← Chapters

ချင်းလော်ဧကရာဇ်

Vol. 54 Ch. 749

ချင်းလော်ဧကရာဇ်

Vol. 54 Ch. 749

တစ်လကြာသော် ....

တောင်ပိုင်းဒေသတွင် မဟာမိတ်တပ်ဖွဲ့လေးဖွဲ့နှင့် ‌သွေးမိစ္ဆာဂိုဏ်းအကြား စစ်ပွဲထက်ပို၍    ရေပန်းစားနေသောခေါင်းစဉ် မရှိတော့ပေ။ တစ်လကြာပြီးနောက် စစ်ပွဲအကြောင်းသတင်းများက အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။

ယီးကျန့်ဂိုဏ်း၏ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်အကြီးအကဲအပါအဝင် တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ဂိုဏ်းချုပ် ကျဆုံးခဲ့သည်။

ချင်းလော်ဂိုဏ်း၏ ‌တာအိုခြောက်ပါးခေါင်းဆောင်ကြီး အသတ်ခံခဲ့ရသည်။

ကျင်းဟန်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ဦးနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာ မှတ်ဉာဏ်များ ‌ဖျောက်ဖျက်ခံရကာ သွေးမိစ္ဆာဂိုဏ်း၏ ဓမ္မစောင့်ရှောက်သူများအဖြစ် ပြောင်းလဲခံခဲ့ရသည်။

သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသား ၊ မန်ဟိုတွင် တာအိုရှာဖွေခြင်းအထွပ်အထိပ်အဆင့်ကိုယ်ပွားနှင့် ထာဝရကိုယ် ရှိသည်။ သူ မည်မျှ အသတ်ခံရစေကာမူ ခန္ဓာကိုယ်က ပြန်ဖြစ်ပေါ်လာမည်ဖြစ်၏။

သွေးမိစ္ဆာဂိုဏ်းချုပ်၏ အစစ်အမှန်ကိုယ်မှာ အမှန်တွင် သွေးမိစ္ဆာဂိုဏ်းအောက်၌ ရှိပြီး အဆုံးစွန်အထိ အစွမ်းထက်သည်။

အစရှိသော အသေးစိတ်သတင်းများသည် တောင်ပိုင်း‌ဒေသတစ်ဝန်း ကူးစက်ပျံ့နှံ့သွား၏။ မကြာမီ ကျင့်ကြံသူအားလုံးမှာတောင်ပိုင်းဒေသ၏အင်အားကြောင့် အံ့ဩတုန်လှုပ်ကုန်ကြလေသည်။

“ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးတွေ အသတ်ခံရတဲ့သူက အသတ်ခံရ၊ ကျွန်ပြုခံခဲ့ရသူက ခံရတယ်တဲ့လား။ သွေးမိစ္ဆာဂိုဏ်း အဲဒီလောက်အင်အားကြီးတာ ယုံတောင်မယုံနိုင်ဘူး”

“အဲဒါ ဘာမှမဟုတ်သေးဘူး။ ယီးကျန့်ဂိုဏ်းရဲ့ အဖိုးထိုက်အမွေအနှစ်ရတနာကို သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားက ယူသွားတာတဲ့။ ဘယ်လောက် ဆန်းကြယ်လိုက်သလဲ”

“တောင်ပိုင်းဒေသမှာ နံပါတ်တစ်ဂိုဏ်းက သေချာပေါက် သွေးမိစ္ဆာဂိုဏ်းပဲ”

“အင်အားစုကြီးလေးစု နှိမ်နင်းခံလိုက်ရပြီဆိုတော့ ‌အခု သွေးမိစ္ဆာဂိုဏ်း ရပ်သွားမယ်ထင်လား။ နောက်ထပ်စစ်ပွဲကြီးစဖို့ မကြာလောက်တော့ဘူး”

“အစည်းရုံးခံခဲ့ရတဲ့ သင်းကွဲကျင့်ကြံသူတွေတော့ သနားစရာပဲ။ အကုန်လုံးနီးပါး သေသွားတယ်လို့ ကြားတယ်...”

