← Chapters

အခရာကျသောပုဂ္ဂိုလ်

Vol. 192 Ch. 2734

အခရာကျသောပုဂ္ဂိုလ်

Vol. 192 Ch. 2734

ကောင်းကင်ဘုံ၏ ဆက်ခံသူ၊ ကောင်းကင်နန်းတော်ဟောင်းကို သိမ်းပိုက်နိုင်ခဲ့သူ ကျိဝူတောက်သည် ပြိုင်ဘက်ကင်း ကြီးကျယ်ခံ့ညားပေသည်။

သူသည် ကောင်းကင်းအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိခဲ့ပြီး လောကထဲတွင် မည်သူ့ထက်မှ အောက်မကျပေ။ ဒွန်ဟောင်တိယွမ်နှင့် တိုက်ပွဲတွင်လည်း သူသည် သူမကို သိသိသာသာ အသာစီးရခဲ့ပြီး သူ၏ထူးချွန်ပြောင်မြောက်သော အရည်အချင်းနှင့် လူများ၏ အာရုံစိုက်မှုကို ရယူနိုင်ခဲ့သည်။

သို့သော် ရီဖူရှင်းသည် အနည်းငယ် အံ့အားသင့်နေသည်။ ကျိဝူတောက်ထံတွင် အမွေအနှစ်များ၏ စွမ်းအားများကို ဝါးမျိုပစ်နိုင်သော ထိပ်တန်းမုဆိုးတစ်ယောက်၏ အစွမ်းမျိုး ရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ယခုတွင် သူသည် ကောင်းကင်နန်းတော်ဟောင်းမှ နတ်ဘုရားရုပ်တုများသည် အဘယ်သို့ ဖျက်ဆီးခံလိုက်ရသည်ကို သူခပ်ရေး‌ရေး နားလည်လာပေပြီ။

ကျိဝူတောက်သည် သူထင်ထားသည်ထက် ပို၍သန်မာနိုင်ပေသည်။ ကျိဝူတောက်တစ်ယောက် ကမ္ဘာမြေ၏ အလယ်ဗဟိုသို့သွား၍ ယင်ဓာတ်စွမ်းအားကို စုပ်ယူဝါးမျိုခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။

သူသည် သိုသိုသိပ်သိပ်နှင့် ပုန်းအောင်းနေခဲ့သည်။ အတိတ်တွင် သူသည် သန်မာကြောင်း အားလုံးသိသော်လည်း သူမည်မျှ သန်မာသည်ကို မသိခဲ့ကြ‌ပေ။

ဝုန်း...

ကျိဝူတောက်၏ စွမ်းအား ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် နတ်သားရဲတစ်ကောင်း၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာ၏။ ၎င်းသည် ပရမ်းပတာအခြေအနေများမှ မွေးဖွားလာသော နတ်သားရဲတစ်ကောင်ဟု ထင်ရသည်။ ရှေးခေတ်တွင် ပရမ်းပတာအခြေအနေမှ ပေါက်ဖွားလာသော ထိုနတ်သားရဲသည် လောကထောင့်တစ်နေရာကို ဝါးမျိုနိုင်စွမ်း ရှိခဲ့သည်ဟု ကောလာဟလများက ဆိုကြသည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး နတ်သားရဲဖြစ်သည်။

ကွဲပြားသော ဝိညာဉ်စွမ်းအားနှစ်ခု ထွက်ပေါ်လာ၏။ ဤလောကအသေး၏ ဟင်းလင်းပြင်ထဲတွင် ပရမ်းပတာနတ်သားရဲ၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာ၏။ ၎င်းသည် ကျိဝူတောက်၏ ဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် ဤလောက၏ ဝိညာဉ်စွမ်းအားကို အတင်း ဝါးမျိုနေသည်။

ထိုပရမ်းပတာနတ်သားရဲသည် ရီဖူရှင်း၏ ဝိညာဉ်စွမ်းအားကိုပင် ဝါးမျိုလိုနေသည်။ ထိုအခြင်းအရာသည် အလွန် ကြောက်မက်ဖွယ် ကောင်းလေသည်။ ဟင်းလင်းပြင်ထဲတွင် အကန့်အသတ်မဲ့သော ဧရာမ နတ်အရိပ်ကြီးတစ်ခုသည် ပရမ်းပတာနတ်သားရဲ့ အထက်တွင် ထွက်ပေါ်လာ၏။ ၎င်းသည် ဒီမွန်းနတ်ဘုရားတစ်ပါး၏ ဝိညာဉ်ပုံရိပ်ဖြစ်သည်။ ၎င်းသည် ကျိဝူတောက်၏ ပုံပန်းအတိုင်း ဖြစ်ပေါ်လာခြင်းပင်။ သို့သော် ၎င်းတွင် စွမ်းအားကြီး ဒီမွန်းအရှိန်အဝါတစ်ခု ရှိပေသည်။ ၎င်းသည် ဒီမွန်းနတ်ဘုရားတစ်ပါး၏ ကိုယ်ပွားအစစ်အမှန်ကဲ့သို့ပင်။

