← Chapters

အပိုင်း (၃၆၅) – အတူတကွတွေ့ဆုံခြင်း

Vol. 004 Ch. 365

အပိုင်း (၃၆၅) – အတူတကွတွေ့ဆုံခြင်း

Vol. 004 Ch. 365

“အခု..အခုလား” မီးတောက်ဘုရင်နှင့် မျိုးနွယ်လူကြီးများသည် အံ့သြသွားလေသည်။ “သွားဖို့က သုံးလ ကျန်သေးတယ်မလား”

“ကျွန်တော် ဖြေရှင်းစရာတွေရှိသေးတယ်၊ ကျွန်တော်တို့သွားပြီးရင် ပြန်လာဖို့အချိန်မရှိဘူး” ရှီမာ ယူယူ ပြောလိုက်သည် “အရှင်တို့ ကျွန်တော်နဲ့ မလိုက်ချင်ဘူးဆိုရင် ဘယ်တော့မှ ဒီကနေ ထွက်သွားလို့ ရမှာ မဟုတ်ဘူး”

မီးတောက်ဘုရင်သည် တုန်လှုပ်ကာ ပြောလိုက်သည် “ကောင်းပြီ ဒါပေမဲ့ ငါတို့မျိုးနွယ်က လူတွေကို စုဖို့ အချိန်တော့လိုမယ်”

“ကောင်းပါပြီ”

သည်လိုနှင့် အစွယ်ကွေးကျားမျိုးနွယ်ဝင်များသည် တစ်ရက်အတွင်း အမိန့်ရရှိကာ ထွက်ခွာရန် ပိုင်ဆိုင် သမျှကို ထုတ်ပိုးကြလေသည်။

ရှီမာယူယူ သိချင်သွားသည်။ အဲဒီဝိညာဉ်သားရဲတွေက ဘာတွေများ ထုတ်ပိုးဖို့လိုတာလဲ။ သို့သော် သူတို့တွင် ဆေးဖက်ဝင်ပစ္စည်းများ အပုံလိုက်နှင့် ဆေးအထောက်အကူပစ္စည်းများ ဟိုဟိုဒီဒီ ရှိနေသည်ကို စဉ်းစားကာ ထိုမျိုးနွယ်သည် ရတနာများကို ပြန့်ကျဲစွာ ထားတတ်သည်ကို သတိရသွားသည်။ ထိုအစွယ်ကွေး ကျားများတွင် ကိုယ်ပိုင် သိုလှောင်ခန်းရှိရမည်ဟု သူမ ခန့်မှန်းလိုက်သည်။

နောက်တစ်နေ့မနက်တွင် ရှီမာယူယူသည် စတင်ပြင်ဆင်ကာ သူမနောက်တွင် စံတင်ဝိညာဉ်အဆင့် အစွယ်ကွေးကျားအုပ် လိုက်လေသည်။ အဆင့်နိမ့်သော သူများသည် သူမ ဝိညာဉ်စေတီထဲထည့်လေ့ရှိသည်။ သို့သော် သူတို့သည် ယာယီဖြစ်၍ အမှောင်သာရှိသော ဘာမှမရှိကာ အသက်ပင်ရှုလို့ရသော နေရာ တစ်နေရာ အား ဝိညာဉ်လေးအား ပြင်ခိုင်းထားလိုက်သည်။ သူမသည် သူတို့အား ထိုအထဲထည့်ပြီး ဝိညာဉ်စေတီ၏ လျှို့ဝှက် ချက်ကို ပေးမသိပေ။

မီးတောက်ဘုရင်နှင့် တခြားသူများသည် သူမတွင် နေထိုင်ရန် သင့်တင့်သော နေရာရှိသည်ကို မြင်သော အခါ သူတို့အား သူမအပြင်သို့ ခေါ်သွားမည့် အကြောင်းကို ယုံကြည်သွားကြတော့သည်။ မျိုးနွယ်ဝင် အကြီးပိုင်း များသည် သူတို့ လောကအသေးမှထွက်ခွာသည်နှင့် အထွတ်အထိပ်သားရဲအဖြစ် အဆင့်တက်မည့် ကိစ္စကို ပုံဖော် နေကြသည်။

နှင်းဝံပုလွေနယ်မြေတွင်…ဂေါင်နှင့် ယွန်မိသားစုသည် စိုးရိမ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့သည် ၂ရက် စောင့်ပြီးနောက် ယွန်ရိ၏ အခြေအနေ မည်ကဲ့သို့ ရှိသည်ကို သေချာစွာ မသိရပေ။

