စစ်နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း
Vol. 191 Ch. 2724
ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်း၏ပုံရိပ်ကို ငုံ့ကြည့်သည်။ ကောင်းကင်ထက်မှ မျက်လုံးများသည် သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် စူးစူးဝါးဝါးကြည့်နေကြသည်။
နတ်အလင်းတစ်ခု တောက်ပလာပြီး နတ်မျက်လုံးများသည် ထိုနေရာကို စတင်လွှမ်းခြုံလိုက်သည်။ ထိုနေရာသည် စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စက်ကွင်းထဲတွင် မရေမတွက်နိုင်အောင်များပြားသော ဗုဒ္ဓများ ထွက်ပေါ်လာပြီး စက်ကွင်းတစ်ခွင်လုံး၌ နေရာယူသွားသည်။ ဗုဒ္ဓများအကြားမှ နတ်အလင်းထွက်ပေါ်လာပြီး အောက်ဘက်ရှိ ကျင့်ကြံသူများကို ဖိနှိပ်ထားလိုက်လေသည်။
စက်ကွင်းကို မော့ကြည့်နေသော ကျင့်ကြံသူအားလုံးသည် မြေပေါ်တွင် ဝပ်တွားကာ သူတို့၏ ရိုသေလေးစားမှုကိုပြသရန် လိုသည်ဟုပင် ခံစားလိုက်ရ၏။
“ရီဖူရှင်း... ဒီနေ့ ငါမင်းကို ဗုဒ္ဓအတတ်အစစ်အမှန်က ဘာလဲဆိုတာ ပြပေးမယ်”
ရှန်းယန်ဗုဒ္ဓအရှင်က ပြောလိုက်၏။ သူ၏အသံသည် ဟင်းလင်းပြင်ကို တုန်ခါသွားစေ၏။ သူသည် မျက်လွှာချလိုက်ပြီး ချက်ချင်းပင် ဗုဒ္ဓများ၏ခန္ဓာကိုယ်များမှ ဗုဒ္ဓအလင်းများ တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။ စက်ကွင်းအတွင်း၌ ဗုဒ္ဓများ၏မျက်ဝန်းများအတွင်းမှနေ၍ ဗုဒ္ဓနတ်ဓားများ ပျံထွက်လာကြသည်။ ၎င်းတို့သည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ရှည်လျားသော အကွာအဝေးကို တမဟုတ်ချင်း ပျံသန်းသွားကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွား၏။
မျက်လုံးများသည် အင်ပါယာ၏ဝိညာဉ်စွမ်းအားနှင့် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားသော ဓားများကဲ့သို့ပင်။
ရွှီး...
ရီဖူရှင်း၏ခန္ဓာကိုယ်သည် လင်းလက်သွားပြီး သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။ နတ်ဓားများသည်လည်း တစ်ပြိုင်တည်း ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အလွန်လျင်မြန်ကြပြီး ရှည်လျားသော အကွာအဝေးကို တမဟုတ်ချင်းသွားနိုင်ကြပေသည်။ ထိုအရာသည် ကစ္စရာပဓားဟုခေါ်သော ဗုဒ္ဓဓားအတတ်တစ်ခုဖြစ်သည်။ ဓားသည် အလင်းတန်းတစ်ခုနှင့် ဆင်တူပြီး ၎င်း၏စွမ်းအားသည် ပြိုင်ဘက်ကင်းပေသည်။
