← Chapters

အပိုင်း (၃၆၈) – ဆရာအားထိခိုက်စေသူ

Vol. 004 Ch. 368

အပိုင်း (၃၆၈) – ဆရာအားထိခိုက်စေသူ

Vol. 004 Ch. 368

အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် ရုတ်တရက်ပေါ်လာသော တောင်ကြာသခင်လေး အကြောင်းကို သိချင်ကြသည်။ သို့သော် သူတို့သည် အခုလောလောဆယ်တွင် အပြင်းအထန်ဒဏ်ရာ ရထားကာ အရေးအကြီးဆုံးမှာ သူတို့ဒဏ်ရာများကို ကုသရန်ဖြစ်သည်။

ခဏအကြာတွင် ငှက်လေးသည် ကျန်သောသူများကို ခေါ်ကာ သူတို့ဆီသို့ ဆင်းသက်လာလေသည်။

“အစ်ကိုကြီးယွန်ရိ အဆင်ပြေရဲ့လား” ဂေါင်ဖေးဖေးသည် အရင်ဆုံးဆင်းလာသူဖြစ်ကာ စိုးရိမ်မှု အပြည့်ဖြင့် ယွန်ရိရှေ့သို့  ဆင်းလိုက်လေသည်။

“အဆင်ပြေပါတယ်” ယွန်ရိသည် မျက်လုံးဖွင့်ကာ ကြိုးစားပြုံးလိုက်သည် “တောင်ကြား သခင်လေး အချိန်ကိုက်ရောက်လာလို့ တော်သေးတယ်”

“ကျေးဇူးအများကြီးရှိသွားပြီ ယူယူ” ယွန်ဖန်သည် ရှီမာယူယူအား အရိုအသေပေးကာ ပြောလိုက်သည်။

“ဘာတွေ ကျေးဇူးတင်းနေတာလဲ ငါက တောင်ကြားကလူတွေကို ကယ်လိုက်ရုံပဲကို” ရှီမာယူယူ ပြန် ဖြေလေသည်။ ထို့နောက်တွင် သူမသည် ဘေဂုံထန်နှင့် ဝူရန်ဖေတို့ဘက်လှည့်ကာ ပြောလိုက်သည် “မင်းတို့ မှာ ကုသဆေးရှိသေးလား”

သူတို့နှစ်ယောက်သည် တပြိုင်နက် ခေါင်းရမ်းကာ ပြောလိုက်သည် “ငါတို့ အရင်ကတည်းက နည်းနည်း ပဲကျန်တော့တာ၊ ပြီးတော့ ကျန်တာတွေကို သူတို့ကိုထုတ်ပြီးပေးလိုက်သေးတယ်”

“တောင်ကြားသခင်လေး သူတို့ထဲမှာ အဂ္ဂိရတ်ပညာရှင်တွေပါတယ်၊ ကျွန်တော်တို့ အလိုက်ခံနေရတာ ဆိုတော့ ဆေးဖော်ဖို့ အချိန်မရှိလို့၊ သူတို့ ပြန်ကောင်းပြီဆိုတာနဲ့ သူတို့ကို ဆေးဖော်ခိုင်းလိုက်ပါမယ်” ယွန်ရိ ပြော လိုက်သည်။

“အချိန်ကုန်ပါတယ်၊ သူတို့ ပြန်ကောင်းတာရင်ကို ကျန်တဲ့သူတွေကို ဒုက္ခခံခိုင်းရနေမယ်” ရှီမာယူယူ ပြောလိုက်သည် “အချိန်မကုန်ခင် ဒီအချိန်လေးကို ဆေးအမြန်ဖော်ရမယ်”

သူမ ထိုအကြောင်းပြောသည်နှင့် အနည်းငယ်စိုးရိမ်သွားသည်။ ရှီမာယူရန်နှင့် တခြားသူများ ဘာလုပ် နေသည်ကို သူမ သိချင်သွားသည်။ သူတို့လည်း ဆေးကုန်နေပြီလား။

သူမ မိခင်ကျောက်တုံးအား ထုတ်ကာ ရှီမာယူရန်နှင့် တခြားသူများကို ဆက်သွယ်ရန် ကြိုးစားလိုက် သည်။ သို့သော် သူတို့သည် ဝေးကွာလွန်းသဖြင့် တစ်ဖက်မှ တုန့်ပြန်ခြင်းမရှိပေ။

