အပိုင်း(၈၉)-ဒယ်ပြားအားကိုင်ဆောင်ခြင်း
Vol. 001 Ch. 89
“ဘေဂုံ မြန်မြန်ပြေး”
ဝေကျိရွှီတို့အုပ်စု သုံးယောက်သည် ရှေ့တွင်ရှိသောမြင်ကွင်းအားမျက်လုံးနီများဖြင့် ကြည့်ကာ စိုးရိမ်စွာအော်လိုက်သည်။
ဘေဂုံသည် သူမဆီသို့လာသော အမြီးအားအကူအညီမဲ့စွာကြည့်လိုက်သည်။ ထိုမြွေတွင် ကျွမ်းကျင်သော စွမ်းရည်ရှိသည်။ သူမနောက်တစ်ခါအရိုက်ခံရပါက ရာမငရဲမင်းဆီသို့ အမှန်တကယ်ပင်ရောက်သွားတော့မည်။
သို့သော် သူမခြေထောက်သည် ကျိုးနေပြီဖြစ်သဖြင့်လှုပ်ရှား၍မရတော့ပေ။ သူမခန္ဓာကိုယ်မည်သည့်နေရာမှ လှုပ်ရှားရန်မလွယ်ကူတော့ပေ။ သူမမျက်လုံးမှိတ်ပြီး အရိုက်ခံရုံမှတစ်ပါးရွေးချယ်စရာမရှိတော့ပေ။
“မြောင်ဂျီ ငါတောင်းပန်ပါတယ်၊ မင်းနိုးလာတာငါမစောင့်နိုင်တော့ဘူး၊ အင်း… မောင်လေး တောင်းပန်ပါတယ်၊ ငါတို့ကတိကို ငါမတည်နိုင်တောဘူး.. ငါမင်းတို့အားလုံးဆီလာတော့မယ်….”
သို့သော် သူမမျှော်လင့်ထားသော နာကျင်မှုသည် ရောက်မလာပါ။ ထိုအစား သူမသည် သူမဘေးတွင် မြွေအမြီးအား ဒေါင်ခနဲ ရိုက်သံကိုသာ ကြားလိုက်ရသည်။
“ယူယူလား”
ဘေဂုံထန်သည် အံ့သြစွာဖြင့်အော်လိုက်ပြီး ရှီမာယူယူ၏တည်ငြိမ်သော ကျောပြင်အားကြည့်ရန် မျက်လုံးကိုဖွင့်လိုက်လေသည်။ သူ့လက်တွင် လက်နက်တစ်မျိုးကိုင်ထားလေသည်.. ထိုအရာမှာ ဒယ်ပြား…
ရှီမာယူယူ လှည့်ကာ သူမအားကြည့်ပြီးပြောလိုက်သည် “ဘေဂုံ ငါရောက်လာပြီ”
သူမလက်တွင်ရှိသော လက်နက်သည် ရယ်စရာမကောင်းပဲ၊ လက်ရှိရှိမာယူယူသည် အလွန်အမင်း ဆွဲဆောင်မှုရှိသည်ဟု ဘေဂုံထန်ခံစားရသည်။ နှမြောစရာကောင်းသည်မှာ ထိုကြောင်တောင်တောင်လက်နက်သည် သူမ၏ ပုံရိပ်ကိုဖျက်ဆီးနေလေသည်။
ဘေဂုံထန်၏ အကြည့်သည် သူမလက်ထဲရှိဒယ်ပြားအပေါ်တွင်ရှိနေသည်ကို ရှီမာယူယူ သတိထားမိကာ လှောင်ပြုံးပြုံးပြီး ပြောလိုက်လေသည် “အရေးပေါ် အခြေအနေမို့လို့ ငါဒီလိုလုပ်လိုက်ရတာပဲ”
သူမသည်လည်း သူမလက်ထဲမှ ဒယ်ပြားကြောင့် ပြောစရာစကားမရှိဖြစ်နေသည်။ သူမကြန့်ကြနေလျှင် ထနောင်းပိုးမြွေသည် ဘေဂုံထန်အား ရိုက်ချတော့မည်။ သူမစဉ်းစားချိန်မရှိတော့ပဲ လင်းလုံအားခေါ်လိုက်ရတော့သည်။ သို့သော် လင်းလုံသည် ဒယ်ပြားအသွင်ပြောင်းပြီးသားဖြစ်ကာ သူမ မတတ်သာတော့ပဲယူလာခဲ့ရတော့သည်။