ဟင်းလင်းပြင်ထဲရှိ အခြားတစ်နေရာတွင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများ စုစည်းသွားပြီး အကန့်အသတ်မဲ့သော ဧရာမ နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုအဖြစ် ခပ်ရေးရေး ပြောင်းလဲသွား၏။ နတ်ဘုရားအုပ်စိုးလက်နက်အတွင်း၌ မဟာလမ်းစဉ်မဟာစည်းမျဉ်းများ၏ ဝိညာဉ်စွမ်းအားရှိနေသည်။ ၎င်းသည် ကောင်းကင်လမ်းစဉ်၏ ဝိညာဉ်စွမ်းအားမှ ပြောင်းလဲလာသကဲ့သို့ပင် ထင်ရသည်။

ဝုန်း...

လောကစွမ်းအား အားလုံးကို ဝါးမျိုခဲ့သော ပရမ်းပတာဒီမွန်းနတ်ဘုရားသည် ဆက်၍ အရာအားလုံးကို ဝါးမျိုလိုနေသည်။ သူသည် ထွက်ပေါ်လာသော နတ်ဘုရားအုပ်စိုးလက်နက်ကိုပင် အရာအားလုံးနှင့်အတူ ရော၍ ဝါးမျိုလိုနေသည်။ သူသည် အလွန်အရှိန်အဝါကြီးပြီး မည်သည့်အရာကိုမှ မကြောက်ပေ။

နတ်ဘုရားအုပ်စိုးလက်နက်သည် အရွယ်အစားကြီးလာပြီး ၎င်းထံမှနေ၍ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခု ထွက်လာသည်။ ထို့နောက် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပရမ်းပတာဒီမွန်းသားရဲကို သတ်ဖြတ်လိုက်သည်။

ကြောက်မက်ဖွယ် လေဆင်နှာမောင်းကြီးတစ်ခုသည် နတ်ဘုရားအုပ်စိုးလက်နက်ကို ၎င်း၏ ဝဲကတော့ထဲသို့ ဆွဲစုပ်လိုက်သည်။ ပရမ်းပတာနတ်သားရဲ၏ ပါးစပ်သည် အကျယ်ကြီးဟလာလေသည်။ ထိုပါးစပ်ကြီး ဟလာသောအခါ ပါးစပ်သည် နတ်သားရဲထက်ပင် ပိုကြီးနေပြီး ကောင်းကင်၏ ထိုအပိုင်းကို ရုတ်ခြည်းအတွင်း ဝါးမျိုလိုက်သည်။ ဧရာမနတ်ဘုရားအုပ်စိုးလက်နက်ကြီးသည်လည်း ထိုဧရာမပါးစပ်ကြီးထဲတွင် ပျောက်ကွယ်သွားသည်။

နတ်ဘုရားအုပ်စိုးလက်နက်သည် ၎င်း၏ပါးစပ်ထဲရောက်သွားသောအခါ ပရမ်းပတာနတ်သားရဲသည် ၎င်း၏ပါးစပ်ကို ပိတ်လိုက်သည်။ ထို့နောက်တွင် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် အပြင်းအထန် တုန်ခါလာသည်။

ဝုန်း...

သူသည် ရုတ်တရက် တစ်စုံတစ်ခုကို ပြန်အန်ထုတ်လိုက်၏။ နတ်ဘုရားအုပ်စိုးလက်နက် ထပ်မံ ထွက်ပေါ်လာပြီး ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးကို အပြင်းအထန် တုန်ခါနေစေလေသည်။ ၎င်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို အလုံးစုံ မဝါးမျိုနိုင်ပေ။ နတ်ဘုရားအုပ်စိုးလက်နက်သည် ၎င်း၏ ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးပစ်လုနီးပါးပင်။

၎င်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို စိုက်ကြည့်နေသည်။ ၎င်း၏ ဧရာမပါးစပ်ကြီးသည် ပွင့်နေဆဲဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးအကြားရှိ ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားကို ဝါးမျိုနေဆဲဖြစ်သည်။ ဒီမွန်းနတ်ဘုရား ဝိညာဉ်ပုံရိပ်သည်လည်း နတ်ဘုရားအုပ်စိုးလက်နက်ကို ငေးကြည့်ကာ အနည်းငယ် အံ့အားသင့်နေပုံ ပေါ်လေသည်။

