← Chapters

အပိုင်း (၃၅၆) – နှင်းဝံပုလွေမျိုးနွယ်၏ နယ်မြေ

Vol. 004 Ch. 356

အပိုင်း (၃၅၆) – နှင်းဝံပုလွေမျိုးနွယ်၏ နယ်မြေ

Vol. 004 Ch. 356

“မင်းပြောတာမှန်တယ်” နှင်းဝံပုလွေဘုရင်က ပြောလိုက်သည် “အရင်က လူတွေဝင်လာရင် သူတို့ စာချုပ်သားရဲတွေနဲ့ ငါတို့တိုက်ရတယ်၊ ဒါပေမဲ့ ငါတို့စွမ်းအားတွေက သူတို့ထက်ကောင်းတယ်”

“လူတွေဝင်လာဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ” ဝေကျိရွှီ မေးလိုက်သည်။

“ငါမေ့တောင်နေပြီ တော်တော်ကြာပြီ” နှင်းဝံပုလွေဘုရင် ပြောလိုက်သည် “ငါတို့အဆင့်တက်ဖို့ ကြာ ပေမယ့် ငါတို့ခန္ဓာကိုယ်ထဲက အားနဲ့ စွမ်းအားတွေက တခြားဝိညာဉ်သားရဲတွေထက် ပိုကောင်းတယ်”

“ဒါဆိုရင် မင်းက အံ့ဖွယ်သားရဲအဆင့်ရောကနေပြီပဲ၊ အထွတ်အထိပ်သားရဲအဖြစ် အဆင့်မတက်ဘူး ဆိုတော့ ဘယ်လိုဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“င့ါ ကိုယ်ထဲက စွမ်းအားတွေ တိုးလာတာ ခံစားလို့ရတယ်၊ ဒါပေမဲ့ ငါ အဆင့်တက်မှာမဟုတ်ဘူး၊ အဲလိုနဲ့ ငါကတော့ တခြားဝိညာဉ်သားရဲတွေလိုပဲ တစ်သက်လုံးနေသွားရမှာပဲ၊ တိုက်ပွဲမှာ မသေရင် အသက်ကြီးပြီး သေမှာ ပဲ” နှင်းဝံပုလွေဘုရင်သည် အေးဆေးတည်ငြိမ်စွာ ပြောလေသည်။

“ထွက်သွားဖို့ ရောစဉ်းစာဖူးလား၊ ဒီနေရာရဲ့ စည်းမျဉ်းတွေက အထွတ်အထိပ်သားရဲဖြစ်ဖို့ ဒါမှမဟုတ် အဆင့် တက်ဖို့ကို ကန့်သတ်ထားတာမလား” ဝေကျိရွှီ ပြောလိုက်သည်။

“အဲလိုတော့မဟုတ်ဘူး” နှင်းဝံပုလွေပြောလိုက်သည် “ငါ့ဘိုးဘေးတွေက ပြောဖူးတယ်၊ လူတွေဝင်လာ တဲ့အချိန်မှာ ငါတို့ ထွက်သွားဖို့ စဉ်းစားသင့်တယ်တဲ့၊ ဒါပေမဲ့ အချိန်တိုင်းမှာ လူတွေသာ မျက်စိရှေ့ ကနေ ပျောက်သွားတယ် ငါတို့က ထွက်သွားရမယ့် လမ်းကို ရှာမတွေ့ခဲ့ဘူး”

“ဥပဒေတွေ ကန့်သတ်ထားလို့များလား” ဝူရန်ဖေ မေးလိုက်သည်။

“ငါလည်း အဲလိုထင်တယ်” နှင်းဝံပုလွေသည် သက်ပြင်းချလိုက်သည်။

“မင်းတို့ထွက်သွားလို့ရမယ်ဆိုရင် ဘာလုပ်ချင်လဲ”

“အဲလိုထွက်သွားရဖို့ လူသားနဲ့ စာချုပ်ချုပ်ရမယ်ဆိုရင် ငါ ဒီမှာပဲ တစ်သက်လုံးနေသွားတော့မယ်” နှင်းဝံပုလွေသည် ပြတ်သားစွာ ပြောလေသည်။ လူသားနှင့် စာချုပ်ချုပ်၍ ထွက်သွားခဲ့သည်ကို သူ မြင်ဖူးခဲ့သည်။ သူသာ ထိုကဲ့သို့ လုပ်ခဲ့ပါက သူဆိုသည်မှာ ကျန်တော့မည်မဟုတ်ပေ။

