← Chapters

ဟွမ်ဇွမ်တျန် ကျယ်ကျောင်းတော်သို့ ဝင်ရောက်ခြင်း

Vol. 21 Ch. 256

ဟွမ်ဇွမ်တျန် ကျယ်ကျောင်းတော်သို့ ဝင်ရောက်ခြင်း

Vol. 21 Ch. 256

အခန်း (၂၅၆) ဟွမ်ဇွမ်တျန် ကျယ်ကျောင်းတော်သို့ ဝင်ရောက်ခြင်း

၁၂ နှစ်ကြာပြီးနောက်။

ဟွမ်ဇွမ်တျန်ဟာ မဟာညီညွတ်မှု မြေလျှောက်အင်မော်တယ်အဆင့်နဲ့ ဘုံပျံတက်သွားပါတယ်။ ဘုံပျံတက်ပြီးနောက် ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးမှုကြောင့် ဟွမ်ဇွမ်တျန်ရဲ့ ကျင့်ကြံမှုဟာ မဟာညီညွတ်မှု မြေအင်မော်တယ်အဆင့်ကို ‌တိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ ဟွမ်ဇွမ်တျန်ရဲ့ ကျင့်ကြံမှု တိုးတက်သွားတာကို တွေ့လိုက်ရတဲ့အတွက် သူအခုနေ ဘုံပျံတက်ရင် ကျင့်ကြံမှုတိုးမလားဆိုတာ စမ်းသပ်ချင်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူ့အတွေးမှားကြောင်း သိလိုက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က အင်မော်တယ်ကမ္ဘာကို ရောက်ဖူးတာ တစ်ခါမကတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ် အခုနေ ဘုံပျံတက်ရင်လည်း ဘာကျင့်ကြံမှုမှ တိုးလာမှာ မဟုတ်ပါဘူး။ နောက်ပြီး အင်‌မော်တယ်ဧကရာဇ် စမ်းသပ်မှုက အရမ်းကြောက်ဖို့ကောင်းမှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ဟာ စနစ်ရဲ့ တာအိုစက်ကွင်းကြောင့်သာ ဘာစမ်းသပ်မှုမှ မကျော်ဖြတ်ခဲ့ရတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီဘာမဟုတ်တဲ့ ကိစ္စလေးအတွက် သူ့အသက်ကို မစွန့်စားရဲပါဘူး။

တိုက်တိုင်းအောင်ဗုဒ္ဓကို ဖြေရှင်းပြီးနောက်မှာ ဟန်ကျွယ်ရဲ့ နေ့ရက်တွေက အေးအေးဆေးဆေး ပြန်ဖြစ်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းက တပည့်တွေကို ပြုစုပြိုးထောင်ဖို့ အချိန်ပိုပေးလာနိုင်ပါတယ်။

နှစ်အများကြီးကြာအောင် ပြောင်းလဲပြီးနောက်မှာတော့ ထုန်ကျန့်ကမ္ဘာရဲ့ ပျမ်းမျှအင်အားကလည်း ခပ်မြန်မြန်ပဲ တိုးတက်လာပါတယ်။ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေလည်း ဆတိုး တိုးတက်လာပြီး မြေလျှောက်အင်မော်တယ်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပါတယ်။

ဒီအတိုင်းသာဆက်သွားရင် မကြာခင်မှာပဲ ထုန်ကျန့်ကမ္ဘာရဲ့ ကန့်သတ်စည်းဟာ မြေအင်မော်တယ် ဒါမှမဟုတ် ဒီထက်မြင်တဲ့အဆင့်တစ်ခု ဖြစ်လာမှာပါ။

ကောင်းကင်တာအို စွမ်းအားကြီးလေလေ ကျင့်ကြံမှုအဆင့်မြင့်မြင့်ကို ထမ်းဆောင်နိုင်လေလေပါပဲ။

ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီနဲ့ အင်မော်တယ်ချီကတော့ အလွန့်အလွန် သိပ်သည်းတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။ အခုဆိုရင် ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ဟာ အပြင်ထွက်ပြီး မလေ့ကျင့်တော့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လာကြပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ လီယောင်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်လိုက်ပြီး ဝူတောက်ကျန့်ကို အပြင်မှာ စောင့်နေခိုင်းပါတယ်။

