အခြေအနေ
Vol. 192 Ch. 2743
အရှင်ရှာမင်သည် ဝတ်စုံဖြူနှင့်အမျိုးသမီးတစ်ယောက်က သူ့ထံသို့ လာနေသည်ကို မြင်လိုက်၏။ သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ် ကြက်သွေးရောင်နတ်အလင်းများကို ထုတ်လွှတ်လိုက်သည်။ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထဲတွင် အဆုံးမဲ့ ကြက်သွေးရောင် စီရင်ချက်နတ်အလင်းများ ထွက်ပေါ်လာပြီး လင်လုံထံသို့ ကျဆင်းသွားသည်။ အကယ်၍ သူမသာ နတ်အလင်းတစ်ခုနှင့် ထိသွားလျှင် ထိုနေရာတွင်ပင် အသတ်ခံလိုက်ရမည်ဖြစ်သည်။
ဝုန်း...
လင်လုံ၏ ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ဝိညာဉ်စွမ်းအားသည် မြင့်မားသော ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး နေရာတစ်ခွင်လုံးကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။ ထိုအခိုက်တွင် အရှင်ရှာမင်အရှေ့ရှိ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် စစ်နတ်ဘုရားမတစ်ပါးအဖြစ် ပြောင်းလဲသွား၏။
‘အဲဒီအရှိန်အဝါက...’
အရှင်ရှာမင် တွေးလိုက်သည်။
သူ့မျက်လုံးများ ကျဉ်းသွားပြီး သူ၏မျက်နှာထားလည်း အနည်းငယ် ပြောင်းလဲသွား၏။ အဆုံးမဲ့ ကြက်သွေးရောင် စီရင်ချက်နတ်အလင်းများသည် လင်လုံပေါ်သို့ ကျဆင်းလာသည်။ သူမ၏ခန္ဓာကိုယ်ကို တိုက်ခိုက်ဝိညာဉ်စွမ်းအားက လှည့်ပတ်နေ၏။ သူမသည် စစ်နတ်ဘုရားတစ်ပါး၏ ချပ်ဝတ်ကို ဝတ်ဆင်ထားသကဲ့သို့ ထင်ရသည်။ ကြက်သွေးရောင်နတ်အလင်းများသည် သူမ၏ တိုက်ခိုက်ဝိညာဉ်စွမ်းအားကို မဖောက်ထွင်းနိုင်ချေ။ လင်လုံသည် ကောင်းကင်ထက်ရှိ ယဇ်ပလ္လင်ပေါ်တွင် ရပ်နေသော အရှင်ရှာမင်ထံသို့ ဆက်ပျံတက်သွားသည်။ ထိုမြင်ကွင်းက ကြည့်နေသည့် ကျင့်ကြံသူများကို အံ့ဩတကြီး မျက်မှောင်ကြုတ်သွားစေ၏။ မည်သည့်ကိစ္စ ဖြစ်ပျက်နေခြင်းနည်း။ ထိုမိန်းမပျိုလေးသည် အဘယ်သို့ ထိုမျှ လွှမ်းမိုးနိုင်ကာ စွမ်းအားကြီးနေရသနည်း။
သူတို့သိသလောက် အရှင်ရှာမင်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားတစ်ဝက်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ သူထိန်းချုပ်သော မဟာလမ်းစဉ်၏ နတ်စွမ်းအားသည် သူ၏ကိုယ်ပိုင်ဖြစ်သည်။ အကယ်၍ ဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးကိုသာ သူ၏ကြက်သွေးရောင်နတ်အလင်း ထိမှန်သွားပါက ထိုကျင့်ကြံသူသည် နေရာတွင်ပင် သေဆုံးသွားမည်ဖြစ်သည်။
သို့သော် အရှင်ရှာမင်၏ ကြက်သွေးရောင် နတ်အလင်းသည် မိန်းမပျို၏ ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ချေ။ ထို့ကြောင့် သူမ၏ တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် မည်မျှအစွမ်းထက်ကြောင်းကို တွေးကြည့်နိုင်ပေသည်။
ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် မည်သူနည်း။
လင်လုံသည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ မကြာမီမှာပင် သူမသည် ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်လာသည်။ သူမသည် သူမ၏လက်သီးကို ဆန့်ထုတ်လိုက်ပြီး တိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်လိုက်သည်။ သူမ၏လက်သီးချက်သည် သာမန်ဟုထင်ရသော်လည်း ၎င်းတွင် ကြောက်မက်ဖွယ် ထျန်ရှန်းလက်သီးဝိညာဉ်စွမ်းအား ပါဝင်ပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
သွေးနီရောင် ယဇ်ပလ္လင်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ၎င်းသည် ပြင်းထန်သော လက်သီးဝိညာဉ်စွမ်းအားနှင့် ထိထိချင်းမှာပင် ပျက်စီးသွားခြင်းဖြစ်သည်။ ၎င်းသည် အမျိုးသမီး၏ လွှမ်းမိုးအားကြီးသော တိုက်ခိုက်ဝိညာဉ်စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ ကွဲအက်လွယ်သော ဖန်ချပ်တစ်ချပ်ကဲ့သို့ပင်။
လက်သီးဝိညာဉ်စွမ်းအားသည် အထက်သို့ ဆက်တက်သွားသည်။ ၎င်းသည် ကြက်သွေးရောင်စက်ကွင်းနှင့် ထိခတ်သွားသည်။ ထစ်ချုန်းသံ ခပ်အုပ်အုပ်တစ်သံကို ကြားလိုက်ရ၏။ စက်ကွင်းတစ်ခုလုံးသည် ရုတ်ခြည်း ပျက်စီးလုနီးပါး ဖြစ်သွားသည်။
အရှင်ရှာမင်သည် မြင့်မားသော ကောင်းကင်ထက်တွင် ထွက်ပေါ်လာ၏။ သူသည် ပြီးခဲ့သော တိုက်ခိုက်မှုကို ရှောင်လိုက်ခြင်းပင်။ သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်ဝိညာဉ်စွမ်းအားတစ်ခုက လွှမ်းခြုံထားပြီး သူသည် သူ၏ပြိုင်ဘက်ကို စိုက်ကြည့်နေသည်။ ဝတ်စုံဖြူနှင့်အမျိုးသမီးကို လှည့်ပတ်သော တိုက်ခိုက်ဝိညာဉ်စွမ်းအားသည် မဟာအင်ပါယာတစ်ပါး၏ ဝိညာဉ်စွမ်းအားနှင့်တူပေသည်။
အရှင်ရှာမင်၏အတွေး လှုပ်ရှားသွား၏။ ထို့နောက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် သွေးနီရောင်အာကာပြင်တွင် စီရင်ချက်အဖျက်နတ်အလင်းများ လှည့်ပတ်စီးဆင်းလာ၏။ သူ့လက်ထဲတွင် ကြက်သွေးရောင် နှင်တံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် အလွန်စွမ်းအားကြီးသည့် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်ပြီး စွမ်းအားကြီး ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေလေသည်။
“ဒါက...”
အောက်မှ ကျင့်ကြံသူများသည် မရပ်မနား ရင်ခုန်မြန်သွားသည်။ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် တိုက်ခိုက်မှုတစ်ခုဖြင့်ပင် အရှင်ရှာမင်ကို သူ၏မဟာအင်ပါယာအဆင့်လက်နက် ထုတ်ရန် ဖိအားပေးနိုင်ခဲ့သည်။ အရှင်ရှာမင် သူ၏မဟာအင်ပါယာအဆင့်လက်နက်ကို ထုတ်လိုက်ခြင်းမှာ သူ၏စွမ်းရည်တစ်ခုတည်းဖြင့် အမျိုးသမီး၏ တိုက်ခိုက်မှုများကို မခံနိုင်လောက်ဟု သံသယရှိ၍ဖြစ်ကြောင်း ထင်ရှား၏။
ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် အမှန်ပင် ထိုမျှစွမ်းအားကြီးလေသည်။
“အဲဒါက ပြစ်ဒဏ်စီရင်ခြင်းနှင်တံပဲ”
တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်၏။ ကျင့်ကြံသူများသည် အရှင်ရှာမင် ကိုင်ထားသော နှင်တံကို တွေ့လိုက်သောအခါ အလွန် ရင်တုန်သွားကြသည်။ ထိုမဟာအင်ပါယာအဆင့်လက်နက်သည် မှော်နက်နန်းတော်၏ အဖိုးတန်ရတနာတစ်ခုဖြစ်သည်။ ၎င်းသည် မှော်နက်နန်းတော်၏ မဟာရှာမင်များ အသုံးပြုခဲ့သော လက်နက်ဖြစ်ပြီး မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။ အရှင်ရှာမင်သည် လက်ရှိ မဟာရှာမင်ဖြစ်ပြီး မှော်နက်သူတော်စင်သုံးပါး၏ ခေါင်းဆောင်ဖြစ်သဖြင့် ထိုပြစ်ဒဏ်စီရင်ခြင်းနှင်တံက သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်လာခြင်းမှာ သဘာဝကျပေသည်။
သူက လက်ဆန့်တန်းလိုက်ပြီး နှင်တံကို ကောင်းကင်သို့ ချိန်ရွယ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်၏အရောင် ပြောင်းလဲသွား၏။ အာကာပြင်ထဲတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ လူအုပ်သည် ခေါင်းမော့ကြည့်လိုက်သောအခါ သူတို့အထက်တွင် ကြောက်မက်ဖွယ် ဝဲကတော့ကြီးတစ်ခု လည်ပတ်နေသည်ကို မြင်လိုက်ရ၏။ ထိုဝဲကတော့သည် သက်ရှိအားလုံးကို သတ်ပစ်နိုင်သည့်ပုံပင်။ ထိုဝဲကတော့အတွင်းသို့ စုပ်ယူခံရသည့် မည်သူမဆို ရှင်သန်နိုင်မည် မဟုတ်ပေ။
လူများစွာသည် သူတို့၏ စိတ်ဝိညာဉ်များပင် ကြောက်ရွံ့တုန်ယင်နေသည်ကို ခံစားလိုက်ရ၏။ သူတို့သည် အပြင်းအထန် ရင်ခုန်နေကြပြီး နောက်သို့ ဆက်၍ဆုတ်နေကြသည်။ သူတို့သည် မုန်တိုင်းနှင့် ဝေးနိုင်သမျှဝေးဝေးတွင် နေလိုကြသည်။ အရှင်ရှာမင်၏ နောက်တိုက်ခိုက်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို မည်သူမှ မသိပေ။
ဝုန်း...
ကြွပ်ဆတ်ဆတ် အက်ကြောင်းတစ်ခုနှင့်အတူ စက်ကွင်းသည် ကွဲအက်ပျက်စီးသွားသည်။ ကောင်းကင်တစ်ခွင်လုံးသည် မှော်နက်စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ကောင်းကင်သည် ထက်ခြမ်းပွင့်သွားပြီး ပြစ်ဒဏ်ပေးခြင်းနှင်တံမှနေ၍ ကြက်သွေးရောင်နတ်အလင်း ဖြာထွက်လာပြီး မြင့်မားသော ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ၎င်းထုတ်လွှတ်လိုက်သော စွမ်းအားသည် ကမ္ဘာဖျပ်ကပ်ဘေးကြီးတစ်ခုကို ဆင့်ခေါ်လိုက်သလိုပင်။ ထိုမြင်ကွင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။
ဂျိန်း...
အာကာပြင်တစ်ခွင်တွင် မိုးချုန်းသံများ ပဲ့တင်ထပ်နေသည်။ ထို့နောက်တွင် အနန္တ ကြက်သွေးရောင် နတ်အလင်းများသည် ကောင်းကင်ထက်မှနေ၍ လောကတစ်ခွင်လုံးကို အစိတ်စိတ်အမွှာမွှာ ဖိချေပစ်နိုင်သောအဟုန်ဖြင့် ကျဆင်းလာလေသည်။ အလွန်တောက်ပသော ကြက်သွေးရောင်နတ်အလင်းတန်းတစ်တန်းသည် ပြွတ်သိပ်နေသော အလင်းတန်းများကြားတွင် ထင်ရှားနေသည်။ ၎င်းသည် ဓားတစ်ချောင်းပုံစံအဖြစ် ပြောင်းလဲသွားပြီး လင်လုံထံသို့ ဦးတည်သွားသည်။
လင်လုံသည် နတ်အလင်းမှ ထုတ်လွှတ်လိုက်သော စွမ်းအားကို ထင်ထင်ရှားရှား အာရုံခံမိလိုက်၏။ သူမ၏ခန္ဓာကိုယ်မှနေ၍ တိုက်ခိုက်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ သူမသည် သူမ၏လက်ဝါးကို ဆန့်ထုတ်လိုက်၏။ ရုတ်ခြည်းပင် မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများသည် ဝင်ရောက်လာသော တိုက်ခိုက်မှုထံသို့ ပျံတက်သွားကြသည်။ သူမ ထုတ်သုံးလိုက်သောအတတ်သည် ရီဖူရှင်းက သူမကို သင်ပေးထားခြင်းဖြစ်သည်။ သူသည် သူမ၏တိုက်ခိုက်မှုများတွင် သူမ၏စွမ်းအားကို ပို၍ကောင်းကောင်းအသုံးချနိုင်ရန် လမ်းညွှန်ပေးခဲ့သည်။
ဝုန်း...
ကြက်သွေးရောင်အလင်းတန်းများနှင့် နတ်ဓားများ ကောင်းကင်ထဲတွင် ထိတိုက်သွားသည်။ ကောင်းကင်သည် ကွဲအက်သွားပြီး အာကာပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ အဖျက်နတ်အလင်းများလည်း သောင်းကျန်းသွားသည်။ သို့သော် ထိုကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက်တွင်ပင် အရှင်ရှာမင်သည် လင်လုံကို မထိနိုင်သေးပေ။ သူမသည် သူမ၏လက်ဝါးချက်ကို ထုတ်လွှတ်လိုက်ပြီးနောက်တွင် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အရှင်ရှာမင်ထံ ပျံသွားလိုက်သည်။ သူမသည် အရှင်ရှာမင်နှင့် အနီးကပ်တိုက်ပွဲ ဆင်နွှဲလိုပုံပင်။ အောက်ဘက်မှ ကျင့်ကြံသူများစွာသည် ကံမကောင်းကြပေ။ သူတို့ထဲမှအချို့သည် အချိန်မီ ထွက်မပြေးနိုင်ခဲ့သဖြင့် ထိုအဖျက်အားကြီးသော တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည်။ အစွမ်းမကြီးသော ကျင့်ကြံသူအချို့သည် ကြက်သွေးရောင် နတ်အလင်းများကျဆင်းလာသောအခါ အမှုန့်ဖြစ်သွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်များသည်လည်း အမှုန့်ဖြစ်ကာ နေရာတွင်ပင် ပျောက်ကွယ်သွားကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ မည်သို့မှ မကာကွယ်နိုင်ခဲ့ချေ။
ကပ်ဘေးအဆင့်သို့ မရောက်သေးသော မည်သည့်ကျင့်ကြံသူမဆို ထိုတိုက်ခိုက်မှုသာ သူတို့ကို ထိမှန်သွားပါက ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခုပင် ရှိမည်မဟုတ်ပေ။
ရီဖူရှင်းက ကောင်းကင်ထက်တွင် ဖြစ်ပျက်နေသော တိုက်ပွဲကို ကြည့်သည်။ သူသည် လင်လုံက မည်မျှ စွမ်းဆောင်နိုင်ကြောင်း ကောင်းစွာသိပေသည်။ မဟာအင်ပါယာအဆင့်လက်နက်တစ်ခု၏ အကူအညီနှင့်ဆိုလျှင်ပင် အရှင်ရှာမင်သည် သူမ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း၌ ရီဖူရှင်းသည် သူမ၏စွမ်းရည်ကို အကြိမ်မရေမတွက်နိုင်အောင် စမ်းသပ်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ရီဖူရှင်းသည် သူတို့တိုက်ပွဲ၏ ရလဒ်အတွက် မစိုးရိမ်ပေ။
သူသည် နတ်မီးလျှံကလန်ခေါင်းဆောင် ရပ်နေသောနေရာသို့ လှမ်းကြည့်သည်။ အစောက ရီဖူရှင်းသည် သူ့ကလန်ရှိ လူအားလုံးကို သတ်ပစ်ခဲ့သည်။ ထိုကလန်ခေါင်းဆောင်မှလွဲ၍ အားလုံး သေသွားပြီဖြစ်သည်။
ရီဖူရှင်းသည် သူအစပြုခဲ့သည်ကို အဆုံးသတ်ရပေမည်။ သူ့တွင် ကလန်ခေါင်းဆောင်ကို လွှတ်ပေးရန် အကြောင်းမရှိပေ။
ရီဖူရှင်းပတ်ပတ်လည်တွင် နတ်အလင်းလှည့်ပတ်လာပြီး သူ၏အရှိန်အဝါသည် နတ်မီးလျှံကလန်ခေါင်းဆောင်ပေါ်သို့ ကျရောက်သွားသည်။ နတ်မီးလျှံကလန်ခေါင်းဆောင်သည်လည်း ထိုအခြင်းအရာကို အာရုံခံမိသည်။ သူသည် ကောင်းကင်ထက်ရှိ တိုက်ပွဲပြင်မှ အကြည့်ရုတ်လိုက်၏။ ထို့နောက် သူသည် ရီဖူရှင်းကို ကြည့်သည်။ သူ့ကို သတ်ဖြတ်လိုသောအငွေ့အသက်က လှည့်ပတ်သွား၏။
ရီဖူရှင်းဘက်တွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ဝတ်စုံဖြူနှင့်အမျိုးသမီး ရှိလိမ့်မည်ဟု သူမတွေးခဲ့ဖူးပေ။ သူမသည် မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်ဆွဲထားသော အရှင်ရှာမင်ကိုပင် လက်ဗလာဖြင့် တိုက်ခိုက်နိုင်လေသည်။ သူမ၏ တိုက်ခိုက်စွမ်းရည်သည် မဟာအင်ပါယာများအောက်မှ စွမ်းအားအကြီးဆုံးသူများကြားတွင် အဆင့်တစ်ခု ရနိုင်ပေသည်။
ထိုကဲ့သို့သော သူတစ်ယောက်သည် ရီဖူရှင်း၏အမိန့်များကို နာခံနေလေသည်.
သို့ဆိုလျှင် ယနေ့ အခြေအနေသည် သူတို့ဘက်မှ အရေးနိမ့်ပေလိမ့်မည်။
“မှော်နက်အရှင်ရဲ့ တပည့်ရင်းက အသတ်ခံလိုက်ရပြီ။ မင်းတို့အားလုံးက ဘာလို့ မတိုက်သေးတာလဲ”
နတ်မီးလျှံကလန်ခေါင်းဆောင်က မှော်နက်နန်းတော်မှ ကျင့်ကြံသူများနှင့် မှော်နက်လောကမှ အင်အားစုအသီးသီးကို ကြည့်၍ ပြောလိုက်၏။ မှော်နက်သူတော်စင်ဟွာယွင်ထင်သည်လည်း လွန်စွာစွမ်းအားကြီး၏။ ထို့အပြင် မှော်နက်နန်းတော်ဘက်တွင် တိုက်ပွဲ၌ဝင်ပါနိုင်သော ကျင့်ကြံသူများစွာ ရှိနေပေသေးသည်။
မှော်နက်သူတော်စင်သည် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာကြောင်း တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူခန့်မှန့်ထားသကဲ့သို့ပင် အခြေအနေများသည် အမှန်ပင် စည်းလွတ်ဝါးလွတ် ဖြစ်လာပေပြီ။
ထိုတိုက်ပွဲသည် မည်သို့အဆုံးသတ်မည်ကို မည်သူမှ မသိပေ။
ရွှီး...
နတ်မီးလျှံကလန် ထိုသို့ပြောပြီးပြီးချင်းမှာပင် သူ့အပေါ်၌ အန္တရာယ်အငွေ့အသက်တစ်ခု ရုတ်တရက် ရစ်သိုင်းသွားသည်။ ရီဖူရှင်းသည် ရှေ့သို့ ရုတ်ခြည်း ပျံထွက်လာသည်။ ကျောက်စိမ်းရောင် နတ်ဘုရားအုပ်စိုးလက်နက် ပတ်ပတ်လည်တွင် နတ်အလင်း လှည့်ပတ်နေသည်။ သူသည် ကလန်ခေါင်းဆောင်ဆီသို့ တိုက်ရိုက် သွားလိုက်သည်။ ရီဖူရှင်းသည် မဟာလမ်းစဉ် စွမ်းအား,အားလုံးကို ဖောက်ထွင်းနိုင်ပြီး စိတ်ဝိညာဉ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော နတ်ဓားတစ်ချောင်းဖြစ်လာသကဲ့သို့ပင်။
သူ့ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ် စွမ်းအားသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။ နတ်အလင်းဖြတ်သန်းသွားသောနေရာတိုင်းတွင် အရာအားလုံး အမှုန့်ဖြစ်သွားသည်။
နတ်မီးလျှံကလန်ခေါင်းဆောင်သည် ရီဖူရှင်းထံမှနေ၍ သေချာသောမရဏတရားကို အာရုံခံမိနေလေသည်။