အပိုင်း (၃၅၅) – နှင်းဝံပုလွေမျိုးနွယ်နှင့် ညှိနှိုင်းမှု ပြုလုပ်ခြင်း
Vol. 004 Ch. 355
လင်းလုံ မထိမခိုက်ပဲပြန်လာသည်ကို ရှီမာယူယူ မြင်သောအခါ သက်ပြင်းချကာ သူမအား ဖက်လိုက်ပြီး မေးလိုက်သည် “မင်းအဆင်ပြေလား”
“အဆင်ပြေတယ် ဒီလောက်အအေးက ငါ့ကို ထိခိုက်အောင် လုပ်လို့မရပါဘူး ခဏလောက်ပဲ အေးသွား တာ” လင်းလုံ ပြောလိုက်သည်။
“ဒီမှာ” ဟာစွန်သည် ရှီမာယူယူအား ကျောက်တုံးအရိုးစုပန်း ပေးလိုက်သည်။ ရှီမာယူယူသည် သေတ္တာ ထုတ်ကာ ထည့်ချင်ယောင်ဆောင်လိုက်သော်လည်း အမှန်တကယ်တော့ ဝိညာဉ်စေတီထဲထည့်ကာ ဝိညာဉ်လေး အားပေးလိုက်ခြင်းဖြစ်သည် ဝိညာဉ်လေးသည် ထိုပစ္စည်းနှင့် ကိုက်ညီသည့် ပတ်ဝန်းကျင်ကို ဖန်တီးကာ သေချာ စွာ ထိ
န်းသိမ်းပြီး အမြစ်အပါအဝင် အပင်တိုင်းပင် ထိန်းသိမ်းထားလေသည်။ ကျောက်တုံးအရိုးစုပန်း၏ အမြစ်သည် ပျက်စီးခြင်းမရှိသဖြင့် ဆက်လက် ကြီးထွားနိုင်သည်။
နှင်းဝံပုလွေသည် ဟာစွန်ပစ်လိုက်သောကြောင့် ဒဏ်ရာရသွားကာ နိုးလာသည်နှင့် နှင်းများ အရည်ပျော် ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ နှင်းများတွင် နစ်ဝင်နေကြသော လူများသည်လည်း လွတ်မြောက် လာကြသည်။
“အထွတ်အထိပ်သားရဲလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီလိုနေရာမှ အထွတ်အထိပ်သားရဲဘယ်လို ရှိနေ တာလဲ” နှင်းဝံပုလွေသည် ဟာစွန်အား မယုံကြည်စွာ ပြောလေသည်။ အထွတ်အထိပ်သားရဲရှိနေသဖြင့် ဘယ်သူ မှ ကျောက်တုံးအရိုးစုပန်းနားကို မကပ်ရဲကြပေ။ သူတို့သည် နှင်းဝံပုလွေများနှင့် ဝေးရာသွားသောကြောင့် တိုက်ပွဲမှာ နားသွားလေသည်။
“တကယ်ပဲ အထွတ်အထိပ်သားရဲပဲ” တစ်စုံတစ်ယောက်သည် ဟာစွန်အား ကြည့်ပြီး ကြေညာလေသည် “သူ ဘယ်လိုလုပ်ဝင်လာတာလဲ”
“စံတင်ဝိညာဉ်အဆင့် အောက်မှ ဒီကိုဝင်လာနိုင်တာ မဟုတ်ဘူးလား”
“ဟုတ်တယ် ငါတို့ ဒီရောက်တော့ ဒီနေရာကို ဝင်ဖို့ကြိုးစားတဲ့ အံ့ဖွယ်သားရဲတွေကိုတွေ့ခဲ့တယ် ဒါပေမဲ့ သူတို့ မဝင်လိုက်ရပါဘူး အထွတ်အထိပ်သားရဲက ဘယ်လိုလုပ် ဝင်လို့ရတာလဲ”
“သူ့ကို အဲလူပိုင်တာပဲ” တစ်စုံတစ်ယောက်သည် သတိပြုမိသွားသည်
“အထွတ်အထိပ်သားရဲက လူနဲ့ စာချုပ်ချုပ်ခဲတယ်လေ”
“ဘာ အထွတ်အထိပ်သားရဲနဲ့ စာချုပ်ချုပ်နိုင်တဲ့ လူက ဘယ်လိုလူမျိုးလဲ”