လီယောင်ဟာ ဟန်ကျွယ်ရဲ့ ရုတ်တရက်ကြီး ဆင့်ခေါ်မှုကြောင့် ခြေဖျားလက်ဖျားတွေ အေးစက်သွားပါတယ်။

ဟန်ကျွယ်ဟာ လီယောင်ကို ထိုင်ဖို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လီယောင်က တည်ငြိမ်ဟန် ဆောင်နေတာကို သတိထားမိသွားတာကြောင့် ပြုံးစိစိ ဖြစ်သွားပါတယ်။

‘ငါ့လို့ သတိကြီးတာပဲ’

ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ကြောက်မနေပါနဲ့၊ ငါက မင်းကို မစားပါဘူး၊ မင်းရဲ့ ကျင့်ကြံမှုအကြောင်း မေးချင်လို့ ခေါ်လိုက်တာ၊ မင်းမှာ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မရှင်းလင်းတာရှိရင် မေးမြန်းနိုင်တယ်”

လီယောင်ဟာ အဲဒီတော့မှ ကျင့်ကြံခြင်းလိုဏ်ဂူထဲ အခေါ်ခံရတဲ့ အကြောင်းရင်းကို နားလည်သွားပြီး မျက်နှာပူသွားပါတယ် ‘ငါ ဘာတွေ လျှောက်တွေးနေမိပါလိမ့်... ဒါ ဟိုကြက်စုတ်ရဲ့ ပယောဂကြောင့်ပဲ... ငါ ဒီမှာနေတာ ကြာလှပြီ၊ စီနီယာ မိန်းမလိုက်စားတာ ဘယ်နှခါ တွေ့ဖူးလို့လဲ... ဒီကြက်စုတ်က တကယ့်ငစားပဲ’

အဲဒီနောက် လီယောင်ဟာ ဒီနှစ်ထဲ သူ့ကြုံ့တွေ့နေရတဲ့ ကျင်ကြံမှုအခက်အခဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းပါတယ်။

ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်လာပြီးနောက်ပိုင်းမှာ လောကမှာရှိတဲ့ ကျင့်စဉ်တွေ အကုန်လုံးရဲ့ အခြေခံကို ထိုးထွင်းသိမြင်သွားပါပြီ။ အဲဒါကြာင့် လီယောင်ရဲ့ မေးခွန်းတွေဟာ ဟန်ကျွယ်အတွက်တော့ ကလေးကစားစရာအဆင့်ပဲ ရှိပါတယ်။

တစ်လကြာတဲ့အခါမှာတော့ လီယောင်မှာ မေးခွန်းကုန်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်က လီယောင်ကို ဘယ်လိုဆန်းကြယ်စွမ်းအားမျိုး သင်ယူချင်လဲ မေးတဲ့အခါမှာတော့ ကိုယ်ရွှေ့ပညာရပ် ဒါမှမဟုတ် ပေါ်တယ်ပညာရပ်ကို သင်ယူချင်ကြောင်း ပြန်ဖြေပါတယ်။

‘တော်တော် သတိကြီးတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ချီးမွမ်းလိုက်ပြီး လီယောင်ကို တိမ်ကျွမ်းထိုး သင်ပေးလိုက်ပါတယ်။

လီယောင်ပြီးတဲ့အခါမှာတော့ ထူလင်းအာ အလှည့်ပါ။ ဟန်ကျွယ်ဟာ ထူလင်းအာကို ခေါင်းသုံးလုံး လက်ခြောက်ဖက် နဲ့ မိုးမြေ ဆန်းကြယ်စွမ်းအား သင်ပေးလိုက်ပါတယ်။

ထူလင်းအာဟာ ဟန်ကျွယ်နဲ့ အတူနေချင်တာကြောင့် ဆန်းကြယ်စွမ်းအား သင်ယူနေစဉ်အတွင်းမှာ နည်းလမ်းမျိုးစုံသုံးပြီး ဟန်ကျွယ်နားကို ချဉ်းကပ်ပါတယ်။ ဒါပေမဲ့လည်း ဆန်းကြယ်စွမ်းအား သင်ပြီးတဲ့အခါမှာတော့ ထူလင်းအာဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ မထွက်ချင် ထွက်ချင်နဲ့ ထွက်ခွာသွားရပါတယ်။