ထိုအခိုက် အပြင်ဘက်တွင် ကျိဝူတောက်သည်လည်း ရီဖူရှင်းကို အံ့ဩတကြီးကြည့်နေသည်။ နတ်သားရဲနှင့် နတ်ဘုရားအုပ်စိုးလက်နက်တို့သည် အနီးကပ်တိုက်ပွဲကို အပြင်းအထန် တိုက်ခိုက်နေကြသည်။ ၎င်းတို့ အပြင်းအထန် ထိတိုက်သွားသောအခါ နတ်ဝင်္ကပါနေရာယူထားသော နေရာသည် တသိမ့်သိမ့်တုန်ခါသွားသည်။

“အဲဒါက ဘယ်လို နတ်ဘုရားအုပ်စိုးလက်နက်မျိုးလဲ”

ကျိဝူတောက်သည် ရီဖူရှင်းကို မေးလိုက်သည်။ နတ်သားရဲနှင့် နတ်ဘုရားအုပ်စိုးလက်နက်သည် တိုက်ခိုက်နေဆဲဖြစ်သည်။ ဤအကြိမ်သည် သူစိတ်ရှိသလို လုပ်၍မရသည့် အခြေအနေနှင့် တွေ့ကြုံရသော ပထမဆုံးအကြိမ်ဖြစ်သည်။  သူသည် နတ်ဘုရားအုပ်စိုးလက်နက်၏ ဝိညာဉ်စွမ်းအားကို မဝါးမျိုနိုင်ချေ။

သူသည် ယခင်က တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။ ရှေးဟောင်းမဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားပင် သူ၏ဝါးမျိုမှုကို ခံရကာ သူ၏အသုံးပြုမှုကို ခံခဲ့ရသည်။ သူ ဒွန်ဟောင်တိယွမ်နှင့် တိုက်ခိုက်ခဲ့စဉ်က သူ့စွမ်းရည်၏ တစ်စိတ်တစ်ပိုင်းကို ပြသခဲ့သည်။ ဤလောကထဲတွင်၊ ဘုံခုနှစ်ခုတွင် သူ့ထက် ကျွမ်းကျင်ရာ အတတ်ပညာများ ပိုများသူ မည်သူမှမရှိပေ။

သူသည် နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေခဲ့ပြီး သူ့ကိုယ်သူ တိတ်တဆိတ် တိုးတက်လာအောင် လုပ်ကာ အဆက်မပြတ် ပို၍သန်မာလာအောင် လုပ်ခဲ့သည်။ ယခု လောကကြီးသည် အရေးပါသော ပြောင်းလဲမှုများနှင့် ကြုံနေရပြီး ကောင်းကင်ဘုံ ထွက်ပေါ်လာတော့မှ သူ့တွင် ရွေးချယ်စရာမရှိတော့သဖြင့် လောကရှေ့သို့ ထွက်လာကာ သူ၏ပြိုင်ဘက်ကင်းအရည်အချင်းကို ထုတ်ဖော်ပြသရခြင်းဖြစ်သည်။

လောကကြီးသည် သိသိသာသာ ပြောင်းလဲနေပြီး အင်ပါယာအဖြစ်သို့ လျှောက်လမ်းနိုင်မည့် လမ်းကြောင်းလည်း ထွက်ပေါ်လာ၏။

သူ မဟာအင်ပါယာတစ်ပါး ဖြစ်လာလျှင် ကျန်မဟာအင်ပါယာခြောက်ပါးကို သေလမ်းသို့ ပို့ပေးလိုက်မည်ဖြစ်သည်။

အတိတ်နှင့် ပစ္စုပ္ပန်ကို အုပ်စိုးထားသော လူသားဘိုးဘေးဖြစ်စေ၊ လောကကြီးကို အုပ်စိုးခဲ့သော နတ်ဆိုးအင်ပါယာဖြစ်စေ သို့မဟုတ် တစ်သန်းတွင်တစ်ယောက်သာရှိနိုင်သည့် အရှင်ဒွန်ဟောင်ဖြစ်စေ သူတို့အားလုံး သေရပေမည်။

ဤလောကထဲမှ သက်ရှိအားလုံးသည် သူမအပေါ် ပျက်ကွက်ခဲ့ကြပေသည်။

ကျိဝူတောက်သည် တိုက်ခိုက်ရင်းဖြင့် ပို၍ သန်မာလာသည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်အင်ပါယာအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။ သူ၏မျက်လုံးများသည် အကန့်အသတ်မဲ့ကာ ဩဇာအပြည့်ရှိနေပုံ ပေါ်လေသည်။ သူသည် လောကအတွင်းရှိ အရာအားလုံးကို အုပ်စိုးသော မိုးမြေအရှင်သခင်ကဲ့သို့ပင်။

သူ၏တိုက်ခိုက်မှုများသည်လည်း ကြောက်မက်ဖွယ် ကောင်းပေသည်။ သူထုတ်လွှတ်လိုက်သော တိုက်ကွက်တိုင်းသည် မိုးမြေနှင့် တစ်သားတည်းဖြစ်နေသည်။ ၎င်းတို့သည် သာမန်တိုက်ခိုက်မှုများဟု ထင်ရသော်လည်း ၎င်းတို့အတွင်းရှိ စွမ်းအားသည် မယုံနိုင်လောက်ဖွယ်ပင်။

“ဘာလဲဟ...”

ထိုအခိုက်တွင် ကျိဝူတောက် မျက်မှောင်ကြုတ်သွားသည်။ ဒွန်ဟောင်တိယွမ်သည် အခြားတစ်နေရာရှိ တိုက်ပွဲတစ်ခုအတွင်းတွင် ကြီးစွာသောအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို သူအာရုံခံမိသည်။ ဝတ်စုံဖြူနှင့် အမျိုးသမီး၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် နဂိုကတည်းက ဒဏ်ရာရထားသော ဒွန်ဟောင်တိယွမ်သည် ဆက်၍ တောင့်မခံထားနိုင်တော့ပေ။

ရွှစ်...

ကျိဝူတောက်သည် သူရှိနေသောနေရာမှ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သူထံမှနေ၍ ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါသည် အကန့်အသတ်မရှိ ထွက်ပေါ်လာ၏။ မဟာအင်ပါယာအရှိန်အဝါတစ်ခုသည် ပထမဆုံး ထွက်ပေါ်လာပြီး ထို့‌နောက်တွင် နတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်အရိပ်တစ်ခုသည် သူ့နောက်တွင် ထွက်ပေါ်လာ၏။ မဟာအင်ပါယာတစ်ပါး ဤလောကအတွင်းသို့ ဆင်းသက်လာသကဲ့သို့ပင် ထင်ရသည်။ စွမ်းအားအကြီးဆုံး ဓားတစ်ချောင်း ထွက်ပေါ်လာပြီး လောကကြီးကို တိတ်ဆိတ်သွားအောင် ခုတ်ယမ်းလိုက်သည်။

ကောင်းကင်အင်ပါယာ၏ ဓားသည် ကောင်းကင်ကို ထက်ခြမ်းပိုင်းရန် ထွက်ပေါ်လာသကဲ့သို့ပင်။ ဒွန်ဟောင်တိယွမ်ကို တိုက်ခိုက်တော့မည့် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ရုတ်တရက် နောက်သို့ လှည့်လိုက်သည်။ သူမ၏လက်ထဲရှိ ဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာသော နတ်ဓားသည် ကောင်းကင်အင်ပါယာ၏ဓားနှင့် ထိခတ်သွားသည်။ ဟင်းလင်းပြင်ထဲတွင် စွမ်းအားကြီး ဓားနှစ်ချောင်း ထိခတ်သွားသောအခါ ၎င်းတို့နှစ်ချောင်းစလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲအက် ပျက်စီးသွားသည်။

ရီဖူရှင်းသည် ထိုအခြင်းအရာအားလုံးကို မြင်လိုက်လေသည်။ သူသည် အံ့အားသင့်နေကြောင်း သူ၏မျက်နှာထားအရ သိနိုင်ပေသည်။ ကျိဝူတောက်သည် သူနှင့် တိုက်ခိုက်နေစဉ်မှာပင် အာရုံပြောင်း၍ ဒွန်ဟောင်တိယွမ်ကို ကယ်ခဲ့ခြင်းဖြစ်သည်။

ကျိဝူတောက်သည် မည်သို့သော သူမျိုးနည်း။ ရီဖူရှင်းသိသော ကျိဝူတောက်၏ အကြောင်းကို အခြေခံ၍ သုံးသပ်ရလျှင် ကျိဝူတောက်သည် အားလုံး၏ ထိပ်တွင်ရပ်တည်နိုင်သော လောကအတွင်းရှိ ထိပ်သီးတစ်ဦးပင်။ ထို့အပြင် ယခင်က သူလုပ်ခဲ့သော အရာအားလုံးကို အခြေခံ၍ သုံးသပ်ရလျှင် သူ့ကို အခရာကျသောပုဂ္ဂိုလ်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။

ထိုကဲ့သို့သော သူတစ်ဦးသည် ဒွန်ဟောင်တိယွမ်၏အလှကြောင့် အလွယ်တကူ ယစ်မူးသွားမည့်သူမဟုတ်ပေ။ ထိုကဲ့သို့အဆင့်ရှိသူတစ်ယောက်အတွက် လှပသောမိန်းမပျိုများသည် သေမျိုး အသွေးအသားထက် မပိုပေ။ မိန်းမလှလေးများသည် သူ့ကို လုံးဝစွဲဆောင်နိုင်မည် မဟုတ်ပေ။

သို့သော် သူသည် ဒွန်ဟောင်တိယွမ် အကျပ်အတည်းအတွင်းသို့ ရောက်နေသောအခါ သူမကို သွား၍ ကယ်ခဲ့သည်။ သူသည် ရီဖူရှင်းနှင့် တိုက်ခိုက်နေသည်ကိုပင် ပစ်ထားခဲ့လေသည်။

ထိုအရာသည် ကျိဝူတောက်နှင့် ဒွန်ဟောင်တိယွန်တို့အကြားတွင် ပတ်သက်မှုအချို့ ရှိနေသည့် အဓိပ္ပာယ်ပင်။ သူတို့နှစ်ဦးလုံးသည် ထျန်ရှင်းနတ်ဓားကို ကျွမ်းကျင်ကြသူများဖြစ်၍ သူတို့အကြားတွင် ဆက်နွယ်မှုအချို့ ရှိနေပုံပင်။

ထိုအချိန်တွင် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး သူမ၏မျက်လုံးများသည် ပို၍ပင် တောက်ပလာလေသည်။ သူမသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး လက်များကို မြှောက်လိုက်သည်။ ရုတ်တရက် ဤလောက၏ ဝိညာဉ်စွမ်းအားသည် သူမထံသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး သူမကို လွှမ်းခြုံသွားသည်။ ယခုတွင် ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ယခင်ကထက်ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေပြီ။

သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူမသည် ဒွန်ဟောင်တိယွမ် သို့မဟုတ် ကျိဝူတောက်ကို တိုက်ခိုက်ရန် လုပ်လိုက်ခြင်း မဟုတ်ပေ။ ထိုအစား သူမသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ရီဖူရှင်းရှိနေသည့် နတ်ဝင်္ကပါအတွင်းသို့ ပျံဆင်းသွားသည်။

ထိုအခိုက်တွင် နတ်ဘုရားများ၏ ဝိညာဉ်စွမ်းအားအောက်၌ ရှိနေသော ဝတ်စုံဖြူနှင့်အမျိုးသမီးတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုအရှိန်အဝါသည် ယခင်ကထက်ပို၍ အားကောင်းပေသည်။ သူမသည် လက်များကို မြှောက်လိုက်ပြီး ရီဖူရှင်းကို ရိုက်ချလိုက်သည်။ ရီဖူရှင်းထံမှလည်း အလွန်စွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ထိုလက်ဝါးချက်ကို တိုက်ရိုက်ခုခံလိုက်သည်။ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ရီဖူရှင်းသည် ထိုနေရာမှ ပျောက်ကွယ်သွားကာ အခြားတစ်နေရာတွင် ပြန်ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ထဲတွင် သွေးများ ဆူပွက်နေလေသည်။

ထို့နောက်တွင် သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီးက နတ်ဝင်္ကပါအတွင်းသို့ တိုက်ရိုက်လျှောက်သွားသည်ကို မြင်လိုက်၏။ သူမသည် သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။

ယင်းနောက် နတ်ဝင်္ကပါ၏ နတ်အလင်းသည် လောကအသေးတစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး နတ်ဘုရားများ၏ ဝိညာဉ်စွမ်းအားသည် နတ်ဝင်္ကပါအတွင်းသို့ ရုတ်ခြည်းစီးဆင်းသွားကာ သူမ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်သည်။ ရီဖူရှင်းတို့သည် သူတို့၏ မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်ထားသော်လည်း ထပ်မံ တိုက်ခိုက် မခံလိုက်ရပေ။

ယခုတွင် ဤလောကအသေးသည် အပြင်းအထန် တုန်ခါနေပေပြီ။ ၎င်းသည် အလုံးစုံ ပြိုပျက်တော့မလိုပင်။

ဝတ်စုံဖြူနှင့်အမျိုးသမီးသည် နောက်ဆုံးအဆင့်ကို ပြီးမြောက်တော့မည်ဖြစ်ကြောင်း သူတို့ သိလိုက်လေသည်။

All Chapters