“အဲဒါကြောင့် ဒီနေရာကို အထွတ်အထိပ်သားရဲဝင်လို့ရတာကိုး စာချုပ်ချုပ်ပြီးသွားရင် ဒီနေရာရဲ့ စည်းကမ်းက ဘောင်မဝင်တော့ဘူး သခင်ရဲ့ အဆင့်က အံ့ဖွယ်အဆင့် မရောက်ရင် ပြဿနာမရှိဘူး”
“စာချုပ်ချုပ်ထားတဲ့ အထွတ်အထိပ်သားရဲကိုခေါ်လာတာက စည်းကမ်းမပေါက်ဘူး”
“အဲလူရဲ့ နောက်ခံကတော့ အတိုက်အခံဖြစ်လို့မရဘူးပဲ”
“သူတို့ကို ဂေါင်ဖေးဖေးတို့နဲ့ တွဲသွားတာမြင်လိုက်တယ် သူတို့လည်း မှီခိုကင်းတိုင်းပြည်ကထင်တယ်”
“သူတို့က ကမ္ဘာဦးအစနယ်မြေကလို့ထင်တယ်၊ အဲကလူတွေပဲ အဲလိုစွမ်းအားရှိကြတာ”
ဟာစွန်သည် သူတို့မှတ်ချက်များအား ဂရုမစိုက်ပဲ သူတို့ဘက်လှည့်ကာ ပြောလိုက်သည် “မင်းတို့ သွားသင့်ပြီ”
ကြည့်ရှုသူတချို့သည် ခံပြင်းသော်လည်း သူ့အား စကားပြန်မပြောရဲသဖြင့် တစ်ယောက်ချင်းစီ ထွက်သွား ကြလေသည်။ သို့သော် နှင်းဝံပုလွေသည် မြေပေါ်တွင် ရပ်နေကာ ထွက်သွားရန် စိတ်ကူးမရှိပေ။
“မင်းတို့ မသွားဘူးလား” ရှီမာယူယူသည် နှင်းဝံပုလွေအား ကြည့်ပြီး ပြောလိုက်သည်။
နှင်းဝံပုလွေဘုရင်သည် ရှီမာယူယူအား ကြည့်ကာ ပြောလေသည် “ငါ မင်းမှာ ရှိတဲ့ ကျောက်တုံး အရိုးစု ပန်းလိုတယ် မင်းမပေးနိုင်ရင် ငါ မင်းနဲ့အတူ အသက်ပေးနိုင်တယ်”
“ဘာ” ရှီမာယူယူသည် နှင်းဝံပုလွေအား ကြည့်လိုက်သည်။ ဝံပုလွေ၏ ထိုအကြည့်သည် ပြတ်သားသောကြောင့် မေးလိုက်သည် “အဲဒါ ဘာအတွက်လိုတာလဲ”
“ငါတို့ ဘုရင်ကြီးက ဒဏ်ရာရထားတယ် အဲဒါကြောင့် သူ့ဒဏ်ရာကို ကုဖို့ လိုတယ်” နှင်းဝံပုလွေ ပြော လိုက်သည်။
“နှင်းဝံပုလွေဘုရင်ဆိုတာ အတော်အားကောင်းတာပဲ ဘယ်လိုဖြစ်လို့ ဒဏ်ရာရတာလဲ” ဖက်တီးကျူ မေးလိုက်သည်။
“ငါတို့ ဒီလောကပွင့်တာနဲ့ အစွယ်ကွေးကျားနဲ့ တိုက်ခိုက်ခဲ့တယ် ငါတို့်ဘုရင်က သူတို့ဘုရင်ကြောင့် ထိ ခိုက်ခဲ့တာ အဲဒါကြောင့် ဒီရတနာကို ယူဖို့အပြင်မရှိဘူး၊ ဒီ ဆေးမရှိလို့ အသက်ပြန်ရှင်မလာရင် ငါတို့ အစွယ်ကွေး ကျားရဲ့ သုတ်သင်တာကို ခံရတော့မယ်” နှင်းဝံပုလွေ ပြောလိုက်သည်။
“ဘာလို့ ငါတို့ကို အကုန်ပြောပြနေတာလဲ ငါတို့က မင်းကို အဲဒါကို ပေးမယ်လို့ တကယ်ထင်နေ တာလား” ရှီမာယူယူသည် နှင်းဝံပုလွေ အတင့်ရဲသည်ကို တွေးမိလိုက်သည်။