ကြည့်နေသော သူများအတွက် ရီဖူရှင်းသည် လေထဲတွင် ပျောက်ကွယ်သွားသည်ဟု ထင်ရသည်။ သို့သော် အမှန်တွင် သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ရွေ့လျားနေခြင်းဖြစ်သည်။ သို့သော် ကောင်းကင်ထက်ရှိ နတ်မျက်လုံးများသည်လည်း ဗုဒ္ဓရောင်ဝါခြေလှမ်းကဲ့သို့ပင် ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သဖြင့် ရီဖူရှင်း၏လှုပ်ရှားမှုတိုင်းကို ခြေရာခံနိုင်ပေသည်။
ဓားများသည် အရာအားလုံးကို စောင့်ကြည့်နိုင်ကာ ဗုဒ္ဓနတ်ဓားအတတ်နှင့် အတူလုပ်ဆောင်နိုင်သည့် ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်သည်။
အောက်ဘက်မှ ကျင့်ကြံသူများသည် ကောင်းကင်က ဓားအလင်းစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဓားများ၏ ထိုးစိုက်မှုကို ခံရကာ သေသွားနိုင်သည့် အန္တရာယ်ရှိနေသည်။
ထိုစဉ်တွင် စက်ကွင်းထောင့်တစ်နေရာ၌ နတ်ဘုရားအုပ်စိုးလက်နက်မှနေ၍ အလင်းတစ်ခု တောက်ပစွာလင်းလက်လာပြီး ကျောက်စိမ်းရောင်နတ်အလင်း ထွက်ပေါ်လာလေသည်။ ကျင့်ကြံသူများသည် ထိုထောင့်ကို လှမ်းကြည့်လိုက်ရာ ရီဖူရှင်းသည် မြင့်မားသော ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်ကို အံ့ဩတကြီး တွေ့လိုက်ရလေသည်။ သူသည် ဗုဒ္ဓနတ်ဓားများကို ဖြတ်ကျော်၍ ရှန်းယန်ဗုဒ္ဓအရှင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေသည်။
နတ်ဘုရားအုပ်စိုးလက်နက်သည် ကောင်းကင်ထက်သို့ တည့်တည့်ပျံတက်နေပြီး ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်နှင့် ပေါင်းစည်းထားပုံပေါ်လေသည်။ သူ့ကို နတ်အလင်းတစ်ခုက ဝန်းရံထားပြီး သူသည် ရှန်းယန်ဗုဒ္ဓအရှင်ဆီသို့ ဦးတည်နေသည်။ နတ်ဘုရားအုပ်စိုးလက်နက်ထဲတွင် ထျန်ကျူးနတ်ဓားပါဝင်ပြီး နတ်ဓားများစွာ ဖြစ်ပေါ်လာကာ ကစ္စရာပဓားများကို ရင်ဆိုင်လိုက်ကြသည်။
“ဟင်း...”
ရှန်းယန်ဗုဒ္ဓအရှင်သည် နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏ဩဇာကို ထုတ်လိုက်သည်။ ဗုဒ္ဓနတ်ဓားများသည် ဆက်၍ တိုက်ခိုက်နေကြပြီး ထျန်ကျူးနတ်ဓားများနှင့် ထိခတ်နေကြသည်။ ဓားများထိခတ်သွားပြီး ကောင်းကင်ထဲတွင် တောက်ပသောနတ်အလင်း လင်းလက်လာသည်။ မုန်တိုင်းတစ်ခုလည်း ဖြစ်ပေါ်လာပြီး ၎င်းနှင့် ထိတွေ့လာသော အရာအားလုံးကို အမှုန့်ဖြစ်သွားစေ၏။ ထိုအထဲတွင် ဓားဝိညာဉ်စွမ်းအားများလည်း ပါဝင်ပေသည်။
ကျောက်စိမ်းရောင်နတ်အလင်းသည် တွန်းကန်ခံလိုက်ရပြီး ရီဖူရှင်းမှာလည်း သူ၏မူလပုံစံအဖြစ် ပြန်ပြောင်းသွား၏။ သူ့လက်ထဲရှိ နတ်ဘုရားအုပ်စိုးလက်နက်သည် နဂိုအတိုင်းပင် ရှိသေးပြီး မဟာအင်ပါယာအဆင့်လက်နက်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ ၎င်း ကွဲပျက်မသွားခြင်းသည် အံ့အားသင့်ဖွယ်ပင်။