“စာချုပ်ဖို့ မလိုဘူးဆိုရင်ရော” ရှီမာယူယူ ပြောလိုက်သည်။

“မင်းမှာ နည်းလမ်းရှိလား” နှင်းဝံပုလွေဘုရင် မေးလိုက်သည်။

“နည်းလမ်းတော့ရှိတယ် ဒါပေမဲ့ တန်ရာတန်ကြေးပေးရမယ်၊ ပြီးတာနဲ့ မင်းတို့ တစ်ခုခုရတာနဲ့ င့ါကို ပေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။

နှင်းဝံပုလွေသည် ခြေလှမ်းများရပ်တန့်သွားကာ ရှီမာယူယူအား ကြည့်ပြီးမေးလိုက်သည် “ဒါဆိုရင် ပေးရ ကျိုးနပ်လားဆိုတာ ကြည့်ရမယ်လေ”

နှင်းဝံပုလွေများသည် မာနကြီးသော မျိုးစိတ်များဖြစ်သည်ကို ရှီမာယူယူသိသည်။ သူတို့သည် ကျောက် တုံးအရိုးစုပန်းကို လဲလှယ်ရန် ကမ်းလှမ်းပြီး ထိုသည်မှာလည်း သူတို့၏ ဘုရင်ကြီးကို ကယ်တင်ရန်ဖြစ် လေသည်။

“ထာဝရလွတ်လပ်ဖို့အတွက် အချိန်တိုလွတ်လပ်မှုကို ပေးရမယ်ဆိုရင် အဲတာကို ပေးရကျိုးနပ်တယ် လို့ ပြောမလား” ရှီမာယူယူပြုံးကာ မေးလိုက်သည်။

“အချိန်တို ကန့်သတ်ထားမယ်လား… ဘယ်လောက်ကြာမှာလဲ” နှင်းဝံပုလွေသည် သံသယဖြင့် မေး လိုက်သည်။

“နှစ်၁၀၀” ရှီမာယူယူ ပြောလိုက်သည် “မင်း အထွတ်အထိပ်သားရဲအဖြစ် အဆင့်တက်ဖို့နဲ့ တစ်သက်လုံး လွတ်လပ်ဖို့အတွက် နှစ်၁၀၀ က အချိန်တိုပါတယ်၊ ပြီးတော့ ငါ မင်းကိုအများကြီး မတောင်းဆိုဘူး၊ မင်းလိုအပ် နေတာကို ငါလက်ကမ်းပေးတာပဲရှိတယ်”

နှင်းဝံပုလွေသည် ဟာစွန်ကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် သူမတွင် အထွတ်အထိပ်သားရဲ ရှိကာ သူတို့သည် သူမ မျက်လုံးထဲတွင် ဘာမှမဟုတ်သည်လည်း ဖြစ်နိုင်သည်။

“ငါ င့ါမျိုးနွယ်နဲ့ ဆွေးနွေးလိုက်ပါမယ်” နှင်းဝံပုလွေပြောလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီမှာ တစ်နှစ်နေဦးမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက်တွင် နှင်းဝံပုလွေသည် စကားဆက်ကာ လျှောက်လာရင်း ထိုနေရာအား မိတ်ဆက်ပေးလေသည်။

“ရောက်ပါပြီ” နှင်းဝံပုလွေသည် ရပ်ကာ ဂူအား ညွှန်ပြလေသည်။ သူသည် သူတို့အား ဂူသို့ ခေါ်သွားကာ လမ်းအတိုင်းဆက်လျှောက်လာရာ နောက်ဆုံးတွင် မြေအောက်လိုဏ်ဂူကြီးသို့ ရောက်လေသည်။ “ဒီနေရာပဲ” နှင်းဝံပုလွေသည် ပြောလေသည်။

ရှီမာယူယူနှင့် အဖွဲ့သည် လည့်ပတ်ကြည့်ကြလေသည်။ သူတို့ လိုဏ်ဂူသို့ ဝင်လာသည့်အချိန်တွင် ဝိညာဉ်စွမ်းအင်အား ထူထဲသည်ကို ခံစားလို့ရသည်။ ဝိညာဉ်စွမ်းအင်များသည် သူတို့ကို ဆွဲဆောင်သွားကာ ကန်သို့ အရင် သွားမိကြလေသည်။

