ရန်သူ၏ အလစ်ဝင်တိုက်ခြင်း
Vol. 191 Ch. 2733
ဤလောကအသေး၏ အတွင်းကျသောနေရာတွင် အကောင်းပကတိရှိနေသော တောင်ကုန်းတစ်ခု ရှိသည်။ ဤလောကအသေးသည် အသာလွန်ဆုံး လက်ရာနည်းစနစ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ထိုတောင်ကုန်းထိပ်တွင် နတ်ဝင်္ကပါတစ်ခု ရှိပေသည်။ ထိုအချိန်တွင် ၎င်းထံမှ နတ်အလင်းဖြာထွက်နေပြီး နေရာတစ်ခွင်လုံးတွင် အလင်းသင်္ကေတများ ထွက်ပေါ်နေစေလေသည်။ တစ်ချိန်တည်းမှာပင် ဤလောက၏ လွှမ်းမိုးအားကောင်းသော ဝိညာဉ်စွမ်းအားသည် နတ်ဝင်္ကပါအတွင်းသို့ စီးဝင်နေသည်။ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် သူမ၏မျက်လုံးများကို မှိတ်ကာ အိပ်မောကျနေသည်။ သူမသည် ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်နေလေသည်။
ဝတ်စုံဖြူနှင့်အမျိုးသမီးသည် မဟာစစ်ပွဲထဲတွင် ကျဆုံးသွားသော မဟာအင်ပါယာ၏ မျိုးဆက်ဖြစ်ရပေမည်။ မဟာအင်ပါယာသည် သူ၏သမီးတော်ကို ပြန်အသက်သွင်းလိုခဲ့ပေမည်။ ထို့ကြောင့် သူသည် သူမကို သူ၏ဝိညာဉ်စွမ်းအားဖြင့် အစွမ်းပေး၍ တစ်ရက်ရက်တွင် သူမ အသိစိတ်ပြန်ဝင်လာလိမ့်မည်ဟု မျှော်လင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူမသည် ပြန်အသက်ဝင်လာပြီးနောက်တွင် လုံးဝကွဲပြားသူတစ်ယောက်ဖြစ်သွားနိုင်သော်လည်း သူမ ပြန်အသက်ဝင်လာသည်ဟူသော အချက်ကိုမူ မပြောင်းလဲနိုင်ပေ။ သူမကို ပြန်အသက်သွင်းခြင်းသည် မဟာအင်ပါယာ၏ ဆန္ဒဖြစ်ပေလိမ့်မည်။
ရီဖူရှင်းသည် နတ်ဝင်္ကပါ၏ အလယ်ဗဟိုကို လှမ်းကြည့်သည်။ ထိုနေရာတွင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအား စုစည်းနေသည်။ ဝတ်စုံဖြူနှင့် အမျိုးသမီးသည် ထိုနေရာတွင် တိတ်တဆိတ် အိပ်စက်နေပြီး ထိုဝိညာဉ်စွမ်းအားကို သူမကိုယ်တွင်းသို့ ဝင်နေစေလေသည်။ သူမသည် သက်ရှိကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူမသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအား၏ အသက်သွင်းမှုကို ခံခဲ့ရခြင်းဖြစ်သည်။
သူမသည် ရီဖူရှင်းကဲ့သို့ ထိုဝိညာဉ်စွမ်းအားကို အတင်းစုပ်ယူမည် မဟုတ်ပေ။ သို့သော် သူမသည် ဤနည်းလမ်းဖြင့် မွေးဖွားလာခဲ့သဖြင့် အတုမဲ့ အင်အားရှိပေသည်။ တစ်နည်းဆိုရလျှင် သူမသည် ကျင့်ကြံသူတစ်ဦးထက် ပိုသည်မဟုတ်ပါလား။
သူမ အသိစိတ်ပြန်ဝင်လာသည့်နေ့ ရောက်လာလျှင် မဟာအင်ပါယာများမှ လွဲ၍ သူမကို မည်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။
“စကြစို့...”
ဒွန်ဟောင်တိယွမ် ပြောလိုက်၏။ ထို့နောက်တွင် သူမသည် ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားလိုက်ပြီး ဝတ်စုံဖြူနှင့် အမျိုးသမီးရှိနေသည့် နတ်ဝင်္ကပါထံသို့ လျှောက်သွားလိုက်သည်။
ဝုန်း...
ဒွန်ဟောင်တိယွမ်သည် သူမ၏လက်ကို မြှောက်လိုက်ပြီး ခွန်အားသက်သက်နှင့် လက်သီးဝိညာဉ်စွမ်းအားသာပါသော လက်သီးချက်တစ်ချက် ထိုးလိုက်သည်။ သူမသည် မဟာလမ်းစဉ်စွမ်းအားကို မထုတ်လွှတ်လိုက်ပေ။ သူမ၏တိုက်ခိုက်မှုသည် နတ်ဝင်္ကပါအတွင်းရှိ အမျိုးသမီးထံ ဦးတည်းခြင်းပင်။ သို့သော် လက်သီးဝိညာဉ်စွမ်းအားသည် နတ်ဝင်္ကပါပတ်ပတ်လည်ရှိ တိုက်ခိုက်ဝိညာဉ်စွမ်းအား၏ တားဆီးမှုကို ခံလိုက်ရ၏။ ၎င်းသည် အိပ်မောကျနေသော ဝတ်စုံဖြူနှင့်အမျိုးသမီးထံ ရောက်မသွားနိုင်ပေ။
“အဲဒါက အားပျော့နေသေးတယ်”
ဒွန်ဟောင်တိယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။ ထိုအခိုက်တွင် သူမကိုယ်တွင်းမှနေ၍ နဂါးဘိုးဘေးနှင့် နတ်ဖီးနစ်တို့၏ စွမ်းအားများ ထွက်ပေါ်လာ၏။ နဂါးဟိန်းသံနှင့် ဖီးနစ်မြည်ကြွေးသံတို့ကို ကြားလိုက်ရပြီး ဟင်းလင်းပြင်ကို တုန်ခါသွားစေ၏။ သွေးသန့်သော နဂါးနှင့် နတ်ဖီးနစ်တို့သည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူမကို ဝန်းရံလိုက်သည်။ သူမသည် လက်မြှောက်လိုက်ရာ ထျန်ရှင်းနတ်ဓားထွက်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်သွားသည်။
ရုတ်ခြည်းအတွင်းမှာပင် နတ်ဖီးနစ်ပုံရိပ်ကြီးသည် နတ်ဓားကို သယ်ဆောင်ကာ ၎င်း၏ပစ်မှတ်ထံသို့ ပစ်လွှတ်လိုက်သည်။
နတ်ဖီးနစ်မီးတောက်များ လွှမ်းခြုံနေသော ထျန်ရှင်းနတ်ဓားသည် နတ်ဝင်္ကပါထံ ပျံသန်းသွားပြီး ဝိညာဉ်စွမ်းအား၏ အလင်းမျက်နှာပြင်ကို ထွင်းဖောက်ကာ အလယ်ဗဟို၏ ၎င်း၏ပစ်မှတ်ထံ ချိန်ရွယ်၍ ပျံဝင်သွားသည်။ ရုတ်တရက် ထည်ဝါသော အသံတစ်သံကို ကြားလိုက်ရပြီး ဧရာမဖီးနစ်ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းသည် အလယ်ဗဟိုရှိ ဝတ်စုံဖြူနှင့် အမျိုးသမီးထံ ပျံသန်းသွား၏။
ထိုအခိုက်တွင် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် မျက်လုံးများ ဖွင့်လာ၏။ သူမ၏ အသက်ဝိညာဉ်ကင်းမဲ့နေသော မျက်လုံးများသည် တောက်ပလာသည်။ သူမသည် သူမ၏လက်ကို မြှောက်၍ လွန်စွာစွမ်းအားကြီးသော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် ၎င်းဘာသာ အာကာပြင်ကို ဖြတ်သန်းသွားသည်။ ရုတ်ခြည်းပင် နတ်ဓားသည် ကျိုးပဲ့သွားပြီး နတ်ဖီးနစ်ပုံရိပ်ကြီးသည်လည်း အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။
ထို့နောက်တွင် ဤလောကအသေး၏ ဝိညာဉ်စွမ်းအားသည် ဒွန်ဟောင်တိယွမ်ထံ ဦးတည်သွား၏။ သူမသည် ရှေ့မှ အကြည့်မခွာဘဲ ထိုတိုက်ခိုက်မှုကို ကာကွယ်ရန် သူမ၏စွမ်းအားအကြီးဆုံး ခံစစ်ကို ထုတ်လိုက်သည်။
ဝတ်စုံဖြူနှင့်အမျိုးသမီးသည်လည်း ဒွန်ဟောင်တိယွမ်ထံသို့ ပျံလာပြီး သူမ၏လက်ဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ရုတ်ခြည်းပင် သူမသည် တိုက်ခိုက်ဝိညာဉ်စွမ်းအားနှင့် နတ်ဓားတစ်ချောင်း ဖန်တီးလိုက်ပြီး ဒွန်ဟောင်တိယွမ်၏ အစောက တိုက်ကွက်ကို တုပရန် ကြိုးစားလိုက်သည်။
ဝှစ်...
ဒွန်ဟောင်တိယွမ်သည် နောက်သို့ ဆုတ်သွားလိုက်သည်။ ဝတ်စုံဖြူနှင့် အမျိုးသမီးသည် အာရုံခံနိုင်လာပြီဖြစ်သော်လည်း သိပ်၍အသိဉာဏ်မရှိပါစေနှင့်ဦးဟု သူမ မျှော်လင့်နေမိသည်။
စွမ်းအားကြီး တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် ဒွန်ဟောင်တိယွမ်၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာ၏။ ထို့နောက်တွင် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် အရှေ့သို့ ပျံထွက်သွားပြီး ဒွန်ဟောင်တိယွမ် ပြေးသွားသော နေရာနှင့် နီးကပ်လာလေသည်။
ထို့နောက်တွင် ရီဖူရှင်းသည် နတ်ဝင်္ကပါကို ကြည့်လိုက်၏။ ၎င်းပတ်ပတ်လည်တွင် နတ်အလင်းတောက်ပနေဆဲဖြစ်ကြောင်း သူသတိပြုမိသည်။ ခေတ္တကြာပြီးနောက်တွင် ၎င်းသည် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ထို့ကြောင့် သူသည် လှုပ်ရှားရန် အခွင့်အရေးကို မြင်လိုက်၏။ လျှပ်တစ်ပြက်အတွင်း သူ၏ပုံရိပ်သည် နတ်ဝင်္ကပါ၏အလယ်သို့ ရောက်သွားသည်ကို မြင်လိုက်ရလေသည်။
ရွှစ်...
ရီဖူရှင်းသည် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခု သူ့ကိုယ်တွင်းသို့ ဝင်လာသည်ကို ခံစားလိုက်ရ၏။ ထိုဝိညာဉ်စွမ်းအားသည် နတ်ဘုရားများ ချန်ထားခဲ့သော ဝိညာဉ်စွမ်းအားပင်။ သူသည် ၎င်း၏ လွှမ်းခြုံမှုကို ရုတ်ခြည်းခံလိုက်ရ၏။ ၎င်းသည် သူ၏ဝိညာဉ်စွမ်းအားအတွင်းသို့ အတင်းဖောက်ဝင်၍ သူ့ကို ဝါးမျိုရန် ကြိုးစားနေသည်။
ဝုန်း...
ထိုအချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ လောကသစ်ပင်၏ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး ဤလောကအသေူ၏ ဝိညာဉ်စွမ်းအားကို ဝါးမျိုလိုက်သည်။ လောကသစ်ပင်၏ ဝိညာဉ်စွမ်းအားနှင့် ထျန်ရှန်းဝိညာဉ်စွမ်းအားသည် တစ်ခုနှင့်တစ်ခု ရောက်ယှက်သွားပြီး လေထုထဲတွင် မမြင်နိုင်သော အားတစ်ခုကို ဖန်တီးလိုက်လေသည်.
သူသည် မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားနှင့် အားပြိုင်ခဲ့စဉ်က ခံစားခဲ့ရသော ခံစားချက်မျိုးကို စတင်ခံစားလာရသည်။ သူသည် လောကသစ်ပင်၏ စွမ်းအားကို ဤလောကအသေးလေးအတွင်းသို့ ထုတ်လိုက်ပြီးနောက်တွင် စွမ်းအားကြီး ဝိညာဉ်စွမ်းအားပုံစံရှိသည့် အတုမဲ့စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရ၏။ ထို စွမ်းအားကြီး ဝိညာဉ်စွမ်းအားသည် သူ့ကို လွှမ်းခြုံကာ သူ၏ဝိညာဉ်စွမ်းအားကို ဝါးမျိုရန် ကြိုးစားနေသည်။
ပြင်းထန်သောဝိညာဉ်စွမ်းအားက ရီဖူရှင်းကို တိုက်ခိုက်နေရခြင်းမှာ သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီး မဟုတ်၍ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းဝိညာဉ်စွမ်းအားနှင့် မပေါင်းစည်းနိုင်ခြင်းပင်။ ဝတ်စုံဖြူနှင့်အမျိုးသီးသည် ဤလောကအသေးထဲတွင် မွေးဖွားလာခဲ့သူဖြစ်သည်။ သို့ဖြစ်၍ သူမသည် ၎င်းဝိညာဉ်စွမ်းအားနှင့် ပြီးပြည့်စုံစွာ ကိုက်ညီမှုရှိသည်။
သို့သော် သူသည် ယခင်ကသူလုပ်ခဲ့သလိုပင် သူ့ဝိညာဉ်စွမ်းအားနှင့် ဤလောကအသေး၏ ဝိညာဉ်စွမ်းအားကို ပေါင်းစည်းရန် လောကသစ်ပင်၏စွမ်းအားကို အသုံးပြုခဲ့သည်။ ချက်ချင်းပင် သူသည် နတ်ဝင်္ကပါကို ဖြတ်၍ ဤလောကအသေးအတွင်းရှိ နေရာအားလုံးကို မြင်နိုင်လာသည်။
သူ ပထမဆုံး မြင်လိုက်ရသူမှာ ဒွန်ဟောင်တိယွမ်ဖြစ်သည်။ ဝတ်စုံဖြူနှင့်အမျိုးသမီးက သူမထံသို့ သေစေလောက်သည့် တိုက်ခိုက်မှုများ ပစ်လွှတ်နေသဖြင့် သူမသည် အလွန်အန္တရာယ်များသော အခြေအနေအတွင်းသို့ ကျရောက်နေသည်.
“ဟင်...”
ရီဖူရှင်းသည် ဤလောကအသေးအတွင်းရှိ အခြားကျင့်ကြံသူတစ်ဦးကို သတိပြုမိလိုက်သဖြင့် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
ထိုသူမှာ ကျိဝူတောက်ဖြစ်သည်။
ရီဖူရှင်း သူ့မျက်လုံးများကို မယုံနိုင်ဖြစ်သွား၏။ ကောင်းကင်ဘုံ၏ ဆက်ခံသူသည်လည်း ဤလောကအသေးထဲတွင် ရှိနေသည်။
ထို့အပြင် ကျိဝူတောက်သည် သူရှိနေသောနေရာသို့ ဦးတည်လာနေလေသည်။
ရွှစ်...
လူရိပ်တစ်ခု သူ့ထံသို့ လျင်မြန်စွာလာနေသည်ကို မြင်လိုက်ရ၏။ ကျိဝူတောက်သည် နတ်ဝင်္ကပါကို ဖောက်ထွင်းကာ သူရှိနေရာဘက်သို့ အရှိန်အဟုန်ဖြင့် လာနေခြင်းပင်။
ကျိဝူတောက်သည် ဤနေရာသို့ ကြိုရောက်နေခြင်းဖြစ်ကြောင်း သေချာပေသည်။ ကျိဝူတောက်သည် သူ့ကို အလစ်ဝင်တိုက်ရန် ပုန်းအောင် စောင့်ဆိုင်းနေခြင်း ဖြစ်ရပေမည်။
ကျိဝူတောက် သူ၏လက်ကို မြှောက်လိုက်သောအခါ နတ်ဝင်္ကပါအတွင်း၌ ဧရာမကြီးလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ရုတ်ခြည်းပင် ကြောက်မက်ဖွယ် ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သဘာဝစွမ်းအားကို စုပ်ယူဝါးမျိုလိုက်သည်။
ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်ကို စုပ်ယူနေသော အားကောင်းသည့် စုပ်အားတစ်ခုကို ခံစားလိုက်ရ၏။ ထိုစုပ်အားကြောင့် သူ့ကိုယ်တွင်းရှိ စွမ်းအားသည် အပြင်သို့ ထွက်လာလေသည်။ ထိုစုပ်အားသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို စုပ်ယူနိုင်သည်ဟု ထင်ရသည်။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင်။
ရီဖူရှင်းသည် သူနှင့် ပေါင်းစည်းနေသော ဝိညာဉ်စွမ်းအားသည်လည်း ထိုဝဲကတော့၏ ဝါးမျိုမှုကို ခံရတော့မည်ဟု ခံစားလာရ၏။
ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် နတ်ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ ထို့နောက်သူသည် ကျိဝူတောက်ထံသို့ ထိုဓားကို ပစ်လွှတ်လိုက်သည်။ သူပစ်လွှတ်လိုက်သော အားသည် ကြီးလွန်းသဖြင့် အာကာသအကာအရံကိုပါ ထွင်းဖောက်သွားသည်။ သို့သော် ကျိဝူတောက်သည် သူ၏လက်ဝါးကို ပြန်မရုတ်လိုက်ပေ။ ထိုအစား စွမ်းအားကြီးဝဲကတော့သည် အဆုံးမဲ့ ချောက်နက်ကြီးတစ်ခုကဲ့သို့ နတ်ဓားတစ်ချောင်းလုံးကို စုပ်ယူပစ်လိုက်သည်။
ရီဖူရှင်းသည် ထိုမြင်ကွင်းကြောင့် ရင်ခုန်မြန်သွားသည်။ သူသည် အတွေးတစ်ချက်ဖြင့် မဟာလက်ဝါးတစ်ခုကို ထုတ်လိုက်ပြီး ကျိဝူတောက်ထံသို့ ပြင်းထန်စွာ ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အလွန်ကြီးမားသဖြင့် ကျယ်ပြောသောနေရာတစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး မဟာလက်ဝါးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ကျိဝူတောက်တစ်ယောက် နတ်ဝင်္ကပါ အလယ်သို့ ဝင်လာသည်ကို မြင်လိုက်ရ၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သွေးပျက်ဖွယ် စွမ်းအားတစ်ခု စီးဆင်းနေသည်။ ထိုစဉ်တွင် သဘာဝစွမ်းအားများသည် သူ့ကိုယ်အတွင်းသို့ အများအပြားစီးဝင်သွားကြသည်။ သူ့ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စုပ်ယူဝါးမျိုနိုင်စွမ်းရှိသည့် အာကာသတွင်းနက်ကြီးတစ်ခုကဲ့သို့ပင် ထင်ရသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူ နတ်ဘုရားများ၏ ကန့်သတ်နယ်မြေအတွင်းသို့ ဝင်မလာမီက ကြားခဲ့ရသော အကြောင်းအရာတစ်ခုကို ရုတ်တရက် အမှတ်တရသွားသည်။
စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာပြီး အမွေအနှစ်နယ်မြေများစွာကို လုယက်ခဲ့သည်။ သူသည် အညှာအတာကင်းမဲ့ပြီး ပြိုင်ဘက်ကင်းသည်။ သူသည် အမွေအနှစ်နယ်မြေများမှ အမွေအနှစ်များကို အားသုံး၍ စုပ်ယူဝါးမျိုပစ်နိုင်ပြီး သန်မာသော ကျင့်ကြံသူများစွာကို သူ့လက်ချက်ဖြင့် အသက်ဆုံးရှုံးစေခဲ့သည်။
ထိုလူသည် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူပစ်မှတ်ထားသူများမှာ လောကအားလုံးမှ စွမ်းအားကြီးကျင့်ကြံသူများသာဖြစ်သည်။
ထိုအချက်က သူ၏စွမ်းအားကြီးမှုကို ပို၍ပေါ်လွင်သွားစေသည်။ သူသည် နှစ်ပေါင်းများစွာ အသက်ရှည်ရှည် နေထိုင်ခဲ့သော စွမ်းအားကြီး ကျင့်ကြံသူအိုကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု လူများစွာက သုံးသပ်ထားကြသည်။
ရီဖူရှင်းသည် ထိုအကြောင်းများနှင့် ကျိဝူတောက်ကို နှိုင်းယှဉ်ကြည့်ပြီးသောအခါ ထိုဆန်းကြယ်သော သူသည် မည်သည်ဖြစ်နိုင်ကြောင်း သိရှိသွားလေတော့သည်။