“မင်းက တခြားသူတွေလို လောဘမကြီးပါဘူး ငါပြောနိုင်တယ်” နှင်းဝံပုလွေ ပြောလိုက်သည် “ပြီးတော့ အဲဒါကို အလွတ်တောင်းမှာ မဟုတ်ပါဘူး ငါတို့် တန်ရာတန်ကြေးပေးမှာပါ”
“ဘယ်လို တန်ရာတန်ကြေးပေးမှာလဲ ငါနဲ့ စာချုပ်ချုပ်ဖို့ နှင်းဝံပုလွေတွေလာတွေ ပေးမှာလား” ဖက်တီးကျူ ရယ်မောကာ ပြောလိုက်သည်။
“အဲလိုမဟုတ်ဘူး” နှင်းဝံပုလွေ ခေါင်းရမ်းလိုက်သည် “မင်းတို့ ဒီနေရာကိုလာတာ စွမ်းရည်နဲ့ အားတွေ တက်ဖို့ဆိုတာ သိတယ်၊ အဲတော့ မင်းတို့ကို လေ့ကျင့်ဖို့ နေရာပေးနိုင်တယ် အဲနေရာက မင်းတို့် စွမ်းအားတွေ တိုးလာနိုင်တယ် ငါတို့က ပန်းပွင့်ပဲလိုတာ ကျန်တဲ့အပိုင်းက မင်းတို့ယူလို့ရတယ်”
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် ကမ်းလှမ်းချက်ကို ဆွေးနွေးကာ ခဏတာမျှ စဉ်းစားပြီးနောက် ပြော လိုက်သည် “ကောင်းပြီ သဘောတူတယ် ဒါပေမဲ့ မင်းတို့ ပေးမယ့် နေရာကို ငါတို့အရင် ကြည့်မယ်”
နှင်းဝံပုလွေသည် ဟာစွန်အား ကြည့်ပြီး ပြောလေသည် “ကောင်းပြီ” အခု သူတို့တွင် ရွေးချယ်စရာ မရှိကာ သူတို့ စကားအတိုင်းလုပ်ရုံပင်။ ထိုအချိန်တွင် ဂေါင်မိသားစုနှင့် ယွန်မိသားစုတို့ လျှောက်လာကြသည်။ သူတို့မှ လွဲ၍ တောင်ပေါ်မှ အားလုံးသည် ထွက်သွားကြသည်။
“သခင်လေး တကယ်ပဲ သူတို့နဲ့ သွားမလို့လား” ယွန်ရိမေးလိုက်သည်
“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားတို့ လိုက်ဖို့မလိုပါဘူး၊ ဂေါင်မိသားစုကိုပဲ ခေါ်သွားပါ မိန်းကလေး ဂေါင် ဒီမှာပဲ လမ်းခွဲကြတာပေါ့”
ရှီမာယူယူနှင့် အဖွဲ့သည် နှင်းဝံပုလွေ၏ နယ်မြေကိုဝင်ရန် ယုံကြည်ချက်ရှိသည်ကို ဂေါင်ဖေးဖေးတို့ သိသဖြင့် လုံခြုံစေရန် ဆုတောင်း စကားလုံးများကို မပြောတော့ပဲ သူတို့ နှင်းဝံပုလွေများနှင့် အတူထွက်သွား သည်ကိုပင် စောင့်ကြည့်နေခဲ့သည်။
ယွန်ရိသည် ယပ်တောင်ခတ်ကာ ကျယ်လောင်စွာ ပြောမိလေသည် “ဒါကြောင့်ပဲ ဒုတိယသခင်ကြီးရဲ့ ဆက်ခံသူဖြစ်တာကိုး သူ့ရဲ့ ကံကြမ္မာက သာမာန်လူထက် ပိုကောင်းတယ်”
“အစ်ကိုကြီး ဘာပြောလိုက်တာလဲ” ယွန်ဖန်သည် ရှင်းရှင်း မကြားလိုက်သဖြင့် မေးလိုက်သည်။
“ဘာမှ မဖြစ်ဘူး” ယွန်ရိသည် ယပ်တောင်သိမ်းကာ ယွန်ဖန်အား အသာခေါင်းခေါက်ကာ ပြောလိုက် သည် “မင်း ကြိုးကြိုးစားစားလေ့ကျင့်ရမယ် ပြီးတာနဲ့ အထက်ကို တက်ရမယ် ကြားလား”
“ဟုတ်ကဲ့ပါ” ယွန်ဖန် ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီးယွန်ရိ ဒီနေရာကသွားရအောင်” ဂေါင်ဖေးဖေး ပြောလိုက်သည် “ရှီမာသခင်လေးနဲ့ တခြားသူတွေနဲ့ ထပ်တွေ့မယ်လို့ထင်နေတယ် သူတို့က ပိုအားကောင်းလာဖို့ပဲရှိတယ်”
ရှီမာယူယူနှင့် တခြားသူများသည် နှင်းဝံပုလွေတို့နှင့် အတူထွက်လာကြသည်။ သူမသည် ငှက်လေးအား ခေါ်ကာ နှင်းဝံပုလွေတို့ နေထိုင်ရာနေရာသို့ လိုက်လာလေသည်။ ညနေရောက်သောအခါ သူတို့ နောက်တောင်တစ်လုံးကို ရောက်လေသည်။
“နှင်းဖုံးနေတဲ့တောင်ပဲ” ရှီမာယူလီသည် တောင်အား ကြည့်ကာ အံ့သြစွာ ပြောလေသည်။
“ဒီနေရာက ငါတို့်လာတဲ့နေရာနဲ့ သိပ်မဝေးဘူး ဒါပေမဲ့ ရာသီဥတုကတော့ ဆိုးတယ်”
ရှီမာယူယူ နှင့် တခြားသူများသည် ငှက်လေးကျောပေါ်မှ ဆင်းကာ နှင်းဝံပုလွေများဆီသို့ ပြေးသွားလေ သည်။
“ဒါ ငါတို့ မျိုးနွယ်နယ်မြေပဲ” နှင်းဝံပုလွေ ပြောလေသည် “ငါ မင်းတို့ကို ပေးမယ့်နေရာက ငါတို့မျိုးနွယ် နယ်မြေရဲ့ အလယ်ဗဟိုကိုပေးမှာ အဲဒီကို ခေါ်သွားပေးမယ်”
“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
သူတို့သည် နှင်းတောင်တချို့ကို ဖြတ်ကာ တောင်ထိပ်နှစ်ခုကြားရောက်လေသည်။
“ဘုရင် ပြန်ရောက်လား”
“ဘုရင် ဆေးရှာတွေ့ခဲ့လား”
“ဘုရင် ဒီလူသားတွေက ဘယ်သူတွေလဲ”
သူတို့လျှောက်သွားသည်နှင့် နှင်းဝံပုလွေတချို့ကို တွေ့လေသည်။ အားလုံးသည် အားမကောင်း သော် လည်း တချို့မှာ သူတော်စင်အဆင့် ဝိညာဉ်သားရဲများဖြစ်ကြသည်။
သူတို့အားလုံး အံ့သြသွားကြသဖြင့် နှင်းဝံပုလွေဘုရင် ရှင်းပြသည် “ငါတို့က အံ့ဖွယ်ဝိညာဉ်သားရဲ အမြင့်ဆုံး အနေနဲ့ပဲ ကြီးပြင်းရတယ် ဒါပေမဲ့ ငါတို့ အထွတ်အထိပ်ဆိုတဲ့ နယ်နိမိတ်ကို မကျော်နိုင်ဘူး ငါတို့ ဒီမှာ နေတာကြာနေပေမယ့် ငါတို့ အဆင့်တက်ဖို့ အရမ်းခက်တယ် ငါတို့ဘက်ကလူတွေလည်း မသန်မာလာခဲ့ဘူး တခါလေ ငါ အထွတ်အထိပ်အဆင့်ကို ဖြတ်နိုင်မယ်လို့ထင်ပေမယ့် ကျရှုံးခဲ့တာချည်းပဲ ပြီးတော့ ငါ့ စွမ်းအားက မလုံလောက်သေးဘူးလို့ ခံစားရလို့ ဒီမှာပဲ နေခဲ့တာပဲ”
“ဒါဆို မင်းရဲ့ စွမ်းအားက တခြားနေရာက အဆင့်တူတွေထက် ပိုသန်မာထင်တယ်” ရှီမာယူယူ ပြော လိုက်သည်။