အပိုင်း (၃၆၂) – အခက်အခဲကြုံရခြင်း
Vol. 004 Ch. 362
အပြင်တွင် အစောင့်များရှိသဖြင့် ဝိညာဉ်သားရဲများ လူများ တိုက်ခိုက်ရန် စိုးရိမ်ရန် မလိုပေ။ သူတို့သည် အလေးအနက်ရှိကြသဖြင့် ထိုနေရာမှ ဝိညာဉ်စွမ်းအင်များကို အားလုံး မစုပ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် သူတို့ကျင့်ကြံကြသည်။
ထို့နောက်တွင် သူတို့သည် ဝိညာဉ်သားရဲများ ဆင့်ခေါ်ခဲ့လေသည်။ အကြောင်းအရင်းမှာ ရှီမာယူလင်း ကဲ့သို့ တည်ဆောက်မှုသခင်ဆီမှ ရှောင်ရှားရန်နှင့် နောက်တစ်ခုမှာ လေ့ကျင့်မှု အလွန်အကျွံလုပ်မိပါက အချိန် လွန်သွားကာ ထိုနေရာတွင် တစ်သက်လုံးနေရမည်ကို စိုးရိမ်သောကြောင့်ပင်။
သူတို့ ထိုနေရာတွင် လေ့ကျင့်နေစဉ်တွင် ဝေကျိရွှနှင့် တုလေးသည် နှင်းဝံပုလွေ မျိုးနွယ်တွင် လေ့ကျင့်နေသည်။ ဘေဂုံထန်နှင့် တခြားသူများသည် အစွယ်ကွေးကျားနယ်မြေတွင် လေ့ကျင့်ကာ ရှီမာယူယူ နှင့် ကြက်သွေးရောင်မီးတောက်တို့သည် ကျောက်ရည်ပူနေရာတွင် ကျင့်ကြံကြသည်။ သူတို့ တိုးတက်ရေး အတွက် ကျင့်ကြံရန် နေရာများစွာရှိခြင်းကြောင့် သူတို့၏ ရှေ့ရေးမှာ ဖြောင့်ဖြူးနေသည်။ ဝင်လာသည့်သူတိုင်း လှည့်ပတ်ကြည့်ရှုလျှင်တောင် ထိုကဲ့သို့ အခွင့်အရေးမျိုးကို ရရန် မလွယ်ပေ။ တစ်ခါတစ်ရံတွင် တခြားသူများ သည် ဖြတ်သွားကာ တချို့သည် တခြားသော တက်လမ်းများကို ရှာဖွေနေကြသည်။
အချိန်များကုန်ဆုံးသွားကာ သူတို့ သတိထားမိချိနတွင် သူတို့သည် ထိုနေရာတွင် ၆လရှိနေပြီ ဖြစ်သည်။ လွင်ပြင်တစ်ခုတွင် လူတစ်စုသည် ဒဏ်ရာရထားကြကာ နားနေကြလေသည်။
“မမ ကျန်မိသားစုက ဘာလုပ်ချင်နေကြတာလဲ” ဂေါင်လင်းသည် ဂေါင်ဖေးဖေး၏ ဒဏ်ရာကို ကြည့်ကာ ဒေါသဖြင့် ကြေညာလေသည် “သူတို့က ဆက်ဆံရေးကို ဖြတ်ချင်နေကြတာလား”
ဂေါင်ဖေးဖေးသည် ဆေးစားကာ သူမ မျက်နှာသည် ဖြူဖျော့နေသည်။ သူမ ပြောလိုက်သည် “အခု သူတို့က တခြားသူတွေနဲ့ အဆက်အဆံလုပ်နေကြတာ၊ သူတို့က ငါတို့ကို ထည့်ချင်ရင် ယွန်မိသားစုနဲ့ တခြား သူတွေက သူတို့နဲ့ ဆန့်ကျင်ပြီး အကုန်ဖျက်ဆီးပစ်မှာပဲ သူတို့အဲလိုလုပ်လိုက်ရင် ဒါရဲ့ နောက်က အကြောင်း တွေကို ဖော်ထုတ်ဖို့ သက်သေမရှိတော့ဘူး”
ဂေါင်ဖူသည်လည်း ဒဏ်ရာရထားကာ ဂေါင်ဖေးဖေး ပြောသည်ကို ကြားသောအခါ သူမ ပြန်ဖြေ လိုက် သည် “သူတို့ ဘယ်လိုမိသားစုနဲ့ ဆက်သွယ်ပြီး သူတို့မှာ ဘယ်လောက်အင်အားရှိနေလဲ ဆိုတာ သိချင်တာ..”
