ်ချင်တာ လုပ်လို့ရမယ်ထင်နေလား အထူးသဖြင့် ကျွန်မတို့ ဦးကြီးက အံ့ဖွယ်နတ်ဆိုးတောင်ကြားက အဖွဲ့ဝင် ပဲ” ဂေါင်ဖူသည် ကျန်ကျန်းရှိ၏ ဘဝင်မြင့်မှုကို သည်းမခံနိုင်ကာ ပြန်ပြောလေသည်
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုလူကြီးမင်းသည် အံဖွယ် နတ်ဆိုး တောင်ကြား၏ အဖွဲ့ဝင်ဖြစ်မည်ဟု သူတို့ထင်မထားကြပေ။ သူတို့သည် ဆက်နွယ်မှု တစ်ခုခုတော့ ရှိ မည့်ပုံပင်
“မင်းတို့ အဲဒီ ဦးကြီးက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ အပြင်ပိုင်းအဖွဲ့ဝင်ပါ အဖိုးတန်အဖွဲ့ဝင်လည်း မဟုတ်ဘူး ငါ့မိသားစုက လူကြီးက ပညာရှိစံအိမ်တော်ရဲ့ ဒုတိယလူကြီးမင်းပဲ မင်းတို့ မိသားစုက ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်မိသားစုရဲ့ အောက်မှာပဲရှိတာပဲ” ကျန်မိသားစုဝင် တစ်ယောက် ပြောလိုက်သည် “အခု ငါ့အစ်ကို က မင်းတို့ အစ်မကို လက်ထပ်ချင်တာ ဂုဏ်တောင်ယူရဦးမယ် ဒီလောက် ကံကောင်းတာကို မငြင်းချင်စမ်းပါနဲ့”
“ရှင်တို့် ကျွန်မတို့ကို ဘယ်လိုအပြစ်ပေးမလဲ ကြည့်ရသေးတာပေါ့” ဂေါင်ဖေးဖေးသည် ထိုလူအား အေးစက် သော အကြည့်ဖြင့် ကြည့်ကာ သူမ ခန္ဓာကိုယ်သည် သန်မာသောကြောင့် တခြား နှစ်ယောက်ထက် နိမ့်ကျခြင်းမရှိပေ။
“ဝူရှိ မင်း ဖေးဖေးနဲ့ သူ့မိသားစုကို အဲလို ပြောဖို့မလိုဘူး” ကျန်ကျန်းရှိ ပြောလိုက်သည်။
“ဟုတ်ကဲ့ အစ်ကိုကြီး” ကျန်ကျန်းရှိ၏ နောက်လိုက်များသည် သူ့အား လေးစားမှုရှိကြသည်။ သူတည်ရှိ မှုအား ပြောလိုက်သည်နှင့် ဂေါင်ဖေးဖေးအား မလေးမစား မပြုရဲကြပေ။
“ဖေးဖေး ငါ မင်းကို တကယ်ကြိုက်တယ်၊ မင်းနဲ့ လိုက်မယ့်သူ ငါက လွဲရင် ဘယ်သူရှိလို့လဲ၊ အခု ယွန်ဖန်က ငါ့ကိုမြင်တာနဲ့ သူ့အရှုံးကို ဝန်ခံတယ်” ကျန်ကျန်းရှိသည် ဂုဏ်ယူစွာ ပြောလိုက်သည်
ဂေါင်ဖေးဖေး ဘာမှမပြောခင်တွင် အေးဆေးသော အသံသည် ကြားဖြတ်ဝင်လာသည် “ဟုတ်လား ဖန်လေး မင်းအားနည်းလာတော့ ကျန်မိသားစုဝင်ကိုတောင် မတွေ့ရဲတော့ဘူးလား”
ရှီမာယူယူသည် ထိုလူများကို အရင်ကတည်းက မြင်ဖူးသော်လည်း သူတို့သည် ဂေါင်ဖေးဖေးတို့နှင့် တစ် တိုင်းပြည်တည်း ဖြစ်လိမ့်မည်ကိုတော့ ထင်မထားပေ
