← Chapters

ပျိုးထောင်ခြင်း

Vol. 192 Ch. 2737

ပျိုးထောင်ခြင်း

Vol. 192 Ch. 2737

အားလုံးသည် ရီဖူရှင်းကို အနည်းငယ် အားကျဟန်ဖြင့် ကြည့်သည်။ နန်းတော်သခင်သည် အကြောင်းရှိ၍ နန်းတော်သခင်ဖြစ်နေရခြင်းပင်။ ထိုအမျိုးသမီးသည် ထူးခြားပေသည်။ သူမ၏ရုပ်သွင်သည် မည်သူ့ထက်မှ အောက်မကျပေ။ ကြည့်ရသည်မှာ ရီဖူရှင်း၏ အိမ်ထောင်စုတွင် လူသစ်တစ်ယောက် တိုးလာတော့မည့်ပုံပင်။

ရီဖူရှင်းသည် ထိုသူများ တွေးနေသည်များကို တစ်ခုမှ မသိလောက်ပေ။ သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီးကိုကြည့်၍ ခေတ္တမျှတွေးတောလိုက်ပြီး ပြောလိုက်၏။

“ခင်ဗျားက မဟာအင်ပါယာရဲ့ မျိုးဆက်... ပြီးတော့ လောကအသေးထဲမှာ မွေးဖွားလာတာဆိုတော့ ခင်ဗျားကို လင်လုံလို့ ခေါ်တာပေါ့” ( လင်လုံသည် သိမ်မွေ့လှပသူဟုလည်း အဓိပ္ပာယ်ရသည် )

“လင်လုံ...”

ဝတ်စုံဖြူနှင့်အမျိုးသမီးက ရေရွတ်လိုက်သည်။ ထို့နောက် ထိုအမည်ကို အသိအမှတ်ပြုသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ရီဖူရှင်း သူမကို ပေးသောအမည်သည် နှစ်သိမ့်မှုကိုပေးသည်ဟု ခံစားရသဖြင့် သူမထံတွင် ကန့်ကွက်ရန်အတွေးမရှိပေ။

ရီဖူရှင်း၏စကားသည် ဝတ်စုံဖြူနှင့်အမျိုးသမီး၏ ဇစ်မြစ်ကို ရှင်းပြလိုက်သည်ဖြစ်၍ သူ့ဘေးမှ လူအားလုံးသည် အလွန်အံ့အားသင့်သွားကြလေသည်။ သူမသည် မဟာအင်ပါယာ၏ မျိုးဆက်ဖြစ်ပြီး လောကအသေးလေးထဲတွင် မွေးဖွားလာခဲ့သည်လော။

သို့ဆိုလျှင် ထိုအမျိုးသမီးသည် အမှန်ပင် ထူးကဲသောဇစ်မြစ်ရှိပေသည်။

“ဒီနေရာမှ စုမနေကြနဲ့လေ... သွားပြီး ကျင့်ကြံကြပါ”

ရီဖူရှင်းသည် အားလုံးကို ပြောလိုက်၏။ ထို့နောက် သူသည် ရှေ့သို့ လျှောက်သွားပြီး အမြင့်ဆုံးနေရာရှိ နန်းတော်သို့ သွားလိုက်‌လေသည်။

ရီဖူရှင်းသည် နန်းတော်အနောက်ရှိ ကျင့်ကြံရာနေရာသို့ သွားလိုက်၏။ ထိုနေရာတွင် ဟွာဂျီယူ ကျင့်ကြံနေသည်။ သူမသည် ရီဖူရှင်းက ပြန်ရောက်လာသည်ကို တွေ့လိုက်သောအခါ ထရပ်လိုက်သည်။ ရီဖူရှင်းသည် သူမဘေးသို့ လျှောက်သွား၏။ သူသည် သူမ၏ ရှည်လျားသော ဆံပင်ကို ပွတ်သပ်လိုက်ပြီး မေးလိုက်သည်။

“မင်း ဘယ်လိုခံစားရလဲ”

“ငါ့ရဲ့  ကျင့်ကြံခြင်းက တစ်နေပြီလို့ ခံစားရတယ်”

ဟွာဂျီယူသည် ပြုံး၍ ပြန်ပြောလိုက်၏။ သူမ တစ်နေပြီဟု ပြောသောအဆင့်သည် နတ်ဘုရားတစ်ဝက်အဆင့်ဖြစ်သည်။ သူမသည် အချိန်အတော်ကြာသည်အထိ ထိုအဆင့်သို့ မတက်နိုင်သေးပေ။

“‌လောစရာမလိုပါဘူး။ ခဏလောက် အနားယူပြီး စိတ်တည်ငြိမ်အောင် ပြန်လုပ်ပေါ့”

ရီဖူရှင်း ပြောလိုက်၏။ ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်တွင် သူမသည် ရီဖူရှင်းအနောက်ရှိ ဝတ်စုံဖြူနှင့် အမျိုးသမီးဘက်သို့ အကြည့်ရောက်သွား၏။ သူမသည် ရီဖူရှင်း၏နောက်တွင်ရပ်နေသော လင်လုံကို တွေ့လိုက်၏။ လင်လုံ၏ လှပသောမျက်လုံးလေးများသည် ဟွာဂျီယူကို ကြည့်ရှုလေ့လာနေသည်။

ဟွာဂျီယူသည် သူမကို မြင်သောအခါ မျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ပေါ်လာ၏။ သို့သော် ထို့နောက်တွင် သူမသည် ရီဖူရှင်းကို ပြုံး၍ ကြည့်လိုက်၏။

“အာ...”

ရီဖူရှင်းမှာလည်း အနည်းငယ် အိုးတိုးအန်းတန်း ခံစားလိုက်ရ၏။ ဟွာဂျီယူ၏ အပြုံးသည် တစ်စုံတစ်ခုကို ပြောနေသယောင် လှပနေသည်။

“သူ့နာမည်က လင်လုံတဲ့... ခုနကပဲ ငါ သူ့ကိုပေးထားတဲ့ နာမည်လေ။ ငါ သူ့ကို နတ်ဘုရားတွေရဲ့ ကန့်သတ်နယ်မြေထဲမှာ တွေ့ခဲ့တာ။ သူက မဟာအင်ပါယာရဲ့ မျိုးဆက်တစ်ယောက်ပဲ... ပြီးတော့ မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကြောင့် ပြန်မွေးဖွားလာတာ။ အဲဒီဝိညာဉ်စွမ်းအားက ငါ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့လည်း အတိုင်းအတာတစ်ခုအထိ ပေါင်းစည်းနေတယ်။ အဲဒါကြောင့် ငါ သူ့ကို ဒီကို ပြန်ခေါ်လာခဲ့တာ”

ရီဖူရှင်း ရှင်းပြလိုက်သည်။

ဟွာဂျီယူသည် ရီဖူရှင်း၏ စကားများကို ကြားလိုက်သောအခါ လင်လုံကို စိတ်ဝင်တစား ကြည့်သည်။ သူမသည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကြောင့် မွေးဖွားလာသူလော။

“သူက ဘယ်သူလဲ”

လင်လုံသည် ဟွာဂျီယူကိုကြည့်၍ ရီဖူရှင်းကို မေးလိုက်သည်။

ရီဖူရှင်းသည် သူမကို မည်သို့ ပြန်ဖြေရမည်ကို မသိဖြစ်သွားသည်။ သို့သော် ဟွာဂျီယူသည် ပြုံး၍ ပြန်ဖြေလိုက်၏။

“ကျွန်မ နာမည်က ဟွာဂျီယူပါ... ကျွန်မက သူ့ရဲ့ ဇနီးပါ”

“ဇနီး...”

လင်လုံသည် ဇနီးဟူသောစကားလုံး၏ အဓိပ္ပာယ်ကို သိပုံမပေါ်ပေ။ ရီဖူရှင်း ရှင်းပြလိုက်၏။

“အဲဒါက ကျုပ်တို့က အတူတူနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

ရီဖူရှင်း ခေါင်းကိုက်လာသည်။ သူသည် လင်လုံအပေါ်တွင် “ဦးနှောက်ကျင်းမှု” အချို့ လုပ်ရမည့်ပုံပင်။

“မခုခံပါနဲ့”

ရီဖူရှင်း ပြောလိုက်၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်း တောက်ပလာပြီး ရွှေရောင်နတ်အလင်းတန်းများသည် လင်လုံ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သူမ၏ မျက်ခုံနှစ်ခုကြားသို့ ဖောက်ဝင်သွားသည်။ ရုတ်တရက် လင်လုံ၏စိတ်ထဲသို့ မရေမတွက်နိုင်အောင် များပြားသော သတင်းအချက်အလက်များ စတင်စီးဝင်သွားသည်။ ထို့ကြောင့် လင်လုံသည် သူမ၏မျက်လုံးများကို တိတ်တဆိတ် စတင်လက်ခံနေလိုက်သည်။

အတော်ကြာပြီးနောက်တွင် ရီဖူရှင်းသည် ရပ်တန့်လိုက်၏။ လင်လုံသည် မျက်လုံးများ မှိတ်ထားဆဲဖြစ်ကြောင်း သူတွေ့လိုက်သည်။ သူသည် ဟွာဂျီယူ၏လက်ကို ဆွဲကိုင်လိုက်ပြီး သူမကို အိပ်ဆောင်ဆီသို့ ခေါ်သွားလိုက်လေသည်။

အနောက်ခြံဝန်း တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ရီဖူရှင်းသည် သူ့နောက်မှ တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။ သူ နောက်လှည့်ကြည့်လိုက်ရာ လင်လုံသည် သူ့နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရ၏။

ရီဖူရှင်းသည် သူမကိုကြည့်၍ မျက်တောင်ခတ်လိုက်ပြီး မေးလိုက်သည်။

“ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ”

“ရှင့်နောက်ကို လိုက်လာတာလေ။ ကျွန်မက ရှင်ရှိတဲ့နေရာမှာ ရှိနေမှာပဲ”

လင်လုံသည် ရီဖူရှင်းက အစောက ပြောခဲ့သောစကားအတိုင်း ပြန်ပြောနေလေသည်။

ရီဖူရှင်းသည် သူ၏မျက်ခုံနှစ်ခုအကြားကို ပွတ်၍ ပြောလိုက်၏။

“အဲဒီမှာ ထိုင်နေပြီး ကျုပ် အစောက ခင်ဗျားကို ပေးခဲ့တဲ့ မှတ်ဉာဏ်တွေကို ကြည့်နေပါ။ ပြီးတော့ ကျုပ် အမိန့်မရရင် ကျုပ်ကို မနှောင့်ယှက်ပါနဲ့”

လင်လုံ၏မျက်လုံးများထဲတွင် နားမလည်နိုင်မှုအချို့ ရှိနေသည်။ အဘယ်ကြောင့် သူသည် သူပြောခဲ့သည်ကို ပြန်ပြောင်းနေသနည်း။

သို့သော် သူမသည် ရီဖူရှင်း၏အမိန့်ကို နာခံလိုက်ပြီး တိတ်တဆိတ် ထိုင်ကာ ရိုရိုကျိုးကျိုး ပြုမူနေလေသည်။

သူ့ဘေးမှ ဟွာဂျီယူသည် တောက်ပသောအပြုံးဖြင့် ထိုအရာအားလုံးကို ကြည့်နေသည်။ ရီဖူရှင်းက ပြန်ခေါ်လာသော အမျိုးသမီးသည် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။

ရီအင်ပါယာနန်းတော်သည် အလွန်တိတ်ဆိတ်နေပြီး အားလုံးသည် သူတို့၏အင်အားများကို မြှင့်တင်ရန် ကျင့်ကြံနေကြသည်။

ရီဖူရှင်းသည် လင်လုံကို ခေါ်လာကတည်းက စောင့်ကြည့်နေခဲ့သည်။  လင်လုံ၏ အင်အားသည် အလွန်စွမ်းအားကြီးသည် မဟုတ်ပါလော။ အကယ်၍ မတော်တဆမှုတစ်ခုခု ရှိလာလျှင် သူမ၏ အဖျက်စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

ပြီးခဲ့သော ရက်အနည်းငယ်အတွင်း၌ သူသည် လင်လုံကို မှတ်ဉာဏ်အမျိုးမျိုး ပေးကာ သူမကို ဤလောကနှင့် လိုက်လျောညီထွေရှိလာစေရန် ကူညီပေးနေခဲ့သည်။ သူသည် ကျင့်ကြံခြင်းလောကတစ်ခွင်လုံး၏ အခြေအနေကို သူမ၏ မှတ်ဉာဏ်အတွင်းသို့ ထည့်ပေးခဲ့သည်။ လင်လုံသည် ၎င်းတို့ကို လျင်မြန်စွာ နားလည်သဘောပေါက်အောင် လုပ်နေသည်။ သူမ၏စိတ်သည် ပွင့်သွားပြီး ယခုတွင် သူမသည် အမှန်ပင် သက်ရှိအစစ်အမှန် တစ်ယောက် ဖြစ်လာပြီဖြစ်သည်။

သူမ၏ကျင့်ကြံခြင်းသည် စွမ်းအားကြီးပြီး သူမ၏စွမ်းရည်သည် အံ့အားသင့်စရာကောင်းပေသည်။ သူသည် ဤလောကကြီး၏အကြောင်းကို အလွန်လျင်မြန်သော နှုန်းဖြင့် သိရှိလာသည်။

ထို့အပြင် ရီဖူရှင်းသည် လင်လုံနှင့် လက်ရည်စမ်းလေ့ကျင့်ခြင်းလည်း ပြုပေသည်။

ထိုအချိန်တွင် ရီအင်ပါယာနန်းတော်၏ ထိပ်ဆုံးတွင်တည်ရှိသော ကျင့်ကြံခြင်းနန်းတော်ထဲတွင် ကြောက်မက်ဖွယ် နတ်ဝင်္ကပါတစ်ခု လင်းလက်လာသည်။ ပြင်းထန်သော ကြောက်မက်ဖွယ် အသံများကိုလည်း ခပ်အုပ်အုပ် ကြားနေရသည်။ ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားတစ်ခုလည်း ဖိနှိပ်ကျဆင်းလာပြီး နတ်ဝင်္ကပါ၏ ခုခံမှုကို ချိုးဖျက်ကာ ရီအင်ပါယာနန်းတော်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ၎င်းပတ်ဝန်းကျင်မှ သူများအတွက် ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုဝိညာဉ်စွမ်းအားသည် ရီဖူရှင်း၏ဝိညာဉ်စွမ်းအား မဟုတ်သလို၊ ဟွာဂျီယူ၏ ဝိညာဉ်စွမ်းအားလည်း မဟုတ်ခြင်းပင်။

သို့ဆိုလျှင် ထိုဝိညာဉ်စွမ်းအားသည် ရီဖူရှင်း ခေါ်လာခဲ့သော ဝတ်စုံဖြူနှင့်အမျိုးသမီး၏ ဝိညာဉ်စွမ်းအားသာ ဖြစ်နိုင်ပေသည်။

သူမသည် နန်းတော်သခင်နှင့် တိုက်ခိုက်နေခြင်းလော။

ထိုတိုက်ခိုက်မှုသည် အမှန်တကယ် တိုက်ခိုက်ခြင်းလော သို့မဟုတ် လက်ရည်စမ်းချင်ပင်လော။

ကျင့်ကြံခြင်းနန်းတော်ထဲတွင် ခပ်အုပ်အုပ် ထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထိုအသံများသည် မိုးချုန်းသံများကဲ့သို့ပင်။ ဟွာဂျီယူသည် ဘေးတစ်ဘက်တွင် ရပ်နေပြီး သူမ၏လှပသောမျက်လုံးလေးများသည် သူမအရှေ့ရှိ လူနှစ်ယောက်ကို ကြည့်နေသည်။ ရီဖူရှင်းနှင့် လင်လုံတို့သည် ထိပ်တိုက် တိုက်ခိုက်နေကြပြီး မည်သူ့ဘက်မှ အသာမရကြသေးပေ။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်ရိုက် တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည် ပြင်းထန်ပေသည်။ ရီဖူရှင်းသည် အလွန်ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအား၏ လွှမ်းခြုံမှုကို ခံထားရ၏။ သူသည် အနိုင်ယူ၍မရနိုင်သော ကောင်းကင်မှ နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရသည်။ သူ့စိတ်ဝိညာဉ်စွမ်းအားကို ဖိနှိပ်ထားသော ဖိအားသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းပေသည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ရီဖူရှင်းသည် နောက်သို့ လွင့်ပျံထွက်သွားသည်။ သူ မြေပေါ်သို့ ပြန်ရောက်သွားသောအခါ နောက်သို့ လျှောတိုက်သွားပြီး ခေတ္တကြာမှ သူ့ကိုယ်သူ ရပ်တန့်နိုင်ခဲ့လေသည်။ သူသည် ရှေ့သို့တည့်တည့် စိုက်ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။

“အံ့ဩစရာပဲ...”

“ကျွန်မက အခုထိ ကျွန်မရဲ့ စွမ်းအားအကုန်လုံးကိုတောင် ထုတ်မသုံးရသေးဘူး”

လင်လုံသည် အနည်းငယ်ပင် နှိမ့်ချမှုမရှိဘဲ ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။

ရီဖူရှင်းသည် ထိုစကားကြောင့် မှင်တက်သွားပြီး သူမကို ပြောလိုက်၏။

“ခင်ဗျား ဒီရက်တွေထဲမှာ သင်ကြားနေတုန်းက နှိမ့်ချတတ်မှုရဲ့ ကောင်းကျိုးကို ခင်ဗျားကို ဘယ်သူမှ မပြောပြဘူးလား”

“အင်း...”

လင်လုံ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“ဒါပေမယ့် ရှင့်အပေါ်တော့ နှိမ့်ချနေစရာ မလိုပါဘူး”

“အဲဒီစကားက ပြင်းထန်လိုက်တာ...”

“ကျွန်မတို့ ဆက်တိုက်ကြမလား...”

လင်လုံက ရီဖူရှင်းကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“နားဦးမယ်...”

ရီဖူရှင်း ပြောလိုက်၏။ ထို့နောက် သူသည် အရှေ့သို့ လျှောက်သွားပြီး လင်လုံ၏ဘေးသို့ သွားကာ ပြောလိုက်၏။

“ခင်ဗျား ကျုပ် ပေးထားတဲ့ မှတ်ဉာဏ်တွေအားလုံးကို နားလည်အောင် ကြည့်ပြီး အဲဒီကနေ သင်ယူပြီးပြီမလား။ အခု ခင်ဗျား လောကကြီးအကြောင်းကို နည်းနည်း ပိုနားလည်လာလောက်ပြီပေါ့”

“အင်း...”

လင်လုံ ခေါင်းညိတ်လိုက်သည်။

“နောက်ထပ် ခင်ဗျား ဘယ်ကနေလာခဲ့တယ်ဆိုတာနဲ့ ခင်ဗျားဘာလို့ ကျုပ်နောက်ကို လိုက်နေတယ်ဆိုတဲ့အကြောင်းကို ကျုပ် ခင်ဗျားကို ပြောပြချင်တယ်”

ရီဖူရှင်း ပြောလိုက်၏။

လင်လုံသည် သူ၏စကားကို ကြားလိုက်သောအခါ မျက်နှာထား ထူးဆန်းသွားပြီး ပြောလိုက်၏။

“ရှင် ကျွန်မကို မပြောပြလည်း ရပါတယ်”

သူမသည် သူမဘာသာ အတော်အသင့် လေ့လာသင်ယူပြီးနောက်တွင် သူမက ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေနိုင်ကြောင်း ခန့်မှန်းမိထားပြီးဖြစ်သည်။ ထို့ကြောင့် သူမ ဤနေရာတွင် ရှိနေခြင်းဖြစ်မည်။ သို့ဖြစ်၍ သူမသည် အမှန်ကို သိရန်မလိုဟု ခံစားနေရခြင်းဖြစ်သည်။

“မဟုတ်သေးဘူးလေ... ခင်ဗျားမှာလည်း ကိုယ်ပိုင်အသိစိတ်နဲ့ ဖြစ်လာပြီဆိုတော့ အရာအားလုံးကို သိခွင့်ရှိတယ်”

ရီဖူရှင်း ပြောလိုက်၏။

“မခုခံပါနဲ့...”

သူသည် ထိုသို့ ပြောလိုက်ပြီးနောက် သူ့မျက်ခုံးနှစ်ခုအကြားတွင် အလင်းတစ်ခု တောက်ပလာပြီး ရုတ်တရက် ပုံရိပ်များနှင့် မှတ်ဉာဏ်များ ပေါင်းစည်းသွားပြီး လင်လုံ၏ မျက်ခုံနှစ်ခုအကြားသို့ ဝင်သွားသည်။ ထိုမှတ်ဉာဏ်များသည် သူ နတ်ဘုရားများ၏ ကန့်သတ်နယ်မြေထဲတွင် တွေ့ကြုံခဲ့ရသည့် မှတ်ဉာဏ်များဖြစ်သည်။ သို့သော် သူနှင့် ဒွန်ဟောင်တိယွမ်အကြားတွင် ဖြစ်ပျက်ခဲ့သောကိစ္စအချို့တော့ မပါပေ။ လင်လုံနှင့်ပတ်သတ်သည့် အရာအားလုံးသည် ထိုမှတ်ဉာဏ်များအတွင်း၌ ပါပေသည်။

လင်လုံသည် သူမ၏မျက်လုံးများကို မှတ်လိုက်၏။ မကြာခင်မှာပင် သူမသည် မျက်လုံးများ ထပ်မံဖွင့်လိုက်သည်။ သူမ၏လှပသောမျက်လုံးလေးများသည် ရီဖူရှင်းကို ကြည့်နေသည်။

“ခင်ဗျား အားလုံး တွေ့ပြီးပြီလား”

ရီဖူရှင်း မေးလိုက်၏။

“အင်း...”

လင်လုံ ခေါင်းညိတ်ပြလိုက်သည်။

“အဲဒီတုန်းက ကျုပ်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ မဟုတ်ရင် ကန့်သတ်နယ်မြေထဲမှာ ခင်ဗျားက ကျုပ်ကို သတ်မှာလေ။ ဘာပဲဖြစ်ဖြစ်ပါ... ကျုပ်ရဲ့ ဝိညာဉ်စွမ်းအားက အမှန်တကယ် မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစည်းနိုင်ခဲ့လို့ ခင်ဗျားကလည်း ကျုပ်ဝိညာဉ်စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတာပဲ။ အဲဒါကြောင့် ခင်ဗျားက ကျုပ်ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာ။ ဒါပေမဲ့ အခု ခင်ဗျားမှာ ကိုယ်ပိုင်အသိဉာဏ်ရှိလာပြီဆိုတော့ အဲဒီကိစ္စကို ကျုပ် ခင်ဗျားကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး”

ရီဖူရှင်း ပြောလိုက်၏။

“အခု ခင်ဗျားလည်း ခင်ဗျားလမ်းကို ကိုယ်တိုင်ရွေးပြီး ကိုယ့်ဘာသာ နာမည်တစ်ခု ပေးပေါ့”

လင်လုံသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး ဟင်းလင်းပြင်ထဲရှိ နတ်ဝင်္ကပါကို မော့ကြည့်ကာ ပြောလိုက်၏။

“တကယ်လို့ ကျွန်မလုပ်ချင်တာက ရှင့်ရဲ့ ဝိညာဉ်စွမ်းအားကို ဆန့်ကျင်ချင်တာဆိုရင် ရှင်က နတ်ဝင်္ကပါကို သုံးပြီး ကျွန်မကို ရှင်းပစ်မှာလား”

“ကျုပ်မှာသာ အဲဒီလိုအတွေးမျိုးရှိရင် ခင်ဗျားကို ဒီအကြောင်းကိုတောင် ပေးသိမှာ မဟုတ်ဘူး။ ကျုပ် ခင်ဗျားကို ဒီကို ခေါ်လာတာက ခင်ဗျား ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ့်အရေးကို ကာကွယ်ဖို့ပဲ။ ခင်ဗျားရဲ့ အင်အားကလည်း အတော်လေးကြီးတယ်မလား... အဲဒီတော့ အန္တရာယ်ကလည်း ကြီးတာပေါ့။ အခုတောင် ဒီနေရာမှာ ခင်ဗျား ကျုပ်ကို တစ်ခုခုလုပ်ချင်ရင် ကျုပ်မှာ ‌ရွေးစရာမရှိတော့ဘဲ နတ်ဝင်္ကပါကို အသက်သွင်းပြီး ခင်ဗျားကို ရင်ဆိုင်ရမှာပဲ”

ရီဖူရှင်း ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ခင်ဗျား ထွက်သွားနိုင်တယ်။ နောက်ကျရင် ခင်ဗျားစိတ်ကြိုက် လုပ်ချင်တာ လုပ်လို့ရတယ်”

“သူတော်ကောင်း ယောင်ဆောင်နေတာပဲ”

လင်လုံသည် ရီဖူရှင်းကို စိုက်ကြည့်၍ ပြောလိုက်၏။

“ဟမ်...”

ရီဖူရှင်း အံ့အားသင့်သွားသည်။ သူမသည် မည်သူ့ကို သူတော်ကောင်း ယောင်ဆောင်သည်ဟု ပြောနေခြင်းနည်း။

သူသည် ရိုးရိုးသားသား ပြောခဲ့သည်ဟု သူတွေးလိုက်သည်။ အစတွင် သူသည် အမှန်ပင် လင်လုံကို ထိန်းချုပ်လိုခဲ့သည်။ သို့သော် လင်လုံသည် ရုပ်သေးရုပ်တစ်ရုပ်မဟုတ်ဘဲ အသိဉာဏ်ရှိသူတစ်ယောက်ဖြစ်ကြောင်း သူသိသွားခဲ့သည်။ သူမသည် သူမကိုယ်သူမ အားကိုးနိုင်သည်။ သူမသည် အနှေးနှင့်အမြန်ပင် အရာအားလုံးကို နားလည်လာမည်ဖြစ်သည်။

“ရှင်က ကျွန်မဆီမှာ ရှင့်ရဲ့ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းရှိတာကို သိတယ်... အဲဒါက အခု ဒီမှာရပ်နေတဲ့ ကျွန်မဆီမှာ ရှင့်ရဲ့ အကျင့်စရိုက် တစ်စိတ်တစ်ပိုင်းရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒါကိုတောင် ရှင်က ကျွန်မကို ထွက်သွားခွင့်ပြုသလိုလိုနဲ့ ဟန်ဆောင်နေသေးတယ်။ အဲဒါက သူတောင်ကောင်း ယောင်ဆောင်တာမဟုတ်ရင် ဘာလဲ”

လင်လုံသည် ရီဖူရှင်းကိုကြည့်ကာ တိုက်ရိုက်မေးလိုက်လေသည်။

ရီဖူရှင်းသည် ခေတ္တမျှ မှင်တက်သွားသည်။ သူသည် ထိုအမျိုးသမီးကိုကြည့်ကာ သူမ၏ သင်ယူနိုင်စွမ်းသည် အလွန် အံ့အားသင့်ဖွယ်ကောင်းသည်ဟု တွေးလိုက်သည်။

လင်လုံသည် ရီဖူရှင်းကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ဆက်ပြောလိုက်၏။

“လင်လုံဆိုတာ နာမည်ကောင်းလေးပဲ... အခုကစပြီး ကျွန်မ ဒီနာမည်ကိုပဲ သုံးဖြစ်လောက်မယ်ထင်တယ်”

All Chapters