“သူတို့က တိုင်းပြည်ကြီးကလူတွေဖြစ်လောက်တယ် အဲဒီကလူတွေကပဲ အဲလို စွမ်းအားတွေ လုပ်နိုင် တာ” ဂေါင်မိသားစုမှ တခြားတစ်ယောက်က ပြောလိုက်သည်။
“သူတို့ အစီအစဉ်ကို ကြည့်ရတာ သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေကို ဆွဲချချင်နေတာ ထင်တယ်၊ သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေနဲ့ စာရင်းရှင်းချင်တာ ဖြစ်လောက် တယ်” ဂေါင်ဖူ ပြောလိုက်သည်။
“အဲလိုပဲနေမှာ” ဂေါင်ဖေးဖေး ပြောလိုက်သည် “အားလုံ ဒဏ်ရာတွေကို မြန်မြန်ကုကြ မဟုတ်ရင် သူတို့ မှီသွားရင် ငါတို့မှာ တိုက်ခိုက်ဖို့ အားတွေမရှိဖြစ်နေကြလိမ့်မယ်”
“ဟုတ်ကဲ့ မမကြီး” ဂေါင်မိသားစုဝင်များသည် သူမ အမိန့်အား နာခံကြကာ သူတို့ ဒဏ်ရာများကို ကုသ ရန် စတင်ကြလေသည်။
တစ်ရက်အကြာတွင် သူတို့ ဒဏ်ရာများ ကုသပြီးလေသည်။ ဂေါင်ဖေးဖေးသည် ပထမဆုံး နိုးလာသူ ဖြစ်ကာ တခြားသူများ ကုသနေဆဲဖြစ်သည်ကို ကြည့်ကာ ဘာမှမပြောတော့ပဲ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်ရန် ထလာလေသည်။ ထိုကွင်းပြင်သည် ထူးခြားသော အရာမရှိသော်လည်း အနောက်ဘက် အဝေးတွင် ရှိသော တောင်ထိပ်အား မြင်လိုက်သောအခါ မှင်တက်သွားသည်။
“ငါတို့ အလိုက်ခံရတာ ဒီအထိ ရောက်လာတာပဲ” သူမသည် ရေရွတ်လိုက်မိသည်။
အဝေးရှိ တောင်တန်းသည် သူမနှင့် ရှီမာယူယူတို့ လမ်းခွဲခဲ့သော နေရာပင်ဖြစ်သည်။ ရှီမာယူယူနှင့် တခြား သူများသည် နှင်းဝုံပလွေနယ်မြေသို့ ဝင်သွားကာ သူတို့ ထွက်လာပြီး တခြား တက်လမ်းများကို ရှာဖွေ ခဲ့ကြသည်။ သူမ လှည့်ပတ်ကြည့်ရာ ကွင်းပြင်မှ တောင်တန်းအနည်းငယ်ကို တွေ့လိုက်ရလေသည်။
“သူတို့ အဲမှာ ရှိသေးလားမသိဘူး”
“ဖြစ်နိုင်တယ်” ဂေါင်ဖေ ပြောလိုက်သည်။ ဂေါင်ဖေးဖေး ကြည့်လိုက်ရာ သူတို့ သက်သာလာသည် ကို တွေ့လိုက်ရသည်။
“နှင်းဝံပုလွေတွေကတော့ သူတို့ လေ့ကျင့်ဖို့ နေရာရှိတယ်လို့ပြေတယ်၊ သူတို့ ၁ရက် ၂ရက် ထက်တော့ ကြာမယ်ထင်တယ်” ဂေါင်ဖူသည် လျှောက်လာရင်း အဝေးရှိ နှင်းများ ဖုံးနေသော တောင်အား ကြည့် ကာ ပြောလေသည်။ ထိုအရာသည် သူမနှင့် ရှီမာယူယူတို့ လမ်းခွဲခဲ့သော နေရာအား သတိရနေသည်မှာ ရှင်းနေ သည်။
“သူတို့ အဲမှာတကယ်ရှိနေရင် ငါတို့ ဒီခက်ခဲနေတဲ့အချိန်ကို ဖြတ်ကျော်နိုင်မှာပဲ” ဂေါင်ဖေးဖေး ပြော လိုက်သည် “သူတို့ ကူညီပါ့မလားတော့ မသိဘူး”
“ကူညီမှာပါ” ဂေါင်ဖူ ပြောလိုက်သည် “ယွန်ရိက အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူပဲ၊ ပြီးတော့ သူက အံ့ဖွယ်နတ်ဆိုးတောင်ကြားက သခင်လေးလေ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက တပည့်နဲ့ ငါတို့ မိသားစုက တခြားသူတွေရဲ့ အလိုက်ကို ခံနေရတာ၊ ဘာမှ လုပ်မပေးပဲတော့ မနေလောက်ပါဘူး”
“မျှော်လင့်ရတာပဲ… တစ်ယောက်ယောက် ရှိနေတယ်” ဂေါင်ဖေးဖေးသည် ရုတ်တရက် အော်လိုက်သည်။
“ကျွန်မတို့ကို ခြေရာခံတဲ့ ကျန်မိသားစုက လူလား” ဂေါင်ဖူသည် ကြောက်ရွံ့ တုန်လှုပ်ကာ ပြောလေ သည်။
“မသိဘူး သူတို့ ကိုယ်ရောင်ကို ခံစားလို့မရဘူး” ဂေါင်ဖေးဖေး ပြောလိုက်သည် “အားလုံး ထကြ လှုပ်ရှားဖို့ ပြင်ကြတော့”
“ဟုတ်ကဲ့ မမကြီး” ဂေါင်ဖူသည် အားလုံးအား နိုးကာ ထွက်ပြေးရန် ပြင်ဆင်နေချိန်တွင် ဂေါင်ဖေးဖေး သည် ရုတ်တရက် စိတ်အေးသွားကာ ပြောလိုက်သည် “ရတယ် ထွက်ပြေးဖို့မလိုဘူး၊ ယွန်ဖန်နဲ့ သူ့လူတွေပဲ”
သိပ်မကြာခင်တွင် သားရဲပျံများသည် သူတို့မျက်စိရှေ့ပေါ်လာကာ ယွန်မိသားစုသည် သားရဲပျံများ ကျော ပေါ်တွင် ရှိနေကြသည်။ အောက်ရှိ ဂေါင်ဖေးဖေးနှင့် တခြားသူများကို ကြည့်ကာ ယွန်ဖန်နှင့် တခြားသူများသည် ဆင်းသက်ကြလေသည်။ ယွန်မိသားစုဝင်များ၏ ခန္ဓာကိုယ်များသည်လည်း ဒဏ်ရာများနှင့် ဖြစ်ကာ သွေးများ သည် သူတို့ အဝတ်များတွင် စွန်းထင်းနေသည်။
“ယွန်ဖန် အစ်ကိုကြီးယွန်ရိရော” ဂေါင်ဖေးဖေးသည် သူတို့ထဲတွင် ယွန်ရိအား မမြင်သဖြင့် စိုးရိမ်စွာ မေးလိုက်သည်။
“အစ်ကိုကြီးက အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေနဲ့ ရှိနေလို့ ငါတို့နဲ့ မလိုက်လာဘူး” ယွန်ဖန် ပြော လိုက်သည်။ သူ့ဗိုက်မှာ ဓားဖြင့် ခုတ်ရာရှိကာ အသက်အန္တရာယ်ရှိနေသည်။
“မင်း ဒဏ်ရာကုဖို့ ဆေးသောက်လိုက်ဦး” ဂေါင်ဖေးဖေး ပြောလိုက်သည်။
“ငါတို့ဆေးတွေလည်း ကုန်သွားပြီ” ယွန်ဖန်သည် ခါးသက်စွာ ပြုံးပြီး ပြောလိုက်သည်။ ယွန်မိသားစု သည် ထိုအဆင့်အထိ ဖြစ်လိမ့်မည်ဟု သူတို့ ထင်မထားပေ။ ထို ၂လအတွင်းတွင် သူတို့သည် တိုက်ခိုက်လိုက် ဒဏ်ရာရလိုက် ထွက်ပြေးလိုက်နှင့် သံသရာလည်နေခဲ့သည်။ ထို့ကြောင့် ထိုအချိန်တွင် သူတို့လက်ထဲရှိ ဆေး များလည်း ကုန်သွားလေသည်။
“ငါတို့ဆေးကို သောက်လိုက်ပါ” ဂေါင်ဖေးဖေးသည် သူမ နောက်ဆုံးဆေးအား သူ့ကို ပေးပြီး ဂေါင် မိသားစုအား ကြည့်ကာ ပြောလိုက်သည် “ဘယ်သူ့မှာ ဆေးရှိသေးလဲ သူတို့ကို ထုတ်ပေးလိုက်” ဂေါင်မိသားစု ဝင်များသည် ဆေးများကို လျင်မြန်စွာ ထုတ်ကာ ယွန်မိသားစုအား ပေးလေသည်။
ဂေါင်ဖေးဖေးနှင့် တခြားသူများသည်လည်း ဆေးများ ပြတ်လတ်နေသည်ကို ယွန်ဖန်သိသော်လည်း သူမ အား မငြင်းမည် အပြုတွင် သူမ ပြောလိုက်သည် “ငါတို့ မိသားစုတွေက ခင်မင်လာတာ ကြာနေပြီ၊ မိသားစု တစ်စု နဲ့ တစ်စု ကောင်းတူဆိုးဖက်ပေါ့၊ ဒီလိုအခြေအနေမှာဆိုရင်လည်း မင်းတို့မိသားစု အားကောင်းလာရင် ငါတို့ လည်း တိုက်ခိုက်ဖို့ ပေါင်းလို့ရတယ်လေ အဲတော့ မငြင်းပါနဲ့”
ယွန်ဖန်သည် ဂေါင်ဖေးဖေး၏ မျက်လုံးကို ကြည့်ကာ စိတ်လှုပ်ရှားမိသွားလေသည်။ သူ ခေါင်းညိတ် ကာ ဆေးများကို ယူလိုက်သည်။ ယွန်မိသားစုသည် ယွန်ဖန်ဆီမှ ဆေးများကိုယူကာ ဆေးစားလိုက်ကြသည်။ ယွန်ဖန်သည် ဆေးစားပြီးနောက် ခဏမျှ စဉ်းစားကာ ပြောလိုက်သည် “ဆက်သွားရအောင် အဲလူတွေ အချိန်မရွေး မိသွားနိုင်တယ်”
“အစ်ကိုကြီးယွန်ရိက မင်းတို့နဲ့ ဘာလို့လိုက်မလာတာလဲ” ဂေါင်ဖေးဖေး နားမလည်သဖြင့် မေးလိုက် သည်။
“တစ်ဖက်မှာ တကယ်အားကောင်းတဲ့ သူပါနေတယ်” ယွန်ဖန် ပြောလိုက်သည် “အစ်ကိုကြီး ပြော တာတော့ အဲထဲက လူက ပညာရှိစံအိမ်တော်က လူတဲ့”
“ပညာရှိစံအိမ်တော် ဟုတ်လား” ဂေါင်မိသားစုဝင်သည် အံ့သြသဖြင့် အော်မိလိုက်သည်။
“အဲမှာ တိမ်တိုက်ဂူက လူလည်းပါတယ်လို့လည်း ပြောတယ်” ယွန်ဖန် ပြောလိုက်သည် “တိမ်တိုက်ဂူနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေက ရန်သူတွေပဲလေပြီးတော့ သူတို့က ပညာရှိစံအိမ်တော်နဲ့ ပေါင်းပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဆွဲချချင်နေတာ၊ သူနဲ့ အတူသွားမယ်ဆိုရင် ကျွန်တော်တို့် အန္တရာယ်များတယ် လို့ပြောတယ်”
“အဲဒါဆိုရင် ကျန်မိသားစုက ပညာရှိစံအိမ်တော်နဲ့ အဆက်အသွယ်ရှိတယ်ပေါ့” ဂေါင်ဖေးဖေး ပြောလိုက် သည် “ငါတို့်ကို လိုက်တဲ့လူတွေ အများစုက အဖြူရောင်ဝတ်ထားပြီး ဖြူစင်တဲ့ပုံတွေပဲ သူတို့က ပညာရှိ စံအိမ်တော်က လူတွေပဲ ဖြစ်ရမယ်”
“အစ်ကိုကြီးယွန်ရိက အံ့ဖွယ်အဆင့်ရောက်ဖို့ နည်းနည်းပဲလိုတော့တာ၊ သူ ပညာရှိစံအိမ်တော်က လူတွေနဲ့ ညှိနှိုင်းလောက်တယ် မလား” ဂေါင်ဖူ ပြောလိုက်သည်။
ယွန်ဖန် ခေါင်းရမ်းကာ သူတို့အား ကြည့်ပြီး ပြောလေသည် “အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေက ဒီကိစ္စမှာ အသားစီးမရတာ နှမြောစရာပဲ”
“ဘာလို့ အဲလိုပြောတာလဲ” ဂေါင်မိသားစုဝင်များသည် တုန်လှုပ်သွားလေသည် “ပညာရှိ စံအိမ်တော်က လူတွေနဲ့ တိမ်တိုက်ဂူက လူတွေက အင်အားကောင်းလို့လား၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေကလည်း အားကောင်းတယ်မလား”
“အဲဒါကြောင့် မဟုတ်ဘူး” ယွန်ဖန် ပြောလိုက်သည် “အံ့ဖွယ်နတ်ဆိုးတောင်ကြားက သူတို့ အင်အား ကြီး အဖွဲ့ဝင်တွေကို ခေါ်တယ်… ဒါပေမဲ့ ပညာရှိစံအိမ်တော်က လူမှာ စာချုပ်အထွတ်အထိပ်သားရဲရှိတယ်”