← Chapters

အတုအယောင်အင်မော်တယ်၏ ဝိညာဉ်

Vol. 54 Ch. 746

အတုအယောင်အင်မော်တယ်၏ ဝိညာဉ်

Vol. 54 Ch. 746

ဓားတစ်ချက်အဝှေ့၊ အရိုးတို့ ပြာကျကာ ဝိညာဉ်များ သေဆုံးကုန်သည်။

အချိန်စွမ်းအားသည် တလက်လက် တောက်ပနေသော အလင်းတန်းသဖွယ် စီးမျောထွက်လာ၏။ ထွက်‌ပြေးလာသော ဝတ်ရုံနက်အဘိုးကြီး၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခံလိုက်ရသည့် ကျင့်ကြံသူများမှာ မျက်စိတစ်မှိတ်အတွင်း အရိုးပေါ်အရေတင်ကာ ဖုန်မှုန့်များ၊ အငွေ့များထက် မပိုတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များ၊ သူတို့၏ မှော်ပစ္စည်းများ၊ အရာအားလုံး ဘာဆိုဘာမှ မကျန်တော့အောင် ပျက်စီးဆွေးမြည့်ကုန်လေပြီ။

စောင့်ကြည့်နေသူအားလုံးမှာ သေဆုံးမှုများကြောင့် မတုန်လှုပ်မိဘဲ မနေတော့ပေ။

လူများမှာ ထွက်ပြေးချင်ကြသော်လည်း ဝတ်ရုံနက်ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် သူတို့ခမျာ ပုရွက်ဆိတ်များထက် မပို။ သူတို့ မည်မျှမြန်မြန် ထွက်ပြေးကြစေကာမူ အဘိုးကြီးက သူတို့ကို အတားအဆီးများအလား နောက်သို့ ပစ်ထုတ်နေသေးသည်။ အချိန်စွမ်းအား သူတို့ကို ဝါးမြိုနေစဉ် ဝတ်ရုံနက်ခေါင်းဆောင်ကြီးမှာ ကိုယ်လွတ်ရုံး ထွက်ပြေးနေ၏။ နောက်ဆုံးတော့ သူ့အတွက် အသက်ရှူရန် အချိန်တခဏ ရသွားလေသည်။

“ငါ့ချီးတဲ့မှ ၊ ငါချီးတဲ့မှ” သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး သေမင်းအရိပ်သည် သူ့အပေါ် ပို၍ဖိစီးနေလေပြီ။ ယခုလို ‌‌သဲကြီးမဲကြီး လိုက်ဖမ်းခံနေရသည့် ခံစားချက်မျိုးအား သူ မကြုံတွေ့ခဲ့ဖူးသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

သူ့မှာ ကြောက်စိတ်တို့ မွှန်ထူနေပြီး သတိအပြည့်ရှိနေ၏။ သူ့နောက်တွင် မန်ဟို၏ ဒုတိယကိုယ်အစစ်က ထပ်ကြပ်မကွာ လိုက်လာနေသည်။

အဖော်မဲ့သော ဓားက တစ်လက်တည်းနှင့် ကောင်းကင်ကို စိုးမိုးထားသည်။ အချိန်စွမ်းအားသည် မိုးပေါက်များသဖွယ် ရွာကျရင်း အရာခပ်သိမ်းကို လွှမ်းခြုံထားသည်။ ဝတ်ရုံနက်ခေါင်းဆောင်ကြီးမှာ ပို၍ပင် မျက်နှာဖြူဖျော့သွားပြီး သူ၏ သူငယ်အိမ်များ ကျုံ့သွား၏။ သူသည် ရုတ်တရက် သိုလှောင်အိတ်ကို ပုတ်ကာ အနက်ရောင်ခရာတစ်ခု ထုတ်လိုက်သည်။ ထို့နောက် လျှာထိပ်ကို ကိုက်ပြီး ခရာအပေါ် သွေးတချို့ ထွေးချလိုက်သည်။ ခရာကား တွန့်လိမ်လူးလွန့်လာပြီး ဘန်းခနဲ ကြေမွသွားကာ အထဲမှ ကင်းခြေများနှစ်ကောင် ပျံထွက်လာ၏။

