← Chapters

အပိုင်း(၃၇၃)

Vol. 25 Ch. 373

အပိုင်း(၃၇၃)

Vol. 25 Ch. 373

နတ်ဆရာမကြီးအနေဖြင့် စိုးရိမ်ပူပန်မှုတို့လည်းဖြစ်မိ၏။ရှစ်ဖုန့်က မြွေလူသားမျိုးနွယ်စု၏ဟော

ကိန်းအရတမာန်တော်တစ်

ယောက်ဖြစ်သည်ဟု မုသားသုံးကာပြောခြင်းကာ မှန်သည်လားဆိုသည်ကို သူမမသိပေ။

သို့သော်လက်ရှိအခြေအနေက စိုးရိမ်ရသည်ဖြစ်သည်။ အကယ်၍ သူမသာ၎င်းတို့အားမလိမ်ခဲ့လျှင်

ကြီးမြတ်ပြီး  အထွတ်အမြတ်ဖြစ်ရာ ကျိလီမြွေနတ်ဘုရား၏ ကိုယ်ပွားက

ရှစ်ဖုန့်နှင့် သခင်နှင့်အစေခံစာချုပ်ကို ချုပ်ဆိုခဲ့သောကြောင့်  ရှစ်ဖုန့်၏ အစေခံအဖြစ်သာဖြစ်လာမည်ဖြစ်သည်။ ၎င်းကကိုယ်ပွားတစ်ခုပ်ဖြစ်နေပါစေ မြွေလူသားများအနေဖြင့် ယင်းအား လက်သင့်ခံနိုင်မည်မဟုတ်ပေ။

ယင်းက သူတို့၏နှလုံးသားအတွင်းရှိ

နတ်ဘုရားအား  စော်ကားသည့်သဘောသက်

ရောက်သည်ဖြစ်သည်။

အစောပိုင်းက၎င်းတို့ထုတ်ဖော်ပြသခဲ့‌သောခံစားချက်များကိုအကဲဖြတ်

ရသလောက်  အကယ်၍ကိစ္စများကသာထိုအ

တိုင်းဆက်လက်၍ ကြီးထွားလာခဲ့လျှင် ၎င်းတိုအနေဖြင့်  မြွေနတ်ဘုရားအတွက်၊ မြေလူသားမျိုးနွယ်စု၏

ဂုဏ်သိက္ခာအတွက်နှင့် ကျိလီမြွေနတ်ဘုရား၏ကိုယ်ပွား

အတွက်အလို့ငှာ “ပိုးဖလံမျိုးမီးကိုတိုး”ဟူသကဲ့သို့ ရူးမိုက်သောအရာများကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။

မြွေလူသာများ၏ နှလုံးသားအတွင်း၌  ကျိလီမြွေနတ်ဘုရားဖြစ်သော ကြီးမြတ်သည့်နတ်ဘုရားက ကိုင်လှုပ်၍မရသောအနေအထားတစ်ခုအဖြစ် နက်ရှိုင်းစွာအမြစ်တွယ်နေခဲ့ပြီဖြစ်သည်။

အရူးနတ်ဆိုးရှစ်ဖုန့်က စွမ်းအားကြီး ကျိလီမြွေနတ်ဘုရားကိုယ်ပွား

အားလက်လွှဲပေးလိမ့်မည်မဟုတ်ပေ။

ကယ်၍လွှဲပေးချင်သည်ဆိုလျှင်တောင် သူကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေး

မှရမည်ဖြစ်သောအရာဖြစ်သည်။

ယဇ်ပူဇော်ခန်းမအတွင်းတွင်

အစကတည်းက မြွေမြီးများအားရစ်ခွေထားကြသော မြွေလူသားများမှာ နတ်ဆရာမကြီး၏စကားတို့အားကြားရပြီး  နတ်ဆရာမကြီး၏ ရှစ်ဖုန့်အား အလွန်ရိုသေကိုင်းရှိုင်းစွာဖြင့်

ဦးညွှတ်ဂါရဝပြုနေသည်ကို

တွေ့လိုက်ရသည်။ ထို့နောက် နတ်ဆရာမကြီးကဲ့သို့ပင် သူတိုသည်လည်း ချက်ချင်းပင် ရှစ်ဖုန့်အား ဦးညွှတ်ဂါရဝပြုလိုက်ကြ၏။

