← Chapters

အပိုင်း(၃၇၂)

Vol. 25 Ch. 372

အပိုင်း(၃၇၂)

Vol. 25 Ch. 372

ရှစ်ဖုန့်က အစိမ်းရောင်ကျောက်စိမ်း

ပုလင်းအား အသုံးဝင်သည် မဝင်ကို ဂရုစိုက်မနေဘဲ ယူထားလိုက်သည်။နတ်ဆရာမကြီးအား ကျေးဇူးတင်စကားဆိုပြီးနောက် ကျောက်စိမ်းပုလင်းအားသူ၏

သိုလှောင်လက်စွပ်အတွင်းသို့

ပစ်ထည့်လိုက်သည်။ထို့နောက်သူက သွေးကျောက်ပြား နေရာလွတ်အတွင်းရှိ မိုယန်နှင့် သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ဆက်သွယ်လိုက်ပြီး မေးလိုက်သည်။

“အဘိုးကြီးမို ဒီသခင်လေး  မြွေလူသားတွေဆီကနေ အမျိုးသမီးငယ်လေးရဲ့သွေးကိုရခဲ့တယ်..

ဒါပေမဲ့ သူမရဲ့ကျင့်ကြံမှုအဆင့်ကို ဘိုးဘေးနယ်ပယ်ထိရောက်ဖို့အတွက် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တယ်..အဲ့သွေးက အသုံးပြုလို့ရလား”

ထို့နောက်တွင် ရှစ်ဖုန့်မှာမိုယန်၏အသံအား

သူ၏စိတ်ထဲတွင်ကြားလိုက်ရသည်။

“သီအိုရီအရပြောရမယ်ဆိုရရင်တော့  ဖြစ်နိုင်လိမ့်မယ်..ဒါပေမဲ့  သူ့ရဲ့ကျင့်ကြံမှုကိုမြင့်တင်ဖို့အတွက် မင်းကလျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့တာကြောင့် တကယ့် ဘိုးဘေးနယ်ပယ်အမျိုးသမီးငယ်ရဲ့ သွေးကို မင်းရအောင်လုပ်နိုင်လိမ့်မယ်လို့တော့ငါမထင်ဘူး..အဲ့တာကို နောက်မှစမ်းကြည့်ရမှာပဲ”

“ကောင်းပြီ..”

ယင်းကသူလုပ်နိုင်သမျှအရာသာဖြစ်သည်။

ဘာမှမရှိခြင်းထက်တော့ယင်းကပိုမို၍ ကောင်းမါန်သည်ဖြစ်သည်။

“နတ်ဆရာမကြီး ကျိလီမြွေခန္ဓာနဲ့ပက်သက်ပြီး

တစ်ခုခုဖြစ်ပျက်ခဲ့တယ်”

ဤအချိန်တွင် ဇီယာက သူမ၏မျက်နှာအားနတ်ဆရာမ

ကြီးထံသို့ထပ်မံလှည့်၍ အားနည်းသောလေသံဖြင့်ပြောလိုက်သည်။ သူမ၏မျက်နှာထက်တွင် သူမ၏ဝိညာဉ်အသိနေရာအတွင်း

ရှိနေတုံးကကဲ့သို့  ကိုယ့်ကိုယ်ကိုယ်အပြစ်ဖို့စိတ် အပြစ်ရှိသည်ဟုခံစားရသည့်

စိတ်တို့ဖြင့်ပြည့်နှက်နေသည်။

“ဘာ”

ဇီယာ၏ စကားတို့အားကြားရသောအခါတွင် အဘွားအို၏မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။

“ဘ”

“ကျိလီမြွေခန္ဓာက တစ်ခုခုဖြစ်ခဲ့တယ်....သမီးဘာကိုဆိုလိုတာလဲ”

“မင်းသမီးဇီယာ ကျိလီမြွေခန္ဓာက ဘာများဖြစ်ပျက်ခဲ့တာပါလဲ”

“ဟုတ်ပါတယ် မင်းသမီး”

