ပန်ရှင်း၊ နတ်အရိပ်သိုင်း
Vol. 21 Ch. 258
အခန်း (၂၅၈) ပန်ရှင်း၊ နတ်အရိပ်သိုင်း
‘ဓားတာအိုမြစ်မှာ နောက်တစ်ယောက် ပြဿနာ လာရှာပြန်ပြီလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဓားတာအိုမြစ်ကို စောင့်ကြပ်ရတာက တော်တ်ေလေး မလွယ်တဲ့အလုပ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဓားတာအိုမြစ်ထဲ ခုန်ဝင်ပြီး လျူပေ့ရှေ့ကို ရောက်သွားပါတယ်။ လျူပေ့ဟာ ဟန်ကျွယ်ကို မြင်လိုက်ရတော့မှာပဲ သက်ပြင်းချနိုင်ပါတော့တယ်။ အဲဒီနောက် လျူပေ့ဟာ အရပ်မျက်နှာတစ်မျက်နှာကို ချက်ချင်း လက်ညိုးထိုးပြပါတယ်။
ဟန်ကျွယ်ဟာ လျူပေ့ လက်ညိုးညွန်ရာကို ကြည့်လိုက်တဲ့အခါမှာတော့ နုံချာစုတ်ပြတ်နေတဲ့ ကျောပြင်နဲ့ လက်တစမ်းစမ်းဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ဒီလူက ပိန်းပါးတဲ့နေရာမှာ မီးခြစ်ဆံ အရှုံးပေးရတဲ့ ခန္ဓာကိုယ် အချိုးအစားပါ။
ဟန်ကျွယ်က ချက်ချင်းပဲ မေးမြန်းလိုက်ပါတယ် “ခင်ဗျား ဘာလုပ်နေတာလဲ”
ဒါပေမဲ့ ပိန်းပါးလှတဲ့ရုပ်သွင်ဟာ ဟန်ကျွယ်ကို လှည့်လည်းမကြည့်သလို အဖြေလည်း ပြန်မပေးပါဘူး။
ဟန်ကျွယ်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “ခင်ဗျား ဘာမှမပြောဘူးဆိုရင် ကောင်းကင်ဧကရာဇ်ကို အကူအညီတောင်းရမှာပဲ”
ဒီနေရာက ထုန်ကျန့်ကမ္ဘာမဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ ကျင့်ကြံမှုကို မသိရှိနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ရဲ့အကြီးမားဆုံး ဝှက်ဖဲကိ ထုတ်သုံးလိုက်တာပါ။
ဒါပေမဲ့ တစ်ဖက်လူက ဟန်ကျွယ်စကားကို ဂရုမစိုက်ပါဘူး။
‘ဘဝမြင့်လှချည်လား’
ဟန်ကျွယ်ဟာ စိတ်မချမ်းမသာ ဖြစ်သွားပြီး ဓားတာအိုမြစ်ရဲ့ စွမ်းအားကို အသုံးပြုကာ တစ်ဖက်လူကို ဓားတာအိုမြစ်ထဲကနေ နှင်ထုတ်လိုက်ပါတယ်။
“ဝုန်း...”
ဓားတာအိုမြစ်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီး ရှေ့ဆက်သွားနေတဲ့ ဓားကျင့်ကြံသူတွေ အကုန်လုံး ပျောက်ကွယ်သွားပါတယ်။
အဲဒီတော့မှာ ပိန်ပါးလှတဲ့ရုပ်သွင်ဟာ ခေါင်းလှည့်ကြည့်ပြီး မေးလိုက်ပါတယ် “ကောင်လေး... မင်းက ကြမ်းလှချည်လား၊ ငါက ဒီနေရာကို လာပုန်းတာကွ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားစကားကို နားထောင်ရတာ ခင်ဗျားက ကျုပ်တို့ဆီ ပြဿနာတွေ သယ်လာနိုင်တဲ့ပုံပဲ”
“မင်းက တကယ်ပဲ... ဟုတ်တယ်၊ အဲဒီလို ပြောလို့ရတယ်”
“ဒါဆိုရင်တော့... ကျေးဇူးပြုပြီး ထွက်သွားပေးဖို့ ပြောပါရစေ”
“မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်က ဒီလောက်တောင် မာနကြီးရလား”
“ခင်ဗျား လွန်လာပြီနော်”
“မင်း ငါ ဘယ်သူလဲဆိုတာ သိလား”
“ဘာလဲ... ခင်ဗျားက ကောင်းကင်ခမည်းတော်မို့လို့လား”
“ကောင်းကင်ခမည်းတော်က ဘာကိုပြောတာလဲ”
“ကောင်းကင်ဧကရာဇ်ရဲ့ ခမည်းတော်ကို ခေါ်တာ”
“အို... အဲဒါဆိုရင်တော့ ငါက သူ့ထက် စွမ်းအားပိုကြီးတယ်”
ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ် ‘ဒီလူ အမှန်ပြောနေတာလား... သူပြောတာသာ အမှန်ဆိုရင် သူက စွမ်းအားကြီးပုဂ္ဂိုလ်ပဲ’ ဟန်ကျွယ်ဟာ တစ်ဖက်လူကို နတ်အာရုံနဲ့ စစ်ဆေးကြည့်ပေမဲ့ လောကကြီးမှာ တကယ်မရှိသလို ဘာမှမခံစားရပါဘူး။
ဒါကြောင့် ဟန်ကျွယ်ဟာ ရင်ပိုထိတ်သွားပါတယ် ‘နည်းလမ်းမရှိရင်တော့ ထွက်ပြေးရမှာပဲ၊ ဒီဓားတာအိုမြစ်က အစ်ကိုတော်ရဲ့ အမွေအနှစ်ဆိုပေမဲ့ အသက်စွန့်ပြီး စောင့်ကြပ်စရာတော့ မလိုဘူး’ ဒီလိုတွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ နောက်ဆုတ်ဖို့ ပြင်လိုက်ပါတယ်။
“ကောင်းပြီလေ... ခင်ဗျားက ဒီလောက်ထိ အထင်ကြီးဖို့ ကောင်းမှတော့ နေချင်သလိုနေတော့”
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပြီး လျူပေ့ဘက်လှည့်ကာ ပြောလိုက်ပါတယ် “သွားကြမယ်”
လျူပေ့ဟာ ဟန်ကျွယ်စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘ငါတို့တွေ ဒီအတိုင်း ထွက်သွားမှာလား... ဒါလည်း ကောင်းတာပဲ၊ တစ်ချိန်လုံး စိုးရိမ်နေစရာ မလိုတော့ဘူး’
“နေပါအုန်း”
ပိန်းပါးလှတဲ့ရုပ်သွင်ဟာ ဟန်ကျွယ်ကို ချက်ချင်းတားလိုက်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းက ဘာလို့ ဒီလောက်တောင် အရိုးမရှိရတာလဲ”
“ခင်ဗျားက ဒီလောက်စွမ်းအားကြီးမှတော့ ကျုပ်က ဘယ်လိုလုပ်ပြီး နိုင်တော့မှာလဲ”
“မနိုင်ဘူးဆိုပေမဲ့ စမ်းတော့ကြည့်သင့်တယ်မလား”
“မစမ်းချင်ပါဘူး၊ အရမ်းအန္တရာယ်များတယ်”
“ကောင်စုတ်လေ...”
ပိန်ပါးလှတဲ့ရုပ်သွင်ဟာ ဆွံအသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့သက်တမ်းတစ်လျှောက် ဒီလောက်ထိ ထူးဆန်းတဲ့လူကို တစ်ခါမှ မတွေ့ဖူးလို့ပါပဲ။ ပိန်ပါးလှတဲ့ရုပ်သွင်ဟာ ဟန်ကျွယ်လို သူရဲဘောကြောင်တဲ့သူတွေကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့တွေက ဟန်ကျွယ်လိုမျိုး ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိကြပါဘူး။
‘ဒီကောင်လေးက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ’
[ပန်ရှင်းသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု:ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ပေါ်လာတဲ့ စာကြောင်းကြောင့် ပန်ရှင်းရဲ့ အချက်အလက်ကို လူမှုဆက်ဆံရေးကနေ ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ပန်ရှင်း:ကျင့်ကြံမှုမသိ။ စကြာဝဠာ ဖြစ်တည်လာပြီးနောက် ပထမဦးဆုံး မွေးဖွားလာသည့် သက်ရှိများထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။ ပန်ရှင်းသည် အနန္တကပ်ဘေးများစွာအား ကြုံတွေ့ခဲ့ဖူးပြီး အနန္တကပ်ဘေးသခင်အား ကြောက်ရွံ့သောကြောင့် ဓားတာအိုမြစ်ထဲ လာရောက် ပုန်းအောင်းခြင်း ဖြစ်သည်။ သင့်စရိုက်ကြောင့် ပန်ရှင်းသည် သင့်အား စိတ်ဝင်စားသွား၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
‘စကြာဝဠာ ဖြစ်တည်လာပြီးနောက်ပိုင်း မွေးဖွားလာထဲ သက်ရှိတွေထဲက တစ်ဦးလား’
‘ကောင်းကင်ဧကရာဇ်တောင် ဒီလိုနောက်ခံမရှိဘူး... နောက်ပြီး ဒီထက်ပိုပြီးအရေးကြီးတာက သူ့မျိုးရိုးနာမည်ပဲ၊ သူက ပန်ကူးရဲ့ မျိုးဆက်များလား’
ဟန်ကျွယ်ဟာ စိတ်ကူးယဉ်ဆန်ဆန် တွေးမိပြီး ပိုရင်ထိတ်သွားပါတယ်။ အခုအချိန်မှာ စနစ်ရဲ့ ကျင့်ကြံမှုမသိဆိုတာက အင်မော်တယ်ဧကရာဇ်ထက် စွမ်းအားကြီးကြောင်း ပြနေတာပါ။
“လူကြီးမင်း... လူကြီးမင်း ဒီဓားတာအိုမြစ်ကို လိုချင်ရင် ကျွန်တော် ပေးမယ်လေ၊ ကျွန်တော် လူကြီးမင်း အကြောင်းကို ဘယ်သူမှ လိုက်မပြောပါဘူး၊ ဒါဆို ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ လျူပေ့ကို ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ထွက်ပြေးဖို့ ပြင်လိုက်ပါတယ်။
“နေအုန်းဟ... ငါ မင်းရဲ့ ဓားတာအိုမြစ်ကို မလိုချင်ဘူး၊ ငါ ဒီဓားတာအိုမြစ်ရဲ့ ကြီးမားတဲ့ကံတရားဝန်ကို မထမ်းချင်ဘူး” ပန်ရှင်းဟာ ချက်ချင်းအော်ပြောလိုက်ပါတယ်။ ဒီအချိန်မှာပဲ လျှိုဝှက်ဆန်းကြယ်စွမ်းအားတစ်မျိုးက ဓားတာအိုမြစ်ကို တစ်ခါတည်း ချိပ်ပိတ်လိုက်ပြီး ဟန်ကျွယ် ခုန်ထွက်လို့မရအောင် တားဆီးလိုက်ပါတယ်။
‘သွားပြီ... ငါ ဒီနေရာမှာ သေရတော့မှာလား’ ဟန်ကျွယ်ဟာ ရင်တုန်သွားပါတယ်။
“ကောင်လေး... မကြောက်ပါနဲ့၊ ငါက အကြီးဆိုတော့ မင်းလို အငယ်တွေကို ခက်ခဲအောင် မလုပ်ပါဘူး၊ ဒီဓားတာအိုမြစ်က မင်းဟာပဲ၊ ငါ့ဟာ မဟုတ်ဘူး၊ ငါက ဒီနေရာမှာ အချိန်တစ်ခုပဲ နေချင်တာ၊ မင်း ဒုက္ခရောက်အောင် ငါ မလုပ်ပါဘူး၊ နောက်ပြီးတော့ မင်းကိုလည်း ဆန်းကြယ်စွမ်းအားတစ်ပါး သင်ပေးမယ်လေ”
