← Chapters

နတ်ဘုရားများ၏ ကန့်သတ်နယ်မြေ

Vol. 191 Ch. 2726

နတ်ဘုရားများ၏ ကန့်သတ်နယ်မြေ

Vol. 191 Ch. 2726

စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင် ရီဖူရှင်းကို လူမြင်ကွင်းတွင် မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် မဟော်ရာဂီအမွေအနှစ်နယ်မြေတွင် မြို့တစ်မြို့တည်ခဲ့သည်ဟု ဆိုကြသည်။ ယခင်က ရီဖူရှင်း ရရှိထားခဲ့သည့် ကျင့်ကြံခြင်းအရင်းအမြစ်များကြောင့် သူတို့သည် ထိုကတည်းက ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေခဲ့ကြသည်။

ရီဖူရှင်းတစ်ယောက် ကြီးကျယ်သော တိုက်ပွဲထဲတွင် ပါဝင်၍ လူလုံးထွက်ပြခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာခဲ့ပြီဖြစ်သည်။ သူသည် မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီကို ရထားသော အနောက်ဘက်ဗုဒ္ဓလောကမှ နတ်ဘုရားတစ်ဝက်အဆင့် ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်ဖြတ်ခဲ့သည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်သည်မှာ မကြာသေးဘဲ သူရရှိထားသော မဟာအင်ပါယာအဆင့်လက်နက်သည်လည်း သူ၏စွမ်းရည်များနှင့် သိပ်မကိုက်ညီသော်လည်း ထိုကဲ့သို့ ပေါင်းစည်းမှု၏ တိုက်ခိုက်စွမ်းအားသည် လွန်စွာစွမ်းအားကြီးမည်ဖြစ်ကြောင်း သံသယဖြစ်စရာမရှိဘဲ ကြောက်မက်ဖွယ် ကောင်းသည်ဟုပင် ဆိုနိုင်ပေသည်။ သို့သော် ရီဖူရှင်းမှာလည်း လှည့်ဖြား၍ နိုင်ခဲ့ခြင်းမဟုတ်ပေ။ သူသည် ရှန်းယန်ဗုဒ္ဓအရှင်ကို မျှမျှတတ ထိပ်တိုက်ရင်ဆိုင်ကာ သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

ထိုမူလဘုံမှ နံပါတ်တစ်ပါရမီရှင်သည် ဤပြောင်းလဲနေသောခေတ်တွင် အတောက်ပဆုံးသူများထဲမှ တစ်ယောက်ဖြစ်ပေသည်။ သူသည် မဟာအင်ပါယာအဆင့် အင်အားစုများမှ ဆက်ခံသူများထက် မနိမ့်ပေ။

ထိုသတင်းပျံနှံ့သွား၏။ သို့သော် ထိုသတင်းသည် များစွာရှုတ်ရှုတ်သဲသဲ ဖြစ်မသွားစေပေ။ ထိုသို့ဖြစ်ရခြင်းမှာ တိုက်ပွဲက လုံလောက်အောင်မပြင်းထန်၍ မဟုတ်ဘဲ လူများသည် သူတို့၏ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နေကြ၍ဖြစ်သည်။ ဖြစ်ပျက်ခဲ့သော ထင်ရှားသည့်ပြောင်းလဲမှုများပြီး‌နောက်တွင် နတ်ဘုရားကုန်းမြေသည် သိပ်မတည်ငြိမ်သေးပေ။ ထို့အပြင် ယင်းကုန်းမြေ၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် အခြားဘုံများမှ ပတ်ဝန်းကျင်များနှင့် ကွဲပြားပေသည်။

အခြားဘုံများတွင် ဖြစ်ပျက်ခဲ့သော အဓိကအဖြစ်အပျက်များသည် အခြားကုန်းမြေများသို့ ရုတ်ခြည်းပျံ့နှံ့သွားမည်ဖြစ်သည်။ သို့သော် ဤနေရာတွင်မူ မည်သည့်ကျင့်ကြံသူမှ ကျင့်ကြံခြင်းအပျက်ခံ၍ သူများကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိပေ။

ပို၍အရေးကြီးသည်မှာ ယနေ့ခေတ် နတ်ဘုရားကုန်းမြေတွင် အံ့အားသင့်ဖွယ် အဖြစ်အပျက်များသည် မကြာခဏ ဖြစ်ပျက်နေခြင်းပင်။

ရီဖူရှင်းသည် ကုန်းမြေပေါ်တွင် လျှောက်ပတ်ရင်းဖြင့် နေရာများစွာကို သွားကြည့်ခဲ့သည်။ သူသည် နက်ရှိုင်းသော ချောက်တစ်ခုသို့ ရောက်သောအခါ ချောက်အထက်တွင် လူအများအပြား ကျင့်ကြံနေသည်ကို တွေ့ခဲ့လေသည်။ သူတို့သည် အဆောက်အဦးများကိုပင် ဆောက်လုပ်ထားပြီး လူများစွာသည် ကျင့်ကြံရန် ထိုနေရာသို့ နေ့စဉ်ရောက်လာကြသည်။

ရီဖူရှင်းမှာလည်း ထိုနေရာသို့ ရောက်လာသည်။ သူလျှောက်ကြည့်နေရင်း သွားနေ၊ လာနေသော အဆုံးမဲ့ လူတန်းကြီးကို တွေ့လိုက်သည်။ လူအများစုသည် တစ်နေရာတည်းသို့ ဦးတည်သွားနေကြ၏။

ရီဖူရှင်းမှာလည်း ထိုဘက်သို့ပင် သွားနေသည်။ သူသည် ကျင့်ကြံသူများစွာ ရပ်နေသော ချောက်ကပ်းပါးသို့ ရောက်လာ၏။ ကမ်းပါး‌ပေါ်ရှိ ကျောက်တုံးကြီးများပေါ်တွင်ပင် ကျင့်ကြံသူများစွာ ရှိနေလေသည်။

သူသည် ကမ်းပါးစွန်းတွင် ရပ်လိုက်ပြီး ချောက်ကမ်းပါးအောက်ဘက်သို့ ကြည့်ရှုလိုက်၏။ အောက်ဘက်ရှိ ပတ်ဝန်းကျင်သည် လွန်စွာ လှပကြောင်း တွေ့လိုက်ရ၏။ အောက်ဘက်တွင် စီးဆင်းနေသော စမ်းချောင်းလေးများနှင့် စိမ်းစိုသော သစ်ပင်များ ရှိနေလေသည်။ အောက်ဘက်မှနေ၍ အားကောင်းသော ဝိညာဉ်လေထု ပျံ့နှံ့နေ၏။ ထိုနေရာသည် မသေမျိုးများ ကျင့်ကြံရာနေရာတစ်ခုကဲ့သို့ပင် ထင်ရသည်။

သို့သော် ထိုနေရာသည် နတ်ဘုရားကုန်းမြေပေါ်ရှိ နတ်ဘုရားများ၏ကန့်သတ်နယ်မြေဖြစ်ပေသည်။

ဒဏ္ဍာရီများအရ ဤချောက်အောက်တွင် နတ်ဘုရားများ၏ လောကအသေးလေးတစ်ခုရှိခဲ့သည်ဟု သိရသည်။

သို့သော် ကျင့်ကြံသူအများစုသည် ထိုနေရာတစ်ဝိုက်တွင်သာ လျှောက်ပတ်သွားဝံ့ပေသည်။ ထိုချောက်အတွင်းသို့ ဝင်သွားသည့်သူတစ်ယောက်မှ ပြန်ထွက်မလာ‌သေးပေ။ ထို့ကြောင့် ကန့်သတ်နယ်မြေဟု အမည်တွင်လာခြင်းဖြစ်သည်။

“ဒီကန့်သတ်နယ်မြေထဲမှာ ဘယ်သူက နတ်ရတနာတွေရမယ်ဆိုတာ ဘယ်သူသိမလဲ”

တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။

“အခု နတ်ဘုရားကုန်းမြေပေါ်မှာ နတ်ဘုရားအမွေအနှစ်တွေကို သိပ်မတွေ့ရတော့ဘူး... တော်တော်များများကို သူများတွေ ယူသွားကြပြီ။ ကျန်နေသေးတဲ့ ကန့်သတ်နယ်မြေတွေကလည်း တွေ့ဖို့ခက်တယ်။ အခွင့်အရေးတွေက တစ်နေ့ထက်တစ်နေ့ နည်းလာပြီ”

သူ့ဘေးမှ ကျင့်ကြံသူများက ထပ်မံမှတ်ချက်ပြုလိုက်၏။ သူတို့သည် ဤနေရာသို့ ရောက်နေသော်လည်း ချောက်ကမ်းပါးအောက်သို့ ဆင်းမသွားဝံ့ကြပေ။ သူတို့သည် ကမ်းပါး‌ပေါ်မှသာ ရပ်ကြည့်ဝံ့ကြပေသည်။

“ကုန်းမြေပေါ်မှာ ထူးဆန်းတဲ့ ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာပြီး အမွေအနှစ်နယ်မြေတွေ အများကြီးကို သိမ်းပိုက်ထားတယ်လို့ ငါကြားတယ်။ သူက ရက်စက်ပြီးတော့ စွမ်းအားကြီးတယ်တဲ့။ သူက အမွေအနှစ်နယ်မြေတွေက အမွေအနှစ်တွေကို တိုက်ရိုက်ဝါးမျိုးပစ်နိုင်စွမ်းရှိပြီးတော့ သူ့လက်ချက်နဲ့ ထပ်သီးတွေအများကြီး သေသွားတယ်တဲ့ကွ”

“ငါလည်း ကြားတယ်... အဲဒီလူရဲ့ ကျင့်ကြံခြင်းက အထွတ်အထိပ်ကို ရောက်နေပြီ။ ပြီးတော့ သူပစ်မှတ်ထားတဲ့သူတွေက လောကအားလုံးက ထိပ်တန်းအင်အားစုက သူတွေချည်းပဲတဲ့။ အဲဒါကိုကြည့်ရင် သူဘယ်လောက် စွမ်းအားကြီးလည်းဆိုတာ သိနိုင်တာပေါ့။ သူက နှစ်ပေါင်းများစွာ ရှင်သန်နေတဲ့ မိစ္ဆာအိုကြီးလည်း ဖြစ်နိုင်တာပဲ...”

အားလုံးသည် ထိုအကြောင်းကို ပြောနေကြသည်။ သူတို့အားလုံးသည် ထိုကိစ္စပေါ်တွင် ကိုယ့်အမြင်နှင့်ကိုယ် ရှိကြလေသည်။

ယခင်က အားလုံးသည် ဤနတ်ဘုရားကုန်းမြေ ထွက်ပေါ်လာမှုကိုသာ ပြောခဲ့ကြသည်။ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရခြင်းမှလည်း လောကအားလုံးသည် သူတို့၏လမ်းကြောင်းများကို ဖွင့်၍ ဤနေရာသို့ ‌ရောက်လာခဲ့ကြ၍ ဖြစ်သည်။ အားလုံးသည် ကောင်းကင်နှင့်မြေကြီး အကြားမှ ပြောင်းလဲမှုများမှနေ၍ သူတို့ အကျိုးအမြတ်ရနိုင်လိမ့်မည်ဟု တွေးခဲ့ကြသည်။ ထို့ကြောင့်လည်း ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာခဲ့ရခြင်းပင်။

သို့သော် ဆယ်နှစ်ကြာပြီးသွားနောက် လက်ရှိတွင် သူတို့သည် အရာအားလုံးမှာ အိပ်မက်တစ်ခုသာ ဖြစ်ခဲ့ကြောင်း သိရှိလာကြသည်။ သူတို့သည် မည်သည့်အရာကိုမှ မရရှိခဲ့ချေ။ သူတို့တွေးခဲ့သောအရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ခဲ့သည်။ တစ်ဘက်တွင်လည်း သူတို့နှင့် ထိပ်သီးများအကြားမှ ကွာဟချက်သည် ပို၍ပင် ကြီးလာခဲ့ပေသည်။ သန်မာသူများသာ ပို၍သန်မာလာကြလေသည်။

ကောင်းကင်နှင့်မြေကြီးအကြားမှ ပြောင်းလဲမှုများသည် ဤလောကကို လွှမ်းမိုးရန် ကံတရားပါလာသည့် ပါရမီရှင်တစ်စုကို ဖန်တီးခဲ့သည်။ သို့သော် သူတို့သည် ထိုအစုထဲတွင် မပါပေ။

ထို့ကြောင့် သူတို့သည် ဆုံးရှုံးသည်ဟု ခံစားနေရနိုင်ပေသည်။ သို့သော် အမှန်တွင် ပြောင်းလဲမှုများသည် သူတို့အတွက် အကျိုးရှိစေ၏။ ယခုတွင် ဤကုန်းမြေသည် မူလဘုံ၏ ကုန်းမြေကို ကန့်လန့်ဖြတ်ထားပြီး ကျင့်ကြံခြင်းအတွင် အလွန်သင့်တော်ပေသည်။

လူများစွာသည် သူတို့လာခဲ့သောနေရာသို့ပင် ပြန်သွားလိုစိတ် မရှိကြတော့ချေ။

ဤနေရာသည် လောကအားလုံး၏ ဗဟိုပင် ဖြစ်လာနိုင်သည်။

“ဒွန်ဟောင်တိယွမ် ချောက်ထဲဆင်းသွားတာ အခုဆို ရက်နည်းနည်းကြာပြီ... သူ နတ်ရတနာကို ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာတော့ ဘယ်သူသိနိုင်မလဲ”

ထိုအချိန်တွင် အခြားလူတစ်ယောက်က ပြောလိုက်၏။ သူပြောလိုက်သောစကားကြောင့် ရီဖူရှင်း အံ့အားသင့်သွား၏။

ဒွန်ဟောင်တိယွမ်သည် နတ်ဘုရားများ၏ ကန့်သတ်နယ်မြေအတွင်းသို့ ဝင်သွားသည်လော။

“ဒွန်ဟောင်တိယွမ်က တကယ့်ကို အရှင်ဒွန်ဟောင်ရဲ့ သမီးတော်ပဲ။ သူ့လို တော်ဝင်အဆင့်အတန်းရှိတဲ့သူက နတ်ဘုရားတွေရဲ့ ကန့်သတ်နယ်မြေထဲကို တစ်ယောက်တည်း ဝင်သွားဝံ့တယ်။ အဲဒီလိုသတ္တိမျိုးကို ယှဉ်နိုင်တဲ့ ယောက်ျားသားတောင် နည်းနည်းပဲရှိတယ်”

“သူက မယုံနိုင်လောက်တဲ့ စွမ်းရည်ရှိတော့ ရဲတာပေါ့ကွ... ဒါပေမဲ့ ဒွန်ဟောင်တိယွမ်ရဲ့ တော်ဝင်အဆင့်အတန်းက သူ့ကို တခြားသူတွေနဲ့ ကွဲပြားစေတယ်ဆိုတာကတော့ အမှန်ပဲ။ သူက မင်းသမီးဆိုတော့ အဲဒီလိုမျိုး စွန့်စားစရာမလိုပါဘူး... ပြီးတော့ သူ့မှာ အမွေအနှစ်တွေလည်း အများကြီးရှိတာပဲ။ နာဂါအမွေအနှစ်နယ်မြေက သူရဲ့ကျင့်ကြံခြင်းနဲ့ သိပ်မကိုက်ညီဘူးဆိုရင်တောင် အနည်းဆုံးတော့ သူက နဂါးဘိုးဘေးရဲ့ စွမ်းအားကို ရခဲ့သေးတာပဲလေ...”

သူ့ဘေးမှ လူများသည် သူတို့ဘာသာ စကားပြောနေကြသည်။ ထိုစကားများကြောင့် ရီဖူရှင်းသည် အနည်းငယ် အံ့အားသင့်နေ၏။ ဒွန်ဟောင်တိယွမ်သည် နတ်ဘုရားများ၏ ကန့်သတ်နယ်မြေအတွင်းသို့ ဝင်သွားရုံမျှသာမကသေး ထိုသို့ဝင်သွားရာတွင်လည်း သူမ တစ်ယောက်တည်း ဝင်သွားခြင်းဖြစ်သည်။

သို့သော် သူသည် သူ၏လက်ရှိအဆင့်သို့ ရောက်ရန် ရှေ့နှစ်များအတွင်း၌ သူ့ဘာသာ ကျင့်ကြံနေခဲ့သည်။ ထိုစဉ်အတွင်း ဒွန်ဟောင်တိယွမ်သည်လည်း ကျင့်ကြံခြင်းအဆင့် တက်သွားခြင်း ဖြစ်ရပေမည်။ လက်ရှိတွင် သူမ၏စွမ်းအားနှင့် အရင်းအမြစ် အမျိုးမျိုးနှင့်ဆိုလျှင် သူမသည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ ရောက်နေလောက်ပေပြီ။

ဒွန်ဟောင်အင်ပါယာနန်းတော်တွင်ပင် သူမကို ယှဉ်နိုင်သည့်သူ သိပ်မရှိလောက်တော့ပေ။ သူမသည် လုံလောက်အောင် စွမ်းအားကြီးလာပြီဖြစ်၍ သူမကို ကာကွယ်ပေးမည့် သူများ မလိုတော့ချေ။

“ဒွန်ဟောင်တိယွမ်က ဒီကန့်သတ်နယ်မြေထဲကို သူဖောက်ဝင်နိုင်လိမ့်မယ်လို့ ထင်ပုံရတယ်။ ပြီးတော့ သူ့အပြင် နောက်လူတစ်စုလည်း အထဲကို ဝင်သွားတယ်မလား။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူတို့က ကန့်သတ်နယ်မြေရဲ့ သတင်းအချက်အလက်တချို့ကို ရခဲ့တဲ့ပုံပဲ”

တစ်စုံတစ်ယောက်က ဆက်ပြောလိုက်၏။

ဒွန်ဟောင်တိယွမ်၏ စရိုက်နှင့်ဆိုလျှင် သူမသည် သူမဘက်မှ အလေးသာမည့် အကြံအစည်အချို့မရှိဘဲ မဆင်မခြင် မပြုမူလောက်ပေ။

ဤနေရာသည် နတ်ဘုရားများ၏ ကန့်သတ်နယ်မြေဖြစ်စေကာမူ ဒွန်ဟောင်တိယွမ်သည် နတ်ရတနာကို အမွေဆက်ခံ၍ အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်လိမ့်မည်ဟု အားလုံးက ယုံကြည့်နေကြဆဲဖြစ်သည်။ ဒွန်ဟောင်တိယွမ်၏ ပါရမီ၊ အင်အားနှင့် ကျောထောက်နောက်ခံတို့အရ သူမသည် အောင်မြင်နိုင်ချေများသူ တစ်ဦးဖြစ်နေသည် မဟုတ်ပါလား။

ထိုအခိုက်တွင် အားလုံးသည် အခြားလူတစ်ယောက်က ချောက်ကမ်းပါးသို့ လျှောက်သွားပြီး နက်ရှိုင်းသောချောက်အတွင်းသို့ တိုက်ရိုက်ဆင်းသွားသည်ကို တွေ့လိုက်ရ၏။ ရုတ်တရက် အားလုံးသည် ထိုနေရာဘက်သို့ အာရုံစိုက်လိုက်ကြသည်။

အခြားတစ်ယောကသည် ကန့်သတ်နယ်မြေအတွင်းသို့ ဝင်လိုသလော။

ထိုသူသည် မည်သူနည်း။

“ရီဖူရှင်း...”

တစ်စုံတစ်ယောက်သည် သူ့ကို မှတ်မိသွားပြီး ချောက်နက်တွင်းသို့ ပျံဆင်းသွားသည့် ငွေဖြူရောင်ဆံပင်နှင့်လူကို ကြည့်နေလေသည်။

“ရီဖူရှင်းလည်း ဒီကိုရောက်လာပြီပေါ့”

လူများစွာသည် ရင်ခုန်မြန်သွား၏။ ယနေ့ခေတ်တွင် ရီဖူရှင်း၏ဂုဏ်သတင်းသည် နတ်ဘုရားကုန်းမြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေသည်။ ထိုလူများသည် ယခင်က သူ့ကို တစ်ခါမှ မမြင်ဖူးစေကာမူ ရီဖူရှင်း၏အမည်ကို မကြားဖူးသူ မရှိသလောက်နီးပါးပင်။

လွန်ခဲ့သော နှစ်အနည်းငယ်က ကောင်းကင်နန်းတော်ဟောင်းမှ တိုက်ပွဲအတွင်း၌ ရီဖူရှင်းသည် သူ၏စွမ်းဆောင်ချက်ဖြင့် လောကကြီးကို အံ့အားသင့်စေခဲ့သည်ဟု ဆိုကြသည်။ သူသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ဦး‌ဆောင်၍ ကောင်းကင်ဘုံမှ ကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့သည်။ သူသည် အရှုံးမပေးခဲ့ရုံသာမက သူ၏စွမ်းအားဖြင့် ကောင်းကင်လှေကားပေါ်သို့ပင် တက်သွားပြီး နတ်ဘုရားများ၏ ရုပ်တုများထံမှ စွမ်းအားများကို စုပ်ယူခဲ့ပြီး ကောင်းကင်ဘုရင်လေးပါး၏ ခေါင်းဆောင်ဖြစ်သော မဟာကောင်းကင်ဘုရင်ကို အနိုင်ယူခဲ့သည်။

ဤမျိုးဆက်တွင် ရီဖူရှင်း၏အမည်သည် ကျိဝူတောက်၊ ဒွန်ဟောင်တိယွမ်နှင့် အခြားသူများဘေးတွင် အထားခံရရန် အဆင့်မီသည်ထက် ပိုပေသည်။

လူအားလုံး၏အကြည့်များအောက်တွင် ရီဖူရှင်းသည် ချောက်၏အောက်ခြေသို့ ရောက်လာသည်။ ပတ်ဝန်းကျင်သည် ထူးခြား၏။ မြစ်တစ်စင်းသည် ကျောက်တုံးများကို ဖြတ်ကာ စီးဆင်းနေပြီး ‌မြစ်ကမ်းဘေးနှစ်ဘက်ရှိ ရှေးဟောင်းသစ်ပင်များသည် စိမ်းစိုးဝံ့ကြွားနေကြသည်။

သူ့အရှေ့တွင် လမ်းကျဉ်းလေးတစ်ခုရှိ၏။ ထိုပတ်ဝန်းကျင်မှနေ၍ ရီဖူရှင်းသည် ဆန်းကြယ်သောလေထုတစ်ခုကို ခံစားနေရလေသည်။

ထိုလမ်းကျဉ်းလေးဘေးတွင် လှိုင်းထန်သော မြစ်တစ်စင်းရှိ၏။ သူ ရှေ့သို့ ဆက်လျှောက်သွားသောအခါ ဘေးနှစ်ဘက်မှ ကျောက်တုံးများသည် ပို၍ ကြီးမားလာသည်။ ရီဖူရှင်းသည် အတွင်းပိုင်းသို့ ပိုရောက်သောအခါ တောင်နံရံမှ ကျောက်တုံးကြီးများသည် တစ်သီးတစ်ခြား ဖြစ်နေပုံရကြောင်း တွေ့လိုက်ရ၏။

ရီဖူရှင်းသည် ကျောက်နံရံသို့ လက်ညှိုးညွှန်လိုက်သော်လည်း မည်သည့် အရိပ်အယောင်မှ ပေါ်မလာပေ။

‘ငါတွေးထားသလိုပဲ’

ရီဖူရှင်း တွေးလိုက်၏။

အကယ်၍ ထိုကျောက်တုံးကြီးများကိုသာ ဖွင့်၍ရလျှင် ထိပ်သီးများသည် အပြင်မှနေ၍ ဤနယ်မြေအတွင်းသို့ဝင်ရန် ဖွင့်ပြီးကြလောက်ပေပြီ။ မည်သူမှ ထိုသို့မလုပ်နိုင်ပေ။ သူ့ကဲ့သို့သော သူပင် ကျောက်နံရံကို မဖွင့်နိုင်လျှင် ထိုကျောက်နံရံကို ဖွင့်ရန် မည်မျှခက်ခဲကြောင်း သိနိုင်ပေသည်။

ရှေးခေတ်မှ နတ်ဘုရားများသာ ထိုကဲ့သို့ လုပ်နိုင်သည့်ပုံပင်။

“အဲဒါက နတ်ဘုရားတစ်ပါး နေထိုင်ခဲ့တဲ့ လိုဏ်ဂူလား...”