လူတစ်ယောက်ကိုကယ်ဖို့ ဒယ်ပြားကိုသုံးတယ်…. ဘယ်တုန်းကမှ ဒီလိုအကြောင်းကိုမကြားခဲ့ဖူးပေ။
ရှီမာယူယူ၏ အထင်သေးမှုကိုခံရသောအခါ လင်းလုံသည်လည်း မကျေချမ်းနိုင်ဖြစ်နေသည်။ သူမပုံရိပ်…. ရှီမာယူယူ လုံးဝပင်ဖျက်ဆီးခံလိုက်ရသည်။
အားလုံးသည် တုန်လှုပ်မှုမှ နိုးထလာကာ သူတို့လက်ရှိဖြစ်နေသော အခြေအနေအား မှတ်မိလိုက်လေသည်။
“ယူယူ မြန်မြန်သွားတော့ ဒီနယ်မြေက ထနောင်းပိုးမြွေရဲ့ဟာ၊ သူ့ဆီကထွက်တဲ့ အနံ့ကိုရှုမိလိုက်ရင် လူက အားကုန်သွားလိမ့်မယ်” ဘေဂုံထန်သည် စိုးရိမ်စွာအော်လိုက်လေသည်။
ထနောင်းပိုးမြွေ၏ ပတ်ပတ်လည် ၇လက်မအတွင်းတွင် အမြီးဖြင့်ရိုက်ထားသော မြေများကို ရှီမာယူယူကြည့်လိုက်သည်။ ဘေဂုံထန်သည် ပြင်းထန်စွာဒဏ်ရာရထားပြီး ရာဟွောင်အပါအဝင် ကျန်သုံးယောက်အုပ်စုသည်လည်း အားလျော့နေသည်။ ထိုထနောင်းပိုးမြွေအားဘာကြောင့်ကျရှုံးသည်ဆိုသည်ကို သူမနားလည်လိုက်သည်။ ထိုမြွေသည် သူတော်စင်အဆင့်ရောက်နေပြီဖြစ်သည်။ ရှီမာယူယူ ဘေဂုံထန်အားသယ်ကာ ဝေကျိရွှီနှင့်တခြားသူများ ဘေးသို့ထားလိုက်လေသည်။ သူမ ကျောက်စိမ်းဆေးပုလင်းအား ထုတ်ကာပြောလိုက်သည် “မင်းကိုယ်ဘာသာ ဆေးသောက်နိုင်သေးတယ်မလား”
ဘေဂုံထန်ခေါင်းညိတ်ကာ ရှီမာယူယူလက်အားဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည် “ယူယူ မင်းက မိန်းကလေးမဟုတ်တော့ အဆိပ်မိလိမ့်မယ်၊ ထနောင်းပိုးမြွေမလာခင် မြန်မြန်ပြေး”
“ဟုတ်တယ်၊ ယူယူ မြန်မြန်ပြေး” ဖက်တီးကျူသည် ရာဟွောင်ကျောပေါ်တွင် အကြောသေရာမှ ရှီမာယူယူအားအော်လိုက်လေသည်။ ဝေကျိရွှီနှင့် ဝူရန်ဖေတို့ဘာမှမပြောသော်လည်း သူတို့အကြည့်နောက်ကွယ်တွင် ထိုအတိုင်းပင် သူမအား ပြောနေသလိုပင်။
“အား သေစမ်းလူသား မင်းကိုသတ်မယ်” ထနောင်းပိုးမြွေသည် ခဏတမျှနားနေရာမှ သူမအား ဖျန်းလိုက်လေသည်။
“ယူယူ….” ဘေဂုံထန် မြန်မြန်ထွက်ပြေးစေလို၍ ရှီမာယူယူအားတွန်းလိုက်လေသည်။
ရှီမာယူယူ သူမလက်အားပုတ်ကာ ပြောလိုက်လေသည် “မစိုးရိမ်ပါနဲ့ အဲဒါက ငါ့အတွက် အသုံးမဝင်ပါဘူး”
ထိုသို့ပြောပြီးနောက် သူမဒယ်ပြားအားကောက်ယူလိုက်ကာ ဘေးသို့လိမ့်ကာ မတ်တတ်ရပ်လိုက်သည်။ သူတို့ရှေ့တွင်ရပ်ကာ ထနောင်းပိုးမြွေအား သူမစိုက်ကြည့်လိုက်သည်။
“မင်းလိုမြွေရှိလိမ့်မယ်လို့ ငါသိတောင်မသိခဲ့ဘူး၊ ယောက်ျားတွေအကုန်လုံးက မင်းကိုမနိုင်နိုင်ကြဘူး၊ အခုတော့ မင်းရဲ့ ဖြစ်တည်မှုက ရှက်ဖို့ကောင်းလိုက်တာ၊ ဒီသခင်လေးက မြွေစွတ် ပြုတ်သောက်ရမယ့် ခံစားမှုမျိုးပဲ၊ မင်းငါ့ဆန္ဒကို ဖြည့်ဆည်းပေးလေ”
ထနောင်းပိုးမြွေသည် ရှီမာယူယူ၏ စကားကို အေးစက်စွာရယ်မောလိုက်ပြီးပြောလိုက်သည် “ရဲတင်းလိုက်တဲ့ကလေး၊ မင်းဒီရောက်တာဘယ်လောက်ကြာပြီလဲ၊ အဲချိန်အတွင်းမှာ မင်းလည်း တခြားယောက်ျားလေးတွေလိုပဲ မင်းရဲ့အားတွေလျော့သွားလိမ့်မယ်၊ မင်းလှုပ်ရှားတော့မယ်ဆို မြန်မြန်လှုပ်ရှားတော့” ရှီမာယူယူသည် လက်ထဲမှ ဒယ်ပြားအား တင်းကြပ်စွာစုပ်ကိုင်ကာ ပြောလိုက်သည် “အဲဒါက ငါ့အတွက်အသုံးမဝင်ဘူးလို့ပြောပြီးပြီလေ၊ ပြီးတော့ ဘယ်လိုလုပ် ငါ့ရဲကအားကိုအခုထိ ထိန်းထားနိုင်ရတာလဲ”
“မဖြစ်နိုင်တာ” ထနောင်းမြွေသည် ကိုယ်ပိုင်စွမ်းအားကို အပြည့်အဝ ယုံကြည်ကာ မြေပေါ်တွင် မေ့မြောမသွားသော ရှီမာယူယူအား ပဟေဠိဆန်စွာ ကြည့်လိုက်လေသည်။
“ဘာကိုမဖြစ်နိုင်တာလဲ” ရှီမာယူယူပြုံးကာပြောလိုက်သည် “ငါက ယောက်ျားလေးလို့ဘယ်တုန်းကပြောဖူးလို့လဲ”
သူမပြောပြီးသည်နှင့် ကြက်သေသေနေသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လှုပ်ရှားလိုက်သည်။
သူတော်စင်သားရဲသည် သူမတစ်ယောက်တည်း နိုင်နိုင်သည့် အဆင့်မဟုတ်ပေ။ သူမနှင့် ၇လက်မအကွာတွင် သူကြက်သေသေနေစဉ် တိုက်ခိုက်ခြင်းသည် သူမအတွက် အကျိုးရှိမည်။ သူမ နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ထနောင်းပိုးမြွေသည် လျင်မြန်စွာအာရုံစုစည်းလိုက်သည်။ အမြီးအား လှုပ်ရမ်းလိုက်ကာ ရှီမာယူယူအား တည့်တည့်ပင် တိုက်ခိုက်လေသည်။
