အပိုင်း(၃၇၄)
Vol. 25 Ch. 374
ရှစ်ဖုန့်ကသာမန်ထက်ထူးခြား
လွန်းပြီး တစ်နေကြ လင်းယုန်ငှတစ်ကောင်ဖြစ်
လာလိမ့်မည်ဟု အမြဲတမ်းဇီယာတွေးထားခဲ့သော်လည်း သူ့အနေဖြင့်လျှင်မြန်စွာကြီးထွားလာပြီး အရမ်းစွမ်းကြီးသူဖြစ်လာ
လိမ့်မည်ဟုတော့ သူမမမျှော်လင့်ထားခဲ့ပေ။
လွန်ခဲ့သောလအချို့က ရှစ်ဖုန့်၌ အင်ပါယာနယ်ပယ်တစ်ယောက်အား သတ်ဖြတ်နိုင်သည့်စွမ်း
အားရှိခဲ့သော်လည်း သူ၏
ကျင့်ကြံမှုကတော့ ဘုရင်နယ်ပယ်သာရှိနေခဲ့သေး
သည်ဖြစ်သည်။
လအနည်းအတွင်းသူက ဒဏ္ဍာရီကြ့သို့တည်ရှိမှုတစ်ခုဖြစ်သည့် ကြယ်လေးပွင့် သူတော်စင်နယ်ပယ်ကျွမ်း
ကျင်သူတစ်ဦးအား သတ်ဖြတ်ခဲ့သည်။ အခြားသောသူများကဲ့သို့ပင်
ဇီယာသည်လည်း ဤသည်ကား
သိုင်းပညာ၏ ယေဘုယျ အမြင်တို့အား ကျော်လွန်သွားခဲ့သည်ဟု ခံစားရသည်။
ဇီယာ၏ စကားတို့အား နားထောင်ပြီးသောအခါတွင် ရှစ်ဖုန့်က ပြန်ဖြေလိုက်သည်။
“အမှောင်နတ်သူငယ်တွေက မင်းကို အတင်းအကျပ်ပြုမူရဲတယ်..သူတို့က ပျက်စီးခြင်းလမ်းကြောင်းမှ လျှောက်ချင်နေတယ်ဆိုတော့လည်း အမှောင်နတ်သူငယ်အားလုံကို ဒီသဲကန္တာရထဲမှာပဲ သတ်ပစ်တာပေါ့”
ရှစ်ဖုန့်၏ စကားလုံးတို့ အေးအေးဆေးဆေးပင်ရှိသော်လည်း ကြားလိုက်ရသောမြွေလူသား
များအားလုံးမှာ သူတို့၏ ကျောရိုးတစ်လျှောက်အေးစိမ့်
တက်သွားမှုအားခံစားလိုက်ရသည်။ ဤစကားလုံးများမှာ ဤသဲကန္တာရ
အတွင်းတွင် အကြွင်းမဲ့ တားမြစ်ထားသောအရာဖြစ်သည်။
အကယ်၍ ၎င်းတို့သာ စွမ်းအားကြီးမားသော အမှောင်နတ်သူငယ်များ၏ နားထဲသို့ရောက်သွားခဲ့လျှင်
သူတို့အနေဖြင့် အမြစ်ပျက်သုတ်သင်ချေမှုန်းခံ
ရဖို့ပို၍ဖြစ်နိုင်လေသည်။
ထို့နောက်တွင် ပြောနေသောသူကား ကြယ်လေးပွင့်သူတောင်စင်နယ်ပယ်ကျွမ်းကျင်သူကိုပင်သတ်ဖြတ်ပစ်ခဲ့သော နမည်ကျော် အရူးနတ်ဆိုးရှစ်ဖုန့်ဖြစ်နေသည်ကို မြွေလူသားများသဘော
ပေါက်လိုက်ကြသည်။ သူက သူတို့မြွေလူသားနတ်ဘုရား
၏ရွေးချယ်ခြင်းကိုခံထားရသော တမာန်တော်ဖြစ်သည်။
“ဟားဟား..မောက်မာလိုက်တာ.
အထက်စီးဆန်းလိုက်တာ…
မင်းကတော့သေချင်နေတာပဲ..”