“သူတို့ကို စိုးရိမ်လို့လား” ဘေဂုံထန်သည် လျှောက်လာရင်း ပြောသေလည်။

“အင်း ငါတို့ သူတို့နဲ့ အဆက်အသွယ်မရတာ အတော်ကြာနေပြီ၊ သူတို့ဘာတွေလုပ်နေလဲ မသိရဘူး” ရှီမာယူယူ ပြောလိုက်သည်။

“စိတ်အေးအေးထားပါ ယူလင်းက ရိုးရိုးလူမှမဟုတ်တာ သူနဲ့ဆိုရင် ကျန်တဲ့သူတွေ အဆင်ပြေမှာပါ” ဘေဂုံထန် ဖြောင်းဖျသည်။

“အင်း ဒီကကိစ္စတွေ ဖြေရှင်းပြီးတာနဲ့ သူတို့ကို သွားရှာရမယ်” ရှီမာယူယူသည် သူတို့ဆီသို့ လမ်းညွှန် နိုင်သော ကျောက်စိမ်းကို ထုတ်လိုက်သည်။ ထိုကျောက်စိမ်းပေါ်တွင် အနီစက်နှစ်စက်မှာ လှုပ်ရှားခြင်းမရှိပေ။

“အခု ဆေးဖော်ကြမယ်၊ မြန်မြန်လုပ်ပြီးတာနဲ့ သူတို့ကို သွားရှာကြမယ်” ဘေဂုံထန်သည် ပြောလိုက် သည်။

“ကောင်းပြီ”

သူတို့သုံးယောက်သည် ဘေးသို့သွားကာ ဆေးဖော်ကြလေသည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူ အများစုမှာ အဂ္ဂိရတ်ပညာရှင်များဖြစ်ကြသော်လည်း သူတို့သုံးယောက်သည် ကျွမ်းကျင်စွာဖြင့် ဆေးဖို အပြည့် ဆေးများ ထုတ်နိုင်သည်ကို မြင်သောအခါ အားလုံး အံ့သြကြသည်။

ထိုသည်မှာ သူတို့အတွက် မခက်ခဲသော်လည်း လောကအနိမ့်တွင် ကြီးပြင်းလာသော သူများအဖို့ အလွန်ခက်ခဲသော အရာဖြစ်သည်။ ထို့အပြင် သူတို့သည် ထိုသုံးယောက်ထက် ပို၍ အသက်ကြီးသည်။

ထို့အပြင် ရှီမာယူယူ၏ နည်းလမ်းမှာ ထိုရှေ့မျိုးဆက်များထက် ရိုးရှင်းသော်လည်း ယှဉ်လို့ရသည်။

“အဲဒါကြောင့် ဒုတိယတောင်ကြားသခင်က သူ့ကို တပည့်အဖြစ်ရွေးလိုက်တာကိုး….”

ထိုသည်မှာ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများဆီမှ လာသော သုံးသပ်ချက်ပင်ဖြစ်သည်။

သူမသည် ဆေးကို အားလုံးကို ပေးပြီး တချို့ကို ယွန်မျိုးနွယ်နှင့် ဂေါင်မျိုးနွယ်ကိုပေးသည်။

“ကောင်းပြီ အခု ပြောပြတော့ ဘာတွေဖြစ်ကြတာလဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့်အားလုံးကို သတ်တာ ဘယ်သူလဲ…မင်းတို့ကို လိုက်ပြီးသတ်လောက်အောင် နှစ်ယောက်ကြားမှာ ဘာတွေ အကြွေးတွေ တင်ထားကြတာလဲ”

“ငါ ဘာလို့မပြောမိတာလဲ” ယွန်ရိသည် ကျောင်ဟိုင်အား ကြည့်ပြီး ပြောလေသည် “သူတို့ကို တိမ်တိုက် ဂူက လူတွေ၊ သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ ရန်သူတွေပဲ”

“တိမ်တိုက်ဂူဟုတ်လား၊ အချိန်တိုင်း တိုက်ခိုက်တဲ့အဆင့်ရောက်ရင် တစ်ယောက်သေပြီး ကျန် တစ်ယောက်က ရှင်မှ ဖြစ်မယ့်သူတွေပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“အမှန်ပဲ” ယွန်ရိပြောလိုက်သည် “တစ်ခါတုန်းက ဒုတိယတောင်ကြားသခင်က တိမ်တိုက်ဂူ သခင် ကြောင့် ဒဏ်ရာရဖူးတယ်”