ထိုအဖွဲ့၏ ခေါင်းဆောင်မှာ အဖြူရောင်ဝတ်ထားပြီး မိန်းကလေးများထက်ပင် ချောမောသည်။ သူကျော တွင် လျော့တိလျော့ရဲ စည်းထားသော ဆံပင်များ ကျနေသည်။ သူ့နောက်တွင် အပြာရောင် အပေါ်ဝတ်ဝတ် ထားသော လူငယ်တစ်ယောက်သည် ခက်ထန်စွာကြည့်နေလေသည်။ သူ့အစ်ကို ပြောသည်ကို ကြားသည်နှင့် သူ ခြောက်သွေ့စွာ ပြန်ဖြေလေသည် “ကျွန်တော်လည်း မသိဘူး” ထိုပြောလိုက်သော အမူအရာသည် ကျန်ကျန်းရှိအား စိုးရိမ်ရမည့်သူအဖြစ် စဉ်းစားစရာမလိုသည့်အတိုင်း ပေါ့ပါးနေသည်
ဂေါင်မိသားစုဝင်များသည် လာနေသည့်လူများအား တွေ့သည်နှင့် ပြုံးသွားကာ သူတို့ရောက်လာသည် ကို ဝမ်းသာကြသည်။ သို့သော် ကျန်မိသားစု၏ အမူအရာများမှာ သံပရာသီးကိုက်ထားသည့် ပုံအတိုင်းဖြစ် သွားလေသည်။
“သြော် ခင်ဗျားလည်း သိမယ်မထင်ဘူး” ယွန်ရိသည် ခြောက်သွေ့စွာ ပြောလေသည် “ဒီလိုဆိုမှတော့ မင်း ဒီကျန်မိသားစု ပါရမီရှင်နဲ့ တိုက်ကြည့်သင့်တယ် မင်း တကယ်ပဲ သူတို့အောက်မှာ ရှိလားဆိုတာ ကြည့်ရမယ် အဲဒါအမှန်ပဲဆိုရင် ငါတို့ နိမ့်ကျတာကို လက်ခံရမှာပေါ့”
“ဟုတ်တယ်” ယွန်ဖန်သည် ကျန်ကျန်းရှိအား ကြည့်ရင်း ခေါင်းညိတ်လေသည်။ ကျန်ကျန်ရှိက တကယ်ပဲ ယွန်ဖန်နဲ့ ပြိုင်ဖို့ သတ္တိရှိတာလား၊ ယွန်ဖန်က သူ့ထက် အဆင့်နှစ်ဆင့် မြင့်နေတာတောင်မှလေ။
“မင်းစောင့်နေလိုက်ပေါ့” သူ ပြောလိုက်သည်နှင့် သူနှင့် ကျန်မိသားစုဝင်များသည် တန့်သွားလေသည်
“ကျွတ် အားနည်းလိုက်တာ” ဂေါင်လင်းသည် အထင်သေးစွာ လက်ချောင်း လှုပ်လိုက်ရာ ကျန်မိသားစု ဝင်များ ရပ်တန့်သွားလေသည်။
“အစ်ကိုကြီးယွန်ရိ အဲမှာရှိရမှာ မဟုတ်ဘူးလား ဘာလို့ ဒီရောက်နေတာလဲ” ဂေါင်ဖေးဖေးသည် ယွန်ရိ အား ကြည့်ပြီး ပြုံးလေသည်
ယွန်ရိသည် ဂေါင်ဖေးဖေး၏ ခေါင်းအား ပုတ်ကာ ပြောလိုက်သည် “ဖေးဖေးတောင် ဒီလောက်ကြီးလာပြီး တည်ငြိမ်နေပြီ”
ဂေါင်ဖေးဖေးသည် မျက်မှောင်ကြုတ်လိုက်သည် “အစ်ကိုထွက်သွားတဲ့အချိန်မှာ ကျွန်မ ကြီးနေပြီလေ”
“အဲတုန်းက မင်းထွားလာပေမယ့် ကလေးမလေးလိုပဲ အခု မင်းက အစ်မကြီးဖြစ်နေပြီ” ယွန်ရီသည် ရယ်မောကာ ပြောလေသည်။
ဂေါင်ဖေးဖေးသည် သူ့လက်အား ပုတ်ချလိုက်ပြီး “ကျွန်မ မေးခွန်းကို အရင်ဖြေပါဦး၊ အံ့ဖွယ်နတ်ဆိုး တောင်ကြားကို ရောက်သွားတာမလား ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“အစ်ကိုက အံ့ဖွယ်အဆင့် ရောက်တော့မှာလို့ တောင်ကြားခေါင်းဆောင်က ပြောတယ် ဒါပေမဲ့ အဲမရောက်ခင် နားခိုင်းလိုက်တာ၊ အစ်ကို အိမ်ပြန်တဲ့လမ်းမှာ ဒီကိစ္စနဲ့ ကြုံတာနဲ့ အပျော်လိုက်လာတာ” ယွန်ရိ ပြောလိုက်သည် “ဟုတ်သားပဲ အစ်ကို ဆင်းလာတာ မင်း ဦးကြီးသိတယ် ပစ္စည်းတွေတောင် ပေးခိုင်း လိုက်သေးတယ်”