← Chapters

အပိုင်း (၃၆၄) – စံတင်ဝိညာဉ်

Vol. 004 Ch. 364

အပိုင်း (၃၆၄) – စံတင်ဝိညာဉ်

Vol. 004 Ch. 364

အစွယ်ကွေးကျားနယ်မြေတွင်….ကန်မှ ဝိညာဉ်စွမ်းအင်အများစုကို စုပ်ယူပြီးနောက် ပြီးခဲ့သည့် ၈လ ၉လ အတွင်းတွင် သူတို့သည် ထိုနေရာတွင်နေရာခြင်းကြောင့် လေးယောက်သည် အဆင့် ၂ဆင့် ၃ဆင့် တက်ကြေ လေသည်။ သို့သော် သူတောင်စင်အဆင့်တက်ပြီးနောက် နောက်တစ်ဆင့်တက်ရန် နှစ်အနည်းငယ် လိုသေး သည်။ ဖက်တီးကျူသည် နောက်ဆုံးတွင် ဝိညာဉ်နယ်ရှင်အဆင့်ကို ကျော်ဖြတ်ကာ ဝိညာဉ်သူတော်စင် အဆင့် ရောက်လေသည်။ သို့သော် သူသည် သူတို့ထဲတွင် အနှေးဆုံးဖြစ်သည်။ သို့သော် ထိုလောက အသေးတွင် သူ့အရည်အချင်းမှာတော့ ကြောက်ရမည့်အထဲတွင် ပါသည်။ ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည် ၃ဆင့် တက်ကာ ဖက်တီးကျူနှင့် အလှမ်းကွာသွားလေသည်။ ဖက်တီးကျူ စောဒက မတက်ခင်တွင် ဝေကျိရွှီဘက်မှ သတင်းဆိုး ကြားလိုက်ရသည်။ သူ့ဒေါသ မထွက်ရခင်ပင် တခြားဖက်မှ သတင်းကြောင့် အားလုံး၏ အာရုံသည် ထိုဆီသို့ ရောက်သွားကြသည်။

လူသားများ၏ ဒေါသများ ရောထွေးနေသော တိုက်ပွဲများတိုက်နေစဉ်တွင် သူတို့အနောက်မှ နံရံနောက် တွင်လည်း ကျောက်ရည်ပူများအကြားတွင် စွမ်းအင် တိုက်ပွဲတိုက်နေရသည်။ သူတို့သည် ထိုနေရာသို့ ဝင်ရန် နည်းလမ်းရှာရန် ကြိုးစားနေချိန်တွင် ရှီမာယူယူသည် အလွန်ပင်ပန်းနေသော ပုံဖြင့် ထွက်လာသည်။ ရှီမာယူယူ ၏ အဝတ်များသည် မီးကျွမ်းထားကာ သူ့ခန္ဓာကိုယ်တစ်ဝက်သည် အနက်ရောင် မီးလောင်ရာများ စွဲသည်ကို သူတို့ မြင်သည်နှင့် ခေတ္တမျှ အံ့သြသွားသော်လည်း နောက်တွင် ရယ်မောကြလေသည်။

“ဘေဂုံ ပြောပါဦး ဟိုဘက်မှာ ဘာတွေဖြစ်နေတာလဲ၊ ဝေကျိရွှီက မိခင်ကျောက်တုံးကနေ ပြောနေတာ မလား”

ဘေဂုံထန်သည် ရယ်ချင်စိတ်ကို မြိုသိပ်ရန် ကြိုးစားကာ ပြောလိုက်သည် “ငါတို့ သူ့ကို ဆင်းရှာဖို့ မလိုဘူး အဲကောင် အသက်ရှင်နေတယ်၊ မင်းကို ခဏနေရင် ဆက်သွယ်မယ်” ထို့နောက် သူမ မိခင်ကျောက်တုံး အားချလိုက်သည်။

