← Chapters

နတ်ဘုရားတစ်ဝက်အဆင့်နောက်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 192 Ch. 2744

နတ်ဘုရားတစ်ဝက်အဆင့်နောက်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 192 Ch. 2744

ရီဖူရှင်းသည် သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။ သူ ထပ်မံ ထွက်ပေါ်လာသောအခါ နတ်မီးလျှံကလန်ခေါင်းဆောင်အထက်သို့ ရုတ်ခြည်း ဆင်းသက်လာသည်။ နတ်ဘုရားအုပ်စိုးလက်နက်သည် ထက်ရှသောဓားတစ်ချောင်းကဲ့သို့ ထိုးဝင်သွားပြီး လွန်စွာ လွှမ်းမိုးအားကြီးနေသည်။ ကလန်ခေါင်းဆောင်သည် ရီဖူရှင်းက သူ့ကို အနီးကပ်တိုက်ပွဲတွင် အမှန်ပင် သတ်ရန်ကြိုးစားလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ပေ။ ကလန်ခေါင်းဆောင်၏လက်ထဲမှ မဟာအင်ပါယာအဆင့်လက်နက် လှံရှည်သည်လည်း ထိုးထွက်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအားနှစ်ခု ထိခတ်သွားပြီး အံ့အားသင့်ဖွယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။

ရွှစ်...

ရီဖူရှင်း ထပ်မံ ပျောက်ကွယ်သွားသည်။ နတ်မီးလျှံကလန်ခေါင်းဆောင်၏ ပတ်ပတ်လည်တွင် ရီဖူရှင်း၏ကိုယ်ပွား အမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုကိုယ်ပွားအားလုံးကို တလက်လက် တောက်ပနေသော ကျောက်စိမ်းရောင် နတ်အလင်းက လှည့်ပတ်နေသည်။ သူတို့အားလုံးသည် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကို ပိုင်ဆိုင်ကြပုံပင်။

ထိုကိုယ်ပွားများသည် မည်သည့်အခါမှ လှုပ်ရှားမှုကို မရပ်ဟု ထင်ရသည်။ ကိုယ်ပွားများသည် ပို၍ ပို၍ ထွက်ပေါ်လာပြီး ကလန်ခေါင်းဆောင် ပတ်ပတ်လည်ရှိ အာကာပြင်တွင် ပြည့်နှက်သွားကြသည်။

“ဒါက လှုပ်ရှားမှုအတတ်တစ်ခုပဲ”

အောက်ဘက်မှ တစ်စုံတစ်ယောက်က ကောင်းကင်တွင်းရှိ တိုက်ပွဲပြင်ကို ကြည့်၍ ပြောလိုက်၏။ ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းတစ်ခုကိုသာ ပိုင်ဆိုင်သည်မဟုတ်ဘဲ လှုပ်ရှားမှုအတတ်များကိုလည်း ကျင့်ကြံထားပေသည်။ သူ့တွင် ကိုယ်ပွားသန်းပေါင်းများစွာ ရှိသည်ဟု ထင်ရသည်။ မည်သည်က အစစ်ဖြစ်သည်ကို မည်သူမှ မပြောနိုင်ပေ။

ထိပ်သီးအင်အားစုများသည် ယခင်က ကောင်းကင်နန်းတော်ဟောင်း၌ ရီဖူရှင်းတစ်ယောက် နတ်အတတ်များပါဝင်သည့် နတ်ကျောက်တုံးများကို ရရှိသွားကြောင်း သိပေသည်။ ရီဖူရှင်းသည် ထိုကျောက်တုံးများမှ အတတ်များကို ကျင့်ကြံပြီးသွားပြီလော။

သူတို့မသိသည်မှာ ထိုလှုပ်ရှားမှုအတတ်တွင် ထူးခြားမှုမရှိခြင်းပင်။ သို့သော် ထိုအတတ်ကို ဗုဒ္ဓရောင်ဝါခြေလှမ်းနှင့် တွဲသုံးလိုက်လျှင် အလွန်စွမ်းအားကြီးလာပေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်အစစ်သည် မည်သည့်နေရာတွင်ရှိကြောင်း မည်သူမှ ထောက်ပြနိုင်မည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ ထိပ်သီးကျင့်ကြံသူများနှင့် ရင်ဆိုင်ရစဉ်တွင် လှုပ်ရှားမှုအတတ်များ၌သာ ကျွမ်းကျင်ခြင်းသည် အသုံးမဝင်ပေ။

နတ်မီးလျှံကလန်‌ခေါင်းဆောင်နောက်တွင် နတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ် မီးခိုးရောင်ပုံရိပ် ထွက်ပေါ်လာ၏။ မှော်နက်စက်ကွင်းတစ်ခုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ စက်ကွင်းတစ်ခွင်လုံးတွင် အနက်ရောင် နတ်မီးတောက်များ ထွက်ပေါ်လာ၏။ မီးတောက်များသည် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည်။ မီးတောက်များမှနေ၍ အနက်ရောင်ကြာပွင့်များ ဖူးပွင့်လာပြီး ပတ်ဝန်းကျင်မှ စွမ်းအားကို စုပ်ယူဝါးမျိုနေလေသည်။

ကြောက်မက်ဖွယ် နတ်မီးတောက်များသည် ရီဖူရှင်း၏ ကိုယ်ပွားများကို လောင်ကျွမ်းပစ်ရန် ကြိုးစားနေကြ၏။ သို့သော် ကိုယ်ပွားများသည် ပတ်ဝန်းကျင်ကို ဝန်းရံထားပြီး အာကာပြင်ကို အကြွင်းမဲ့စက်ကွင်းတစ်ခု ဖြစ်အောင် လုပ်ထားပုံပင်။ ကောင်းကင်တွင် ကျောက်စိမ်းရောင်နတ်အလင်းဖြင့် ပြည့်နှက်နေပြီး နေလုံးကိုပင် ကာရံထားသည်။ နေရာအနှံ့တွင် ရီဖူရှင်း၏ပုံရိပ်များ ရှိနေသည်။

ရုတ်တရက် မျက်စိကျိန်းလောက်ဖွယ် ဗုဒ္ဓအလင်းသည် အမှောင်ထုကို ထွင်း‌ဖောက်သွားသည်။ သူ၏ကိုယ်ပွားများသည် ရှေးဟောင်း‌ရွှေဗုဒ္ဓများအဖြစ် ပြောင်းလဲသွား၏။ သူတို့အားလုံးသည် ဖျက်ဆီး၍မရနိုင်သော ‌ရွှေခန္ဓာများကို ပိုင်ဆိုင်ကြလေသည်။ ကောင်းကင်တစ်ခွင်လုံး၌ ဗုဒ္ဓတရာသံ ပဲ့တင်ထပ်နေ၏။ ထိုနေရာတွင် သစ္စာခြောက်ပါးတရားတော်၏ စွမ်းအား လှည့်ပတ်နေသည်။ ရှေးဟောင်းဗုဒ္ဓများ၏ ခန္ဓာကိုယ်များအပေါ်သို့ နတ်မီးတောက်များ ကျဆင်းသွားသောအခါ နတ်မီးတောက်သည် သန့်စင်ခံလိုက်ရပြီး ညိမ်းသွားသည်။

ထိုအာကာသစက်ကွင်းအတွင်းရှိ မီးတောက်ကြာပွင့်များသည်လည်း ငြိုးခြောက်သွားကြသည်။ ၎င်းတို့သည် ထိုစက်ကွင်း၏ ချိပ်ပိတ်မှုကို ခံလိုက်ရပုံပင်။

“အဲဒါက စက်ကွင်းတစ်ခုပဲ”

ကျင့်ကြံသူများသည် ထိုနေရာသို့ မော့ကြည့်၍ ရေရွတ်လိုက်ကြသည်။

အစောကအထိ ကိုယ်ပွားများသည် ရီဖူရှင်း၏အသွင်ကို ယူထားပေသည်။ ရုတ်တရက် ထိုကိုယ်ပွားများသည် ဗုဒ္ဓများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ထဲတွင် ပြည့်နှက်သွားသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုကိုယ်ပွားများ၏ခန္ဓာကိုယ်များသည် ခပ်စောင်းစောင်းပြု၍ ရီဖူရှင်းနှင့် နတ်မီးလျှံကလန်ခေါင်းဆောင်၏အထက်တွင် အဝိုင်းတစ်ခု ဖြစ်နေစေလေသည်။ ဗုဒ္ဓအလင်း တောက်ပစွာ လင်းလက်လာပြီး ဧရာမ ဗုဒ္ဓအရှင်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ဝုန်း...

ကြောက်မက်ဖွယ် အသံများ ပဲ့တင်ထပ်သွားပြီး ဗုဒ္ဓအားလုံးသည် ထာဝရကောင်းကင်ဗုဒ္ဓချိပ်စည်းကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏လက်ဝါးချက်များသည် ဗုဒ္ဓချိပ်စည်းတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး နတ်မီးလျှံကလန်ခေါင်းဆောင်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

‘နန်းတော်သခင်က ပိုပြီးသန်မာလာပြီပဲ’

သခင်ချန်သည် အောက်ဘက်ရှိ မြေပြင်မှနေ၍ တိုက်ပွဲကို ကြည့်ရင်း တွေးလိုက်၏။ နှစ်အနည်းငယ် ကျင့်ကြံပြီးနောက်တွင် ရီဖူရှင်း၏စွမ်းရည်သည် ပို၍ တိုးတက်လာခဲ့သည်။ သူသည် ကျင့်ကြံခြင်းအဆင့်၏ အဟန့်အတားများကို မကျော်ဖြတ်နိုင်သေးသော်လည်း သူ၏အတတ်များကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်လာပေသည်။

ဝုန်း...

ကလန်ခေါင်းဆောင်သည် သူ၏မဟာအင်ပါယာအဆင့်လက်နက်ကို မြှောက်လိုက်သည်။ ရုတ်ခြည်းပင် အာကာပြင်ထဲ၌ မီးတောက်မုန်တိုင်းများ ထွက်ပေါ်လာ၏။ မုန်တိုင်းများ၏ ဗဟိုမှနေ၍ အဖျက်လှံများ ဖြစ်ပေါ်လာပြီး နေရာအသီးသီးသို့ ပျံထွက်သွားကြသည်။ လှံတစ်ချောင်းစီသည် ဝင်ရောက်လာသည် ဗုဒ္ဓချိပ်စည်း၏ ကွဲပြားသောအစိတ်အပိုင်းများကို ပစ်မှတ်ထားကြလေသည်။

အာကာပြင်ထဲတွင် ကျယ်လောင်သော ထိတိုက်သံတစ်သံ ပဲ့တင်ထပ်သွားသည်။ လှံများသည် ဗုဒ္ဓချိပ်စည်းကို ထိမှန်သွား၏။ ဗုဒ္ဓချိပ်စည်းသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ ၎င်းအပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော ဝမ်စာလုံးသင်္ကေတများကို ရေးထွင်းထားလေသည်။ ၎င်းသည် တလက်လက်တောက်ပနေသော ဗုဒ္ဓအလင်းဖြင် လင်းလက်နေသည်။ ၎င်း၏အဟုန်သည် နတ်မီးလျှံကလန်ခေါင်း‌ဆောင်ကို အောက်သို့ အနည်းငယ် တွန်းချနေ၏။ သို့သော် ထိတိုက်မှုကြောင့် မဟာအင်ပါယာအဆင့်လက်နက်အတွင်း၌ သိမ်းဆည်းထားသော စွမ်းအား ပေါက်ကွဲထွက်ပေါ်လာသောအခါ ဗုဒ္ဓချိပ်စည်းပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ထွက်ပေါ်လာ၏။ ထို့နောက် ချိပ်စည်းသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။

ထို့နောက်ချက်ချင်းပင် အားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခုသည် ကလန်ခေါင်းဆောင်ပတ်ပတ်လည်ရှိ အာကာပြင်ကို ထွင်းဖောက်သွားသည်။ အထက်ကောင်းကင်မှနေင နတ်ဓားတစ်ချောင်းသည် သူ့ထံသို့ တည့်တည့်မတ်မတ် ကျဆင်းလာသည်။

၎င်းသည် ထျန်ကျူးနတ်ဓားပင်။ အံ့အားသင့်ဖွယ် ဓားသည် အောက်ဘက်သို့ ထိုးဖောက်ကျဆင်းလာသည်။ နတ်မီးလျှံကလန်ခေါင်းဆောင်သည် သူ၏လှံဖြင့် ထိပ်တိုက် ခုခံလိုက်သည်။ ဤအကြိမ်တွင် ဧရာမနတ်ဓား၏ အဟုန်သည် ကလန်ခေါင်းဆောင်ကို ဖိနှိပ်သွားပြီး သူ့ကို ထိန်းမနိုင်သိမ်းမရ အောက်သို့ လျောကျသွားစေ၏။

“ထွက်သွား...”

နတ်မီးလျှံကလန်ခေါင်းဆောင်သည် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်မှနေ၍ စွမ်းအားတစ်ခု အရှိန်အဟုန်ဖြင့် ထွက်လာသည်။ သူ့ကို အနက်ရောင်မီးတောက်မုန်တိုင်းတစ်ခုက လွှမ်းခြုံသွား၏။ အဆုံးမဲ့ မှော်နက်လှိုင်းများသည် နတ်ဓားပတ်ပတ်လည်တွင် ရစ်ပတ်နေကြသည်။ ကလန်ခေါင်းဆောင်သည် သူ၏ မဟာအင်ပါယာအဆင့်လက်နက်၏အစွမ်းကို အဆုံးစွန်အထိ ထုတ်လိုက်ခြင်းပင်။

“အတင့်ရဲလိုက်တာ...”

ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ကလန်ခေါင်းဆောင်၏စိတ်ထဲတွင် ကျယ်လောင်သောအသံသည် ပဲ့တင်ထပ်သွားသည်။ ထိုအသံလှိုင်းတိုက်ခိုက်မှုသည် သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက်ထိမှန်သွား၏။ ၎င်းသည် မန္တန်စွမ်းအားနှင့် ရောယှက်ထားပုံပင်။ ကလန်ခေါင်းဆောင်သည် အထက်ကောင်းကင်သို့ စိုက်ကြည့်သည်။ ထို့နောက်တွင် သူသည် ကြောက်မက်ဖွယ်မျက်လုံးတစ်စုံကို တွေ့လိုက်၏။ ထိုမျက်ဝန်းများသည် ကျောက်စိမ်းရောင် ရှိပေသည်။

ရီဖူရှင်း လွန်ခဲ့သောနှစ်အနည်းငယ်က စုပ်ယူထားသော နတ်ဘုရားအုပ်စိုးလက်နက်၏စွမ်းအားသည် သူ၏ကိုယ်ပိုင်မဟာလမ်းစဉ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားပြီးသည့်ပုံပင်။ ယခုတွင် ၎င်းသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုစီတွင် စီးဆင်းနေပေပြီ။ သူ့မျက်လုံးများတွင်ပင် ၎င်း၏စွမ်းအားရှိပေသည်။

ကလန်ခေါင်းဆောင်သည် သူ၏ မှော်မျက်လုံးကို အသက်သွင်းလိုက်၏။ သူ၏မျက်လုံးများသည် နတ်အလင်းများကို ထုတ်လွှတ်လိုက်သည်။ သူ၏ နက်မှောင်နေသော မျက်လုံးများမှ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအား ထွက်လာသည်။ ကလန်ခေါင်းဆောင်ဖန်တီးထားသော မှော်မျက်လုံးနယ်မြေထဲတွင် မီးတောက်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာပြီး ၎င်းသည် မှော်နက်နတ်စွမ်းအားနှင့်အတူ ရီဖူရှင်းထံသို့ ဦးတည်ပျံတက်သွားသည်။

ရီဖူရှင်းသည် သူ့ပြိုင်ဘက်၏ ဤမှော်မျက်လုံးနယ်မြေထြတွင် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကို စုစည်းလိုက်သည်။ ထို့နောက်တွင် မီးတောက်နတ်ဘုရားသည် ပြီးပြည့်စုံသော လောကတစ်ခုအတွင်းသို့ ဝင်လာသည်။ ရီဖူရှင်းသည် ထိုလောက၏ နတ်ဘုရားဖြစ်ပြီး ကောင်းကင်တွင် သူ့မျက်နှာ ဖြစ်သွားသည်။ သူသည် ထျန်ရှန်းတစ်ပါးအဖြစ် ပြောင်းလဲသွားပြီး ထိုနယ်မြေတွင် တိုက်ရိုက် ထွက်ပေါ်လာလေသည်။ သူ၏ နတ်ဘုရားအုပ်စိုးလက်နက် ကျဆင်းလား၏။ ၎င်း၏စွမ်းအားသည် ကောင်းကင်စည်းမျဉ်းစွမ်းအားနှင့် ဆင်တူပေသည်။ ၎င်းသည် လောကအတွင်းရှိ လမ်းစဉ်အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

“မကောင်း‌တော့ဘူး”

နတ်မီးလျှံကလန်သခင်သည် အခြေအနေဆိုးလာပြီဖြစ်ကြောင်း သတိပြုမိသည်။ သူသည် သူ၏ဟာအင်ပါယာအဆင့်လက်နက်ကို အသည်းအသန်ယမ်းကာ ထျန်ကျူးနတ်ဓားကို ဖျက်ဆီးလိုက်သည်။ ရီဖူရှင်းသည် သူ၏ မှော်မျက်လုံးကို ရင်ဆိုင်ရန် နတ်ဘုရားအုပ်စိုးလက်နက်၏စွမ်းအားကို မှော်မျက်လုံးနယ်မြေအတွင်းသို့ ကူးပြောင်းခဲ့ကြောင်း သူသိပေသည်။ သို့သော် ကလန်ခေါင်းဆောင်သည် သူ၏ကိုယ်ပိုင်မှော်မျက်လုံးနယ်မြေထဲ၌ မဟာအင်ပါယာအဆင့်လက်နက်တစ်ခု မရှိပေ။

ရီဖူရှင်းသည် အဘယ်သို့ ထိုသို့လုပ်နိုင်ခဲ့ခြင်းနည်း။

ကလန်ခေါင်းဆောင်၏ မှော်မျက်လုံးနယ်မြေထဲတွင် နတ်ဘုရားအုပ်စိုးလက်နက်သည် အဟန့်အတားအားလုံးကို ကျော်ဖြတ်ကာ အောက်ဘက်သို့ ကျဆင်းလာသည်။ နတ်မီးလျှံကလန်ခေါင်းဆောင်သည် ၎င်းကို ခုခံရန် စွမ်းအားကြီးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူ၏လုပ်ဆောင်ချက်သည် အချည်းနှီးသာ။ နတ်ဘုရားအုပ်စိုးလက်နက်သည် အရာအားလုံးဖောက်ထွင်းလာဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားသည်။

သူသည် ခပ်အုပ်အုပ် ညည်းတွားလိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားသည် အပြင်းအထန် ဒဏ်ရာရသွားပေပြီ။ သူ၏မျက်လုံးများ တင်းတင်းမှိတ်သွားပြီး သူ၏ခန္ဓာကိုယ်သို့ နောက်သို့ ယိမ်းယိုင်သွားသည်။

ရွှီး...

တလက်လက်တောက်ပနေသော နတ်အလင်းတန်းတစ်ခုသည် ရုတ်ခြည်းပင် ကောင်းကင်ကို ထွင်း‌ဖောက်သွားသည်။ မရေမတွက်နိုင်အောင် များပြားသည့် အံ့အားသင့်နေသော အကြည့်များအောက်တွင် နတ်မီးလျှံကလန်ခေါင်းဆောင်၏ခန္ဓာကိုယ်သည် စက်ကွင်းထဲတွင် အပြင်းအထန် တုန်ယင်နေသည်။ သူ့ခန္ဓာကိုယ်ကို နတ်ဘုရားအုပ်စိုးလက်နက်တစ်ခု၏ ပုံရိပ်က ထွင်း‌ဖောက်သွားသည်။

သူ၏ဝိညာဉ်စွမ်းအားနှင့် သူ၏အသွေးအသားသည် နတ်ဘုရားအုပ်စိုးလက်နက်၏ ဖောက်ထွင်းမှုကို ခံလိုက်ရပေပြီ။

ရီဖူရှင်းသည် ထိုမျှဖြင့် မရပ်လိုက်ပေ။ ကျောက်စိမ်းရောင် နတ်အလင်းတန်းများ အဆက်မပြတ် ကျဆင်းလာပြီး ၎င်းတို့သည် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ထပ်ခါ၊ ထပ်ခါ ဖောက်ထွင်းသွားသည်ကို အောက်မှ လူအုပ်က လှမ်းမြင်လိုက်ရ၏။ နောက်ဆုံးတွင် နတ်ဘုရားအုပ်စိုးလက်နက်တစ်ခု ဖြစ်ပေါ်လာပြီး နတ်မီးလျှံကလန်ခေါင်းဆောင်ကို ထိုးဖောက်သွားကာ သူ့ကို စက်ကွင်းတွင် ထိုးသွင်းထားလိုက်လေသည်။

နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ထိုကဲ့သို့ သေဆုံးခဲ့ရပေပြီ။ သူသည် တိုက်ပွဲအတွင်း၌ ရက်ရက်စက်စက် အသတ်ခံခဲ့ရလေသည်။

အပိုင်း ၂၇၄၅ - မှော်နက်နန်းတော်ကို သစ္စာဖောက်ခြင်းလော

သူသည် နတ်ဘုရားတစ်ဝက်တစ်ယောက်ကို သတ်ခဲ့သည်။

ကျင့်ကြံသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို အံ့ဩတကြီး ငေးကြည့်နေကြသည်။ ရီဖူရှင်းတစ်ယောက် ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်ခဲ့ချိန်တွင် လူအများအပြား မမြင်ခဲ့လျှင်ပင် ဤတစ်ခေါက် နတ်မီးလျှံကလန်ခေါင်းဆောင်ကို သတ်ချိန်တွင်မူ စွမ်းအားကြီးအဖွဲ့များစွာက မြင်ခဲ့ပြီဖြစ်သည်။ မှော်နက်နန်းတော်နှင့် စီဝေ့အင်ပါယာနန်းတော်တို့အကြားမှ တိုက်ပွဲသည် အဖွဲ့များစွာကို စိတ်ဝင်စားစေခဲ့သည်။

ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီကို ရထားသည့် မှော်နက်နန်းတော်မှ ထိပ်သီးတစ်ယောက်ဖြစ်သော နတ်မီးလျှံကလန်ခေါင်းဆောင်ကို သိပ်အားစိုက်မထုတ်ရဘဲ သတ်နိုင်ခဲ့သည်။

မှော်နက်နန်းတော်၏ မီးဘုရင်သည်လည်း သူမြင်လိုက်ရသောအရာကြောင့် မှင်တက်သွားပြီး နတ်ဘုရားအုပ်စိုးလက်နက်နှင့် သေသည်အထိ ထိုးစိုက်ခံထားရသော အလောင်းကို ငေးကြည့်နေလေသည်။ သူ၏စီနီယာသည် စွမ်းအားကြီးခဲ့ပြီး မှော်နက်လောကတွင် ဩဇာရှိသူတစ်ယောက်ဖြစ်ခဲ့ကာ နတ်မီးလျှံကလန်ကို အုပ်စိုးခဲ့သည်။ သူသည် မှော်နက်လောကတွင် ထိပ်သီးတစ်ဦးဟု သတ်မှတ်ခံရပြီး ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်များ၏ ကလန်ခေါင်းဆောင်များနှင့် အဆင့်တူပေသည်။ နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာသောအခါ သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်ခဲ့ပြီး မဟာအင်ပါယာအဆင့်လက်နက်ကို ရရှိခဲ့သည်။ သူသည် တောက်ပသော အနာဂတ်လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည်။ သို့သော် ယခုတွင် သူသည် ရီဖူရှင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရပေပြီ။ သူ၏လျှမ်းလျှမ်းတောက်အချိန်အခါကို ရီဖူရှင်းက ခိုးယူသွားပြီဖြစ်သည်။

အချို့သည် ယခင်က ရီဖူရှင်း ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်သည်ကို ကြည့်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်နှင့် နှိုင်းယှဉ်လျှင် ယနေ့တွင် ရီဖူရှင်းသည် နတ်မီးလျှံကလန်ခေါင်းဆောင်ကို ပို၍လွယ်လွယ်ကူကူ သတ်နိုင်၏။ သူတို့နှစ်ယောက်ကြားမှာ စွမ်းရည်ကွာခြားမှုသည် ကြီးမားလေသည်။ ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပုံပင်။ သူ၏လက်ရှိတိုက်ပွဲစွမ်းအားသည် သူ့ကို လောကအတွင်းရှိ အသန်မာဆုံးကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်စေပေသည်။

ရီဖူရှင်းကို အနိုင်ယူနိုင်ရန် အသန်မာဆုံး နတ်ဘုရားတစ်ဝက်အဆင့်တွင် ရှိနေရန် လိုပေမည်။ ဥပမာအားဖြင့် အရှင်ရှာမင်၊ ယန်ကွေ့ရီ၊ တိဟောက်နှင့် စသည့်ဖြင့် ဖြစ်သည်။

ရီဖူရှင်းသည် နတ်မီးလျှံကလန်ခေါင်းဆောင်ကို သတ်ပြီးသောအခါ သူ့၏ မီးတောက်လှံကို ယူလိုက်လေသည်။ သူသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သိမ်းဆည်းလိုက်သည်။ သူသည် ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်ခဲ့ပြီးနောက်တွင် သူ၏ဗုဒ္ဓနတ်ဓားကို ဗုဒ္ဓဂိုဏ်းထံ ပြန်ပို့ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက လက်နက်ကို မှော်နက်နန်းတော်ထံ ပြန်ပို့မည် မဟုတ်ပေ။ ထိုလက်နက်သည် တိုက်ပွဲတွင်းမှ ရရှိသော ပစ္စည်းဖြစ်သည်။

မှော်နက်သူတော်စင်သည် ငွေဖြူရောင်ဆံပင်နှင့် လူငယ်ကို ကြည့်သည်။ မှော်နက်နန်းတော်အတွက်ပင် ရီဖူရှင်းကို ယှဉ်နိုင်သော လူအရေအတွက်ကို လက်တစ်ဘက်တည်းဖြင့် ရေတွက်နိုင်ပေသည်။ ထို့အပြင် အရှင်ရှာမင်သာလျှင် သူနှင့်ယှဉ်ပြိုင်ရာတွင် အသာစီးရမည်ဟု ယုံကြည်ချက်ရှိနိုင်လောက်၏။ မှော်နက်မီးတောက်သူတော်စင်နှင့် သူသည်ပင် ထိုသို့ မလုပ်နိုင်လောက်ပေ။ နတ်မီးလျှံကလန်ခေါင်းဆောင်သည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူဖြစ်ပြီး သူတို့နှင့် အဆင့်တူသည် မဟုတ်ပါလား။

သို့သော် မှော်နက်နန်းတော်တွင် မဟာအင်ပါယာပြီးလျှင် အသန်မာဆုံးသူရဲကောင်းဖြစ်သော အရှင်ရှာမင်သည် လက်ရှိ သူ၏တိုက်ပွဲတွင် အသာစီးရနေပုံမပေါ်ချေ။ သူသည် အရေးနိမ့်နေသည်ဟုပင် ဆိုနိုင်လေသည်။ သူသည် တိုက်ပွဲစကတည်းက အရှုံးဘက်သို့ ရောက်နေသည်။

ထိုဝတ်စုံဖြူနှင့်အမျိုးသမီးသည် မှော်နက်နန်းတော်၏ မဟာရှာမင်ကို အပြည့်အဝ ဖိအားပေးနေနိုင်ပေသည်။

ထိုနှစ်ယောက်၏ တိုက်ပွဲသည် မြေပြင်မှနေ၍ မြင့်မားသော ကောင်းကင်ထက်သို့ ရောက်သွားသည်။ အရှင်ရှာမင်သည် ဆက်တိုက် နောက်ဆုတ်နေရပြီး အဆက်မပြတ် တိုက်ခိုက်ခံနေရသည်။

ကောင်းကင်ထက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ အရှင်ရှာမင်သည် သူ၏လက်ထြတွင် ပြစ်ဒဏ်စီရင်ခြင်းနှင်တံကို ကိုင်၍ ကောင်းကင်သို့ တန်းတန်းမတ်မတ် ချိန်ရွယ်လိုက်သည်။ ကျောစိမ့်ဖွယ် အနက်ရောင်နတ်အလင်းသည် ရုတ်ခြည်းပင် ကောင်းကင်ကို ထိုးဖောက်သွားကာ ထိုနေရာကို ဖောက်ထွင်းသွားသည်။

နတ်ဘုရားကုန်းမြေပေါ်လာကတည်းက အမွေအနှစ်များ၏ အငွေ့အသက်သည် ပြန့်နှံ့သွားပြီး မူလဘုံကို လွှမ်းခြုံထားကာ မူလဘုံအထက်ရှိ ကောင်းကင်ကို ခိုင်မာသွားစေပြီး အသန်မာဆုံး ကျင့်ကြံသူများပင် ထွင်းဖောက်ရခက်သွားစေပေသည်။

သို့သော် ထိုအခိုက်တွင် ပြစ်ဒဏ်စီရင်ခြင်းနှင်တံသည် ကောင်းကင်ကို ထွင်းဖောက်သွားပြီး ကြောက်မက်ဖွယ် အနက်ရောင်တွင်းပေါက်ကြီးဖြစ်သွားစေ၏။ အခြားတစ်ဘက်မှနေ၍ အနက်ရောင် နတ်အလင်း ဝင်ရောက်လာပြီး မြင့်မားသော ကောင်းကင်ကို မည်းမှောင်သွားစေ၏။ ကောင်းကင်သည် မည်းနက်သွားပြီး အမှောင်ထုထဲတွင် နှင်တံ၏ ကြောက်မက်ဖွယ် သွေးနီရောင်အလင်း ရှိနေသည်။

အမှောင်ထုအတွင်းမှနေ၍ ဧရာမပုံရိပ်ကြီးတစ်ခုဖြစ်ပေါ်လာ၏။ သူသည် နတ်ဘုရားတစ်ပါးပင် ဆင်တူပြီး အရှင်ရှာမင်မှ ပြောင်းလဲသွားခြင်းဖြစ်သည်။

“သူက နတ်ဘုရားတွေရဲ့ စွမ်းအားကို ငှားယူနေတာပဲ”

မှော်နက်နန်းတော်မှ ကျင့်ကြံသူမျာ ရင်ခုန်မြန်လာသည်။ သူတို့သည် အမှောင်ထုဘက်ကို ကြည့်လိုက်ရာ ထိုနေရာတွင် ယဇ်ပလ္လင်များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ပုံစံပြောင်းလဲသွားသော အရှင်ရှာမင်သည် ၎င်းတို့၏ အလယ်တွင် ရှိနေ၏။

ထိုယဇ်ပလ္လင်များသည် မှော်နက်လောကမှ ရောက်လာခြင်းဟု ထင်ရသည်။ ကောင်းကင်ထက်တွင် ရှေးဟောင်းရိုးရာရွတ်ဆိုမှုအသံနှင့်တူသော အသံများ အမှောင်ထုအတွင်းမှ ထွက်ပေါ်လာ၏။

မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသောအရာများကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြသည်။

အရှင်ရှာမင်သည် ဝတ်စုံဖြူနှင့်အမျိုးသမီး၏ ဖိအားပေးမှုကို ခံနေရသဖြင့် ရှေးဟောင်းယဇ်ပူဇော်မှုရိုးရာများမှနေ၍ မှော်နက်နတ်ဘုရားကို ဆင့်ခေါ်လိုက်ရသည်မှာ မယုံနိုင်စရာပင်။

သူတို့သည် အရှင်ရှာမင်တစ်ယောက် ထိုသို့လုပ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူသည် ယခင်က ထိုကဲ့သို့ တစ်ခါမှ မလုပ်ခဲ့ဖူးပေ။

“သတိထား...”

မြေပေါ်မှ လူများစွာက သတိပေးလိုက်သည်။ သူတို့အားလုံးသည် ကောင်းကင်မှနေ၍ ကြောက်မက်ဖွယ်အငွေ့အသက်များကို ခံစားနေရသဖြင့် သတိကြီးနေကြသည်။ တိုက်ပွဲသည် မြင့်မားသော ကောင်းကင်ထက်သို့ ရောက်သွားပြီဖြစ်သော်လည်း မြေပြင်ပေါ်မှလူများသည် ကြောက်ရွံ့တုန်ယင်နေဆဲဖြစ်သည်။

နေရာတစ်ခွင်လုံးကို အမှောင်ထုက လွှမ်းခြုံထားပြီး မြေပြင်ပေါ်မှ လူများသည် စိတ်လှုပ်ရှားလာကြသည်။ ပျံ့နှံ့နေသော အရှိန်အဝါသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မှော်နက်နတ်ဘုရားကိုယ်တိုင် ရောက်လာ၍ လောကတစ်ခွင်လုံးကို ဖျက်ဆီးပစ်တော့မလိုပင် ထင်ရသည်။

“သတ်...”

ကောင်းကင်ထက်မှနေ၍ ရွတ်ဆိုနေသောအသံများသည် ‌ထိုကျောစိမ့်ဖွယ်အမိန့်ကို ပေးလိုက်သည်။ သန်းရာချီသော သွေးနီရောင်နတ်အလင်းများသည် အမှောင်ထုအတွင်းသို့ ကျဆင်းသွားသည်။ ပြစ်ဒဏ်စီရင်ခြင်းစွမ်းအားများသည် ကောင်းကင်ထဲတွင် ရစ်သိုင်းနေသကဲ့သို့ပင်။

“သတိထား...”

အောက်ဘက်မှ တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။ သူတို့အားလုံးသည် အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ကျင့်ကြံသူများအထက်ရှိ ကောင်းကင်ထဲတွင် ရီဖူရှင်း ထွက်ပေါ်လာ၏။ သူသည် သူ၏လက်များကို ဆန့်တန်းလိုက်ရာ သူ့အပေါ်တွင် ရှိန်လောက်ဖွယ် အာကာသဘီးလုံးကြီး ပေါ်လာ၏။ သွေးနီရောင်နတ်အလင်းများသည် လျှပ်တစ်ပြက်အတွင်း ကျဆင်းလာသည်။ ရီဖူရှင်းသည် အာကာသဘီးလုံးကပင် ၎င်းတို့၏ တိုက်ခိုက်စွမ်းအားကို ဝါးမျိုနိုင်မည်မဟုတ်ဘဲ ၎င်းတို့၏ ဖောက်ထွင်းမှုကို ခံရလောက်သည်ဟု ခံစားလိုက်ရ၏။ အလင်းများသည် အာကာသဘီးလုံးတွင် အပေါက်တစ်ပေါက် ဖြစ်သွားစေပြီဖြစ်ပြီး ယခုတွင် သူ့ကို ချိန်ရွယ်နေကြလေသည်။

ဝုန်း...

ရီဖူရှင်း၏ခန္ဓာကိုယ်တွင် ကျောက်စိမ်းရောင်နတ်အလင်း တောက်ပစွာလင်းလက်လာပြီး မဟာလမ်းစဉ်မှ စွမ်းအင်သည် ဘီးလုံးအတွင်းသို့ လျင်မြန်စွာ အဆက်မပြတ် ဝင်ရောက်သွားပြီး ပြစ်ဒဏ်စီရင်ခြင်း အနက်ရောင်အလင်းများကို တားဆီးနေသည်။

သို့သော် အခြားနေရာများသည် ကံမကောင်းချေ။ အသန်မာဆုံး ကျင့်ကြံသူများရှိနေသော နေရာများမှလွဲ၍ ကျင့်ကြံသူများစွာသည် သွေးနီရောင်ပြစ်ဒဏ်စီရင်ခြင်းအလင်းများ၏ ထိုးစိုက်မှုကို ခံလိုက်ရပြီး နေရာတွင်ပင် သေဆုံးသွားကြသည်။ သူတို့သည် နောက်ဆုတ်ရန်ပင် အခွင့်အရေးမရှိခဲ့ချေ။

မှော်နက်နန်းတော်မှ ကျင့်ကြံသူများပင် ထိုတိုက်ခိုက်မှုများ၏ စွမ်းအားမှနေ၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ရ၏။ သူတို့သည် ဖြစ်ပျက်နေသည့်အရာများကြောင့် အံ့အားသင့်မှင်တက်နေကြသည်။ ဤတိုက်ပွဲတွင် မှော်နက်နန်း‌တော် ပါဝင်နေခြင်းသည် ကောင်းသောကိစ္စ ဟုတ်၊ မဟုတ်ကို မည်သူမှ မသိပေ။ ကိစ္စများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပေပြီ။

သူတို့သည် ပြစ်ဒဏ်စီရင်ခြင်းအလင်းများ၏ တိုက်ခိုက်မှုများ စုဝေးနေသောနေရာကို လှမ်းကြည့်လိုက်ရာ ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ကြောက်မက်ဖွယ် တိုက်ခိုက်ဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေကြောင်း တွေ့လိုက်ရ၏။ သူမသည် စစ်နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသည်ဟု ထင်ရ၏။ ပြစ်ဒဏ်စီရင်ခြင်းအလင်းများသည် သူမအ‌ပေါ်သို့ ကျဆင်းလာသော်လည်း ၎င်းတို့သည် သူ၏ခုခံမှုကို မကျော်ဖြတ်နိုင်ဘဲ တားဆီးခံလိုက်ရ၏။

ထိုတိုက်ခိုက်မှုသည် ပျက်ပြယ်သွားတော့မလိုပင်။

“ရှင်ဘာလုပ်နေတာလဲ”

ထိုစဉ်တွင် အမှောင်ထုအတွင်းမှနေ၍ ကျင့်ကြံသူအနည်းငယ် ထွက်လာပြီး ဤနေရာသို့ လာနေလေသည်။ လူများစွာသည် အသံထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်သည်။ သွေးနီရောင်နတ်အလင်းများအောက်တွင် မှော်နက်နန်းတော်မှ ကျင့်ကြံသူများ ထပ်၍ရောက်ရှိလာပြီး သူတို့၏ ခေါင်းဆောင်မှာ သေမင်းဖြစ်ကြောင်းကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။ သူမသည် ထုံးစံအတိုင်းပင် ဝတ်ရုံကို ခေါင်းအစ၊ ခြေအဆုံး ဝတ်ထားပြီး ဆန်းကြယ်သော အငွေ့အသက်ပြင်းပြင်းတစ်ခုကို ပေးနေလေသည်။ သူမ၏ ရုပ်သွင်အစစ်အမှန်ကို မည်သူမှ မသိပေ။

“မင်းက အချိန်ကိုက် ရောက်လာတာပဲ။ စီဝေ့အင်ပါယာနန်း‌တော်က ကျင့်ကြံသူတွေက ငါတို့ရဲ့ ညီငယ်လေးနဲ့ နတ်မီးလျှံကလန်ခေါင်းဆောင်ကို သတ်လိုက်ပြီ။ သွားပြီးတော့ သူတို့အတွက် လက်စားချေလိုက်ပါ”

အရှင်ရှာမင်က မြေပြင်သို့ ငုံ့ကြည့်၍ ရီချင်းယောင်နှင့်အခြားသူများကို အမိန့်ပေးလိုက်သည်။

မရဏဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး ရီချင်းယောင်၏ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။ ၎င်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ၎င်းသည် ရီဖူရှင်းတို့ထံ ဦးတည်သွားခြင်း မဟုတ်ပေ။ ထိုအစား ၎င်းသည် အရှင်ရှာမင်ရှိနေရာဘက်သို့ ဦးတည်သွားသည်။

“ရပ်လိုက်...”

ရီချင်းယောင်၏စကားက အရှင်ရှာမင်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူပြန်ပြောလိုက်၏။

“မင်းက မိတ်ဆွေဟောင်းတွေအတွက်နဲ့ မှော်နက်နန်းတော်ကို သစ္စာဖောက်ဖို့ ကြံနေတာလား”

All Chapters