“လာ သူက ငါ့ဆရာကို ဒဏ်ရာရအောင် လုပ်တဲ့သူပေါ့” ရှီမာယူယူသည် ကျောင်ဟိုင်အား လူသတ်မည့် အကြည့်ဖြင့် ကြည့်လိုက်ရာ ထိုသူသည် ချွေးအေးများ ပြန်သွားလေသည်။

“ဟုတ်တယ်” ယွန်ရိ ခေါင်းညိတ်သည်။

“သူတို့အပြင် တခြားလိုက်ပြီး သတ်တဲ့သူတွေလည်း ရှိတဲ့ပုံပဲ” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်၊ တိမ်တိုက်အိမ်တော်နဲ့ ပေါင်းတဲ့ ပညာရှိစံအိမ်တော်က လူတွေပဲ၊ အဲမှာ ကျန်မျိုးနွယ်နဲ့ တခြားတိုင်းပြည်က သူတွေလည်းပါတယ်” ယွန်ရိ ပြောလိုက်သည်။

“ပညာရှိစံအိမ်တော်နဲ့ ကျန်မျိုးနွယ်ဝင် လူတွေက ဒုတိယအိမ်တော်သခင်ဖြစ်လာတဲ့သူကြောင့် လျှို့ဝှက် ကြံစည်မလို့များလား” ရှီမာယူယူ မေးလိုက်သည် “ဒါပေမဲ့ သူတို့ တခြားတိုင်းပြည်က လူတွေကို စုလို့ရတာပဲ၊ ငါတို့ လူတွေကို ရှာစရာလိုလို့လား”

“သူတို့ရှာနေတဲ့ အရာက ဆက်စပ်နေတယ်၊ ဥပမာဆိုရင် ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်ကဆိုရင် အထက်လောကက လူတွေပါလာတော့ စွမ်းအားကြီးတယ်၊ ငါတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကကျ  အောက်က လူတွေကို စုဆောင်းခဲတယ်၊ အဲဒါကြောင့် ငါတို့် နည်းနည်းပဲ စုဆောင်းလို့ရတယ်၊ ငါတို့ ကံမကောင်း တာရော ထပ်ပေါင်းမယ်ဆိုရင် ငါတို့ စွမ်းအားရှင်အများကြီးမရဘူး”

“ပြီးတော့ တစ်ဖက်မှာ အထွတ်အထိပ်သားရဲပါနေသေးတယ်၊ အဲဒါကြောင့် တခြားစွမ်းအားရှင်တွေက ငါတို့ဘက်ကို မပါရဲကြဘူး”  အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့်တစ်ယောက်က ဝင်ပြောလေသည်။

“အဲမှာ သူတို့ ဘယ်နှယောက်လောက် ပါလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါတို့လည်း မသိဘူး၊ ဒါပေမဲ့ တစ်ထောင်လောက် ရှိမယ်လို့ထင်တယ်” ယွန်ရိ ပြောလိုက်သည်။

“တစ်ထောင်ဟုတ်လား အဲလောက်များလား” ဖက်တီးကျူသည် လန့်သွားကာ အော်လိုက်သည်။

“တိမ်တိုက်ဂူက တစ်ခါတစ်ခါ စုရင် အနည်းဆုံး ၁၀၀ ၂၀၀ လောက်စုမိတယ်” အံ့ဖွယ် နတ်ဆိုးတောင်ကြားမှ တပည့်ဖြစ်သော ရှန်ရောင်က ပြောလိုက်သည် “ပြီးတော့ သူတို့က ကျွန်တော်တို့ကို အဓိက ထားပြီး တိုက်နေတယ်၊ ကျွန်တော်တို့ကို တွေ့တာနဲ့ လိုက်ပြီးသတ်တော့တာပဲ”

“ပညာရှိစံအိမ်တော်ရဲ့ စုဆောင်းမှုကလည်း မနိမ့်ပါဘူး” နောက်တစ်ယောက်က ပြောလိုက်သည် “ထပ်တိုး လိုက်တဲ့လူတွေနဲ့ ပေါင်းလိုက်ရင် လူတစ်ထောင်လောက်တော့ ရှိတယ်”

“တစ်ဖက်က လူအရမ်းများတယ်၊ ငါတို့ဘက်မှာ လူဘာလို့ အဲလောက်နည်းနေတာလဲ” ရှီမာယူယူ ပြော လိုက်သည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားတွင် လူ ၃၀မှ ၄၀ လောက်သာရှိသည်။ ယွန်နှင့် ဂေါင်မိသားစု နှင့်ပေါင်း လိုက်လျှင်တောင် ၁၀၀ ထက်နည်းသည်။

