အပိုင်း (၃၆၁) – တစ်ဖက်မှ တက်လမ်းများ
Vol. 004 Ch. 361
သူတို့ ကျင့်ကြံနေစဉ်တွင် လောကအသေး၏ တစ်ဖက်တွင် အခွင့်အရေးများရှာဖွေနေကြသည်။
တစ်ဖက်တွင် ရှီမာယူလီသည် ရှီမာမျိုးနွယ်ဝင်တချို့အား ခေါ်ကာ ရတနာများ ပေါ်သော နေရာသို့ သွားကြ လေသည်။
ရှီမာယူယူတို့နှင့် မတူညီပဲ သူတို့သွားသောနေရာတွင် ဝိညာဉ်သားရဲတိုက်ပွဲများ ရှိနေပါ။ သူတို့နှင့် ပြိုင်ဆိုင် သူလည်း မရှိပေ။ ရတနာထွက်ပေါ်သည့် နောက်နေ့တွင် သူတို့ရောက်သွားသည်။
ထို့အပြင် သူတို့သည် ရတနာအားစောင့်ရှောက်သော သားရဲနှင့်လည်း လွယ်ကူစွာပင် တိုက်ခိုက်ကာ ရတနာကို ရလိုက်သည်။
“ယူလင်း အခု ဘယ်သွားကြမလဲ” ရှီမာယူယန် မေးလိုက်သည်။
“ငါတို့ ဘယ်မှမသွားဘူး ဒီနေရာက လူကွယ်ရာဖြစ်နေတယ်၊ အဲဒါကြောင့် ဒီမှာပဲ ကျင့်ကြံမယ်” ရှီမာယူလင်း ပြောလိုက်သည်။
“တခြား ရတနာတွေကို မရှာတော့ဘူးလား” ရှီမာယူရှင်း မေးလိုက်သည်။
“ဒီမှာ ဝိညာဉ်ချီတွေ ထူထပ်နေတာကို သတိမထားမိဘူးလား” ရှီမာယူလင်း ပြန်ဖြေလေသည်။
“ထူတော့ထူနေတယ်” ရှီမာယူရန် ပြောလေသည်။
“ဒီကိုလာရတဲ့ ပထမရည်ရွယ်ချက်ကလည်း သန်မာဖို့ပဲလေ” ရှီမာယူလင်း ပြောလိုက်သည် “ဒီက ဝိညာဉ်ချီက ယိလင်းတိုင်းပြည်ကထက် အဆ ၃ ၄ ဆလောက် ထူတယ်၊ ငါတို့ တက်လမ်းရှာဖို့ဆိုရင် တစ်ဆင့်လုံး တက်မှတော့ဖြစ်မယ်၊ ငါတို့ ဝိညာဉ်တည်ဆောက်မှုနဲ့ လိုက်မယ်ဆိုရင် ပိုပြီးတောင် ဝိညာဉ်ချီများဖို့ လိုသေးတယ်”
“ဒါဆို ရှီမာယူယူနဲ့ တခြားသူတွေကို သွားမရှာခင်အထိ ကျင့်ကြံလို့ရတယ်၊ ဒီလာရင်းနဲ့လည်း တခြား ရတနာတွေ ထပ်ရှိဦးမလားလို့ ကြည့်ခဲ့တာပဲ” ရှီမာယူရှင်း ပြောလိုက်သည်။
“ဒါပေမဲ့ ဒီနေရာက တခြားနေရာတွေနဲ့ ယှဉ်ရင် ဘာလို့ ဝိညာဉ်ချီတွေ ထူထပ်နေတာလဲ” ရှီမာယူမင် မေး လိုက်သည်။
“အကြောင်းတော့ရှိရမယ်” ရှီမာယူရန် ပြောလိုက်သည် “အကြောင်းအရင်း ကိုရှာလို့ရရင် တခြား အရေးကြီးတဲ့ အခွင့်အရေးတွေလည်း ရနိုင်တာပဲ”
ရှီမာယူလင်း သူတို့အား ကြည့်ကာ ပြောလိုက်သည် “ဒါဆို အကြောင်းအရင်းကို အရင်သွားရှာရအောင်”
“ကောင်းပြီ”
“အရင်ဆုံး ဘယ်နေရာက ဝိညာဉ်ချီအထူဆုံးလည်းဆိုတာ ရှာရမယ်၊ ငါတို့ရှာတွေ့ရင်လည်း တွေ့နိုင်တာ ပဲ” ရှီမာယူယန် ပြောလိုက်သည်။
“လုပ်ကြည့်တာပေါ့” ရှီမာယူလန်သည် မျက်စိမှိတ်ကာ ပတ်ဝန်းကျင်အား အာရုံခံကာ ပြောလိုက်သည် “ဒီက ဝိညာဉ်ချီတွေ အကုန်လုံးက အမြုပ်တွေ ထနေသလိုပဲ သူတို့ကို ဟိုနေရာက ဆွဲခေါ်နေသလိုမျိုး ခံစားရတယ်”
သူမသည် အနီးရှိတောင်ထိပ်ကို ညွှန်ပြလေသည်။
“သူတို့ကို တစ်ခုခုက ဆွဲခေါ်နေတာများလား” ရှီမာယူရှင်း သိချင်သွားသည်။
“သွားကြည့်ရင်တော့ သိမှာပေါ့” ရှီမာယူလင်းသည် ပြောပြီးနောက် ပျံသွားလေသည်။
ထင်ထားသည့်အတိုင်းပင် သူတို့ တောင်ထိပ်နှင့် နီးကပ်လာလေ ဝိညာဉ်ချီ ထူထပ်လေ ဖြစ်သည်။ သူတို့ တောင်ထိပ်သို့ရောက်သောအခါ ဝိညာဉ်ချီများသည် မြစ်သဖွယ် စီးဆင်းနေသည်ကို ခံစားရသည်။
သူတို့ အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသဖြင့် ရပ်လိုက်ကြသည်။ ဝိညာဉ်ချီ ထူထပ်သော်လည်း အနီးအနားတွင် ဝိညာဉ်သားရဲ တစ်ကောင်မှ ရှိမနေပေ။
“တည်ဆောက်မှုပဲ” ရှီမာယူလင်းသည် နေရာအား လှည့်ပတ်ကြည့်ရာမှ ပြောလေသည်။
“တည်ဆောက်မှုလား၊ ဒီမှာ တစ်ယောက်ယောက်ရှိနေတာများလား” ရှီမာယူရွှီ မေးလိုက်သည်။
“မဟုတ်ဘူး လုပ်ထားတာ ကြာနေပြီ အရင်တုန်းက ဒီကိုလာတဲ့သူ လုပ်သွားတာထင်တယ်” ရှီမာယူလင်း ပြောလိုက်သည်။
“အရင်တုန်းကလား” ရှီမာယူယန် ပြောလိုက်သည် “အဲဒါဆိုရင် အဲလူက တည်ဆောက်မှုမှာ အဆင့်မြင့် လောက်တယ်၊ ဒီလောက်ကြာသွားတာတောင် တည်ဆောက်မှုက ရှင်သန်နေသေးတးယ်”
ရှီမာယူလင်းသည် တည်ဆောက်မှုအား အနီးကပ်ကြည့်ကာ ပြောလေသည် “အဲဒါကြောင့်ကိုး၊ တည်ဆောက်မှုကို အငှားဝိညာဉ်ကျောက်တုံးနဲ့ လုပ်ထားတာကိုး”
“အငှားဝိညာဉ်ကျောက်တုံးဆိုတာ ဘာလဲ” ရှီမာယူရှင်း မေးလိုက်သည်။
“တည်ဆောက်မှု ဝိညာဉ်ကျောက်တုံးထဲမှာ ရှားပါးတဲ့အမျိုးအစားပဲ၊ အငှားဝိညာဉ်ကျောက်တုံးကို သုံးပြီး တည်ဆောက်မှုလုပ်ရင် ဝိညာဉ်ကျောက်တုံးတွေက ပတ်ဝန်းကျင်က ဝိညာဉ်ချီတွေကို စုပ်ယူတယ်၊ အဲဒါကြောင့် ပတ်ဝန်းကျင်က ဝိညာဉ်ချီတွေက ပျံ့နှံ့နေပြီး တည်ဆောက်မှုက ရှင်သန်နေတာပဲ” ရှီမာယူလင်း ရှင်းပြသည်။
“သိပြီ” အားလုံးနားလည်သွားကြသည် “အဲဒါကြောင့် တည်ဆောက်မှုက အချိန်အကြာကြီး ရှိနိုင်တာ”
“ဒါ ဘာတည်ဆောက်မှုအမျိုးအစားလဲ မင်း ဖျက်ဆီးနိုင်လား”
“နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်” ရှီမာယူလင်းသည် တောင်ထိပ်အားကြည့်ကာ ပြောလိုက်သည် “ဒီတည်ဆောက်မှုက ပြန်တိုက်ခိုက်နိုင်တဲ့ ကာကွယ်ရေးတည်ဆောက်မှုပဲ၊ သူ့ကို တိုက်ခိုက်တာနဲ့ ပြန်ပြီး တိုက်ခိုက်တတ်တယ်၊ အဲဒါကြောင့် ဖျက်ဆီးဖို့ နည်းလမ်းရှာမယ်ဆိုရင် မဆင်မခြင် အားနဲ့ပဲ သုံးပြီး ဖျက်လို့ မရဘူး”
“ယူလင်း မင်းလုပ်နိုင်လား” ရှီမာယူယန် ပြောလိုက်သည်။
“ကြိုးစားကြည့်မယ်” ရှီမာယူလင်း ပြောလိုက်သည်။
နှစ်ရက်အကြာတွင် သူတို့သည် တည်ဆောက်မှုအပြင်တွင်သာ ရှိသေးသည်။
“မင်း မလုပ်နိုင်တော့ဘူးဆိုရင် ညီလေး ၅ကို ဆက်သွယ်ကြည့်မယ်လေ” ရှီမာယူရန် ပြောလိုက်သည်။
“မဆိုးဘူး ယူယူက တည်ဆောက်မှုတွေအကြောင်းကို နှံ့နှံ့စပ်စပ် သိတယ်၊ သူ ပြောနိုင်မလား မသိဘူး လေ” ရှီမာယူရန် ပြောလိုက်သည်။
“လုပ်ကြည့်တာပေါ့” ရှီမာယူလင်း မငြင်းပေ။
ရှီမာယူရန်သည် မိခင်ကျောက်တုံးထုတ်ကာ ဝိညာဉ်ချီကို ထည့်လိုက်သည်။ သို့သော် တုန့်ပြန်မှု တစ်စုံ တစ်ရာမရှိပေ။
“ငါတို့ အကန့်အသတ်ကျော်သွားလို့ထင်တယ်” ရှီမာယူရန် ပြောလိုက်သည်။
“လုပ်ကြည့်ဦးမယ်” ရှီမာယူလင်းသည် ပြောပြီးသည်နှင့် ခန္ဓာကိုယ်ကို လှည့်ကာ ဘေးရှိ တောင်ထိပ်သို့ ပျံသွား လေသည်။ သူ တောင်ထိပ်တွင်ထိုင်ကာ ကြည့်ပြီးနောက် ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို တွက်ချက်နေ သည်။
နှစ်ရက်အကြာ သူတွက်ချက်နေဆဲတွင် ရှီမာယူယူ ပြောခဲ့သော စကားကို သူ ရုတ်တရက်တွေးမိ လိုက် သည်။
“အပြင်ကနေ တည်ဆောက်မှုကို ဖျက်ဆီးမယ်ဆိုရင် အထဲကနေလည်း ဖျက်ဆီးဖို့ လိုမယ်၊ အထဲကနေ ဖျက်ဆီးမှ သူ့ဗဟိုချက်ကို တိုက်ရိုက်ထိမှာ”
သူ ထိုအချက်အား စဉ်းစားမိချိန်တွင် မျက်လုံးများ အရောင်တောက်က တောင်ပေါ်မှ ပြန်ဆင်းလာ သည်။ သူ တည်ဆောက်မှုအား နှစ်ပတ်လောက် ပတ်လိုက်သည်။
“ယူလင်း ဖျက်ဆိးဖို့ နည်းလမ်းရှာရပြီလား” ရှီမာယူယန် မေးလိုက်သည်။
“အင်း” ရှီမာယူလင်း ခေါင်းညိတ်လိုက်သည် “မင်းတို့အားလုံး နောက်ဆုတ်နေ”
ပြောပြီးနောက်တွင် သူ အငှားဝိညာဉ်ကျောက်တုံးဆီသို့လာကာ အသက်ပြင်းပြင်း ရှုပြီး နောက်ဆုတ်ကာ ပြေးဝင်လိုက်သည်။
“သူ ဝင်သွားတာလား” ရှီမာယူယန်သည် ရှီမာယူလင်း သူတို့ရှေ့မှ ပျောက်သွားသည်ကို မြင်သောအခါ အော်လိုက်သည်။
တစ်နာရီအကြာတွင် ရှီမာယူလင်း ပြန်ထွက်လာသည်။
“ယူလင်း မင်းဖျက်ဆီးပြီးပြီလား” ရှီမာယူရှင်း မေးလိုက်သည်။
ရှီမာယူလင်း၏ မျက်နှာသည် ပီတိဖြစ်ကာ ပြောလေသည် “ဖျက်ဆီးစရာမလိုဘူး၊ ဒီတည်ဆောက်မှု က ငါတို့ကို ကာကွယ်ပေးလိမ့်မယ်၊ ငါ မင်းတို့ကိုခေါ်သွားမယ်၊ သေချာလေး ငါ့ခြေရာနောက်ကလိုက်ခဲ့ ဘာမှ မဖြစ်ဘူး”
“ကောင်းပြီ”
ရှီမာယူလင်းသည် ပြန်လှည့်ကာ ဝင်ရာ အားလုံးသည်လည်း တစ်ယောက်ချင်းစီ သူ့ခြေရာနှင့် ထပ်ကြပ် မကွာလိုက်လေသည်။ ၁၀မိနစ်အကြာတွင် အားလုံး အထဲသို့ ရောက်လေသည်။
“ဘုရားရေ ဒီက ဝိညာဉ်ချီက အပြင်ထက်တောင် ထူသေးတယ်” ရှီမာယူရှင်းသည် အော်လိုက်သည်။
“အထဲမှာ အံ့သြစရာတွေ ထပ်ရှိသေးတယ်” ရှီမာယူလင်း ပြောလိုက်သည်။
သူအခုလေးတွင် ဝင်သွားကာ နောက်နေရာတစ်ခုအား ထပ်တွေ့ခဲ့သည်။ ထိုတစ်ကြိမ်တွင် သူသည် သတိ လက်လွတ်ဖြစ်သွားလောက်အောင် အံ့သြခဲ့ရသည်။
“အဲဒီ ဂူထဲမှာ ရတနာသိုက်ရှိနေတာလား” ရှီမာယူရှင်း အားရပါးရပြုံးလိုက်သည်။
“သွားကြည့်ရင် သိမှာပဲ” ရှီမာယူလင်းသည် ပြောပြီးနောက် သူတို့ကို ဂူသို့ ခေါ်သွားလေသည်။
ထိုဂူသည် အောက်သို့ ဆင်းသွားရာ သူတို့ အထဲသို့ရောက်လေ ကျယ်လေဖြစ်သည်။
“ဒီနေရာမှာ ဘာလို့ ကန်ရှိနေတာလဲ” အားလုံးသည် ဂူထဲတွင် ကန်ရှိနေသည်ကို မြင်သည်နှင့် အံ့သြ သွားကြသည်။
“အနီးကပ် ကြည့်ကြည့်” ရှီမာယူလင်း ပြောလိုက်သည်။
အားလုံး ရှုပ်ထွေးသွားသော်လည်း ဘယ်လိုလျှို့ဝှက်ချက်များ ရှိမလဲဟု လှည့်ပတ်ကြည့်လေသည်။
“ဒါက…” ရှီမာယူရန်သည် ပထမဆုံး သဘောပေါက်သူူဖြစ်သည်။ သူ့ မျက်လုံးများသည် အံ့သြသဖြင့် ပြူးကျယ်နေသည်။
အားလုံးသည် သတိပြန်ဝင်လာကာ အော်လေသည် “ဒါတွေအကုန်လုံးက ဝိညာဉ်ချီတွေလား”
“ဟုတ်တယ် ဒီဝိညာဉ်ချီတွေကို စုပ်ယူနိုင်ရင် ငါတို့ အားတွေ အဆင့်အများကြီးတက်မှာပဲ” ရှီမာယူလင်း သည် အနည်းငယ် စိတ်လှုပ်ရှားကာ သူ၏ အမြဲတမ်း တည်ငြိမ်နေသော ပုံစံကို ထိန်းမထားနိုင်တော့ပေ။
“ဒါပေမဲ့ ဘယ်လိုလုပ် ဝိညာဉ်ချီတွေက ကန်မှာလာစုနေတာလဲ” ရှီမာယူမင် မေးလိုက်သည်။
“ဝိညာဉ်ချီတွေကို စုပ်ယူလိုက်ရင် သိလာလိမ့်မယ်”
“ဘာတွေစောင့်နေကြတာလဲ ဆင်းပြီး ကျင့်ကြံကြမယ်” ရှီမာယူယန်သည် အရင်ဆုံး ခုန်ဆင်းသွားလေ သည်။ ထိုရေသည် သာမာန်ရေကဲ့သို့ လှိုင်းမထပေ။
တခြားသူများလည်း အကြည့်ချင်းဖလှယ်ကာ ခုန်ချလိုက်ကြသည်။ ထို့နောက် သူတို့ကျင့်ကြံခြင်း စတင် ကြလေသည်။