အချိန်ဟာ ပုံမှန်အတိုင်း ကုန်ဆုံးသွားပြီး နှစ် ၂၀ ကြာညောင်းသွားပါတယ်။ ဒီအတောအတွင်းမှာ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေ အကုန်လုံး ကောင်းကင်ဘုံဝင်အဆင့်ကို ကျော်တက်သွားကြပါပြီ။ ဒီအထဲမှာ ကျိုးမင်ယွဲ့လည်း ပါပါတယ်။

ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့လည်း အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်သွားကြပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာတော့ စိတ်ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းဟုန်ရွှမ်တို့ သုံးယောက်ရဲ့ အရည်အချင်းက တော်တော်ကို ညံဖျင်းလွန်းလို့ပါပဲ။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်တို့ သုံးယောက်ကို ပြန်မွေးဖွားပြီး အရည်အချင်းအသစ်နဲ့ ကျင့်ကြံအားထုတ်စေချင်ပါတယ်။ ဒါပေမဲ့ အခုကြည့်ရသလောက်တော့ ဒီကိစ္စက မဖြစ်နိုင်ပါဘူး။

မသေချင်တာ ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ခြားသူတွေလည်း အတူတူပါပဲ။

ဝီရိယတောင်က လူတိုင်းကို သင်ကြားပေးပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အရင်လို မမြန်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ဧကရာဇ်တွေက ဝိညာဉ်နဲ့ မဟာတာအိုကို ကျင့်ကြံရတာပါ။ အင်မော်တယ်ချီက အသုံးဝင်သေးတယ်ဆိုပေမဲ့ အရင်ကလောက် သုံးစားမရတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ပုံမှန်စွမ်းအား တိုးတက်နေရင်ပဲ ဟန်ကျွယ်က ကျေနပ်နေပါပြီ။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံရာက ထလာပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်ရန်သူ ကောင်းကင်ဒေါသဗုဒ္ဓသည် သင့်ကျိန်စာကြောင့် အသွင်ပြောင်းလဲပြီး မိစ္ဆာနှလုံးသား၏ ခန္ဓာသိမ်းခြင်းကို ခံလိုက်ရသည်။]

[သင့်မိတ်ဆွေ ကျန်းယီသည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သရဲနတ်ဝိညာဉ်ကို ဝါးမြိုပြီး ဝိညာဉ် ပြောင်းလဲသွား၏။]

[သင့်မြေးတပည့် မုရုံချီသည် ကောင်းကင်စစ်သားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၅၀၃၂၁

[သင့်မိတ်ဆွေ မော့ကျူသည် မိုးကောင်းကင် ကောင်းချီးနယ်မြေသို့ ကံအားလျော်စွာ ဝင်ရောက်မိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏]

[သင့်တပည့် စုချီသည် ကြမ္မာဆိုး ဖြန့်ကျက်ခဲ့သော်လည်း ရှန်နန်းတော်၏ ကံတရား အထောက်အပံ့ကို သက်ရောက်နိုင်ခြင်း မရှိချေ။]

[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ကန့်သတ်စည်းကို ထိုးဖောက်ပြီး ဓားတာအို များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော်သို့ ဝင်ရောက်သွားသည်။]

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။

‘ဟွမ်ဇွမ်တျန်က ကျယ်ကျောင်းတော်ထဲ ရောက်သွားပြီလား၊ နှစ် ၂၀ ပဲ ရှိသေးတာကိုး... ကြည့်ရတာ ကျယ်ကျောင်းတော်က ငါထင်ထားသလောက် ကြမ်းခင်းမမြင့်ပုံပဲ’

ဟန်ကျွယ် တွေးတောချက်က လုံးဝ မှန်ကန်ပါတယ်။ ကျယ်ကျောင်းတော်ဟာ ကောင်းကင်တာအို စွန့်ပစ်ထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်တာကြောင့် ကြမ်းခင်းသတ်မှတ်ချက်က အခုလို နိမ့်ပါးနေရတာပါ။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ကောင်းကောင်းကြီး သိပါတယ်။ ဟွမ်ဇွမ်တျန်က အာဏာယူတဲ့နေရာမှာ အရမ်းထက်မြက်ပေမဲ့ သတိလည်း အရမ်းကြီးပါတယ်။ လိုအပ်လို့သာ မဟုတ်ရင် ဟွမ်ဇွမ်တျန်က အာဏာအတွက် တိုက်ခိုက်မဲ့လူစားမျိုး မဟုတ်ပါဘူး။

ဟန်ကျွယ်မှာ အချိန်အများကြီး ရှိတာကြောင့် ဟွမ်ဇွမ်တျန် လှုပ်ရှားမဲ့အချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နိုင်ပါတယ်။

ခုနစ်လ ရှစ်လအကြာမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ပြီးသွားတာကြောင့် ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး ထုန်ကျန့်ကမ္ဘာရဲ့ အဆင့်ကို စစ်ဆေးလိုက်ပါတယ်။

‘ဝိုး... ထုန်ကျန့်ကမ္ဘာက ထိပ်ဆုံး ၁၀၀ ထဲ ရောက်သွားပြီပဲ’

ကောင်းကင်ရုံးတော်နဲ့ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကြိုးစားအားထုတ်မှုကြောင့် ထုန်ကျန့်ကမ္ဘာရဲ့ အဆင့်ဟာ နှစ်အနည်းငယ်အတွင်း မိုးပေါ်ထိုးတက်လာခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်ရဲ့ အကြံအစည်ကို လုံးဝသိနေလို့ပါပဲ။ ကောင်းကင်ဧကရာဇ်ဟာ ထုန်ကျန့်ကမ္ဘာ အဆင့်ထိုးတက်မှုကနေ ရန်သူတွေကို ဆွဲဆောင်ပြီး ဟန်ကျွယ်လက်နဲ့ လူသတ်ချင်နေတာပါ။

ဟန်ကျွယ်ဟာ ဒီကိစ္စကိုသိပေမဲ့ မငြင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်ဆီကနေ အကူအညီတွေ အများကြီးရထားတာကြောင့်ပါ။ တစ်ခုယူထားရင် တစ်ခုပြန်ပေးရတာ လောကဓမ္မတာပဲ မဟုတ်ပါလား။

ဒါကြောင့် ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာနားကို စစ်ဆေးလိုက်ပါတယ်။

[အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်: မဟာညီညွတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်။ တဟွမ်အဂ္ဂပြည်၏ မဟာအဂ္ဂဘိုးဘေး။]

‘တဟွမ်အဂ္ဂပြည်လား’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ရေခဲထက် အေးစက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တပည့်စုချီကို ဒုက္ခပေးခဲ့တာက တဟွမ်အဂ္ဂပြည်မှန်း သတိရသွားလို့ပါပဲ။

‘ဒီကောင်တွေက ငါ့ရဲ့ ထုန်ကျန့်ကမ္ဘာကိုတောင် လာရဲသေးတယ်၊ ကိုယ်သေတွင်း ကိုယ်တူးတာပဲ’

တစ်ချိန်တည်းမှာပဲ ဟင်းလင်းပြင်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာရှိနေတဲ့ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ ထုန်ကျန့်ကမ္ဘာကို အဝေးကနေကြည့်ပြီး ချီတုံချတုံ ဖြစ်နေပါတယ်။

အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ မီးခိုးရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းလိုမျိုး မျက်နှာရှိပါတယ်။ ဆံပင်တွေကိုတော့ သရဖူနဲ့ သေချာထုံးဖွဲ့ထားတာကြောင့် အင်မော်တယ်တစ်ပါးရဲ့ ရောင်ဝါကို ပိုမိုပေါ်လွင်ထင်ရှားစေပါတယ်။

‘ဒီကမ္ဘာရဲ့အဆင့် ထိုးတက်လာတာ အရမ်းမြန်လွန်းတယ်၊ တဟွမ်အဂ္ဂပြည်သာ ဒီကမ္ဘာမှာ တာအိုဟောကြားပြီး ဘုံပျံတက်သူတွေကို ဆွဲဆောင်နိုင်မယ်ဆိုရင် ငါတို့တဟွမ်အဂ္ဂပြည်က အနာဂတ်မှာ ပိုပြီးအင်အားကြီးလာမှာ မြေကြီးလက်ခတ်မလွှဲပဲ’

ဒါပေမဲ့လည်း အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ရှိတဲ့ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ရောင်ဝါကို ခံစားမိတာကြောင့် မပြတ်မသား ဖြစ်နေတာပါ။

‘ဒီကိစ္စက မလွယ်ဘူး... ငါ အားသုံးလို့ မရနိုင်ဘူး’

အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ ဝတ်ရုံဖြူဗုဒ္ဓဆီ အသံလွှင့်ပြီး စကားပြောလိုက်ပါတယ်။ မကြာခင်မှာပဲ ဝတ်ရုံဖြူဗုဒ္ဓဟာ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ရှေ့မှာ သတိကြီးစွာနဲ့ ပေါ်လာပါတယ်။

အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း လက်သီးဆုပ်လိုက်ပါတယ် “ဝတ်ရုံဖြူဗုဒ္ဓပါလား၊ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ”

“ခင်ဗျားက...” ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီကြာညောင်းလှတဲ နှစ်တွေမှာ ဝတ်ရုံဖြူဗုဒ္ဓက လူအများကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါကြောင့် ဝတ်ရုံဖြူဗုဒ္ဓအတွက် လူတိုင်းကို မှတ်မိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်က ပြန်ဖြေလိုက်ပါတယ် “ကျုပ်က တဟွမ်အဂ္ဂပြည်ရဲ့ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ပါ၊ ကောင်းကင်အင်မော်တယ် စုရုံးပွဲမှာ ကျုပ်တို့တွေ တစ်ခါ တွေ့ဖူးပါတယ်”

သူတို့နှစ်ယောက် တွေ့ခဲ့တာက အမှန်ပါ။ ဒါပေမဲ့ အကြည့်တစ်ချက်ဆုံခဲ့တဲ့ တွေ့ဆုံမှုမျိုးပါ။

အဲဒီအချိန်တုန်းက ဝတ်ရုံဖြူဗုဒ္ဓဟာ အာရုံစိုက်ခံရသူမို့ အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို မနှုတ်ဆက်ရဲခဲ့ပါဘူး။

“အင်း... မင်း ဒီကို ဘာလာလုပ်တာလဲ” ဝတ်ရုံဖြူဗုဒ္ဓဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ်။ တကယ်တော့ ဝတ်ရုံဖြူဗုဒ္ဓဟာ အင်မော်တယ်ဗိုလ်ချန် ကုန်းချန်ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ အလွယ်တကူ ရန်သူမဖြစ်ချင်တာကြောင့် ဒီလိုမျိုး မေးလိုက်တာပါ။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက မဟာညီညွတ်မှု ရွှေအင်မော်တယ်ပါ။

အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ဟာ သူ့လာရင်း ရည်ရွယ်ကို တန်းပြောပါတယ်. ဝတ်ရုံဖြူဗုဒ္ဓဟာ ချက်ချင်းကြီး မငြင်းပါဘူး။ တကယ်တော့ ဒီကိစ္စက ကောင်းတဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ ထုန်ကျန့်ကမ္ဘာကို နောက်ထပ်နောက်ခံတစ်ခု ထပ်ရစေလို့ပါပဲ။

ကောင်းကင်ရုံးတော်က အင်မော်တယ်ကမ္ဘာကိုပဲ အဓိက အာရုံစိုက်တာပါ။ သေမျိုးကမ္ဘာတွေကို သိပ်ပြီး အလေးမထားပါဘူး။ ဒါကြောင့် ထုန်ကျန့်ကမ္ဘာအနေနဲ့ ကောင်းကင်ရုံးတော်ကို အမြဲတမ်း မှီခိုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ဒီအချိန်မှာပဲ ဝတ်ရုံဖြူဗုဒ္ဓဟာ တစ်စုံတစ်ခုကို တွေးမိပြီး မျက်နှာ လုံးဝပြောင်းသွားပါတယ်။ အဲဒီနောက် အင်မော်တယ်ဗိုလ်ချုပ် ကုန်းချန်ကို အရူးတစ်ယောက်လို ကြည့်ပြီး မေးလိုက်ပါတယ် “မင်း စုချီကိုသိလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters