← Chapters

လွမ်းဆွတ်မှု၊ ဝမ်းနည်းမှု၊ ပြင်းပြမှု

Vol. 55 Ch. 762

လွမ်းဆွတ်မှု၊ ဝမ်းနည်းမှု၊ ပြင်းပြမှု

Vol. 55 Ch. 762

ကျန်းရီသည် ပန်းချီကားတွင်သာ စိတ်နစ်နေသဖြင့် ဖုန်းလန်တို့နှစ်‌ယောက်ကို လုံးဝ လျစ်လျူရှုထားပုံပေါ်၏။ သူသည် အလွန်လှပသော အိမ်ထောင်ရှင်မိန်းမပျိုကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။ ထို့နောက် သူ ထိုပန်းချီကားကို ဖယ်လိုက်ပြီး စုတ်တံကို စတင်လှုပ်ရှားလိုက်သည်။

ဤတစ်ကြိမ်တွင် ခံ့ညားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ပုံ ထွက်ပေါ်လာသည်။ သို့သော် ၎င်းမှာ ကိုယ်ဟန်ပြပုံ မဟုတ်ပေ။ ထိုပုံမှာ ကျန်းပိုင်လီတစ်ယောက် အသက်စွန့်ကာ သူ့ကို ကယ်နေပုံဖြစ်သည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ဧရာမလက်ဝါးရာကြီး ရှိနေပြီး ကျန်းပိုင်လီက အနက်ရောင်ဒိုင်းကာတစ်ခုကို မြှောက်ကာ ဧရာမလက်ဝါးရာကြီးထံသို့ မစုတ်မနစ် သွားနေပုံပင်။

“မင်း ဒီပုံရိပ်ယောင်ကို တွေ့ရရင် ငါ သေသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဝမ်းမနည်းပါနဲ့.. ငါက ဖခင်တာဝန် မကျေပွန်ခဲ့ဘူး။ ငါ့အတွက် ဝမ်းနည်းဖို့ မထိုက်တန်ပါဘူး”

ကျန်းပိုင်လီ၏ ပုံရိပ်ယောင်ထဲတွင် ချန်ထားခဲ့သော စကားများက ကျန်းရီ၏စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်လာ၏။ ကျန်းရီသည် သူ့အရှေ့ရှိ ပန်းချီကားကို ငေးကြည့်နေ၏။ သူ၏စိတ်တစ်ခုလုံး ဝမ်းနည်းမှုအတွင်း နစ်မြုပ်နေလေသည်။ ထို့နောက် သူ မျက်လုံးစောင်း၍ ကြည့်လိုက်သည်။

ထိုအခိုက်တွင် ကျန်းရီအနောက်ရှိ ဖုန်းလန်နှင့် ချင်းယွီတို့၏ မျက်လုံးလေးများထဲမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းနေပေသည်။ သူမတို့နှစ်ယောက်သည် ထိုပန်းချီကားမှနေ၍ နက်ရှိုင်းသောဝမ်းနည်းမှုကို ခံစားနိုင်ကြလေသည်။ ထိုပန်းချီကားကလည်း လူတစ်ယောက်ကို ဝမ်းနည်းမှု ခံစားရစေနိုင်သော ဖော်ပြ၍မရနိုင်သည့် မှော်အစွမ်း ပိုင်ဆိုင်ကြောင်း ထင်ရှားပေသည်။

“ကျွတ်...”

ကျန်းရီက ထိုပန်းချီကားကို ဘေးဖယ်လိုက်ပြီး စုတ်တံကို ထပ်မံ လှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ်တွင် မိန်းမပျိုတစ်ယောက်နှင့် ယောကျ်ားပျိုတစ်ယောက်တို့၏ပုံ ထွက်ပေါ်လာ၏။ မိန်းမပျိုက အလွန်လှပ၏။ မိန်းမပျိုသည် ယိုယွင်းနေသော မြို့ရိုးပေါ်တွင် ရပ်နေပြီး သူမပတ်ပတ်လည်တွင် စစ်သည်များ၊ အလောင်းများနှင့် ပြည့်နှက်နေသည်။ သူမ၏ဝတ်ရုံဖြူနှင့် ပိတုံးရောင်ကေသာတို့က လေထဲတွင် တဖျပ်ဖျပ်ခတ်နေသည်။ သူမ၏နှုတ်ခမ်းစွန်းတွင် သွေးများ စီးကျနေ၏။ သို့သော် သူမ၏ မျက်နှာပေါ်၌ ကျေနပ်သောအပြုံးတစ်ပွင့် ရှိနေပေသည်။ သူမ၏ မျက်လုံးများအတွင်းမှ တောက်ပမှုကလည်း သူမ မည်မျှကံကောင်းကြောင်း လောကကြီးကို ပြောနေသကဲ့သို့ပင်။