“အဝူး….” ဝံပုလွေတစ်ကောင်၏ အော်သံသည် ရုတ်တရက် ထွက်လာသည်။ ရုန်းနှင့် မိုးကောင်းကင်၏ အခြေအနေများ ရုတ်တရက်ပြောင်းကာ မတ်တတ်ရပ်ပြီး အော်လိုက်သည် “တိုက်ပွဲအတွက် ပြင်ထားကြ”

ဝေကျိရွှီနှင့် တခြားသူများသည် ဝံပုလွေအူသံကို ကြားပြီး အခြေအနေပြောင်းသွားသည်ကို ကြည့်ပြီး ပြောလိုက်သည် “တစ်ခုခု ဖြစ်လို့လား”

“အစွယ်ကွေးကျားတွေက တိုက်ခိုက်ဖို့လာနေပြီ” ရုန် ပြန်ဖြေသည်။

“နိုးကြားဖို့ လိုမယ်ထင်တယ်” ဝေကျိရွှီ ပြောလိုက်သည်။

“မဟုတ်ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က အစွယ်ကွေးကျားတွေက သူတို့ မျိုးနွယ်လူကြီးတွေကို ခေါ်လာလို့ မိုးကောင်းကင် ဒဏ်ရာရသွားတာပဲ” ရုန် ပြောလိုက်သည်။

“ငါမမှားဘူးဆိုရင် ရှီမာယူယူက အစွယ်ကွေးကျားတချို့ကို ခေါ်လာတာဖြစ်ရမယ်” ဝေကျိရွှီ ပြောလိုက် သည်။

“သူလား၊ သူက အစွယ်ကွေးကျားတွေကို သူတို့အတူ ခေါ်သွားချင်တာလား”

“ဟုတ်တယ်” ဝေကျိရွှီ ပြန်ဖြေလိုက်သည် “သူတို့ အစွယ်ကွေးကျားတွေနဲ့ ညှိနှိုးထားပြီးပြီလို့ ဘေဂုံ ပြောတယ်၊ အရှင်တို့အားလုံးကို ခေါ်သွားဖို့ အချိန်မလောက်မှာပဲကြောက်တာ၊ အဲဒါကြောင့် အားလုံးကို တစ်ချိန်တည်း ခေါ်သွားဖို့ပဲရှိတော့တာ၊ အရှင်တို့ ကျွန်တော်တို့နဲ့ သွားချင်သေးတယ်ဆိုရင်တော့ အရှင်တို့ မျိုးနွယ် တစ်ခုလုံး ထွက်သွားဖို့ ပြင်ဆင်ဖို့ကို မြန်မြန် နှိုးဆော်တာကောင်းမယ် ထင်တယ်”

“ငါတို့….”

“ကျိရွှီ” ဝေကျိရွှီ လက်ထဲမှ မိခင်ကျောက်တုံးသည် ရုတ်တရက်လင်းလာသည်။

“ယူယူလား” ဝေကျိရွှီ ပြန်ဖြေလိုက်သည်။

“ကျိရွှီ ငါတို့လာနေပြီလို့ နှင်းဝံပုလွေဘုရင်ကို ပြောထားပေး၊ ငါတို့ တစ်ရက်အတွင်း ရောက်မယ်လို့၊ ငါတို့နဲ့ အတူထွက်သွားချင်တယ်ဆိုရင် မြန်မြန်ပြင်ဆင်ထားပါလို့ ငါတို့်က ငါတို့မိတ်ဆွေတွေကို ကယ်ရဦးမှာဆို တော့ အချိန်သိပ်မရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ငါ အခုသူတို့နဲ့ ရှိနေတယ်၊ မင်းပြောတာတွေကို သူအကုန်ကြားပြီးပြီ” ဝေကျိရွှီသည် နှင်းဝံပုလွေအားကြည့်ပြီး ပြောလိုက်သည်။ ရုန်နှင့် မိုးကောင်းကင်သည် အချင်းချင်းကြည့်ကာ ပြောလိုက်သည် “ငါတို့ မျိုးနွယ်တွေအကုန်လုံးကို စုလိုက်ပါမယ်”

ရှီမာယူယူ အစွယ်ကွေးကျားများကို ခေါ်ကာ နှင်းဝံပုလွေ၏ နယ်မြေသို့ ဝင်သည်နှင့် အားလုံးသည် ပြင်ဆင်ပြီးဖြစ်လေသည်။

ရှီမာယူယူနှင့် နှင်းဝံပုလွေအကောင် တစ်ထောင်သည် တောင်တွင် ဆုံပြီး ဝံပုလွေများသည် အစွယ်ကွေး ကျားများထက်ပင် တက်ကြွနေကြသည်။

“ယူယူ” ဂေါင်ဖေးဖေးသည် ရှီမာယူယူအား မြင်သည်နှင့် အသက်ပင် မရှုနိုင်ပဲ စိတ်လှုပ်ရှား စွာ အော်လိုက်သည်။

ရှီမာယူယူသည် ငှက်လေးပေါ်မှ ဆင်းကာ ဂေါင်ဖေးဖေးအား ခေါင်းညိတ်ပြပြီး ပြောလိုက်သည် “နောက်မှ အကြောင်းစုံပြောပြတော့ နှင်းဝံပုလွေကိစ္စအရင် ရှင်းလိုက်ဦးမယ်၊ အဲဒါမှ စောစောသွားလို့ရမှာ”

“ကောင်းပါပြီ” ဂေါင်ဖေးဖေး ပြောလိုက်သည်။

ရှီမာယူယူပြန်လာသည်ကို ရုန်မြင်လိုက်ရာ သူမကိုယ်ရောင်ကိုယ်ဝါမှာ ပြောင်းလဲသွားသည်ကို သတိ ထားမိလိုက်သည်။ သူ အံ့သြစွာမေးလိုက်သည် “မင်း စံတင်ဝိညာဉ်ဖြစ်လာတာလား”

“ကံကောင်းသွားတာပါ” ရှီမာယူယူ ပြောလိုက်သည် “အဆင်သင့်ဖြစ်ကြပြီလား”

“အကုန်အဆင်သင့်ဖြစ်ပြီ၊ ငါတို့အားလုံး တစ်ချိန်တည်းကို ဘယ်လိုသွားကြမှာလဲ” ရုန် မေးလိုက်သည်။

“အရှင်တို့အားလုံးကို ထည့်ဖို့ ကျွန်တော့်မှာ နေရာရှိတယ်၊ အဲမှာရှိတုန်း အသက်တော့ရှုလို့ရမယ်” ရှီမာယူယူပြောလိုက်သည် “အရှင်တို့ မျိုးနွယ်ဝင်တွေ အဲဒီမှာ စောင့်ပေးရမယ်”

“အစွယ်ကွေးများတွေလည်း အတူသွားကြမှာလား” မိုးကောင်းကင်သည် အတူပါလာသော အစွယ်ကွေး ကျားများကို စောင်းကြည့်ကာ သူတို့ခန္ဓာကိုယ်မှ အန္တရာယ်များသော အနံ့အသက်များ ထွက်နေသည်။

“ဟုတ်တယ် အရှင်တို့ နှစ်ဖက်ရဲ့ ရန်ငြိုးတွေကို ဘေးချိတ်ထားလိုက်ဦး၊ ဒီကနေ ထွက်သွားချင်တယ် ဆိုရင် တစ်ဖက်တည်းဖြစ်မှရမယ်၊ နှစ်၁၀၀ကြာပြီးရင် ကြိုက်သလိုလုပ်ကြ” ရှီမာယူယူ ပြောလိုက်သည်။

ရုန်သည် မိုးကောင်းကင်အတွက် လက်စားချေချင်သော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပါပြီ”

“အခု အရှင်တို့ မျိုးနွယ်ကို ထည့်လိုက်တော့မယ်” ရှီမာယူယူ ပြောလိုက်သည်။ နှင်းဝံပုလွေဘုရင် ပြန် မဖြေသည်ကို ကြည့်ကာ သူမ လက်ဝေ့ရမ်းလိုက်ရာ နှင်းဝံပုလွေမျိုးနွယ်၏ မျိုးဆက်ငယ်များသည် ပျောက်ကွယ် သွားလေသည်။

“ယူယူ တခြားသူတွေရော မထည့်ဘူးလား” ဝေကျိရွှီ မေးလိုက်သည်။

“ငါတို့ တခြားအဖွဲ့ကို သွားတိုက်မှာမလား၊ အဲအချိန် စံတင်ဝိညာဉ်အားရှိတဲ့သူတွေရဲ့ အားကို ငှားရဦး မယ်လေ” ရှီမာယူယူ ကြောက်ရွံ့ခြင်းမရှိပြောလေသည်။

“မင်း ဒီဝိညာဉ်သားရဲတွေအများကြီးကို တစ်လမ်းလုံးခေါ်သွားမလို့လား” ဘေဂုံထန်သည်လည်း အံ့သြ လေသည်။ ရှီမာယူယူ ဘာမှမပြောသော်လည်း သူတို့သည် နားထောင်ရုံနှင့်ပင် မဖြစ်နိုင်သည်ကို စဉ်းစားမိသည်။

“ဟီးဟီး လုပ်လို့မရဘူးလား” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် သွားမည့်လမ်းတွင် ဟိတ်ဟန် ထုတ်ချင်သည့်ပုံပင်။ အားလုံးသည် ခွင့်မပြုသည့်ပုံဖြင့် သူမအား ကြည့်နေကြသဖြင့် သူမသည် ဝိညာဉ်သားရဲတချို့ ကိုထည့်ကာ နှင်းဝံပုလွေဘုရင်နှင့် အစွယ်ကွေးကျားဘုရင်တို့ကိုသာ အပြင်တွင် ချန်ထားလေသည်။

ရှီမာယူယူ စံတင်ဝိညာဉ်အဆင့်တက်သွားသည်ကို ကြားသောအခါ ဂေါင်မိသားစုဝင်များသည် အံ့သြ ကြသည်။ သူတို့ သတိပြန်ဝင်လာချိန်တွင် ဝိညာဉ်သားရဲများ ပျောက်ကွယ်သွားသည်ကို ကြည့်ခဲ့ရသည်။ ကိုးလ အတွင်းတွင် သူတော်စင်ဝိညာဉ်မှ စံတင်ဝိညာဉ်အဖြစ် အဆင့်တက်သွားသည်။ ဒီလတွေကို သူမ ဘယ်လို အခွင့်အရေးတွေနဲ့ တွေ့ခဲ့လို့လဲ။

“ယူယူ သူတို့နေလို့ရတဲ့နေရာ မင်းမှာ ဘယ်လိုရှိနေတာလဲ” ဂေါင်လင်း မေးလိုက်သည်။

ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် “သားရဲထိန်းကျောင်းသူ သခင်အတွက်တော့ အဲလို သင့်တော် တဲ့နေရာ သယ်သွားတာက ထူးဆန်းတာတော့ မဟုတ်ဘူးမလား၊ ငါ့နေရာက နည်းနည်းကြီးတာပဲရှိတယ် အဲလောက်ပဲ”

ရုန်နှင့် မီးတောက်ဘုရင်သည် သားရဲထိန်းကျောင်းသူသခင်တွင် ထိုကဲ့သို့ ပစ္စည်းရှိခြင်းကို နားမလည် သော်လည်း ဂေါင်နှင့် ယွန်မိသားစုသည် သူမ ဆိုလိုသည်ကို နားလည်ကြသည်။ သားရဲထိန်းကျောင်း သူ သခင်များသည် ဝင်ဆံ့သော နေရာများကို သယ်သွားကြသည်မှာ ပုံမှန်ဖြစ်သည်။ ထိုအရာသည် မှော်ဝင် လက်စွပ်နှင့် အနည်းငယ်ကွဲပြားသော်လည်း ခပ်ဆင်ဆင်ပင်ဖြစ်သည်။

သူမ ပြောသည်ကို ကြားပြီးနောက် သူမနေရာသည် မည်မျှကြီးသည်ကို သိချင်ကြသော်လည်း ထပ် မမေးကြတော့ပေ။

“မင်းက သားရဲထိန်းကျောင်းသူသခင်ပဲလား” ယွန်ဖန်သည် ရှီမာယူယူအား ကြည့်လိုက်သည် “မင်းက အဂ္ဂိရတ်ပညာရှင်လို့ အစ်ကိုကြီးပြောတယ်၊ ပြီးတော့ မင်းရဲ့ အဂ္ဂိရတ်စွမ်းအင်က အရမ်းသန်မာတယ်တဲ့”

“အဂ္ဂိရတ်ပညာရှင်လား မင်းက တည်ဆောက်မှုသခင်မဟုတ်ဘူးလား” ဂေါင်လင်းသည် အံ့သြစွာ အော် လေသည်။

“ဟီးဟီး အကုန်လုံးပဲ အကုန်ပေါင်းထားတာပေါ့လေ” ရှီမာယူယူ ပြောလိုက်သည် “ကောင်းပြီ သွားရအောင် အခု ယွန်ရိဘယ်မှာလဲ၊ ငါတို့ဘယ်သွားရမလဲဆိုတာ သိကြလား” သူမသည် စကားလမ်းကြောင်း လွှဲလိုက်သော်လည်း အားလုံးသည် သူမအား အံ့သြစွာ ကြည့်နေကြဆဲပင်။

အသက် ၂၂အရွယ် စံတင်ဝိညာဉ်အဆင့် အဂ္ဂိရတ်ပညာရှင် တည်ဆောက်မှုသခင်နဲ့ တည်ဆောက်မှု သခင်… ဘုရားရေ မြို့တော်ကြီးမှာတောင်မှ ဒီလိုမျိုးမရှိတာ သေချာတယ်။

All Chapters