သို့သော်မေးခွန်းများထုတ်နေ

ကြသောလူများလည်းရှိနေ

သေးသည်ဖြစ်သည်။စေ့စပ်သေချာသော   မြွေလူသားအမျိုးသမီးတစ်

ယောက်ကမေးလိုက်သည်။

“နတ်ဆရာမကြီးရှင့် အကယ်၍ အရှင်ရှစ်ဖုန့်ကသာ နတ်ဘုရားရဲ့ တမာန်တော်တစ်ဦးဆိုရင်  ဘာလို့နတ်ဘုရားရဲ့ကိုယ်ပွားက သူနဲ့ သခင်နဲ့အစေခံစာချုပ်ကိုချုပ်

ဆိုခဲ့တာပါလဲ.ပြီးတော့ဘာလို့နတ်ဘုရားက သူ့ရဲ့အစေခံဖြစ်လာရတာပါလဲ”

“ဟုတ်ပါတယ်..နတ်ဆရာမကြီး ဘာလို့ နတ်ဘုရားက အရှင်ရှစ်ဖုန့်ရဲ့အစေခံဖြစ်လာရတာပါလဲ”

“အကယ်၍ အရှင်ရှစ်ဖုန့်ကသာ တကယ်ဘဲ နတ်ဘုရားရဲ့ တမာန်တော်တစ်ယောက်ဆိုရင်  ဘာလို့ကျွန်ုပ်တို့ရဲ့ နတ်ဘုရား

ကိုယ်ပွားက သူနဲ့ သခင်နဲ့အစေခံစာချုပ်ကိုချုပ်

ဆိုခဲ့ရတာပါလဲ.. ပြီး‌တော့ ဘာလို့  နတ်ဘုရားက လူသားတစ်ယောက်ကို သူ့ရဲ့တမာန်အတော်အဖြစ်ရွေးချယ်ခဲ့တာပါလဲ”

“သမီးသိတယ်”

ထိုအချိန်တွင် ဇီယာက ပြောလိုက်သည်။

“ သမီး စိတ်ဝိညာဉ်နေရာလွတ်အတွင်း

မှာရှိနေတုံးက ကျိလီမြွေနတ်ဘုရားရဲ့ ကိုယ်ပွားဟာ ရုတ်တရက် နတ်ဘုရားမှတ်ဉာဏ်တွေနိုးထလာခဲ့ပြီး ဆန်းကြယ်တဲ့တစ်စုံတစ်ခုကို သမီးကိုပြောခဲ့တယ်…အဲ့အချိန်တုံးက အဲ့တာကဘာကိုဆိုလိုတယ်ဆိုတာကို သမီးမသိခဲ့ဘူး. ဒါပေမဲ့ အခုတော့သမီးသိပြီ”

“ဘာ..ငါတို့ရဲ့နတ်ဘုရားက သူ့ရဲ မှတ်ဉာဏ်တွေနိုးထလာခဲ့တာလား”

“မင်းသမီးဇီယာ နတ်ဘုရားက ဘာတွေပြောခဲ့ပါသလဲ”

“ဘာတွေများပြောခဲ့ပါသလဲ မင်းသမီးဇီယာ”

……………………………………………………………………………….

ဇီယာ၏ စကားတို့အားကြားပြီးသည့်နောက်တွင် မြွေလူသားများ၏ အမူအယာမျက်နှာထားများမှာ  ထပ်မံ၍ပြောင်းလဲသွားသည်။ သူတို့က စိတ်လှုပ်ရှားနေကြပြီး  အဖြေအား

ကြားရရန်ပင် စောင့်ဆိုင်းမနေနိုင်ကြချေ။ သူတို့အားလုံးဇီယာအား စတင်၍မေးလိုက်ကြသည်။

ဇီယာက သူမ၏နှုတ်ခမ်းလေးအား ဖြည်းညှင်းစွာဖွင့်ဟ၍   ပြောလိုက်သည်။

“ငါ့ရဲ့တမာန်တောက ငါတို့မျိုးနွယ်ဆီကိုကိုယ်တိုင်ရောက်လာခဲ့ပြီ..ငါ့ရဲ့ကိုယ်ပွားတွေကိုစုစည်းလော့  ငါကမ္ဘာပေါ်မှာ နောက်ထပ်ပြန်လည်သက်

ဆင်းလာတော့မယ်”

တကယ်တမ်းတွင် ဇီယာပြောသောစကားများမှာ “နတ်ဘုရား”ကသူမအားပြောခဲ့

သောစကားများမဟုတ်ပဲ  နတ်ဆရာမအိုကြီးကလျှို့ဝှက်

ပညာရပ်တစ်ခုကိုအသုံးပြု၍ ပြောခဲ့သောစကားများဖြစ်သည်။

ခရမ်းရောင်မြွေလူသားမလေးမှာ အဘယ်ကြောင့် နတ်ဆရာမကြီးကသူမအား

ဤကဲ့သို့လုပ်စေချင်သည်ကိုမသိရသော်လည်း  နတ်ဆရာမကြီးက ဤသည်မှာ မျိုးနွယ်စု၏သေခြင်းရှင်ခြင်း

နှင့်သက်ဆိုင်နေသည်ဟု သူမအားပြောခဲ့သည်။ကြင်နာတတ်သောနှလုံးသားရှိသည့်  ကောင်မလေးမှာ မျိုးနွယ်စု၏ သေခြင်းရှင်ခြင်းဟုကြားလိုက်ရ

သောအခါတွင် ပင်ကိုအရကို ထိုအရာအားလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော်သူမအနေဖြင့် မလိမ့်တတ်ခဲ့ပေ။ စကားပြောပြီးသည့်နောက်တွင်  သူမ၏မျက်နှာပေါ်၌ မျက်နှာပူမှုကြောင့်နီးမြန်းလာသည်။

သို့သော် မြွေလူသားများမှာ မြင့်မားသောစိတ်ဝိညာဉ်အခြေ

နေတွင်ရောက်ရှိနေကြသောကြောင့်  ဇီယာမျက်နှာပေါ်ရှိ‌ ပြောင်းလဲမှုတို့အား သတိမပြုမိကြချေ။

“ငါ့တမာန်တော် ငါ့ရဲ့မျိုးနွယ်ကိုကိုယ်တင်လာပြီ…

ငါ့ရဲ့ကိုယ်ပွွားတွေကိုစုစည်းပါ.. ကမ္ဘာကြီးပေါ်ကိုငါနောက်တစ်ကြိမ်

တစ်ဖန်ပြန်လည်ဆင်းသက်မယ်”

“ငါ့တမာန်တော် ငါ့ရဲ့မျိုးနွယ်ကိုကိုယ်တင်လာပြီ…

ငါ့ရဲ့ကိုယ်ပွွားတွေကိုစုစည်းပါ.. ကမ္ဘာကြီးပေါ်ကိုငါနောက်တစ်ကြိမ်

တစ်ဖန်ပြန်လည်ဆင်းသက်မယ်”

မြွေလူသားများမှာ တစ်ယောက်ပြီးတစ်ယောက် ဇီယာပြောသည့် “နတ်ဘုရား”  ၏ စကားဆိုသည်အား ရွတ်ဆိုလိုက်ကြသည်။

“တကယ်ပဲ အရှင်ရှစ်ဖုန့်က နတ်ဘုရားရွေးချယ်ထားတဲ့ တမာန်တော်လို့ဆိုလိုတာလား”

အချို့သော မြွေလူသားများက  ဇီယာ၏ စကားများအား အားကျမှု၊ လေးစားမှု၊စိတ်လှုပ်ရှားမှုတို့ဖြင့်  ရွတ်ဆိုနေကြသည်။

မြွေလူသားများ မှာ ဇီယာကြီးပြင်းလာသည်အား

သူတို့၏မျက်လုံးများဖြင့်ကိုယ်

တိုင်စောင့်ကြည့်ခဲ့ကြသူများဖြစ်ကြသည်။ ဤကလေး၏ဗီဇအားသူတို့အလိုအလျောက်ကို ယုံကြည်ပြီးဖြစ်သည်။သူမက ဖြူစင်ကြင်နာတတ်သူဖြစ်ပြီး

ဘယ်သောအခါမှ လိမ်လည်ခြင်းကို ပြုလုပ်ရန်စဉ်းစားမည့်သူမဟုတ်ပေ။

“အရှင်ရှစ်ဖုန့်က တကယ်ပဲ တမာန်တော်တစ်ယောက်ဖြစ်ပုံပဲ”

ဤအချိန်တွင် နတ်ဆရာမကြီးကလည်း  မြွေလူသားများကိုကြည့်လိုက်သည်။

သူမ၏မျက်နှာထက်တွင်လေးနက်တည်ကြည်မှုများဖြင့်ပြည့်နှက်နေပြိီး

သူမကပြောလိုက်သည်။

“နတ်ဘုရားက အရှင်ရှစ်ဖုန့်နဲ့ဘာလို့ သခင်နဲ့အစေခံစာချုပ်ကိုချုပ်

ဆိုချင်လဲဆိုတာကို ငါမသိပေမဲ့ ……..နတ်ဘုရားကဒီလိုလုပ်တာဆိုမှတော့ ..ဒါကနတ်ဘုရားရဲ့ဆန္ဒပဲဖြစ်ရမယ်..အခု နတ်ဘုရားရဲ့တမာန်တော်က

