အပိုင်း (၃၆၆) – သေရေး ရှင်ရေးကိစ္စ
Vol. 004 Ch. 366
“ယွန်ဖန် မင်းအစ်ကိုကို သွားရှာမယ်လို့ပြောတယ်မလား ငါတို့ဘယ်သွားရမှာလဲ” ဝေကျိရွှီ ပြောလိုက် သည်။
“သြော်” ယွန်ဖန်သည် သတိပြန်ဝင်လာကာ ပြောလိုက်သည် “ငါ့အစ်ကိုကြီးကိုရှာဖို့ နည်းလမ်းရှိတယ်” သူပြောပြီးသည်နှင့် ကျောက်စိမ်းတုံးထုတ်ကာ ထိုကျောက်တုံးသည် ရှီမာယူယူ လက်ထဲမှ ကျောက်တုံးနှင့်ဆင် ကာ အပေါ်တွင် အနီစက်နှစ်စက်ရှိလေသည် “ဒါက အစ်ကိုကြီး အဲဒီကနေယူလာတဲ့ဟာပဲ သူ မသွားခင်ပေးခဲ့ တာ ဒီနောက်ကိုလိုက်ရင် သူ့ကို ရှာလို့ရမယ်တဲ့” ယွန်ဖန် ပြောလိုက်သည် “သူတို့ လှုပ်ရှားမှုမြန်နေတယ်၊ မဟုတ်သေးဘူး သူတို့ ဒီလောက်အလောတကြီး လှုပ်ရှားနေတယ်ဆိုရင် သူတို့နောက်ကနေ အလိုက်ခံနေရ တာပဲ”
“သူတို့ ငါတို့ဘက်ပြေးလာနေတယ်… ဘက်ပြောင်းသွားပြီ” ဖက်တီးကျူ ပြောလိုက်သည်။
“ငါတို့ ဒီဘက်မှာရှိတယ်ဆိုတာ သိလိုက်လို့ ဘက်ပြောင်းသွားတာဖြစ်မယ်” ယွန်ဖန် ပြောလိုက်သည်။
“မင်းနဲ့ မင်းအစ်ကိုမျာလည်း မိခင်ကျောက်တုံးရှိတာလား” ရှီမာယူယူ မေးလိုက်သည်။
“ရှိတယ်လေ” ယွန်ဖန် ပြောလိုက်သည်။
“သူတို့အဝေးကြီးမှာ မဟုတ်ဘူး၊ သူတို့ကို ဆက်သွယ်လို့ရမလား ကြည့်ကြည့်မယ်” ရှီမာယူယူ ပြော လိုက်သည်။
“ကောင်းတယ်” ယွန်ဖန်သည် မိခင်ကျောက်တုံးကိုထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့်ပြီး စောင့်ရာ တစ်ဖက် မှ တုန့်ပြန်မှုရလေသည်။
“ချိတ်မိပြီ” ဂေါင်နှင့် ယွန်မိသားစုဝင်များသည် စိတ်လှုပ်ရှားနေကြသည်။
“ဖန် ဘာဖြစ်လို့လဲ” ယွန်ရိအသံသည် ဒဏ်ရာရထားသကဲ့သို့ တင်းနေသည်။
“အစ်ကိုကြီး အလိုက်ခံနေရတာလား” ယွန်ဖန် မေးလိုက်သည်။
“ဟုတ်တယ် ဖန် ဒီတစ်ခါတော့ အသက်မရှင်နိုင်တော့ဘူးထင်တယ် မင်းတော့ အသက်ရှင်ပြီး ကမ္ဘာဦးနယ်မြေကို ပြန်ပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သွားပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြပြီး ငါတို့အတွက် လက်စားချေခိုင်းရမယ်” ယွန်ရိအသံသည် ပင်ပန်းနေသည့်ပုံဖြစ်ကာ ဒေါသနှင့် လက်စားချေချင် စိတ်များ ပြည့် နေသည်။
“ငါတို့ ဆရာ လက်စားချေပေးတဲ့အချိန်ထိ ဘာလို့စောင့်ရမှာလဲ” ရှီမာယူယူသည် ချောမောသော တပည့်အတွက် ပြောပေးလိုက်သည်။
“မင်း…” တစ်ဖက်တွင် ယွန်ရိသည် ရှီမာယူယူအသံကြားလိုက်သည်နှင့် မျက်လုံးများ ပြန် အသက်ဝင် လာသည်။