ကင်း‌ခြေများနှစ်ကောင်သည် ဝမ်းဗိုက်တစ်လျှောက်ဆင်းသွားသော အဖြူရောင်အစင်းကြောင်းတစ်ကြောင်းမှတစ်ပါး မည်းနက်နေ၏။ ၎င်းတို့ ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် အသက်နုတ်ယူနိုင်သော အဆိပ်အငွေ့အသက်တို့က ထူးဆန်းသောအရှိန်အဝါတစ်ခုနှင့်အတူ မျောလွင့်လာသည်။

“တိုက်ကြ” ဝတ်ရုံနက်လူ၏မျက်နှာမှာ သွေးမရှိတော့ပေ။ ဤသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ရရှိခဲ့သည့် သူ၏ဝှက်ဖဲ ဖြစ်ပြီး ဒဏ်ရာရထားသော အတုအယောင်အင်မော်တယ်တစ်ဦးကိုပင် အောင်မြင်စွာ အလစ်တိုက်ခိုက်နိုင်သည်။

ကင်းခြေများနှစ်ကောင်က ပေါ်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်သတ္တဝါများသဖွယ် လေကို ခွင်းသွားလေသည်။ ၎င်းတို့ ဒုတိယအစစ်အမှန်ကိုယ်ဆီသို့ ချဉ်းကပ်လာစဉ် ၎င်းတို့၏အမြန်နှုန်းမှာ ကြောက်ခမန်းလိလိပင်။ သို့သော် အချိန်စွမ်းအားနယ်ထဲ ဝင်ရောက်လိုက်လျှင်ချင်း တုံ့ခနဲ ရပ်သွားကြသည်။

ဝတ်ရုံနက်အဘိုးကြီးမှာ ပို၍ပင် ပျာယာခတ်သွားပြီး မှော်ပစ္စည်းများ ကပျာကယာ ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကင်းခြေများနှစ်ကောင်မှာ ရှေ့ဆက်ရွေ့လျားသွားသည်။ သို့သော် ယခင်ထက်များစွာ နှေးကွေးနေလေပြီ။ ၎င်းတို့မှာ စိတ်လှုပ်ရှားနေပုံပင်ရသည်။

၎င်းတို့၏ ဝမ်းဗိုက်ပေါ်ရှိ အဖြူအစင်းကြောင်းများက ၎င်းတို့တစ်ကိုယ်လုံးကို ဖုံးသွားသည့်တိုင်အောင် ပြန့်ကားလာသည်။ ယခုတွင် ကင်းခြေများနှစ်‌ကောင်သည် ဖြူတစ်ဝက်၊ မည်းတစ်ဝက် ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် ၎င်းတို့ထံမှ မယုံကြည်နိုင်ဖွယ် အရှိန်အဝါတစ်ခု ဖြာထွက်လာပြီး ၎င်းတို့မှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ တဖြေးဖြေး ၎င်းတို့က အရှိန်တင်လိုက်ကြသည်။ ၎င်းတို့ကား အချိန်စွမ်းအားကို စားသုံးနေသယောင်ပင်။

ထိုမြင်ကွင်းက အကာအကွယ်အတွင်း၌ ရပ်နေသော မန်ဟို၏မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။

ဝတ်ရုံနက်အဘိုးကြီးမှာတော့ ကြိတ်ပျော်နေပြီး အမြင်ဆုံးအရှိန်ဖြင့် ဆက်လက်ထွက်ပြေးနေသည်။ သူသည် ပျံပြေးနေစဉ် အင်္ကျီလက်စကို ခါလိုက်ရာ တောက်ပနေသော မှော်ပစ္စည်းပေါင်းများစွာအား မန်ဟို၏ဒုတိယကိုယ်အစစ်ဆီ ပြေးဝင်သွားစေသည်။

တစ်ချိန်တည်းမှာပင် ဝတ်ရုံနက်အဘိုးကြီး၏မျက်လုံးများ လင်းလက်သွားပြီး မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ ကောင်းကင်သို့ လက်ညှိုးထိုးလိုက်သည်။ မိုးကြိုးတန်းတစ်တန်းက ဂျိန်းခနဲ ထစ်ချုန်းရင်း အောက်သို့ ထိုးဆင်းလာ၏။ ထိုမိုးကြိုးသည် ကောင်းကင်ထက်တွင် ဒုတိယအစစ်အမှန်ကိုယ်ကို ခုတ်ပိုင်းချလိုက်သော မိုးကြိုးဓားတစ်လက်အဖြစ် စုစည်းသွား၏။

ဒုတိယအစစ်အမှန်ကိုယ်က အေးစက်စက် နှာမှုတ်ပြီး သစ်သားဓားကို ဆုပ်ကိုင်ထားသည်အား ဖြေလျော့ကာ သူ့အား လွတ်လွတ်လပ်လပ် လှည့်ပတ်ခွင့်ပြုပေးလိုက်သည်။ ဓားသည် လည်ရင်း ချက်ချင်း ဝဲကြီးတစ်ခုဖြစ်လာ၏။ ဝဲကြီးက လေဆင်နှာမောင်းအသွင်ပြောင်းသွားသည်။ ဓားချီသည် တအိအိ လှုပ်ရှားနေပြီး အချိန်စွမ်းအားက လေကိုခွင်းသွားလေပြီ။

ဒုတိယအစစ်အမှန်ကိုယ်ကမူ ‌ဇဝေဇဝါဖြစ်နေသောဟန်ဖြင့် ညာလက်ကို မြှောက်လိုက်သည်။

ရုတ်တရက် သူ၏ညာလက်သည် ထိုးဖောက်မြင်လာရပြီး မှော်ချုပ်နှောင်အင်းကွက်ရာနှင့်ချီ ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့သည် ပိတ်ထားသော ထီးနက်တစ်လက်၏ပုံသဏ္ဌာန်ကို ဖော်ဆောင်လိုက်ကြ၏။

ထီးနက်မှာ မှော်သင်္ကေတများမှ ဖြစ်ပေါ်လာပြီး အပြည့်အဝ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပွင့်သွားလေသည်။

အံ့မခန်းဖွယ်ရာ အရှိန်အဝါတစ်ခုနှင့်အတူ နေမင်းသူရိန်၏ ရောင်ခြည်အလင်းကို ဖက်ပြိုင်အံတုနေသော အလင်းရောင်တို့ ဖြာထွက်လာသည်။ ၎င်းကို ကြည့်လိုက်သော မည်သူမဆို ထီးကို နေတစ်စင်းအဖြစ် မှတ်ထင်မိလေမည်။

ဤသည်မှာ မန်ဟို၏နတ်ဘုရားစွမ်းရည်များထဲမှ မဟုတ်ဘဲ ဒုတိယအစစ်အမှန်ကိုယ်အတွင်း၌ ရှိသော အင်မော်တယ်ဝိညာဉ်၏ မှတ်ဉာဏ်ထဲမှ တာအိုမှော်ကျင့်စဉ်တစ်ခု ဖြစ်သည်။