လည်းရောက်လာပြီး  သူ့ကိုယ်ပွားကလည်း မှတ်ဉာဏ်တွေနိုးထခဲ့တာကြောင့် နတ်ဘုရားပြန်လာမဲ့နေ့က သိပ်ပြီးရှည်ကြာတော့မှာမဟုတ်ဖူး”

“ဟုတ်တယ် တမာန်တော်ရောရှိလာမှုနဲ့ဆိုရင် နတ်ဘုရားကကမ္ဘာပေါ်ကိုပြန်

လည်ရောက်ရှိလာပြီးတော့

ငါတို့မျိုးနွယ်စုကို ရှေးအချိန်ကာလက ဂုဏ်ကျတ်သရေထွန်းပြောင်မှုတွေဦးဆောင်ရယူပေးလိမ့်မယ်လို့ငါယုံကြည်တယ်..

အရှင်တမာန်တော်ကို နှုတ်ဆက်ကြ… အရှင်တမာန်တော်ကို ကြိုဆိုကြ..”

“နှုတ်ခွန်းဆက်သပါတယ်..

အရှင် တမာန်တော်.. ကြိုဆိုပါတယ် အရှင်တမာန်တော်”

နတ်ဆရာမကြီးနှင့်ဇီယာစကားတို့က မြွေလူသားများအားနောက်ဆုံးတွင်ထိန်းချုပ်နိုင်သွားသည်။ သူတို့အားလုံးက အရမ်းကိုစိတ်လှုပ်ရှားနေကြပြီး  ရှစ်ဖုန့်အားထပ်မံ၍ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ သူတို့၏ အသံများက ယဇ်ပူဇော်ခန်းမအတွင်း

တွင်ပဲ့တင်ထွက်ပေါ်နေသည်။

မြွေလူသားများ၏ တုံ့ပြန်မှုအားကြည့်ပြီး နတ်ဆရာမအိုကြီးက တိတ်တဆိတ်သက်ပြင်းချမိသည်။ လက်ရှိအခြေအနေများအရ  မြွေလူသားများအနေဖြင့်  “ပိုးဖလံမျိုး မီးကိုတိုး”ကဲ့သို့သော ရူးမိုက်

သည့်ကိစ္စများအား လုပ်တော့မည်မဟုတ်ပေ။

သို့သော် နတ်ဆရာမကြီးမှာ   ရုတ်တရက်အဓိကလူဖြစ်သော

အရေးကြီးသည့်ပုဂ္ဂိုလ်ဖြစ်သည့်ရှစ်ဖုန့်အား တွေးမိသွားသည်။သေးငယ်သော

မြွေလေးအဖြစ်သို့ပြောင်းသွား

သည့်ခရမ်းရောင်မြွေအား  သူ၏လက်သန်းနေရာလွတ်အ

တွင်းတွင်ပြန်ထားလိုက်ပြီးနောက် ရှစ်ဖုန့်ကမြွေလူသားများအား ဆိတ်ငြိမ်စွာ ကြည့်လိုက်သည်။ နောက်တစ်ကြိမ်ထပ်မံ၍ သူတို့က သူ့အားလေးစားမှုအပြည့်ဖြင့် ဦးညွှတ်ဂါရဝပြုနေကြပြီး သူ့အား “တမာန်တော်”ဟုခေါ်နေကြသည်။

နတ်ဆရာမကြီးနှင့်ဇီယာတို့၏

စကားများအားကြားပြီးသည့်နောက်တွင်  အခြားသူများ ဇီယာမျက်နှာထက်ရှိ အတက်အကျများကို သတိမပြုမိကြပေ။သို့သော် ရှစ်ဖုန့်ကတော့သတိပြုမိသည်

မှာကြာပြီဖြစ်သည်။  ဘဝနှစ်ခုတွင်နေထိုင်ခဲ့သော

လူတစ်ယောက်ဖြစ်သည်နှင့်အညီ  တစ်စုံတစ်ခုအားဖြည်းဖြည်း

ချင်းသူနားလည်လာသည်။ ထို့နောက်သူကမြွေလူသားများ

အားပြောလိုက်သည်။

“ကောင်းပြီး အားလုံး မော်ဖူးနိုင်ပြီ”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင်   မြွေလူသားများကသူတို့၏ခေါင်း