ရုတ်ချည်းဆိုသလို   ယဇ်ပူဇော်ခန်းမအတွင်းရှိ

မြွေလူသားများ၏မျက်နှာမှာ သိသိသာသာကိုပြောင်းလဲသွားသည်။

ကျိလီမြွေခန္ဓာ မှာ သူတို့မြွေလူသားမျိုးနွယ်စု၏

မျှော်လင့်ချက်ဖြစ်သည်။ မြွေလူသားမျိုးနွယ်စုအတွက် ယင်းကသူတို့၏အသက်ထက်ပိုမို၍ အရေးကြီးသည်ဖြစ်၏။  အကယ်၍ကျိလီမြွေန္ဓာသာမရှိတော့လျှင် ကျိလီမြွေနတ်ဘုရားအနေဖြင့်

 ကမ္ဘာပေါ်တွင် ဘယ်တော့မှထပ်မံ၍ ပေါ်လာတော့မည်မဟုတ်တော့ပေ။

“ကျ..ကျွန်မ .မသိဘူး”

ဇီယာကသူမခေါင်းလေးကိုငုံ့လိုက်သည်။ သူမ၏မျက်နှာထက်တွင် အပြစ်ရှိစိတ်များဖြင့်ပြည့်နှက်နေသည်။ ဤအချိန်၌သူမနေဖြင့် မြွေလူသားမျိုးနွယ်ဝင်များအား  ထပ်မံတွေ့ရန်အရှက်ရသလိုခံစားရသည်။  သူမအနေဖြင့်သူမပခုံးထက်ရှိ

တာဝန်အားကျဆုံးခဲ့ပြီးသူတို့

အားစိတ်ပျက်စေခဲ့သည်ဖြစ်သည်။

“တော်လောက်ပြီ…မင်းတို့ရဲ့မြွေက ဖျက်ဆီးမခံရသေးဘူး..ကြိုတင်

မတွက်ထားတဲ့ဖြစ်ရပ်အချို့ပဲဖြစ်ပွားခဲ့တာ…”

ရှစ်ဖုန့်ကမြွေလူသားများအားပြောလိုက်သည်။

“တစ်ခုခုဖြစ်ခဲ့တာလား..ဘာဖြစ်ခဲ့တာလဲ.. အရှင်ရှစ်ဖုန့် ကျေးဇူးပြုပြီး   ခရမ်းရောင်မြွေခန္ဓာက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်ုပ်တို့ကိုပြောပြပေးပါ”

“ဟုတ်ပါတယ် အရှင်ရှစ်ဖုန့်  …ကျေးဇူးပြုပြီးတော့ ရှင်းရှင်းလင်းလင်းရှင်းပြပေးပါ..

ကျိလီမြွေခန္ဓာနဲ့ ကျိလီမြွေနတ်ဘုရားပြန်လာခြင်းက  ကျွန်ုပ်တို့မြွေလူသားတွေအတွက် နှစ်ထောင်ပေါင်းများစွာအကြာကတည်းက မျှော်လင့်ချက်တစ်ခုပါ”

“ဟုတ်ပါတယ်..အရှင်ကျွန်ုပ်တို့ကို ရှင်းရှင်းလင်းလင်းပြောပြမှရပါမယ်”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် မြွေလူသားအဖွဲ့ဝင်များက  ရှစ်ဖုန့်ဘက်သို့လှည့်လိုက်ပြီး သူ၏အမြင်အားမေးလိုက်ကြသည်။

သူတို့၏ စိတ်လှုပ်ရှားမှုများကြောင့်  ရှစ်ဖုန့်အပေါ်ယခင်ကသူတို့၏

လေးစားမှုများပင်ပျောက်ဆုံးသွားသည်။

ရှစ်ဖုန့်၏ညာလက်အားလက်သီး

ဆုပ်အဖြစ်ဆုပ်လိုက်သည်။ သူ၏ လက်သန်းသာလျှင် တည့်မတ်စွာကျန်ရစ်နေခဲ့သည်။

ရုတ်တရက် တီကောင်အရွယ်စားလောက်ရှိသော သေးငယ်သည့်ခရမ်းရောင်မြွေလေးက  သူ၏လက်သန်းမှထွက်လာပြီး သူ၏လက်ချောင်းထိပ်တွင်ရစ်ခွေနေ၏။

“ဒါက..ဒါက ခရမ်းရောင်မြွေရဲ့ခန္ဓာကိုယ်ပဲ”

“ဟုတ်တယ် ဒါကခရမ်းရောင်မြွေခန္ဓာပဲ . ..ဘယ်လိုဖြစ်ပြီးတော့အဲ့တာက အရမ်းသေးနေရတာလဲ..ပြီးတော့ဘာလို့  ငါတို့မြွေလူသားမျိုးနွယ်စုရဲ့

ခရမ်းရောင်မြွေခန္ဓာက  အရှင်ရှစ်ဖုန့်ပေါ်မှာရှိနေရတာလဲ”

“မင်းတို့က ဒါကိုသေးတယ်လို့ထင်နေကြတာလား”

မြွေလူသားများ၏စကားအား

ကြားပြီးသည့်နောက် ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်ကတွန့်

ကွေးသွားပြီး ထီမထင်ဟန်ဖြင့်ပြုံးလိုက်သည်။

ထို့နောက်မြွေလေးအား ကောင်းကင်ထဲသို့ပစ်တင်လိုက်သည်။

ထို့နောက်ထိတ်လန့်နေကြသော  လူအုပ်၏အကြည့်များအောက်တွင်ပင် ခရမ်းရောင်မြွေလေး၏ ကိုယ်ခန္ဓာက တစ်ဟုန်ထိုးကြီးမားလာသည်။

အစောပိုင်းက ချစ်ဖို့ကောင်းသော မြွေလေးက  တောင်ကုန်းသေးလေးအရွယ်

အစားခန့်ရှိသော ဧရာမမြွေတစ်ကောင်အဖြစ်သို့

ပြောင်းလဲသွားသည်။  ၎င်းကဤလွန်ပြင်းထန်အားကောင်းသော ဖိအားတို့ကိုထုတ်လွှတ်နေ၏။

၎င်း၏ကြမ်းကြုတ်ခက်ထန်သောမျက်နှာအားငုံ့၍ ၎င်း၏ မီးအိမ်အရွယ်အစားခန့်ရှိသော

မျက်လုံးနှစ်လုံးဖြင့်  စိုက်ကြည့်နေသည်။

ထို့နောက်တွင် ဧရာမခရမ်းရောင်မြွေကြီးက  ၎င်း၏ကြီးမားသောပါးစပ်အားဖွင့်ဟ၍ ကြမ်းကြုတ်ပြီး ဓားကဲ့သိုထက်ရှသော ချွန်မြသည့်သွားစွယ်တန်းနှစ်ခုအား  လှစ်ဟာပြသလိုက်သည်။

“ရွှီး”

ဒေါသအမျက်ချောင်းချောင်းထွက်နေသော ဟိန်းဟောက်သံတစ်ခုက ယဇ်ပူဇော်ခန်းမဆောင်တစ်ခုလုံးအား  နောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်စွာ  လှုပ်ခါသွားစေသည်။

“အား”

ခရမ်းရောင်မြွေ၏ ဒေါသတကြီး ဟိန်းဟောက်သံနှ့်ဖိအား တို့အား  

ရင်ဆိုင်ပြီး  မြွေလူသားများမှာ ထိန်းထားနိုင်ခြင်းမရှိဘဲ  တုန်ယင်သွားကြသည်။ ဤဧရာမမြွေကြီး၏နေရှေ့တွင်  သူတို့က အားနည်းသော ပုရွက်ဆိတ်များကဲ့သို့သပင်ဖြစ်သည်။

“ငါတို့မျိုးနွယ်စုရဲ့ခရမ်းရောင်

မြွေခန္ဓာကိုယ်ပွားပဲ”

“နတ်ဘုရားကို ရှိခိုးကြ”

“နတ်ဘုရားကိုရှိခိုးကြ”

“နတ်ဘုရားကို ရှိခိုးကြ”

ထို့နောက်  နတ်ဆရာမကြီးနှင့်ဇီယာတို့အပါအဝင် မြွေလူသားများမှာတစ်ယောက်ပြီး

တစ်ယောက် သူတို့၏  အမြှီးများအားပင့်မြှောက်ပြီး ကျိလီမြွေနတ်ဘုရားကိုယ်ပွားအား ရိုသေကိုင်းရှိင်းစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ဇီယာက သူမ၏ခေါင်းလေးအားအနည်းငယ်

လှည့်၍ ခန်းမထဲ၌ တစ်ယောက်တည်းရပ်နေသူဖြစ်

သောရှစ်ဖုန့်အား  စိတ်ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။

အတွေးတစ်ချက်ဖြင့်  ခရမ်းရောင်မြွေခန္ဓာကိုယ်ပွားမှာ တစ်ဟုန်ထိုးကျုံ့ဝင်လာပြီး  လျှင်မြန်စွာဖြင့်  သေးငယ်သောခရမ်းရောင်မြွေ

လေးအဖြစ်သို့ပြောင်းလဲသွားသည်။ ၎င်းက ခရမ်းရောင်အလင်းတန်းလေး

အဖြစ်သို့ပြောင်းလဲသွားပြီး  ရှစ်ဖုန့်ထံသို့ပျံသန်းလာ၏။

ထို့နောက်ရှစ်ဖုန့်၏လက်သန်း

တွင်ရစ်ခွေနေသည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ထိန်းချုပ်လှုံ့ဆော်မှုအောက်တွင်  ခရမ်းရောင်မြွေခန္ဓာကိုယ်ပွား၌ သူနှင့်သခင်နှင့်အစေခံစာချုပ်တစ်ခုရှိလာသည်။ ဤအချိန်၌ ဤကြမ်းကြုတ်သောမြွေမှာသူ

၏ထိန်းချုပ်မှုအောက်သို့လုံး

ဝကျရောက်နေခဲ့ပြီဖြစ်သည်။

ခန်းမအထက်ကောင်းကင်ထဲတွင်  ဧရာမခရမ်းရောင်မြွေကြီးက

ပျောက်ကွယ်သွားသည်။ဤအချိန်၌ မြွေလူသားများက ရှစ်ဖုန့်အား ရှုပ်ထွေးသောမျက်နှာထားများ

ဖြင့်ကြည့်လိုက်ကြသည်။သူတို့က  ရှစ်ဖုန့်၏လက်ချောင်းထိပ်ရှိ အရုပ်လေးကဲ့သို့သော ခရမ်းရောင်မြွေလေးအား

ကြည့်နေကြသည်။

မြွေလူသားများ၏အကြည့်တို့ကိုကြည့်၍ ရှစ်ဖုန့်ကအေးအေးဆေး

ဆေးပင်ပြောလိုက်သည်။

“တကယ်တော့ဒီသခင်လေးက ဒါကို ရယူဖို့မရည်ရွယ်ခဲ့ဘူး.ဒီအသေးလေးက ဒီသခင်လေးကိုတွေ့တဲ့အခါမှာ သခင်အဖြစ်အသိအမှတ်ပြုတာ

ကိုခွင့်ပြုပေးဖို့မရမကတောင်းဆိုခဲ့တယ်… ဒီသခင်လေးအနဲ့အဲ့တာကို ငြင်းချင်ရင်တောင်မတက်နိုင်ခဲ့ဘူး…

ဒီသခင်လေးလဲ သဘောမတူချင်ဘဲနဲ့ လက်ခံလိုက်ရတာပဲ..”

ရှစ်ဖုန့်၏စကားတို့အားကြား

လိုက်ရသောအခါတွင်‌ မြွေလူသားများမှာ ပြောစရာစကားမဲ့သွားသည်။

သို့သော် သူတို့၏ မျက်နှာထားများအရ သူတို့အနေဖြင့် စိတ်မကောင်းဖြစ််နေကြသည်မှာသိသာသည်။ သူတို့၏ကြီးမြတ်ပြီး ဂုဏ်သိက္ခာကြီးမားသော မြေနတ်ဘုရား၏ကိုယ်ပွားက ဤလူသားအား ၎င်း၏သခင်အဖြစ်အသိအမှတ်ပြုခဲ့သည်။

ဤလူသားကအရမ်းစွမ်းအားကြီး

သော်လည်းသူတို့အတွက်ယင်း

အားလက်သသခင့်ခံနိုင်ရန်ခက်ခဲလေသည်။

“ငါသိပြီ..ငါသိပြီ ဒါကနတ်ဘုရားပဲ.. ရှေးဟောင်းဟောစာတမ်းမှာ နတ်ဘုရားက ကိုယ်ပွားခုနှစ်ခုကို စုစည်းပြီးတော့ ကျိလီမြွေခန္ဓာကို ကမ္ဘာပေါ်မှာပြန်လည်ပေါ်လာ

အောင်လုပ်ဖို့အတွက်

ငါတို့မျိုးနွယ်စုကို တမာန်တော်တစ်ယောက်စေ

လွှတ်လိမ့်မယ်လို့ပြောခဲ့တယ်..အရှင်ရှစ်ဖုန့်က နတ်ဘုရားစေလွှတ်တဲ့ တမာန်တော်ပဲဖြစ်ရမယ်..  နတ်ဘုရားရဲ့မမြင်နိုင်တဲ့လမ်း

ညွှန်ပြသမှုအောက်မှာ သူကငါတို့ကို လမ်းညွှန်ပြသပြီးတော့  ကမ္ဘာကြီးပေါ်မှာနတ်ဘုရား

ပြန်ရောက်ရှိလာဖို့ကို

လုပ်ဆောင်ပေးလိမ့်မယ်”

မြွေလူသားများ၏  စိတ်ရှုပ်ထွေးနေကြသော အမူအယာများကိုကြည့်၍  သူတို့ဘာကိုတွေးနေကြသည်

ဆိုသည်အားနတ်ဆရာမကြီးသိလိုက်သည်။ သို့သော် ဤအချက်ကြောင့် မြွေလူသားများအနေဖြင့် ဤရက်စက်သောနတ်ဆိုးအား

စော်ကားမိပြီး ပြင်းထန်သောတစ်စုံတစ်ခု ဖြစ်ပွားမည်ကိုလည်းသူကြောက်မိသည်။

ထို့ကြောင့် မြွေလူသားများ၏ စိတ်ခံစားများအားတည်ငြိမ်

စေရန်အတွက်သူမအနေဖြင့် ဤကဲ့သို့မုသားကိုသာ ပြောဆိုခြင်းတက်နိုင်သည်။

“နတ်ဆရာမကြီး ..ဒါကအမှန်ပဲလား…တကယ်ပဲ တမာန်တော်တစ်ယောက်ရှိတာလား..

ဘာဖြစ်လို့ကျုပ်အရင်ကဒါကို

တစ်ခါမှမကြားဖူးတာလဲ”

“ဟုတ်ပါတယ်နတ်ဆရာမကြီး ကျုပ်လည်း ဒါကိုလုံးဝမကြားဖူးခဲ့ဘူး”

နတ်ဆရာမကြီး၏ စကားတို့အားကြားပြီးသည့်နောက်  အချို့သောသူများကသူတို့၏

နှလုံးသားအတွင်းရှိနေကြသော

မေးခွန်းများကို မေးမြန်းလိုက်ကြသည်။

သို့သော် လူအများစု၏မျက်နှာထက်တွင်

တော့ယင်းအားယုံကြည်မှုရှိနေကြသည်ကို မြင်နိုင်သည်ဖြစ်သည်။ထို့အပြင် နတ်ဆရာမကြီးမှာ မြွေလူလားမျိုးနွယ်စုနယ်မြေအတွင်း   အချိန်အကြာမြင့်ဆုံးအသက်

ရှည်နေထိုင်နိုင်ခဲ့သည့်တစ်ဦး

တည်းသောသူဖြစ်သည်။ သူမအနေဖြင့် ဤလူများထက်အများကြီး ပိုမိုတွေ့ကြုံခဲသည်ဖြစ်ရမည်ဖြစ်သည်။

“ငါလည်း ငယ်ငယ်တုံးကကြားဖူးခဲ့တာ....

တမာန်တော်က လုံးဝပေါ်မလာခဲ့တာကြောင့် ဒီအကြောင်းကို လူတွေက ထပ်ပြီး မပြောကြတော့ဘူးလေ..နောက်ပိုင်းကြ  အဲ့အကြောင်းကို ငါတို့လူတွေဟာဖြည်းဖြည်ချင်း

မေ့လျော့လာခဲ့ကြတယ်…”

နတ်ဆရာမကြီးက ပြောလိုက်သည်။

ထို့နောက်တွင် နတ်ဆရာမကြီးလေးနက်သော

မျက်နှာထားဖြင့် မြွေလူသားများအားကြည့်၍ ပြောလိုက်သည်။

“မြန်မြန်တမာန်တော်ကို   ဂါရဝါပြုကြ တမာန်တော်ကို ကြိုဆိုသမှုပြု”

ဆက်ရန်…

ဘာသာပြန်သူ - ARISE

All Chapters