ရှန်းယန်ဗုဒ္ဓအရှင်သည် အောက်ဘက်ရှိ ရီဖူရှင်းကို ငေးကြည့်လိုက်ပြီး အတူတူပင် အံ့အားသင့်နေသည်။ ရီဖူရှင်း ကာရူရာအမွေအနှစ်နယ်မြေမှ ရရှိခဲ့သော နတ်ဘုရားအုပ်စိုးလက်နက်သည် အမှန်ပင် ထူးကဲသော နတ်လက်နက်တစ်ခုဖြစ်ပေသည်။ ၎င်းသည် ဗုဒ္ဓနတ်ဓားများနှင့် ရင်ဆိုင်ခဲ့ရသည်ပင် ခိုင်မာနေဆဲဖြစ်သည်။ ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် ဗုဒ္ဓနတ်ဓားများနှင့် ကစ္စရာပနတ်ဓားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ပင် ကွဲအက်ပျက်စီးမသွားသေးသည်ကို ကြည့်လျှင် ထိုလက်နက်သည် သာမန်နတ်လက်နက်တစ်ခု မဟုတ်ကြောင်း သိနိုင်ပေသည်။
ရီဖူရှင်းသည် ထိုတိုက်ခိုက်မှုပြီးနောက်တွင် ရှန်းယန်ဗုဒ္ဓအရှင်၏ လက်ရှိအဆင့်ကို အာရုံခံနိုင်လောက်ပေသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်၍ သေချာပေါက် လွန်စွာ စွမ်းအားကြီးလေသည်။ သို့သော် ထိုမျှသာဆိုလျှင် ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို အသုံးပြု၍ သူ့ကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။ သို့ပေသည့် ရှန်းယန်ဗုဒ္ဓအရှင်ဘက်ကတွင် မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ရှိနေသဖြင့် သူ့ကိုသတ်နိုင်ရန် ခက်ခဲနေရလေသည်။
မဟာအင်ပါယာအဆင့်လက်နက်ကို အသုံးပြုနေသော နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်စွမ်းအားသည် မည်မျှပြင်းထန်မည်ကို တွေးကြည့်ရုံသာတတ်နိုင်ပေသည်။
“မင်းက ဗုဒ္ဓလမ်းစဉ်ရဲ့ တပည့်အတု... ဒီနေ့က မင်းရဲ့ သေနေ့ပဲ”
ကောင်းကင်ထက်ရှိ နတ်မျက်လုံးများသည် ရီဖူရှင်းကို ငုံ့ကြည့်နေပြီး ရှန်းယန်ဗုဒ္ဓအရှင်၏ စကားသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေလေသည်။ နတ်မျက်လုံးများအောက်ရှိ နတ်ဓားများသည် တောက်ပသောအလင်းကို ထုတ်လွှတ်လိုက်ပြီး စက်ကွင်းအတွင်းရှိ နေရာတစ်ခွင်လုံးကို လင်းလက်သွားစေ၏။
သူ၏ ပြီးခဲ့သော တိုက်ခိုက်မှုများသည် ရီဖူရှင်း၏အစွမ်းကို စူးစမ်းရန်သာ ဖြစ်သည်။ သူသည် ရီဖူရှင်းကို အလွန်မုန်းတီးသော်လည်း ရီဖူရှင်းသည် စွမ်းအားကြီးကြောင်းကို သူသိပေသည်။ သူသည် ရီဖူရှင်း ထွက်လာမည့်အချိန်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသဖြင့် ယခု ရီဖူရှင်းကို သတ်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
ယနေ့တွင် ရီဖူရှင်း သေရပေမည်။
ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး သူ့လက်ဝါးများကို ဆန့်တန်းလိုက်သည်။ ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်မှနေ၍ ကျောက်စိမ်းရောင်နတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး တိမ်တိုက်များဆီသို့ ပျံတက်သွားပြီး ကောင်းကင်တစ်ခွင်လုံးကို ၎င်း၏အလင်းဖြင့် လွှမ်းခြုံသွားသည်။
“အဲဒါက ဘာလဲ”
ကျင့်ကြံသူများသည် ရီဖူရှင်း ရှိနေသောနေရာကို ငေးကြည့်နေကြသည်။ ကျောက်စိမ်းရောင်နတ်အလင်းသည် ကောင်းကင်ကို လွှမ်းခြုံထားပြီး စူးရှစွာ တောက်ပနေသည်။ နတ်ဘုရားအုပ်စိုးလက်နက်သည်လည်း အဆက်မပြတ် ပြန့်ကားနေပြီး ယခုတွင် မိုးထိအောင်ကြီးမားသည့် ဧရာမလက်နက်ကြီးဖြစ်နေပေပြီ။ ရီဖူရှင်းသည် ယခင်က နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားများ၏ အနည်းငယ်ကိုသာ အသုံးပြုခဲ့ပုံရပြီး ယခုမှ စွမ်းအားအကုန် ထုတ်သုံးခြင်း ဖြစ်နိုင်ပေသည်။
ရီဖူရှင်း၏မျက်နှာထားသည် တည်ငြိမ်နေပြီး သူ့တစ်ကိုယ်လုံးကို နတ်အလင်းက လွှမ်းခြုံထားသည်။ သူသည် မဟာလမ်းစဉ်စွမ်းအားနှင့် ပေါင်းစည်းသွားကာ တစ်သားတည်းဖြစ်သွားသည်ဟုပင် ထင်ရသည်။ လူများစွာသည် သူ၏စွမ်းအားများကို အာရုံခံနိုင်နေပြီး သူသည် ရန်ဟောင်အဆင့်တွင်သာ ရှိနေသေးသည်ကို အံ့အားသင့်နေကြသည်။
ရီဖူရှင်း၏ရန်ဟောင်အဆင့်သည် အခြားသူများ၏ရန်ဟောင်အဆင့်နှင့် ကွဲပြားပေသည်။ သူ၏အဆင့်သည် သဘာဝမိခင် ဖန်တီးထားသော အဆင့်ဖြစ်သည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်များနှင့် ပေါင်းစည်းလိုက်သောအခါ သူကိုယ်တိုင် လမ်းစဉ်ဖြစ်လာပေသည်။
နတ်ဘုရားအုပ်စိုးလက်နက်သည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခု မဟုတ်သော်လည်း ကောင်းကင်စည်းမျဉ်းများနှင့် ဖန်တီးထားသော လက်နက်ဖြစ်သည်။ ၎င်းသည် ဒီမွန်းအရှင်ကို ဖိနှိပ်ထားနိုင်ခဲ့ပြီး ရီဖူရှင်း၏ အသက်ဝိညာဉ်၏ ဝါးမျိုမှုကို ခံခဲ့ရကာ ထိုအသက်ဝိညာဉ်နှင့် ပေါင်းစည်းသွားခဲ့ပေသည်။
အစောက ရီဖူရှင်း သုံးနေခဲ့သော စွမ်းအားပမာဏသည် အမှန်ပင် နတ်ဘုရားအုပ်စိုးလက်နက်၏စွမ်းအား၏ သေးငယ်သောတစ်စိတ်တစ်ပိုင်းသာမျှသာ ဖြစ်သည်။
သို့သော် ယခုတွင် သူသည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသော နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူ၏လက်ရှိအဆင့်သည် ရှန်းယန်ဗုဒ္ဓအရှင်ကို အနိုင်ယူနိုင်ရန် မလုံလောက်,လောက်ချေ။