ထိုလအတောအတွင်း သွေးမိစ္ဆာဂိုဏ်းနှင့် အင်အားစုလေးစုအကြား စစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများမှာ အရှိန်အဟုန်မြင့်နေသည်။ နောက်ဆုံးတွင် လူများသည် .... ရုတ်တရက် တောင်ပိုင်းဒေသ၌ ယခင်ထက်စာလျှင် ကျင့်ကြံသူအရေအတွက် နည်းပါးသွားကြောင်း သတိထားမိလာကြသည်။

အင်အားစုလေးစုနှင့် သင်းကွဲကျင့်ကြံသူများကြောင့် သေကြေပျက်စီးမှု များပြားခဲ့သည်။ ထိုကဲ့သို့ ဆုံးရှုံးမှုများက တောင်ပိုင်းဒေသတစ်ခုလုံး၏ စစ်အင်အားကို သိသိသာသာ လျော့ကျသွားစေ၏။

ကျန်တောင်ပိုင်းဒေသအားလုံး သွေးမိစ္ဆာဂိုဏ်းအား ချီးမွမ်းနေကြစဉ် ယီးကျန့်ဂိုဏ်းမှာတော့ ပရိဒေဝမီးတို့ တောက်လောင်နေကြသည်။ သူတို့သည် တစ်ခါတုန်းက တာအိုရှာဖွေခြင်းအဆင့် ခေါင်းဆောင်ကြီးနှစ်ဦးဖြင့် အစွမ်းထက်ဆုံးဂိုဏ်းဖြစ်ခဲ့၏။ သို့ရာတွင် ယခုတော့ ထိုခေါင်းဆောင်ကြီးနှစ်ဦးလုံး သေဆုံးသွားလေပြီ။

ထိုမျှသာမက သူတို့ ဂိုဏ်း၏ အဖိုးထိုက်ရတနာမှာလည်း တခြားသူလက်ထဲ ရောက်သွားခဲ့သည်။ ဂိုဏ်းသို့ ပြန်လာကြသော အင်အားမှာ စစ်တိုက်ရန် ထွက်သွားခဲ့သော ပမာဏထက် တစ်ဝက်လျော့ကျသွားခဲ့၏။ သူတို့၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးအားလုံးနီးပါးလည်း ကျဆုံးသွားခဲ့ပြီး သုံးယောက်သာ ပြန်ရောက်လာခဲ့၏။

ယီးကျန့်ဂိုဏ်းက တပ်ဖွဲ့များ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် တစ်ဂိုဏ်းလုံးကို အဝင်အထွက်ပိတ်ကာ မဟာမန္တန်ဝင်္ကပါကို အသက်သွင်း၍ အပြင်လောကနှင့် အဆက်အသွယ်ဖြတ်လိုက်ကြသည်။

ဂိုဏ်းသားအကုန်လုံး ရင်ခုန်နေကြပြီး သွေးမိစ္ဆာဂိုဏ် ကလဲ့စားပြန်ချေမည်ကို ကြောက်လန့်နေကြ၏။

ကျင်းဟန်ဂိုဏ်းလည်း ယီးကျန့်ဂိုဏ်းနှင့် တူညီသောအခြေအနေတွင် ဖြစ်သည်။ သူတို့၏ ဂိုဏ်းချုပ်ခေါင်းဆောင်ကြီး သေဆုံးသွားခဲ့ပြီး တာအိုရှာဖွေခြင်းအဆင့်ရုပ်သေးရုပ်လည်း ဖျက်စီးခံခဲ့ရကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်အားလုံးနီးပါး အသတ်ခံခဲ့ရ၏။ ဒုတိယခွဲထွက်ခြင်းအဆင့် အကြီးအကဲဖြစ်သည့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ဦးသာ ကျန်ရစ်ခဲ့ပြီး ယခုတွင် ထိုလူက ဂိုဏ်း၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်လာသည်။

သူတို့၏ မဟာမန္တန်ဝင်္ကပါ (၁၈) ခုမှာ တစ်ခုပြီးတစ်ခု အသက်ဝင်လာခဲ့သည်။ ကျင်းဟန်ဂိုဏ်းလည်း သူတို့၏ဂိုဏ်းကို အပြင်လောကနှင့် အဆက်အသွယ်ဖြတ်လိုက်လေပြီ။

လီမျိုးနွယ်စုအတွက်မူ သူတို့၏ ခေါင်းဆောင်ကြီးသုံးနှင့် ခေါင်းဆောင်ကြီးငါးနှစ်ယောက်လုံး သေဆုံးသွားခဲ့သည့်အပြင် အထိအခိုက်၊ အကျအဆုံးများစွာ ခံစားခဲ့ရသည်။ ၎င်းမှာ မျိုးနွယ်စုအတွကိ ပြင်းထန်သော ထိုးနှက်ချက်တစ်ချက် ဖြစ်လေသည်။ ကံကောင်းထောက်မသည်ကား လီမျိုးနွယ်စုသည် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သည်ဖြစ်၍ တတိယခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ဦးကို နိုးထစေနိုင်ခဲ့၏။ သို့သော်လည်း သူတစ်ယောက်တည်းသာ။ ထို့ကြောင့် သူတို့လည်း အဝင်အထွက်ကြပ်မတ်၍ တောင်တန်းများနှင့်ပတ်ဝန်းကျင်တစ်ခွင်ကို တားမြစ်ကန့်သတ်လိုက်လေသည်။

ထို့နောက် ချင်းလော်ဂိုဏ်း .... ချင်းလော်ဂိုဏ်းအတွင်း အဝင်အထွက်ပိတ်‌စရာ၊ တားမြစ်ကန့်သတ်စရာမလိုပေ။ အသက်ရှင်ကျန်ခဲ့သော ဂိုဏ်းသားများမှာ လက်တစ်ဆုပ်မျှသာ ရှိသည်။ သွေးမိစ္ဆာဂိုဏ်းနှင့် စစ်ပွဲအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သောလူများမှာမူ ဂိုဏ်းသို့ ပြန်မလာခဲ့ကြပေ။

ဂိုဏ်းကို စောင့်ရှောက်ရန် ကျန်ခဲ့သော ဂိုဏ်းသားများသည် တာအိုခြောက်ပါး၏ သေဆုံးမှုနှင့် သွေးမိစ္ဆာဂိုဏ်း၏ ခမ်းနားသော အောင်နိုင်မှုကို လျင်မြန်စွာ သိရှိလိုက်ကြရသည်။ သိလျှင်ချင်း သူတို့အားလုံး ‌ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားကြ၏။ တစ်ချိန်တုန်းက စည်ကားသိုက်မြိုက်ခဲ့သော ဧရာမချင်းလော်ဂိုဏ်း၏ တောင်စဉ်တန်းများမှာ ယခုတော့ လူသူ‌ကင်းမဲ့နေတော့သည်။

မှန်ပါသည်၊ ချင်းလော်ဂိုဏ်းအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များနှင့် အရင်းအမြစ်များအပေါ် မျက်စိကျနေသော သင်းကွဲကျင့်ကြံသူများ၊ အသေးစားဂိုဏ်းများ ရှိသည်။ သူတို့သည် ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများ၊ အမွေအနှစ်များနှင့် မှော်ပစ္စည်းများကို ရှာဖွေရန် ဝင်ရောက်လာကြ၏။

သို့သော် ဘယ်သူမှ မဝင်ရဲအောင် ချင်း‌လော်ဂိုဏ်းတစ်ဂိုဏ်လုံးကို ချက်ချင်း ပြောင်းလဲပစ်လိုက်သော တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်။

ပြီးခဲ့သည့် လဝက်ခန့်က သင်းကွဲကျင့်ကြံသူများသည် ချင်းလော်ဂိုဏ်းတွင် လျှောက်ပတ်ကြည့်နေစဉ် ချင်း‌လော်ဂိုဏ်း၏‌ ဟိုးအောက် မြေ‌ကြီးထဲမှ ရုတ်တရက် ကြောက်စရာကောင်းသော အသံနက်ကြီးတစ်သံကို လာနေသည်ကို ကြားလိုက်ရ၏။

“ငါက အကြာကြီး အိပ်ပျော်နေခဲ့တဲ့ ဧကရာဇ်ပဲ။ အခုပဲ နိုးလာတယ် ... ကြည့်စမ်း ဒီနေရာ ဘာဖြစ်သွားတာလဲ။ ဒီလိုဆိုမှတော့ မင်းတို့ကောင်တွေ နေခဲ့ရမယ်” အသံကြီး ဟိုဟိုသည်သည် ပဲ့တင်ထပ်သွားစဉ် ချင်း‌လော်ဂိုဏ်းအောက်ရှိ မြေကြီးမှ အနက်ရောင်မြူများ တလိပ်လိပ်ထလာသည်။ ၎င်းသည် တစ်နေရာလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားပြီး အတွင်းရှိ သင်းကွဲကျင့်ကြံသူများထံမှ သွေးပျက်မတတ် အော်သံများ ကြားလိုက်ရ၏။ တစ်ယောက်မှ လွတ်အောင် မပြေးနိုင်ပေ။

မြူအပြင်ရှိ လူများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီး ဖြစ်ခဲ့သောအရာနှင့် ပတ်သက်၍ အခြားသူများအား ဖောက်သည်ပြန်ချလိုက်ကြသည်။

တောင်ပိုင်းဒေသ အုတ်အော်သောင်းနင်းဖြစ်နေစဉ် ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်းနှင့် လီမျိုးနွယ်စုတို့အားလုံးမှာတော့ အဝင်အထွက်ပိတ်ထားကြသည်။ စုန့်မျိုးနွယ်စုနှင့် ဇီယွင်ဂိုဏ်းတွင် အပြောင်းအလဲ သိပ်မရှိပေ။ သူတို့အတွက်တော့ ပုံမှန်အတိုင်း သွားနေသည်။ သူတို့သည် သွေးမိစ္ဆာဂိုဏ်းနှင့် စစ်ပွဲတွင် မဝင်ပါခဲ့သဖြင့် မည်သည့်ဆုံးရှုံးမှုမှ မခံစားခဲ့ရဘဲ ယခင်အင်အားအတိုင်း ထိန်းထားနိုင်၏။

အချိန်ကြာလာသည်နှင့်အမျှ တောင်ပိုင်းဒေသ၏ကျင့်ကြံသူများမှာ သွေးမိစ္ဆာဂိုဏ်း ဘာဆက်လုပ်မလဲ သိရဖို့ ကြိုးစားနေကြသည်။ ကလဲ့စားပြန်ချေမည်လား။ ကလဲ့စားချေမည်ဆိုလျှင် မည်သည့်ဂိုဏ်းကို အရင်ချီတက်မည်လဲ။

အမှန်အတိုင်းဆိုရလျှင် ‌သွေးမိစ္ဆာဂိုဏ်း၏ နယ်စပ်နေရာများတွင် ကျင့်ကြံသူအတော်များများသည် သူတို့ လှုပ်ရှားမည့်အချိန်ကို စောင့်ရင်း ရစ်သီရစ်သီ လုပ်နေကြ၏။

နောက်ဆုံးတွင်တော့ နေသာပြီး လှပသော‌ တစ်ရက်တွင် တိမ်ကင်းစင်သော ကောင်းကင်အောက်၌ အလင်းတန်းတစ်တန်းသည် သွေးမိစ္ဆာဂိုဏ်းအတွင်းမှ ထွက်လာခဲ့၏။ တစ်တန်းတည်းမဟုတ် ရာ ၊ သောင်း ၊ နောက်ဆုံးတော့ ... အလင်းတန်းသောင်းပေါင်းများစွာက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေလေသည်။

သွေးမိစ္ဆာဂိုဏ်း၏အပြင်၌ ရစ်သီရစ်သီလုပ်နေကြသော ကျင့်ကြံသူများမှာ ချက်ချင်း စိတ်လှုပ်ရှားလာကြတော့၏။

“သွေးမိစ္ဆာဂိုဏ်း စစ်ချီပြီ”

“ကျင့်ကြံသူသိန်းပေါင်းများစွာကို လွှတ်လိုက်တယ်ဆိုတော့ သေချာပေါက် စစ်ဖြစ်တော့မှာ”

“ကလဲ့စားချေတော့မှာ သေချာတယ်၊ မဟုတ်ရင် ဘာလို့ ဒီလို အင်အားမျိုးနဲ့ ထွက်လာမှာလဲ”

သင်းကွဲကျင့်ကြံသူများက ချက်ချင်း သတင်းဖြန့်လိုက်ကြသည်။ ယခုလို ဆတ်ဆတ်အထိမခံ‌သော အခြေအနေမျိုးတွင် သွေးမိစ္ဆာဂိုဏ်း၏သတင်းက တစ်မြေလုံးကို မိုးသက်မုန်တိုင်းသဖွယ် တိုက်ခတ်သွား၏။

သွေးမိစ္ဆာဂိုဏ်း လှုပ်ရှားပြီ။

မန်ဟိုက ရှေ့မှဦးဆောင်၍ အလင်းတန်းသောင်းချီ လေကိုခွင်းလာကြသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟို့ကို တွေဝေငေးကြောင်‌နေသော မျက်နှာအမူအရာများနှင့် သွေးဝတ်ရုံများ ဝတ်ဆင်ထားသည့် ပုံရိပ်နှစ်ခုက ခြံရံထား၏။ သူတို့မှာ ပတ်ဝန်းကျင်တွင် မည်သည့်အရာတို့ ဖြစ်ပျက်နေသလဲ မသိသော်လည်း သူတို့၏အရှိန်အဝါများမှာတော့ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ဖြစ်သည်။

သူတို့၏အနောက်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များရှိ၏။ ထို့နောက်တွင်တော့ သွေးမိစ္ဆာဂိုဏ်းသားများ။ သူတို့အားလုံးကား ကလဲ့စားချေလိုစိတ်တို့ ပြင်းပြနေကြလေသည်။

သူတို့သည် အမြန်ဆုံးနှုန်းဖြင့် တိတ်ဆိတ်စွာ ခရီးနှင်နေကြ၏။ တောင်ပိုင်းဒေသကျင့်ကြံသူအတော်များများမှာ သူတို့ပျံသန်းသွားကြသည်ကို မြင်လိုက်ရသည့်အခါ အံ့ဩသွားကြသော်လည်း နောက်မှ လိုက်ပါလာကြသည်။ တဖြေးဖြေး သွေးမိစ္ဆာဂိုဏ်းနောက်မှ လိုက်လာသော ကျင့်ကြံသူအရေအတွက် များသထက်များလာသည်။

မကြာမီ သွေးမိစ္ဆာဂိုဏ်းနောက် တစ်ကောက်ကောက် လိုက်နေသော ကျင့်ကြံသူများဆီမှ စကားသံများ ကြားလိုက်ရသည်။

“ချင်းလော်ဂိုဏ်း၊ သူတို့ပစ်မှတ်က ချင်းလော်ဂိုဏ်းပဲ”

“ဟုတ်တယ်ဟ။ ဦးတည်နေတဲ့ အရပ်မျက်နှာအရဆိုရင် ပစ်မှတ်က ချင်းလော်ဂိုဏ်းပဲ ဖြစ်နိုင်တယ်”

“ချင်းလော်ဂိုဏ်းက ပျက်‌စီး‌နေပြီးသားလေ။ ဂိုဏ်းသားတွေလည်း သေရင်သေ၊ မသေရင် ထွက်ပြေးသွားကြပြီ။ တစ်ဂိုဏ်းလုံး စုတ်ပြတ်နေတာပဲ”

“ဒါ‌မဲ့ နေဦးကွ။ လွန်ခဲ့တဲ့ လဝက်က ဘာဖြစ်သွားလဲ မေ့သွားပြီလား။ တစ်ဂိုဏ်းလုံးကို မြူတွေဖုံးသွားခဲ့တာလေ။ အထဲမှာ အန္တရာယ်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်အရာကြီးတစ်ခု ကျက်စားနေလောက်တယ်”

မန်ဟိုသည် ခေါင်းဆောင်နေရာတွင် တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာ ဖြင့် ရှိသော်လည်း မျက်ဝန်းများက အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေ၏။ စစ်ပွဲအတွင်း လူပေါင်းများစွာ သေကြေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရာခြင်းတို့ ဖြစ်ခဲ့ရ၍ သူ၏မုန်းတီးမှုမှာ သွေးကြွေး မဖြစ်မနေ ပြန်ဆပ်ခိုင်းမှဖြစ်မည့် အတိုင်းအတာအထိ ထိုးတက်သွားခဲ့သည်။

ချင်းလော်ဂိုဏ်းကိုမူ မန်ဟိုအနေဖြင့် ဖျက်စီးဖို့ ကြံရွယ်ထားခဲ့သည်မှာ ကြာလေပြီ။ သူသည် ထိုဂိုဏ်း၏ ဂိုဏ်းသားများကိုသာ သတ်ဖြတ်လိုခြင်းမဟုတ်၊ တစ်ဂိုဏ်းလုံးကို အမြစ်မှ ဆွဲနုတ်ပြီး တောင်ပိုင်းဒေသမှ ၎င်း၏နာမည်ကို ဖယ်ရှားပစ်လိုခြင်းဖြစ်သည်။

“သွေးမိစ္ဆာဂိုဏ်းကို ဝင်ရောက်ပြီးတဲ့နောက်ပိုင်း ငါ မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ဖြတ်ခဲ့ပြီးပြီ။ ဒါကြောင့် ... ငါ အဲ့ဒီဂိုဏ်းကိုလည်း မခြွင်းမချန် သတ်ပစ်မယ်” သွေးရောင်အလင်းက သူ၏မျက်လုံးများတွင် တောက်ပလာပြီး အလွန်ပြင်းပြသော သတ်ဖြတ်လိုစိတ်သည် သူ့ကို အမြင်ဆုံးအရှိန်ဖြင့် သွားစေလိုက်၏။

ဝုန်း

ရက်အနည်းငယ်ကြာသော် သွေးမိစ္ဆာဂိုဏ်းသည် ချင်းလော်ဂိုဏ်း၏အပေါ်ထက် ကောင်းကင်တွင် အလင်းတန်းများအဖြစ် ပေါ်လာသည်။ အံ့သြဖွယ်ကောင်းစွာနှင့် သူတို့၏အနောက်တွင် ‌နောက်ထပ်အလင်းတန်း တစ်သိန်းကျော်ပါ၏။။ သူတို့ကား .... တောင်ပိုင်းဒေသ၏ ကျန်ဂိုဏ်းများမှ ဂိုဏ်းသားများနှင့်အတူ သင်းကွဲကျင့်ကြံသူများ ဖြစ်လေသည်။ သူတို့သည် စစ်ပွဲကြီးကို မျက်ဝါးထင်ထင် မြင်ရဖို့ သွေးမိစ္ဆာဂိုဏ်းနောက်လိုက်လာခဲ့ခြင်း ဖြစ်၏။

ချင်းလော်ဂိုဏ်းမှာ မန်ဟို မှတ်မိသော နေရာနှင့် လားလားမျှ မတူတော့ပေ။ သူ ယခု မြင်ရသော အရာမှ တောင်(၉၉) လုံးကို ဖုံးလွှမ်းကာ အားကောင်းသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်လျက် တဖွေးဖွေး လှုပ်နေသည့် မြူတစ်စုဖြစ်သည်။ ၎င်း၏ အေးစိမ့်မှုအား သိသိသာသာ ခံစားရနိုင်သည်။ ထိုမျှသာမက ပတ်ဝန်းကျင်မှာ အလွန်အေးမြသော ဆောင်းရာသီသို့ ရောက်နေသည့်အလား အပြာရောင်ရေခဲများဖြင့် အထပ်ထပ် ဖုံးနေ၏။

မန်ဟိုက ညာမျက်လုံးကို တစ်ဆက်တည်း မျက်တောင်ခတ်လိုက်ရာ သူ့မျက်လုံးမှ အင်မော်တယ်လမ်းညွှန်၏ချီ ဖြာထွက်လာသည်။ သူ မြူများကို ကြည့်လိုက်သောအခါ အသေးစိတ်အနည်းငယ် သိရှိလိုက်ရသည်။

တောင် (၉၉) လုံး၏ အပြိုအပျက်များကို မြင်လိုက်ရပြီး ၎င်းတို့အလယ်တွင် ပြွတ်သိပ်နေသော လူရာဂဏန်းမျှ ရှိနေသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ရှင်ခြင်းနှင့် သေခြင်းအကြားအခြေအနေတွင် ရှိနေသည့်အလား တောင့်တင်းနေ၏။

အနက်ရောင်အမျှင်တစ်မျှင်စီက ထိုအဖွဲ့ထဲရှိ လူတစ်ယောက်ချင်းစီ၏ ခေါင်းနှင့် တွဲဆက်နေသည်။ ထိုအနက်ရောင်အမျှင်များသည် မြေကြီးကို ထိုးဖောက်၍ ကမ္ဘာမြေ၏ ဟိုးအောက်ရှိ မြူတစ်စုဆီသို့ ထိုးဆင်းသွားသည်။ အဆိုပါမြူထုသည် မီတာသုံး‌ဆယ်ပြန့်ကားပြီး မန်ဟို့အကြည့်ပင်လျှင် ၎င်းကို မဖောက်ထွင်းနိုင်ပေ။

သို့စေကာမူ မြူများက တာအိုရှာဖွေခြင်းအဆင့် အရှိန်အဝါ ထုတ်လွှတ်နေကြောင်း မန်ဟို အာရုံရလိုက်သည်။

သူက အေး‌စက်စက် နှာတစ်ချက်မှုတ်ကာ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။ သူ့ညာလက်က မြောက်တက်သွားပြီး ညာမျက်လုံးကို ဖိချလိုက်သည်။ မျက်လုံးထဲသို့ အင်မော်တယ်လမ်းညွှန်၏ စွမ်းအားအပြည့်အဝ စီးဆင်းသွားပြီး သူ၏မျက်ဆံများမှာ ရွှေရောင်တောက်လာတော့သည်။ ရုတ်တရက် ကမ္ဘာလောကမှ လိုက်ကာအား ဖယ်လိုက်သည့်အလားပင်။

သူသည် ယခုတွင် ထိုမီတာသုံးရာအကျယ် မြူလုံး၏အတွင်းအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ကြာပွင့်ပုံစံ စင်မြင့်တစ်ခု၏အပေါ်တွင် လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။

ထိုလူက သရဖူတစ်ခုဆောင်းထားပြီး ဧကရာဇ်တစ်ပါးသဖွယ် ဝတ်စားထားသည်။ သူ၏ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင်နေ‌သော အလောင်းကြီးသဖွယ် ပိန်လှီနေသည်။ မြေကြီးအပေါ်တွင် မြင်ရသော အနက်ရောင်အမျှင်ရာပေါင်းများစွာက သူ၏ခေါင်းနှင့် ချိတ်ဆက်နေ၏။ ထူးဆန်းသည်ကား အမျှင်များသည် တီကောင်များသဖွယ် တွန့်လိမ်လူးလွန့်နေခြင်းပင်။

ခြောက်ကပ်ပိန်လှီနေသော အလောင်း၏အနောက်တွင်ကား တံခါးတစ်ချပ်။

မန်ဟို အလောင်းအပေါ် အကြည့်ရောက်သွားလျှင်ချင်း ၎င်း၏မျက်လုံးများ ပွင့်လာသည်။ ၎င်းတို့ထဲရှိ အစိမ်းရောင်အလင်းက မြူကိုခွင်း၍ မန်ဟိုနှင့် အကြည့်ချင်းဆုံသွားသည်။

“မန်.... ဟို...” အလောင်း၏ ရှေးဆန်ပြီး ထူးဆန်းသောအသံကြီးက တုံ့ပြန်လူးလာ ပဲ့တင်ထပ်သွားသည်။

မန်ဟို့မျက်လုံးများ အရောင်လဲ့သွား၏။ သူသည် ဤပုဂ္ဂိုလ် သူ မည်သူဖြစ်သလဲ ဆိုသည်နှင့်ပတ်သက်ပြီး သိနေခြင်းအား ထူးဆန်းသည်ဟု မတွေ့ရပေ။ အမျှင်များအတွက်မူ ထိုအလောင်းကြီးက အပေါ်ရှိလူရာပေါင်းများစွာကို ထိန်းချုပ်ဖို့ ၎င်းတို့အား အသုံးပြုနေခြင်းဖြစ်သည်။ ယင်းကား ဝိညာဉ်ဖွေရှာခြင်းနှင့် ဆင်တူ၏။

“ငါ ... မင်းရဲ့ ... ရန်သူ ... မဖြစ်ချင်... နေဦး မင်းအရှိန်အဝါက ...” အလောင်းခြောက်ကြီးမှာ စကား‌ပြော၍မပြီးခင် တစ်စုံတစ်ခုကို အာရုံရသွားပုံပင်။ ၎င်းက မန်ဟို့ကို သေသေချာချာ အကဲခတ်ပြီးနောက် သူ၏မျက်လုံးများထဲရှိ အစိမ်းရောင်အလင်းမှာ ပို၍တောက်ပလာသည်။

“မင်းက ... ဟိုနှစ်တွေတုန်းက ... မိစ္ဆာချုပ်နှောင်သူ... ဖြစ်နေတာကိုး။ မိစ္ဆာချုပ်နှောင်သူ ၊ ငါ မင်းကို သတ်လိုက်ရင် ... အစစ်အမှန်အင်မော်တယ်လမ်းစဉ်ကို ငါ ဆုပ်ကိုင်နိုင်ပြီ” အလောင်းခြောက်ကြီးက ရုတ်တရက် ထရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ချင်းလော်ဂိုဏ်းကို ဖုံးလွှမ်းသော မြူများက ရုတ်တရက် ပြန့်ကားရင်း မန်ဟို့ဆီ တန်းတန်းမတ်မတ် ဦးတည်လာသည်။

မြူထဲတွင် ပုံရိပ်များရှိသည်။ သူတို့အားလုံးက ဟိန်းဟောက်လိုက်သည့်အခါ အနက်ရောင်မြူများက သူတို့၏ခန္ဓာကိုယ်များအထဲသို့  ထိုးဖောက်ဝင်ရောက်သွားသည်။သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ မြင့်တက်သွားပြီး မျက်လုံးကြီးများက‌ ကြောင်နေသော်လည်း မျက်နှာများမှာတော့ ဒေါသူပုန်ထနေဟန်ရှိလေသည်။ ခန္ဓာကိုယ်များမှာ အဆများစွာ ကြီးထွားလာပြီး အနက်ရောင်အမွှေးအမျှင်များ ပေါက်လာ၏။ သွားများက အစွယ်များဖြစ်လာကာ ခေါင်းထဲမှ ချိုနှစ်ခု ထွက်လာသည်။

သူတို့သည် လူမဟုတ်တော့ဘဲ တိုက်ခိုက်ရန် ပြေးတက်လာကြသော မိစ္ဆာများ ဖြစ်သွားလေပြီ။

မန်ဟို၏မျက်လုံးများက အေးစက်စက် တောက်ပသွားပြီး သူက ပြောလိုက်သည်။ “သေချင်နေတယ်ပေါ့”

***

All Chapters