“အဖော်မဲ့ယန်ကောင်းကင်” ရှေးဆန်ပြီး အေးတိအေးစက် အသံကြီးက ဒုတိယအစစ်အမှန်ကိုယ်၏ပါးစပ်မှ ထွက်လာသည်။ စကားလုံးများ ပဲ့တင်ထပ်သွားစဉ် ဝတ်ရုံနက်အဘိုးကြီး၏‌ မှော်ပစ္စည်းများ တစစီ ကြေမွသွားသည်။ အဘိုးကြီးမှာမူ တောက်ပနေသော အလင်းနှင့် လေဆင်နှာမောင်းကြီးဖြင့် ထိတွေ့သွားရ၏။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်ကာ သူ့ခန္ဓာကိုယ်မှာ အလွန်အကျူး ပိန်ချုံးခြောက်ကပ်သွားခဲ့လေပြီ။

အံ့ဩထိတ်လန့်မှုက သူ၏မျက်နှာကို စိုးမိုးသွားသည်။ “အဲဒါ ဘာနတ်ဘုရားစွမ်းရည်လဲ”

သူ့ကို ပို၍ပင် မျှော်လင့်ချက်မဲ့သွားစေသည်ကား ကင်းမြေများနှစ်ကောင်မှာ အချိန်မြစ်၏လွှမ်းမိုးခံရလိုက်ရာ အချိန်စွမ်းအား၏ ဝါးမြိုခြင်း ခံခဲ့ရပြီဖြစ်သည်။ ယခု‌တွင် ၎င်းတို့မှာ ကျုံ့ပြီး ခွေနေကြကာ မလှုပ်နိုင်တော့ဘဲ လေလယ်တွင် ရပ်နေကြတော့၏။ ဝတ်ရုံနက်အဘိုးကြီး ပြန်ခေါ်သောအခါပင် ၎င်းတို့က သူ့ကို အဖက်မလုပ်တော့ပေ။

“သေစမ်း” သူက ခံပြင်းမှုအပြည့်ဖြင့် တွေးလိုက်သည်။ ရုတ်တရက် ‌အကာအကွယ်၏အနောက်တွင် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ စစ်ရထားသည် သူ၏အရှေ့တည့်တည့်တွင် ပေါ်လာပြီး သူက တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်ရင်း အင်မော်တယ်လမ်းညွှန်၏ချီကို လှည့်ပတ်လိုက်၏။

ဂျိန်း

ရထားသည် ‌ပျောက်ကွယ်သွားပြီး ဒုတိယအစစ်အမှန်ကိုယ်၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခွေနေသော ‌ကင်းခြေများနှစ်ကောင်မှာ သူ၏သိုလှောင်အိတ်ထဲ ချက်ချင်း စုပ်ယူခံလိုက်ရ၏။

“မင်းးးးး” ဝတ်ရုံနက်အဘိုးကြီးမှာ သွေးအန်‌တော့မတတ် ဖြစ်သွားသည်။ သူ မြင်လိုက်သည်မှာ ခွဲမရအောင် ချွတ်စွတ်တူသော လူနှစ်ယောက်ဖြစ်သော်လည်း ရရှိနေသော ခံစားချက်ကတော့ ကွဲပြား၏။ သူက ချက်ချင်း တစ်ချိုးတည်း ထွက်ပြေးတော့သည်။

သူ ထွက်ပြေးသွားသည့်အချိန်မှာပင် မန်ဟို၏ ဒုတိယကိုယ်အစစ်က အဘိုးကြီးကို လက်ညှိုးထိုးရင်း လက်မြှောက်လိုက်သည်။  သစ်သားဓားက တကျီကျီ မြည်လာ၏။ တစ်ချိန်တည်းမှာပင် မန်ဟိုလည်း မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ အရှေ့သို့ လက်ညိုးထိုးလိုက်သည် ။

မန်ဟို၏ ဒုတိယကိုယ်အစစ်သည် မန်ဟို၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်၍ ဤအခိုက်အတန့်တွင် နှစ်ယောက်အတူတူ သစ်သားဓားကို စေစားလိုက်ခြင်းဖြစ်သည်။ သစ်သားဓားက တကျီကျီ မြည်ရင်း အချိန်စွမ်းအားများကို ထုတ်ဖော်လိုက်၏။

နှစ်ခုနစ်သောင်း

အချိန်နှစ်ခုနစ်သောင်း၏ စွမ်းအားအောက်တွင် အချိန်မြစ်သည် ဓားတစ်လက်အသွင်ပြောင်းသွား၏။

ဓားက ဝတ်ရုံနက်အဘိုးကြီးကို ခုတ်ပိုင်းချလိုက်သဖြင့် အကန့်အသတ်မဲ့သော ဓားချီအပေါင်းက အရာအားလုံးကို တုန်ခါမြည်ဟည်းနေစေတော့သည်။

ဝတ်ရုံနက်အဘိုးကြီးမှာ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ရှောင်ရန် ပြင်လိုက်စဉ်မှာပင် သွေးမိစ္ဆာမဟာမှော်သိုင်း၏ ရွှေရောင်ဝဲကြီးက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်နှင့်အတူ မှော်ဆန်ဆန် ပေါ်လာခဲ့ချေပြီ။

အဘိုးကြီးမှာ တစ်လက်မလေးပင် မလှုပ်နိုင်တော့။ အချိန်နှစ်ခုနစ်သောင်းစွမ်းအားပါရှိသော ဓားကြီး သူ့အပေါ် ကျဆင်းလာစဉ် သူမှာ မလှုပ်မယှက်သာ နေနေရ‌တော့သည်။

“မလုပ်နဲ့” သူက အသံကုန်အော်ဟစ်လိုက်သည်။ သူသည် လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်ရာ လက်နှစ်ဖက်လုံးအပေါ်၌ ချုပ်မှောင်အင်းကွက်များနှင့်အတူ ရှေးဆန်သော အရှိန်အဝါတစ်ခု ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်လာနေသည်။၊ သွေးမိစ္ဆာမဟာ‌မှော်ဝဲကြောင့်မဟုတ်သလို အချိန်၏တိုက်စားမှုကြောင့်လည်း မဟုတ်။ သူ့ကိုယ်သူ ထိုသို့ဖြစ်အောင် လုပ်နေခြင်းကြောင့်ပင်။

သူ၏ခန္ဓာကိုယ်ရှိ သွေးများ၊ အသားများတင်မက အရိုးနှင့် ချီစီးဆင်းမှုလမ်း‌ကြောင်းများပင်လျှင် နတ်ဘုရားစွမ်းရည်တစ်ခုအဖြစ် စုစည်းသွားသည်။

“အသွေးအသားဓားကိုယ်” သူက ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲသွားသော်လည်း အနုသုခုမနတ်ခန္ဓာက နည်းနည်းလေးမှ မထိခိုက်သွားပေ။ သူ့အပြင်အားကိုယ်၏ အမျိုးမျိုးသော အစိတ်အပိုင်းများ ကွဲထွက်လာပြီး ... ဓားတစ်လက်အဖြစ် ပြန်လည်တွဲဆက်သွား၏။ ဓားသွားမှာ အရိုးဖြင့် ပြုလုပ်ထားပြီး ဓားရိုးမှာတော့ အသားအစိုင်ပြင်ကြီးပင်။ ချီနှင့် သွေးတို့က ၎င်းကို လှည့်ပတ်နေသည်။

ဓားက သစ်သားအချိန်ဓားဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

အုန်းးးးးးးးးးးးးးးး

အလွန်ကြီးမားသော ပေါက်ကွဲမှုကြီးက လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေရင်း စစ်မြေပြင်တစ်ပြင်လုံးကို လှုပ်ခါသွားစေတော့သည်။

အရိုးဖြူဓားမှာ ကျိုးပဲ့သွားပြီး ဓားရိုးမှာ တစစီ ကွဲထွက်သွားသည်။ ချီနှင့် သွေးတို့သည် အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသော လှိုင်းဂယက်များ ဖြစ်သွား၏။ မန်ဟို၏ သစ်သားဓားမှာလည်း တုန်ခါပြီး တကျီကျီအသံများ ထုတ်လွှတ်လျက် လည်ထွက်သွားသည်။  သို့သော် ဒုတိယကိုယ်အစစ်က လက်ဆန့်ထုတ်ပြီး ၎င်းကို အသာအယာ ဖမ်းလိုက်၏။

ဒုတိယကိုယ်အစစ်မှာ နောက်သို့ ခြေအလှမ်းအနည်းငယ်ဆုတ်ကာ မျက်နှာ ဖြူဖျော့သွားသည်။ မန်ဟိုမှာမူ ဒုတိယကိုယ်အစစ်၏ ကာကွယ်ခြင်း ခံထားရသည့်တိုင် သွေးတစ်ပွက် အန်လိုက်ရသေးလေသည်။

“ဒီတော့ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်ဆိုတာ အလွယ်တကူ သတ်လို့မရဘူးပဲ” သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးသည်။

ထစ်ချုန်းသံကြီးက အောက်ရှိ မြေပြင်တစ်လျှောက် လှိမ့်ကာ ရိုက်ခတ်သွားသည်။ ပေါက်ကွဲအားမှာ အလွန်တရာ ပြင်းထန်လွန်း၍ သွေးမိစ္ဆာဂိုဏ်း၏ နောက်ဆုံးအလွှာမှာ တောင့်မခံနိုင်တော့ပေ။ ၎င်းသည် တုန်ခါလာပြီး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ သွေးမိစ္ဆာဂိုဏ်းမှာ ယခုတွင် စစ်မြေပြင်လယ်၌ အကာအကွယ်မဲ့သွားခဲ့လေပြီ။

ဝတ်ရုံနက်အဘိုးကြီး၏ အနုသုခုမနတ်ခန္ဓာမှာ ပေါက်ကွဲမှုအားအောက်တွင် အလွန်မှေးမှိန်ဖျော့တော့နေသော်လည်း မည်သို့ပင်ဆိုစေ မုန်းတီးစက်ဆုပ်နေသော မျက်နှာထားဖြင့် တစ်ချိုးတည်း ထွက်ပြေးသွား၏။ သူသည် ဂိုဏ်း၏ ခေါင်းဆောင်ကြီး ဖြစ်လာကတည်းက ဘယ်တော့မှ ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့ဖူးပေ။ အထူးသဖြင့် အသွေးအသားဓားကိုယ်ကို မဖြစ်မနေ သုံးရအောင်အထိပင်။ သူ၏ ရှုံးနိမ့်မှုအားလုံးမှာ သစ်သားဓားနှင့် ပတ်သက်သည်။ သူ အသုံးပြုနိုင်သမျှ အစွမ်းထက်ဆုံး မှော်ပညာရပ်များမှာ ဂိုဏ်း၏အဖိုးထိုက်ရတနာဖြစ်သော ၎င်းနှင့်အတူတူ အသုံးပြုရသည်မဟုတ်ပါလော။

“မင်းတို့ သေပြီသာမှတ်” ဝတ်ရုံနက်အဘိုးကြီးက ကြုံးဝါးသည်။ “မန်ဟို၊ မင်းကို ငါ ခန္ဓာကိုယ်ကို ဝင်ပူးမယ်။ ကျင်းဟန်၊ လီယွမ်လဲ့ အချိန်မဆွဲမနေ‌နဲ့တော့။ အခု ငါ ငါ့အပိုင်းကို လှုပ်ရှားမယ်” သူက အံတင်းတင်းကြိတ်ရင်း သိုလှောင်အိတ်ကို ပုတ်ပြီးနောက် ဧရာမရုပ်တုကြီးကို ထုတ်လိုက်သည်။

ရုပ်တုသည် မီတာသုံးထောင်တိတိ မြင့်မားပြီး နေရာလပ်မကျန် မည်းနက်နေ၏။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အားကောင်းသော စွမ်းအင်တစ်ရပ်က တဖွေးဖွေး လှုပ်လာသည်။ တဖြေးဖြေး အဆုံးအစမဲ့ပုံရသော အသတ်အဖြတ်အရှိန်အဝါတစ်ခုက ရုပ်တု၏ ပတ်ပတ်လည်တွင် လှည့်ပတ်ရစ်သိုင်းလျက် ပေါ်လာခဲ့လေပြီ။ ၎င်း၏တည်ရှိမှုကြောင့် ‌ကောင်းကင်တွင် ထူးဆန်းသောအရောင်များ ပြိုးပြိုးပြက်ပြက် လက်လာပြီး တိမ်တိုက်များ တလိပ်လိပ် ထလာ၏။ တစ်ချိန်တည်းမှာပင် ဧရာမဝဲကြီးက ရုပ်တု၏ပတ်ပတ်လည်တွင် တဝေါဝေါ လည်လာသည်။

အင်မော်တယ်တစ်ယောက်နှင့် သက်ဆိုင်သော အရှိန်အဝါတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

၎င်းကား အင်မော်တယ်ရတနာပင်။

အရုဏ်ဦးအင်မော်တယ်က သူတို့၏ ဝှက်ဖဲဖြစ်ခဲ့သော်လည်း ဤရုပ်တုမှာ နောက်ဆုံးအားကိုးရာ ဖြစ်သည်။

ကျင်းဟန်ဂိုဏ်းမှ ဆံနီအဘိုးကြီးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးက စိတ်ပိုင်းဖြတ်ထားသော အကြည့်များအား ဖလှယ်လိုက်ကြသည်။

ကျင်းဟန်ဂိုဏ်းချုပ် ဆံနီအဘိုးကြီးက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏အင်္ကျီလက်စထဲမှ လက်သီး‌ဆုပ်အရွယ် ကျောက်တုံးအတုံးတစ်ထောင် ပျံထွက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အင်မော်တယ်ချီတို့ ချက်ချင်း ဖြာထွက်လာသည်။ ဤကျောက်တုံးများမှာ မှော်ပစ္စည်းများမဟုတ်သလို ဝိညာဉ်ကျောက်တုံးများလည်း မဟုတ်။ .... အင်မော်တယ်ကျောက်စိမ်းတုံးများ ဖြစ်သည်။

အင်မော်တယ်များပင်လျှင် ဤမျှများပြားသော အင်မော်တယ်ကျောက်စိမ်းတုံးများကို မြင်ဖူးမည်မဟုတ်ပေ။

ကျောက်စိမ်းတုံးများ ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် ရုပ်တုကြီး၏ ပတ်ပတ်လည်ရှိ ဝဲကြီးက ၎င်းတို့ကို စုပ်ယူလိုက်သည်။ ရုပ်တုကြီး၏ စွမ်းအင်မှာ ထိုးတက်သွားပြီး လူသတ်လိုသောအငွေ့အသက်များကား ဆယ်ဆတိုးသွား၏။

လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးက အလွန်လေးနက်သော မျက်နှာထားဖြင့် ပါးစပ်ဟပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှာ ရုတ်တရက်  ပျော့ခွေကျသွားပြီး သူက စိုးရိမ်တကြီး နောက်ဆုတ်သွား၏။ သွေးထဲ၌ မရေမတွက်နိုင်သော ရွှေအလင်းစက်များ ပါရှိပြီး ၎င်းတို့က မရေမတွက်နိုင်သော အမျှင်များအဖြစ် စုပေါင်းသွားသည်။ ထိုအမျှင်များသည် မရေမတွက်နိုင်သော သွေးကြောများဖြင့် ဖွဲ့စည်းထားသည့် အမြစ်တစ်မြစ်ပုံသဏ္ဌာန် ရှိလေသည်။

ဤသည်မှာ .... အင်မော်တယ်အမြစ်တစ်မြစ် ဖြစ်သည်။

အင်မော်တယ်အမြစ်က ရုပ်တုကြီးအထဲသို့ ပျံဝင်သွားပြီး ထိုသို့ ဝင်ရောက်သွားလျှင်ချင်း ရုပ်တုမှာ အသက်ဝင်သွားသယောင်ပင်။ ၎င်း၏ ခြေချောင်းလက်ချောင်းများက တုန်ခါလာပြီး ရုပ်တုကြီးကား ရုပ်သေးရုပ်အဖြစ် ပြောင်းသွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ဝတ်ရုံနက်အဘိုးကြီးက အင်္ကျီလက်စကို ခါကာ တာအိုခြောက်ပါး၏ လေလွင့်ဝိညာဉ်ကို ယူ၍ ‌ဘေးသို့ ပစ်လိုက်သည်။

လေလွင့်ဝိညာဉ်တစ်သိန်းမြစ်မှာ တာအိုခြောက်ပါး၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်တော့ဘဲ ဝတ်ရုံနက်အဘိုးကြီး၏လက်အောက်သို့ ရောက်သွား၏။ သူသည် ဝိညာဉ်များမြစ်ကို ရုပ်တု- ရုပ်သေးရုပ်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်ရာ ၎င်း၏မျက်လုံးများက ဖျတ်ခနဲ ပွင့်သွားပြီး စူးရှတောက်ပလာတော့သည်။

အင်မော်တယ်အရှိန်အဝါက ပြင်းအားအပြည့်အဝဖြင့် ပေါ်ထွက်လာခဲ့လေပြီ။

ဤသည်မှာ အင်မော်တယ်တစ်ဦးဖြစ်သည်။

အစစ်အမှန်အင်မော်တယ် မဟုတ်သော်လည်း အတုအယောင်အင်မော်တယ်ကိုပင် အင်မော်တယ်ဟု ခေါ်နိုင်သေး၏။

အတုအယောင်အင်မော်တယ် ရုပ်သေးရုပ်

“မန်ဟို ၊ သေဖို့အချိန်ကျပြီ” ရုပ်သေးရုပ်ကြီးက ဝတ်ရုံနက်အဘိုးကြီး၏ အသံဖြင့် ပြောသည်။

ရုပ်သေးရုပ်ကြီးသည် တဖြေးဖြေး မတ်တပ်ရပ်လိုက်စဉ် ၎င်း၏မျက်လုံးများက အနန္တအလင်းရောင်ဖြင့် တောက်ပနေ၏။ ၎င်း၏စွမ်းအင်သည် အဆုံးအစမရှိ ဖြာထွက်လာပြီး ‌မြေငလျင်တို့ လှုပ်ခတ်လာသည်။ အင်မော်တယ်အရှိန်အဝါကား ပေါ်ထွက်လာခဲ့လေပြီ။

“အကုန်လုံး တိုက်ကြ။ သွေးမိစ္ဆာဂိုဏ်းမှာ ရှိသမျှလူတွေအကုန်လုံးကို သတ်ပစ်။ တစ်ယောက်မှ အရှင်မထားနဲ့”

ရုပ်သေးရုပ်ကြီး၏အသံကို တုံ့ပြန်သည့်အနေဖြင့် ကျင့်ကြံသူတစ်သိန်းကျော်မှာ တက်ကြွလာကြသည်။ သူတို့၏ခန္ဓာကိုယ်များမှာ သူတို့ထိန်းချုပ်မှုအောက်တွင်ပင် မရှိတော့သည့်အလားပင်။ သူတို့သည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ အကာအကွယ်မဲ့နေသော သွေးမိစ္ဆာဂိုဏ်းဆီသို့ တဟုန်ထိုး ချီတက်သွားကြတော့၏။

***

All Chapters