နတ်ဘုရားအုပ်စိုးလက်နက်၏ အလင်းသည် ကျယ်ပြောသော အာကာပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ အာကာပြင်သည် ရီဖူရှင်း၏ မဟာလမ်းစဉ်စက်ကွင်းဖြစ်လာလေသည်။
ထိုနေရာသည် သူ၏လမ်းစဉ်ပင်။
သူ့ခေါင်းအထက်တွင် နတ်ဘုရားအုပ်စိုးလက်နက်မှ ထုတ်လွှတ်နေသော ကျောက်စိမ်းရောင်နတ်အလင်းသည် လျင်မြန်သောအရှိန်ဖြင့် လည်ပတ်နေပြီး ဧရာမ ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် ကောင်းကင်နှင့် မြင့်မားသော ကောင်းကင်ထက်ရှိ ရီဖူရှင်းကို ကာရံသွားသည်။ ဝဲကတော့ကြီးသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုနေပြီး မဟာလမ်းစဉ်စွမ်းအားနှင့် လောကဝိညာဉ်ချီပင် ဝါးမျိုခံနေရလေသည်။
ဧရာမနတ်ဘုရားအုပ်စိုးလက်နက်ကြီးသာ ထိုလည်ပတ်နေသော ဝဲကတော့ထဲတွင် တည်ငြိမ်စွာ ရှိနေနိုင်ပေသည်။
ထိုအရာသည် နတ်ဝင်္ကပါတစ်ခုပေလော။ အောက်ဘက်မှ ကျင့်ကြံသူများသည် အထက်ရှိ တောက်ပနေသော မြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်တက်နေကြသည်။ ထိုမြင်ကွင်းသည် ကြောက်ရွံ့ တုန်လှုပ်ဖွယ် ကောင်းပေသည်။ ရီဖူရှင်းသည် သူ၏လက်ကို မြှောက်၍ နတ်ဘုရားအုပ်စိုးလက်နက်နှင့် ဝဲကတော့ကြီးကို ဆင့်ခေါ်လိုက်သည်။ ၎င်းတို့အတွင်းမှ ကြောက်မက်ဖွယ် ဝါးမျိုစွမ်းအားနှင့် နတ်အလင်းတို့ ထွက်ပေါ်လာကြသည်။
ကောင်းကင်ထက်တွင် ဗုဒ္ဓနတ်ဓားများသည် ဟင်းလင်းပြင်ကိုဖြတ်ကာ မဟာအင်ပါယာအဆင့်လက်နက်မှ ထုတ်လွှတ်လိုက်သော ကစ္စရာပဓားများနှင့်အတူ ကျဆင်းလာလေသည်။ ၎င်းတို့သည် ရီဖူရှင်းထံသို့ ရောက်နိုင်ရန်အတွက် ၎င်းတို့လမ်းကြောင်းရှိ အရာအားလုံးကို ခုတ်ပိုင်းသွား၏။ သို့သော် ၎င်းတို့ ရီဖူရှင်းအထက်သို့ ရောက်သွားသောအခါ ရီဖူရှင်းအထက်ရှိ ဝဲကတော့ကြီး၏ ကြောက်မက်ဖွယ် ဝါးမျိုးမှုကို ခံလိုက်ရလေသည်။
ဝဲကတော့အတွင်း၌ အကန့်အသတ်မဲ့ ကျယ်ဝန်းပုံပေါ်ပြီး ဝါးမျိုးခံလိုက်ရသော အရာအားလုံးကို ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားစေသည်။
“အဲဒါက ဘာနတ်အတတ်မျိုးလဲ”
ကျင့်ကြံသူများသည် အံ့အားသင့်နေသည်။ နတ်ဓားအားလုံးသည် ဝဲကတော့၏ ဝါးမျိုးမှုကို ခံရကာ ပျောက်ကွယ်သွားကြသည်။ ၎င်း မဝါးမျိုနိုင်သောအရာ မရှိပေ။ နတ်ဝင်္ကပါရှိနေသေးသ၍ မည်သည့်အရာမှ ဝဲကတော့ကို ဖြတ်ကျော်နိုင်မည် မဟုတ်ချေ။
