← Chapters

အပိုင်း (၃၅၄) – ကျောက်တုံးအရိုးစုပန်းအား ရှာဖွေခြင်း

Vol. 004 Ch. 354

အပိုင်း (၃၅၄) – ကျောက်တုံးအရိုးစုပန်းအား ရှာဖွေခြင်း

Vol. 004 Ch. 354

“ကျောက်တုံးအရိုးစုပန်းက ဘယ်လိုမျိုးပန်းလဲ” ဖြတ်သွားသော လူတစ်ယောက်မှ သူ့အဖော်အား မေးလိုက်သည်။

“ကျောက်တုံးအရိုးစုပန်း…”

ဖြတ်သွားသောသူသည် ကျောက်တုံးအရိုးစုပန်း၏ အသုံးဝင်ပုံကို သူ့အဖော်အား စိတ်လှုပ်ရှားစွာ ပြော ပြနေလေသည်။ သို့သော် သူပြောသမျှကို ဘေးမှ လူများ ကြားမည်ဟု ထင်မထားပေ။ အခု သူတို့သည် ဒဏ္ဍာရီလာ ရတနာ၏ စွမ်းအားကို ကြားပြီးဖြစ်၍ ဘယ်သူမှ ထွက်မသွားကြပဲ ချောက်ကမ်းပါးအား အကြည့်များစူးရှစွာ ကြည့်ကြပြီး ကျောက်တုံးအရိုးစုပန်းကို ရှာရန်တွေးနေကြသည်။

“အစ်ကိုကြီး အဲဒီနှင်းဝံပုလွေတွေက သန်မာကြတယ် သူတို့နဲ့ တိုက်သင့်လား” ယွန်ဖန် သည် ကျောက်တုံးအရိုးစုပန်းကြောင့် ယွန်ရိအား အမြင်မမှားစေရန် ယွန်ရိအား မေးလိုက်သည်။

ယွန်ရိသည် ပြန်မဖြေပဲ ရှီမာယူယူအား ကြည့်လိုက်သည်။ ရှီမာယူယူ စိတ်ရှုပ်ထွေးသွားသည်။ သို့သော် ယွန်ရိသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှဖြစ်ကာ သူမ အမိန့် သို့မဟုတ် အကြံပေးခြင်းကို စောင့်နေခြင်း ဖြစ် သည်ကို သူမ နောက်မှပင် သဘောပေါက်သွားသည်။

“ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့ သင့်တော်မယ်ထင်တဲ့ ဟာလုပ်ပါ” သူ ပခုံးတွန့်ကာ ပြောလိုက်သည်

“သခင်လေးက မတိုက်ချင်ဘူးလား” ယွန်ရိ မေးလိုက်သည်။

“ကျွန်တော့်ကို သခင်လေးလို့မခေါ်ပါနဲ့ ယူယူလို့ပဲခေါ်ပါ” ရှီမာယူယူ လက်ရမ်းလိုက်သည်။ သူမသည် သူမအား ထိုကဲ့သို့ ခေါ်ခြင်းကို နေသားမကျပေ “အဲဒါက တကယ့်ကို သာလွန်တဲ့ ရတနာပဲ ပြီးတော့ အဲလို မျိုးကို လူတိုင်းလိုချင်ကြတာ ထုံးစံပဲ ဒါပေမဲ့ ကျွန်တော် စဉ်းစားတာကို ဂရုစိုက်ဖို့မလိုပါဘူး အားလုံးက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာ အဲတော့ အရင်ယူတဲ့သူ ရမှာပဲ”

ယွန်မိသားစုသည် ရှီမာယူယူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ သခင်လေးဖြစ်သည်ကို သိပြီးသော် လည်း သူမ စွမ်းအားကို မယုံကြည်ကြပေ။ အထူးသဖြင့် သူမသည် ယိလင်းတိုင်းပြည်မှလာကာ ထိုတိုင်းပြည်မှ စွမ်းအားမည်မျှပင် ကောင်းမွန်ပါစေ သူတို့နယ်မြေကိုတော့ မှီမည်မဟုတ်ပေ။

ယွန်ရိသည်လည်း ထိုကဲ့သို့ ခံစားမိသော်လည်း ရှီမာယူယူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ သခင်လေး ဖြစ်တုန်းပင် သူသာ ပြဿနာတက်ပါက သူ့အား ကူညီရန် အသင့်ပင်။

ဂေါင်မိသားစုကပင် ရှီမာယူယူသည် ကြွားဝါခြင်းမရှိကာ တိုက်ခိုက်ရန် အင်အားရှိသည်ကို ယုံကြည်ကြ သည်။

