အပိုင်း (၃၅၃) – သခင်လေးနှင့် တွေ့ဆုံခြင်း
Vol. 004 Ch. 353
“ဦးကြီးက ဘာပေးခိုင်းလိုက်တာလဲ” ဂေါင်လင်း မေးလိုက်သည်။ ထိုပစ္စည်းသည် ဘယ်လိုပင်ဖြစ်ပါစေ အရမ်းအရည်အသွေးမကောင်းလျှင်တောင် တခြားနယ်မြေက ပစ္စည်းများထက်တော့ သာလွန်မည်။ ထို့အပြင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ ပစ္စည်းသည် ကြောက်စရာကောင်းမည်လား။ ယွန်ရိသည် ဂေါင်လင်း၏ စိုးရိမ်နေသော အမူအရာအားကြည့်ကာ ပြောလေသည် “ဒီအသက်အရွယ်နဲ့ ဘာတွေအဲလောက် စိုးရိမ် နေတာလဲ”
“ဟီးဟီးဟီ” ဂေါင်လင်းသည် သူ့ခေါင်းအနောက်ကို ပွတ်ကာ ပြောလေသည် “အစ်ကိုကြီး ယွန်ရိ ကျွန်တော့်ကို စရတာ တကယ်ကြိုက်တယ်ထင်တယ်”
“ဆေးတချို့ရယ်၊ ဝိညာဉ်ပစ္စည်းနဲ့ တစ်ခါသုံး တည်ဆောက်မှုတွေပါ၊ မင်း တခြားဟာတွေ သုံးဖြစ်မယ် တောင် မထင်ဘူး” ယွန်ရိသည် မှော်ဝင်လက်စွပ်ထုတ်ကာ ဂေါင်ဖေးဖေးအား ပေးရင်းနှင့် ပြောလေ သည် “အားလုံး ဒီထဲမှာရှိတယ်”
ဂေါင်ဖေးဖေးသည် လက်စွပ်အားယူပြီး လက်စွပ်ထဲအား စွမ်းအား စုစည်းပြီး အာရုံစိုက်ကြည့်လိုက်ရာ အံ့သြသွားသဖြင့် ခဏအကြာမှပင် သတိပြန်ဝင်လာလေသည်။ “ဦးကြီးလို တောင်ကြားအပြင်က လူက ဘယ်လိုလုပ် ဒီလောက် ပစ္စည်းအများကြီး ယူရမှာလဲ”
“မင်းတို့ ဦးကြီးက လူကြီးမင်းတွေရဲ့ အချစ်ကိုခံရတယ်လေ၊ ပြီးတော့ ဒီပစ္စည်းတွေက သူ့ကို တောင်ကြားကနေ ဆုရာတာတွေထင်တယ် ငါထွက်လာတော့ မင်းတို့ဦးကြီးက အတွင်းပိုင်း တပည့်ဖြစ် တော့မယ်လို့ ကြားတယ်” ယွန်ရိ ပြောလိုက်သည်။
“တကယ်လား” ဂေါင်မိသားစုသည် ထိုသတင်းအားကြားလိုက်သောအခါ ပျော်ရွှင်မှုများ ပြည့်သွားလေ သည်။ သူတို့ဦးကြီးသည် တောင်ကြားအတွင်း ဝင်သွားပါက သူတို့မျိုးနွယ်များ၏ ထင်ပေါ်ကျော်ကြားမှု မြင့်တက် လာမည်။
ယွန်ရိ ခေါင်းညိတ်လိုက်သည်။
“ကောင်းလိုက်တာ” ဂေါင်ဖူသည် စိတ်လှုပ်ရှားစွာ ထခုန်လေသည်။ သူတို့ ပျော်ရွှင်နေသည်ကို သူ ကြည့်ပြီးနောက် ယွန်ရိသည် ဘေးသို့ ကြည့်ကာ မေးလေသည် “ဒီလူတွေက မင်းတို့ မိသားစုက မဟုတ်ဘူး မလား”
“ကြည့်ဦး မိတ်ဆက်ပေးဖို့ မေ့နေတာ” ဂေါင်ဖေးဖေးသည် သူမ နဖူးကို ပြန်ရိုက်လိုက်သည်။ “သူတို့တွေ က ညီမတို့ မနေ့ကတွေ့ခဲ့တဲ့ သူငယ်ချင်းတွေပါ ဒါက ဝေကျိရွှီ၊ ဝူရန်ဖေ ဖက်တီး ဘေဂုံထန် တုလေး ရှီမာယူလီ နဲ့ ရှီမာယူယူပါ”
သူ ရှီမာယူယူ နာမည်ကြားသည်နှင့် ယွန်ရိ၏ မျက်လုံးများ လက်လာသည် “ယိလင်းတိုင်းပြည်က ရှီမာယူယူလား”
“အစ်ကိုယွန်ရိ သူ့ကို သိတာလား” ဂေါင်ဖေးဖေးနှင့် ကျန်သောသူများ အံ့သြသွားလေသည်။ သူတို့အား မိတ်ဆက်ပေးစဉ်က သူတို့ကို ယိလင်းတိုင်းပြည်ကဟု မိတ်ဆက်မပေးခဲ့သည်ကို သူမ မှတ်မိသည်။
ယွန်ရိသည် ရှီမာယူယူ၏ လက်စွပ်ကို ကြည့်ကာ အံ့သြသွားလေသည်။ သူသည် သူမအား အရိုအသေ ပေးကာ ပြောလေသည် “ဒီယွန်တပည့် ယွန်ရိက သခင်လေးကို နှုတ်ဆက်ပါတယ်”
သူအရိုအသေပေးသည်နှင့် အားလုံး အံ့သြသွားကာ ရှီမာယူယူဘက် လှည့်ကြည့်ကြလေသည်
“အင်း ထိလို့ရပါပြီ” ရှီမာယူယူ နှာခေါင်း ပွတ်လိုက်သည်။ ဒီလို ပြောရတာ ဟုတ်တယ်မလား
“ကျေးဇူးတင်ပါတယ် သခင်လေး” ယွန်ရိသည် ခန္ဓာကိုယ်ကို ပြန်မတ်ကာ ရှီမာယူယူအား ကြည့် လိုက်သည်။
“အစ်ကိုကြီးယွန်ရိ သူ့..သူ့ကို သခင်လေးကို ခေါ်လိုက်တာလား” ဂေါင်ဖူသည် သူတို့ကြားမှ ကိစ္စကို နားမလည်နိုင်တော့ပေ။
“ဟုတ်တယ်၊ သူက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ သခင်လေး ၂ယောက်ထဲက တစ်ယောက်ပဲ” ယွန်ရိ ပြောလိုက်သည်။
“ဒါပေမဲ့ ယူယူနဲ့ သူတို့က ယိလင်းတိုင်းပြည်ကမလား၊ ဘယ်လိုလုပ် သခင်လေး ဖြစ်သွားတာလဲ” ဂေါင်လင်း မေးလိုက်သည်
“ဒုတိယသခင်ကြီးပြန်လာတာနဲ့ သူ့ဆက်ခံသူတွေ့ပြီဆိုတာ ကြေညာတယ် ပြီးတော့ သွေးလက်စွပ်က လည်း သူ့ကို အသိအမှတ်ပြုတယ် ဒါနဲ့ သူက ငါတို့ သခင်လေးဖြစ်လာတာပဲ” ယွန်ရိ ရှင်းပြသည်
“ဒါဆို ယူယူက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ သခင်လေးပေါ့၊ ဘယ်လောက်တောင် အားကောင်းလိုက် တဲ့ နာမည်လဲ…. မင်း အထက်ကိုသွားရင် မင်းကို ဘယ်သူမှ မခန့်လေးစား မလုပ်ရဲဘူး” ဂေါင်လင်းသည် ရယ်မော လေသည်။
ယွန်မိသားစုသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ သခင်လေးကို တွေ့ရမည်ဟု ဘယ်သူမှ ထင်မထား ပေ။ သူတို့နားလည်သလောက်တော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် လျှို့ဝှက်သော စွမ်းအင်ရှိကာ သူတို့၏ သခင်လေးသည် ဆန်းကြယ်သော သူဖြစ်ရမည်ဟု။ အခု သူတို့သည် သူ့အား လက်တွေ့မြင်လိုက်ရ သဖြင့် မယုံကြည်နိုင်ဖြစ်ရသည်။ ပြီးခဲ့သည့် ခင်မင်မှုသည် မာကျောသွားကာ အထူးသဖြင့် ဂေါင်မိသားစုဝင်များသည် ရှီမာယူယူနှင့် အဖွဲ့ကို မည်သို့ တုန့်ပြန်ရမည်ကို မသိတော့ပေ။