“မင်းတို့ ဒီမှာလေ့ကျင့်ရင် ကြိုးစားတာနဲ့ သေချာပေါက် ရလဒ်ကောင်းကောင်း ရမှာပဲ” နှင်းဝံပုလွေဘုရင် ပြောလိုက်သည်။

“ကျိရွှီကို ဒီမှာလေ့ကျင့်ခိုင်းရင် သေချာပေါက် ကောင်းလာမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အစ်ကိုငယ်အတွက်ကတော့ အဆင်ပြေမယ်မထင်ဘူး”

ဝေကျိရွှီသည် ရေခဲအရည်အချင်းဖြစ်ကာ ရှီမာယူလီသည် မီးတောက်အရည်အချင်းဖြစ်သည်။ ထိုနေရာ သည် အရိုးထိစိမ့်အောင်အေးသဖြင့် မီးပြုလုပ်ရန် အဆင်မပြေလှပေ။

“မီးအရည်အချင်းအတွက် နေရာလိုလို့လား” နှင်းဝံပုလွေဘုရင် မေးလိုက်သည်။

“ဟုတ်တယ်၊ အစ်ကိုငယ်နဲ့ တခြားသူတွေက မီးတောက်အရည်အချင်း ရှိကြတယ်” ရှီမာယူယူ ပြော လိုက်သည်။

“မီးအရည်အချင်း လေ့ကျင့်လို့ရတဲ့ နေရာကို သိတယ်၊ အခုလာတဲ့နေရာနဲ့ ဆန့်ကျင်ဘက်မှာ” နှင်းဝံပုလွေ ပြောလိုက်သည်။

“ဘယ်မှာလဲ”

“အစွယ်ကွေးကျားမျိုးနွယ်ရဲ့ ကွင်းပြင်မှာ” နှင်းဝံပုလွေဘုရင် ပြောလိုက်သည် “ငါတို့က ရေနဲ့ ရေခဲ အရည်အချင်းရှိတယ် သူတို့်က မီးတောက်အရည်အချင်းရှိကြတယ်”

“အစွယ်ကွေးကျားတွေဟုတ်လား မင်းတို့ ရန်သူတွေလား၊ မင်းက မင်းတို့အစား အစွယ်ကွေးကျားတွေ ကို ရှင်းပစ်ခိုင်းနေတာလား” ရှီမာယူယူသည် မျက်စိစွေ ကြည့်ကာ ပြောလိုက်သည်။

နှင်းဝံပုလွေ၏ အမူအရသည် ခေတ္တမျှ နေရခက်သွားသည်။ ကြီးမြတ်တဲ့ နှင်းဝံပုလွေတွေ က သူတို့ရန်သူကို ဖျက်ဆီးဖို့ လူသားတွေကို ဘယ်လိုလုပ် မှီခိုမလဲ။ ဘယ်လောက် ရှက်စရာကောင်းလိုက်တဲ့ အရာလဲ။

“မင်း လေ့ကျင့်ဖို့နေရာလိုတယ် အဲတော့ ငါတို့နှစ်ဖက်လုံးအတွက် ကောင်းတာမဟုတ်ဘူးလား”

“ငါစဉ်းစားကြည့်လိုက်ပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီက ကိစ္စကို အရင်ရှင်းဦး၊ မင်းတို့ရဲ့ ဘုရင်ကြီးဆီကို ခေါ်သွားပေးဦး”

နှင်းဝံပုလွေဘုရင်သည် ရှီမာယူယူအား သတိပြုမိရာ သူသည် သူမစိတ်ထဲတွင် ရှိသည်ကို မသေချာ သော်လည်း ဘာမှမပြောတော့ပဲ သူတို့အား လိုဏ်ဂူအပြင်ခေါ်လာခဲ့လိုက်သည်။ သူတို့ ထွက်သွား သည်နှင့် အဝင်ပေါက်တွင် ဝံပုလွေအုပ်စုကြီးနှင့် ရင်ဆိုင်တွေ့လိုက်ရသည်။

“ဘုရင်” သူတို့သည် နှင်းဝံပုလွေဘုရင်အား တွေ့သည်နှင့် တခြားသော ဝံပုလွေများသည် လေးစားစွာ အရိုအသေပေးလေသည်။

“သတိရှိကြတာပဲ” နှင်းဝံပုလွေဘုရင်သည် ဝံပုလွေအိုကြီးများကို ကြည့်လိုက်သည်။ သူသည် သူတို့အား တလေးတစားဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့် ထိုဝံပုလွေအိုကြီးများသည်လည်း ရာထူးမြင့်သည်ကို သိနိုင် သည်။

“ဟုတ်တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကြားတာနဲ့ ထွက်လာခဲ့တာပဲ” အုပ်စု၏ အကြီးဆုံးခေါင်းဆောင် သည် ပြောလိုက်သည်။

“အင်း ကျွန်တော်လည်း ဆွေးနွေးစရာရှိပါတယ်” နှင်းဝံပုလွေ ပြောလိုက်သည် “ဘုရင်ကြီးကို သွားကူယ်ရအောင်”

ရှီမာယူယူနှင့် အဖွဲ့သည် နှင်းဝံပုလွေဘုရင်နောက်ကို လိုက်ခဲ့လေသည်။ တောင်ထိပ်တွင် ဖန်ဖြင့် ပြုလုပ်ထားသော သေတ္တာရှိလေသည်။

“ငါတို့ ဘုရင်ကြီးကဒီမှာပဲ” နှင်းဝံပုလွေသည် ဖန်သေတ္တာအားညွှန်ပြကာ ပြောလေသည်။ ရှီမာယူယူသည် အနီးကပ်ကြည့်ရာ အခေါင်းမဟုတ်ပဲ သူတို့၏ ဘုရင်ကြီးသည် ရေခဲ့တုံးများဖြင့် ဖုံးအုပ်ထား သည်ကို တွေ့လိုက်ရသည်။

“ဘာလုပ်မလို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“ချိတ်ကို ဖွင့်ရမှာပေါ့ ပြီးရင် ပန်းပွင့်ကိုသုံးပြီး သူ့အတွက် ဆေးလုပ်ပေးရမှာပေါ့” နှင်းဝံပုလွေ ပြော လိုက်သည်။

“သူ့ကို ဒီအတိုင်း ဆေးပေးလိုက်ရင် အကျိုးသက်ရောက်မှုမဖြစ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ငါသိတယ် ဒါပေမဲ့ သူ့အတွက် ဆေးဖော်ပေးဖို့ ငါတို့်မှာ နည်းလမ်းမရှိဘူး၊ ငါတို့သူ့ကို ဒီအတိုင်းပဲ ဆေး ပေးတတ်တယ်” နှင်းဝံပုလွေ ပြောလိုက်သည်။

“ငါ သူ့ဒဏ်ရာအတွက် ဆေးဖော်ပေးမယ်” ရှီမာယူယူ ကမ်းလှမ်းလိုက်သည်။

“တကယ်လား” နှင်းဝံပုလွေသည် ရှီအာယူယူအား ကြည့်လိုက်သည် “မင်းက အဂ္ဂိရတ်ပညာရှင်လား”

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ မင်းတို့ ဆေးဖက်ဝင်ပစ္စည်းတွေကို ကြည့်ပေးလို့ရတယ်၊ အဲဒါကို အခြေခံပြီး ဆေးလုပ်လို့ရတယ်”

နှင်းဝံပုလွေသည် ဝံပုလွေအိုကြီများကို ကြည့်လိုက်ပြီး သူတို့ ဘာသာစကားနှင့် ဆွေးနွေးပြီးနောက် ရှီမာယူယူဘက်လှည့်ကာ ပြောလေသည် “ကောင်းပြီ”

ထို့နောက်အားလုံး လှည့်ထွက်သွားကာ ဝံပုလွေများသည် သူတို့ဆေးပစ္စည်းများထားရာ နေရာသို့ သွားကြလေသည်။ ထိုအချိန်တွင် ရှီမာယူယူနှင့် ဟာစွန်တို့ လိုက်သွားကာ ကျန်သောသူများသည် နားရန် တခြား နေရာသို့ သွားလေသည်။ ရှီမာယူယူသည် ဝံပုလွေများတွင် ရှိသော ပစ္စည်းများကို ကြည့်ကာ အံ့သြသွားလေ သည်။ သူတို့တွင် ဝိညာဉ်စေတီတွင်ပင် မရှိသော ဆေးပစ္စည်းအများအပြားရှိသည်။ သူတို့သည် တန်ဖိုးကြီး ဆေး ပစ္စည်းများအားလုံးကို ယူလာလေသည်။ တချို့သော ပစ္စည်းများမှာ ဝံပုလွေငယ်များ၏ ကိုက်ဖြတ်ခြင်းကို ခံရကာ ဘေးတွင် ပုံထားလေသည်။

All Chapters