“ယူယူ ငါ အဲကျောက်တုံးအရိုးစုပန်း တူးတာကို ကူညီပေးမယ်လေ” လင်းလုံသည် ရှီမာယူယူ၏ ဆံပင် တွင် တွဲလောင်းခွဲကာ ပြောလေသည်။

“ယုံကြည်ချက်ရှိလား” ရှီမာယူယူသည် မေးလိုက်သည်။

“ဒါပေါ့” လင်းလုံသည် ရင်ဘတ်အား လက်သီးဖြင့် ပုတ်ပြကာ ပြောလေသည် “ငါ့ကို ဒီမှာပဲစောင့် ပေး ကျောက်တုံးအရိုးစုပန်းကို သခင့်အတွက်ယူပေးမယ်”

ဝိညာဉ် စံအိမ်တွင် ရှိစဉ်က ဟိန်းသံလေးနှင့် ကျန်သောသူများသည် ရှီမာယူယူအား ကူညီပေးခဲ့သည်။ သူမသည်လည်း ထိုကဲ့သို့ အရာမျိုးကို လုပ်ပေးချင်ခဲ့သည်။ သူမကိုယ် သူမ ပြသရမည့် အခွင့်အရေးရသည်နှင့် လုပ်ပြချင်သည်။

“ဒါဆိုလည်း ဂရုစိုက်” ရှီမာယူယူ ပြောလိုက်သည်။

သူမ လုပ်သည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်ပြီးနောက် ရှီမာယူယူသည် ကျန်သောသူများကို ထိုင်ပြီးနား လို့ရသည့် နေရာသို့ ခေါ်သွားလေသည်။ ဂေါင်နှင့် ယွန်မိသားစု နှစ်ခုသည် အများနှင့် ရည်ရွယ်ချက် တူ နေသော ကျောက်တုံးအရိုးစုပန်းကို ယူရမည့် နည်းလမ်းကို ဆွေးနွေးနေကြသည်။

နေ့တစ်ဝက်အကြာတွင် တောင်ထိပ်မှ နှင်းဝံပုလွေများသည် ရုတ်တရက် ကောင်းကင်သို့ မော့ကာ ကျယ်လောင်စွာ အော်ကြလေသည်။ တစ်ချိန်တည်းမှာပင် အမွှေးနံ့ပြင်းပြင်းသည် သူတို့နှာခေါင်းအတွင်း ဝင်ရောက်လာသည်။

“ကျောက်တုံးအရိုးပန်းက လုံးဝကို ပွင့်သွားပြီ” ရှီမာယူယူ ပြောလိုက်သည် “လင်းလုံ ဂရုစိုက်ပါ မထိခိုက် မစေနဲ့၊ မခံနိုင်ရင် ငါတို့ကို ခေါ်လိုက်”

“သိတယ် ယူယူ ငါ့ကိုသာ အပ်ထားလိုက်” လင်းလုံသည် တိုက်ခိုက်ရင်းနှင့် အချိန်မရွေးထွက်သွား နိုင်ရန် ပြင်ဆင်ထားကာ ပြောလိုက်သည်။

“ပန်းပွင့်သွားပြီ” အားလုံးသည် အဝေးတွင်ရှိနေသော်လည်း ဝိုင်းလာကာ အဖြူရောင် အလင်းတန်းများ ထွက်လာသည်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ အော်လေသည်။

ကျောက်တုံးအရိုးစုပန်းနှင့် ကျောက်တုံး၏ အရောင်များသည် အလွန်တူညီကာ ပန်း၏ အလယ်တွင် အဖြူရောင်ရှိကာ ကမ်းပါးနှင့် ယှဉ်လျှင် ပေါ်လွင်နေသည်။

“သွားရအောင်” ယွန်ရိအော်လိုက်ပြီး ယွန်မိသားစုဝင်များအား ခေါ်ကာ အဝေးသို့ ပျံသွားကြလေသည်။ ဂေါင်မိသားစုဝင်များသည် နောက်မှလိုက်ကာ ဂေါင်ဖေးဖေးသည် အဆင့် ၅ရှိသော အံ့ဖွယ် သားရဲနှင့် စတင် တိုက်ခိုက်တော့သည်။ တခြားသူများသည် အနောက်မှ ကျောက်တုံးအရိုးစုပန်းရှိရာ သို့ ပြေးလာ သော်လည်း သူတို့လမ်းတွင် နှင်းဝံပုလွေများနှင့် ထိပ်တိုက်တွေ့လေတော့သည်။

ရှီမာယူယူသည် တိုက်ပွဲမြေပြင်နှင့် အဝေးတွင်ရှိကာ အားလုံးတိုက်ခိုက်နေကြသည်ကို စောင့်ကြည့် နေသည်။ လူအများသည် ဝိညာဉ်သားရဲများ၏ ဖျက်ဆီးခြင်းခံရသည်ကိုလည်း မြင်လိုက်ရသည်။  သူတို့အား တစိုးတစိမျှ မမြင်ရတော့ပေ။

ထိုရှုပ်ထွေးနေသော မြင်ကွင်းသည် သူတို့ ရွှေမြွေအသီး ရှာစဉ်က ပူလွောင်တောင်တန်းမှ မြင်ကွင်း အတိုင်းပင်။ ထိုအချိန်က သူတို့သည် ဘေးတွင် ပုန်းနေကာ ခိုးရမည့်အချိန်ကို စောင့်နေခဲ့သည်။ ထိုအချိန် အတွင်းတွင် အင်အားမရှိပါက ကိုယ့်လမ်းကိုယ် သွားပါကလည်း သူများ၏ လေ့ကျင့်ရာ ပစ်မှတ်ဖြစ်လာနိုင်သည်။ သူတို့သည် ရတနာ၏ တစ်စိတ်တစ်ပိုင်းကို ရနိုင်သည့်အချက်အား စဉ်းစားလိုက်လျှင် ဘယ်သူမှ မကြည့်သည့် အချိန်တွင် ကြိုစားကြည့်သင့်သည်ဟု ထင်သည်။

သူ့ပတ်လည်တွင် သေသွားသည်များကို ကြည့်ရင်းနှင့် ဖက်တီးကျူသည် ပြေးမဝင်သွားခဲ့သည်ကို ကံကောင်းသည်ဟု ခံစားမိလေသည်။ သူတို့တွင်အားရှိသော်လည်း အသက်ကို စောင့်ထိန်းနိုင်မည် မဟုတ်ပေ။

လင်းလုံသည် တိုက်ပွဲစပြီးမကြာခင်တွင် ပျံထွက်သွားခဲ့သည်။ သူမသည် သေးငယ်သောကြောင့် ဘယ်သူမှ သတိ မထားမိပဲ အလွယ်တကူပင် ဖြတ်ကျော်လာနိုင်လေသည်။ သူမသည် လှည့်ပတ် ကွေ့ကောက် သွားကာ တိုက်ပွဲအား ဖြတ်ကျော်ပြီး ကျောက်တုံးအရိုးစုနှင့် နီးသထက် နီးလာသည်။

ရှီမာယူယူသည် ထွက်မသွားသော်လည်း လင်းလုံအား စိုးရိမ်စွာ ကြည့်နေခဲ့သည်။ လူများသည် တိုက်ခိုက်နေသော်လည်း သူမသည် တစ်ချက်နှင့် နီးကပ်သွားနိုင်သည်ကို ကြည့်ပြီး သူမသည် နှုတ်ခမ်းထောင့် အား စိုးရိမ်စွာ ပွတ်လိုက်သည်။

“ကြည့်ရတာ ယူယူ အခုချိန်ကစပြီး မင်း ပြိုင်ဘက်ကို နိုင်ဖို့ စဉ်းစားစရာမလိုတော့ဘူး၊ လင်းလုံကို လွှတ်လိုက်တာနဲ့ အဲပြိုင်ဘက်တွင် အသားလုံဖြစ်သွားမယ်” ဝေကျိရွှီနှင့် ကျန်သောသူများသည် လှောင်ရယ် ကြလေသည်။

“အကြံကောင်းပဲ” ရှီမာယူယူသည် သူတို့ ပြောသည်ကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။

တိုက်ခိုက်နေသော ယွန်ရိသည် အံ့ဖွယ်ဝိညာဉ်သားရဲအား တူဖြင့်ထုနေသော လင်းလုံအား မြင်လိုက်သည်။  သို့သော် ထိုလက်နက်အားကြည့်နေရင်းနှင့် တိုက်ခိုက်နေရာမှ အာရုံပျံ့သွားလေသည်။

“အဝူး..”

ထိုနှင်းဝံပုလွေသည် လင်းလုံချဉ်းကပ်လာကာ နောက်တွင် ယွန်ရိရှိနေသည်ကို မြင်သည်နှင့် စတင် စိုးရိမ်လာသည်။

“ရွံစရာကောင်းတဲ့ လူသားတွေ မင်းတို့ ငါတို့်နယ်မြေကိုလာတိုင်း ငါတို့ ရတနာတွေ လာခိုးသွားတယ်၊ ဒီတစ်ခါတော့ မင်းတို့အားလုံးသေရမယ်” နှင်းဝံပုလွေသည် အော်ကာ ယွန်ရိဘေးလာပြီး ပတ်ဝန်းကျင်အား အာရုံခံနေလေသည်။

ဝေကျိရွှီနှင့် တခြားသူများသည် အေးစက်သော အရာများကျလာသည်ကို ခံစားမိသဖြင့် ထိလိုက်သော အခါ ထိုအရာများသည် နှင်းပွင့်များဖြစ်သည်ကို သိလိုက်ရသည်။

“နှင်းကျနေပြီ…”

အားလုံးသည် တိုက်ခိုက်ရာမှ ရပ်သွားကာ နှင်းကျသည်ကို ကြည့်မိကြသည်။ ထိုအချိန်တွင် စိတ်လွတ် သွားသဖြင့် နှင်းဝံပုလွေများကြောင့် ထိမိကြလေသည်။ တောင်တစ်တောင်လုံးမှ အပူချိန်များ ကျဆင်းပြီး တောင် မှ အပင်များသည် နှင်းများ ဖုံးလွှမ်းသွားလေသည်။

“အားလုံး ခဲနေကြပြီ” တောင်ကြားမှ အားလုံးသည် အော်ကြကာ အားနည်းသောသူများသည် အေးခဲ သွားကြသည်။ လင်းလုံသည်ပင်လျှင် အေးကာ သူမသည် ကျောက်တုံးအရိုးစုပန်းအား ထိလိုက်သည့်အချိန် တွင် ရေခဲများ ဝန်းရံသွားကာ သူမ တစ်ကိုယ်လုံးသည် ကျောက်တုံးထဲ နစ်ဝင်သွားကာ ကျောက်တုံး အရိုးစုပန်းဘေးရောက်သွားလေသည်။

“မဖြစ်ဘူး” ထိုနှင်းဝံပုလွေသည် ယွန်ရိအား တိုက်ခိုက်ပြီးနောက် လင်းလုံအား ပြန်လှည့်ပြီး တိုက်ခိုက် သည်ကို ရှီမာယူယူ မေးလိုက်သည်။

လင်းလုံသည် ရှေးဟောင်းဝိညာဉ်ဖြစ်ကာ သူမ ဒဏ်ရာရပါက အံ့ဖွယ်ရှေးဟောင်း ပျက်စီးခြင်းဖြစ်သည်။ အံ့ဖွယ်ရှေးဟောင်းပစ္စည်းများသည် ဆေးသောက်ရုံနှင့် ပြန်မကောင်းလာနိုင်သဖြင့် တူညီသော အဆင့်ရှိသော တစ်စုံတစ်ရာလိုသည်။

“ဟာစွန် လင်းလုံကို ကယ်ဦး” ဟာစွန်ပေါ်လာကာ နှင်းဝံပုလွေဆီသို့ ပြေးသွားလေသည်။ အထွတ်အထိပ် သားရဲသည် နှင်းဝံပုလွေဆီပြေးသွားသည်ကို မြင်သောအခါ နေရာတွင် ရပ်တန့်သွားလေသည်။

“အထွတ်အထိပ်သားရဲ” အားလုံးသည် ဟာစွန်အား မယုံကြည့်စွာ ကြည့်ကာ ပျံသန်းသွားကာ နှင်းဝံပုလွေ အား ဆုပ်ကိုင်ပြီး ဘေးသို့ ပစ်လိုက်ပြီးနောက် တောင်ကမ်းပါးသို့ ဆင်းသက်ကာ လင်းလုံအား  ဝန်းရံနေသော ရေခဲများကို ဖြိုခွဲနေသည်ကို စောင့်ကြည့်နေကြသည်။ သူသည် လင်းလုံအား တစ်ဖက်ဖြင့် ကိုင်ကာ နောက်တစ်ဖက်ဖြင့် ကျောက်တုံးအရိုးစုပန်းအား အမြစ်မှ ဆွဲနှုတ်လိုက်လေသည်။

“ဟာစွန်” လင်းလုံသည် ဟာစွန်အား ကြည့်ပြီး ပြုံးကာ သူ့ရင်ဘတ်မှ အမွေးတွင် တွဲလွဲလိုက်လာသည်

“ပြန်သွားရအောင်” ဟာစွန်သည် သူမအား ပခုံးပေါ်တင်ကာ ရှီမာယူယူဘေးသို့ ပျံသွားလိုက်သည်။

All Chapters