← Chapters

အပိုင်း (၃၆၃) – အကူအညီတောင်းခြင်း

Vol. 004 Ch. 363

အပိုင်း (၃၆၃) – အကူအညီတောင်းခြင်း

Vol. 004 Ch. 363

“ဘာ” ဂေါင်မိသားစုဝင်များသည် အော်လိုက်မိကြသည်။ ဂေါင်ဖေးဖေးသည် တင်းကြပ်သွားကာ အသက် ကို ခက်ခဲစွာ ရှုနေရလေသည်။ သူတို့တွင် အထွတ်အထိပ်သားရဲရှိပါက ဒီလောကအသေးမှာ အကာအကွယ်မဲ့ သွားပြီပေါ့။ ရှီမာယူယူနှင့် တခြားသူများကို တွေ့ရုံအပြင်မရှိတော့ပေ။ သူမသည် နှင်းလွှမ်းနေသော တောင်များ ကို ကြည့်ပြီး ပြောလေသည် “ငါတို့ အဲဒီကို သွားပြီး ကံကောင်းဖို့ စမ်းကြည့်ရတော့မှာပဲ”

ယွန်ဖန်သည် သူမ အားကြည့်ကာ မေးလိုက်သည် “သူ့ကို သွားရှာမယ်လို့ ပြောတာလား”

“သူက လွဲရင် တခြားနည်းလမ်းမရှိတော့ဘူး” ဂေါင်ဖေးဖေး ပြောလိုက်သည် “သူတို့ ငါတို့ကို ဘယ်လောက်တောင် ထောင်ချောက်ဆင်ထားမလဲ မသိဘူး၊ ပြီးတော့ ငါတို့ဘယ်လောက် ပြေးပြေး ရှာတွေ့မှာ ပဲ၊ သူတို့မှာတကယ် အထွတ်အထိပ်ရှိတယ်ဆိုရင် သူတို့အကူအညီမရှိရင် ဒီလောကအသေးကနေ ထွက်မသွား နိုင်လောက်ဘူး”

“ဒါပေမဲ့ ၆လတောင်ကြာသွားပြီ သူတို့က နှင်းဝံပုလွေမျိုးနွယ်မှာ ရှိမယ်လို့ထင်လား” ယွန်ဖန်သည် မသေချာစွာ ပြောလိုက်သည်။

“ငါတို့ ကံစမ်းကြည့်ရမှာပဲ အချိန်မရှိတော့ဘူး၊ ဒဏ်ရာတွေ ကုပြီးတာနဲ့ ခရီးတက်ကြ မယ်” ဂေါင်ဖေးဖေး ပြောလိုက်သည်။ “ငါတို့ သူ့ကို ရှာမတွေ့ရင် အစ်ကိုကြီးယွန်ရိ တစ်ခုခုဖြစ်သွားမှာကြောက်…”

“အဲဒါဆိုလည်း သွားကြမယ်” ယွန်ဖန် ပြောလိုက်သည်။ သူတို့ ထိုနေရာတွင် ရှိနေ မနေကို မသိသော်လည်း သူတို့ အလောင်းအစားလုပ်ကြည့်ရမည်။

“သွားမယ်” သူတို့အဖွဲ့သည် သားရဲပျံစီးကာ ယွန်မိသားစုဝင်များသည် ဒဏ်ရာများ ကုရင်းနှင့် လိုက်လာ လေသည်။ ဒဏ်ရာအပြင်းအထန်ရထားသော ယွန်ဖန်မှ လွဲ၍ အများစုသည် အဆင်ပြေကြသည်။ ယွန်ဖန်သည် နှင်းဝံပုလွေမျိုးနွယ် ဆီသို့ရောက်လျှင်တောင် ပျောက်ရန် မဖြစ်နိုင်သေးပေ။

“ရပ်လိုက် မင်းတို့ဘယ်သူတွေလဲ ငါတို့ တောင်ကို ဘာလို့လာတာလဲ” သူတို့တောင် အစွန်အဖျား  ရောက်သည်နှင့် နှင်းဝံပုလွေအုပ်စု၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။  နှင်းဝံပုလွေများသည် ရန်လိုကာ သူတို့ ရန်သူကို အချိန်မရွေး ရှင်းပစ်နိုင်သည့် အလားအလာရှိသည်။

“ကျွန်မက ရှီမာယူယူရဲ့ မိတ်ဆွေပါ ကျွန်မ မေးစရာရှိလို့ပါ သူတို့ ဒီမှာရှိသေးလားလို့ပါ” ဂေါင်ဖေးဖေး မေး လိုက်သည်။

“မင်းက ရှီမာသခင်လေးရဲ့ မိတ်ဆွေလား” သူတို့အား ဝိုင်းထားသော ဝိညာဉ်သားရဲတစ်ကောင်က ပြော လိုက်သည် “သူ့ မိတ်ဆွေဟုတ်လား မဟုတ်လားကို ငါတို့ ဘယ်လိုသိမှာလဲ”

“တကယ်ပါ သူပေးထားတဲ့ သက်သေလည်း ကျွန်မတို့ဆီမှာရှိပါတယ်” ဂေါင်ဖေးဖေး ပြောလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ” အဆင့်၆ အံ့ဖယ်သားရဲ လျှောက်လာကာ မေးလိုက်သည်။ ထိုအံ့ဖွယ်သားရဲသည် ရှီမာယူယူနှင့် ကျန်သောသူများကို အစွယ်ကွေးကျားဆီသို့ ပို့ပေးခဲ့သော ကျားဖြစ်သည်။

“ခေါင်းဆောင် သူတို့က ရှီမာသခင်လေးရဲ့ မိတ်ဆွေတွေလို့ ပြောနေတယ်၊ သူ့ကို လာရှာကြတာ”

အဆင့် ၆ အံ့ဖွယ်သားရဲသည် သူတို့အား ကြည့်ကာ ပြောလေသည် “ငါသူတို့ကို မှတ်မိတယ်၊ အရင်က သခင်လေး ရှီမာနဲ့ လာဖူးတယ်လေ” ထိုအချိန်က နှင်းဝံပုလွေဘုရင်နှင့်ရှိစဉ်က သူတို့ကို သေချာပေါက် မှတ်မိ သည်။

အဆင့်၆ အံ့ဖွယ်သားရဲပြောသည်ကို ကြားပြီးနောက် ဂေါင်မိသားစုဝင်များ ပြုံးသွားကြသည်။

“သူတို့ ဒီမှာရှိသေးလား” ဂေါင်ဖေးဖေး မေးလိုက်သည်။

“မရှိဘူး” အဆင့် ၆ အံ့ဖွယ်သားရဲ ပြောလိုက်သည် “သူတို့ ထွက်သွားခဲ့ပြီ”

“ဘာ” သူတို့ မျှော်လင့်ချက်များ ပျောက်ဆုံးသွားသလိုပင်။ သူတို့ ဒီမှာမရှိပါက ရှာရန် အလွန်ခက်ခဲ သွားလေပြီ။ သူမကို ရှာမတွေ့ပါက သူတို့အဖွဲ့သည် လောကအသေးမှ အသက်ရှင်လျက် ထွက်သွားရန် မလွယ် ပေ။

“ငါတို့ ဘာလုပ်ကြမလဲ သူ့ကို ရှာမတွေ့ရင် အစ်ကိုကြီးယွန်ရိကတော့….” ယွန်မိသားစုမှ မိန်းကလေး တစ်ယောက်လသည် ငိုလေသည်။

“ငါ စကားမဆုံးသေးဘူး၊ သူကတော့ ဒီမှာမရှိဘူး သူ့သူငယ်ချင်တော့ ရှိတယ်” အဆင့် ၆ အံ့ဖွယ်သားရဲ ပြောလေသည် “သူ့ကို ရှာချင်လား”

“ရတယ် သူတို့က ယူယူရဲ့ နေရာကို သိမှာပဲ” ဂေါင်ဖေးဖေး ပြောလိုက်သည် “သူတို့ကို အမှာ စကားပြော  ပေးနိုင် မလား”

“သူတို့ အခုကျင့်ကြံနေကြတာ ငါနဲ့လိုက်ခဲ့ကြ” အဆင့် ၆အံ့ဖွယ်သားရဲသည် သူတို့အား နှင်းဝံပုလွေ ဘုရင် နှင့် တွေ့ပေးရန် ခေါ်သွားကာ အခြေအနေအား ရှင်းပြလေသည် “ယူယူနဲ့ တခြားသူတွေက အစွယ်ကွေးကျား နယ်မြေကို သွားကြတယ်၊ ဒီမှာ နှစ်ယောက်ပဲ ကျင့်ကြံဖို့နေခဲ့တယ်၊ ရှီမာယူယူက တခြားမှာရှိနေတော့ လူလွှတ် ပြီး ကျိရွှီတို့ကို သတင်းသွားပေးခိုင်းလိုက်မယ်၊ ယူယူနဲ့ အဆက်အသွယ်လုပ်ဖို့ နည်းလမ်းရှိမှာပါ၊ မဟုတ်ရင် သူတို့ကို ရှာဖို့ အစွယ်ကွေးကျားနယ်မြေကို သွားရလိမ့်မယ်”

“ကျေးဇူးပါ နှင်းဝံပုလွေ ဘုရင်ကြီး” ဂေါင်ဖေးဖေး ပြောလိုက်သည်” သာမာန်လူသာလာလျှင် သူတို့သည် ထိုကဲ့သို့ ဆက်ဆံခံရမည် မဟုတ်ပေ။ သူတို့သည် ရှီမာယူယူနှင့် သိသောကြောင့် ထိုကဲ့သို့ ဆက်ဆံခံရခြင်း ဖြစ် သည်။

နှင်းဝံပုလွေဘုရင်သည် ဝေကျိရွှီနှင့် တုလေးကို ပြောရန် လူလွှတ်လိုက်ပြီး အဆင့်တက်သည့် အချိန် ရောက်နေသည်လားကို ကြည့်ခိုင်းလေသည်။ ဝံပုလွေငယ်သည် အနည်းငယ်စောင့်ပြီါ်နောက် အဆင့် တက်သည့် အချိန်မဟုတ်သည်ကို သိပြီးနောက်တွင် ဝင်သွားလေသည်။

“သခင်လေးဝေ” ဝံပုလွေသည် ဝေကျိရွှီအား ကြည့်ပြီး ပြောလေသည် “လူတစ်ယောက် လာရှာပါတယ်” ဝေကျိရွှီနှင့် တုလေးသည် အဆင့်တက်ရန် လုပ်သည့်အချိန်ဖြစ်ကာ သူတို့ခန္ဓာကိုယ်တွင် ပြောင်းလဲမှု ဖြစ်နေ သည်ကို ခံစားရသည်။ ဝံပုလွေ ပြောသည်ကို ကြားပြီးနောက် ရှီမာယူယူတို့ ပြန်လာသည်ဟု ထင်လိုက်ကြသည်။ သို့သော ရှီမာယူယူသာ ဖြစ်ပါက သူတို့သည် သူနှင့် တုလေးကို တိုက်ရိုက်လာရှာမည်ဖြစ်သည်။

“ဘယ်သူလာရှာတာလဲ” သူ မေးလိုက်သည်။

“သူတို့ကို မမြင်ဖူးပါဘူး၊ ဒါပေမဲ့ သူတို့က မင်းတို့မိတ်ဆွေတွေလို့ ပြောပါတယ်” ဝံပုလွေငယ် ပြောလိုက် သည်။

“ငါတို့ မိတ်ဆွေဟုတ်လား” ဝေကျိရွှီသည် မျက်မှောင်ကြုတ်လိုက်သည်။ ရှီမာယူလင်းတို့များ ဖြစ်မလား။

“အစ်ကိုကျိရွှီ ဂေါင်ဖေးဖေးတို့များဖြစ်ကြမလား” တုလေး မေးလိုက်သည်။

“ဖြစ်လောက်တယ်၊ သွားကြည့်ရအောင်” ဝေကျိရွှီ ပြောလိုက်သည်။ ဝေကျိရွှီနှင့် တုလေးသည် နှင်းဝံပုလွေ ဘုရင်၏ ဂူကိုသွားရာ အထဲတွင်ရှိသော လူများကို တွေ့သောအခါ တုလေး မှန်းတာ မှန်နေသည်။

“ကျိရွှီ” ဂေါင်မိသားစုဝင်များသည် သူ့အားတွေ့သောအခါ အလွန်စိတ်လှုပ်ရှားသွားကြသည်။

“မင်းတို့လား၊ ဒီနေရာကနေ ထွက်သွားကြပြီမလား၊ ဘာလို့ ပြန်လာတာလဲ” ဝေကျိရွှီ မေးလိုက်သည်။ လူအများစုသည် အခွင့်အရေးများ ရှာနေကြသည်ဖြစ်၍ ထွက်သွားပြီးသော နေရာကို ပြန်လာခဲကြသည်။

“ငါမင်းကို ရှင်းပြမယ်” ဂေါင်ဖေးဖေး ပြောလိုက်သည် “ရှီမာယူယူနဲ့ တခြားသူတွေကို ဆက်သွယ်လို့ ရလား”

“ဘာဖြစ်လို့လဲ” ဝေကျိရွှီသည် သူမ စိုးရိမ်သော အမူအရာအား ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ် ငါတို့ ဒုက္ခရောက်နေပြီ အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေလည်းပါ လာပြီ” ဂေါင်ဖေးဖေး ပြောလိုက်သည်။ ထို့နောက် ဖြစ်စဉ်တစ်ခုလုံးကို ရှင်းပြလေသည်။ သို့သော် အချိန်မရှိ သောကြောင့် အသေးစိတ်ကို ချန်ထားကာ ဝေကျိရွှီအား ပြောပြလေသည်။

“သူတို့ကို ဆက်သွယ်လို့ရမလား ကြိုးစားကြည့်မယ်” သူသည် မိခင်ကျောက်တုံးထုတ်ကာ ဝိညာဉ်စ စွမ်းအင် ထည့်သော်လည်း တုန့်ပြန်မှုမရှိပေ။ သူ မိခင်ကျောက်တုံးထုတ်လိုက်သည်ကို ယွန်မိသားစု သူတို့လည်း မိခင်ကျောက်တုံး အသုံးဝင်ပံကို သိသောကြောင့် မြင်သောအခါ အလွန်ဝမ်းသာသွားသည်။ တခြားတစ်ဖက်မှ မိခင်ကျောက်တုံးမှာ တုန့်ပြန်မှုမရှိသည်ကို တွေ့သောအခါ ပျောက်ရွှင်မှုများ အရည်ပျော်သွားလေသည်။

“သူတို့ ဒီကနေ ဝေးတဲ့နေရာရောက်နေလို့လား” ဝေကျိရွှီ စဉ်းစားလိုက်ရာ နောက် မိခင်ကျောက်တုံး  နောက်တစ်တုံးထုတ်ကာ ဝိညာဉ်စွမ်းအင် ထည့်ကြည့်လေသည်။

“ကျိရွှီလား” ဘေဂုံထန်၏ အသံသည် ကျောက်တုံးမှ ထွက်လာလေသည်။

“ဘေဂုံ မင်းတို့ အစွယ်ကွေးကျားနေရာမှာပဲ ရှိသေးတာလား” ဝေကျိရွှီ မေးလိုက်သည်။

“ဟုတ်တယ် ဘာလို့လဲ” ဘေဂုံထန် မေးလိုက်သည်။

“ယူယူရော ငါ သူ့ကို ရှာနေတာ ဒါပေမဲ့ သူ့ မိခင်ကျောက်တုံးကို ဆက်သွယ်လို့မရလို့” ဝေကျိရွှီ မေး လိုက်သည်။

“သူက ငါတို့နဲ့ မရှိဘူး” ဘေဂုံထန် ပြောလိုက်သည်။

“သူဘယ်သွားတာလဲ”

“ငါထင်တာတော့ မြေအောက်မှာ ဟာစွန်နဲ့ရှိနေတယ်၊ သူတို့ ကျင့်ကြံနေလောက်တယ်၊ သူ့ကို အရေးတကြီးရှာတဲ့ပုံပဲ တစ်ခုခုဖြစ်လို့လား”

ဝေကျိရွှီသည် အခြေအနေတစ်ခုလုံးကို ပြန်ရှင်းပြလေသည်။ အားလုံးစိတ်ထဲတွင် လေးနေကြသည်။

“ယူယူ ဆင်းသွားပြီးကတည်းက တစ်လလုံး ပြန်မလာဘူး၊ ငါတို့လည်း သူ့ကို မဆက်သွယ်ဖူးဘူး၊ သူ့ကို ဆက်သွယ်လို့ရမလား မသေချာဘူး ဒါပေမဲ့ ခဏလေး ငါတို့ သူ့ကို ဆက်သွယ်ကြည့်မယ်၊ သူ့ကို ရှာကြည့်မယ်..”

ဘေဂုံထန်၏ စကားစပြတ်သွားပြီးနောက် ဝေကျိရွှီဘက်မှ ပြန်ခေါ်သော်လည်း တုန့်ပြန်မှု မရှိပေ။ ခဏ အကြာတွင် ဘေဂုံထန်၏ အသံသည် မိခင်ကျောက်တုံးမှ ထပ်ထွက်လာသည်။

“သူ့ကို ထပ်ရှာဖို့ မလိုတော့ဘူး၊ အဲကောင် အသက်ရှိသေးတယ်”

All Chapters