အပိုင်း (၃၅၇) – နှင်းဝံပုလွေများ၏ ဆုံးဖြတ်ချက်
Vol. 004 Ch. 357
“ဘယ်လိုလဲ ဆေးဖော်ဖို့အတွက် ဒီပစ္စည်းတွေက အသုံးဝင်ရဲ့လား” နှင်းဝံပုလွေဘုရင် မေးလိုက်သည်။
ရှီမာယူယူ သတိပြန်ဝင်လာကာ ပြောလိုက်သည် “မင်းတို့မှာ ဆေးဖက်ဝင်ပစ္စည်းတွေ အကုန်မရှိ ပေမယ့် တော်တော်များများရှိပါတယ်၊ ကျန်တဲ့ပစ္စည်းတွေကို ငါပေးလို့ရတယ်၊ ဒါပေမဲ့ ဖော်ပြီးသား ဆေး တစ်ဝက်ကို ငါယူချင်တယ်”
“ဘုရင်ကြီးကို ကုပေးပြီးတာနဲ့ ကျန်တာအကုန်လုံးကို ယူချင်လည်း ပြဿနာမရှိပါဘူး” နှင်းဝံပုလွေ ဘုရင် ပြောလိုက်သည်။
“ကောင်းပြီ ငါ ပြင်ဆင်ပြီးတာနဲ့ ဆေးဖော်တော့မယ်” တွေဝေခြင်းမရှိပဲ သဘောတူလိုက်သည့် နှင်းဝံပုလွေကို ကြည့်ကာ သူမသည် ဆေးဖက်ဝင်ပစ္စည်းများ အမျိုးအစားအနည်းငယ်ထုတ်ကာ ပြောလေသည် “သွားကြမယ်”
ရှီမာယူယူသည် နှင်းတောင်မှထွက်ကာ နှင်းဝံပုလွေဘုရင်သည် အပြင်သို့ထွက်ခဲ့လေသည်။ သူမသည် ဆေးဖိုထုတ်ကာ ဆေးစတင်ဖော်တော့သည်။
နေ့တစ်ဝက်ကြာသောအခါ ဆေးကို အောင်မြင်စွာ ဖော်ပြီးလေသည်။ ဝိညာဉ်ချီ ထည့်ပေါင်းပြီး ဆေးဖော် လိုက်သောအခါ သူမသည် အဆင့်၆ဆေးကို အောင်မြင်စွာ ဖော်ပြီးလေသည်။
“ပြီးပြီ” သူမသည် မျက်နှာမှ ချွေးများကို သုတ်ပစ်ကာ ဖြူဖျော့သော မျက်နှာဖြင့် ရရှိသော ဆေး ၄လုံး ကို နှစ်ခုခွဲလိုက်သည်။ တစ်ဝက်ကို နှင်းဝံပုလွေဘုရင်အား ပေးလိုက်ပြီး ကျန်တစ်ဝက်ကို သူမအတွက် ချန် ထားလိုက်သည်။
နှင်းဝံပုလွေသည် သူမ ဆေးဖော်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ကြည့်လေသည်။ သူမ ဆေးတစ်ဝက် ခွဲသည်ကို ကြည့်ကာ သူမသည် ပင်ပန်းနေပြီကို သူ သိလိုက်ရသည်။ သူမ ဆေးဖော်လိုက်ခြင်းကြောင့် ပင်ပန်း သွားစသည်ကို သိသဖြင့် ပြောလိုက်သည် “ကျင့်ကြံခြင်းမြေကို သွားပြီး ဝိညာဉ်ချီကို ပြန်အားပြည့်အောင် လုပ်လို့ရ ပါတယ်”
ရှီမာယူယူသည် မတ်တတ်မရပ်နိုင်တော့သဖြင့် ဟာစွန်သည် သူမအား ငယ်ကာ ဂူမှ ထွက်လာလေသည်။ သူမသည် ကန်ဘေးတွင် ခြေချိတ်ကာ စတင် ကျင့်ကြံတော့သည်။
ထိုနေရာသည် တခြားနေရာများနှင့်ယှဉ်လျှင် ကျင့်ကြံမှုနှုန်း မြန်သည်မှာ ပြောရန်ပင်မလိုပေ။ သူမ အတွင်းပိုင်း ဝိညာဉ်ချီသည် လုံးဝပင် ပြန်ကောင်းလုနီးပါးပင်။ သူမသည် လုံးဝပြန်ကောင်းရန် ပုံမှန်ဆိုလျှင် တစ်ရက်ကြာသော်လည်း အခု နေ့တစ်ဝက်သာ ကြာလေသည်။
သူမ မျက်လုံးဖွင့်လိုက်သောအခါ ဟာစွန်သည် နံရံရှေ့တွင် အတွေးလွန်နေသည်ကို တွေ့လိုက်ရ သည်။