ရှီမာယူယူ ဘယ်ဘက်သို့ လျင်မြန်စွာဖယ်ကာ တိုက်ခိုက်မှုအား သီသီလေး ရှောင်တိမ်းလိုက်နိုင်သည်။ သူမအခွင့်အရေးကို အသုံးချကာ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ထနောင်းပိုးမြွေနှင့် အကွာအဝေးကို ချုံ့လိုက်သည်။ ရှီမာယူယူပြောလိုက်သော စကားတွင် ဖက်တီးကျူနှင့် ကျန်သူများသည် ကြက်သေသေသွားကြသည်။ သူတို့သည် ထနောင်းပိုးမြွေနှင့်တိုက်ခိုက်နေသော သူမအား ကြောင်တောင်တောင် ကြည့်ကာ “ငါက ဘယ်တုန်းကယောက်ျားလေးလို့ပြောဖူးလို့လဲ” ဆိုသည့် သူမပြောသောစကားအား စိတ်ထဲတွင် ထပ်ကာတလဲလဲ စွဲနေတော့သည်။ သူက ယောကျ်ားလေးမဟုတ်ရင်၊ ဆိုလိုတာက သူမက မိန်းကလေးလား။ သူတို့လေးယောက်သည် မယုံကြည်နိုင်ပေ။ သို့သော် ထနောင်းပိုးမြွေ၏ အနံ့သည် သူမအား သက်ရောက်မှုမရှိပဲ အားအင်အပြည့်ဖြင့် တိုက်ခိုက်နိုင်သေးသည်။ အပေါ်၊အောက်၊ ဘယ်၊ ညာ တိုက်ခိုက်နေသည်….. သူမအားအင်သည် လုံးဝပင် အဆင်ပြေနေသည့်ပုံပေါ်သည်။ နောက်ဆုံးတော့ အဖြေမှာ အားလုံးသည် အံ့သြစရာသတင်းဖြစ်သော ရှီမာယူယူသည် မိန်းကလေးဖြစ်သည်ဟူသော သတင်းအား လက်ခံလိုက်ရတော့သည်။
“အဆင့်ငါးဝိညာဉ်သခင်”
အံ့သြစရာကောင်းသော သတင်းကြောင့် ငြိမ်သက်စပြုဆဲပင် ရှီမာယူယူသည် သူမ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ခြင်းကြောင့် သူမ၏ စွမ်းအားအဆင့် အစစ်အမှန်အား ထုတ်ဖော်ပြီးသားဖြစ်သွားသည်။ သူတို့သည် နောက်ထပ် အလွန်အမင်းအံ့သြသွားရပြန်သည်။
“ငါမှားမြင်တာတော့ မဟုတ်ပါဘူးနော်” ဖက်တီးကျူသည် သူ့မျက်လုံးအား ပွတ်ရန် လက်အားဆန့်ထုတ်ချင်သော်လည်း လှုပ်မရပေ။ သူ့မျက်လုံးများဝေဝါးခြင်းမရှိသည်ကို စစ်ဆေးရန် သူမျက်တောင်ခတ်ခြင်းသာ ပြုလုပ်နိုင်သည်။
“ရှီမာယူယူရဲ့အားက အဆင့်ငါးဝိညာဉ်သခင်အဆင့်ရောက်နေပြီဆိုတာ ထင်တောင်မထင်ထားဘူး” ဝေကျိရွှီသည် သဘောကျစွာ သက်ပြင်းချ လိုက်သည် “အဆင့်ငါးဝိညာဉ်သခင်က သူတော်စင် သားရဲနဲ့ တိုက်ခိုက်နေတယ်…” ဝူရန်ဖေသည် စကားဆုံးအောင် မပြောသော်လည်း သူဆိုလိုချင်သည့်အရာကို အားလုံးက နားလည်လိုက်ကြသည်။
