← Chapters

အပိုင်း (၃၅၉) – အစွယ်ကွေးကျားများ ငြိုငြင်ခြင်း

Vol. 004 Ch. 359

အပိုင်း (၃၅၉) – အစွယ်ကွေးကျားများ ငြိုငြင်ခြင်း

Vol. 004 Ch. 359

ထိုကျားအိုကြီး အလွန်စိတ်လှုပ်ရှားသွားသည်ကို အစွယ်ကွေးကျားဘုရင် မြင်သောအခါ သူ ချက်ချင်း ပင် နှစ်သိမ့်လေသည်။

“သူတို့ဒီနေရာကို အလကားသုံးမှာ မဟုတ်ဘူး၊ သူတို့က အကျိုးအမြတ်တချို့ပေးလိမ့်မယ်”

“မရဘူးပဲ” ထိုကျားအိုကြီးသည် ငြင်းဆန်ဆဲဖြစ်ကာ ပြောလေသည် “လူသားတွေက ကောက်ကျစ်ပြီး နိမ့်ကျတဲ့ သတ္တဝါတွေပဲ ငါတို့ သူတို့နဲ့ ဘာအကြောင်းမှ အပေးအယူလုပ်စရာမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သဘောမတူနိုင်ဘူး”

“ခင်ဗျားတို့အားလုံး ငြင်းဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး” ရှီမာယူယူသည် ပြောပြီးနောက် ဟာစွန်အား တစ်စုံ တစ်ရာ ပြောလိုက်သည်။ သူသည် ချက်ချင်းပင် ရောင်ဝါထုတ်လွှတ်လိုက်ရာ ထိုကျားအိုများသည် မြေပေါ်တွင် လဲကာ အသက်ရှု၍ပင်မရတော့ပေ။

“ဒါ ဘာဖိအားလဲ”

ထိုကျားအိုကြီးများသည် တုန်လှုပ်သွားကြသည်။ သူတို့သည် အသန်မာဆုံးမျိုးဆက်ဖြစ်သော်လည်း တစ်ဖက်လူ၏ ရောင်ဝါလွှတ်လိုက်သည်နှင့် မလှုပ်မရှားနိုင်ဖြစ်ရသည်။

“ဒါက ကောလဟာလတွေ ထွက်နေတဲ့ အထွတ်အထိပ်သားရဲဆိုတာလား” နေရာရှိ အားလုံးသည် အထွတ်အထိပ်သားရဲ၏ ဖိအားကို မခံစားဖူးသဖြင့် သူတို့စိတ်များတွင် ကြောက်စိတ်များ ပြည့်နေကြသည်

ဟာစွန်သည် မြေပေါ်တွင် လဲနေသော အစွယ်ကွေးကျားများအား ကြည့်ပြီး ပြောလိုက်သည် “ငါတို့ ဆွေးနွေးတယ်ဆိုတာက မင်းတို့်ကို မျက်နှာသာပေးလိုက်တာပဲ မင်းတို့ တကယ်ပဲ အဲလိုကိစ္စတွေကို ငါတို့နဲ့ ဆွေးနွေးဖို့ လုပ်ပိုင်ခွင့်မရှိဘူး”

“ငါတို့ ငါတို့…”

“မင်းတို့က အသက်ရှည်ရှည်နေနိုင်တဲ့ အစွယ်ကွေးကျားသာသာပဲလေ..မင်းတို့က အသက်ကြီးတာပဲ ရှိတာ သားရဲဘုရင်တောင်မှ မင်းတို့ကို ဂရုစိုက်ဖို့မလိုဘူးပဲ” ဟာစွန်သည် အေးစက်စွာ ပြောလေသည်။

“မဟုတ်ဘူး ငါတို့…”

“ဘာမဟုတ်တာလဲ” ဟာစွန် ပြောလိုက်သည် “ငါတို့က အစတုန်းက မင်းတို့ရဲ့ ကျင့်ကြံခြင်း နယ်မြေ အကြောင်းကို ဆွေးနွေးချင်ခဲ့တာ ဒါပေမဲ့ မင်းတို့က ငြင်းနေမှတော့ ထပ်ပြီးဆွေးနွေးဖို့ မလိုတော့ဘူး၊ မင်းတို့ရဲ့ နယ်မြေကို ကိုယ့်ဘာသာပဲ ဝင်ပြီး သုံးမယ် တခြားဘာပြောချင်တာရှိသေးလဲ”

“မ..မရဘူး”

တခြားကျားအိုကြီားများသည် ဆက်မငြင်းတော့သော်လည်း အစပိုင်းတွင် ငြင်းဆန်ထားသော ကျားအို ကြီးသည် ဆက်ငြင်းဆန်နေသည်။

“မရဘူးလား” ဟာစွန်၏ အသံကျယ်လာသည်။ သူ ပြောသည်နှင့် ရောင်ဝါထုတ်လွှတ်ကာ သူတို့အား ဖိအားပေးရာ သူ့အင်္ကျိလက်များပင် လွင့်နေခဲ့သည်။ ထိုကျားအိုကြီးများသည် ပျံသွားကာ မြေပေါ်သို့ ပြင်းထန် စွာ ကျလေသည်။

“အာ..” ဘယ်သောအခါမှ အစွယ်ကွေးကျားများကို ထိုကဲ့သို့ မဆက်ဆံဘူးပေ။ သူတို့ ဒေါသများ ငယ် ထိပ်ထိရောက်ကာ ဟာစွန်ဆီသို့ တွားသွားကာ တိုက်ခိုက်လေသည်။

“အာ…”

သူတို့ ဟာစွန်အနီးသို့မရောက်ခင်ပင် လေပေါ်မြောက်သွားကာ ပတ်ဝန်းကျင်သည် ကျုံ့သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့ ခန္ဓာကိုယ်များသည် ဖိအားအောက်တွင် ကျုံ့သွားကာ သူတို့ အရိုးများ ကျိုးသွားသည် ကို ဘေးမှပင်ကြားနေရသည်။

“ဘုန်း”

သူတို့ နောက်ဆုံး ထွက်သက်ရောက်မည့် အချိန်မှပင် ဟာစွန် သူတို့ကို လွှတ်ပေးလိုက်လေသည်။ ထို့နောက်တွင် သူ ကျားအိုကြီးများဘက်လှည့်ကာ ပြောလိုက်သည် “တခြား ဘာပြောချင်တာရှိသေးလဲ”

“မရှိပါဘူး” ထိုတစ်ကြိမ်တွင် ဘယ်သူမှ မငြင်းရဲကြတော့ပေ။ သူသည် ဘာမှမလုပ်ခဲ့သလို ထိုနေရာတွင် ရပ်နေခဲ့သော်လည်း သူသည် ထိုကျားအိုကြီးများကို မထိခိုက်သည့်နေရာ မရှိလောက်အောင် ရိုက်နှက်ခဲ့သည်။ သူတို့အားလုံးကို သတ်ပစ်ရန်လည်း သူ့အတွက် မခက်ခဲပေ။ ဘယ်သူက ငြင်းရဲတော့မှာလဲ။

အစွယ်ကွေးကျားဘုရင်သည် ကျားအိုကြီးများကို မကြင်နာစွာ ကြည့်လိုက်သည်။ အစပိုင်းတွင် ကိစ္စများ ကိုဆွေးနွေးရန် သူတို့ကို ဒီခေါ်လာခြင်းဖြစ်သော်လည်း ဒီအခြေအနေထိ ဖြစ်သွားရသည်။ တစ်ဖက်မှာ တခြား ညှိနှိုင်းမည့် အကြောင်းများကို ထပ်မပြောတော့ပေ။ အမှန်တကယ်ပင် သူ ဒေါသထွက်လို့ သေတော့မည်။

“ဒါက.. ဒါက..ငါတို့ကို ဒီကနေထွက်အောင် လုပ်ပေးမယ်လို့ ပြောတာ အကျုံးဝင်သေးလား” အစွယ်ကွေးကျား ဘုရင်သည် စိုးရိမ်စွာ မေးလိုက်သည်။

“ဘာကိုလဲ”

“ဒီကနေထွက်သွားရမယ်”

“ဒီနေရာကနေ ထွက်သွားမယ် ဟုတ်လား တကယ်လား”

ကျားအိုကြီးများသည် အစွယ်ကွေးကျားဘုရင် ပြောသည်ကို ကြားပြီးနောက် အံ့သြလွန်းသဖြင့် အော် လိုက်ကြသည်

“ဟုတ်တယ် အစတုန်းကတော့ ခင်ဗျားတို့ နယ်မြေကို သုံးတဲ့အတွက် ခင်ဗျားတို့အားလုံးကို ဒီနေရာကနေ ခေါ် သွားမလို့ပဲ ခင်ဗျားတို့ မလိုချင်ဘူးဆိုတော့ နှမြောစရာပဲ…အဲလိုဆိုတော့ အတင်းလုယူဖို့ပဲ ရှိတော့တာလေ” ရှီမာယူယူသည် ပခုံးတွန့်ကာ ပြောလေသည်။

“အဲဒါက… ငါတို့… မဟုတ်ဘူး” ကျားအိုကြီးများသည် နာကျင်သွားရသည်။ သူတို့သည် စကားတချိုု့ ပြောလိုက်ခြင်းကြောင့် ဘယ်လိုအခွင့်အရေး လွတ်သွားလဲဆိုတာ ဘယ်လိုသိမှာလဲ။

ရှီမာယူယူသည် သူတို့၏ နောင်တရနေသော အမူအရာအား ကျေနပ်စွာ ကြည့်ကာ ချောင်းဟန့်ပြီး ဆက်ပြောလေသည် “ဒီနေရာကနေ ထွက်သွားချင်ကြလား”

“ဒီနေရာကနေ ခေါ်သွားမှာလား” ကျားအိုတစ်ကောင်က ပြောလိုက်သည်

“ဒီနေရာကနေ ကျွန်တော် ခေါ်သွားပေးနိုင်တယ် ဒါပေမဲ့ တန်ရာတန်ကြေးတော့ပေးရမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနေရာကနေ ထွက်သွားချင်ရင် ခင်ဗျားတို့ ကျွန်တော့်ကို အလျော်အစား ပြန် ပေးရမယ်”

“ခုနက မင်း ပြောတော့ ငါတို့ ကျင့်ကြံတဲ့နယ်မြေကို သုံးမယ်ဆို” ကျားအိုသည် နူးညံ့စွာ ပြောလေသည်။

“အဲဒါ အရင်က ကမ်းလှမ်းမှုလေ ဒါပေမဲ့ အခုပြောင်းသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။

“မင်း ဘယ်လို အလျော်အစားလိုချင်တာလဲ ငါတို့မှာ လူသားတွေ ကြိုက်လောက်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ အများကြီးပဲ” အစွယ်ကွေးကျားဘုရင် ပြောလိုက်သည်။

“မဟုတ်ဘူး မဟုတ်ဘူး” ရှီမာယူယူ လက်ချောင်း လှုပ်ရမ်းကာ ပြောလိုက်သည် “ခင်ဗျားတို့ ထွက်သွား ချင်ရင် ခင်ဗျားတို့ လွတ်လပ်ဖို့ အချိန်တစ်ခုကို ကျွန်တော့်ကို ပေးရမယ်”

“အချိန်တစ်ခုပေးရမယ် အဲဒါ ဘာပြောတာလဲ” ကျားအိုတစ်ကောင်ပြောလိုက်သည်။

“ရှင်းပါတယ်…”

တစ်နာရီခွဲအကြာတွင် ရှီမာယူယူ၊ အစွယ်ကွေးကျားဘုရင် မီးတောက်ဘုရင်တို့သည် အများ ဆန္ဒကို ရကြလေသည်။ သူတို့၏ နှစ် ၁၀၀ကို ရှီမာယူယူအား ပေးရန် သဘောတူလိုက်ကြသည်။

ရှီမာယူယူနှင့် တခြားသူများ သူတို့ကျင့်ကြံခြင်းနယ်မြေကို အသုံးပြုခြင်းမှာတော့ သူတို့ ညှိနှိုင်းမှုတွင် မပါ ဝင်ပေ။

အစွယ်ကွေးကျားဘုရင်သည် အနည်းငယ်စိတ်မကောင်းဖြစ်သော်လည်း ရှီမာယူယူအတွက် အကောင်း ဆုံး ပြင်ဆင်ပေးလေသည်။ ထိုသို့စိတ်မကောင်းရဖြစ်ခြင်းမှာ သူတို့ မနှစ်သက်ခြင်းကြောင့် ဒီနေရာမှ ထွက်သွား ရန် သဘောတူညီချက်ကို ဖျက်လိုက်ရခြင်းကြောင့်ပင်။

အထူးသဖြင့် ထိုကျားအိုကြီးများကြောင့်ပင်။ သူတို့သည် အံ့ဖွယ်အဆင့်ကို ဖြတ်ကျော်ရန် နည်းလမ်း မရှိ ကာ ထိုကဲ့သို့ပင် အသက်သေဆုံးသွားရမည်။ သူတို့သည် အဆင့်မတက်နိုင်ပဲ သေဆုံးရမည်

ထိုနေရာမှ ထွက်သွားနိုင်ပါက ချုပ်နှောင်ခြင်းအောက်တွင်နေရတော့မည် မဟုတ်ပေ။ သူတို့ အထွတ်အထိပ် သားရဲအဆင့်ရောက်ပါက အနည်းဆုံး အသက် တစ်ထောင်နေထိုင်သွားရမည်။ သူတို့ အဆင့်တက် နိုင်ပါက ထိုအပေါ်မှ စွမ်းအားများ ပိုရမည့်အပြင် အထွတ်အထိပ်သားရဲအနေနှင့် အသက်ရှည်သွား မည်။

ရလဒ်အနေနှင့် ရှီမာယူယူသည် သူတို့အား ကြည်ညိုမည်။ သူတို့အား ကာကွယ်ရန် အစွယ်ကွေးကျား များကိုပင် လွှတ်ပေးလေသည်။

ထို့နောက်တွင် မီးတောက်ဘုရင်သည် ရှီမာယူယူနှင့် တခြားသူများကို ကျင့်ကြံခြင်း မြေပြင်သို့  ခေါ်သွား လေသည်။

ထင်ထားသည့်အတိုင်းပင် နှင်းဝံပုလွေများ၏ နေရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အစွယ်ကွေးကျား များ၏ ကျင့်ကြံခြင်းနယ်မြေတွင်လည်း ရေကန်ငယ်တစ်ခုရှိသည်။ မတူညီသောအရာမှာ ထိုကန်မှ ရေသည် အနီရောင်ဖြစ်သည်

“ဒီရေက တကယ်ထူးဆန်းတယ်” ဖက်တီးကျူသည် ရေအား ကြည့်ပြီး အနီရောင်ရေကို ထိကြည့်လေ သည်။

“ဒါရေမဟုတ်ဘူး မီးတောက်ရွှီကြောင့် ဖြစ်လာတာ၊ ရေနဲ့တူနေတာပဲရှိတယ်” ရှီမာယူယူ ပြောလိုက် သည်။

“ဟုတ်တယ်” မီးတောက် ဘုရင် ပြောလိုက်သည် “မင်းတို့အားလုံး ဒီမှာ ကျင့်ကြံလို့ရတယ်၊ နေရာကို ကာကွယ်ပေးဖို့ အစွယ်ကွေးကျားတွေကို စောင့်ခိုင်းထားပေးမယ်၊ ငါတို့် မင်းတို့ကို မနှောင့်ယှက်ပါဘူး”

“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိတ်ကာ “ကျွန်တော်တို့ ဒီနေရာကထွက်တာနဲ့ ခင်ဗျားတို့ကိုပါ ခေါ်သွား ပေးမယ်”

မီးတောက်ဘုရင်သည် ပြန်ဆုတ်သွားကာ အပြင်တွင် သူ့အား ကျားအိုကြီးများ စောင့်နေကြလေသည်။ သူ ထွက်လာသည်ကို မြင်သောအခါ သူ့အား ဝိုင်းလာကြလေသည်။

“ဘုရင် သခင်လေးက ဘာပြောလဲ”

“စိတ်အေးအေးထားပါ သူက လေ့ကျင့်ရေးမြေပြင်ကို မြင်တာနဲ့ ကျေနပ်နေတယ်၊ ကျွန်တော်တို့် သူတို့ကို မနှောင့်ယှက်ရင် ဒီကနေခေါ်သွားပေးမယ်တဲ့” မီးတောက် ဘုရင်သည် ပြောပြီးသည်နှင့် ထွက်သွား လေသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးသောအခါ သူရပ်ပြီး အရှေ့တွင်ရှိသောသူများကို ကြည့်ကာ ပြော လိုက်သည် “ခင်ဗျားတို့က ကျွန်တော့်ထက် စီနီယာကျလို့ လေးစားတာပါ ဒါပေမယ့် မမေ့ပါနဲ့ ကျွန်တော်က ဘုရင်ပါ”

ပြောပြီးနောက်တွင် သူနောက်ပြန်လှည့်မကြည့်ပဲ ထွက်သွားလေသည်။

ကျားအိုကြီးများသည် အကြည့်ချင်းဖလှယ်ကာ အချင်းချင်း မျက်လုံးများတွင် ဒေါသများ ပြည့်နေသည် ကို မြင်လိုက်ရသည်။ ဒီအခြေအနေသည် သူ့အား အမှန်တကယ်ပင် ဒေါသထွက်အောင် လုပ်လိုက်မိပြီ။

All Chapters