အပိုင်း (၃၅၈) – မင်းခြေလှမ်းတွေ ဆက်ဆွဲနေရင် မင်းအမွေးတွေကို မီးလောင်တိုက်သွင်းမယ်
Vol. 004 Ch. 358
နှင်းဝံပုလွေမျိုးနွယ်ဝင်များသည် သူမအား ယုံကာ ထွက်သွားရန် မသွားရန် ဆွေးနွေးချိန်တွင် ရှီမာယူယူ နှင့် အဖွဲ့သည် အဆင့်၆ အံ့ဖွယ်သားရဲနောက်လိုက်ကာ ဝေးဝေးသွားလေပြီ။
နေ့တစ်ဝက်လောက် လျှောက်ပြီးချိန်တွင် ထိုသားရဲသည် ရပ်ကာ သူတို့အား ပြောလိုက်သည် “ငါ မင်းတို့ကို ဒီအထိပဲ ခေါ်ပေးလို့ရမယ်၊ ထပ်သွားရင် အစွယ်ကွေးကျားရဲ့ နယ်မြေပဲ”
“မင်းတို့ နယ်နိမိတ်က အစွယ်ကွေးကျားရဲ့ နယ်နိမိတ်နဲ့ နီးတာပဲလား” ရှီမာယူယူသည် အံ့သြစွာ မေး လေသည်။
“ဟုတ်တယ် တစ်ခုက ရေခဲဖြစ်ပြီး နောက်တစ်ခုက မီးဖြစ်ပေမယ့် ကြားမှာတော့ သိပ်မဝေးဘူး၊ ဘာလို့ အဲလောက်နီးနေတာလဲတော့ ငါလည်းမသိဘူး၊ ဒါပေမဲ့ တခြားတစ်ယောက်ရဲ့ နယ်နိမိတ်ကို မကျော်ကြဘူး” ထိုအံ့ဖွယ်သားရဲပြောလေသည် “မင်းတို့ တည့်တည့်လျှောက်သွားရင် ရပြီ”
ရှီမာယူယူခေါင်းညိတ်ကာ ပြောလေသည် “ကောင်းပြီ ကျေးဇူးပဲ မင်း ပြန်သွားလို့ရပါပြီ”
“ငါလုပ်ရမယ့် ဟာပဲလေ” ထိုအံ့ဖွယ်သားရဲသည် ပြောပြီးနောက် ပြန်ထွက်သွားလေသည်။ သူတို့အား ခေါ်လာသည့်အရှိန်ထက် မြန်စွာ ထွက်သွားလေသည်။
ရှီမာယူယူနှင့် အဖွဲ့သည် ငှက်လေး၏ ကျောတွင်ထိုင်ကာ အရှေ့သို့ ခရီးဆက်ကြလေသည်။ သိပ် မကြာခင်တွင် အပူဟပ်လာသည်ကို ခံစားမိလိုက်ကြသည်။
“ဒီနေရာက တကယ်ထူးဆန်းတယ်၊ မတူညီတဲ့ ရာသီဥတုနဲ့ ဒါပေမဲ့ တစ်ခုနဲ့ တစ်ခု အရမ်းနီးတယ်၊ ဘာလို့ အချင်းချင်း မလွှမ်းမိုးကြတာလဲ မသိဘူး” ဖက်တီးကျူ သိချင်သွားသည်။
“ငါတို့် မသိသေးတဲ့ တခြားအကြောင်းရှိလို့နေမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ဂူအနောက်မှာ နေရာအကြောင်းစဉ်းစားမိလေသည်။
တစ်နာရီအကြာ ပျံပြီးနောက်တွင် တောင်တန်းကို သူမ မြင်လိုက်သည်။ သူတို့သည် အနီရောင် ဖြစ်ကာ မီးတောင်များလိုပင်။
“ရပ်လိုက်” အစွယ်ကွေးကျားသည် ရှီမာယူယူနှင့် အဖွဲ့ကို သူ့ကျောမှ တောင်ပံနှစ်ခု ဖြန့်ကာ ကြည့် နေလေသည်။ သူ ပျံလာကာ အော်လိုက်သည်။
ထိုကဲ့သို့ အတောင်ပံနှင့် တိရစ္ဆာန်ကို ရှီမာယူယူ မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ သိချင်သွားကာ စိုက်ကြည့်မိသည်။
“မင်းဘယ်သူလဲ ဒါငါတို့နယ်မြေ ခွင့်ပြုချက်မရှိပဲ ဖြတ်လို့မရဘူး” ထိုအစွယ်ကွေးကျားသည် ရှီမာယူယူ အား ငေါက်လေသည်။
ရှီမာယူယူ သူ့အတောင်ပံများအား ကြည့်ကာ ပြောလိုက်သည် “မင်းက အံ့ဖွယ်သားရဲအစောင့်လား မင်းတို့ ဘုရင်ကို သွားခေါ်လိုက်၊ သူနဲ့ ဆွေးနွေးစရာရှိတယ်လို့ သွားပြောလိုက်”
“အတင့်ရဲ့လိုက်တဲ့လူသား၊ ငါတို့ ဘုရင်က မင်းတွေ့ချင်တိုင်း တွေ့လို့ရတာ မဟုတ်ဘူး” ထို အံ့ဖွယ် သားရဲ အော်လေသည် “ဘာခဲ့ မင်းတို့အားလုံးကို ဖမ်းပြီး ငါတို့ဘုရင်အတွက် လက်ဆောင်ပေးရမယ်”
အံ့ဖွယ်သားရဲအုပ်စုသည် ဘက်ပေါင်းစုံမှ ပျံလာကာ ငှက်လေးနှင့် အဖွဲ့ကို ဝိုင်းလိုက်သည်။
ရှီမာယူယူနှင့် တခြားသူများသည် တုန်လှုပ်ခြင်းမရှိပဲ ပြောလိုက်သည် “ငါတို့ ဒီနေ့ တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူး၊ ဟာစွန် ငါတို့ စိတ်ရင်းကို သူတို့ကို ပြောပြလိုက်ဦး”
ဟာစွန်သည် မျက်လုံးလှန်ကာ သူ့ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ ပျံနေသော အံ့ဖွယ်သားရဲအားလုံး သည် မြေပေါ်သို့ ကျသွားလေသည်။
ရှီမာယူယူသည် ငှက်လေး၏ ကျောကို ပုတ်ရာ ငှက်လေးသည် မြေပေါ်သို့ ဆင်းသက်လိုက်သည်။
“မင်းက နှင်းဝံပုလွေတွေဆီသွားတဲ့ လူပဲ” သူတို့နှင့် ပထမဆုံးတွေ့သည့် အံ့ဖွယ်သားရဲအော်လိုက်သည်။
ရှီမာယူယူလျှောက်လာကာ ပြောလိုက်သည် “မင်းတို့ သတင်းက မြန်တယ်ထင်တယ်၊ ဘယ်လိုလဲ၊ မင်းတို့ ဘုရင်နဲ့ တွေ့ပေးရမယ်လို့ မထင်ဘူးလား”
အစွယ်ကွေးကျားများသည် အလိုမရှိသော်လည်း သူတို့သည် အထွတ်အထိပ်သားရဲကို ရှိနေသည်ကို ဘယ်လို ပြောရမလဲ။ သူတို့သည် ကျိုးနွံစွာပင် သူတို့နယ်မြေသို့ ခေါ်သွားရုံအပြင် မရှိပေ။
ရှီမာယူယူနှင့် တခြားသူများသည် လျှောက်လာရင်းနှင့် အပူချိန်မြင့်တက်လာသည်ကို ခံစားမိသည်။ အားလုံးသည် မီးအရည်အချင်းရှိသည်ပင် ကံကောင်းသည်ဟု ပြောရမည်၊ ထို့ကြောင့် နေရခက်တာမျိုး မဖြစ်မိပေ။
“အဲဒါတွေက မီးတောင်တွေလား ဘာလို့အဲလောက်ပူနေတာလဲ” ဖက်တီးကျူသည် တောင်များကို ကြည့်ကာ ချွေးထွက်လာသည်။
အံ့ဖွယ်သားရဲသည် လှည့်ကာ သူ့အားကြည့်လေသည်။ သူသည် တိတ်နေသော်လည်း ထိုတောင်များ သည် မီးတောင်များဖြစ်ကြောင်းကို စိတ်ထဲမှရေရွတ်နေမိသည်။ ဒါကြောင့် သူတို့ပူတာလေ။
“ဒီနေရာမှ မီးစွမ်းအင်တွေ ပေါလိုက်တာ၊ ငါတို့်ဒီမှာ ကျင့်ကြံဖို့ အကောင်းဆုံးပဲ” ရှီမာယူလီ သည် ပြုံးပြီး ပြောလိုက်သည်။
အံံံဖွယ်သားရဲသည် ဦးဆောင်ရင်း သတ္တိနည်းလာသည်။ ဒီလူတစ်စုက သူတိုရတနာတွေကို ယူဖို့လာတာ လား။
“မင်းခြေလှမ်းတွေ ဆွဲနေဦးမယ်ဆိုရင် မင်းအမွေးတွေကို မီးလှောင်တိုက်သွင်းပစ်မယ်” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည်။
အံ့ဖွယ်သားရဲသည် သူမပြောသည်ကို ကြားပြီးနောက် ချက်ချင်း သွက်လာသည်။ အမွေးတွေ လောင်ပြီး သေချင်တဲ့သူရှိမလား။
မခံမရပ်နိုင်စရာပဲ။
သို့သော် သူလှည့်ပြီး ရှီမာယူယူဘေးတွင်ရှိသော ဟာစွန်အားကြည့်လိုက်ရာ နာကျင်သွားရသည်။ သူ့ကို သာ သွားမစရင် ခံနိုင်တယ်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှီမာယူယူနှင့် တခြားသူများသည် မီးတောင်အောက်မှ မြက်ခင်းပြင်သို့ရောက်လေသည်။
ရှီမာယူယူနှင့် တခြားသူများသည် မီးတောင်များကို ကြည့်နေချိန်တွင် အမည်မသိ အစွယ်ကျား တစ်ကောင်သည် တောင်မှထွက်လာသည်။
“ဒီလူတွေက ဘယ်သူတွေလဲ၊ ငါတို့နယ်မြေကို လာကျူးကျော်ရဲတယ်” အစွယ်ကွေးကျားတချို့ သည် ကောင်းကင်မှ ပျံလာကာ သူတို့အား ဝိုင်းလိုက်ကြသည်။
“ငါတို့ ရှင်းပြီးတာတောင် ထပ်လာနေသေးတယ်၊ ဘာလို့အဲလောက်တောင် တူကြတာလဲ” ဖက်တီးကျူ ပြောလိုက်သည်။
“တကယ်ကို တူတယ်” ဘေဂုံထန် သဘောတူလိုက်သည်။
အစွယ်ကွေးကျားသည် သူတို့သည် မေးသောမေးခွန်းကို ပြန်မဖြေပဲ သူတို့အားကြည့်ပြီး ဆွေးနွေးနေ သည်ကို တွေ့သောအခါ ဒေါသထွက်ကြလေသည်။ သူတို့သည် ထိုလူများကို နှင်ထုတ်ချင်သော်လည်း ဟာစွန် ဖိနှိပ်ထားသဖြင့် လှုပ်မရဖြစ်နေလေသည်။
“မင်းတို့ ဘုရင်ကိုသွားခေါ်လိုက်” ဟာစွန် ပြောလေသည်။ သူသည် ဘယ်သူမှ အမိန့်ပေးလို့မရသော ဘုရင်ဖြစ်သည်။
အထွတ်အထိပ်သားရဲပဲ။
အစွယ်ကွေးကျားများသည် အလွန်အံ့သြသွားကြသည်။ ဒီအထွတ်အထိပ်သားရဲက နှင်းဝံပုလွေတွေနဲ့ သွားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီမှာ ပေါ်လာတာလဲ။
“ဘာတွေ တွေဝေနေတာလဲ အသက်မရှင်ချင်တော့ဘူးထင်တယ်” ဖက်တီးကျူ ပြောလိုက်သည်။
အစွယ်ကွေးကျားများသည် မလုပ်ချင်သော်လည်း တောင်ပေါ်သွားကာ သူတို့ဘုရင်အား သတင်း ပို့ကြလေသည်။