ဤအချိန်၌ ယဇ်ပူဇော်ခန်း မအပေါက်အထက်ရှိ ညကောင်းကင်ယံမှ အေးစက်သောရယ်မောသံ
တစ်ခုထွက်ပေါ်လာသည်။ယင်းမှာ မြေလူသားများအားလုံးအ
ပေါ်သို့အေးစက်သာရေးဖြင့်
ဖျန်းပက်လိုက်သကဲ့သို့ပင်ဖြစ်သည်။
“ဒါက..”
“ဒီအသံက”
အရိုးစိမ့်အောင်အေးလောက်
သောအသံအားကြားလိုက်ရသောအခါတွင် မြွေလူသားအဖွဲ့ဝင်များ၏မျက်နှာ
များမှာပြင်းပြင်းထန်ထန်ကို
ပြောင်းလဲသွားသည်။
“ဒီအသံက အမှောင်နတ်သူငယ်မင်းသားရဲ့ အမိန့်ကို ယူလာခဲ့တဲ့ တမာန်တော်ရဲ့အသံပဲ”
တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။
ရှစ်ဖုန့်က ခေါင်းကိုမော့လိုက်ပြီး ယဇ်ပူဇော်ခန်းမ မျက်နှာကြက် ရှိ ကြီးမှာသောအပေါက်ကိုဖြတ်သန်း၍ ကြယ်လင်းလက်သော ကောင်းကင်ယံအားကြည့်လိုက်သည်။
သူကပြောလိုက်သည်။
“ဖုံးကွယ်ခြင်းပညာရပ်ကို ကျွမ်းကျင်တဲ့သူတစ်ယောက်ပဲ . …ဒီသခင်လေးတောင်ဒါကို ဖောက်ထွင်းမမြင်နိုင်ခဲ့ဘူး”
“ဟမ့် ..လူသား ….အမှောင်နတ်သူငယ်တွေက ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကို မင်းစိတ်ကူးကြည့်လို့တောင်မရနိုင်ဘူးကွ”
ဤအချိန်တွင် အေးစက်သော အသံက ထပ်မံ၍ပေါ်ထွက်လာသည်။ထို့နောက်တွင် ညကောင်းကင်ယံ၌ အနက်ရောင်
ပုံရိပ်တစ်ခုက ဖြည်းဖြည်ချင်းပေါ်ထွက်လာသည်ကို မြွေလူသားများတွေ့လိုက်ရသည်။
သူကအနက်ရောင်ဝတ်ရုံတစ်ခုအား
ဝင်ဆင်ထားပြီး ထင်သာမြင်သာရှိသော အရေးပြားတို့က ခရမ်းနက်ရောင်ဖြစ်သည်။ သူ၏မျက်နှာက အလွန်အမင်းချောမောပြီး နတ်ဘုရားကဖန်တီးထားခဲ့သောထူးကဲသည့် အနုပညာလက်ရာတစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူ့တွင် ချွန်သော နားတစ်စုံရှိသည်။
“မင်းကိုး”
ရှစ်ဖုန့်အနေဖြင့်သူ့အား တစ်ချက်ကြည့်ရုံဖြင့်မှတ်မိလိုက်သည်။
သူသည် သဲကန္တာရအတွင်း သဲများဖြင့်ဖုံးလွှမ်းနေခဲ့သော ဆန်းကြယ်သည့်လူဖြစ်သည်။
ရှစ်ဖုန့်ကသူ့အား သဲကန္တာရအတွင်းရှိ ဆန်းကြယ်သော မျိုးနွယ်စုတစ်ခုမှ လူတစ်ယောက်ဟုထင်ခဲ့သည်။၎င်းက အမှောင်နတ်သူငယ်မျိုး
နွယ်စုမှဖြစ်နေသည်။
အမှောင်နတ်သူငယ်၏ နှုတ်ခမ်းက ဆိုးယုတ်သောအပြုံးတစ်ခု
အဖြစ်တွန့်ကွေးသွားသည်။ထို့နောက် သူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး ဆန်းကြယ်ပြီး ရှေးကျသော အမှောင်အရှိန်အဝါတစ်ခုက
သူ၏လက်ဖဝါးမှ ထွက်လာသည်။
ထို့နောက်တွန့်လိမ်ပြီး ထူးဆန်းကာ ဆန်းကြယ်သော ရှေးကျသည့် အမှောင်စာလုံးများက ထိုလူ၏လက်ဖဝါးပပေါ်လာ၏။
ထို့နောက် ဤရှေးကျသောစာလုံးများက ညကောင်းကင်ယံအမှောင်ထုနှင့် ရသမြောက်စွာဖြစ်ပေါ်နေသည့်ပုံပေါ်သည်။
သိပ်သည်းထူထဲသော အမှောင်အလင်းတန်းများက ညအမှောင်ထုထဲတွင်ပေါ်လာပြီး အောက်သို့ဆင်းသက်ကျဆင်းလာသည်။
“ဒီညပြီးရင် သဲကန္တာရထဲမှာ မြွေလူသားမျိုးနွယ်ဆိုတာ
ထပ်ပြီးတော့မရှိတော့ဘူး”
အမှောင်နတ်သူငယ်ထီး၏ မျက်နှာထက်တွင် အထက်ဆီးဆန်သောအမူ
အယာတစ်ခုရှိသည်။
ဤအထက်ဆီးဆန်မှုက သူ၏မြင့်မြတ်သော မျိုးဆက်သွေးမှလာခြင်းဖြစ်သည်။
ဤမြင့်မြတ်သော မျိုးနွယ်စုဝင်ကအောက်သို့ငုံ့ကြည့်လိုက်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“ဘယ်…ဘယ်လိုတောင်
စွမ်းအားကြီးတဲ့ စွမ်းအားလဲ”
မြွေလူသားများမှာ သူတို့၏
ခေါင်းများကိုမော့၍ ညကောင်းကင်ယံမှကျဆင်းလာသော အနက်ရောင်အလင်းတို့အားကြည့်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်များမှ အစွမ်းမဲ့မှုအာရုံကို တို့မြင့်တက်လာသည်ကိုခံစားမိလိုက်သည်။အမှောင်နတ်သူငယ်တို့၏
စွမ်းအားကတကယ်ကို အားကောင်းသည်ဖြစ်သည်။
ဤလူတစ်ယောက်တည်းကပင် မြွေလူသားမျိုးနွယ်စုတစ်ခုလုံး ခုခံတွန်းလှန်နိုင်သောသူဟုတ်မနေပေ။
“ဒီလောက်စွမ်းအားလေးနဲ့များ ..ဘယ်လိုတောင်အရှက်မရှိ ကိုယ်ရည်သွေးရဲနေတာလဲ”
ဤအချိန်တွင် အေးစက်ပြီး
အထင်သေးသော အသံတစ်ခုက ယဇ်ပူဇော်ခန်းမအတွင်း ထွက်ပေါ်လာသည်။
ထို့နောက်တွင် နောက်ထပ်အနက်ရောင်ပုံရိပ်တစ်ခုက ခန်းမှတစ်ဆင့် ကောင်းကင်ထဲသို့ထိုးတက်
သွားသည်ကိုလူအုပ်ကြီးမှာ တွေ့လိုက်ကြရသည်။ထို့နောက် ရှစ်ဖုန့်က သူ၏ တတိယ အနက်ရောင်
နတ်ဆိုးမျက်လုံးကို ဖွင့်လိုက်သည်။ရှစ်ဖုန့်အား အလယ်ဗဟိုပြု၍ လှိုင်းတံပိုး ထနေသော အနက်ရောင်နတ်ဆိုးမြူများက ဦးတည်ချက်အနှံ့သို့ ပျံ့နှံ့သွားသည်။ရုတ်ခြည်းဆိုသလို
၎င်းတို့က ယဇ်ပူဇော်ခန်းမထက်ရှိ ကောင်းကင်ထဲတွင်ပြည့်နှက်သွားသည်။
အနက်ရောင်အလင်းတန်းများက လှိုင်းတံပိုး ထနေသော အနက်ရောင်နတ်ဆိုးမြူများအတွင်းသို့ ကျဆင်းသွားသည်။
“ဒါ..ဒါက အနက်ရောင်နတ်ဆိုးမြူပဲ.. ဒါက မိစ္ဆာနတ်ဆိုးရဲ့စွမ်းအားမဟုတ်ဖူးလား”
“ဒါက…ဟုတ်တယ်.. မိစ္ဆာနတ်ဆိုးက အရှင်ရှစ်ဖုန့်ရဲ့ဖျက်ဆီးတာကို မခံရဘဲနဲ့ အရှင်ရှစ်ဖုန့်ထိန်းချုပ်တာကိုခံ
လိုက်ရတာများဖြစ်နိုင်မလား”
“ဒါက..အဲလိုပဲဖြစ်လိမ့်မယ်”
“ဒါပေမဲ့ ..ဒဏ္ဍာရီလာ မိစ္ဆာမျက်လုံးက တော်တော်လေးကို စွမ်းအားကြီးပြီးတော့ ဆိုးယုတ်တယ်…အရင်အချိန်တွေ
တုံးကတောင် ငါတို့ရဲ့စွမ်းအားကြီးဘိုးဘေးတွေဟာ မိစ္ဆာနတ်ဆိုးကို ကြယ်ခြောက်ပွင့်အမှောင်ရှေး
ဟောင်းအစီအရင်ထဲမှာ ဖိနှိပ်ဖို့အတွက် မျိုးနွယ်စုတစ်စုလုံးရဲ့စွမ်းအားအပေါ်မှာ မှီခိုအားထားခဲ့ရတာ..အရှင် ရှစ်ဖုန့်ကလည်း မိစ္ဆာနတ်ဆိုးကို ထိန်းချုပ်နိုင်ခဲ့တယ်..သူကငါတို့ရဲ့
ဘိုးဘေးတွေထက်ကိုစွမ်းအား
ကြီးနေတာများဖြစ်နေနိုင်မလား”
“အဲ့တာကတော့မဖြစ်နိုင်ဘူး..
အချိန်တော်တော်ကြာကာလကတည်းက မိစ္ဆာနတ်ဆိုးက တို့ဘိုးဘေးတွေဖိနှိပ်ထိန်ချုပ်
တာကိုခံထားခဲ့ရတာ..မိစ္ဆာနတ်ဆိုးရဲ့ စွမ်းအားအများစုက ပျောက်ကွယ်သွားခဲ့ပြီးတော့ ပုံမှန်လိုစွမ်းအားကြီးမနေတော့ဘူး..
ဒါကြောင့် လည်း အရှင်ရှစ်ဖုန့်က အဲ့ပေါ် အကျိုးကျေးဇူးဖြစ်ထွန်းသွား
တာဖြစ်လိမ့်မယ်”
“ဟုတ်တယ် ..အဲ့တာ အဓိပ္ပါယ်ရှိတယ်..အဲ့လိုပဲဖြစ်ရမယ်”
သူတို့အထက်ရှိ အနက်ရောင်နတ်ဆိုးမြူတို့အားကြည့်ကာ မြွေလူသားများကစတင်ပြောဆိုကြပြီး သူတို့ကိုယ်သူတို့ထပ်မံ၍ ရသေ့စိတ်ဖြေပြုလိုက်ကြသည်။
“ကိုကြီး ရှစ်ဖုန့်…သူ…သူတကယ်ပဲ ဒီအဆင့်ထိကို ကြီးထွားလာခဲ့တာပဲ”
ဇီယာကသူမအထက်ရှိ အနက်ရောင်နတ်ဆိုးမြူတို့အား
ကြည့်ရင်းတီးတိုးရေရွတ်လိုက်သည်။
ထို့နောက်စောင့်ကြည့်နေကြသော
မြွေလူသားများ၏မျက်လုံးများအောက်တွင်ပင် သူတို့အထက်တွင်ရှိနေသော
အနက်ရောင်နတ်ဆိုးမြူတို့ရုတ်ခြည်း အလယ်ဗဟိုထံသို့ လာဆုံကြသည်။အနက်ရောင်
နတ်ဆိုးမြူတို့က အလယ်ဗဟိုသို့တစ်ဟုန်ထိုးဦးတည်သကဲ့သို့ အနက်ရောင်နတ်ဆိုးမြူအတွင်း
ကျဆင်းလာခဲ့သောအနက်ရောင်
အလင်းတန်းတို့မှာလည်း အနက်ရောင်နတ်ဆိုးမြူတို့၏ ဝါးမျိုမှုကိုခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားသည်ကို မြွေလူသားများတွေ့လိုက်ကြရသည်။
ထို့နောက်တွင် အလယ်ဗဟိုထံသို့လာရောင်ဆုံကြသော အနက်ရောင်နတ်ဆိုးမြူများမှာ အစိုင်အခဲဖြစ်လာသကဲ့သို့သိပ်
သည်းလာကြသည်။ထို့နောက်တွင် အနက်ရောင်နတ်ဆိုးမြူတို့က ပို၍ ရှည်လျားစွာကြီးထွားနိုသော
အနက်ရောင်တိုင်လုံးတစ်ခုကဲ့သို့ ညကောင်းကင်ယံထဲသို့ တစ်ဟုန်ထိုးထိုးတက်သွားသည်။၎င်းက ညကောင်းကင်ယံထဲတွင်ဝင်