“ညီလေး ၅ ဘာဖြစ်လာတာလဲ” ရှီမာယူလီသည် ရယ်ချင်စိတ်ကို မြိုသိပ်ကာ မေးလိုက်သည်။ ရှီမာယူလီ ၏ အကူအညီဖြင့် ရှီမာယူယူ မတ်တတ်ရပ်ကာ သူမ စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်မှ  အနက်ရောင် အခိုးများ ထွက်လာလေသည်။

“ရူးတော့မလိုပဲ ငါတို့ အသက်ရှင်လျက် အကင်ခံထားရတယ်၊ ကိုယ့်ကိုယ်ကို တောင် မမှတ်မိတော့ဘူး” သူမသည် ဝိညာဉ်စေတီအတွင်း ဝင်လိုက်သည်။ သူမ ထိုအထဲတွင် နေ့တစ်ဝက်နေပြီးအကြာတွင် ဒဏ်ရာ များ ပျောက်သွားလေသည်။

“ညီလေး ၅ မင်း ၆လလောက် ပျောက်သွားတာဆိုတော့ဘာတွေ ဖြစ်ခဲ့လဲ” ရှီမာယူလီ မေးလိုက်သည်။

“မပြောပါနဲ့တော့” ရှီမာယူယူသည် ထိုအချိန်အတွင်း ကြုံခဲ့ရသမျှကို စဉ်းစားကာ ခါးသီးသော အမူအရာ ဖြင့် မပြောချင်သလို လက်ရမ်းပြလေသည်။

“ယူယူ မင်း စံတင်ဝိညာဉ်ဖြစ်သွားပြီလား” ဝူရန်ဖေသည် အံ့သြစွာ မေးလေသည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လေသည်။

ထိုအရာသည် ဒီတစ်ကြိမ်တွင် အကောင်းဆုံးဖြစ်မည်။ သူမ တစ်နေ့လုံး အကင်ခံရပြီးနောက်တွင် မီးတောက်ကို ထိန်းချုပ်ရန် သူမ စွမ်းအင်အားလုံးကို သုံးရန်အပြင် မရှိသည့်ပုံပင်။ သူမ အရည်အချင်းများ လျင်မြန်စွာ တက်လာချိန်တွင် အချိန်သည်လည်း ကုန်ခဲသည်။ သူမ အဆင့်တက်ချိန်တွင် သူမ ပတ်ပတ်လည်မှ  ကျောက်ရည်ပူများသည် ပေါက်ကွဲလေသည်။ ထိုအချိန်တွင် သူမအတွက် ကြက်သွေးရောင် မီးတောက် လုပ်ပေးထားသော အတားအဆီးမှာလည်း မခံနိုင်ပဲ ပေါက်ကွဲလေသည်။ သူမ ထွက်ပြေးတာ မမြန်ပါက သေသွား လောက်ပြီ။

“ယူယူ မင်း တံခါးဖျက်ပြီး စံတင်ဝိညာဉ်ဖြစ်လာတာပဲ ဒီအတားအဆီးက ဖြတ်လို့ ခက်တယ်လို့ မပြောဘူးလား” ဖက်တီးကျူ အော်လိုက်သည်။ သူသည် ဝိညာဉ်သူတော်စင်အဆင့်သာ ဖြစ်ကာ ဒီကောင်သည် တစ်ခါတည်း စံတင်ဝိညာဉ်ဖြစ်လာတာ၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့လူလဲ။

ထိုအတားအဆီးမှာ ဖြတ်ကျော်ရန် ခက်သည်ကို ရှီမာယူူယူ သဘောတူသည်။ သူမ ထိုနေရာတွင် ရှိစဉ် က အဆင့် ၄ဆင့်တက်ကာ သူတော်စင်ဝိညာဉ်ဖြစ်လာပြီး နောက်သုံးလအကြာတွင် စံတင်ဝိညာဉ်အထိ အဆင့် တက်လာသည်။

“၉လအတွင်းကို အဆင့် ၅ဆင့်တက်လာတာပဲ အဆင့် ၅ သူတော်စင်ကနေ အဆင့် ၁ စံတင်ဝိညာဉ်ပဲ.. ငါသာ အစောကသိခဲ့ရင် ငါလည်း အောက်ဆင်းပြီး လေ့ကျင့်ပါတယ်” ဖက်တီးကျူ အော်လေသည်။ ဘေဂုံထန် နှင့် တခြားသူများသည်လည်း သူမအား အားကျစွာ ကြည့်လေသည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ကြက်သွေးရောင်မီးတောက်ရဲ့ အကာအကွယ်ကြောင့် သာ မဟုတ်ရင် ငါလည်း ပြန်မလာခင်ကို ကြွတ်နေလောက်ပြီ”

“အဲလောက် အန္တရာယ်များတာလား အဲအောက်မှာ ဘာရှိတာလဲ” တစ်ဖွဲ့လုံး အံ့သြသွားလေသည်။ ကြက်သွေးရောင်မီးတောက်၏ အတားအဆီးမှာ အလွန်အားကောင်းသည်ကို သူတို့သိကြသည်။ ထိုအတား အဆီးသည် ကာကွယ်ရုံလောက်သာဖြစ်သည့် အချက်မှာ သူတို့သာ ဝင်သွားပါက အားလုံး အကင်ခံရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ရှီမာယူယူသည် ဖြစ်ပျက်သမျှကို ရိုးရှင်းစွာ ရှင်းပြသော်လည်း အားလုံးသည် ထိတ်လန့်တုန်းပင်။ ထိုနေရာများသည် ရှီမာယူယူကဲ့သို့ ထူးဆန်းသော သူများအတွက်ပင် ရှိမည်။

“ဟုတ်သားပဲ ငါ ထွက်လာတော့ မင်း ဝေကျိရွှီနဲ့ စကားပြောနေတာမလား၊ ဘာဖြစ်လို့လဲ သူလည်း ထွက်လာပြီလား”

“မဟုတ်ဘူး တစ်ခုခုဖြစ်နေတာ” ဘေဂုံထန် ပြောလိုက်သည်။

“ရှီမာယူလင်းတို့လား”

“မဟုတ်ဘူး ဂေါင်ဖေးဖေးတို့အဖွဲ့က နှင်းဝံပုလွေတို့ဆီလာပြီး ငါတို့ကို လာရှာတာ နင့်ကို ဆက်သွယ် ပေးဖို့ ပြောတာ၊ ဒါပေမဲ့ နင့် မိခင်ကျောက်တုံးက ဘာမှမတုန့်ပြန်လို့ ငါ့ကိုခေါ်လာတာ” ဘေဂုံထန် ပြောလေသည်။

“ဂေါင်ဖေးဖေးတို့လား ဘာလို့ ငါတို့ကို ရှာတာလဲ”

“ဒီလို…” ဘေဂုံထန်သည် ဝေကျိရွှီ ပြောသမျှကို ပြန်ပြောပြလေသည်။ ရှီမာယူယူ အကြောင်းစုံ ကြား သောအခါ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေလည်း ဝင်လာ လိမ့်မယ်လို့ မထင်ထားဘူး၊ ဂူနဲ့ ပညာရှိစံအိမ်တော်က လူတွေပေါင်းပြီး သူတို့ကို သတ်ရဲမယ်လို့ ထင်မထားဘူး သူတို့ သခင်လေးရှိတယ်ဆိုတာ မသိဘူးထင်တယ်”

“မင်းရှိနေတာ သူတို့ မသိလောက်ဘူး” ဝူရန်ဖေ ဖြတ်ပြောလေသည်။

“အဆွတ်” ရှီမာယူယူ ဝူရန်ဖေအား ကြည့်လိုက်သည်။ သူက သူမကို တခမ်းတနားပြောလိုက်တာလား။ “အဲလိုဆိုရင် သူတို့ဆီသွားမယ်လေ”

“ယူယူ အခုအမြန်သွားကြမယ်” ဘေဂုံထန် မေးလိုက်သည်။

“မလောနဲပ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့မှာ ဟာစွန်ရှိတယ်ဆိုပေမယ့် သူတို့မှာလည်း အထွတ်အထိပ် သားရဲ ရှိတယ်လို့ ပြောတယ်မလား၊ အဲလိုဆိုရင် ငါတို့် အကူအညီတောင်းရမယ် မီးတောက် ဘုရင်ဆီသွားမယ်”

မီးတောက်ဘုရင်နှင့် ကျားအိုကြီးများသည် သူတို့ထွက်သွားမည့်အကြောင်းကို ဆွေးနွေးနေကြသည်။ ရှီမာယူယူတို့ ဝင်လာသည့်အချိန်မှစ၍ သူတို့သည် ထိုနေရာသို့ မရောက်လာခဲ့ပဲ အထဲတွင် ဖြစ်ပျက်သည့် ကိစ္စများကို မမြင်ခဲ့ပေ။ အချိန် ၁နှစ်သည် နီးကပ်လာကာ သူတို့၏ စိုးရိမ်မှုမှာလည်း မြင့်တက်လာကာ သူတို့ ထိုနေရာမှ ထွက်သွားသင့် မထွက်သွားသင့်မှာ မသေချာတော့ပေ။ သို့သော် ရှီမာယူယူနှင့် တခြားသူများ ဘယ်လိုဖြစ်သည်ကို မတွေ့ရသဖြင့် ပိုစိုးရိမ်ကြသည်။

“ဘုရင်ကြီး…” အစွယ်ကွေးကျားတစ်ကောင်သည် အပြင်မှ စိတ်လှုပ်ရှားစွာ ပြောလေသည် “အဲလူတွေ.. ထွက်လာပါပြီ”

“တကယ်လား” မီးတောက်ဘုရင်သည် စိတ်လှုပ်ရှားစွာ ပြောလေသည်။

“တကယ်ပါ သူတို့ အခုလာနေကြပြီ ရောက်တော့ပါမယ်”

“သူတို့ရောက်တာနဲ့ ခေါ်ခဲ့ပါ” မီးတောက်ဘုရင် အမိန့်ပေးလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများသည် အစောင့်နောက်လိုက်ကာ မီးတောက်ဘုရင်၏ ဂူအတွင်း ဝင်ခဲ့ကာ အစောင့်သည် သူတို့အား ထိုနေရာသို့ တိုက်ရိုက်ခေါ်သွားလေသည်။ သူတို့ဝင်လိုက်သည်နှင့် တစ်စုံတစ်ရာ  ဆွေးနွေးနေကြသည်ကို တွေ့လိုက်ကြသည်။ သို့သော် သူတို့ဝင်လာသည်နှင့် ဆွေးနွေးမှုပြီးသွားကြလေ သည်။

“မင်းတို့ထွက်လာကြပြီလား” ကျားအိုတစ်ကောင် ပြောလိုက်သည်။

“ဒီကနေ ဘာတွေဖြစ်နေတာလဲဆိုတာ မမြင်ရဘူး အကုန်အဆင်ပြေကြလား” မီးတောက် ဘုရင် မေးလိုက်သည်။

“အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ ထွက်လာပြီဆိုတော့ ဆုံးဖြတ်ချက်က ချပြီးပြီလားမသိဘူး”

“ဆုံးဖြတ်ပြီးပါပြီ ငါတို့ မင်းကမ်းလှမ်းချက်ကို လက်ခံပါတယ်၊ ငါတို့ နောက် နှစ် ၁၀၀ကို မင်းကို ပေးဆပ် မယ်” ယုံယန် ဘာမှ မပြောခင်တွင် ကျားအိုတစ်ကောင်သည် ပြောလိုက်သည် “ငါတို့် ဘယ်အချိန် သွားကြမလဲ”

ရှီမာယူယူသည် မီးတောက်ဘုရင်အား ကြည့်လိုက်ရာ မီးတောက်ဘုရင်သည် ကျားအိုကြီး ပြောသော စကားကို သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်သည်။

“ကောင်းပြီ အရှင်တို့်အားလုံး သဘောတူမှာတော့ မျိုးနွယ်တွေအကုန်ခေါ်ပြီး ချက်ချင်း ထွက်သွားကြ မယ်”

All Chapters