ဖျပ်၊ ဖျပ်၊ ဖျပ်...

စုတ်တံလည်းရပ်၊ မင်လည်းခြောက်ခဲ့ပေပြီ။

သို့သော် ဤတစ်ကြိမ်တွင် ကျန်းရီ၏မျက်လုံးများမှနေ၍ မျက်ရည်ပေါက်များ စီးကျလာ၏။ သူသည် ပန်းချီကားကို ဆက်မကြည့်နိုင်တော့ဘဲ ချက်ချင်း မျက်နှာလွှဲလိုက်လေသည်။ သူ နောက်သို့ ခေါင်းလှည့်လိုက်သောအခါ ဖုန်းလန်နှင့် ချင်းယွီတို့က သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမတို့နှစ်ယောက်စလုံး၏ မျက်လုံးလေးများထဲတွင် ဝမ်းနည်းမှု၊ သနားမှုတို့နှင့် ပြည့်နေပြီး သူမတို့၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေ၏။ သူမတို့နှစ်ယောက်သည် ကျန်းရီ ဆက်၍ မဆွဲတော့ကြောင်း သိသွားသောအခါ ကျန်းရီကို ပြေးဖက်လိုက်ကြလေသည်။

“ငါ အဆင်ပြေပါတယ်။ မင်းတို့ ငါ့အတွက် စိုးရိမ်ဖို့ မလိုပါဘူး”

ကျန်းရီသည် မိန်းမပျိုလေးနှစ်ယောက်က သူ့ပခုံးပေါ်တွင် ရှိုက်ကြီးတငင်ဖြစ်နေကြသည်ကို တွေ့သောအခါ အားတင်းပြုံးလိုက်၏။ သူသည် သူမတို့နှစ်ယောက်ကို ခပ်တင်းတင်း ပွေ့ဖက်လိုက်၏။ သူ၏မျက်လုံးများ ပြန်ကြည်လင်လာသည်။ သူသည် သူ၏ရင်ထဲမှ အားနည်းချက်ကို မည်သူ့ရှေ့တွင်မှ ထုတ်မပြဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့်အခါတွင်မှ မပြိုကျရမည့် သူမတို့၏ကောင်းကင် ဖြစ်နေသောကြောင့်ပင်။

“ဖုန်းအာ.. ငါ့ရဲ့ ဒီပန်းချီကားသုံးချပ်က ဘယ်လိုလဲ”

ကျန်းရီက သူမတို့နှစ်ယောက် ပြန်တည်ငြိမ်လာကြောင်း တွေ့သောအခါ ယုံကြည်မှုရှိရှိ မေးလိုက်၏။ ဖုန်းလန်က ခေါင်းလေးမော့၍ မျက်ရည်များ သုတ်လိုက်သည်။ သူမသည် ထိုပန်းချီကား သုံးချပ်ကို မကြည့်ပေ။ ထိုအစား ကျန်းရီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“သခင်လေး... ပန်းချီကားသုံးချပ်စလုံးမှာ တာအိုပုံသဏ္ဌာန်တွေပါပါတယ်။ ပထမပန်းချီကားမှာ အသက်စွမ်းအားပါတယ်၊ ဒုတိယပန်းချီကားမှာ အဖျက်စွမ်းအားပါတယ်၊ တတိယပန်းချီကားမှာတော့ လေစွမ်းအားပါတယ်။ အဲ့ပန်းချီကားသုံးချပ်စလုံးက ကောင်းကင်ပန်းချီကားတွေပါပဲ။ သခင်လေးရဲ့ ပန်းချီစွမ်းရည်မှာတော့ တိုးတက်မှု အများကြီး မရှိသေးဘူး။ အဲ့လက်ရာတွေက အနုပညာဘိုးဘေးအဆင့် မရှိတရှိ လောက်ပဲ။ ဒါပေမဲ့... အဲ့ပန်းချီကားသုံးချပ်စလုံးမှာ ခံစားချက်သုံးမျိုးပါတယ်။ ပထမပန်းချီကားက လွမ်းဆွတ်မှုဖြစ်စေတယ်၊ ဒုတိယပန်းချီကားက ဝမ်းနည်းစေတယ်၊ တတိယပန်းချီကားကတော့ ပြင်းပြမှုကို ဖြစ်စေတယ်။ အဲ့ပန်းချီကားသုံးချပ်ရဲ့ တန်ကြေးကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး...”

