ဆန့်ကျင်ဘက်
Vol. 192 Ch. 2746
အရှင်ရှာမင်သည် မှော်နက်နန်းတော်၏ မဟာရှာမင်ဖြစ်ပြီး မှော်နက်အရှင်ပြီးလျှင် ဒုတိယဖြစ်ကာ မှော်နက်နန်းတော်အတွင်း၌ ရာထူးအာဏာမြင့်မားပေသည်။
အားလုံးသည် သူ့ကို မှော်နက်အရှင်၏ ဆက်ခံသူဟု သတ်မှတ်ကြသည်။
သို့သော် သူသည် တစ်ခါမှ ကျေနပ်ရောင့်ရဲမှု မရှိခဲ့ချေ။ သူသည် သူ၏လက်ရှိအဆင့်အတန်းကို တဖြည်းဖြည်းဖြင့် သေချာပေါက် ရောက်လာလိမ့်မည်ဟု ကောင်းစွာ သိခဲ့သည်။ သူသည် အတိတ်တွင် သူ၏အစ်ကိုကြီးကို အကောက်ကြံ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်ပင် မှော်နက်အရှင်က ဒေါသထွက်ခဲ့သော်လည်း သူ့ကို ပြင်းပြင်းထန်ထန် အပြစ်မပေးခဲ့ပေ။
သူသည် သူ၏အစ်ကိုကြီးကို သတ်ပြီးနောက်တွင် မှော်နက်အရှင်၏ ဆက်ခံသူစာရင်းတွင် ပထမဦးစားပေးဖြစ်လာခဲ့သည်။
သူသည် မှော်နက်အရှင်၏ ရည်မှန်းချက်များကို သိရှိပြီး မှော်နက်အရှင်ကို သူ့ဆရာအဖြစ် အထင်ကြီးလေးစားပေသည်။ မှော်နက်အရှင်သည် လောကတစ်ခွင်လုံးတွင် အမှောင်ထုစိုးမိုးသည်ကို မြင်လို၏။ သူသည် လောကနေရာအနှံ့မှ သက်ရှိများကို စည်းမျဉ်း၊ စည်းကမ်းများမရှိဘဲ အမှောင်ထုထဲတွင်သာ နေထိုင်စေလိုသည်။
ထို့ကြောင့် မှော်နက်နန်းတော်သည်ပင် မင်းမဲ့စရိုက်ဆန်နေခြင်းဖြစ်ပြီး စည်းမျဉ်း၊ စည်းကမ်းများ၏ နှောင်ဖွဲ့မှုကို မခံရခြင်းဖြစ်သည်။ မှော်နက်နန်းတော်တွင် အသန်မာဆုံးသူသာ ရှင်သန်နိုင်မည်ဟူသော တောတွင်းဥပဒေကို ကျင့်သုံးပေသည်။
မှော်နက်နန်းတော်မှ ကျင့်ကြံသူအားလုံးသည် ထူးကဲသော အကျင့်စရိုက်များ ရှိကြသည်။ အရှင်ရှာမင်သည် သူနှင့်သူ့ဆရာက အကျင့်စရိုက်တူသူများဖြစ်ကြောင်း သိသည်။ သူသည် မှော်နက်ကျင့်စဉ်များကို ကျင့်ကြံခဲ့ပြီး သူ့ဆရာ၏ အသိအမှတ်ပြုမှုကိုရရန် အမြဲ အကောင်းဆုံးကြိုးစားခဲ့သည်။ ထိုအရာသည် သူငယ်စဉ်ကတည်းက ဆန္ဒပြင်းပြခဲ့သည့် တစ်ခုတည်းသော အိပ်မက်ဖြစ်နိုင်ပေသည်။
သို့သော် သူသည် ထိုအရာကို တစ်ကြိမ်ပင် မရရှိခဲ့ချေ။
မှော်နက်အရှင်တွင် ဦးစားပေးသူများမရှိဟု သူထင်ခဲ့သည်။ မှော်နက်အရှင်သည် လောကကြီးတွင် မည်သည့်စံနှုန်းများ၊ မည်သည့်စည်းမျဉ်းများမှ မရှိဘဲ အမှောင်ထုကသာ ကြီးစိုးစေလိုခဲ့သည်။ ထို့နောက် ရီချင်းယောင် ရောက်ရှိလာခဲ့သည်။
ရီချင်းယောင်သည် မွေးကတည်းက အမှောင်ထုထဲတွင်ရှိရမည့် ကံကြမ္မာ ပါလာခဲ့သည်။ သူမကို အမှောင်ထု၏ ရင်သွေးသစ်ဟု ခေါ်ကြပြီး သူမသည် မှော်နက်လောကနှင့် သက်ဆိုင်ပေသည်။
ဆရာမှော်နက်အရှင်သည် သူမအပေါ် မျှော်လင့်ချက်ကြီးပေသည်။ အရှင်ရှာမင်သည် ထိုသို့ဖြစ်ရခြင်းအကြောင်းကို သဘောပေါက်၏။ ရီချင်းယောင်သည် လောကထဲသို့ အမှောင်ထုကို ဆောင်ကျဉ်းပေးနိုင်သူတစ်ယောက်ဖြစ်ကြောင်း မှော်နက်အရှင်သိ၏။
သို့သော် အရှင်ရှာမင် လက်မခံနိုင်သည့်အရာမှာ ဆရာမှော်နက်အရှင်၏ ရီချင်းယောင်အပေါ် ဆက်ဆံပုံဖြစ်သည်။ မှော်နက်အရှင်၏ ရီချင်းယောင်အပေါ် ဆက်ဆံပုံသည် အခြားသူများအပေါ် ဆက်ဆံပုံနှင့် ကွဲပြားပေသည်။
သူ၏ဆရာသည် ယခင်က မည်သူ့အကြောင်းကိုမှ ဂရုမစိုက်ခဲ့ပေ။ သို့သော် သူသည် ရီချင်းယောင်ကိုမူ အလွန်ဂရုစိုက်ပြီး သူမကို များစွာမြှောက်စားခဲ့သည်။ ထို့ကြောင့် မှော်နက်နန်းတော်က မည်သူမှ ရီချင်းယောင်ကို လက်ဖျားဖြင့်ပင် မထိဝံ့သည်အထိ ဖြစ်လာပေသည်။
တစ်ခါက တစ်စုံတစ်ယောက်က ထိုသို့လုပ်မိခဲ့သဖြင့် ဆိုးဝါးသော နောက်ဆက်တွဲကို ရင်ဆိုင်ခဲ့ရသည်။
ထိုထင်ရှားသည့် မျက်နှာလိုက်ဆက်ဆံမှုကြောင့် မှော်နက်နန်းတော်မှ ကျင့်ကြံသူအများအပြားက ရီချင်းယောင်သည် မှော်နက်အရှင်၏ ဆက်ခံသူအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ပြီး စစ်မှန်သော အမှောင်ထု၏ရင်သွေးဖြစ်သည်ဟု ခံစားခဲ့ကြရသည်။ သူမကို ရီဖူရှင်းထံမှ ပြန်လုယူလာရခြင်းဖြစ်သော်လည်း ဆရာသည် ထိုကိစ္စကို အနည်းငယ်ပင် စိတ်ထဲမထားချေ။ သူမသည် တဖြည်းဖြည်းဖြင့် လောကအတွင်းသို့ အမှောင်ထုကို ဆောင်ကျဉ်းလာလိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည့်ပုံပေါ်လေသည်။
ထို့ကြောင့် ရီချင်းယောင်၏ အဆင့်အတန်းသည် မှော်နက်နန်းတော်တွင် ခိုင်မြဲနေခြင်းဖြစ်သည်။ သူမ၏အဆင့်အတန်းသည် မှော်နက်သူတော်စင်သုံးပါးနှင့် တူညီပြီး မှော်နက်ပလ္လင်ကို ပိုင်ဆိုင်သူနှင့် အခြားထိပ်သီးကျင့်ကြံသူများစွာထက် မြင့်ပေသည်။
ရီချင်းယောင်သည် မှော်နက်အရှင်ကို စိတ်မပျက်စေခဲ့ပေ။ သူမသည် သေချာပေါက် အမှောင်ထုထဲတွင် မွေးဖွားခဲ့သူဖြစ်သည်။ အခြားကျင့်ကြံသူများနှင့်ယှဉ်လျှင် သူမသည် ကျင့်ကြံရန်မလိုပါဘဲနှင့်ပင် ရန်ဟောင်အဆင့်ကျင့်ကြံသူများ၏အသက်ကို ခြိမ်းခြောက်နိုင်နေခဲ့ပြီဖြစ်သည်။
အချို့လူများက သူမသည် သေမင်းဝင်စားခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။
မှော်နက်လောကတွင် ရီချင်းယောင်နှင့်ပတ်သတ်သော ကောလာဟလများစွာ ရှိပေသည်။ အများစုသည် သူမက အမျိုးသမီးဖြစ်သည်ကိုပင် မသိကြဘဲ ဝတ်ရုံခြုံထားသည့် ဆန်းကြယ်သော အမှောင်ထု၏ရင်သွေးက လောကအတွင်းသို့ အမှောင်ထုနှင့် သေခြင်းတရားကို ဆောင်ကျဉ်းပေးလိမ့်မည်ဟုသာ သိကြပေသည်။
ရီချင်းယောင်သည်”သေမင်း”ဟူသော ဂုဏ်နာမကို ပေးအပ်ခံထားရသည်။
အရှင်ရှာမင်သည် ရီချင်းယောင်ကို မနာလိုပေ။ သူတော်စင်သုံးပါး၏ ခေါင်းဆောင်၊ မှော်နက်နန်းတော်၏ မဟာရှာမင်သည် ရာထူးအဆင့်အတန်း အလွန်မြင့်သဖြင့် တစ်စုံတစ်ယောက်ကို မနာလိုဖြစ်ရလိမ့်မည်ဟု မည်သူမှ ခန့်မှန်းမိမည် မဟုတ်ချေ။
သို့သော် ယနေ့တွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် သူ၏မနာလိုမှုကြောင့် ဖြစ်သည်။
ဤဖြစ်ရပ်သည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ချေ။ သူပေးလိုက်သောအမိန့်များကြောင့် မှော်နက်လောကနှင့် စီဝေ့အင်ပါယာနန်းတော်အကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူသည် မှော်နက်လောကမှလူများကို ရီချင်းယောင်၏နှလုံးသား အမှန်တကယ် ရှိသောနေရာကို ရှာစေလိုခဲ့သည်။ အထူးသဖြင့် သူ့ဆရာ၏နှလုံးသား ရှိရာနေရာကို ရှာလိုခဲ့သည်။
သူမသည် အမှောင်ထုနှင့် မသက်ဆိုင်ပေ။
ရီချင်းယောင်သည် သူမ၏ဝတ်ရုံအောက်မှ နက်မှောင်နေသော မျက်လုံးတစ်စုံကို ထုတ်ပြလိုက်သည်။ သူမသည် အရှင်ရှာမင်ကို မော့ကြည့်လိုက်၏။ သူမသည် အမှောင်ထု၏ရင်သွေးဟု ကျော်ကြားပြီး သူမထံတွင် အမှန်ပင် အလွန်မှောင်မိုက်သော အမှောင်ခြမ်းတစ်ခု ရှိပေသည်။
သို့သော် သူမအတွက် ရီဖူရှင်းသည်သာ တစ်ခုတည်းသော အလင်းရောင်ဖြစ်သည်.
အကယ်၍ မှော်နက်နန်းတော်သည် ရီဖူရှင်းကို သတ်ဖြတ်လိုက်ပါက သူမသည် သူမ၏တစ်ခုတည်းသောအလင်းရောင်ဘက်တွင်သာ ရပ်တည်မည်ဖြစ်ပြီး အမှောင်ထုနှင့် ဆက်၍သက်ဆိုင်မည် မဟုတ်တော့ပေ။
“ရှင် ဆက်လုပ်နိုင်ပါတယ်”
ရီချင်းယောင်၏ အသံသည် အေးစက်နေသည်။ သူမသည် အမှန်ပင် အရှင်ရှာမင်ကို ဆက်လုပ်ရန် ပြောလိုက်သည်. ထို့နောက် သူမသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ပြောလိုက်၏။
“မှော်နက်လောက,က ကျင့်ကြံသူအားလုံး လက်ချောင်းတစ်ချောင်းတောင် မြှောက်ခွင့်မရှိဘူး”
အရှင်ရှာမင်သည် ထိုစကားကို ကြားသောအခါ ရီချင်းယောင်ကို စိုက်ကြည့်သည်။ သူမ၏ ခပ်ဩဩအသံထဲတွင် အမိန့်သံ ရောယှက်နေပြီး ကျင့်ကြံသူများသည် ထိုအသံကြောင့် တုန်လှုပ်ချောက်ချားသွားသည်။
“မှော်နက်နန်းတော်ရဲ့ မဟာရှာမင်အနေနဲ့ ငါမင်းတို့အကုန်လုံးကို အမိန့်ပေးတယ်။ စီဝေ့အင်ပါယာနန်းတော်က ဘယ်သူ့ကိုမှ မညှာကြနဲ့။ သူတို့အားလုံးကိုသတ်ကြ...”
အရှင်ရှာမင်က အေးစက်စွာ ပြောလိုက်၏။ သူ၏အသံသည် ထိုနေရာတစ်ခွင်တွင် ပျံ့လွင့်သွား၏။ သူဆက်ပြောလိုက်၏။
“ရီချင်းယောင်... မင်းလည်း အမှောင်ထုရဲ့ဝိညာဉ်စွမ်းအားကို နာခံဖို့လိုတယ်”
သူသည် ထိုသို့ပြောရင်း ပြစ်ဒဏ်စီရင်ခြင်းနှင်တံကို ကိုင်လိုက်သည်။ သွေးနီရောင်နတ်အလင်း အောက်သို့ ဖြာကျသွား၏။ သူသည် အမှောင်ထု၏ဝိညာဉ်စွမ်းအားကို ကိုယ်စားပြုသကဲ့သို့ ထင်ရသည်။
မှော်နက်လောကမှ ကျင့်ကြံသူများသည် ဒွိဟဖြစ်နေကြသည်။ သူတို့သည် ထိုကဲ့သို့သော အခြေအနေဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
မှော်နက်နန်းတော်၏ မဟာရှာမင် အရှင်ရှာမင်သည် သေမင်းနှင့် တုပြိုင်နေသည်။
အကယ်၍ သူတို့သာ ရာထူးအဆင့်အတန်းအရ နာခံမည်ဆိုလျှင် မဟာရှာမင်၏ အမိန့်ကို နာခံရပေမည်။ သူ့အထက်တွင် မှော်နက်အရှင်သာ ရှိပြီး မှော်နက်အရှင်ပြီးလျှင် သူသည် မှော်နက်နန်းတော်တွင် ပထမဖြစ်သည်။
သူတို့၏ စွမ်းရည်အဆင့်အရဆိုလျှင်လည်း ထို့အတူပင်ဖြစ်သည်။
မှော်နက်သူတော်စင်သုံးပါးထဲမှ ကျန်နှစ်ပါးဖြစ်သော မှော်နက်မီးတောက်သူတော်စင်နှင့် မှော်နက်သူတော်စင်တို့သည် သူ၏ပြိုင်ဘက်မဟုတ်ပေ။
သို့သော် သူ၏ပြိုင်ဘက်သည် ရီချင်းယောင်ဖြစ်နေသည်။ ရီချင်းယောင်သည် မှော်နက်အရှင်၏ လက်ရှိမျက်နှာသာပေးခံရသူဖြစ်ကြောင်း မှော်နက်နန်းတော်မှ လူအားလုံး သိပေသည်။ သူမသည် မှော်နက်အရှင်၏ အနာဂတ်ဆက်ခံသူပင် ဖြစ်လာနိုင်သည်။
မကြာသေးခင်ကပင် ရီချင်းယောင်သည် အသူရာ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့သည်။ သူမသည် တစ်ရက်ရက်တွင် အနာဂတ်မှော်နက်အရှင် ဖြစ်လာလိမ့်မည်ဟူသော အချက်ကို သူတို့ ထည့်မတွက်လျှင်ပင် သူမသည် ခက်ခဲသောပြိုင်ဘက်တစ်ယောက်ဖြစ်နေဆဲပင်ဖြစ်ပြီး ကျင့်ကြံသူတော်တော်များများသည် သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။ သူတို့သည် အဘယ်သို့ ရီချင်းယောင်ကို ဒေါသထွက်စေခြင်း၏ တန်ကြေးကို ပေးဆပ်နိုင်မည်နည်း။
ဤနေရာတွင် မှော်နက်မီးတောက်သူတော်စင်နှင့် မှော်နက်သူတော်စင်တို့လည်း ရှိနေကြသည်။ သူတို့သည်လည်း အနည်းငယ် အိုးတိုးအန်းတန်း ခံစားနေရသည်။ ကြည့်ရသည်မှာ အရှင်ရှာမင်သည် ရီချင်းယောင်အပေါ် အငြိုးအတေးကြီးနေပုံပေါ်၏။ သူတို့နှစ်ဦးစလုံးသည် မှော်နက်နန်းတော်၏ ဆက်ခံသူစာရင်းဝင်သူများဖြစ်ကြသဖြင့် စိတ်ဝမ်းကွဲမှုများကို ရှောင်ရှား၍ မရနိုင်ပေ။ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကိုမူ အားလုံးသည် ခန့်မှန်း၍သာ ရပေသည်။
အရှင်ရှာမင်သည် သူအမိန့်ကို ထမ်းဆောင်ရန် မည်သူကမှ မလှုပ်ကြောင်းကို တွေ့လိုက်သောအခါ အနည်းငယ် အရှက်ရသွားသည်။ များစွာသော သွေးနီရောင်အလင်းတန်းများ ကျဆင်လားပြီး သူ ထပ်မံ၍ အေးစက်စကက် အမိန့်ပေးလိုက်သည်။
“ငါ ပြောတာကို ဘယ်သူမှ မကြားကြဘူးလား”
သူစကားပြောပြီးသွားသောအခါ ကောင်းကင်မှနေ၍ ပြစ်ဒဏ်စီရင်ခြင်းအလင်းများ ကျဆင်းလာသည်။ ချက်ချင်းပင် မှော်နက်နန်းတော်နှင့် မှော်နက်လောကမှ ကျင့်ကြံသူများစွာ ရှေ့ထွက်လာသည်။ သူတို့သည် အရှင်ရှာမင်ကို ကြောက်ရွံ့ပေသည်။ သူတို့သည် သူ၏လုပ်ထုံးလုပ်နည်းများကို သိပြီး အကယ်၍ သူတို့သာ သူ၏အမိန့်ကို ဆန့်ကျင်ခဲ့လျှင် ဤနေရာမှ အသက်ရှင်လျက်ထွက်သွားနိုင်မညမဟုတ်ဟု တွေးမိလိုက်ကြသည်။
ထို့အပြင် သူတို့၏သေဆုံးမှုသည် အဓိပ္ပာယ်မရှိသော သေဆုံးမှု ဖြစ်ပေလိမ့်မည်။
“ရှင်တို့ လှုပ်တာနဲ့ သေသွားမယ်”
ရီချင်းရောင်သည် အေးစက်စက်အသံဖြင့် သတိပေးလိုက်သည်။ သူမ ထိုသို့ပြောလိုက်သောအခါ မရဏဝိညာဉ်စွမ်းအားတန်းတစ်ခုသည် ထိုနေရာကို လွှမ်းခြုံသွား၏။ ရှေ့သို့ ထွက်လာသော ကျင့်ကြံသူများသည် အားကောင်းသော မရဏအရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ကြသည်။
ထိုအခိုက်တွင် သူတို့သည် ရီချင်းယောင်ကို ဆန့်ကျင်လျှင် သူမ၏ဝိညာဉ်စွမ်းအား နိုးထာလာသည်နှင့် နေရာတွင်ပင် သေသွားမည်ဖြစ်ကြောင်း သိပေသည်။
သူတို့သည် ခြေလှမ်းတုံ့သွားပြီး ဆုံးဖြတ်ရခက်နေလေသည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည်လည်း သူတို့မြင်လိုက်ရသောအရာကြောင့် အံ့အားသင့်နေကြသည်။ မှော်နက်နန်းတော်၏ ထိပ်သီးနှစ်ဦးသည် ဆန့်ကျင်ဘက်များအဖြစ် အဆုံးသတ်သွားမည်ကို မည်သူ တွေးခဲ့မိမည်နည်း။