အပိုင်း (၃၆၇) – ငါ နောက်မကျဘူးမလား
Vol. 004 Ch. 367
လူတစ်စုသည် ယွန်ရိနှင့် တခြားသူများ ရှေ့သို့ သားရဲပျံများမှ ဆင်းသက်လိုက်ကြသည်။
“ယွန်ရိ မင်းအခုတလော မမောက်မာနိုင်တော့ဘူးဆို၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက မင်းဆရာက မသန်မစွမ်းဖြစ်မယ့်မင်းကို ဘယ်လိုခေါ်ထုတ်သွားမလဲ” ကြောက်စရာကောင်းသော မျက်နှာနှင့် လူတစ်ယောက် သည် ယွန်ရိအား ဆိုးသွမ်းသည့် အပြုံးပြုံးပြလိုက်သည်။
“ကျောင်ဟိုင် မင်းရောက်လာတာကောင်းတယ်” သူနီးကပ်လာသော်လည်း ယွန်ရိ၏မျက်နှာသည် တည်ငြိမ်ဆဲပင်။
ကျောင်ဟိုင်သည် သူ့အားဆန့်ကျင်နေသော တိမ်တိုက်ဂူမှဖြစ်သည်။ သူတို့နှစ်ယောက်သည် ဆယ်စုနှစ် များစွာ ပြိုင်ဘက်ဖြစ်ခဲ့ကြသည်။ ဒီနေ့တွေ့ဆုံလိမ့်မည်ဟု ထင်မထားပေ။ ထိုလူသည် ရက်စက်ကြမ်းကြုတ် သည်။ ယွန်ဖန်နှင့် တခြားသူများ ထိုနေရာတွင် မရှိပေ။ ဒီတစ်ကြိမ်တော့ အားလုံးသည် အန္တရာယ်ကျ ရောက် ပြီထင်သည်။
“ကျောင်ဟိုင် သူနဲ့ဘာတွေ ပြောနေသေးတာလဲ အပြတ်ရှင်းလိုက်တော့၊ ငါတို့တခြားလူတွေ နောက် လိုက်ရဦးမယ်” ကျူဂေါင်ရှင်းသည် မိုးပေါ်မှ ဒေါသထွက်နေလေသည်။
“ဆရာတူတပည့် ဘာတွေ ဒီလောက် စိုးရိမ်နေတာလဲ၊ ငါ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ညီလေးကို အခုမှ စကားပြောပြီး လိုက်ပို့ပေးမလို့ရှိသေးတယ်၊ မလောပါနဲ့” ကျောင်ဟိုင် ပြောလိုက်သည်။
“ဟုတ်တယ် ဆရာတူတပည့် သေချာလေး ပို့ပေးလိုက်” တခြားယောက်ျားတစ်ယောက်သည် ပြောပြီး သည်နှင့် ဓားဝေ့ရမ်းကာ သူ့ရှေ့ရှိ လူကို လက်မောင်းမှ ဆုပ်ကိုင်လိုက်သည်။ ထိုလူသည် လက်မောင်းကို ဆုပ်ကိုင်ခံလိုက်ရသဖြင့် နာကျင်သောကြောင့် ချွေးအေးများထွက်လာသည်။ သို့သော် သူအသံမထွက်ပေ။
“ဒီလိုဆိုရင်လည်း” ကျူဂေါင်ရှင်း ပြောလိုက်သည်။
“ကောင်းပြီ အစ်ကိုက စိုးရိမ်နေမှာတော့ မြန်မြန်ရှင်းတာပေါ့” ကျောင်ဟိုင် ပြောလိုက်သည် “အရင်ဆုံး မင်းလက်နဲ့ ခြေထောက်ကို ချိုးမယ်၊ ပြီးရင် မင်းခေါင်းကို ဖြတ်မယ် ဘယ်လိုလဲ”
“ကျောင်ဟိုင် မင်းလုပ်ရဲလား” ဘေးမှ ရပ်နေသော လူများသည် အော်လိုက်ကြသည်။
“လုပ်ရဲလား ဟားဟား လုပ်ရဲတယ်” ကျောင်ဟိုင်သည် သူ့ဓားဖြင့် ဝေ့ရမ်းလေသည်။
“မဖြစ်ဘူး”
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် အော်လိုက်သည်။ ယွန်ရိပင်လျှင် မျက်စိမှိတ်ကာ ကျလာ မည့် နာကျင်မှုကို စောင့်ဆိုင်းနေလေသည်။
သို့သော် အချိန်ကြာသွားသော်လည်း ဘာမှမဖြစ်ပေ။ သို့သော် သူအချိန်အတော်ကြာ စောင့်ဆိုင်း နေသော အသံထွက်လာသည်။
“ဘာလို့မလှုပ်တာလဲ မင်း ခြေလက်တွေနဲ့ ခေါင်းကို ဖြတ်တဲ့ပုံကို ငါကြည့်မလို့”
သူမျက်လုံးဖွင့်လိုက်ရာ ရှီမာယူယူသည် ငှက်ကြီးပေါ်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ခန္ဓာကိုယ်အားလှည့်ကာ သူ့ရှေ့ဆင်းသက်လိုက်ပြီး ကျောင်ဟိုင်အား ကန်လိုက်လေသည်။
“ယွန်ရိ ငါနောက်မကျဘူးမလား” သူမ လှည့်ကာ ဒဏ်ရာရထားသဖြင့် မလှုပ်နိုင်သော ယွန်ရိအားပြုံးပြီး ပြောလေသည်။
“အဟွတ်အဟွတ် နောက်မကျပါဘူး” ယွန်ရိသည် သူ့ရင်ဘတ်အား ဖိကာ ချောင်းဆိုးရာ သွေးများ ထွက် လာလေသည်။ သို့သော် သူပြုံးလိုက်သည်။
ရှီမာယူယူသည် သူ့မျက်နှာမှ အပြုံးကို မြင်သောအခါ ပြောလိုက်သည် “မင်းပြုံးလိုက်ရင် နတ်ဆိုး ရောင်ဝါထွက်တာ အခုမှ သိတယ်”
“မင်းက ဘယ်သူလဲ ငါတို့ကိစ္စကို ဘာကိစ္စဝင်ရှုပ်ရဲတာလဲ” ကျောင်ဟိုင်သည် ရှီမာယူယူ၏ ကန်ချက် ကြောင့် နောက်မှ သတိပြန်ဝင်လာကာ ပိတ်လိုက်သည်။
“ဟင် မင်းက အဆင့် ၁စံတင်ဝိညာဉ်ပဲရှိသေးတာ သူရဲကောင်းဝင်လုပ်ချင်တာလား” တိမ်တိုက်ဂူ၏ လူသည် ရှီမာယူယူ၏ စွမ်းအင်ကို မြင်သောအခါ ဟိန်းဟောက်လိုက်သည်။
အားလုံးသည်လည်း ထိုကဲ့သို့ ထင်ကြသည်။ ရှီမာယူယူ၏ စွမ်းအင်သည် ထုတ်ပြပြီးဖြစ်လေသည်။
ကျူဂေါင်ရှင်းတစ်ယောက်သာ ရှီမာယူယူအား ပေါ့ပေါ့တန်တန် မယူဆရဲပေ။ ကျောင်ဟိုင်အား ပိတ်လိုက်သည်မှာ သာမာန်လူမလုပ်နိုင်ပေ။
သူ ရှီမာယူယူ ရှေ့ပျံသွားကာ ပြောလိုက်သည် “မင်း ငါတို့ကိစ္စဝင်မရှုပ်တာ ကောင်းမယ်၊ အခုသွားရင် မင်းကို လွှတ်ပေးမယ်”
“အစ်ကိုကြီး…” ကျောင်ဟိုင်နှင့် တခြားသူများသည် စိုးရိမ်နေကြသည်။ သူ့ကိုသာ လွှတ်ပေးလိုက်ပါက ဘာဖြစ်ခဲ့တာလဲဆိုတာ ပေါ်သွားမည်လေ။
“ပါးစပ်ပိတ်” ကျူဂေါင်ရှင်းသည် ကျောင်ဟိုင်အား တစ်ခွန်းတည်းပြောလိုက်သည်။ ထို့နောက် သူ ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ဘယ်လိုလဲ”
“သဘောမတူဘူး” ရှီမာယူယူ အေးစက်စွာ ပြုံးလိုက်သည် “မင်းက င့ါရဲ့ အံ့ဖွယ်နတ်ဆိုး တောင်ကြားက ညီအစ်ကိုကို သတ်ချင်နေတာ၊ ငါက ဘာမှမဖြစ်သလို ဟန်ဆောင်ပေးရမှာလား၊ ပြီးတော့ မင်းတို့အားတွေ စုပြီးတဲ့အထိ စောင့်ပြီးမှ ငါ့ကိုသတ်မှာမလား”
“မင်းကလည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားကပဲလား” ကျူဂေါင်ရှင်းသည် ရှီမာယူယူအား သံသယဖြင့် ကြည့်လေသည်။
ဒီလူ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ရှိတာ သူ ဘယ်လိုလုပ်မသိရတာလဲ။
“ငါက အံ့ဖွယ်နတ်ဆိုးတောင်ကြားကို မရောက်ဖူးပေမယ့် တကယ်ပဲ အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲတော့ ငါသွားဖို့တော့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ မင်းတို့ အသက်ကိုတော့ ချမ်းသာပေးလို့ရတယ်”
“စကားကြီးစကားကျယ်နဲ့” အဖြူရောင်တိမ်တိုက်ဂူမှ လူသည် ရှီမာယူယူအား ကြည့်လိုက်သည် “ငါတို့ ထဲက အားအနည်းဆုံးက အဆင့် ၄ စံတင်ဝိညာဉ်ပဲ မင်းက အခုမှ အဆင့် ၁စံတင်ဝိညာဉ်ပဲရှိသေးတာကို ငါတို့ကို သတ်ချင်နေတာလား”
“စကားကြီးစကားကျယ် ဟုတ်လားမဟုတ်လား၊ ခဏနေရင် သိမှာပဲ” ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည်။
“မင်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ လူမဟုတ်ဘူး၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ..သွေးလက်စွပ်” ကူဂေါင်ရှင်းသည် ရုတ်တရက် ရှီမာယူယူလက်မမှ လက်စွပ်ကို မြင်လိုက်ရာ အသံတိမ်ဝင်သွားပြီးမှ အော် လိုက်လေသည်။
“ဒါကိုတော့ သတိထားမိတဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီလက်စွပ်ကြောင့်မဟုတ်ရင် င့ါကို အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူဆိုတာ မှတ်မိမယ်မထင်ဘူး”
“သွေးလက်စွပ်… သူက တောင်ကြားသခင်လေးလား”
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် ရှီမာယူယူအား အံ့သြစွာ ကြည့်လေသည်။ သူတို့ သခင်လေးသည် ယိလင်းတိုင်းပြည်တွင် ရှိသည်ကို အားလုံးသိကြသည်။ သို့သော် အခု သူနှင့်တွေ့ရမည်ဟု ထင်မထားကြပေ။ ထို့အပြင် သူတို့အား လာကယ်တင်မည်ဟု တွေးတောင်မတွေးမိပေ။
“ငါ့ သရုပ်မှန်ကိုသိမှတော့ အချိန်ထပ်မဖြုန်းတော့ဘူး” ရှီမာယူယူပြောလိုက်သည် “မင်းတို့ ပြောသလိုပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းချင်ရင် ဒီကဟာတွေကို အပြတ်ရှင်းမှရမယ်၊ ဟာစွန် မင်းကိုအပ်လိုက်ပြီ”
“ကောင်းပြီ”
ဟာစွန်သည် ပျံဆင်းလာကာ ချက်ချင်းပင် လူအသွင်ပြောင်းကာ မြေပေါ်သို့ ဆင်းသက်လိုက်သည်။
“အထွတ်အထိပ်သားရဲ”
အားလုံး အော်လိုက်ကြသည်။ သူမတွင် အထွတ်အထိပ်သားရဲရှိလိမ့်မည်ဟု သူတို့ ထင်မထားကြပေ။
ဟာစွန် လှုပ်ရှားလိုက်သည်။ ထိုလှုပ်ရှားမှုသည် သပ်ရပ်သည်။ သူဘာလုပ်လိုက်သည် မသိခင်မှာပင် လူများသေသွားကြသည်။
ရှီမာယူယူသည် ဟာစွန်လှုပ်ရှားသည်ကို မကြည့်ပဲ ယွန်ရိဘေးလာကာ ဆောင့်ကြောင့် ထိုင်လိုက်သည်။ သူ ဒဏ်ရာများနှင့်ပြည့်နေသည်ကို ကြည့်ကာ သူမ သက်ပြင်းချလိုက်သည် “မတွေ့တာ လနည်းနည်းလောက် ကြာတာနဲ့ ဘယ်လိုလုပ် ဒဏ်ရာတွေ ဒီလောက်များသွားတာလဲ”
ယွန်ရိ ခါးသက်စွာ ရယ်ကာ “အခုတော့ စုတ်ပြတ်နေလား”
“ကောင်းပြီ စကားမပြောတာကောင်းမယ်၊ အခုတော့ မင်းဒီဆေးကို စားပြီးအားမွေးရဦးမယ်” ရှီမာယူယူ ပြောပြီးသည်နှင့် ဆေးထုတ်ပြီး ပေးလိုက်သည်။ ထို့နောက်တွင် သူမ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများဘက်လှည့်ကာ ပြောလိုက်သည် “သူတို့အားလုံးက တောင်ကြားကလူတွေလား”
“ဟုတ်ပါတယ် သူတို့်အားလုံးက တောင်ကြားက နယ်မြေမတူတဲ့ဆီက အတွင်းပိုင်းတပည့်တွေပါ” ယွန်ရိ ပြောလိုက်သည်။
“နယ်မြေတွေရှိသေးတာလား” ရှီမာယူယူ မေးလိုက်သည် “အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေက အတူတူပဲနေကြတာ မဟုတ်ဘူးလား”
“မနေကြဘူး၊ မတူညီတဲ့ ကျွမ်းကျင်မှုနဲ့ နာမည်တွေရှိကြတယ်” ယွန်ရိ ပြောလိုက်သည်။
“အဲလိုလား ရှုပ်လိုက်တာ” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ ဒဏ်ရာရထားတော့ ဘာလို့ ဆေးတွေ ထုတ်မသောက်ကြတာလဲ”
“တောင်ကြားသခင်လေးကို နှုတ်ဆက်ပါတယ်” ထိုလူများသည် နေရခက်သော်လည်း ရှီမာယူယူကို နှုတ်ဆက်ကြသေးသည်။
“အဲဒါထားလိုက်တော့” ရှီမာယူယူ ပြောလိုက်သည် “သူတို့မှာ ဆေးမရှိတော့လို့လား”
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် ရှက်ရှက်နှင့် ခေါင်းညိတ်လေသည်။
“ငါသိတယ်” ရှီမာယူယူ ပြောလိုက်သည် “ယွန်ဖန်နဲ့ တခြားသူတွေက ဆေးကုန်သွားတော့ မင်းတို့လည်း အဲလိုပဲနေမှာ ဒီမှာ မင်းက လှုပ်ရှားနိုင်သေးတဲ့ပုံပဲ သူတို့ကို ဒါတွေ ဝေပေးလိုက်ပါ”
သူမ လူငယ်တစ်ယောက်အား ပြောပြီး ဆေးထုတ်ပေးလိုက်သည်။
“ယူယူ တစ်ယောက်ကို အရှင်ထားပြီး မေးချင်သေးလား” ဟာစွန်သည် နောက်ဆုံးတစ်ယောက်ကို ကြည့်ပြီး ပြောလေသည်။
“အင်း သူ့ကို ခဏတော့ အရှင်ထားလိုက်ဦး ခဏနေရင် မေးစရာရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ” ဟာစွန်သည် ခေါင်းညိတ်ကာ သူ့အား မတိုက်ခိုက်တော့ပေ။
ကျောင်ဟုင်သည် မြေပေါ်တွင်ထိုင်ချကာ အလှည့်အပြောင်းဖြစ်သွားသော အခြေအနေကို ကြည့်နေ လေသည်။ သူသည် အထွတ်အထိပ်သားရဲရှေ့တွင် ရှိကာ ထိုအရာသည် အိမ်မက်လိုပင်။
ထိုအိမ်မက်သည် အိမ်မက်ဆိုးဖြစ်သည်မှာတော့ အသေအချာပင်။