ရီဖူရှင်းသည် သူ့ဘာသာ တွေးတောလိုက်ပြီး လမ်းကြောင်းအတိုင်း ဆက်လျှောက်လိုက်သည်။ တဖြည်းဖြည်းဖြင့် လမ်းကြောင်းသည် မြစ်ဘေးတွင် ရပ်သွားပြီး ‌ရှေ့ဆက်သွားလိုလျှင် ရေလမ်းအတိုင်းသာ သွားရတော့မည် ဖြစ်သည်။

ရီဖူရှင်းသည် တန်ခိုးစွမ်းအားများကိုသုံး၍ မြစ်ကို မဖြတ်လိုပေ။ ဤနေရာသည် နတ်ဘုရားတစ်ပါး၏ ကျင့်ကြံရာနေရာဖြစ်သဖြင့် သူသည် မရိုမသေမပြုဝံ့ပေ။

ရီဖူရှင်းအရှေ့တွင် လှေအသေးလေးတစ်ခု ဖြစ်ပေါ်လာပြီး သူသည် လှေပေါ်သို့ တက်လိုက်ကာ မြစ်တစ်လျှောက် စုန်ဆင်းသွားလိုက်သည်။ သူ ထိုနယ်မြေအတွင်းပိုင်းသို့ ရောက်လာသောအခါ ဆန်းကြယ်သောလေထုသည် ပို၍ အားကောင်းလာကြောင်း ခံစားလိုက်ရ၏။ သူသည် အထက်ရှိ တောင်နံရံများနှင့် သူ့ဘေးပတ်ပတ်လည်ကို မော့ကြည့်လိုက်ရာ သူ့ပတ်ပတ်လည်တွင် မမြင်ရသော အားတစ်ခု ရှိနေသည်ကို ခံစားလိုက်ရ၏။ ထိုအားသည် အားမကောင်းသော်လည်း သူသည် ခုခံမှုတစ်ခုကို ခံစားနေရသည်။ သူ့အရှေ့တွင် အလင်းတစ်မျိုး ရှိနေ၏။ နက်ရှိုင်းသောအတွင်းတစ်နေရာတွင် တစ်စုံတစ်ယောက်သည် ဤနေရာသို့ ဝင်လာသူအားလုံးကို အာရုံခံနိုင်နေသကဲ့သို့ပင်။

နောက်ဆုံးတွင် ရီဖူရှင်းသည် ရေတံခွန်တစ်ခုက ကာရံထားသည့် အခုံးပုံစံ တံခါးဝကြီးတစ်ခုကို တွေ့လိုက်ရ၏။ ရီဖူရှင်း၏လှေကလေးသည် တံခါးခုံးနှင့် ‌ရေတံခွန်ကို ဖြတ်သွားလိုက်သည်။ ရီဖူရှင်းသည် အချိန်နှင့်နေရာ ဂိတ်တံခါးကို ဖြတ်သွားလိုက်သလို ခံစားလိုက်ရ၏။ ရုတ်တရက် သူသည် အခြား အချိန်နှင့်နေရာတစ်ခု အတွင်းသို့ ရောက်သွားလေတော့သည်။

ရုတ်တရက် အရာအားလုံး လှစ်ဟထွက်ပေါ်လာ၏။ ရီဖူရှင်းသည် သူရှေ့ရှိ ရှုခင်းကို မြင်လိုက်၏။ သူသည် လောကအသေးလေးတစ်ခုအတွင်းသို့ ရောက်လာခြင်းဖြစ်ကြောင်း သူသိပေသည်။ ဤ နတ်ဘုရားများ၏ကန့်သတ်နယ်မြေသည် နတ်ဘုရားတစ်ပါး၏ ကျင့်ကြံခြင်းလောကအသေးလေးတစ်ခု ဖြစ်လေသည်။

All Chapters