ချင်းယွီက ကြားဖြတ် ပြောလိုက်သည်။

“သခင်လေး... ဒီပန်းချီကားသုံးချပ်က သေချာဆွဲထားတာပဲ။ ကျွန်မတို့ အဲ့ပန်းချီကားတွေကို မရောင်းလို့ မရဘူးလား။ နောက်ထပ် ကောင်းကင်ပန်းချီကားတွေ ထပ်ဆွဲလို့ ရတာပဲ မဟုတ်လား”

“ဟုတ်တယ်...”

ဖုန်းလန်ကလည်း ဆက်ပြောလိုက်သည်။

“ဒီပန်းချီကား သုံးချပ်က ကျွန်မရဲ့ ရင်ထဲက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ။ သခင်လေး... ကျွန်မတို့ ဒီပန်းချီကားတွေကို မရောင်းဘဲနေလို့ မရဘူးလား”

“ရောင်းရမယ်”

ကျန်းရီက ပြတ်ပြတ်သားသား ရှင်းပြလိုက်သည်။

“ဘာလို့ဆို ဒီပန်းချီကားတွေရဲ့ တန်ဖိုးကြောင့်ပဲ။ အဲ့ဒါကြောင့် ငါ အဲ့ဒါတွေကို ရောင်းရမှာ။ ငါ ဒီပန်းချီကားတွေကို လူပိုသိစေပြီး ရီဖျောင်ဖျောင်ဆိုတဲ့ နာမည်ကို ပိုပျံ့နှံ့စေချင်တယ်။ တစ်နေ့ကျရင်... သူသာ ဒီပန်းချီကားတွေအကြောင်းကို သိသွားရင် ငါ့ကိုလာရှာနိုင်တယ်”

ဖုန်းလန်နှင့် ချင်းယွီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ဖုန်းလန်က မေးလိုက်၏။

“ရီဖျောင်ဖျောင်က ဘယ်သူလဲ”

ကျန်းရီက နူးညံ့သည့်မျက်နှာထားဖြင့် ပထမပန်းချီကားကို ကြည့်လိုက်သည်။ ထို့နောက် သူ နူးညံ့စွာ ပြန်ပြောလိုက်သည်။

“အဲ့အမျိုးသမီးပဲ။ သူက ငါ့အမေ”

“အာ...”

ဖုန်လန်တို့နှစ်ယောက်စလုံး နူးညံ့စွာ အာမေဋိတ်ပြုလိုက်ကြ၏။ ကျန်းရီ သူမတို့ကို သူ၏အတိတ်အကြောင်း မပြောပြခဲ့ဖူးပေ။ ကျန်းရှောင်နူကလည်း ထိုအကြောင်းကို ပြောခဲ၏။ ယခုမှ သူမတို့သည် အဘယ်ကြောင့် ကျန်းရီက သူ၏ပန်းချီကားများတွင် ‘ရီဖျောင်ဖျောင်’ဟူသော အမည်ကို ရေးထိုးရခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ထိုအမည်နောက်ကွယ်တွင် သတင်းစကားတစ်ခု ရှိနေပေသည်။

ချင်းယွီက ခေါင်းစောင်း၍ မေးလိုက်၏။

“သခင်လေး... သခင်လေးရဲ့အမေက ဘယ်မှာလဲ။ ဘာလို့ သူက သခင်လေးကို လာမရှာတာလဲ”

ကျန်းရီ၏မျက်လုံးများ အရောင်မှိန်သွားသည်။ ထို့နောက် သူ ခေါင်းခါလိုက်၏။

“ငါလည်း မသိဘူး။ ငါ ပင်ပန်းနေပြီ... ဒီပန်းချီကားတွေကို ဘောင်သွင်းပြီး ဝမ်ကွမ်းကို သွားရောင်းခိုင်းလိုက်ပါ...”

“ဟုတ်...”

ဖုန်းလန်နှင့် ချင်းယွီတို့က ကျန်းရီကို ဆက်၍ မဖျောင်းဖျတော့ပေ။ ထိုပန်းချီကားများနောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခု ရှိနေသည် မဟုတ်ပါလား။ ဖုန်းလန်က စုတ်တံကိုကောက်ကိုင်လိုက်ပြီး ထိုပန်းချီကား သုံးချပ်ပေါ်တွင် ရီဖျောင်ဖျောင်အမည်ကို ရေးထိုးလိုက်လေသည်။ ချင်းယွီက ပန်းချီကားဘောင်များ လျင်မြန်စွာ သွားရှာလိုက်ပြီး ပန်းချီကားသုံးချပ်ကို ဘောင်သွင်းလိုက်လေသည်။

ရုတ်တရက် ချင်းယွီ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ထို့ကြောင့် သူမ ပြောလိုက်သည်။

“မမ... ဒီပန်းချီကား သုံးချပ်ကို နာမည်ပေးရအောင်”

“ကောင်းပြီ”

ဖုန်းလန်က ခေတ္တမျှတွေးတောလိုက်ပြီး ပန်းချီကားတစ်ချပ်စီပေါ်တွင် ‘လွမ်းဆွတ်မှု’၊ ‘ဝမ်းနည်းမှု’နှင့် ‘ပြင်းပြမှု’ဟူ၍ ရေးလိုက်လေသည်။

ထိုပန်းချီကားများသည် တာအိုပုံသဏ္ဌာန်ပါရုံသာမက စိတ်ခံစားချက်များကိုလည်း ဖြစ်ပေါ်စေပေသည်။ ဖုန်းလန်သည် ထိုပန်းချီကားသုံးချပ်ကို ဇင်သစ်သားသေတ္တာသုံးခုထဲတွင် ထည့်လိုက်ပြီး ချမ်ဝမ်ကွမ်းကို ပေးလိုက်၏။ ထို့နောက် သူမက သူ့ကို အလေးအနက်ပြောလိုက်သည်။

“ဒီပန်းချီကားသုံးချပ်ရဲ့ တန်ဖိုးက အရမ်းမြင့်တယ်။ ချက်ချင်း မရောင်းနဲ့.. မြို့ထဲမှာ လေလံပွဲကြီးတစ်ခု ရှိ၊မရှိ အရင် စုံစမ်းကြည့်ပါ။ လေလံအိမ်က တန်ဖိုးရဲ့ ဆယ်ရာခိုင်နှုန်းကို ယူလိမ့်မယ်”

“လေလံပွဲလား”

ချမ်ဝမ်ကွမ်းက ထိုဇင်သစ်သားသေတ္တာသုံးခုကို မသင်္ကာဟန်ဖြင့် ကြည့်လိုက်ပြီး မေးလိုက်၏။

“ပုံမှန်ဆိုရင် လေလံအိမ်မှာ လေလံပစ်တဲ့ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးတဲ့ ပစ္စည်းတွေပဲ။ ခေါင်းဆောင်ရဲ့ ပန်းချီစွမ်းရည်က အဲ့လောက်တောင် တိုးတက်လာပြီလား”

“ရှင်အဲ့ဒါတွေကို ဂရုစိုက်စရာမလိုပါဘူး”

ဖုန်းလန်က လက်ဝှေ့ယမ်းလိုက်၏။

“ကျွန်မ သခင်လေးကို ရှင့်ကို အပြင်ပို့ခိုင်းလိုက်ပါမယ်။ ရှင်က အခု ကျွန်မတို့ဆွေးနွေးထားတဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ရုံပါပဲ။ ရှင် ဘယ်မှာနေတယ်ဆိုတာ မပေါ်သွားပါစေနဲ့”

ချမ်ဝမ်ကွမ်း ခေါင်းညိတ်လိုက်၏။ ဖုန်းလန်က ကျန်းရီကို သွားရှာလိုက်သည်။ ချမ်ဝမ်ကွမ်းသည် အဖြူရောင်အလင်းတန်းများနှင့်အတူ ဧကရာဇ်နန်းတော်အပြင်ဘက်သို့ ရောက်သွားလေသည်။ ချမ်ဝမ်ကွမ်းသည် ရွှေရောင်မျောလွင့်နဂါးကို စကားအနည်းငယ်ပြောလိုက်ပြီး အပြင်သို့ တစ်ယောက်တည်း ထွက်သွားလိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် အရှင်... မြို့ထဲက အကြီးဆုံး လေလံအိမ်က ဘယ်မှာရှိလဲဆိုတာ မေးလို့ရမလားခင်ဗျာ”

ချမ်ဝမ်ကွမ်းက ရုပ်ပြောင်းကာ မြို့အရှင်စံအိမ်သို့ သွားခဲ့၏။ သူသည် ဘာခြေရာလက်ရာမှ မချန်ခဲ့ဘဲ အစောင့်ကို လက်စွပ်တစ်ကွင်းပေးလိုက်သည်။ ထိုလူသည် လက်စွပ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်ပြီးနောက် ချက်ချင်း ပြုံးသွား၏။

“မြို့ထဲမှာ အကြီးဆုံးလေလံအိမ်ဆိုတာ မရှိဘူး။ ဘာလို့ဆို လေလံအိမ်က တစ်အိမ်ပဲ ရှိတာမလို့ပဲ။ ရှန်းစီရင်ပြင်ကိုသွားပြီး စစ်ထူကုန်သည်အဖွဲ့အစည်းကို ရှာလိုက်ပါ။ ရှန်းစီပွဲတော်မှာ စစ်ထူကုန်သည်အဖွဲ့အစည်း ကျင်းပတဲ့ လေလံပွဲက တစ်နှစ်လုံးမှာ အကြီးကျယ်ဆုံးပဲ။ ခင်ဗျား တစ်ခုခုရောင်းချင်တာပဲဖြစ်ဖြစ်၊ ဝယ်ချင်တာပဲဖြစ်ဖြစ် မြန်မြန်သွားတာ ပိုကောင်းလိမ့်မယ်”

“ငါ့ကံက တယ်ကောင်းနေပါလား”

ချမ်ဝမ်ကွမ်း စိတ်ထဲတွင် ပျော်သွားသည်။ လေလံပွဲ ပိုကြီးလေလေ၊ လူပိုစုံလေလေပင်။ ထိုအခါ လေလံပစ်သော ပစ္စည်းများ၏ တန်ဖိုးကလည်း များလာပေလိမ့်မည်။ အကယ်၍ ဤပန်းချီကားများကိုသာ အမှန်တကယ် လေလံပစ်၍ရပါက တန်ဖိုးကြီးကြီးနှင့် ရောင်းနိုင်မည်ဖြစ်သည်။

ချမ်ဝမ်ကွမ်းက ချက်ချင်းပင် မြို့တွင်းရှိ အကြီးဆုံးရင်ပြင်သို့ စိတ်အားတက်ကြွစွာ သွားလိုက်လေသည်။ ထိုနေရာသည် မြို့၏ အထိကရနေရာပင်။ ထို့ကြောင့် မျိုးနွယ်ကြီး‌လေးခုက ရင်ပြင်၏ လေးဘက်လေးတန်တွင် အသီးသီး နေရာယူထားကြသည်။ ချမ်ဝမ်ကွမ်းသည် အခြေအနေကို ရှင်းရှင်းလင်းလင်း စုံစမ်းထားပြီးဖြစ်၍ စစ်ထူကုန်သည်အဖွဲ့အစည်းရှိသော နေရာကို အလွယ်တကူ ရှာနိုင်ခဲ့သည်။

ချမ်ဝမ်ကွမ်း ကုန်သည်အဖွဲ့အစည်းထဲသို့ ဝင်သွားသောအခါ အမျိုးသမီးအခြွေအရံတစ်ယောက်က သူ့ကို ခန်းမအသေးလေးတစ်ခုအတွင်းသို့ ခေါ်သွား၏။ ကြီးကြပ်သူတစ်ယောက်က သူ့ကို ကြိုဆိုလိုက်သည်။

“ဒီကဧည့်သည်တော်က ဘာကို လေလံပစ်ချင်တာပါလဲ။ ဒါက ရှန်းစီပွဲတော် လေလံပွဲဆိုတော့ တန်ဖိုး သန်းတစ်ရာထက်နိမ့်တဲ့ ရတနာတွေက ဒီလေလံပွဲမှာ ပါဝင်ခွင့် မရှိပါဘူး”

“သန်းတစ်ရာလား”

ချမ်ဝမ်ကွမ်း နှုတ်ခမ်းတွန့်သွားသည်။ ဤပန်းချီကားသုံးချပ်က သန်းတစ်ရာ တန်ပါမည်လော။ ကျန်းရီ၏ ယခင်က ပန်းချီကားများကိုပင် ကောင်းကင်ကျောက်တုံး နှစ်သန်းဖြင့်သာ ရောင်နိုင်ခဲ့သည်။ ထိုပမာဏကို ဆယ်ဆတိုးလိုက်လျှင်ပင် သန်းခြောက်ဆယ်သာ ရှိပေလိမ့်ဦးမည်။

သို့သော် ဤအဆင့်ထိ ရောက်နေပြီဖြစ်၍ နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။ ချမ်ဝမ်ကွမ်းက အံ့ကြိတ်၍ လက်စွပ်အတွင်းမှ ဇင်သစ်သားသေတ္တာသုံးခုကို  ထုတ်လိုက်၏။ ထို့နောက် သူသည် ၎င်းတို့ကို အရှေ့ရှိ စားပွဲပေါ်တွင် တင်လိုက်ပြီး ပြောလိက်၏။

“ဒါက ကောင်းကင်ပန်းချီကားသုံးချပ်ပဲ။ ဒီပန်းချီကားတွေရဲ့ တန်ဖိုးကိုဖြတ်ပေးဖို့ အနုပညာရာဖြတ်တစ်ယောက် ခေါ်ပေးလို့ရမလားခင်ဗျာ”

“ကောင်းကင်ပန်းချီကားတွေလား”

ကြီးကြပ်သူက နှာခေါင်းရှုံ့လိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။

“စိတ်မကောင်းပါဘူး... ကျုပ်တို့ဆီမှာ ဒီတစ်ခေါက် ကောင်းကင်ပန်းချီကားတွေ ရာနဲ့ချီပြီး ရထားပါတယ်။ အဲ့ဒါကြောင့်... ကျုပ်တို့ ဧည့်သည်တော်ရဲ့ ဒီပန်းချီကားတွေကို လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ နောက်သုံးလနေရင်တော့ ဧည့်သည်တော် လေလံပစ်လို့ရပါမယ်”

“အခုကနေ နောက်သုံးလလား”

ချမ်ဝမ်ကွမ်း၏အဆီများ တုန်သွား၏။ သူတို့တွင် ကောင်းကင်ကျောက်တုံးအလုံအလောက် မရှိတော့ပေ။ သူတို့သာ ပန်းချီကားများရောင်း၍ ပိုက်ဆံမရှာနိုင်လျှင် နတ်ဘုရားငိုကြွေးဆေးလုံးများကို အဘယ်သို့ ဝယ်နိုင်မည်နည်း။ သူ၊ ချင်းယွီနှင့် အခြားသူများသည် နတ်ဘုရားငိုကြွေးသံ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မခံနိုင်သဖြင့် သေသွားနိုင်ပေသည်။

***

All Chapters