“ဘာဖြစ်လို့လဲ ယွန်ရီ” နောက်အသံတစ်သံထွက်လာကာ မေးလိုက်သည်။
ရှီမာယူယူသည် မိခင်ကျောက်တုံးယူကာ ပြောလိုက်သည် “ယွန်ရိ အားလုံးကို ခေါ်ပြီး ငါတို့ဘက်ကို ချက်ချင်း လာခဲ့လိုက်တော့ မင်းတို့ရောက်လာမှာကို စောင့်နေမယ်”
“ကောင်းပြီ” ယွန်ရိသည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
ရှီမာယူယူသည် ယွန်ဖန်အား မိခင်ကျောက်တုံးပြန်ပေးပြီး ငှက်လေးပေါ်တက်ကာ ပြောလိုက်သည် “သွားကြမယ် အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူကို ထိရဲတယ်.. သူတို့ သခင်လေးကို နောက်စရာများ ထင်နေ လား” သူမ ဟိန်းဟောက်သံကို ကြားသောအခါ ဘေဂုံထန်လည်း လိုက်ပြောလေသည် “ငါလည်း အဲတောင်ကြား ရဲ့ တပည့်ဖြစ်နေတာပဲ”
“ယူယူ ပြောသလိုလိုက်ပြောရမယ်ဆိုရင် ငါတို့အားလုံးလည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တပည့် ဖြစ်ဖို့ အခွင့်အရေးရထားတဲ့သူတွေပဲ၊ ငါတို့်လူကို အနိုင်ကျင့်ရင် ငါတို့် သင်ခန်းစာမပေးရင် အံ့ဖွယ် နတ်ဆိုးတောင်ကြားက လူတွေကို အထင်သေးသွားမယ်” ဖက်တီးကျူခုန်ကာ ငှက်လေးပေါ်တက်လိုက်သည်။
“ဟုတ်တယ်၊ ငါတို့အလုပ်ရင် အဘိုးနတ်ဆိုးက ငါတို့ကို ငြင်းပစ်လိမ့်မယ်” ဝေကျိရွှီ ဂုဏ်ယူ စွာ ခေါင်းညိတ် လိုက်သည်။
ဝူရန်ဖေသည် ဘာမှမပြောပေ။ သို့သော် အားလုံးကိုကြည့်ကာ သူတို့သည် တောင်ကြား၏ အဖွဲ့ဝင် ဖြစ်သကဲ့သို့ ဖြစ်နေကြသည်။ သူတို့သည် ရှီမာယူယူ တစ်ယောက်တည်းသာ အံ့ဖွယ်နတ်ဆိုးတောင်ကြား အဖွဲ့ဝင်ဖြစ်သည်ဟု ထင်ထားသော်လည်း တခြားသူများလည်း ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
“ဘာတွေ ရပ်စောင့်နေကြတာလဲ မြန်မြန်လာလေ” ဖက်တီးကျူသည် အောက်ရှိအားလုံးကို ကြည့် လိုက်သည်။
ရုန်နှင့် မီးတောက်ဘုရင်သည် ရှီမာယူယူ၏ တစ်ဖက်တစ်ချက်တွင် ထိုင်ကာ တစ်ဖက်တည်းထိုင် ရန် ခေါင်းမာစွာ ငြင်းဆန်ကြလေသည်။ ဂေါင်နှင့် ယွန်မိသားစဟုသည် လျင်မြန်စွာ လုပ်ဆောင်ကြသည်။ ငှက်လေးသည် အတောင်ပံဖြတ့်ကာ ယွန်ရိတို့ရှိရာကို အမြန်ဆုံးနှုန်းဖြင့် ပျံလိုက်သည်။
ရှီမာယူယူသည် နှင်းတောင်သို့ လှည့်ကြည့်ကာ တခြားကမ္ဘာနှင့် ကန်တို့ ချိတ်ဆက်ထားသည့် အကြောင်းကို တွေးနေလေသည်။ သူမ သိလာရသည်မှာ သူမသည် လေ့ကျင့်ရန် တခြားသို့ သွားခဲ့ရပြီး ထိုနေရာတွင် သူမလေ့ကျင့်ရန် အခွင့်အရေးမရခဲ့သည်ကို နှမြောနေမိသည်။
တစ်ဖက်တွင် ယွန်ရိသည် မိခင်ကျောက်တုံးအား ချပြီး ပြောလိုက်သည် “ငါတို့ ဦးတည်ဘက်ပြောင်း မယ်၊ အခုအရှေ့မြောက်ဘက်ကို သွားမယ်”