များအားမော့၍  ရှစ်ဖုန့်အားကြည့်လိုက်ကြသည်။

သူတို့၏နှိမ့်ချားသောကိုယ်တစ်ပိုင်း

များမှာလည်း သူတို့၏အမြှီးများမှတစ်ဆင့်ဖြည်း

ဖြည်းချင်းမြင့်တက်လာသည်။

မြွေလူသားမျိုးနွယ်စုထံသို့လာခဲ့

သောဤခရီးတွင် သူအနေဖြင့်လိုချင်သော ပန်းတိုင်အားရရှိခဲ့သည်ဖြစ်သည်။

သူ့အနေဖြင့် နတ်ဆိုးမျက်လုံးနှင့်ကျိလီ

မြွေကိုယ်ပွားတို့ကိုလည်းရရှိခဲ့သည်။

သို့သော်သူ ကသူ၏အောင်မြင်မှုများကိုရရှိခဲ့သော်လည်း  ဇီယာ၏ ပြဿနာကိုတော့

မဖြေရှင်းရသေးပေ။ ယင်းမှာ အမှောင်နတ်သူငယ်များဖြစ်သည်။

အကယ်၍ ရှစ်ဖုန့်ဤနေရာမှ ထွက်သွားချင်ခဲ့သည်ဆိုလျှင်တောင်  သူ့အနေဖြင့် အမှောင်နတ်သူငယ်များနှင့်

အရင်ဆုံးလုံးဝရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က   နတ်ဆရာမအိုကြီးအားကြည့်လိုက်ပြီး  ပြောလိုက်သည်။

“ဒီသခင်လေးကို  အမှောင်နတ်သူငယ်တွေဆီကိုခေါ်သွားပါ.. ဒီသခင်လေးအတွက်အချိန်က

အရမ်းအရေးကြီးတယ်.. သဲကန္တာရထဲမှာကြာကြာနေလို့မဖြစ်ဖူး..

ဒီသခင်လေးအနေနဲ့သူတို့ကို မြန်မြန်ရင်ဆိုင်မှဖြစ်မယ်”

သူ့အနေဖြင့်ကောင်းကင်ဘုံ

သက်တမ်းဆွဲဆန့်ဆေးနှင့်ပက်သက်ပြီးဆေးအမယ်ဆယ့်တစ်မျိုးအားစုဆောင်းပြီးဖြစ်သည်။ သူ့အတွက််ဆေးအမယ်နှစ်ဆယ့်

ခြောက်မျိုးလိုနေဆဲဖြစ်သည်။ သူ့အနေဖြင့်

ကျန်သည်များအား အမြန်ဆုံးစုဆောင်းရလိမ့်မည်ဖြစ်သည်။

“အကိုရှစ်ဖုန့်က အကို  အမှောင်နတ်သူငယ်တွေဆီကို

သွားချင်တာလား”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင် ဇီယာကတစ်စုံတစ်ခုအားတွေးမိသွားသည်။

ဤအချိန်၌ ဤအပြစ်ကင်းစင်သောကောင်မလေးမှ အသိပြန်ဝင်လာသည်။

ဤတစ်ကြိမ်သူတွေ့ရသောရှစ်ဖုန့်က  ယခင်သူမတွေ့ခဲ့သောတစ်

ယောက်နှင့်များစွာကွာခြား

သွားခဲ့သည်ဖြစ်သည်။သူမ၏ ဝိညာဉ်အသိအမြင်နေရာလွတ်

ထဲသို့ဝင်ရောက်ပြီး  ကျိလီမြွေခန္ဓာကိုယ်ပွားနှင့်

တိုက်ခိုက်ခဲ့ရုံသကဘဲ သူကနတ်ဘုရား၏တမာန်တော်

တစ်ယောက်လည်းဖြစ်လာသည်။

မြွေလူသားအားလုံးကသူ့အား  လေးစားမှုတို့ဖြင့်ကြည့်နေကြသည်။

ဤအချိန်တွင်ဇီလင်းက ဇီယာ၏နံဘေးနားသို့ရောက်လာပြီး ဇီယာအားတီးတိုးပြောလိုက်သည်။

“စတုတ္ထညီမလေး အရှင်ရှစ်ဖုန့်က လူသားမျိုးနွယ်မှာလွန်ခဲ့တဲ့အချိန်အချို့တုံးက ကောလဟာလတွေထွက်ပေါ်နေခဲ့တဲ့ အရှင်ရှစ်ဖုန့်ပဲ”

ဇီလင်း၏စကားတို့အားကြား

ပြီးသည့်နောက်တွင် ဇီယာ၏မျက်နှာလေးမှာချက်ချင်း

တုန်လှုပ်အံ့အားသင့်သွားသည်။ရှစ်ဖုန့်။ အရူးနတ်ဆိုးရှစ်ဖုန့်။ယင်းက ကြယ်ဘေးပွင့်သူတော်စင်နယ်

ပယ်ကျွမ်းကျင်သူအား သတ်ပစ်ခဲ့သည့်လူသားဖြစ်လေသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters