အပိုင်း (၃၆၀) – ကျောက်တုံး နံရံနောက်ကွယ်မှ လျှို့ဝှက်ချက်
Vol. 004 Ch. 360
ရှီမာယူယူသည် မီးတောက်ဘုရင်ထွက်သွားသည်အထိ စောင့်ပြီး ဘေဂုံထန်နှင့် တခြားသူများကို ပြော လိုက်သည် “မင်းတို့အားလုံး ကျင့်ကြံဖို့ ကန်ကို သွားလိုက်တော့”
“ကန်ထဲကို ဟုတ်လား” ဖက်တီးကျူ အံ့သြသွားလေသည် “ငါတို့ ဘေးမှာပဲ နေလို့မရဘူးလား”
“ဘာလို့လဲတော့ မသိဘူး၊ ဒါပေမဲ့ ကန်က ပူဖောင်းတွေ ကြည့်ရတာ အထဲသွားပြီး ကျင့်ကြံရင် မြန်မယ် ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းကရော” ဝေကျိရွှီ၏ ထက်မြတ်သော အာရုံခံမှုသည် ရှီမာယူယူ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ခံစားမိကာ ပြောလိုက်သည်။
“ငါ ဟာစွန်နဲ့ သွားစစ်စရာရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “ဟာစွန် သူတို့ကို အတားအဆီး လုပ် ပေးလိုက်ပါ၊ တခြားသူတွေ ဝင်လို့မရအောင်လို့”
“ကောင်းပြီ”
ဟာစွန်ခေါင်းညိတ်ကာ ကျင့်ကြံခြင်းကန်တစ်ခုလုံးကို အတားအဆီးလုပ်ထား လိုက်သည်။
“ယူယူ မင်းဘာလုပ်မလို့လဲ” ဖက်တီးကျူသည် မေးလိုက်သည်။
“ဒီနေရာရော နှင်းဝံပုလွေရဲ့ ကျင့်ကြံခြင်းနယ်မြေကရော ထူးဆန်းနေတယ်၊ ဘာတွေဖြစ်လို့လဲ ဆိုတာ သွား စုံစမ်းမလို့” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့အားလုံး ဒီမှာနေပြီး သေချာ ကျင့်ကြံပါ၊ ငါ သိပ်မကြာပါ ဘူး”
“ဒါဆို ဂရုစိုက်ပါ” ဘေဂုံထန် ပြောလိုက်သည်။
“စိတ်ချပါ အန္တရာယ်ရှိတာနဲ့ ငါချက်ချင်းပြန်လာမှာ” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ဟာစွန်နှင့်အတူ အနက်ဆုံး နေရာရှိ ကျောက်တုံးနံရံရှေ့သွားလိုက်သည်။ သူမ လက် ဆန့်ထုတ်ပြီး ထိလိုက်ရာ နှင်းဝံပုလွေ မျိုးနွယ်မှာ ရှိသည့်အရာနှင့် တူညီသည်ကို သိလိုက်ရသည်။
သူတို့ဝင်လာချိန်တွင် ထိုနေရာသည်လည်း တစ်ဖက်နှင့် တူညီသည်ကို သိလိုက်ရသည်။ သူတို့သည် အတားအဆီးကဲ့သို့ ဖြစ်မည်ထင်သည်။ သူတို့ ကံကောင်းသည်လား မပြောနိုင်ပေ။
ရှီမာယူယူသည် ဟိန်းသံလေးအား ခေါ်ထုတ်ကာ သူမနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက်တွင် သူမ သည် ဟာစွန်အား ဝိညာဉ်စေတီအတွင်းထည့်ကာ အတားအဆီအား ဖြတ်လျှောက်လာခဲ့သည်။
ဘေဂုံထန်နှင့် တခြားသူများသည် သူမ ဂူထဲမှ ပျောက်သွားသည်ကို ကြည့်ပြီးနောက် ကန်နေရာ အား ရွေးကာ ဝင်သွားကြလေသည်။
“ထူလိုက်တဲ့ ဝိညာဉ်ချီ” ဖက်တီးကျူ မှတ်ချက်ပေးလိုက်သည်။
“ငါ့ ခန္ဓာကိုယ်တစ်ခုလုံး မီးတွေ စီးဆင်းသွားတာ ခံစားရတယ်” ရှီမာယူလီသည် အလွန်စိတ်လှုပ်ရှားကာ ရေကို လက်အုပ်ကာ ခပ်လိုက်သည်။
“မြန်မြန် ကျင့်ကြံရအောင်၊ ငါတို့ တစ်နှစ်လောက် ကျင့်ကြံရင် အဆင့်တက်လာမှာပဲ” ဝူရန်ဖေ ပြော လိုက်သည်။
“ဟီးဟီ ငါတို့ သူတော်စင်ဝိညာဉ်ဖြစ်လာနိုင်တာပဲ” ဖက်တီးကျူ ပြောလိုက်သည်။
ရှီမာယူယူ၊ ဘေဂုံထန်နှင့် တခြားသူများသည် သူတော်စင်ဝိညာဉ်ဖြစ်ရန် အနည်းငယ်သာ လိုတော့သည်။ သူတို့သည် ဝိညာဉ်နယ်ရှင် ထိပ်ဆုံးအဆင့်ကို မကျော်ဖြတ်နိုင်ကြပေ။ သူမသည် ထိုအခွင့်အရေးတွင် အဆင့် တက်ကာ သူတော်စင်အဆင့်ရောက်ချင်သည်။
“ဖက်တီး မင်းကြိုးစားဖို့လိုမယ်၊ ငါတို့နောက် ကျန်ခဲ့ရင် မင်းကို မစောင့်ဘူးနော်” ဝူရန်ဖေ ပြောလိုက် သည်။ သူသည် ဖက်တီးအား ထိုအခွင့်အရေးတွင်ကြိုးစားစေချင်သည်။
“အသင့်ဖြစ်တာနဲ့ ကျင့်ကြံတာ စမယ်” ဘေဂုံထန်သည် ဘာမှမပြောပဲ မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်း စလေသည်။
ဝိညာဉ်ချီများ ထူထပ်လွန်းသဖြင့် အနည်းငယ် မခံနိုင်ဖြစ်ကြသည်။ သူမသည် လျင်မြန်စွာပင် သူမ အပြင်မှ ဝိညာဉ်ချီကို ဝင်လာနိုင်ရန် အတွင်းပိုင်း ဝိညာဉ်ချီကို ထိန်းချုပ်ကာ ဝိညာဉ်ချီကန်ထဲသို့ နာခံစွာ ဝင်ရန် ညွှန်ကြားလေသည်။
တစ်ဖက်တွင် ရှီမာယူယူသည် ထိုအတားအဆီးမှာ ကျောက်တုံးနှင့် တူသည်ကို သိလိုက်ရသည်။ သို့သော် သူမ ဝင်လိုက်သည်နှင့် ထိုနေရာသည် လေဟာပြင် ဖြစ်နေသည်ကို သိလိုက်ရသည်။
သူမသည် ဟာစွန်အား ခေါ်ထုတ်ပြီး ပြောလိုက်သည် “ဒီကိုကြည့်”
“ဂူထဲမှ နောက်ထပ် ဂူ” ဟာစွန်သည် အဆုံးမရှိသော ဂူအား ကြည့်ကာ ပြောလိုက်သည် “ဆင်းသွားချင် လား”
“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “အတွင်းပိုင်းမသွားပဲနဲ့ သာမာန်လောက်တွေ့ရတာကို ရှာရတာက င့ါ အကြိုက်မဟုတ်ဘူး”
ပြောပြီးနောက်တွင် သူမ အရှိန်ယူကာ ခုန်ချလေသည်။
သူမ တွေဝေခြင်းမရှိပဲ ခုန်ချသည်ကို ဟာစွန်မြင်လိုက်သောအခါ ပြုံးလိုက်ပြီး သူမ နောက်လိုက်ကာ ခုန်လေသည်။
ရှီမာယူယူသည် ဆင်းရင်းနှင့် တဖြည်းဖြည်း ပူလာသည်ကို သိလိုက်ရသည်။ နောက်ဆုံးတွင် သူမ ခံနိုင်ရည်ရှိရန် ဝိညာဉ်စွမ်းအင်ထုတ်လွှတ်မှသာ ဆက်သွားနိုင်လေသည်။
အနည်းငယ်သွားပြီးနောက် ရှီမာယူယူသည် ရပ်ရန်မှအပ် ရွေးချယ်စရာမရှိတော့ပဲ ရပ်လိုက်ရသည်။ သူမ အတားအဆီးလုပ်ထားသည့်အရာသည် ပူလွန်းသဖြင့် လောင်ကျွမ်းသည်ကို သတိထားမိလိုက်သည်။
“ငါတို့ ထပ်ပြီးသွားလို့မရတော့ဘူး” ဟာစွန် ပြောလိုက်သည် “ငါတောင်မှ အပူကို ခံနိုင်ရုံပဲရှိတော့တယ်”
ရှီမာယူယူသည် အောက်အားကြည့်ပြီး အဆုံးကို ရောက်တော့မည်ကို မြင်လိုက်ရသည်။ သူမ ပြော လိုက်သည် “အရင်သွားနှင့် ငါကြက်သွေးရောင် မီးတောက် သုံးပြီး ကာကွယ်ပြီး ဆင်းသွား ကြည့်လိုက် မယ်”
“ကောင်းပြီ” ဟာစွန်သည် ဟန်ရေးမပြတော့ပဲ ဝိညာဉ်စေတီထဲသို့ ဝင်သွားလေသည်။
ရှီမာယူယူသည် ဟိန်းသံလေးကိုလည်း ထည့်ထားလိုက်သည်။ သူမသည် ခန္ဓာကိုယ်အား ကြက်သွေး ရောင်မီးတောက်သုံးရာ သူမ၏ အပူရှိန်ကြောင့် ပတ်ဝန်းကျင်အား ရှင်းရှင်းလင်းလင်း မြင်ရလေ သည်။
သူမသည် အောက်သို့ လျင်မြန်စွာ ရောက်သွားလေသည်။ သူမ သေချာကြည့်လိုက်သောအခါ သူမ ခြေချမိသော နေရာအား သတိထားမိသွားသည်။
“ဒါတကယ်ပဲ ကျောက်ရည်ပူပဲ ဒါက ကမ္ဘာ့ဗဟိုရဲ့ ကျောက်ရည်ပူလား”
သူမသည် လှည့်ပတ်ကြည့်ရာ မြေဆိုသည့်နေရာ မရှိပေ။ ထိုနေရာသည် ထူးခြားသော နေရာ မဟုတ် သော်လည်း ကျောက်ရည်ပူမှ သာမာန်မဟုတ်သော အရာကို သူမ ခံစားမိသည်။
“ဘွမ်း”
ကျောက်ရည်ပူ အောက်ခြေမှ ပူဖောင်းပေါ်လာကာ အပေါ်သို့ ပွက်လာသည်နှင့် အသံထွက်လာသည်။
ထိုပူဖောင်းထွက်လာသည့် ခံစားချက်သည် အလွန်ပင် ရှေးကျသည်။
“ငါ ဒီနေရာကနေ ထပ်မြင်ဖို့မဖြစ်နိုင်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာ အကုန် ကျောက်ရည် ပူတွေချည်းပဲ ဆက်သွားလို့မရတော့ဘူး၊ ဒီလိုဆိုမှတော့ ပြန်ရတော့မှာပဲ”
“ဆင်းသွား” ကြက်သွေးရောင်မီးတောက်၏ အသံသည် ရုတ်တရက် ထွက်လာသည်။
“ကြက်သွေးရောင် မီးတောက်လား” ကြက်သွေးရောင်မီးတောက် နိုးလာမည်ဟု ရှီမာယူယူ ထင်မထား သဖြင့် ပြောလိုက်သည် “ကြက်သွေးရောင်မီးတောက် ဒီကျောက်ရည်ပူကအရမ်းပူတယ်၊ ငါ ဒီမှာကို သည်းခံနိုင်ရုံ ပဲ ငါ ဆက်သွားရင် ကြွပ်သွားလိမ့်မယ်”
ကြက်သွေးရောင်မီးတောက် ခဏမျှ တိတ်သွားရာ ထို့နောက်တွင် သူမ ပတ်လည်ရှိ မီးတောက်များသည် အနီရောင်အလုံး တဖြည်းဖြည်းပြောင်းသွားလေသည်။
အနီရောင်အလုံးများသည် သူမ အောက်ရှိ ကျောက်ရည်ပူ အတွင်းဝင်ကာ ပျက်ဆီးသွားလေသည်။
“ဒီမှာ ကျင့်ကြံပါ” ကြက်သွေးရောင် ပြောလိုက်သည်။
ရှီမာယူယူ ကျောက်ရည်ပူထဲသို့ ဝင်လိုက်သည်နှင့် မီးတောက်ရွှီများ ထူထပ်သည်ကို ခံစားလိုက်ရသည်။ အနီရောင်အလုံးများသည် သူမ စုပ်ယူရန် ကူညီပေးပြီး သူမသည် ခန္ဓာကိုယ်ထဲသို့ ဝင်သော မီးလုံးများကို မီးတောက်နှင့် ပေါင်းစပ်သွားရန်သာ လုပ်ပေးရန်လိုသည်။
“မီးတွေက ပုံမှန်ထက် ပိုနှိပ်ကွပ်တာပဲ”
သူမ စုပ်ယူလိုက်သော မီးတောက်များသည် အလွန်ပူသည်ကို ခံစားလိုက်သည်။ သူမကိုပင် လောင်မြိုက် တော့မလိုပင်။ ကြက်သွေးရောင်မီးတောက်မှ သူမအရိုးများနှင့် ပေါင်းစပ်ထား၍သာ သူမအား ထိခိုက်အောင် မလုပ်နိုင်ခြင်းဖြစ်သည်။ အနည်းငယ်သာ နာကျင်သည်။
သို့သော် ထိုသို့ဖြစ်စေကာမူ သူမ တောင့်ခံရသည်မှာ ပေါက်ကွဲမတတ်ပင်။
“နာလိုက်တာ”
သူမ အံကြိတ်လိုက်သည်။ ထိုအရာကို နာကျင်သည်ဟု ခံစားရသည်။ ဘေဂုံထန်နှင့် တခြားသူများသာ ပါလျှင် သူတို့တော့ ကြွပ်ဆပ်သွားမည်။
သို့သော် အနီရောင်လုံးသည် သူမ နာကျင်သည်ကို ဂရုမထားပေ။ သူသည် မီးတောက် ကို ဆက်လက် စုပ်ယူကာ သူမ အဆက်မပြတ်စုပ်ယူရန် ဖိအားပေးကာ ပတ်ပတ်လည် လှည့်နေသည်။
အချိန်မည်မျှကြာသွားသည်မသိ…ရှီမာယူယူသည် နာကျင်မှုကို ခံနိုင်ရည်ရှိသွား၍လားတော့ မသိပေ သူမ နာကျင်မှုကို မခံစားရတော့ပေ။ သူမ ခန္ဓကိုယ်ထဲကို မီးတောက်အများအပြားဝင်သွားသည်ကို တော့ သိ လိုက်သည်။ ဒီနှုန်းနှင့် ဆက်သွားလျှင် နောက် မီးများဝင်လာသည့်အချိန်တွင် သူမ လောင်ကျွမ်းသွားနိုင်သည်။ သူမသည် အဆက်မပြတ် ကျင့်ကြံခဲ့သည်။
သူမ ကျင့်သားရနေသည်ကို ခံစားရသဖြင့် ကြက်သွေးရောင်မီးတောက်သည် သူမထဲမှ ထွက်လာကာ အနီရောင်လုံးသည် သူ့အား ဖုံးအုပ်လိုက်သည်။
“ဒီလိုနေရာမျိုးကို ရှာဖို့ ခက်တယ် င့ါ ဒဏ်ရာတွေတစ်ခုလုံး ကုပေးလိုက်သလိုပဲ”
ပြောပြီးနောက်တွင် သူသည် ရှီမာယူယူနှင့် မနီးမဝေးတွင် ခြေထောက်ချိပ်ထိုင်လိုက်သည်။ သူသည် လူသားကဲ့သို့ ကျင့်ကြံခြင်းစတင်တော့သည်။