ပန်ရှင်းဟာ နှာခေါင်းရှုံ့လိုက်ပြီး အင်မော်တယ်ကမ္ဘာရဲ့ မျိုးဆက်သစ်တွေက တစ်ဆက်ပြီးတစ်ဆက် ပိုပိုဆိုးလာတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချရုံပဲ တက်နိုင်ပါတော့တယ် “ကောင်းပြီလေ”
ပန်ရှင်းဟာ ဟန်ကျွယ်ရှေ့မှာ လျှပ်တပြက်ပေါ်လာပြီး ညာလက်ကိုမြှောက်ကာ လက်သုံးချောင်း ထောင်လိုက်ပါတယ် “မင်းမှာ ရွေးချယ်စရာ သုံးခုရှိတယ်၊ ပထမ ဆန်းကြယ်စွမ်းအားက ရန်သူတွေကို ရုတ်ခြည်း သတ်နိုင်တယ်၊ ဒုတိယ ဆန်းကြယ်စွမ်းအားက ရန်သူတွေ ဘယ်လောက်သတ်သတ် ကံဆိုးမှာ မဟုတ်ဘူး၊ ဒါကြောင့် အနန္တကပ်ဘေးကို အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မယ်၊ တတိယ ဆန်းကြယ်စွမ်းအားကတော့ စွမ်းအားကြီးရန်သူတွေရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ပြီး အနန္တကမ္ဘာကို တိုက်ရိုက် ခရီးနှင်နိုင်တယ်”
ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဖြေလိုက်ပါတယ် “ကျွန်တော် တတိယဆန်းကြယ်စွမ်းအားကို ရွေးတယ်”ဖန်ရှင်းဟာ မြန်ဆန်လွန်းတဲ့ ဟန်ကျွယ်အဖြေကြောင့် မှင်သက်သွားပြီး ပြောလိုက်ပါတယ် “ပထမ ဆန်းကြယ်စွမ်းအားက အစွမ်းဆုံးပဲ၊ မင်း မသင်ချင်ဘူးလား၊ ဒုတိယ ဆန်းကြယ်စွမ်းအားကလည်း အရမ်းအသုံးဝင်တယ်၊ ဘာဖြစ်လို့ သူတို့ကို မသင်ချင်ရတာလဲ”
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ဖြေလိုက်ပါတယ် “အဲဒါတွေ မလိုဘူး၊ နောက်တစ်ခါကျလို့ ကျွန်တော်တို့တွေ ထပ်တွေ့ရင် ထွက်ပြေးလို့ရအောင် တတိယဆန်းကြယ်စွမ်းအားကို ရွေးလိုက်တာ”
‘ဒီကောင်လေး...’ ပန်ရှင်းဟာ ပါးစပ်ပိတ်သွားပါတယ်။
[ပန်ရှင်းသည် သင့်အပေါ်တွင် မျက်နှာသာပေးမှု တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ သူ့ရှေ့က အသိပေးချက်ကိုကြည့်ပြီး မျက်ခုံးပင့်တက်သွားပါတယ်။
‘ဒီလူကလည်း ငါ့လို လူစားမျိုးပဲလား... ဖြစ်နိုင်တယ်... ဒီလူက သူရဲဘောကြောင်တဲ့လူ မဟုတ်ဘူးဆိုရင် ပုန်းဖို့နေရာတစ်ခုအတွက် ငါ့လို အငယ်တစ်ယောက်နဲ့ စကားလုပြောနေမှာ မဟုတ်ဘူး’
ပန်ရှင်းဟာ လက်မြှောက်ပြီး ဟန်ကျွယ်ရဲ့ နဖူးကို ထိလိုက်ပါတယ်။ ဟန်ကျွယ် ဘာမှ မတုံ့ပြန်လိုက်နိုင်ခင်မှာဘဲ ဟန်ကျွယ်သိစိတ်ထဲကို မှတ်ဉာဏ်အများကြီး ဝင်ရောက်လာပါတယ်။
ဆန်းကြယ်စွမ်းအား- နတ်အရိပ်သိုင်း။
အချိန်တစ်ခုကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နိုးထလာပါတယ်။ လျူပေ့ကတော့ ဟန်ကျွယ် ဘေးနားမှာရှိနေပြီး ပန်ရှင်းကတော့ စောစောကနေရာကို ပြန်သွားကာ သူလုပ်စရာရှိတာကို ဆက်လုပ်နေပါတယ်။
ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ပြန်စီပြီးတဲ့အခါမှာတော့ ကျေနပ်အားရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆန်းကြယ်စွမ်းအားက သူလိုနေတဲ့ ဆန်းကြယ်စွမ်းအားမို့လို့ပါပဲ။