ဝိညာဉ်စစ်သည်၊ ဝိညာဉ်သခင်နှင့် ထူးကဲသော ဝိညာဉ်သခင်တို့သည် အဆင့်နိမ့်ဝိညာဉ်သားရဲများနှင့်သာ တိုက်ခိုက်နိုင်သည်။ အဆင့်မြင့် ထူးကဲသော ဝိညာဉ်သခင်၊ ဝိညာဉ်ဧကရာဇ် နှင့် ဝိညာဉ်အုပ်ချုပ်သူတို့သာ သူတော်စင်သားရဲနှင့် တိုက်ခိုက်နိုင်သည်။ ထိုထနောင်းပိုးမြွေသည် ပထမအဆင့်သူတော်စင်သားရဲဖြစ်၍ အနည်းဆုံးတော့ အဆင့်မြင့်ထူးကဲသော သခင်မှသာ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
သို့သော် ရှီမာယူယူသည် လက်ရှိတွင် အဆင့်ငါးဝိညာဉ်သခင်ဖြစ်သည်။ သူမ သူတော်စင်သားရဲအား အနိုင်ရလိုခြင်းမှာ သိသာသည်။ “ရှီမာယူယူက ကမူးရှုးထိုးလုပ်တတ်တဲ့သူ မဟုတ်ဘူးလို့ ငါယုံတယ်၊ သူခြေတစ်လှမ်းတိုးရင် တောင် ပြဿနာမရှိနိုင်ဘူး” ဖက်တီးကျူသည် ရှီမာယူယူ၏ နောက်ကြောင်းအား မလှုပ်မယှက်ကြည့်နေလိုက်သည်။ ဘယ်အချိန်ကစပြီး သူမအား အပြည့်အဝယုံကြည်သွားလဲဆိုသည်ကို သူမသိတော့ပါ၊ “ငါလည်း သူမကိုယုံတယ်” ဘေဂုံထန်သည် ပြောလိုက်သည်။
ရှီမာယူယူပေးသော ဆေးကိုစားပြီးသောအခါ သူဒဏ်ရာမှ နာကျင်မှုသည် သက်သာလာကာ သူမအသံသည်လည်း အားနည်းခြင်း မရှိတော့ပေ။
“ဒီနေ့ရှီမာယူယူလုပ်တဲ့ စိတ်လှုပ်ရှားစရာကတော့မနည်းဘူး၊ ဝိညာဉ်သခင်က သူတော်စင်သားရဲကို တိုက်ခိုက်ချင်တာ သာမာန်လူလုပ်နိုင်တာမဟုတ်ဘူး” ဝေကျိရွှီပြောလိုက်သည်။
“သူမ မျက်လှည့်ပြလိမ့်မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ” ဘေဂုံထန်သည် ရှီမာယူယူအား တိုက်ရိုက်ကြည့်လိုက်သည်။
ရှီမာယူယူ တာဝန်မဲ့သည့်စကားပြောမည်မဟုတ်ဆိုသည်ကို သူမယုံကြည်သည်။ ရှီမာယူယူ သူမအားပြောချိန်တွင် ရှီမာယူယူမျက်လုံးထဲမှ ယုံကြည်မှုများကိုမြင်လိုက်ရသည်။ သူမယုံကြည်ထားသော ထိုအကြည့်သည် သေချာပေါက် အံ့ဖွယ်ကို ပြသတော့သည်။
ဝူရန်ဖေသည် ရှီမာယူယူအားကြည့်နေလိုက်သည်။ ထနောင်းပိုးမြွေအား ရှီမာယူယူအနိုင်ရလိမ့်မည်ကို သူလည်း ယုံကြည်ချင်သည်။ သို့သော် အဆင့်ကွာခြားချက်မှာ ကြီးမားလှသည်။ သူမသည် အံ့သြလောက်အောင် အစွမ်းပြနိုင်ပါ့မလား။