လျင်မြန်စွာပင် အစွယ်ကွေးကျားဘုရင်သည် တောင်ပေါ်မှာ ပျံဆင်းလာသည်။ သူ့ကျားများ ဒူးထောက် ထားရသည်ကို မြင်သောအခါ သူ့မျက်လုံးများသည် မပျော်ရွှင်မှုများပြည့်သွားသည်။ သို့သော် သူ မြိုသိပ်ကာ ပြောလိုက်သည် “ဘာအတွက်လာကြတာလဲ”
“ကျွန်တော်တို့ အရှင်နဲ့ ဆွေးနွေးစရာရှိလို့လာကြတာပါ” ရှီမာယူယူသည် ပြုံးပြီး ပြောလေသည် “ကျွန်တော်တို့ကို ရန်သူလိုကြည့်ဖို့မလိုပါဘူး”
သူမ ထိုသို့ပြောလိုက်သော်လည်း အစွယ်ကွေးကျားဘုရင်၏ စိတ်မချသေးပဲ အစောင့်များ ထပ်တိုးလိုက်သည်။
“မင်းဘာဆွေးနွေးချင်တာလဲ”
“အရှင့်အတွက် အကျိုးအမြတ်ရစေမှာပါ” ရှီမာယူယူပြေလာိုက်သည် “ဒါပေမဲ့ အရှင်တို့က ဒီမှာ တစ်သက်လုံးနေပြီး အထွတ်အထိပ်သားရဲမဖြစ်ချင်ဘူးဆိုရင်တော့ ဆွေးနွေးစရာမလိုပါဘူး”
“မင်းဘာပြောလိုက်တာလဲ” အစွယ်ကွေးကျားသည် လှည့်ကာ သူမအား ကြည့်လိုက်သည်။
“ဒီနေရာကနေထွက်သွားဖို့ စိတ်ကူးရှိတယ်ဆိုရင် ထိုင်ပြီးဆွေးနွေးကြတာပေါ့” ရှီမာယူယူသည် အပြုံးဖြင့် ပြောလေသည်။
အစွယ်ကွေးကျားသည် သူမ၏ ထူးခြားသော အကျင့်စရိုက်အား ကြည့်ကာ အံကြိတ်ပြီး ပြောလေသည် “တောင်မှာသွားပြောကြမယ်၊ ဒီလမ်းကနေလာပါ”
ရှီမာယူယူပြုံးလိုက်သည်။ အစွယ်ကွေးကျားဘုရင်သည်လည်း တခြားသူများကို တစ်သက်လုံး ဖိနှိပ်မှု အောက်တွင်မနေစေချင်သည့်ပုံပင်။
သူသည် အစွယ်ကွေးကျားဘုရင်နောက်လိုက်ကာ တောင်ပေါ်သို့တက်ခဲ့သည်။ အစွယ်ကွေးကျား ဘုရင် နောက်တွင် အစွယ်ကွေးကျားအိုကြီးများပေါ်လာသည်နှင့် သူတို့သည်လည်း နှင်းဝံပုလွေများကဲ့သို့ အကြီးများရှိကြောင်း ခန့်မှန်းမိသွားသည်။
လျင်မြန်စွာပင် အစွယ်ကွေးကျားအိုကြီးများ ရောက်လာသည်။ အစွယ်ကွေးကျားနောက်တွင် လူသားများ ရှိနေသည်ကို ကြည့်ကား အံ့သြသွားသည်။ သူတို့မေးလိုက်ကြသည် “ဘုရင် ငါတို့ကို ဘာလို့ ခေါ်တာလဲ”
အစွယ်ကွေးကျားဘုရင်သည် ကျားအိုကြီးများကို ကြည့်ကာ ပြောလိုက်သည် “အဘိုးတို့ သူတို့က ကျင့်ကြံဖို့အတွက် နေရာငှားချင်နေတယ်..”
“မဖြစ်နိုင်ဘူး” အစွယ်ကွေးကျားသည် စကားမဆုံးခင်ပင် ကျားအိုကြီးသည် စကားဖြတ်ပြောလေသည် “ကျင့်ကြံတဲ့မြေက ငါတို့နယ်မြေပဲ ဘယ်လိုလုပ် လူသားတွေကို ငှားလို့ရမလဲ”