“ဘာလို့လဲ အဲဒီဘက်မှာ မင်းညီရှိတယ်မလား သူတို့ကို သွားရှာမလို့လား” ခုနက စကားပြောလိုက်သော ကောင်လေး ပြောလိုက်သည်။
“ဟုတ်တယ်… ယွန်ရိ ငါတို့သွားရင် သူတို့ အန္တရာယ်မရှိနိုင်ဘူးလား” နောက်ထပ် အံ့ဖွယ်တောင်ကြား အဖွဲ့ဝင် တစ်ယောက်က ပြောလိုက်သည်။
“မစိုးရိမ်နဲ့ အဖြူရောင် တိမ်တိုက်ဂူနဲ့ ပညာရှိစံအိမ်တော်ရဲ့ နေ့ရက်တွေ ပြီးဆုံးတော့မယ်” ယွန်ရိ အပြုံးဖြင့် ပြောလေသည်။
“ကောင်းပြီ” သူ သေချာနေသည်ကို ကြည့်ကာ အားလုံးသည် ဦးတည်ချက်ပြောင်းကာ သွားကြလေ သည်။ ယွန်ရိ ကြည့်လိုက်ရာ ယွန်ဖန်၏ အနီစက်သည် လျင်မြန်စွာ ရွေ့လျားနေသည်ကို မြင်က သူတို့သည် တွေ့ဖို့ နီးလာသည်ကို တွေ့လိုက်ရသည်။ သူ ပြုံးလိုက်သည်။ သူသည် တောင်ကြား၏ သခင်လေး အသံကို ကြားလိုက်ရာ သူ့အသံထဲတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ အရမ်းမဲ့ အသံကို ကြားလိုက်သည်။
တစ်ရက်အကြာတွင် အနီစက်နှစ်စက်သည် တွေ့ဆုံရာ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ရှာဖွေရန် ကျောက်တုံးကိုပင် မလိုတော့ပေ။
“ဒါအခု မလိုတော့ဘူး၊ သူတို့ ဒီနားရောက်နေပြီထင်တယ် ငှက်လေး ပတ်ဝန်းကျင်က ရောင်ဝါကို သေချာ အာရုံစိုက်ထား” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ သခင်” ငှက်လေး ပြန်ဖြေသည်။
ဘုန်း
ဝိညာဉ်စွမ်းအင်နှစ်ခု ဆုံတွေ့ရာ လေထဲတွင် အသံပဲ့တင်ထပ်သွားသည်။ ထိုကျယ်လောင်သော အသံ ကြောင့် ငှက်လေးပေါ်မှ လူအားလုံး အံ့သြသွားလေသည်။
“သူတို့ ဖမ်းမိသွားတာတော့ မဟုတ်လောက်ပါဘူးနော်” ဖက်တီးကျူ ပြောလိုက်သည်။
“ယွန်ဖန် သူတို့ကို ဆက်သွယ်ကြည့်” ရှီမာယူယူသည် စိတ်လေးသဖြင့် အမိန့်ပေးလိုက်သည်။ သူတို့ အမိခံရပါက အခြေအနေတစ်ခုလုံးသည် နှစ်သက်စရာမရှိပေ။
“ကောင်းပြီ” ယွန်ဖန်သည် မိခင်ကျောက်တုံးထုတ်လိုက်သည်။ သို့သော် သူတခြားတစ်ဖက်ကို ဆက်သွယ်ကြည့်သော်လည်း ကျယ်လောင်သော ပေါက်ကွဲမှုကိုသာ ကြားရသည်။
“သူတို့ပဲ ဟာစွန် ငါ့ကို အရင်ခေါ်သွားပေး” ရှီမာယူယူ ဟာစွန်အား ခေါ်လိုက်သည်။ ဟာစွန်၏ ရောင်ဝါ သည် သူတို့ရောက်ခါစက ထက် ပိုအားကောင်းနေသည်။ ရှီမာယူယူ အဆင့်တက်သဖြင့် တခြားသော ဝိညာဉ် သားရဲများလည်း အဆင့်တက်ကြသည်။ ဟာစွန်သည် အဆင့်မတက်သော်လည်း သူသည် ပိုအားကောင်းလာကာ အဆင့်တက်သည့် အတိုင်းပင်ဖြစ်သည်။
ဟာစွန် ခန္ဓာကိုယ်အား ပုံပြောင်းလိုက်သည်။ သူသည် ရှီမာယူယူအား ခေါ်သွားပြီး အမြန်ဆုံး အရှိန်နှုန်း ဖြင့် ပျံသွားသည်။
“သူအဲလောက်မြန်တာ ငါတို့ကိုပါ ဘာလို့ခေါ်မသွားလဲ” ယွန်မိသားစုမှ တစ်ယောက် ပြောလိုက်သည်။
“အဲဒါ အထွတ်အထိပ်သားရဲလေ လူတကာ သူ့အပေါ်ထိုင်ခိုင်းမယ် ထင်လား” ဖက်တီးကျူ ပြောလိုက် သည်။
ထိုလူသည် အံ့သြသွားသည်။ သူသည် ဟာစွန်အား သာမာန်ဝိညာဉ်သားရဲဟုထင်ကာ အထွတ်အထိပ် သားရဲဖြစ်မည်ဟု ထင်မထားပေ။ ပြီးတော့ သူ့အပေါ်ကို ဘယ်သူမှ လိုက်စီး၍မရပေ။
“ငါတို့်လည်း အရှိန်မြှင့်မှထင်တယ်” ဝေကျိရွှီ ပြောလိုက်သည် “ငှက်လေး ငါတို့ မင်းကို ဒုက္ခပေးရ တော့မှာပဲ”
“ငါ ပင်ပန်းနေပြီ မသွားနိုင်တော့ဘူး” ငှက်လေးသည် အရှိန်လျော့လာသည်။
ယွန်မိသားစုဝင်၏ မျက်နှာသည် ရှက်သောကြောင့် နီရဲလာသည်။ ထိုလူ ပြောသောစကားသည် ငှက်လေးအား နာကျင်စေမိသည်ထင်သည်။
“ငါတောင်းပန်ပါတယ်၊ သူတို့က အစ်ကိုကြီး အခြေအနေကို စိတ်ပူနေကြလို့ပါ စိတ်ထဲမထားပါနဲ့” ယွန်ဖန် ပြောလိုက်သည်။
“ငှက်လေး မြန်မြန် ငါတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အစ်ကိုတွေကို ကယ်ရဦးမယ်” ဝေကျိရွှီသည် ငှက်လေး၏ ကျောအား ပုတ်ကာ ကျိတ်ရယ်မိသည်။
“ကောင်းပြီ” ငှက်လေးသည် ဒေါသထွက်ကာ အလျင်မြန်ဆုံးအရှိန်ဖြင့် သွားလေသည်။
ရှီမာယူယူသည် ဟာစွန်ကျောပေါ်ထိုင်ကာ အရှေ့သို့ သွားနေသည်။ သူသည် ငှက်လေးထက် မြန်ကာ ခဏအတွင်းတွင် ထိုနေရာသို့ ရောက်လေသည်။
ဘုန်း
ယွန်ရိနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တခြားသူများနှင့် သူတို့၏ ဝိညာဉ်သားရဲများသည် မြေတွင် လဲနေကြကာ မြေမှ ဖုန်များလည်း လုံးထွက်နေသည်။
“ဟားဟား မင်းတို့်က အားကောင်းလွန်းတဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ လူတွေလား” လူများသည် သူတို့၏ သားရဲပျံများတွင် ရပ်ကာ မြေပေါ်တွင်လဲနေသော လူများကို ငုံ့ကြည့်နေလေသည်။
“ကျူဂေါင်ရှင်း၊ အဖြူရောင်တိမ်တိုက်ဂူက ငါတို့ကို တကယ်သတ်တော့မလို့လား၊ ငါတို့ အသက်ရှင်ပြီး မင်းတို့ကို လက်စားချေမှာ မကြောက်ဘူးလား” အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့်တစ်ယောက် ပြောလိုက် သည်။
“ဟားဟား မင်းတို့အားလုံး ဒီမှာသေမှာပဲ ငါတို့လုပ်တာဘယ်သူသိမှာလဲ” ကျူဂေါင်ရှင်း ရယ်မောလိုက်သည် “ကိုယ့်လူတို့ ဆင်းပြီး သူတို့အားလုံးကို သတ်လိုက်တော့”