ကြွားစွာရပ်နေသော အမှောင်နတ်သူငယ်အမျိုးသားထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
“ဒီစွမ်းအား….ဒါက ဘယ်
လိုစွမ်းအားမျိုးလဲ”
အမှောင်နတ်သူငယ်၏မောက်မာသော မျက်နှာထားမှာပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားသည်။ထို့နောက် သူကသူ၏လက်ဖဝါးတို့ကိုဖွင့်လိုက်ပြီး ဆန်းကြယ်ပြီး ရှေးကျသော စကားလုံးများက သူ၏လက်ဖဝါးနှက်ဖက်စလုံးတွင်ပေါ်လာသည်။ထို့နော်က သူ၏လက်ဖဝါးတို့အား
အောက်သို့ ပြင်းပြင်းထန်ထန်ဆောင့်ချလိုက်သည်။
ဧရာမအမှောင်အလင်း ဒိုင်းတစ်ခုက
ရုတ်ခြည်း အမှောင်နတ်သူငယ်အမျိုးသား၏ အောက်တွင်ပေါ်လာပြီး ကောင်းကင်ထဲသို့တစ်ဟုန်ထိုး
ထိုးတက်လာသော အနက်ရောင်နတ်ဆိုး မြူတို့အား တားဆီးလိုက်သည်။
အမှောင်အလင်းဒိုင်းပေါ်တွင် များပြားလှသောဆန်းကြယ်သည့် အမှောင်ရှေးစကားလုံးများက
၎င်းအပေါ်၌ လင်းလက်နေ၏။
“ဝုန်း”
ဆန်းကြယ်သော စွမ်းအင်နှစ်ခု
အပြင်းအထန် ပစ်ဆောင့်မိကြသောအခါတွင် ပြင်းထန်သောမြည်ဟိန်းသံတစ်ခုက ညကောင်းကင်ယံထဲ၌ ပဲ့တင်ထွက်ပေါ်လာသည်။၎င်းမှာ
မိုးချုန်းသံတစ်ခုကပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ဖြစ်သည်။အောက်ဘက်တွင်ရှိနေသော ယဇ်ပူဇော်ခန်းမမှာ နောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်စွာလှုပ်ခါလာပြန်သည်။
ယဇ်ပူဇော်ခန်းမတစ်ခုတည်းတွင်မကဘဲ မြွေလူသားပိုင်နက်ကုန်းမြေ
တစ်ခုလုံးသည်ပင် စတင်၍တုန်ခါလာသည်။
ထို့နောက်တွင် ကြွပ်ဆက်ဆက် “ဘန်း” ဟူသောအသံတစ်ခုက ညကောင်းကင်ယံထဲတွင်ထွက်ပေါ်လာသည်။
အနက်ရောင်နတ်ဆိုးမြူတို့၏ သက်ရောက်မှုအော်တွင် အမှောင်နတ်သူငယ်အမျိုးသား
သူ၏ အောက်၌ သိပ်သည်းဖွဲ့စည်းထားသော ကြီးမားသည့်အမှောင်အလင်းဒိုင်းကြီးမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။
အမှောင်နတ်သူငယ်၏အသွင်အပြင် လက္ခဏာမှာ ထပ်ကာထပ်ကာ
ပြောင်းလဲနေပြီး မယုံကြည်နိုင်ဟန်ဖြင့်အော်ဟစ်လိုက်သည်။
“မဟုတ်ဖူး..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ …..ငါ့ရဲ့ကြီးမြတ်တဲ့ အမှောင်နတ်သူငယ်ကယန်ရဲ့စွမ်းအား ငါ့ရဲ့စွမ်းအားအကုန်လုံးကို အမှောင်အလင်းထဲမှာစုစည်း
ထားခဲ့တဲ့ ခုခံမှုက ဘယ်လိုဖြစ်ပြီးတော့ အလွယ်လေး ချိုးဖျက်ခံလိုက်ရတာလဲ”
ဆက်ရန်…….
ဘာသာပြန်သူ-ARISE