“ဟာစွန် ဘာတွေကြည့်နေတာလဲ”
ဟာစွန်သည် နံရံအား ညွှန်ပြကာ ပြောလေသည် “ဒီနံရံက ထူးဆန်းလို့”
ရှီမာယူယူ မတ်တတ်ရပ်ကာ သူ့ဘေးအား လျှောက်လာကာ မေးလိုက်သည် “ဘာတွေ ထူးဆန်းနေတာ လဲ”
“အထဲမှာ ထူးဆန်းပြီး တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ဟာရှိတယ်” စာစွန် ပြန်ဖြေလေသည်။
“ထူးဆန်းပြီး အတက်အကျဖြစ်နေတာလား” ရှီမာယူယူ ခံစားမိကာ ပြောလေသည် “နည်းနည်း မတူလို့ နေမှာပေါ့ နံရံအနောက်ဘက်မှာ ဘာမှမရှိဘူးလား”
“ဖြစ်နိုင်တယ်” ဟာစွန် ပြောလိုက်သည် “မဟုတ်ရင် တခြားကမ္ဘာတစ်ခုရှိနေတာ ဖြစ်နိုင်တယ်”
“ကမ္ဘာဟုတ်လား”
ရှီမာယူယူသည် ရှုပ်ထွေးစွာဖြင့် လျှောက်လာကာ လက်ဆန့်ပြီး ထိလိုက်သည်။ သူမ ထိုက်သောအခါ ကျောက်တုံးနံရံကဲ့သို့ မခံစားရပေ။
“ငါတို့ သွားကြည့်ကြမလား” သူမသည် အနောက်တွင်ရှိသည့်အရာကို သိချင်စိတ်ဖြစ်ကာ ဟာစွန်အား လှည့်ကြည့်လိုက်လေသည်။
“ဒီအချိန်တော့ မဖြစ်နိုင်ဘူး” ဟာစွန် ပြောလိုက်သည် “တစ်ယောက်ယောက်လာနေပြီ”
ရှီမာယူယူသည်လည်း ခြေသံများကို ကြားလိုက်သဖြင့် ကြည့်လိုက်ရာ နှင်းဝံပုလွေတစ်ကောင် လျှောက် လာလေသည်။
နှင်းဝံပုလွေသည် ရှီမာယူယူ အားပြန်ပြည့်သည်ကို တွေ့ပြီးနောက် အံံသြသွားကာ “မင်း ပြန်ကောင်း နေပြီလား”
“ဟုတ်တယ် ဘာလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“အရင်ဘုရင်ကြီးက ပြန်သတိရလာပြီ၊ မင်းတို့ပြီးရင် လာကြည့်ပေးစေချင်တယ်လို့ ဘုရင်က ပြောလိုက် တယ်၊ မင်းတို့ ထွက်လာရင် ခေါ်သွားပေးပါမယ်” နှင်းဝံပုလွေ ပြောလိုက်သည်။
“ဒါဆို သွားကြမယ်”
ရှီမာယူယူတို့သည် ဂူကြီးတစ်ခုသို့ လာလိုက်သည်။ ထိုဂူကြီးသည် လူသားများ အိမ်များကဲ့သို့ အလှဆင် ထားသည်။ ရတနာများစွာ ထားရှိထားသည်။ ထို့သော် သူတို့သည် ထိုအရာများ၏ တန်ဖိုးကို မသိသဖြင့် ပစ်ထား ကြလေသည်။
သူမ ဝင်လာသောအခါ ဖက်တီးကျူသည် ကျောက်တုံးရှေ့တွင် သားရည်ကျနေသည်ကို တွေ့လိုက်ရ သည်။ ထိုရတနာများကို သူ သတိထားမိသွားတယ်ထင်တယ်။
တစ်ဖက်တွင် ဝေကျိရွှီနှင့် တခြားသူများသည် ခုံတွင်ထိုင်ကာ နှင်းဝံပုလွေဘုရင်နှင့် စကားစမြည် ပြော နေလေသည်။
ကျောက်စားပွဲနောက်တွင် နှင်းဝံပုလွေဘုရင်သည် မျက်စိမှိတ်ကာ နလန်ထူရန်ကြိုးစားနေလေသည်။
ရှီမာယူယူ ဝင်လာသည်ကို တွေ့သည်နှင့် နှင်းဝံပုလွေဘုရင် ပြောလိုက်သည် “တစ်ရက်လောက် အချိန် လိုမယ်ထင်နေတာ၊ မြန်မြန် ပြန်ကောင်းမယ်လို့ ထင်မထားဘူး”
“ကျင့်ကြံရတဲ့နေရာက မဆိုဘူး” ရှီမာယူယူသည် နှင်းဝံပုလွေအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် အနောက်ရှိ နှင်းဝံပုလွေအားကြည့်ကာ မေးလိုက်သည် “သူက ဘုရင်ကြီးလား”
မိုးကောင်းကင်သည် မျက်စိဖွင့်ကာ ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “သူက ငါ့ကို ကယ်တဲ့ သူလား”
“အပေးအယူ နည်းနည်းလုပ်လိုက်တာပါ” ရှီမာယူယူ ပြောလေသည်။
“ကျေးဇူးတင်ပါတယ်” မိုးကောင်းကင်သည် ပြောပြီးနောက် မျက်စိပြန်မှိတ် ထားလိုက်သည်။ သူသည် လုံးဝ ပြန်ကောင်းသည့် ပုံမပေါ်သေးပေ။
“ဒီတစ်ခါခေါ်တာက မိုးကောင်းကင် နိုးလာပြီဆိုတာ ပြောချင်လို့ပါ၊ အဲလိုဆိုတော့ မင်းတို့အားလုံး ဂူကို သွားပြီး ကျင့်ကြံလို့ရပါပြီ” နှင်းဝံပုလွေ ပြောလိုက်သည် “မင်းတို့ ခုနက ပြောတဲ့ဟာကိုတော့ ဆွေးနွေးဖို့ လိုပါ သေးတယ်”
“အစွယ်ကွေးကျားရဲ့ နယ်မြေက ဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“သွားချင်လို့လား” နှင်းဝံပုလွေ မေးလိုက်သည်။
“ကျိရွှီနဲ့ တခြားသူတွေ ဒီမှာနေခဲ့လိမ့်မယ်၊ ဒါပေမဲ့ မီးအရည်အချင်းရှိတဲ့သူတွေက ဒီမှာနေလည်း အသုံး မဝင်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “မင်းပြောတာ အစွယ်ကွေးကျားရှိတဲ့နယ်မြေက မီးအရည်အချင်း ရှိသူ တွေကအတွက် ကျင့်ကြံလို့ကောင်းတယ်ဆို၊ သူတို့ကို အဲဒီကို ခေါ်သွားချင်လို့”
“အစွယ်ကွေးကျားရဲ့ နယ်မြေက ဝေးတယ်၊ နေရာကိုတော့ လမ်းညွှန်ပေးလို့ရတယ်၊ ဒါပေမဲ့ ခေါ်သွား ပေးလို့မရဘူး”
နှင်းဝံပုလွေနှင့် အစွယ်ကွေးကျားတို့သည် ရန်သူများဖြစ်ကြသည်။ သူတို့နယ်မြေကို သွားမိပါကာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။
“ကိစ္စမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ဘယ်အချိန်သွားမလဲ” နှင်းဝံပုလွေ မေးလိုက်သည်။
“အခုပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျိရွှီ တုလေး မင်းတို့ ဒီမှာပဲကျင့်ကြံနေခဲ့၊ နှင်းဝံပုလွေ ဘုရင်လည်း ရှိနေတော့ အန္တရာယ်ရှိမယ်မထင်ဘူး”
“အိုခေ” ဝေကျိရွှီနှင့် တုလေး ခေါင်းညိတ်လိုက်သည်။
“အစ်ကိုငယ်၊ ဖက်တီး၊ ဝူရန် ဘေဂုံ အစွယ်ကွေးကျားရဲ့ နယ်မြေကို သွားရအောင်”
ဖက်တီးကျူ၊ ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည် တခြားသော အရည်အချင်းများရှိသော်လည်း မီး အရည်အချင်းကို အသုံးများသည်။ အခုချိန်တွင် သူတို့သည် မီးအရည်အချင်းမှာ အသန်မာဆုံးဖြစ်သည်။
“လမ်းပြဖို့ လူနည်းနည်းထည့်ပေးလိုက်မယ်၊ နောက်မှ သူတို့ မြေကို ကိုယ့်ဘာသာ သွားကြပေါ့” နှင်းဝံပုလွေ ပြောလိုက်သည်။
“ဒါဆိုကျေးဇူးတင်ပါတယ်”
နှင်းဝံပုလွေသည် အဆင့် ၆ အံ့ဖွယ်သားရဲခေါ်ကာ ရှီမာယူယူနှင့် တခြားသူများကို လိုက်ပို့ခိုင်းလေသည်။ ထို့နောက်တွင် သူသည် နောက်နှင်းဝံပုလွေတစ်ကောင်နှင့်အတူ ဝေကျိရွှီနှင့် တုလေးအား ဂူထဲသို့ ခေါ်သွားလေ သည်။
မိုးကောင်းကင်သည် သူတို့ထွက်သွားသည်ကို စောင့်ပြီးမှ မျက်လုံးဖွင့်လိုက်သည်။
“ရုန်း သူတို့က ငါတို့ကို တကယ်ပဲ ဒီနေရာနေထွက်သွားဖို့ ကူညီပေးမှာလား”
ရုန်းသည် အခုလက်ရှိ နှင်းဝံပုလွေဘုရင် ဖြစ်သည်။
သူတို့သည် ထိုနေရာတွင် နေနေသော်လည်း အပြင်ဘက် ကမ္ဘာကို သိကြသည်။ ထိုသည်မှာ ပထမ မျိုးဆက်က ပြောပြခဲ့သော အကြောင်းဖြစ်သည်။
ထိုနေရာတွင် အထွတ်အထိပ်သားရဲများရှိကာ သူတို့သည် ဒီနေရာတွင် အံ့ဖွယ်အဆင့်ဖြင့် ပိတ်မိထားရ သည်ကို သိသည်နှင့် ဒီနေရာမှ ထွက်ရန် နည်းလမ်းများရှာခဲ့သည်။
မျိုးဆက်များ ၁၀ဆက်ကျော် စောင့်ကြည့်ပြီးနောက်တွင် ထွက်ရမည့် နည်းလမ်းမှာ လူသားများ နှင့် စာချုပ်ချုပ်ရမည့် နည်းလမ်းသာဖြစ်သည်ကို သိလိုက်ရသည်။ မာနကြီးသော မျိုးုစိတ်ဖြစ်သဖြင့် ထိုနည်းလမ်း အား မလိုလားပေ။ သည်လိုနှင့် သူတို့ ဒီနေရာတွင် ကျန်နေခြင်းဖြစ်သည်။
သို့သော် သူတို့သည် ဒီနေရာမှ ထွက်ရန် နည်းလမ်းရှာခြင်းကို မရပ်တန့်ခဲ့ပေ။ သူတို့သည် စွမ်းအား ပိုရရန် နှင့် အသက်ရှည်ရန် ထွက်သွားလိုခြင်းဖြစ်သည်။ သူတို့သည် သူတို့မျိုးဆက်များကို အကန့်အသတ် မရှိသော နယ်မြေတွင် ကြီးပြင်းစေလိုသည်။
“မိုးကောင်းကင် မင်းကိုယ်တိုင် မြင်တယ်မလား၊ သူ့ဘေးက အထွတ်အထိပ်သားရဲပဲ” နှင်းဝံပုလွေ ပြော လိုက်သည် “ငါတို့ထွက်သွားနိုင်ရင် ဒီကန့်သတ်နယ်မြေကို ထားခဲ့ပြီး ပြန်မလာတော့ဘူး”
“ဒါပေမဲ့ အဲလူက ယုံရလို့လား၊ ငါတို့ ကြိုးစားတာ နှစ်၁ဝဝလောက်ရှိပြီ မအောင်မြင်ဘူး၊ သူက တကယ်ပဲ ထုတ်သွားပေးနိုင်မှာလား” ဝံပုလွေအိုတစ်ကောင်က မေးလိုက်သည်။
“ငါသူ့ကို ယုံကြည့်ချင်တယ်” နှင်းဝံပုလွေ ပြောလိုက်သည် “ငါ ခံစားလို့ရတယ်၊ သူက တခြားသူတွေနဲ့ မတူဘူး၊ သူက ငါတို့ကိုခေါ်သွားမယ်လို့ ပြောတုန်းက ယုံကြည်ချက်အပြည့်နဲ့ ငါထင်တယ်… သူ ငါတို့ကို မလိမ် လောက်ပါဘူး”