ဒီဆန်းကြယ်စွမ်းအားက တိုက်ပွဲအတွင်းမှာ အသုံးပြုသူရဲ့ အလျင်နဲ့ တုံ့ပြန်နိုင်စွမ်းကို တိုးတက်စေရုံသာမက နတ်အရိပ်တွေ ခွဲထုတ်ပြီး ပြိုင်ဘက်ရန်သူကို စိတ်ရှုပ်အောင် လုပ်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ အနန္တကမ္ဘာကို တိုက်ရိုက်ခရီးနှင်နိုင်တာကြောင့် တော်တော်လေး စွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းအားပါ။ ဟန်ကျွယ်ဟာ လျူပေ့ကို ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ကိုယ်ရွှေ့ပညာရပ်မှာ ထိပ်တန်းစွမ်းရည်ရှိတာကြောင့် နတ်အရိပ်သိုင်းကို တတ်မြောက်ဖို့ မခက်ခဲပါဘူး။ ဒါပေမဲ့ ပန်ရှင်းက သူ့အရည်အချင်းကို သဘောကျပြီး တပည့်အဖြစ် လက်ခံမှာစိုးတဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူကို အမြန်ပြန်တာပါ။
ပန်ရှင်းက စွမ်းအားကြီးတယ်ဆိုပေမဲ့ သူ့ထက် စွမ်းအားကြီးမားတဲ့ ရန်သူ ရှိနေပါတယ်။ အနန္တကပ်ဘေးသခင် ဆိုကတည်းက ကောင်းကင်ဧကရာဇ်ထက် စွမ်းအားပိုကြီးမှာ ကျိန်းသေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ နည်းနည်းလေးတောင် မစွန့်စားရဲပါဘူး။
ဟန်ကျွယ်ဟာ အိပ်ရာထက်မှာ တင်ပလ္လင်ခွေထိုင်ပြီး နတ်အရိပ်သိုင်းကို စတင်သုံးသပ်ပါတယ်။
ဒီလိုနဲ့ ခုနစ်ရက်ရှစ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းကို အောင်မြင်စွာ တက်မြောက်သွားပါတယ်။
ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းကို ထုတ်သုံးလိုက်တဲ့အခါမှာတော့ သူ့ခန္ဓာကိုယ်ထဲကနေ ရုပ်သွင်နှစ်ခု ကွဲထွက်သွားပါတယ်။ ဒီရုပ်သွင်နှစ်ခုဟာ ဟန်ကျွယ်နဲ့ တစ်ပုံစံတည်းဖြစ်ပြီး ခရမ်းရောင် အလင်းရောင် တောက်နေပါတယ်။
ဟန်ကျွယ်ဟာ သူတို့ရဲ့ရောင်ဝါကို ခံစားကြည့်တဲ့အခါမှာတော့ သူနဲ့ရောင်ဝါ တစ်ခုတည်း ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
‘ဒီနတ်အရိပ်သိုင်းက တိုက်ပွဲမှာ ငါ့ကို ကူညီနိုင်သေးတာလား’
ဟန်ကျွယ်ဟာ နတ်အရိပ်နှစ်ခုကို ပြန်သိမ်းလိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်ကို တစ်ခါတည်း စိန်ခေါ်လိုက်ပါတယ်။ အသက်ရှူကြိမ် နှစ်ကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံး ပြန်ဖွင့်လိုက်ပါတယ်။
‘သေစမ်း... သူက တော်တော်စွမ်းတာပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို တစ်စက္ကန့်ကျော် ခုခံနိုင်တာက ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ နတ်အရိပ်ကို အရင်ဆုံး သတ်ပြီးမှ ဟန်ကျွယ်ကို သတ်လို့ပါပဲ။ ဟန်ကျွယ် ဘယ်လောက်ကြိုးစားကြိုးစား ကောင်းကင်ဧကရာဇ်လက်နေ မလွတ်မြောက်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ သူ့ပြိုင်ဘက်ကို ကျန်းယီ ပြောင်းလိုက်ရပါတယ်။ ဒီတော့မှာပဲ ဟန်ကျွယ်ဟာ စိတ်ချမ်းသာသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းယီ ဘယ်လောက်ကြိုးစားကြိုးစား ဟန်ကျွယ် အဓိကခန္ဓာကိုယ်ရဲ့ အင်္ကျီစကိုတောင် မထိနိုင်လို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။