ရှီမာယူယူ ရယ်မောကာ ပြောလေသည် “ငါ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ရောက်တောင် မရောက် ဖူးသေးဘူး၊ အဲတော့ ကိုယ့်ကိုယ်ကိုတောင် ဘာမှန်းမသိသေးဘူး ဒီ သခင်လေးဆိုတဲ့ခေါင်းစဉ်က နာမည် သက်သက်ပါ အရင်အတိုင်းပဲပြန်နေကြပါ အဲကိစ္စနဲ့ မသက်မသာဖြစ်ဖို့မလိုပါဘူး”
“ဟီးးး ငါလည်း အဲလိုထင်တယ်” ဂေါင်လင်း ပြောလေသည်။
ရှီမာယူယူသည် ယွန်ရိအားကြည့်လိုက်ကာ ထိုနေရာ၏ စည်းမျဉ်းများကို ရုတ်တရက် သတိရသွားကာ အံ့သြစွာ ပြောလေသည် “ယွန်ရိ ခင်ဗျားက အသက် ၁၀၀မပြည့်သေးဘူးလား”
“အင်း ငါ ဒီနှစ်ကို အသက် ၉၀ရှိပြီ” ယွန်ရိ ပြောလိုက်သည်။
“ပြီးတော့ ခင်ဗျားက စံတင်ဝိညာဉ်မဖြစ်ခင်ကို အံ့ဖွယ်နတ်ဆိုးတောင်ကြား ရောက်သွားတာပေါ့”
“ဟုတ်တယ်” ယွန်ရိ ပြောလိုက်သည်။
“အစ်ကိုကြီး ယွန်ရိရဲ့ စွမ်းအင်က အရမ်းသန်မာတယ် သူ မှီခိုကင်းတိုင်းပြည်က လူကြီးနဲ့တွေ့ပြီးတော့ အဲလူကြီးမင်းက တည်ဆောက်မှုသခင်ဖြစ်နေခဲ့တာ သူက အစ်ကိုကြီးယွန်ရိရဲ့ အရည်အချင်းကိုတွေ့ပြီးတော့ သူ့ကို အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ခေါ်သွားတာပဲ အဲတုန်းက အစ်ကိုကြီးယွန်ရီက အသက် ၃၀ပဲရှိသေး တယ်” ဂေါင်ဖေးဖေး ရှင်းပြသည်။
အသက် ၉၀…..
ရှီမာယူယူသည် အရင်ကမ္ဘာမှ အသက် ၉၀နှင့် လက်ရှိကမ္ဘာမှ အသက် ၉၀ကို ယှဉ်ကြည့်မိသည်။ ဒီနေရာမှ အသက် ၉၀သည် ဘဝကို စတင်သည်ဖြစ်သော်လည်း ကမ္ဘာမြေမှ အသက် ၉၀သည် ဘဝကို အဆုံးသတ်ရသည်။
“ဟီးဟီး ဒီလိုစဉ်းစားရင် ငါက အသက်ဘယ်လောက်မှမရှိသေးဘူးပဲ” သူမသည် စိတ်ထဲတွင် ဝမ်းသာ မိသည်
“အဝူး…”
နှင်းဝံပုလွေ၏ အော်သံသည် မျက်နှာချင်းဆိုင်တောင်ထပ်မှ လွင့်ပျံလာသောကြောင့် အားလုံး လန့်သွား ကြလေသည်
“ဘာဖြစ်ကြတာလဲ” အားလုံးသည် နှင်းဝံပုလွေအော်သံကို အာရုံရောက်သွားကြသည်
“သူတို့အဖွဲ့ကို ခေါ်တာထင်တယ်” ဝေကျိရွှီပြောလိုက်သည်
“ဒီမှာ လူတွေများများလာတာကို အာရုံခံမိပြီး သူ့အဖွဲ့ကို ခေါ်လိုက်တာပဲ” ဂေါင်ဖေးဖေး ခန့်မှန်းသည်။
“ဒါပေမဲ့ ဒီမှာ ဘာရတနာမှာမရှိဘူးလေ” ရှီမာယူလီ ပြောလိုက်သည်။
တုလေးသည် ရှီမာယူယူ၏ အင်္ကျိကို ဆွဲကာ ပြောလိုက်သည် “အစ်ကို ကျွန်တော် ခံစားမိတယ်၊ ဒီမှာ ရတနာရှိတယ်”
“ဘယ်မှာလဲ ဆိုတာ သိလား” ဖက်တီးကျူမေးလိုက်သည်။
တုလေး ခေါင်းရမ်းကာ ကမ်းပါးအနောက် အဝေးသို့ ညွှန်ပြကာ ပြောလိုက်သည် “အဲဒီက ကျောက်တုံး တွေဆီမှာရှိတယ်”
“ကျောက်တုံးထဲမှာ ဟုတ်လား ကျောက်တုံးအရိုးစုပန်း တွေဖြစ်မလားပဲ” ယွန်ရိ မိသားစုမှ တစ်ယောက် သည် ကျယ်လောင်စွာ အော်လိုက်သည်
“ကျောက်တုံးအရိုးစုပန်းတွေက ဒဏ္ဍာရီထဲမှာပဲ ရှိတာမလား” ဖက်တီးကျူသည် သူ ရိုးအသည်ကို ရှက်ရှက်နှင့် အားလုံး၏ အံ့သြသော အမူအရာကို ကြည့်ကာ မေးလေသည်။
“ကျောက်တုံးအရိုးစုပန်းတွေက သေရာကနေပြန် ရှင်အောင်လုပ်လို့ရတယ် ပြီးတော့ အရိုးတွေကို ပြန် လန်းဆန်းစေတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟူး..” ရှီမာယူလီနှင့် တခြားသူများသည် အသက်ပြင်းပြင်းရှုလိုက်သည်။ ဒီကမ္ဘာမှာ အဲလိုပစ္စည်းမျိုး တကယ်ရှိနေတာလား။
“တကယ်လို့ သေသွားတယ်ဆိုရင် ကျောက်တုံးအရိုးစုပန်းကို ခန္ဓာကိုယ်မှာ သုံးလိုက်တာနဲ့ အသက် ပြန်ရှင်လာမယ်လို့ ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းရှိတယ်” ဂေါင်ဖေးဖေး ထပ်ပေါင်းပြောလေသည်
“အဲလောက် အားကောင်းတာလား” ဖက်တီးကျူ ပြောလိုက်သ်ည “အဲလို တန်ဖိုးကြီးတဲ့ ရတနာကို ကြိုးစား ကြည့်သင့်တယ် မဟုတ်ဘူးလား”
“ဒီကျောက်တုံးအရိုးစုပန်းက ရဖို့မလွယ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “သက်တမ်းရင့်တဲ့ ကျောက် တုံး အရိုးစုပန်းက ဝိညာဉ်ဖြစ်လာပြီး သူတို့ဘာသာ သွားလာကြတယ် သူတို့က ကျောက်တုံးထဲမှာပဲ ရှိတော့ ပျောက်သွားလည်း ဘယ်သူမှ မမြင်နိုင်ဘူး”
“ကျောက်တုံးထဲမှာ ရှိနေတာကို ဘယ်လိုလှုပ်ရှားလဲ”
“မြေပေါ်မှာ တီကောင်တွေ လှုပ်ရှားသလိုပဲ ဝိညာဉ်တွေလည်း ကျောက်တုံးထဲမှာ လှုပ်ရှားကြတယ်” ရှီမာယူယူ ပြောလေသည်
မကြာခင်တွင် များစွာသော နှင်းဝံပုလွေများသည်သူတို့အား ဝန်းရံကာ တောင်ထိပ်နှင့် ကမ်းပါးများတွင် ရပ်နေကြသည်။
လူများသည် ဝိညာဉ်သားရဲများကို ပတ်လည်ဝိုင်းနေသည်ကို တွေ့သည်နှင့် နောက်ဆုတ်ကြလေသည်။ သူတို့မျက်စိရှေ့တွင် ရတနာများရှိနေသော်လည်း ပြဿနာနှင့် ရင်မဆိုင်လိုကြပေ။
ထိုအချိန်တွင် အမွှေးနံ့များ ပျံ့လွင့်လာသော ကြောင့် တောင်ပေါ်မှ ဆင်းလာသော သားရဲများသည် ရပ်တန့်သွားကြသည်။ ထိုကဲ့သို့ ပြင်းထန်သော အမွှေးနံ့ပေးတတ်သော ရတနာမှာ သာမာန် ရတနာ မဟုတ်ပေ။ ထိုအနံ့သည် ရင်းနှီးသောအနံ့ဖြစ်ကာ ထိုအနံ့အားသိသော သူများသည် အော်လိုက်ကြသည် “ဒါက.. ဒါက သေချာပေါက် ကျောက်တုံးအရိုးစုပန်းရဲ့ အနံ့ပဲ”