“အစတုန်းက ဒီလောက်မနည်းဘူး တိုက်ရင်းနဲ့ ၂၀လောက် ဆုံးရှုံးလိုက်ရတယ်” တစ်စုံတစ်ယောက် သည် မျက်လုံးနီကာပြောလေသည်။

“ဟုတ်တယ်၊ တောင်ကြားသခင်လေး ကျွန်တော်တို့အတွက် လက်စားချေပေးပါ”

“စိတ်အေးအေးထားကြ သူတို့က ငါတို့အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေကို သတ်ဖို့ ကြိုးစားမှတော့ သူတို့ကို ပြန်တိုက်ပေးရမှာပေါ့၊ တိမ်တိုက်ဂူနဲ့ ပညာရှိစံအိမ်တော်…. သူတို့ဘယ်မှာလဲဆိုတာ သိကြလား” ရှီမာယူယူ မေးလိုက်သည်။

“နေရာအတိအကျတော့မသိဘူး၊ ဒါပေမဲ့ မှန်းလို့တော့ရတယ်” ရှန်ရောင် ပြောလိုက်သည်။

“ရတယ်၊ ခန့်မှန်းပြီး စကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သည် လူအနည်းငယ်များသဖြင့် ကိုယ်ပိုင် သားရဲပျံများတွင် စီးကြလေသည်။ ယွန်ရိနှင့် ရှန်ရောင် တို့သည် တိမ်တိုက်ဂူအကြောင်း ရှင်းပြရန် ရှီမာယူယူနှင့်အတူ စီးလေသည်။

ယွန်ရိတို့ ရှင်းပြသဖြင့် ရှီမာယူယူသည် တိမ်တိုက်ဂူနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ ဖြေရှင်းရန် ခက်သည့် အကြောင်းများကိုနားလည်သွားလေသည်။

အပြင်မှလူများသည် တိမ်တိုက်ဂူအား ဖြောင့်မတ်သည်ဟု မြင်ကြကာ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဗီလိန် အဖြစ်မြင်ကြသည် သူတို့တွင် ကျွမ်းကျင်သူများ ရှိသော်လည်း တော်တော်များများမှာ အကျင့် မကောင်း သူများဖြစ်ကြကာ တခြားသူများကို ရန်ရှာတတ်သူများဖြစ်ကြသည်

ထိုတိမ်တိုက်ဂူသည် ပြစ်မှုကျူးလွန်ရာတွင် အဆင့် ၁ဖြစ်သည်။ ရန်ငြိုးမည်က စသည်မှာတော့ မရှင်း လင်းပေ။ သို့သော် ထို နှစ်တစ်ထောင်တွင် စွမ်းအားရှင် နှစ်ဖွဲ့သည် တွေ့သည်နှင့် တိုက်ခိုက်ခဲ့ကြသည်။ သူတို့ သီးသန့်တွေ့ဆုံပါက သေရေးရှင်းရေး တိုက်ပွဲဖြစ်ပွားသည်။ ထို့နောက်တွင် တခြားသူများသည် နှစ်ဖက်တွင် ပါဝင်လာကာ အားများ တိုးလာခဲ့သည်။ ထိုအချက်တွင် နှစ်ဖက်မှ ပဋိပက္ခများသည် ဖြေရှင်း၍ မရတော့ပေ။

ထို့အပြင် တိမ်တိုက်ဂူနှင့် ပညာရှိစံအိမ်တော်တို့မှာ ရင်းနှီးကြသည်။ သူတို့နှစ်ဦးလုံး သည် ဖြောင့်မတ် ခြင်းကို နှစ်သက်သောကြောင့် တစ်လှေတည်းစီးနေကြခြင်းလည်း ဖြစ်နိုင်သည်။

ယွန်ရိနှင့် တခြားသူများ ခန့်မှန်းချက်အရ ပညာရှိစံအိမ်တော်နှင့် တိမ်တိုက်ဂူတို့သည် အစကတည်း က လောကအသေးတွင် တိုက်ခိုက်ရန် အစီအစဉ်ရှိသည့်ပုံပင်။ သူတို့သည် ပစ္စည်းဥစ္စာများ၏ ဆွဲဆောင် မှုကြောင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများကို သတ်ရန် သည်းမခံနိုင်ဖြစ်လာသည်။

All Chapters