ထိုအတတ်သည် ရီဖူရှင်း နတ်ကျောက်တုံးတစ်တုံးကို နှိုးစဉ်က သင်ယူခဲ့သော နတ်အတတ်တစ်ခုဖြစ်သည်။ သူသည် ထိုနတ်အတတ်ထဲတွင် သူ၏စွမ်းအားကိုလည်း ပေါင်းစပ်ထားပေသည်။ ထိုနတ်ကျောက်တုံးပေါ်တွင်”ဗလာနတ္တိ”ဟူသော စာလုံးကို ရေးထွင်းထားပြီး ကျောက်တုံးထဲတွင် လွန်စွာစွမ်းအားကြီးသော နတ်အတတ်တစ်ခု ရှိနေခဲ့သည်။ ရီဖူရှင်းသည် ကျင့်ကြံပြီးသွားသောအခါ ထိုအတတ်ကို စေ့စေ့စပ်စပ် သုံးသပ်ဆင်ခြင်၍ ဆရာတစ်ဆူအဆင့်အထိ ရောက်လာအောင် လေ့ကျင့်ခဲ့ပေသည်။ ထို့နောက်တွင် သူသည် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကို အသုံးပြု၍ ထိုနတ်အတတ်ကို အဆင့်မြှင့်တင်ခဲ့၏။ ထို့ကြောင့် နောက်ဆုံးတွင် ယခု အားလုံးတွေ့မြင်နေရသည့် စွမ်းအားကြီးနတ်အတတ်တစ်ခုကို ရရှိခဲ့ပေသည်။
ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် မရဏမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ကစ္စရာပဓားများသည် အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။ သို့သော် ၎င်းတို့သည် ဝါးမျိုခံလိုက်ရပေသည်။
ထို့နောက်တွင် ရီဖူရှင်းသည် သူ၏လက်ကို ဟင်းလင်းပြင်ထက်သို့ မြှောက်ကာ လေထုကို ရှေ့သို့ တွန်းလိုက်သည်။ မုန်တိုင်းသည် ရုတ်ခြည်းပင် အထက်ကောင်းကင်သို့ တက်သွားပြီး ဓားအတတ်များ၏ တိုက်ခိုက်စွမ်းအားကို ဝါးမျိုလိုက်လေသည်။ မည်သည့်အရာမှ မလွတ်မြောက်နိုင်ခဲ့ပေ။
နတ်မျက်လုံးများသည် အောက်ဘက်ကောင်းကင်သို့ စိုက်ကြည့်နေသည်။ သူသည် နတ်ဘုရားလက်နက်က အလွန်စွမ်းအားကြီးသဖြင့် အံ့အားသင့်နေသည်။ သူ့နတ်ဓားများ၏ တိုက်ခိုက်စွမ်းအားသည် အလွန်အားကောင်းပေသည်။ သို့တစေ ၎င်းတို့သည် ဝါးမျိုခံလိုက်ရပြီး မုန်တိုင်းကို မဖြတ်ကျော်နိုင်ခဲ့ချေ။ ထိုဓားများ၏ တိုက်ခိုက်စွမ်းအားသည် မလုံလောက်သေးသည့် အဓိပ္ပာယ်ပင်။
နတ်မျက်လုံးတစ်လုံးသည် ၎င်း၏ ပုံစံအစစ်အမှန်ကို ပြလိုက်၏။ စက်ကွင်းအတွင်းရှိ ဗုဒ္ဓများသည် ဗုဒ္ဓတရားတော်ကို အတူတကွ စတင်ရွတ်ဆိုလိုက်ပြီး ဗုဒ္ဓအလင်းသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ဗုဒ္ဓများ၏အနောက်တွင် မဟာဝေရောစနရောင်ခြည်တော် ထွက်ပေါ်လာပြီး ထိုရောင်ခြည်တော်သည် နတ်ဓားများအတွင်းသို့ ဝင်ရောက်ပေါင်းစည်းသွားသည်။ ရုတ်ခြည်းပင် ဗုဒ္ဓနတ်ဓားများအပေါ်၌ မဟာဝေရောစနရောင်ခြည်ထွက်ပေါ်လာပြီး လောကအတွင်းရှိ အရာအားလုံးကို လောင်ကျွမ်းပစ်ရန် အဆင်သင့်ဖြစ်နေသည်။
“သတ်...”
ရှန်းယန်ဗုဒ္ဓအရှင်က အမိန့်ပေးလိုက်သည်။
ရုတ်ခြည်းပင် ဗုဒ္ဓနတ်ဓားများ ကျဆင်းသွားသည်။ ၎င်းတို့အပေါ်တွင် မဟာဝေရောစနရောင်ခြည်ရှိနေသဖြင့် နေမင်းကြီး ကျဆင်းလာသည်ဟုပင် ထင်ရသည်။ နေမင်းကြီး နတ်ဓားများနှင့်အတူ ကျဆင်းလာသောမြင်ကွင်းသည် လွန်စွာကြောက်မက်ဖွယ် ကောင်းပေသည်။
ဝုန်း...
မြေကြီးကိုပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး နတ်ဓားများသည် ဝဲကတော့အတွင်းသို့ ဝင်ရောက်သွားကြသည်။ မဟာဝေရောစနရောင်ခြည် ပြန့်ကားသွားပြီး ဝဲကတော့ကြီးသည် စတင် ပြိုပျက်လာသည်။ ကောင်းကင်ပြင်တွင် အဖျက်နတ်အလင်းများ ပြည့်နှက်နေ၏။ ဧရာမနတ်ဘုရားအုပ်စိုးလက်နက်ကြီးနှင့် နတ်ဓားများ ထိခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာကာ ကော်းကင်နှင့်မြေကြီးသည် ပြိုပျက်သွားတော့မလိုပင် ထင်ရသည်။ ဤနေရာသည် နတ်ဘုရားကုန်းမြေ မဟုတ်ဘဲ မူလဘုံအတွင်းရှိ အခြားနေရာတစ်ခုဖြစ်ပါက နေရာတစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလောက်ပြီဖြစ်သည်။
သို့ပင်လျှင် အဖျက်နတ်အလင်းများသည် နေရာတစ်ခွင်လုံးကို လွှမ်းခြုံထားဆဲဖြစ်ပြီး ကောင်းကင်ကို တောက်ပနေစေလေသည်။
ဤတစ်ကြိမ်တွင် ရီဖူရှင်းသည် နောက်မဆုတ်လိုက်ပေ။ နတ်ဘုရားအုပ်စိုးလက်နက်သည် ဗုဒ္ဓနတ်ဓားများနှင့် ထိပ်တိုက် ထိခတ်သွားသည်။ ၎င်းသည် အနည်းငယ်ပင် အရေးနိမ့်နေပုံမပေါ်ဘဲ ဗုဒ္ဓနတ်ဓားများကိုပင် မြင့်မားသော ကောင်းကင်ထက်သို့ ပြန်တွန်းထုတ်နေသည်။ ၎င်းမှာမူ ၎င်း၏နေရာတွင်ပင် ဆက်၍ မြဲမြဲမြံမြံ ရှိနေသည်။
“တော်တော် စွမ်းအားကြီးတာပဲ... အဲဒီနတ်ဘုရားအုပ်စိုးလက်နက်က မဟာအင်ပါယာအဆင့်လက်နက် မဟုတ်ပေမယ့် မဟာအင်ပါယာအဆင့်လက်နက်တွေထက် မနိမ့်ဘူး... အဲဒါက စွမ်းအားကြီးနတ်လက်နက်တစ်ခုပဲ။ အဲဒါက မဟာအင်ပါယာအဆင့်လက်နက်တွေထက်တောင် ပိုပြီးအဖိုးတန်သေးတယ်... အဲဒါရဲ့ စွမ်းအားအကုန်လုံးကို အခုထိ မမြင်ရသေးတာတစ်ခုပဲ”
အောက်ဘက်မှ တစ်စုံတစ်ယောက်က အထင်တကြီး ပြောလိုက်၏။
“နတ်ဘုရားအုပ်စိုးလက်နက်က ဒီမွန်းအရှင်ကိုတောင် ဖိနှိပ်နိုင်ခဲ့တာပဲ... ဘယ်လိုလုပ် သာမန်လက်နက်တစ်ခု ဖြစ်မှာလဲ..”
“ဒါပေမဲ့ ရီဖူရှင်းက နတ်ဘုရားအုပ်စိုးလက်နက်ရဲ့ စွမ်းအားဘယ်လောက်ကို ထုတ်သုံးနိုင်လဲ”
သူတို့စကားပြောနေစဉ်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် နတ်ဘုရားအုပ်စိုးလက်နက်၏ အရွယ်အစားသို့ ရောက်သည်အထိ ကြီးမားလာသည်။ သူသည် ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပေပြီ။